ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

July 25, 2019

New Jerusalem "ဂျေရုဆလင် မြို့သစ်"

 ဗျာ-၂၁း၂ သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ် သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သောမင်္ဂလာဆောင် သတို့သမီးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ ဗျာ -၂၁း ၁၆-၁၉
 မြို့သည် စတုရန်းလေးထောင့်ဖြစ်၏။ 

ထိုသူသည် ကျူလုံးနှင့်မြို့ကိုတိုင်း၍ မြို့၏အနံ၊ အလျား၊ အမြင့်၊ ယူဇနာတရာနှစ်စီရှိ၏။ ၁၇ မြို့ရိုးထုကိုတိုင်း၍၊ လူအတောင်ကဲ့သို့သော ကောင်းကင်တမန် အတောင်အားဖြင့်၊ တရာလေးဆယ်လေးတောင်ရှိ၏။ 
၁၈ မြို့ရိုးကိုယ်သည် နဂါးသွဲ့ကျောက်ဖြစ်၏။ မြို့သည် လည်း ကြည်လင်သောဖန်နှင့် တူသောရွှေစင်ဖြစ်၏။ 
 မြို့ရိုးအမြစ်တို့သည် ကျောက်မြတ်အမျိုးမျိုးနှင့် ပြည့်စုံကြ၏။ 

 ယေရှာယ ၆၅း၁၇ ကြည့်ရှုလော့။ မိုဃ်းကောင်းကင်သစ်နှင့်
 မြေကြီးသစ်ကို ငါဖန်ဆင်းမည်၊၊ အရင်မိုဃ်းကောင်းကင်နှင့်
 မြေကြီး ကို မအောက်မေ့ရ၊၊ နှလုံးမမှတ်မိရ။ 

လုကာ ၂၁း ၃၃ ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း ငါ့စကားတည်လိမ့်မည်။ သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစား အသောက်လွန်ကျူးခြင်း၊ လောကီ စိုးရိမ်ခြင်း အားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင်၊ ထိုနေ့ရက်သည် အမှတ်တမဲ့ 
သင်တို့နှင့် တွေ့ကြုံလိမ့်မည်။ ခရစ်ယာန်တိုင်း
 ဂျေရုဆလင် ကိုသိကြသည်။ 

ခရစ်တော် တဖန် ပြန်လာမည့် နေရာလည်း
 ဂျေရုဆလင် ဘဲဖြစ်တယ်။ ဘုရား ရဲ့ နောက်ဆုံး 
ရည်ရွယ်ချက် ကလည်း ဂျေရုဆလင်မြို့သစ်လို့ 
ကျမ်းစာမှာ ပြောထားပြီးဖြစ်တယ်။ 

 ဂျေရုဆလင်မြို့သစ်၌ ည ဆိုတာမရှိ၊ နေ၏ အလင်းရောင်လည်း မလိုပေ။ ကိုယ်ပိုင် အလင်းနဲ့ သွားလာ ရကြသည် ဟု ဖေါ်ပြထားသည်။
 နိုင်ငံတိုင်း၌ သက်ဆိုင်ရာ "အလံ" ရှိကြသည်။ 
အလံ၌ အဓိပ္ပါယ် များစွာ ပါရှိသည်။ 
ထို့ကြောင့် ဂျေရု ဆလင် မြို့ ရှိရာ 
အစ္စရေး နိုင်ငံ၏ အလံကို ကြည့်ပါ။ 

အဖြူရောင် အလံ၏ အထက် နှင့် အောက်၌ အပြာရောင် 
အစင်း ပြားကြီး ရှိပြီး အလံ၏ အလယ် ၌ တြိဂံ နှစ်ခု ထပ်ထားသည့် 
ဒါဝိတ်၏ ကြယ် တပွင့် ရှိသည်ကို တွေ့ရမည်။ 
အဖြူရောင်သည် ဖြောင့်မတ်ခြင်း ဖြစ်ပြီး အလံ ၏ အထက် ရှိ အပြာနုရောင်အစင်း က ပြည့်စုံသော ကောင်းကင်ကို
 ဖေါ်ပြနေတာဖြစ် ပြီး အလံ၏ အောက် အနား မှ အပြာနု ရောင်
 အစင်း လိုင်း သည် လည်း ကောင်းကင် ၌ ပြည့်စုံ ခြင်း 
ရှိသကဲ့သို မြေကြီး ပေါ်၌ လည်း ပြည့်စုံခြင်း ရှိတယ်။ 

တြိဂံ နှစ်ခု ထပ်ထားခြင်းက ခမည်းတော်၊ သားတော်၊ ဝိညာဉ်တော် သုံးပါးတပါး ဘုရား နှင့် ခန္ဓာ၊ စိတ်၊ ဝိညာဉ် သုံးပိုင်း စုစည်း 
ထားသည့် လူ တို့ တပေါင်းတစည်းတည်း ဖြစ်တည်ခြင်း ကို ပြသနေခြင်းဖြစ်သည်။ ဂျေရုဆလင်မြို့ရှိရာ အစ္စရေး နိုင်ငံ ၏ 
အလံ သည် တနေ့ ဂျေရုဆလင် မြို့သစ် ဖြစ်လာမည့် ဘုရား၏ 
စီမံကိန်း ဖြစ်သည့် လူနဲ့ ဘုရား ပေါင်းစည်းခြင်း ကောင်းကင်
ရူပါရုံ မြင်ပြီး ယနေ့ ယုံကြည်သူ အထဲ ဘုရား ကျေးဇူးပြု 
လုပ်ပေးနေသည်ကို ဝန်ခံတတ်ပါစေ။ ဟာလေလုယာ။

! အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော် အလွဲများ!

ဒီမိစ္ဆာအယူဝါဒဟာ၂၀၁၇ကစပြီးလူမှုကွန်ယက်မှ
တဆင့်မြန်မာပြည်ထဲစတင်ထိုးဖောက်လာကြတာပါ။
ခုဆိုရင်ခရစ်ယာန်facebookဂရုတွေမှာ သူတို့ရဲ့မှားယွန်းတဲ့သွန်သင်ချက်တွေပလူပြန်နေပါပြီ၊

မက်စင်ဂျာကနေလူတွေဆွဲခေါ်ပြီးဂရုဖွဲ့ပြီးသော်လည်းကောင်း၊
တဦးချင်းသော်လည်းကောင်းသင်ခန်းစာပေးတယ်လို့ကြားသိရတော့
ယုံကြည်သူတွေအတွက်ပိုစိုးရိမ်မိပါတယ်။သူတို့ရဲ့ပစ်မှတ်ဟာ
ခရစ်ယာန်နဲ့အမှုတော်ဆောင်တွေကိုပါ၊facebookအကောက်တု
အများကြီးနဲ့မေးခွန်းမေးသလိုလိုမသိသလိုလိုဟန်ဆောင်ပြီး
ခင်မင်မှုရယူတတ်ကြပါတယ်။

ထူးကဲတဲ့ပြဇာတ်နဲ့အကပဒေသာ၊ချီးမွမ်းဖျော်ဖြေမှု၊တရုတ်ပြည်
အစိုးရကသူတို့ကိုဘယ်လောက်ရက်စက်ကြောင်းပုံတွေစာတွေ videoတွေအားဖြင့်တင်ဆက်တတ်ကြပြီးမြန်မာပြည်ယုံကြည်သူတွေရဲ့
like, Share,ကောမန့်တွေရယူလေ့ရှိကြပါတယ်။

ဘယ်လောက်ဆွဲဆောင်အားရှိသလဲဆိုရင်သူတို့ရဲ့
videoနဲ့ပုံတွေကိုသမ္မာသတိရှိပါတယ်ဆိုတဲ့ဆရာတွေတောင်
အငိုက်မိတတ်ပါတယ်။ဒါကြောင့်သူတို့ရဲ့ထင်သာမြင်သာတဲ့
အလွဲတချို့ကိုသမ္မာတရားနဲ့တိုက်စစ်တဲ့ပို့စ်တခုရေးလိုက်ရပါတယ်။
အားလုံးshareခြင်းအားဖြင့်အမှုတော်မှာပါဝင်ကြပါ။ သူတို့အကြောင်းမိတ်ဆက်ခြင်းကိုတခါကပို့စ်တင်ဘူးပါတယ်၊
မဖတ်သေးရင်ဒီမှာဖတ်ပါ။
၁။မိစ္ဆာအယူလွဲ - တရုတ်ပြည်ဟော်နန်ကအမျိုးသမီး"ရန်ရှန့်ပင်း"ဟာခရစ်တော်ဖြစ်တယ်။ သမ္မာကျမ်းစာ - ရှင်မာကုခရစ်ဝင် ၁၃:၆အများသောသူတို့က၊ ငါသည် ဤမည်သောသူဖြစ်၏ဟုဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာသဖြင့်၊ လူများတို့ကို လှည့်ဖြားကြလိမ့်မည်။
၂။မိစ္ဆာအယူလွဲ - အရှေ့အရပ်(တရုတ်ပြည်မ)ကနေလျှပ်စစ်ပေါ်ထွက်လာတယ်။ သမ္မာကျမ်းစာ - ရှင်မာကုခရစ်ဝင် ၁၃:၂၁ထိုအခါ
သူတပါးက၊ ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟုဆိုသော်လည်းမယုံကြနှင့်။
၃။မိစ္ဆာအယူလွဲ - အခုခေတ်ဟာနိုင်ငံတော်ခေတ်ကာလဖြစ်တယ်၊ခရစ်တော်က
အမျိုးသမီးကိုယ်ခန္ဓာနဲ့ဒုတိယအကြိမ်လာပြီးခဲ့ပြီ။
သမ္မာကျမ်းစာ - ၂သက်၂:၁-၃ညီအစ်ကိုတို့၊ ငါတို့ သခင်ယေရှုခရစ်ကြွလာတော်မူ၍၊ ငါတို့သည်အထံတော်၌ စည်းဝေးခြင်းအရာမှာ၊ သခင်ဘုရား၏ နေ့ရက်သည် ချက်ခြင်းရောက်မည်ဟူ၍ စိတ်ဝိညာဉ်အားဖြင့်ဖြစ်စေ၊ နှုတ်ထွက်စကားအားဖြင့်ဖြစ်စေ၊ ငါတို့စာကဲ့သို့သော
စာအားဖြင့်ဖြစ်စေ၊ သင်တို့သည် စိတ်ရွေ့လျော့ခြင်း၊
စိုးရိမ်တုန်လှုပ်ခြင်း၊ အလျင် တဆောမရှိမည်အကြောင်း
ငါတို့သည် တောင်းပန်ကြ၏။
အဘယ်သူမျှသင်တို့ကို အဘယ်သို့သောအားဖြင့်
မလှည့်ဖြားစေနှင့်၊ ထိုနေ့ရက်မရောက်မှီ ဖောက်ပြန်သင်းခွဲသည့်
အရင်ဖြစ်၍၊ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏ သားသည်ပေါ်လာရလိမ့်မည်။
 ၄။မိစ္ဆာအယူလွဲ - တရုတ်မ(သူတို့အခေါ်"သခင်မ")ကခရစ်တော်ဖြစ်တယ်ပြောတယ်။ သမ္မာကျမ်းစာ - ၂သက် ၂:၄ထိုသူသည် ဘုရားသခင်ဟူ၍၎င်း၊ ဘုရားဟူ၍၎င်း၊ ခေါ်ဝေါ်သမျှသောအရာတို့ကို ရန်ဘက်ပြု၍၊ ကိုယ်ကိုကိုယ်ချီးမြှောက်သောအားဖြင့်၊ ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ ထိုင်၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက် ကိုယ်ကိုပြသောသူဖြစ်သတည်း။
၅။မိစ္ဆာအယူလွဲ 
- ခရစ်ယာန်ယုံကြည်သူကိုအထူးလှည့်ဖျားတယ်။ သမ္မာကျမ်းစာ - ရှင်ယုဒဩဝါဒစာ ၁:၄အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကိလေသာ၏ ညစ်ညူးခြင်း အလိုငှါမှောက်လှန်လျက်၊ တပါးတည်း အစိုးရတော်မူသောအရှင်၊ ငါတို့သခင် ယေရှုခရစ်ကို ငြင်းပယ်လျက်၊ အပြစ်ခံစေခြင်းငှါ ရှေးကစီရင် မှတ်သားနှင့်သော အဓမ္မလူအချို့တို့သည် ပရိယာယ်နှင့် အမှတ်တမဲ့ဝင်ကြပြီ။
 ၆။မိစ္ဆာအယူလွဲ - အသင်းတော်မှာဝတ်ပြုစရာမလို၊အသင်းတော်ကနေထွက်လာပါ။ သမ္မာကျမ်းစာ - ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၂:၁၉ ထိုသူတို့သည် ငါတို့ထံမှထွက်သွားကြ၏။ သို့သော်လည်း အထက်ကငါတို့နှင့်မစပ်ဆိုင်ကြ။ ငါတို့နှင့်စပ်ဆိုင်လျှင် ငါတို့နှင့်အတူနေကြလိမ့်မည်။
ထိုသူအပေါင်းတို့သည် ငါတို့နှင့်မစပ်ဆိုင်ကြောင်းကို
ထင်ရှားစေခြင်းငှါ၊ ငါတို့ထံမှ ထွက်သွားကြ၏။
၇။မိစ္ဆာအယူလွဲ -
လူ့နှလုံးသားထဲကယေရှုခရစ်တော်နေရာကို
တရုတ်မနဲ့အစားထိုးခိုင်းတယ်။ သမ္မာကျမ်းစာ -
ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၂:၂၂မုသာကိုသုံးသောသူကားအဘယ်သူနည်း။ ယေရှုသည်ခရစ်တော်မဟုတ်ဟု ငြင်းပယ်သောသူ ဖြစ်သတည်း။ ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်သော သူသည် အန္တိခရစ်ဖြစ်၏။

၈။မိစ္ဆာအယူလွဲ - 
သမ္မာကျမ်းစာကခေတ်နှောင်းသွားပြီ၊မယုံကြပါနဲ့တော့။
သမ္မာကျမ်းစာ - ရှင်ယောဟန်ခရစ်ဝင် ၅:၃၉ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ ၉။မိစ္ဆာအယူလွဲ - ရှင်ပေါလုရေးတဲ့ကျမ်းစာတွေဟာဝိညာဉ်တော်ရဲ့ဖော်ပြမှုမဟုတ်ပါတဲ့။ သမ္မာကျမ်းစာ - တိမောသေဩဝါဒစာ ဒုတိယစောင် ၃:၁၆ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်
မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊
၁၀။မိစ္ဆာအယူလွဲ - တရုတ်မ(သူတို့အခေါ်သခင်မ)ပေါ်တကူးတကမေးခွန်းထုတ်
စစ်ဆေးစုံစမ်းခြင်းမပြုရပါ၊နားမထောင်ပါကသေဒဏ်ထိပေးနိုင်ပါသည်။ သမ္မာကျမ်းစာ - တမန်တော်ဝထ္ထု ၁၇:၁၁ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့သားတို့ထက် ထူးမြတ်သဖြင့်၊
အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကို
ခံယူ၍ မှန်သည်မမှန်သည်ကိုသိခြင်းငှါ၊ ကျမ်းစာကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြ၏။
၁၁။မိစ္ဆာအယူလွဲ - 
သုံးပါးတဆူ(တလုံးတ၀)ဘုရားမရှိဘူး။
သမ္မာကျမ်းစာ - ရှင်မဿဲခရစ်ဝင် ၂၈:၁၉... ခမည်းတော်၊
သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌
ဗတ္တိဇံကို ပေးကြလော့။
၁၂။မိစ္ဆာအယူလွဲ - ယေရှုဘုရားဟာသေးငယ်တဲ့ဘုရားပါ၊ဒါကြောင့်နောက်ဆုံးပေါ်
ထွက်လာတဲ့တရုတ်မရန်ရှန့်ပင်းကိုယုံကြည်မှကယ်တင်ခြင်းရမယ်။ သမ္မာကျမ်းစာ - တမန်တော်ဝထ္ထု ၄:၁၂ ထိုသခင်(ယေရှု)၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည်
ထိုသူတို့အား မြွက်ဆို၏။
၁၃။မိစ္ဆာအယူလွဲ - ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းကမပြည့်စုံသေးလို့သခင်မ
(တရုတ်မခရစ်တော်)လာပြီးပြည့်စုံခိုင်းတာပါ။ သမ္မာကျမ်းစာ - ဟေဗြဲဩဝါဒစာ ၁၀:၁၄အကြောင်းမူကား၊ စင်ကြယ်သောသူ
တို့သည် ထာဝရစုံလင်ခြင်းငှါ၊ တခါတည်း
ပူဇော်ခြင်းအားဖြင့် ပြုတော်မူ၏။
၁၄။မိစ္ဆာအယူလွဲ -
ငါတို့လဲခရစ်ယာန်ပါဘဲအတူတူမိသဟာယဖွဲ့ရအောင်
ဆိုပြီးလူဆွယ်တယ်။ သမ္မာကျမ်းစာ - ရှင်ယောဟန်ဩဝါဒစာ
ဒုတိယစောင် ၁:၉-၁၀ခရစ်တော်၏ဒေသနာ၌ မတည်ဘဲ လွန်ကျူးသောသူမည်သည်ကား၊ ဘုရားသခင်ကိုမသိ။
ခရစ်တော်၏ ဒေသနာ၌ တည်သောသူသည် ခမည်းတော်နှင့် သားတော်ကိုသိ၏။ထိုဒေသနာတော်မပါသောသူသည် သင်တို့ထံသို့လာလျှင်၊ သူ့ကိုသင့်အိမ်၌ လက်မခံနှင့်။
မင်္ဂလာရှိစေသောဟု နှုတ်မဆက်နှင့်။
၁၅။မိစ္ဆာအယူလွဲ - ဧဝံဂေလိအတူတူလုပ်ရအောင်ဆိုပြီးအမှုတော်ဆောင်ကိုငွေကြေးနဲ့
ဆွယ်တယ်။ သမ္မာကျမ်းစာ - ရှင်မဿဲခရစ်ဝင် ၂၄:၂၄
အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသော
နိမိတ်လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြကြလိမ့်မည်။ တိမောသေဩဝါဒစာ ပဋ္ဌမစောင် ၆:၁၀ အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ် သတည်း။ လူအချို့တို့သည်ငွေကို
တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှ
လွှဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ချင်းခပ်အောင်ထိုးကြပြီ။
Crd: YeMingfb 

July 18, 2019

Angelica ၏ ငရဲပြည် ဧကန်အမှန်ရှိနေကြောင်း သက်သေခံချက်(၁)

တောင်အမေရိကတိုက်ရှိ၊ အီကွေဒေါနိုင်ငံမှ အိန်ဂျယ်လီကာဆိုသူ 
မိန်းမငယ်လေး တစ်ဦးသည် ခရစ်တော် ပြန်ကြွလာတော့မည့်အကြောင်း ကောင်းကင်ဘုံနှင့် ငရဲဘုံအကြောင်းကို (၂၃) နာရီအကြာ ခရစ်တော်ဘုရား၏ ဖွင့်ပြခြင်းကို တွေ့မြင်ခဲ့ရ ပါသည်။ 

အိန်ဂျယ်လီကာအား ခရစ်တော် ဖော်ပြခြင်းနှင့်ပတ်သက်၍ မြောက်များလှစွာ သော ပျောက်ဆုံးဝိညာဉ်များကြောင့် ခရစ်တော်ဘုရား မျက်ရည်ကျခြင်း၊ ကမ္ဘာလော ကလူသားများက ခရစ်တော်ဘုရားကို ငြင်းပယ်ခဲ့ခြင်း၊ အသင်းတော်များသည် ခရစ် တော်ဘုရား ဒုတိယအကြိမ် ကြွလာခြင်းအတွက် ကြိုတင်ပြင်ဆင်မှုမရှိခြင်း၊ ပျောက်ဆုံး ၀ိညာဉ်များထံ သက်သေခံခြင်းကို ရပ်တန့်ခြင်း၊ အပျော်အပါး လိုက်စားခြင်းအားဖြင့် ကလေးသူငယ်များသည် စာတန်မာရ်နတ်၏ အပြစ်သို့ဖြားယောင်း သွေးဆောင်ခံရ ခြင်း၊ အကြောင်းများကို မြင်ခဲ့ရပါသည်။ 

ထို့အပြင်လူသားများက အထင်ကြီးလေးစား ကြသော နာမည်ကျော်ကြားသည့် အဆိုတော်များ ဖျော်ဖြေရေးသမားများနှင့် 
ရဟန်း မင်းကြီးတစ်ပါးသည်လည်း ငရဲဘုံတွင်းသို့ ကျရောက်နေသည်ကို မြင်တွေ့ခဲ့ရပါသည်။ ကောင်းကင်နိုင်ငံတော်သည် ခမ်းနား ထည်ဝါလှသည့်နေရာ ဖြစ်သည်သာမက ၀ိညာဉ် ဆိုးများနှင့် ညစ်ညူးသောရာများ မရှိသည့်နေရာဖြစ်သည်ကို 
အိန်ဂျယ်လီကာအား ဘုရားသခင်က ပြသခဲ့ပါသည်။ 

ယေရှုခရစ်တော်ဘုရားတစ်ဖန်ကြွလာခြင်းသည် သန့် ရှင်းသော ယုံကြည်သူများကိုသာ ခေါ်ဆောင်ဖို့ရန်ဖြစ်ပြီး ထိုနေ့ရက်၌ 
အဆင်သင့် မရှိ သည့် ယုံကြည်သူများသည်၊ ဤလောက၌ 
ကျန်ရစ်ခဲ့မည်ဖြစ်ကြောင်းကို ဖော်ပြခဲ့ပါ သည်။ 

မက်ဇီမာ(အိန်ဂျယ်လီကာ၏မိခင်) 
 ကျွန်မနာမည် မက်ဇီမာဇမ်ဘရာနိုမိုရာ ဖြစ်ပါသည်။ 
EIEmpalme မှာရှိသည့် Casade Orcion အသင်း တော်မှဖြစ်ပါသည်။ ကျွန်မတို့ အစာရှောင်ဆုတောင်း ခြင်းကို (၁၅)ရက်ကြာ ပြုလုပ်ပြီး သမီးအိန်ဂျယ်လီကာ လည်းပါဝင်ခဲ့ပါသည်။ကျွန်မတို့အနားယူသည့် နေရာ၌ သာမက အိမ်ပြန်ရောက်သည်အထိ ဘုရားသခင်၏ စကားတော်ကိုကြားရန် ဆက်ပြီး ဆု တောင်းနေကြပါသည်။ (၁၅)ရက်အကြာ အစာရှောင် ဆုတောင်းနေသည့်အချိန်မှာ ကျွန်မတစ်ခါမှ မကြုံဘူးသော သဘာဝလွန်ကဲသည့် အခြေအနေတစ်ခုကို ကြုံတွေ့ခဲ့ ရပါသည်။ 

ကျွန်မတို့သည် ဘုရားသခင်ထံမှ အသစ်သောခွန်အားများကို ရရှိခဲ့ပါသည်။ ကျွန်မတို့ ကြုံတွေ့နေရသောဒုက္ခပြဿနာ အမျိုးမျိုးကြောင့် မကြာမကြာ စိတ်ဓါတ်ကျ နေရသော်လည်း ကျွန်မတို့ကို ကူညီမစရန် ဘုရားသခင်က ကျွန်မတို့နှင့်အတူ ရှိနေ သည်ဖြစ်ကြောင်းကို သိရှိခဲ့ရပါသည်။ ထိုအချိန်မှာ ဘုရားသခင်က (ယေရမိ - ၃၃း၃) ကျမ်းပိုဒ်အားဖြင့် ခွန်အားပေးခဲ့ပါသည်။ “ ငါ့ကိုခေါ်လော့ ငါထူးမည် ကြီးသောအရာ သင်မသိနိုင်အောင် နက်နဲသောအရာတို့ကိုငါပြမည်။ ” ထိုအစာ ရှောင်ဆု တောင်းနေ 
ချိန်၌ သမီးအိန်ဂျယ်လီကာသည် ဘုရားသခင်ထံမှ အလေး
အနက်ထား တောင်းဆိုခဲ့ သည့် အရာကို ကျွန်မ မသိခဲ့မိပါ။ 

အိန်ဂျယ်လီကာ (သမီး)  
ကျွန်မနာမည် အပြည့်အစုံမှာ အိန်ဂျယ်လီကာအယ်လိဇဘက် ဇမ်ဘရာနို မိုရာ (Angelica Elizabeth Zambrano Mora ) လို့ခေါ်ပါသည်။ ကျွန်မ အသက် (၁၈) နှစ်ဖြစ်ပြီး Colegio Jose Maria Velazco Ibrra El Empalme Euador မှာပညာဆည်းပူး နေပါသည်။ အသက်(၁၂) နှစ် အရွယ်မှာ ယေရှုခရစ်တော်ဘုရားကို လက်ခံခဲ့သော်လည်း မယုံကြည်သူ သူငယ် ချင်းများ အကြားမှာ ကိုယ့်ကိုကိုယ်ပြန်လည် စဉ်းစား ဆင်ခြင်မိသည့်အခါ သူတို့နှင့်မတူလို့ တမူထူးခြားစွာ ခံစားနေရပြီး နောက်ဆုံး မှာ ကျွန်မကိုယ်တိုင်လည်း ဘုရားသခင်နှင့် တဖြည်းဖြည်းဝေးကွာပြီး ဆိုးရွားသည့်ဘ၀ အသက်တာထဲမှာ ကျင်လည်ခဲ့ပါသည်။ ဘုရားသခင်က ကျွန်မကို ထိုဘ၀မျိုးထဲမှ 
ကယ်နှုတ်ပြီး ကျွန်မ၏ (၁၅)နှစ်မြောက်မွေးနေ့မှာ ဘုရားရှင်ထံ ပြန်လည်တိုးဝင် ဆက် ကပ် စေခဲ့ပါသည်။ 

ဆုတောင်းဆက်ကပ် နေပါသော်လည်း ကျွန်မသည် စိတ်နှစ်ခွဖြင့် အသက်ရှင်နေပါသည်။ ကျမ်းစာကပြောသည်မှာ “စိတ်နှစ်ခွရှိသောသူသည် ပြုလေ သမျှတို့၌ မတည်ကြည်သောသူဖြစ်၍ ထာဝရဘုရား၏လက်တော်မှ တစ်စုံတစ်ခုကိုရ မည်ဟု မထင်မမှတ်စေနှင့် ” (ယာကုပ်-၁း၈)။ 

ကျွန်မသည်လဲ ထိုလူအမျိုးအစားထဲက တစ်ယောက်အပါအ၀င် ဖြစ်ခဲ့ ပါသည်။ ကျွန်မအဖေက “မင်းရဲ့မှားယွင်းတဲ့ စိတ်ဓါတ် အကျင့်စရိုက်နှင့် အပြုအမူများက ကြောက်စရာကောင်းတယ်” လို့ သတိပေးဆုံးမခဲ့ တော်လည်း ကျွန်မက “ငါ့သဘော ငါ့ဆန္ဒဘဲ၊ ဘယ်သူကမှ ငါ့ကို သတိပေးစရာမလိုဘူး ” ဆိုပြီး အဖေ့ကိုပြန်အော်ပြောလိုက်ပါသည်။ အဖေက ကျွန်မကို သွန်သင်ဆုံးမ ၍မရ တော့သည့်အဆုံးမှာ “ဘုရားသခင်က မင်းရဲ့နှလုံးသားကို ပြောင်းလဲပစ်ဖို့ စီရင်ပါ လိမ့် မယ်” လို့အဖေက ပြောခဲ့ပါသည်။ ကျွန်မအသက် (၁၇)နှစ်ပြည့် မွေးနေ့ရောက် သည့်နေ့မှာ ကျွန်မ၏ စိတ်ဝိညာဉ်သည်လည်း ဘုရားသခင်နှင့် သာ၍နီးကပ်လာသည်ကို ခံစားမိပါ သည်။ 

ဧပြီလ (၂၈) ရက်နေ့မှာ ဘုရားသခင်ထံ၌ ကျွန်မက “သခင် ! ကျွန်မဟာ အပြစ်သားတစ် ယောက် ဖြစ်ပါတယ်၊ ပြုခဲ့မိတဲ့ မကောင်းမှုတွေ ကြောင့် ၀မ်းနည်းမိပါတယ်၊ ကျွန်မကိုခွင့်လွှတ် တော်မူပါ၊ သခင့်ရဲ့သမီးအဖြစ် လက်ခံပြီး အသက် စာစောင် စာရင်းထဲမှာ ကျွန်မနာမည်ကို ရေးထည့် ပေးတော်မူပါ၊ ကိုယ်တော် ! ကျွန်မရဲ့အသက်တာရှိ မကောင်းသော အကျင့်စရိုက်များကို ပြောင်းလဲပေး တော်မူပါ၊ ကျွန်မနောင်တရပါပြီ သခင်” ဟု စိတ်နှလုံးအကြွင်းမဲ့ဖြင့် ငိုကြွေးကာ ဘုရား သခင်ထံ၌ ကျွန်မ တိုးဝင်ချဉ်းကပ်ခဲ့ပါသည်။ ကျွန်မအသက်တာ ပြောင်းလဲခြင်း၏ 
ထူး ခြားမှုတစ်ခုက ဘုရားသခင်အတွက် အချိန်ပေးလိုခြင်းပင်ဖြစ်ပါသည်။ 

ကျွန်မနေ့တိုင်း ကျမ်းစာဖတ် ဆုတောင်းပြီး ဘုရားကျောင်းလည်း ပုံမှန်တက်ခဲ့ပါသည်။ သြဂုတ်လ (၁၅)ရက် အစာရှောင်ဆုတောင်းရန် ဖိတ်ခေါ်ကြသဖြင့် ကျွန်မ လည်း ပါဝင်ခဲ့ပါသည်။ ဆုတောင်းနေစဉ် အားလုံးနီးပါးကို ဘုရားသခင်က စကားပြော ခြင်း၊ ပရောဖက်ပြုခြင်းတို့ဖြင့် အလိုတော်ကို ဖော်ပြပေးခဲ့ပါသည်။ ကျွန်မအတွက် ဘာ မှဖော်ပြခြင်းမရှိ၍ နိမိတ်လက္ခဏာအားဖြင့် ဖော်ပြပေးပါရန် ဘုရားသခင်ထံ တောင်းလျှောက်ခဲ့ပါ သည်။ “ဘုရားက ငါ့ကိုခေါ်လော့ ငါထူးမည် ကြီးသောအရာ သင်မသိနိုင်အောင် နက်နဲသောအရာကို ငါပြမည်။ ” (ယေရမိ-၃၃း၃) ကျမ်းပိုဒ်အားဖြင့် ရူပါရုံပြ ၍ စကားအသံနှင့် ဖော်ပြပေးခဲ့ပါသည်။ “ကိုယ်တော် ဒီကျမ်းပိုဒ်က ကျွန်မ အတွက် ဖြစ်ပါသလား” ဟု ဘုရားသခင်ကိုမေးခဲ့မိပါသည်။ 

“ငါ့ကို ခေါ်လော့” ဆိုသည့် အဓိပ္ပာယ်က “ဆုတောင်းရန်” ဖြစ်သည်ဟု သဘောပေါက်စေပါသည်။ “ကြီးသောအရာ နက်နဲသောအရာက” ကောင်းကင်နိုင်ငံတော်နှင့် ငရဲကိုဆို လိုခြင်းဖြစ်လိမ့်မည်။ “ဘုရားသခင် ကျွန်မကို ကောင်းကင်ဘုံကို ပြတော်မူပါ၊ သို့သော်လည်း ငရဲဆိုတာ အလွန်ကြောက် စရာကောင်းတဲ့ နေရာဖြစ် ကြောင်း ကျွန်မကြားဖူးလို့ ဘုရားသခင် မဖော်ပြပါစေနဲ့လို့” ကျွန်မဆုတောင်းခဲ့ပါသည်။ ထိုအချိန်ကစပြီး ဘုရားသခင်၏ အသံ တော်ကိုကြားရန်နှင့် 
ဘုရားသခင်၏ အကြောင်းကိုလည်း ကောင်းစွာနားလည်ရန် ပိုမို စိတ်ဝင်စားလာပါသည်။ ထို့ကြောင့် ကျွန်မသိချင်သော အကြောင်းရာအားလုံးကို ဘုရားသခင် အား စတင် မေးမြန်းပြောဆို ပါတော့သည်။ ကျွန်မ၏ ဆုတောင်းချက်များကို ဒီနှစ်သြဂုတ်လမှ နိုဝင်ဘာလ တစ်လျှောက် လုံး တောင်းလျှောက်ခဲ့ပါသည်။ 

တစ်နေ့၌ ဘုရားသခင်၏ အစေခံ တစ်ပါးက ကျွန်မတို့ အိမ်သို့ရောက်လာပြီး “ဘုရားသခင်က သင့်ကိုကောင်းကြီးပေးပါစေ” ဟု ကျွန်မကို နှုတ် ဆက်ကာ “အာမင်” ဟု ပြန်ပြီးဝန်ခံလိုက်ပါ သည်။ ထိုအစေခံက “ငါဟာ ဘုရားသခင်ရဲ့ သတင်းစကားကိုသင့်ဆီသို့ ယူဆောင်လာတာဖြစ်တယ်။
သင်အဆင်သင့် ပြင်ဆင် ထားပါ (ယေရမိ-၃၃း၃) ကျမ်းပိုဒ်နဲ့
ပတ်သက်ပြီး သင်တောင်းလျှောက်ခဲ့သည့်အတိုင်း နက်နဲသောအရာဖြစ်သည့် ကောင်းကင်ဘုံနှင့်ငရဲဘုံကို မကြာမီသင့်အား ပြသမှာ ဖြစ် ပါတယ်” ဆိုပြီး ကျွန်မကိုအသိပေး ညွှန်ကြားခဲ့ပါသည်။ 

ကျွန်မလည်း “ဟုတ်တယ် ကျွန်မဆုတောင်းထားတာကို သင်ဘယ်လို
လုပ်ပြီး သိတာလဲ ကျွန်မဘယ်သူ့ကိုမှ မပြောပြ ခဲ့ဖူးဘူး၊” ဟု ပြန်မေးလိုက်သည့်အချိန်တွင် သူက “ကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်က အရာအားလုံးကို ကျွန်ုပ်အား ပြောပြခဲ့ပါတယ် ” ဟု 
ကျွန်မကို ပြန်ပြော ပြပါသည်။ မကြာမီမှာပင် ကျွန်မတို့ မိသားစုနှင့်အတူ အသင်းတော်မှ အချို့သော ညီအစ်မ တို့က စတင်ဆုတောင်းကြပါသည်။ ဆုတောင်းခြင်းစသည်နှင့် တမဟုတ်ချင်းပင် ကောင်းကင် ဖွင့်လှစ်လာပြီး ကောင်းကင်တမန်နှစ်ပါး ဆင်းသက်ကြွလာသည်ကို၊ ကျွန်မတွေ့မြင်ရပါသည်။ သူတို့အရပ်ကမြင့်ပြီး အတောင်ပံများကလည်း ရွှေရောင်ကဲ့ သို့လှပပြီး လင်းလက်တောက်ပနေပါသည်။ သူတို့မှာ ကြည်လင်တောက်ပသော ဖိနပ် များနှင့် ၀တ်လုံဖြူများကိုလည်း ၀တ်ဆင်ထားကြပါသည်။ ကျွန်မက ကောင်းကင်တမန် များအား ဘာကြောင့်ဒီကို ရောက်နေကြသည်ကို မေးမြန်းလိုက်ပါသည်။ 

သူတို့က “ကောင်း ကင်ဘုံအရပ်နှင့် ငရဲဘုံအရပ်သို့ မင်းသွားရောက် လည်ပတ်ရမှာဖြစ်တယ် ဒီအကြောင်းအရာ ဖြစ်မလာမခြင်းငါတို့ ထွက်ခွါသွားမှာမဟုတ်ဘူး ” ဟုပြုံးပြီး အသိပေး ပြောဆိုကြပါသည်။ “ကောင်းတယ် ဒါပေမယ့် ကျွန်မကကောင်းကင်ဘုံကိုဘဲ မြင်ချင် တယ်၊ ငရဲဘုံကိုတော့ မမြင်ချင်ဘူး ” ဟု ပြန်ပြောလိုက်ပါသည်။ ကျွန်မတို့ ဆုတောင်း ခြင်း အစီအစဉ် ပြီးဆုံးသွားခဲ့သော်လည်း ကောင်းကင် တမန်များက ဆက်လက်၍တည် ရှိနေကြသည်ကို ကျွန်မမြင်တွေ့ရပါသည်။

 ထို့အပြင် ကောင်းကင်တမန်များထက် လှပဖြူစင်ပြီး ချစ်ခြင်းမေတ္တာ နဲ့ပြည့်စုံသည့် သန့်ရှင်းသောဝိညာဉ်တော်ဘုရားကိုလည်း ကျွန်မ မြင်တွေ့ရပါ သည်။ “ငါသည် မင်းနဲ့အတူရှိနေတယ်”ဟူသော 
သန့်ရှင်းသော ၀ိညာဉ်တော်၏ ချိုသာသော စကားသံကြောင့် ကျွန်မ၏ အနာဂတ်ဘ၀မှာ ဘယ်လို အခက်အခဲမျိုး နဲ့ကြုံတွေ့နေရပါစေ ဘုရားသခင်နှင့်အတူ ရုန်းကန်လှုပ်ရှားဖို့ စိတ်ဆုံး ဖြတ် ထား လိုက်ပါတော့သည်။ ကျွန်မတို့ခက်ခဲမှုတွေ ကြုံတွေ့နေသည့် အချိန်
မှာလည်း ထိုခက်ခဲမှု၏ နောက်ကွယ်မှာ အောင်မြင်ခြင်းဆိုသည့် အရာတစ်ခုက ကျွန်ုပ်တို့အား စောင့်ကြိုနေသည်ကို 
သိနားလည်ရပါသည်။

 “ကိုယ်တော် ! ကိုယ်တော်ရဲ့ အလိုတော် အတိုင်း ဖြစ်စေတော်မူပါ” ဟု ကျွန်မဆုတောင်းခဲ့ပါသည်။ ကျွန်မတို့ ကျောင်းစာသင် ခန်းမှာလည်း ထိုကောင်းကင်တမန်များ ရှိနေသည်ကို ကျွန်မသတိ ထားမိပါသည်။ ကောင်းကင်တမန်များကို တကယ်မြင်တွေ့ရသည်ဖြစ်၍ ကျွန်မအင်မတန် ၀မ်းမြောက် နေမိပါသည်။ ကျွန်မတို့အိမ်ကို ရောက်လာသည့် ဘုရားသခင်၏ အစေခံက ကျွန်မကို “မကြာခင် မင်းသေရတော့မယ်၊ ကောင်းကင်ဘုံနှင့် ငရဲဘုံအရပ်ကို မင်းမြင်တွေ့ရ တော့မယ်၊ မင်းအဆင်သင့်ပြင်ထားပါ” ဟု ပြောပြပါသည်။ဤအကြောင်းအရာကို ကျွန်မလုံးဝ မစဉ်းစားနိုင်ခဲ့ပါ။ 
“ကျွန်မ အသက်ငယ်သေးတယ် ဘယ်လိုလုပ်ပြီး သေရ မှာလဲ” ဟု 
ကျွန်မ ပြန်မေးလိုက်ပါသည်။ ဘုရားသခင်၏ အစေခံက “ဤအရာနဲ့
ပတ် သက်လို့ စိတ်မပူပါနဲ့၊သင့်ရဲ့ အသက်ကို ဤလောကထဲသို့ ဘုရားသခင်ပြန်လည် ပို့ ဆောင်ပေးမှာဖြစ်တယ်၊ ဘုရားသခင်က အရာခပ်သိမ်းကို တတ်နိုင်သောဘုရားဖြစ်ပါ တယ်။ 

သင့်ကိုသိစေမြင် စေခြင်တဲ့ ကောင်းကင်နဲ့ငရဲ အကြောင်းကို လူသားတွေအား ပြန်လည်ပြီး သက်သေခံနိုင်ရန်ဖြစ်ပါတယ်။” ဟု 
ကျွန်မကို အားပေးနှိုးဆော်ခဲ့ရာ ကျွန်မ လည်း “အာမင်” ဟု ၀န်ခံခဲ့ပြီး “ဒါဆို ကျွန်မ ဘယ်လိုနည်းနဲ့ သေရမှာလဲ ကားတိုက်ခံပြီး သေရမှာလား” ဟု စိတ်တုန်လှုပ်ပူပန်စွာဖြင့် ပြန်မေးလိုက်ပါသည်။ ဘုရားသခင်က 
“စိတ်မ ပူပါနဲ့ အရာအားလုံးငါပိုင်တယ်”ဟု မိန့်တော်မူခဲ့ရာ ကျွန်မလည်း “ကျေးဇူးတင် ပါတယ် သခင်” ဟု ၀န်ခံဆက်ကပ်လိုက်ပါတော့သည်။

ဒီနေ့- သင်သေရတော့မယ် ပြင်ဆင်ထားပါ)ဟု အသံကြား(၂)

၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့၌ ကျွန်မကျောင်းမှ အိမ်သို့
အပြန်လမ်းမှာ “ ဒီနေ့ သင်သေရတော့မယ် သင်ပြင်ဆင်ထားပါ  
ဟူသော အသံတစ်ခုကို ကြားလိုက်ရပါသည်။ ၀ိညာဉ်တော်က စကားပြောနေသည်ကို သိသော်လည်း ကျွန်မ လျစ်လျူရှုခဲ့ပါသည် “ ကျွန်မဒီနေ့ မသေချင်သေးဘူး သခင် ” ဟု ပြန်လည်ငြင်းပယ် လိုက်မိသည်။ 
ထိုအသံက နောက်ထပ်တစ်ခါ “ပြင်ဆင်ထားပါ ဒီနေ့ သင်သေရတော့မယ်” ဟု ကျယ်လောင်စွာဖြင့် ၀ိညာဉ်တော်က ထပ်မံပြီး မိန့်တော်မူခဲ့ပါသည်။ “သခင် ဘုရား ကျွန်မကို စကားပြောနေတာ ကျွန်မသိပါတယ် ဒါပေမယ့် ဒီကနေ့ သေရတော့ မယ်ဆိုတာ ခိုင်မာတဲ့ အထောက်အထားတစ်ခုနဲ့ ဖော်ပြပေးပါ ကိုယ်တော်ရဲ့ အစေခံ ကို ကျွန်မ၏အိမ်သို့ စေလွှတ်ပေးတော်မူပါ ကျွန်မအိမ် မရောက်ခင် ကိုယ်တော်ရဲ့ 
အစေခံ ရောက်နှင့်နေပြီး ယနေ့ကျွန်မသေရမယ်ဆိုတာ သူ့အားဖြင့် ဖော်ပြပေးတော် မူပါ အလိုတော်အတိုင်း ၀န်ခံပါ့မယ်၊ ကိုယ်တော်ဟာ ကျွန်မနှင့်အတူ တစ်ကယ်ရှိတယ် ဆိုတာ ကျွန်မသိပါတယ်” ဟု ကျွန်မတောင်းလျှောက် ခဲ့ပါသည်။ ကျွန်မတောင်း လျှောက်သည့်
အတိုင်း ဘုရားသခင်၏အစေခံက ကျွန်မတို့အိမ်၌ ရောက်ရှိနေနှင့် 
သည် ကို ကျွန်မတွေ့မြင်ရပါသည်။ 

မက်ဇီမာ ---- ကျွန်မတို့ မီးဖိုချောင်မှာ ထိုင်နေကြသည့်အချိန်တွင် ကျောင်းမှသမီး ပြန်ရောက် လာပါသည်။ သမီးက ဘုရားသခင်၏ အစေခံကို တွေ့လိုက်ရသည်နှင့် အံ့အားသင့်ပြီး “ဘုရားရှင် ကောင်းကြီးပေးပါစေ” ဟု နှုတ်ဆက်လိုက်ပါသည် ထို့နောက် ဘုရားသခင် ၏လူကလည်း “ဘုရားရှင်ကောင်းကြီးပေးပါစေ၊ မင်းအဆင်သင့်ဖြစ်ပြီလား ဒီနေ့ညနေ (၄း၀၀) နာရီမှာဘုရားသခင်က သင့်ကိုယူဆောင်သွားမှာဖြစ်တယ်” ဟု အသိပေးပြော ဆိုလေ၏။ သမီးအိန်ဂျယ်လီကာဟာ သူမ၏ တောင်းဆိုချက်ကို ဘုရားသခင်က ခွင့်ပြု လိုက်သည်ကို သေချာစွာ သိလိုက်ရသောကြောင့် ချက်ခြင်းပင် အံ့အားသင့်စွာ ဖြစ်နေ ခဲ့ပါသည်။ 

 အိန်ဂျယ်လီကာ ....ဤစကားကိုကြားရသည်နှင့်.“အာမင်..... 
ဒါပေမယ့် ကျွန်မ မသေချင်သေးဘူး၊ မသေ ချင်သေးဘူး အိုး……..
ဘုရားရှင် ! သေခြင်းကို ကျွန်မအရမ်းကြောက်တယ်” ဟု ပြောမိကာ ဘုရားသခင်၏ အစေခံက “မင်းရဲ့ကြောက်ရွံ့ ခြင်းတွေ ပျောက်ကင်း
သွား အောင် နာမတော်မြတ်၌ ဆုတောင်းကြရအောင် ” ဟု ဆိုပြီး ဆုတောင်းပေးနေကြ ပါသည်။ ဆုတောင်းပြီးသည်နှင့် ကျွန်မ၏ စိုးရိမ်ကြောက်ရွံ့မှုများအားလုံး ပျောက် ကွယ်သွားပြီး သေခြင်းတရားသည် အကောင်းဆုံးသော အရာဖြစ်သည်ဟု သိနားလည် ခဲ့ပါသည်။ ဖော်မပြနိုင်သော ၀မ်းမြောက်ခြင်းတစ်ခုကို ကျွန်မခံစားလာရပါသည်။ ကျွန်မအရမ်းပင် ပြုံးပျော်ရွှင်ပြီး ၀မ်းမြောက်နေသည်သာမကဘဲ ကခုန်ပြီး ချီးမွမ်းနေ သည်ကို ကျွန်မ၏ မိသားစုက အံ့သြနေ ကြပါသည်။ 

 မက်ဇီမာ ကျွန်မရဲ့သမီး ၀မ်းမြောက်ပျော်ရွှင်နေသည်ကို တွေ့ရပါသည်။ ထမင်းစား နေ ရင်း “ ကျွန်မဒီလောကကို ပြန်လာနိုင် မလာနိုင်ဘူးဆိုတာ မသေချာဘူး အစာကို ၀ အောင်စားထားရမယ်” ဟု သမီးက 
စိတ်လှုပ်ရှား စွာဖြင့် ပြောဆိုနေပါသည်။ 

အိန်ဂျယ်လီကာ “ မင်းသေတော့မယ်လို့ သိတယ်ဆိုရင် ဘာကြောင့် ဒီလောက် ၀မ်းမြောက်နေရ တာလဲ” ဟု အားလုံးက ကျွန်မကို ရယ်မောပြီး မေးမြန်းနေကြပါသည်။ ကျွန်မကလည်း “ဟုတ်တာပေါ့ ကျွန်မဘုရား သခင်ကို တွေ့ရတော့မယ် ဘုရားသခင်နဲ့ အတူနေရ တော့မှာဖြစ်တယ် ဒီလောကကို ကျွန်မ ပြန်လာမယ် မလာဘူးဆိုတာ မသိရဘူး ကျွန်မ ရဲ့ ပစ္စည်းဥစ္စာတွေကို ဝေမျှပေးကမ်းချင်တယ်” လို့ ပြောဆိုလိုက်သည့်အခါ အမေက “ မင်းရဲ့ပစ္စည်းဥစ္စာအားလုံး သူများ ကို ပေးကမ်းချင်တယ် ဟုတ်လား” ဆိုပြီး မျက်လုံး ပြူး စွာဖြင့် ကျွန်မကို တအံ့တသြ ပြန်မေးလိုက်သည်။ မက်ဇီမာ သမီးက သူ့မှာရှိသမျှ ပစ္စည်းဥစ္စာ များအားလုံးကို ပေးဝေနေရင်း “ ကျွန်မ ဒီလောက ထဲကို ပြန်ရောက် လာခဲ့ရင်တော့ ကျွန်မပေးထားတဲ့ ပစ္စည်းတွေကို ပြန်ပေးကြပါ
 ပြန် မရောက်လာခဲ့ရင် သင်တို့အတွက် အမှတ်တရ
လက်ဆောင်ဖြစ်တယ်” ဟု သမီးက လာ ရောက်ကြသည့် 
ဧည့်သည်များကို မှာကြား ပြောဆို လိုက်သည်။ 

 အိန်ဂျယ်လီကာ ကျွန်မ ပြောဆိုသည့်စကားနှင့် အပြုအမူများကြောင့် အမေက ဘယ်လောက် စိတ်ခံစားနေရမည်ကို ကျွန်မနားလည်မိပါသည်။ ကျွန်မ၏ ဆယ်(လ်)ဖုန်း၊ အ၀တ် အစား၊ အိပ်ယာနှင့် ပစ္စည်းများအားလုံးကို သူငယ်ချင်းများအား ပေးဝေလိုက်ပါသည်။ သူတို့ကလည်း ကျွန်မကို ဘယ်လိုပြန်ပြောရမှန်း မသိဘဲ ပြုံးရွှင်စွာဖြင့် လက်ခံခဲ့ကြပါ သည်။ 

မက်ဇီမာ သမီး ဆုံးဖြတ်ချက်ချပြီး ပြောဆိုပြုမူနေသည့် အရာများကို မိခင်ဖြစ်သူ ကျွန်မအနေဖြင့် ဘယ်လောက်ဝမ်းနည်းခံစား ရမည်နည်း၊ စဉ်းစားရ ခက်သည့်အရာ ဖြစ်ပါသည်။ “အို ! ဘုရားရှင် ဒီအကြောင်းတွေ ဘယ်လိုဖြစ်ပျက် လာတာလဲ” ဟု ကျွန်မ ဆု တောင်း နေမိပါသည်။ အိန်ဂျယ်လီကာ “သခင်ဘုရား ကိုယ်တော်၏အလိုတော်အတိုင်း ကျွန်မ၀န်ခံပါတယ် ဘုရား သခင် တကယ်ရှိတယ်ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မကို ဒီလောကထဲသို့ ပြန်ပို့ပေး တော်မူပါ၊ လူသားတွေအားလုံး အပြစ်မှနောင်တရရန်အတွက် ကိုယ်တော်ပြောခိုင်းတဲ့ အမှန်တရားကို ပြန်ပြောပြဝေငှနိုင်ရန် ကူညီမစတော်မူပါ” ဟု ကျွန်မ တောင်းဆိုခဲ့ပါ သည်။ ဘုရားသခင်ထံ တောင်းဆိုခဲ့သည့် အရာများကိုကျွန်မ မိခင်အား ပြန်မပြော ပြဖို့ရန် ဘုရားသခင်၏ အစေခံကို ကျွန်မက ကတိတောင်းဆို ခဲ့ပါသည်။ “အခုအချိန်မှာ ငါပြောပြမှာ မဟုတ်ဘူး ဘုရားသခင်က သင့်ကိုခေါ်ဆောင်သွားတဲ့ အခါမှဘဲ ငါပြောပြ မှာဖြစ်တယ်။” ဟု ဘုရားသခင်၏ အစေခံက ကတိပေးခဲ့ပါသည်။ 

 မက်ဇီမာ..... ညနေ(၃း၃၀) အချိန်မှာ သမီးအိန်ဂျယ်လီကာအား 
ဘိသိက်ဆီ လူးပေးရန် ဘုရား သခင်က သူ၏အစေခံကို ဖော်ပြခဲ့ပါသည်။ ထိုဘုရားသခင်၏ အစေခံနှင့်အတူ ကျွန်မ တို့သည် သမီးအိန်ဂျယ်လီကာ၏ ဦးခေါင်းမှစ၍ ခြေဖျားအထိ ဘိသိက်ဆီကို လူးပေး လိုက်ကြသည်။

 သေဆုံးခြင်း - အိန်ဂျယ်လီကာ) ကျွန်မမိခင်နှင့်အတူ ဘုရားသခင်၏ အစေခံနှင့်(Fima Naatvarrete) အသင်း တော်မှ ညီအစ်မတို့က ကျွန်မကို ဘိသိက်ဆီ လူးပေးခဲ့ကြပါသည်။ ဘိသိက်ဆီလူးပေး ပြီးသည်နှင့် တမဟုတ်ချင်းမှာပင် ဖန်သားချပ်ပြားကဲ့သို့သော အရာတစ်ခုက ကျွန်မ၏ ကိုယ်ခန္ဓာ တစ်ခုလုံးကို ဖုံးအုပ်ကာရန်ထားသကဲ့သို့ ကျွန်မ ခံစားမိပါသည်။ မည်သည့် အရာဖြင့် ဖုံးအုပ်နေသည်ကို မရှင်းပြနိုင်လောက်အောင် နားလည်ရခက်ပါသည်။ ကျွန်မ ဘေး ပတ်လည်မှာ ရှိနေကြသည့်
  သူများကလည်း ကျွန်မကို ထိတွေ့လို့ မရနိုင် အောင် ဖြစ်နေကြပါသည်။ 

 ((မက်ဇီမာ)) ကျွန်မသမီးကို လက်တင်ဆုတောင်းပေးရန် အတွက် သူ၏ခန္ဓာကိုယ်ကို ထိတွေ့ ရန်လုပ်ဆောင် လိုက်သောအခါ သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို တို့ထိ လို့ မရနိုင်ပါ။ ၃၀ စင်တီမီတာ (၁၂လက်မခန့်) ထူသည့် အရာတစ်ခုက သမီးကို ဖုံးအုပ်ကွယ်ကာထား သလို ဖြစ်နေပါသည်။ ဘယ်သူကမှ သမီးကို ထိတွေ့ကိုင်တွယ်လို့ မရသည်မှာ ထူး ဆန်းလှပါသည်။ “ဒီအခြေအနေမျိုး တစ်ခါမှ မကြုံဖူးခဲ့ပါဘူး အိုး ! တစ်စုံတစ်ခု တော့ ဖြစ်ပျက်နေပြီ ” ဟု ဘုရားသခင်ထံ ကျေးဇူးတော် ချီးမွမ်းဆုတောင်း နေမိပါ သည်။ တချိန်တည်းမှာဘဲ ၀မ်းနည်း ပူဆွေးမှုများနှင့် စိုးရိမ်မှုများ ပျောက်ကွယ်သွားပြီး ကြီးမားသော ပျော်ရွှင်ဝမ်း မြောက်မှုကို ကျွန်မခံ စားခဲ့ရပါသည်။ ကျွန်မတို့ ဆုတောင်း နေသည့် အချိန်မှာ သမီးအိန်ဂျယ်လီကာ ကြမ်းပြင်ပေါ်သို့ ရုတ်တရက်လဲကျ သွားပါ သည်။ ထို အချိန်သည် ညနေ (၄း၀၀) နာရီ အချိန်ဖြစ်ပါသည်။ 

 ((အိန်ဂျယ်လီကာ)) ကျွန်မတို့ ဆုတောင်းပြီးခါနီးမှာ ကျွန်မ အသက်ရှူကြပ်သလို ခံစားရပြီး အသက် ရှူလို့ မရနိုင်လောက်အောင် ဖြစ်နေခဲ့ပါသည်။ ကျွန်မ၏နှလုံးနှင့် ၀မ်းဗိုက်ကလည်း နာကျင်လာပြီး အားအင်တစ်ဖြည်းဖြည်း လျော့နည်းသွားသည်ကို ခံစားမိပါသည်။ “ဘုရားသခင် ! ကျွန်မကို ခွန်အားပေးတော်မူပါ၊ ကျွန်မဆက်ပြီး မခံစားနိုင်တော့ဘူး ” လို့ ဘုရားသခင်ကို တောင်းလျှောက် လိုက်ပါတော့သည်။ ကောင်းကင်ပေါ်ကို ကျွန်မ မော့ကြည့်လိုက်စဉ်တွင် ကောင်းကင်တံခါး ဖွင့်လှစ်နေသည်ကို ကျွန်မ မြင်တွေ့လိုက် ရပါ သည်။ ဤအရာများသည် ကိုယ်ခန္ဓာမျက်စိနှင့် မြင်နေရခြင်းမျိုး မဟုတ်ဘဲ 
ဝိညာဉ် မျက်စိ အမြင်နှင့်မြင်နေရခြင်းပင် ဖြစ်ပါသည်။ ထို့အပြင် သန်းပေါင်းများစွာမက များ ပြားလှသော ကောင်းကင်တမန်များကိုလည်း မြင်နေရပါသည်။ သူတို့၏ အလည်မှာ နေထက်အဆ တစ်သောင်းမက လင်းလက်တောက်ပနေသည့် အလင်းတန်းတစ်ခုကို လည်း တွေ့လိုက်ရပါသည်။ “ ဘုရားသခင် ဟိုကလာနေတာ ကိုယ်တော် 
ဟုတ်ပါ သလား ” ဟု ကျွန်မ မေးလိုက်မိပါသည်။ 

 ((မက်ဇီမာ)) အိန်ဂျယ်လီကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည့် အချိန်မှာ ကျွန်မတို့ သူ့ကို ထိတွေ့ကိုင်တွယ်လို့ ရလာပြီဖြစ်ပါသည်။ သူ့ကိုပြန်ပြီး မတ်တပ်ရပ်နိုင်ဖို့ ကြိုးစားခဲ့ သော်လည်း သူ၏ခွန်အားဖြင့် ဘာမှမလုပ်နိုင် ဘဲဖြစ်နေပါသည်။ သမီးက “အမေ သမီး အားမရှိတော့ဘူး ခန္ဓာကိုယ် တစ်ခုလုံး နာကျင်နေတယ် ဆုတောင်းပေးပါ အမေ ” ဟု ငြီးတွားနေပါသည်။ ကျွန်မတို့လည်း သမီးကို ဆုတောင်းပေးနေ ကြပါသည်။ ဘုရား သခင်က သူ၏ အသက်ဝိညာဉ်ကို ယူဆောင်သွားခြင်းပင် ဖြစ်ပါသည်။   

 လူတစ်ဦးတစ်ယောက်က ကျွန်မ၏မျက်စိရှေ့မှာ အသက်ထွက်သွားပြီး သေဆုံး သွားသည်ကို ကျွန်မတစ်ခါမျှ မကြုံခဲ့ဖူးပါ၊ သို့သော်လည်း ကျွန်မသမီး နာကျင်စွာနှင့် အသက်ထွက်သွားသည်ကို ကျွန်မ မျက်ဝါး ထင်ထင် တွေ့မြင်နေရပါသည်။ သူသေခါနီး ပြောသွားသည့် စကားကို ကျွန်မနားမလည် နိုင်အောင် ဖြစ်ခဲ့ရပါသည်။ သူမ၏အသက် ရှင်ခြင်းရှိမရှိ သိလို၍ သူ၏ ပါးစပ်ပေါ်မှာ မှန်တစ်ချပ်ကို တင်ထား လိုက်ပါသည်။ လုံးဝ အသက်မရှူတော့ပါ၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တစ်ဖြည်းဖြည်း အေးစက်လာပြီးသူ၏ ဆံပင်များ က လည်း လူသေ၏ဆံပင်များ 
ကဲ့သို့ပင် ပျော့အိကျလာပါတော့သည်။ 

((အိန်ဂျယ်လီကာ)) ယေရှုဘုရား ကြွဆင်းလာသည်ကို ကျွန်မ မြင်တွေ့ရပါသည်။ ယေရှုဘုရား နှင့် ကောင်းကင်တမန်များ ကျွန်မအနားရောက်လာသည့် အချိန်မှာ ကျွန်မအသက် မရှိ တော့သလို ခံစားရပါသည်။ ကျွန်မခန္ဓာကိုယ် ကြမ်းပြင်ပေါ် လဲကျနေချိန်မှာ သခင် ယေရှုနှင့် ကောင်းကင်တမန်မျာက ကျွန်မအနားမှာ ရောက်ရှိနေပြီ ဖြစ်ပါသည်။ ကျွန်မ တို့ အိမ်ခန်းအပြည့် ကောင်းကင်တမန်များ ရောက်ရှိနေရာယူကြပါသည်။ သူတို့၏ အလည်မှာ နေထက်မက လင်းလက် နေသည့် အလင်းတန်းတစ်ခုကိုလည်း တွေ့ရပါ သည်။ ကျွန်မ၏ ခန္ဓာကိုယ် ကြမ်းပြင်ပေါ်၌ လဲကျနေသည်ကို ကျွန်မကို ကျွန်မပြန်မြင် နေရခြင်းကြောင့် ထိတ်လန့် ကြောက်ရွံ့ကာ အော်ဟစ်ငိုကြွေးပြီး “ သခင်ဘာတွေ ဖြစ် ပျက်နေတာလဲ၊ ဘာတွေဖြစ်ပျက်နေတာလဲ ” ဟုမေးမြန်းလိုက်ပါသည်။ 

ကျွန်မ၏ ခန္ဓာ ကိုယ်ကို ထိတွေ့ချင်သော်လည်း၊ လေကိုဆုပ်ကိုင်ထားသလို ထိတွေ့လို့မရနိုင်ဘဲ ဖြစ်နေပါသည်။ ကျွန်မရဲ့ ခန္ဓာကိုယ်ထဲကို ပြန်ဝင်ချင်သော်လည်း ကြိုးစားအားထုတ် လို့ မရနိုင်အောင်ဖြစ်နေပါသည်။ ကျွန်မအနား ပတ်လည်မှာရှိသည့် လူတွေကလည်း ကျွန်မရဲ့ အော်သံကို မကြားနိုင်ကြပါ။ ထို့ကြောင့် “အိုး ! ….ဘုရားသခင် ကျွန်မကို ကယ်တင်တော်မူပါ ”ဟု ဟစ်အော်မိပါတော့သည်။ 

 ((မက်ဇီမာ)) ကျွန်မတို့အားလုံး သမီးအတွက် ဆုတောင်းနေသည့်အချိန်မှာ သမီး၏အဖေ ၀င်ရောက်လာပြီး သမီးကိုကြည့်နေပါသည်။ ဘာလုပ်ရမှန်းမသိဖြစ်နေချိန်မှာ ဘုရား သခင်ထံမှ ခွန်အားအသစ်ကို ခံစားရရှိလာပါသည်။ သမီးကိုဘုရားသခင်က ခေတ္တခဏ ခေါ်ဆောင်သွားတာဖြစ်ပြီး၊ မကြာခင်ပြန်ကောင်း သွားပါလိမ့်မည်ဟု ယုံကြည်စိတ်ချ လျက်နေပါတော့သည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ဖြစ်နေသည့်အကြောင်း အရာဟာ ဘုရားရှင်၏ အလိုရှိခြင်းကြောင့်သာလျှင် ဖြစ်ပါသည်။ ထို့ကြောင့် “ သခင် ဘုရား !....ကိုယ်တော်၏ အလိုတော်အတိုင်း ဖြစ်စေပါ ” ဟု ကျွန်မ၀န်ခံ ဆက်ကပ်ခဲ့ပါ သည်။ သခင်ယေရှုခရစ်တော်ဘုရား 

((အိန်ဂျယ်လီကာ) “ ကျွန်မကိုကယ်တော်မူပါဘုရား ” ဟု ကျွန်မဟစ်အော်လိုက်သည့် အခါတွင် ဘုရားသခင်၏ အသံတော်ကို ကျွန်မချက်ခြင်း ကြားရပါသည်။ ထိုအသံက ကျယ် လောင်သော မိုးချုန်းသံ ကဲ့သို့ဖြစ်ပြီး မေတ္တာ၊ ဂရုဏာနှင့်ပြည့်စုံသော အသံတော် ဖြစ် ပါသည်။ “ သမီးမကြောက်ပါနဲ့ ငါကသင့်ရဲ့ ဘုရားသခင် ယေဟောဝါဘုရားဖြစ်တယ် သင့်ကိုဖော်ပြဖို့ ငါကတိပြုထားသည့်အတိုင်း ငါလာတာဖြစ်တယ်၊ ထပါ သင့်ကိုငါပို့ ဆောင် လမ်းပြပေးပါ့မယ် ” ဆိုသည့် အသံကိုကြားရသည်နှင့် ချက်ချင်းထ၍ ဒူးထောက် ထိုင်နေကာ ရုတ်တရက် ကျွန်မ၏ကိုယ်ခန္ဓာကို ကျွန်မပြန်မြင်နေရပါသည်။ ဘုရား သခင်၏ အသံတော်ကို ကြားလိုက်ရသည်နှင့် ကျွန်မစိတ်ထဲရှိ စိုးရိမ်ကြောက်ရွံ့မှုတွေ ပျောက်ကွယ်သွားပြီး လုံခြုံစိတ်ချမှု တစ်ခုကိုခံစားရရှိ စေပါသည်။
 ကျွန်မစတင် လမ်း လျှောက်သွားသည့် အချိန်တွင် ကောင်းကင် တမန်များက လမ်းဖွင့်ပေးကြပါသည်။ တောက်ပလင်းထိန်နေသော အလင်းရောင်တစ်ခုကို တွေ့ရသည်နှင့် ကျွန်မ ငေးမော ကြည့်နေ သည့်အချိန်မှာ ငြိမ်သက်ခြင်းကိုခံစားရပါသည်။ အလွန်လှပပြီး သန့်ရှင်းဖြူစင် သော အ၀တ်တော်ကို ၀တ်ဆင်ထားသည့် ပုဂ္ဂိုလ် တစ်ဦးကိုလည်း မြင်တွေ့ရပြီး တောက်ပနေသည့် ထိုအလင်းရောင်က သူ့ထံမှ ဖြာထွက်လာခြင်း ဖြစ်ပါသည်။ 

သူ၏ ဆံပင်က အလွန်တောက်ပသော ရွှေရောင်ဆံပင်ဖြစ်ပြီး အလင်းရောင်များ တောက်ပ နေသည့် အတွက်ကြောင့်သူ၏မျက်နှာကို ထင်ထင်ရှားရှား တွေ့မြင်နေရပါ သည်။ သူ၏ရင်အုပ်ပေါ်ရှိ ရွှေရောင်စွဲပြားအပေါ်တွင် “ဘုရင်တစ်ကာတို့၏ဘုရင် အရှင် တစ်ကာတို့ရဲ့အရှင် ” ဟု ရေးသားထားသည်ကို တွေ့ရပါသည်။ သူ၏ခြေထောက်မှာလည်း အလွန်တောက်ပနေသည့် ရွှေရောင်ဖိနပ်ကို ၀တ်ဆင်ထားပါသည်။သူ၏လက်တော်ကို ကျွန်မထံသို့ ကမ်းလှမ်း ပေးသည်နှင့် ကျွန်မက ထိတွေ့ကိုင်တွယ်လိုက်သည့်အခါတွင် ကျွန်မတို့ လူသားများ၏ အသားအရေ နှင့်မတူဘဲ တစ်မူထူးခြားနေသည်ကို သတိထားမိပါသည်။ “ ဘာတွေဖြစ်ပျက်နေတာ လဲ ” ဟု ထိတ်လန့်စွာဖြင့် ကျွန်မကမေးမြန်း နေမည့်ပါသည်။ “ မင်းကို ငရဲပြည်ကိုပြ မယ် ငရဲဆိုတာ ဧကန်အမှန်ရှိနေ သည့်အကြောင်းကို မင်းပြန်သွားသည့်အခါ လောကီ သားများကို ပြန်လည်ပြောပြရမယ်။ ငါ့ရဲ့ဘုန်းတော်ကိုလည်း သင့်ကို ငါဖော်ပြမယ်။ ငါ့ရဲ့ဘုန်းတော်ဟာ တစ်ကယ်ထင်ရှားတယ်ဆိုတာ လူသားတွေ ပြင်ဆင်နိုင်ဖို့ မင်းသွား ပြောပြရမယ်။ 

သမီး မကြောက်ပါနဲ့ ” ဟု သခင်ယေရှုက မိန့် တော်မူခဲ့ရာ 
“ သခင် ကောင်းကင်ဘုံကို ကျွန်မမြင်ချင်ပါတယ်၊ ငရဲဘုံကိုတော့ ကျွန်မမမြင်ချင်ပါဘူး၊ ငရဲ ဘုံက အင်မတန် ကြောက်စရာ ကောင်းတယ်ဆိုတာ ကျွန်မကြားဖူး ခဲ့ပါ တယ်၊ ” ဟု ကျွန်မရဲ့ စိတ်အလိုဆန္ဒကို ပြောဆိုနေမိပါသည်။သို့ရာတွင် သခင်ယေရှုက 
“ သမီး ငါဟာ သင်နဲ့အတူရှိနေမယ်၊ သင့်ကိုငါမစွန့်ခွါဘူး၊ လူတွေက အပယ်ငရဲဆိုတာ တစ် ကယ်ရှိကြောင်းကို သိလျက်နဲ့ မကြောက်ကြဘူး၊ ငရဲဆိုတာ ကစားစရာ ဟာသတစ်ခု လိုဘဲ မှတ်ယူနေကြတယ်။ ဒါကြောင့် ငရဲဘုံဆိုတဲ့နေရာကို ငါပြသရမှာ ဖြစ်တယ်၊ လူ ပေါင်းမြောက်များစွာက ငါ့ရဲ့ဘုန်းတော်ထဲကို ၀င်စားကြရတာထက် အပယ်ငရဲမီးလျှံ ထဲမှာ ပျက်စီးနေကြရတယ်။” ဟု မိန့်တော်မူစဉ် သခင်ယေရှု၏ ၀တ်ရုံတော်ပေါ်မှာ မျက်ရည်စက်များ တသွင်သွင်စီးကျလာနေသည်ကို ကျွန်မ တွေ့မြင်လိုက်ရပါသည်။ “ အရှင်ဘုရား ဘာကြောင့် ငိုနေရတာလဲ ” 
ဟု ကျွန်မမေးလိုက်မိပါသည်။ “ သမီး လူ ပေါင်းမြောက်များစွာက ဖျက်စီးခြင်းခံနေရတယ်၊ လောကီလူသားများကို ဒီ အပယ်ငရဲ ထဲသို့ မရောက်ရလေအောင် ဒီအမှန်တရားကို မင်းသွားပြီးပြောပြပါ ” ဟု 
ထပ်မံပြီး မိန့် တော် မူခဲ့ပါသည်။

အပယ်ငရဲ ၌ နံပါတ် ၆၆၆ ရှိသည် (အပိုင်း-၃)

ယေရှုဘုရားက စကားပြောနေစဉ်မှာပင် အရာခပ်သိမ်းများက ရုတ်တရက် စတင်ရွေ့ လျားလာပါသည်။ မြေကြီးကတုန်လှုပ်ပြီး ပွင့် ဟလာပါသည်။ မည်းမှောင်နေသည့် တွင်းနက်ကြီး တစ်ခုကို ကျွန်မမြင်တွေ့ရပါသည်။ ကျွန်မတို့ကျောက်တုံးကြီးပေါ်မှာ ရပ်နေစဉ် ကောင်းကင်တမန်များက ကျွန်မတို့ကို ၀န်းရံလျက် ရှိပါသည်။ “သခင်၊ ဟို နေရာကို ကျွန်မ မသွားချင်ဘူး” ဟု ပြောဆို နေမိပါ သည်။ “သမီး မကြောက်ပါနဲ့ ၊ငါမင်းနဲ့အတူ ရှိနေပါ တယ်”ဟု ကိုယ်တော်က ကျွန်မကို 
အားပေးတော်မူ ခဲ့ပါသည်။ ထို့နောက် အလွန်မည်းမှောင်နေသည့် ထိုတွင်းနက်ကြီးထဲ သို့ကျွန်မတို့ ဆင်းသွားကြပါသည်။ 

ထိုတွင်းနက်ကြီးသည် အလွန်ကြောက် စရာ ကောင်း လောက်အောင် မဲမှောင်နေပါသည်။ အလွန်ကြီးမားလှသော မြင်ကွင်းကြီး တစ်ခုနှင့် သန်းပေါင်းများစွာသော လူသားများ၏ အော်ဟစ်သံကို ကျွန်မကြား 
လိုက်ရ ပါသည်။ ကျွန်မ၏ ခန္ဓာကိုယ်ကို ကျွမ်းလောင်နေသလိုမျိုး ပူလောင်ခြင်းကို ကျွန်မ ခံစား ရပါသည်။ “သခင် အဲဒါဘာလဲ ကျွန်မ မသွားချင်ဘူး ”ဟု ပြောဆိုရာတွင် သခင်ယေရှုဘုရားက “ဤနေရာဟာ အပယ်ငရဲမီးအိုင် ဖြစ်တယ်”ဟု ကျွန်မကို ပြောပြ ပါသည်။ အလွန့်အလွန်ကြောက်စရာ ရွံစရာကောင်းပြီး အလွန်အော်ဂလီဆန်ကာ 
အနံ့ ဆိုးများက မခံမရပ်နိုင် လောက်အောင် ပုပ်စပ်နံစော် လျက်ရှိသော
နေရာ ဖြစ်ပါသည်။ ကျွန်မကို ထိုနေရာသို့ခေါ်ဆောင်မသွားရန် တောင်းပန်ရာတွင် ယေရှုက “ သမီး၊ မင်း လေ့လာရမယ့် နေရာဖြစ်တဲ့ အတွက်ကြောင့် မင်းသွားရမှာဖြစ်တယ်”ဟူ၍ ဆိုလေ သည်။

 “ဘာကြောင့်လဲသခင်၊ ဘာကြောင့်လဲ” ဆိုပြီး ကျွန်မငိုယိုကာ မေးမြန်းနေ မိပါ သည်။ လောကီသားတို့အား ဒီအမှန်တရားကို အသိပေးရန် သင့်ကိုငါ ရွေးကောက် တော်မူခြင်း ဖြစ်သည်။ “လူပေါင်းမြောက်များစွာက ဒီပျက်စီးခြင်းထဲသို့ ရောက်နေကြရပြီး ငါ့ရဲ့ကောင်း ကင် နိုင်ငံတော်ထဲသို့ ၀င်စားရတဲ့သူဟာ အလွန် နည်းပါးလှပါတယ်။” (မဿဲ ၇း၁၄) ဟု သခင်ယေရှုဘုရားက မိန့်တော်မူခဲ့ပါသည်။ ထိုသို့မိန့်တော်မူစဉ်မှာပင် ယေရှု ဘုရား၏ မျက်ရည်များတသွင်သွင် စီးကျနေပါတော့သည်။

 သခင်ယေရှု ဘုရား၏ စကားတော်ကြောင့် ကျွန်မဆက်လက် ကြည့်ရှုလေ့လာ ဖို့ရန် ပိုမိုပြီးစိတ်ဝင်စားစေပါ သည်။ ငရဲတွင်းကြီး အဆုံးသို့ရောက်သောအခါ အရှိန်အဟုန်နှင့်ကျွမ်းလောင်နေ သော မီးလျှံကြီး တစ်ခုကို တွေ့မြင်ရပါသည်။ “သမီး ဒီစာရွက်နှင့်ခဲတံကို 
ယူပြီးမင်း ကြားနေရ၊ မြင်နေရ သမျှသော ဒီအကြောင်းအရာတွေကို မှတ်တမ်းတင်ထားပါ။ ”ဟု သခင်ယေရှုဘုရားက မိန့်ဆိုခဲ့ပါသည်။ “ဟုတ်ကဲ့သခင် ၊၀ိညာဉ်ပေါင်း မြောက်များစွာ ဟာ ဒီအပယ်ငရဲ 
မီးအိုင်ထဲမှာ ထာဝရဒုက္ခဝေဒနာ ခံစားနေကြရတယ် ဆိုတာကို ကျွန်မမြင်တွေ့နေရပါ တယ်။ ” 

 (မက်ဇီမာ-----) ကျွန်မသမီးလေး လဲလျောင်းနေသည်မှာ အချိန် အတော်ကြာလာ ပြီဖြစ်ပါသည်။ “ဘာတွေဖြစ် ပျက် နေတာလဲ သခင်”
ဟူ၍ ကျွန်မမေးလိုက်မိပါသည်။ သမီး ရဲ့မျက်လုံး ထဲကနေ မျက်ရည်များ စီးထွက်လာပါသည်။ ထိုမျက်ရည်များကို ကျွန်မ သုတ်ပေးလိုက် သော်လည်း မျက်ရည်များက တဖန်စီးကျလာပါသည်။ သမီးလေး အသက်ရှူမရှူ 
သိလို သောကြောင့် သူ့ရဲ့နှုတ်ခမ်းပေါ်မှာ မှန်ကလေးတစ်ချပ်ကို တင်ထားလိုက်ပါသည်။ အသက်ရှူခြင်းလုံးဝ မရှိတော့ပါ၊ သွေးခုန်နှုန်း လည်းမရှိတော့ပါ။ ဘုရား၏အစေခံက “သမီး ရောက်ရှိနေတဲ့နေရာက သာယာပျော်ရွင်တဲ့ နေရာတော့ မဟုတ်ဘူး၊ ဒုက္ခ ဝေဒနာများ ခံစား
 နေရတဲ့ နေရာဖြစ်တယ်။” လို့ ပြောပြ ပါသည်။ 

(အိန်ဂျယ်လီကား-----) “ငရဲဘုံ တကယ်ရှိတယ်ဆိုတာ ကျွန်မ သက်သေခံပါ့မယ်၊လူတွေကို ပြောပြပါ့ မယ်၊ ဒီနေရာကနေ 
ကျွန်မကို အခုခေါ်ထုတ် တော်မူပါ” ဟူ၍ သခင် ယေရှကို ကျွန်မ အသနားခံတောင်းလျှောက်နေမိပါသည်။“သမီး မင်းကို ငါမြင်စေချင်
တဲ့နေရာ မရောက် သေးဘူး၊ ဘာကြောင့် ထွက်ခွါသွားဖို့ ပြောနေတာလဲ။” “သခင်၊ မဟုတ်ဘူး ...မဟုတ်ဘူး …..မဟုတ်ဘူး. ကျွန်မဆက်ပြီး မသွားချင်တော့ဘူး ”ဟု ငိုယိုအော်ဟစ်ပြီး ပြောသည့် အခါ “ဒီနေရာကို မင်းမြင်ဖို့လိုအပ်တယ်” ဟု သခင်ယေရှုက ပြန်လည်ပြောဆိုပါသည်။ 

ဆက်လက်ကြည့်ရှုတဲ့အခါ အလွန်ကြောက်စရာကောင်းသည့် နတ်ဆိုးအကြီး အငယ်များကို ကျွန်မတွေ့မြင်လိုက်ရပါသည်။ သူတို့လက်ထဲမှာ အရာတစ်ခုကို ကိုင် ဆောင်ထားပြီး အလျင်အမြန် ပြေးလွှားနေကြသည်ကို ကျွန်မတွေ့မြင်ရပါသည်။ “သခင်၊ သူတို့ဘာကြောင့် အလျင်အမြန် ပြေးနေကြတာလဲ၊ လက်ထဲမှာ ဘာတွေကိုင် ဆောင် ထားကြတာလဲ ” ယေရှုက “သမီး နတ်ဆိုးတွေဟာ သူတို့ရဲ့အချိန်
နာရီတွေ မကြာခင် ကုန်ဆုံးတော့ မှာဖြစ်တဲ့အတွက်ကြောင့် လူသားတွေကို ဖျက်ဆီးဖို့ရန် ပြေး လွှားနေကြတာဖြစ်တယ်။ အထူးသဖြင့် ငါ့ကိုယုံကြည် တဲ့သူတွေကို ဖျက်ဆီးဖို့ရန် ဖြစ် တယ်။ နတ်ဆိုး တစ်ကောင်စီတိုင်းမှာ သူတို့ဖျက်စီးရမည့် လူ၏နာမည် ကိုရရှိထား ကြ တယ်။ နာမည်အလိုက် လက်နက်ပရိယာယ် အမျိုးမျိုးတွေကို ကိုင်ဆောင်ထားပြီး ထိုသူ တွေကို ဖျက်ဆီးဖို့ရန် အပြေးအလွှား သွားလာလှုပ်ရှား နေကြတာဖြစ်တယ်၊ (လက်နက် ပရိယာယ်ဆိုသည်မှာ.....

 ဥပမာ။ ။ ငွေကြေး တပ်မက်သော သူများအား ငွေကြေးများကို တပ်မက်စွဲလမ်းစေသော လက်နက်ပရိယာယ် တန်ဆာပလာများအားဖြင့် သော်လည်း ကောင်း၊ ကာမဂုဏ်တပ်မက်သော သူများအား ကိလေသာကာမဂုဏ် စွဲလမ်းခံစားစေ သော လက်နက်ပရိယာယ် တန်ဆာပလာများအားဖြင့် သော်လည်းကောင်း၊ လောက၌ အောင်မြင် ကျော်ကြားပြီး လူအများ၏ ချီးမြောက်ခြင်းများကို တပ်မက်သောသူ များ အား လောက၌ရှိသော အောင်မြင်ကျော်ကြားခြင်း၊ လောကီ စည်းစိမ်ဝါကြွားခြင်း တည်းဟူသော လက်နက်ပရိယာယ် တန်ဆာပလာ များအားဖြင့် သော်လည်းကောင်း၊ မူးယစ်သောက်စားပျော်ပါး ခြင်းများကို တပ်မက်သောသူများအား မူးယစ်သောက်စား ပျော်ပါးခြင်းများကို စွဲလမ်းစေသော လက်နက်ပရိယာယ် တန်ဆာပလာများနှင့်သော် လည်းကောင်း ထောင်ချောက်များဆင်ကာ အပြစ်သို.့ သွေးဆောင်ဖြားယောင်းပြီး အပယ်ငရဲသို့ ကျရောက်စေသည့်) 
နတ်ဆိုးများ၏ လက်ထဲ၌ နာမည်စာရင်းရရှိထားသော လူတွေကို အပြစ်သို့သွေးဆောင်ဖြားယောင်းဖျက်ဆီးပြီး ငရဲထဲသို့ မရောက်ရောက်အောင် လုပ်ဆောင်ရတာဟာ နတ်ဆိုးများရဲ့ 
အဓိကရည် ရွယ်ချက်ဖြစ် ပါတယ်၊ နတ်ဆိုးများက လောကီသားများကို အပယ်ငရဲထဲ ကျရောက်ဖို့ နည်း လမ်းအမျိုးမျိုးနှင့် လှည့်စားဖို့ရန် ကမ္ဘာမြေကြီးဆီသို့ အလျင်အမြန် ဦးတည် သွားနေ ကြတာဖြစ်တယ်” 
ဟု ကျွန်မကို ရှင်းပြတော်မူလျက် သခင်ယေရှု၏ မျက်ရည် များ စီးကျ လျက်နေပါသည်။ အချိန်တိုင်းလိုလိုဘဲ ကိုယ်တော် ငိုကြွေးနေပါသည်။ 

ကျွန်မလည်းဘဲ မျက်ရည် ကျလာပါ တော့သည်။ ယေရှုက “ငါပြသမဲ့နေရာကို ကြည့်ရှုဖို့ အဆင်သင့် ဖြစ်ပြီလား” ဟု ကျွန်မကို မေးမြန်းတော်မူခဲ့ရာ “ဟုတ်ကဲ့ပါ သခင်” ဟု ပြန်ဖြေလိုက်ပါ သည်။ ထိုနောက် ယေရှုက အပယ်ငရဲမီးအိုင်ထဲမှာ ဒုက္ခဝေဒနာ ခံစားနေရသော လူငယ်တစ်ဦးရှိရာ အချုပ်ခန်း ဘက်ဆီသို့ ကျွန်မကို ခေါ်ဆောင် သွားပါသည်။ ထိုအချုပ်ခန်းတွင် ရေးမှတ်ထားပြီးဖြစ် သော နံပါတ်
များလည်း ပျက်စီးယိုယွင်း နေသည်ကို ကျွန်မ သတိထားမိပါသည်။ 
ထို အချုပ်ခန်းထဲတွင် ကြီးမားသော သတ္တုပြားတစ်ခုလည်း ရှိပါသည်။ ထိုလူငယ်၏ နဖူး ပေါ်မှာ (၆၆၆) နံပါတ် ကိုလည်းတွေ့ရပါသည်။ 

ကြီးမားသော သတ္တုအပြားတစ်ခုသည် သူ၏ခန္ဓာကိုယ် အထဲထိ
နစ်အောင် စိုက်ဝင်နေပါသည်။ သူ့ကိုကိုက်ဖျက်စား သောက် နေသော လောက်ကောင်များသည် ထိုသတ္တုပြားကို မဖျက်ဆီးနိုင် သည့်အပြင် ငရဲမီး လျှံသည်လည်း ထိုသတ္တုပြားကို ကျွမ်းလောင်နိုင်ခြင်းမရှိပါ။ “ အရှင်ဘုရား၊ အကျွန်ုပ်ကို သနားတော်မူပါ၊ ဤနေရာမှ ကျွန်တော့်ကို ကယ်ထုတ်တော်မူပါ၊ အကျွန်ုပ် ကိုခွင့်လွှတ် တော်မူပါသခင် ” ဟူ၍ သူကအော်ဟစ်တောင်းဆို နေပါသည်။ယေရှုက “နောက်ကျ သွားပြီ၊ အရမ်းကိုနောက်ကျ သွားပြီ၊ ငါမင်းကို အချိန်အကြာကြီး ပေးခဲ့ပေမယ့်၊ မင်းက နောင်တ မရခဲ့ဘူ” ဟု ပြန်ပြော လိုက်ပါသည်။ “ သခင် ဘာကြောင့်သူဒီနေရာမှာ ရောက်ရှိနေရတာလဲ ”ဟုမေးမြန်းရာတွင် ကျွန်မစိတ်ထဲမှာ“ ဒီကောင်လေးကဘုရားကိုသိပေမယ့် မကောင်းတဲ့ အရက်သေစာ သောက်စားပြီး၊ လမ်းမှားသို့ရောက်နေတယ်၊ ဘုရားစကား ကိုနားမထောင်ဘူး၊ နောက် နောင်မှာ သူဘယ်လိုဖြစ်လာမယ်
ဆိုတာ သခင်ယေရှု က အကြိမ်ကြိမ် သတိပေးလျက် ရှိခဲ့တယ်၊ ”
 ဆိုတာ ပြန်လည်ပြီးသတိထားမိပါသည်။ 

မျက်ရည်ကျလျက် ယေရှုက “ ငါ့ကိုပယ်၍ ငါ့စကားကို နားမခံသော 
သူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟော ပြောသောစကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်ရမှာဖြစ်သည်။ (ယော-၁၂း၄၈) ထို့ကြောင့် သူကဤ နေရာသို့ ရောက် ရှိနေရ ခြင်းပင်ဖြစ်ပါသည်။” ခရစ်တော်၏ မျက်ရည်ကျခြင်းသည် ကျွန်မတို့ မျက်ရည်ကျခြင်း နှင့်လုံးဝမတူဘဲ သခင့်ရဲ့ ရင်ထဲမှာနက်ရှိုင်း နာ ကျင်စွာ ခံစားနေရလွန်းလို့ ငိုရှိုက် နေရခြင်းမျိုးပင် ဖြစ်ပါသည်။ ကိုယ် တော်က “ ငရဲကို လူသားတွေ 
အ တွက် ငါဖန်ဆင်းခဲ့တာ မဟုတ်ဘူး ” ကျွန်မက “ သခင်၊ ဘာကြောင့်လူ တွေ ငရဲကို ရောက်နေကြရတာလဲ ” ဟု ပြန်ပြီးမေးလိုက်ရာ ယေရှုက
 “ သမီး ငရဲဟာ စာတန်နှင့်သူ့ရဲ့ ငယ်သား များဖြစ်တဲ့ နတ်ဆိုးများအတွက်ဘဲ (မဿဲ-၂၅း၄၁) ငါဖန်ဆင်းခဲ့တာဖြစ်တယ်၊။

 လူတွေက အပြစ်မှ နောင်တမရချင်ကြဘူး ဒါ့ကြောင့် ငါ့ထံဘုန်းတော်ဝင်စားတဲ့သူ အလွန်နည်းပါးပြီး မြောက်များလှစွာသော လူတွေက အပယ်ငရဲထဲသို့ ရောက်နေကြ ရတာ ဖြစ်တယ် ” ခရစ်တော်၏ ၀မ်းနည်းကြေကွဲခြင်းသည် ကျွန်မကို တစ်ကယ်ခံစား စေပါသည်။ 
“ သမီး လူသားတွေ ထာဝရဒုက္ခ ဝေဒနာခံစားရမယ့် ဒီနေရာကို 
လူသားများ မရောက်လာရလေအောင် ငါ့အသက်ကို သူတို့အတွက် ငါပေးဆပ်ခဲ့တယ်၊ သူတို့ အပြစ်မှနောင်တရပြီး ငါ့ရဲ့ကောင်း ကင်နိုင်ငံတော်ထဲသို့ ရောက်လာနိုင်ဖို့ရန် ကြီးမား သော မေတ္တာ 
ဂရုဏာနှင့် ငါပေးဆပ်ခဲ့ရခြင်းဖြစ်တယ် ” ဆိုပြီး ခရစ်တော်က 
သူ့ဘက် မှာ တစ်ဦးတစ်ယောက်မျှ ရပ်တည်ခြင်း မရှိသည်ကို အလွန်ခံစားရပြီး ငရဲထဲမှာကျ ရောက်နေသည့် လူသား
များကိုကြည့်ကာ ၀မ်း နည်းပူဆွေးနေပါသည်။ 

 ယေရှုနှင့်အတူ ရှိနေခြင်းသည် ကျွန်မကို လုံခြုံစိတ်ချမှု ရှိစေပါသည်။ ဘုရားသခင်ကို ကျွန်မ လက်လွှတ်မိလျှင် ဤနေရာမှ ကျွန်မ ပြန်လည် လွှတ်မြောက်လာနိုင်တော့မည် မ ဟုတ်ကြောင်း သိနားလည်မိပါသည်။ “ သခင် ဒီငရဲထဲမှာ သမီးရဲ့ ဆွေမျိုးသားချင်းတွေ ရှိသ လား ” ဟု မေးကြည့်လိုက်ရာ ယေရှုက စိုးရိမ် ပူပန်ခြင်းနှင့် ငိုယိုနေ သော ကျွန်မ၏ခံစားမှု ကြောင့် “ သမီးငါမင်းနဲ့အတူရှိနေမယ် ”ဟု ပြန် ဖြေတော်မူခဲ့ပါသည်။ ကျွန်မကို အခြား တစ်နေ ရာဆီသို့ ပြန်ခေါ်ဆောင်သွားပါသည်။ ဤနေ ရာမျိုးမှာ ကျွန်မ၏ ဆွေမျိုး
သားချင်းများ ရှိနေ မည်ကို တစ်ခါမျှ မစဉ်းစားမိခဲ့ဖူးပါ၊ နတ်ဆိုးတွေက အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ် တစ်ခုလုံးကို လှံချွန်နှင့်ထိုးနှက်နေပြီး လောက်ကောင်များကလည်း သူ၏မျက်နှာ တစ်ခုလုံးကို ကိုက်ဖြတ်စားသောက်နေသည်ကို ကျွန်မမြင်တွေ့ရပါသည်။ 

သူကလည်း အော် ဟစ်ငိုကြွေးကာ “ ကိုယ်တော် ကျွန်မကိုကယ်မ သနားတော်မူပါ ခွင့်လွှတ်တော်မူပါ ဤ နေရာကနေ တစ်မိနစ်ထဲဘဲ ကျွန်မကို လွှတ်မြောက်ခွင့် ပေးတော်မူပါ (လုကာ ၁၆း၂၄) ” ဟု အော်ဟစ် ငိုယိုကာ တောင်းပန်နေပါသည်။ လူသားများက ကမ္ဘာပေါ်မှာ သူတို့ပြုခဲ့သော ပြစ်မှားခြင်း တစ်ခုစီအားဖြင့် ငရဲ ထဲမှာ ပြင်းထန်စွာဝေဒနာများ ခံစားနေရကြပါသည်။ နတ်ဆိုးများကလည်း “ ဤနေရာ က မင်းတို့ရဲ့နိုင်ငံဖြစ်တယ်၊ ချီးမွမ်းကြ ကိုးကွယ်ကြပါ ” ဆိုပြီး ထိုလူများကို ပြက်ရယ် ပြု ကာ လှောင်ပြောင် နေကြပါသည်။ 

ထိုသို့သော စကားကြောင့် ကိုယ်တော်ဘုရား၏ စကားတော်ကို ပြန်လည်သတိရ၍ မြည်တမ်းနေကြသော လူများကိုလည်း နှစ်ဆသော ဝေဒနာကို ခံစားစေပါသည်။ သခင်က “ လောကမှာရှိနေတဲ့ လူသားတွေအတွက် အခွင့်အရေးတွေ ရှိနေသေးပေမယ့် အပယ်ငရဲထဲမှာ ရောက်ရှိနေကြတဲ့ လူသားတွေ အတွက်ကတော့ ဘာအခွင့်အရေးမှ မရရှိနိုင်ကြတော့ ပါဘူး ” ဟု သတိပေးတော်မူခဲ့ ပါ သည်။ “ကိုယ်တော်သခင် !...ဘာဖြစ်လို့သမီးရဲ့ အဘွားက ဒီငရဲထဲကို ရောက်နေရတာ လဲ၊ သူက သခင့်ကို ကိုးကွယ်ခဲ့တဲ့သူ မဟုတ်ဘူးလား ” ဟု ကျွန်မက မေးမြန်းလိုက်ပါ သည်။ သခင်ယေရှုက “သမီးရဲ့အဘွားမှာ ခွင့်လွှတ်ခြင်းမရှိလို့ ငရဲထဲရောက်နေရခြင်း ဖြစ်တယ် ” ဟု ရှင်းပြတော်မူခဲ့ပါသည်။ 

“ သူတစ်ပါး၏ အပြစ်ကို ခွင့်မလွှတ်သောသူကို ငါလည်းထိုသူ၏ အပြစ်ကို ခွင့်လွှတ်မှာမဟုတ်ဘူး ” (မာကု-၁၁း၂၆) ။ ဟူ၍ သခင်ယေရှု က ကျွန်မကို သတိပေး သွန်သင် ပြောဆို ခဲ့ပါသည်။ “ ကိုယ်တော်ဟာ ခွင့်လွှတ် သနားခြင်းနဲ့ ပြည့်စုံတဲ့ ဘုရားမဟုတ်ဘူးလား”ဟူ၍ ကျွန်မကပြန်ပြီး မေးလိုက်ရာ ခရစ်တော်က “ဟုတ်တယ်သမီး၊ ဒါပေ မဲ့ သူတို့က 
သူတစ် ပါးတွေ အပေါ်မှာ ခွင့်လွှတ်ခြင်း မရှိကြဘူး၊ ဒါ့ကြောင့် 
ငရဲထဲသို့ ကျရောက်နေရတာ ဖြစ်တယ်။ မင်းသွားပြီး ငါ့ရဲ့လူတွေကို အထူးသဖြင့် ခွင့်လွှတ်ခြင်း ရှိအောင် ပြောပြ လိုက်ပါ။ 

အထူးသဖြင့် သူတို့ရဲ့ ရန်ငြိုးဖွဲ့ခြင်း၊ နာကျင်ဒေါသ ဖြစ်ခြင်းများကို ဖယ်ရှား ပစ်ပြီး အဲဒီအရာတွေကို သူတို့ရဲ့ စိတ်နှလုံးသားထဲမှာ မသွင်းထားကြဖို့ ပြောပြလိုက် ပါ။ သူတစ်ပါး အပြစ်ကို ခွင့်လွှတ်ပေးကြပါ။ ကိုယ့်အသက်ကို ပိုင်တဲ့သူ တစ်ယောက်မျှ မရှိဘူး၊ ခွင့်လွှတ်ခြင်း မရှိတဲ့သူတွေ သေဆုံးသွားပြီး တဲ့နောက်မှာ အပယ်ငရဲထဲသို့ ကျ ရောက်လာရမှာ ဖြစ်တယ်။”ဟု ယေရှုဘုရားက မိန့်တော်မူခဲ့ပါသည်။ ထိုနေရာမှ 
ကျွန်မ တို့ ထွက်ခွါသွားသည့်အချိန်မှာ ကျွန်မအဘွား၏ ခန္ဓာကိုယ် တစ်ခုလုံးကို မီးလောင် ကျွမ်းပြီး “အား”ဆိုသည့် အသံနှင့် ညည်းတွားမြည်တမ်းနေကာ ဘုရားသခင်၏ နာမ တော်ကို စတင်
ကျိန်ဆဲ ပုတ်ခတ်ပြောဆိုနေသည်ကို ကျွန်မကြားလိုက်ရပါသည်။ 

ငရဲမီး အိုင်ထဲ ရောက်နေသောသူ တိုင်းကလည်း ဘုရား သခင်ကို ဆန့်ကျင်ပြီး နာမတော်ကို ပုတ်ခတ်ကဲ့ရဲ့ ပြောဆိုနေကြပါသည်။ ၀ိညာဉ်များစွာက အပယ်ငရဲထဲမှာ ထာဝရဒုက္ခဝေဒနာများ ပြင်းထန်စွာခံစား နေရကြောင်းကို ထိုနေရာမှာ ကျွန်မမြင် တွေ့ခဲ့ရပါသည်။ လူတွေက 
ငရဲထဲမှ လွှတ် မြောက်ဖို့ရန် သခင်ယေရှုထံသို့ လက်တွေဆန့်တန်းပြီး အော်ဟစ်တောင်းဆို နေကြပါ သည်။ သူတို့ကို ကူညီဖို့ရန် အချိန်တွေနှောင်းသွားပြီ ဖြစ်သည့် အတွက်ကြောင့် သခင့် ကို 
ပုတ်ခတ်ကဲ့ရဲ့ ပြောဆိုနေကြပါသည်။ သခင်ယေရှုက မျက်ရည်
ကျကာ “သူတို့အော် သံကို ငါမကြားရက်ဘူး၊ ဘာတွေဖြစ်နေကြ
သည်ကို ငါမကြည့်ရက်ဘူး၊ သူတို့ကို ကယ် တင်ဖို့ရန် အခွင့်အခါ မရှိတော့ဘူး၊ ငါပြောချင်တဲ့အရာကတော့ လောကမှာ အသက် ရှင်နေသေးတဲ့ လောကီသားတွေကို ကယ်တင်နိုင်ဖို့ရန် ငါ့မှာ အခွင့်အရေးတွေ ရှိနေ သေးတယ်၊ ထိုသူတို့က အပြစ်မှနောင်တရဖို့ 
အဓိက ဖြစ်တယ်” ဟု သနား ကြင်နာစွာ ဖြင့် သခင်ယေရှုက 
ကျွန်မကို ပြောကြားတော်မူခဲ့ပါသည်။ 

သခင်က “ လောကမှာ နာမည်ကျော်ကြား တဲ့ ပုဂ္ဂိုလ်ကြီးများနှင့် မြောက်များလှစွာသော ဘုရားသခင်ကို သိရှိတဲ့ လူတွေကလည်း ငရဲထဲ သို့ ရောက်ရှိနေကြတယ် ” ဟုမိန့်ဆိုခဲ့ ပါသည် သခင်ယေရှုက အခြားသော မီးလျှံကြီး ရှိသည့် နေရာကို ခေါ်ပြပါသည်။ မီးလျှံကြီး ၀န်းရံနေ သည့် အမျိုးသမီးတစ်ဦး ရှိသည့်နေရာသို့ ကျွန်မ တို့ ရောက်ရှိသွားပါသည်။ သူမက လည်းပြင်း ထန်သော ဝေဒနာခံစားမှုနှင့် ဘုရားသခင်၏ သ နားခြင်း ဂရုဏာတော်ကို တောင်းခံနေပါသည်။ ယေရှုက ထိုအမျိုးသမီး ရှိသည့်နေရာကို လက် ညိုးညွှန်ပြကာ “ သမီး ဟို အမျိုးသမီးက 
စယ်လီ နာဖြစ်တယ် ” သူရှိသည့် နေရာကို ကျွန်မတို့ ရောက်သွား
သည့်အခါ စယ်လီနာက သခင် “ ကျွန်မကို သနားပါ ခွင့်လွှတ်ပါ လွှတ်မြောက်ခွင့်ပေးပါ ” ဟုဆိုပြီး အသနားခံ တောင်းဆိုနေပါသည်။ 

သခင်က “ မင်း နောက်ကျ သွားပြီ အရမ်းဘဲ နောက်ကျသွားပြီ မင်းအခုချိန်ရောက်မှဘဲ နောင်တရတာဟာ ဘာမှ မထူးတော့ဘူး ” ဟု သခင်ယေရှုက တုန့်ပြန်လိုက်ပါသည်။ စယ်လီနာက ကျွန်မကိုကြည့်ကာ “ ကျွန်မတောင်းပန်ပါတယ် လူသားများအား ကျွန်မရဲ့ သီချင်းတွေကို မဆိုဖို့ နားမထောင်ဖို့နဲ့ ဒီငရဲထဲကို မရောက်လာကြဖို့ရန် ကျေးဇူးပြုပြီး ပြောပြပေးပါ ” လောကကို၎င်း၊ လောက၌ရှိသောအရာတို့ကို၎င်း၊ မချစ် ကြနှင့် လောကကို
ချစ်သောသူမည်သည်ကား ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ (၁ယော-၂း၁၅) ဟူ၍ မှာကြားကာ ကျွန်မကလည်း “ ဘာဖြစ်လို့ ပြောစေချင်တာလဲ ” လို့ သူမကို ပြန်မေးလိုက်ပါသည်။ သူမက 
“ လူတွေက ကျွန်မရဲ့ သီချင်းတွေကို နား ထောင်လေလေ သီဆိုလေလေ ကျွန်မရဲ့ခံစားမှု ဝေဒနာတွေက ပိုမိုပြင်းထန် များပြား လေလေဖြစ်ပါတယ်။

 ဒါကြောင့် ထိုသူတို့ကလည်း ကျွန်မရှိရာငရဲထဲသို့ ဦးတည် လျှောက်လှမ်းလာနေကြတာဖြစ်တယ်၊ အပယ်ငရဲဆိုတာ တစ်ကယ်ရှိ ကြောင်းကို လူ သား တွေဆီကို သွားပြောပြပေးပါ ” ဟု ကျွန်မကိုသတိပေး မှာကြားခဲ့ပါသည်။ ထို့ နောက် အင်အားဗလ ကြီးမားသည့် နတ်ဆိုးများက အဝေးတစ်နေရာမှ သူမကို လှံချွန် နှင့် ထိုးနှက်နေသောကြောင့် အလွန်နာကျင်သော ငိုယိုသံနှင့် ဟစ်အော်ပြီး၊ “ကိုယ် တော်ကျွန်မ ကို ကယ်မသနားတော်မူပါ ကူညီပါ ” ဆိုပြီး ငိုကြွေးမြည်တမ်း နေပါသည်။ သခင်က သနားကြင်နာစွာဖြင့် “အချိန်နှောင်းသွားပြီ ” ဟူ၍သာ ပြန်ပြောလိုက် ပါ သည်။ ထိုနေရာပတ်လည်ကို ကျွန်မကြည့်လိုက်သည့် အခါတွင်လောကမှာ အသက် သေဆုံးသွားပြီး ဖြစ်သော အဆိုတော်များ၊ အနုပညာရှင်များ၊ ပန်းချီဆရာများကိုလည်း တွေ့ရပါသည်။ 

သူတို့က မရပ်မနားဘဲ အဆက်မပြတ် သီချင်းဆိုနေကြပါသည်။ 
သခင် က “ သမီးငရဲထဲရောက်တဲ့ သူတိုင်းက လောကမှာ သူတို့ လုပ်ခဲ့တဲ့ အရာများကို ငရဲထဲ မှာလည်း ဆက်လက်လုပ်ဆောင်နေကြရမှာ ဖြစ်တယ် ” ဟုရှင်းပြ တော်မူခဲ့ပါသည်။ ကျွန်မ ထိုနေရာကို အကဲခတ် ကြည့်နေသည့် အချိန်မှာဘဲ နတ်ဆိုးများက မိုး နှင့်တူသည့် အရာတစ်ခုကို မီးလျှံကြီးရှိရာ သို့ပစ်ချလိုက်သည်ကို ကျွန်မတွေ့လိုက် ရ သည်။ တစ်ကယ့်မိုးရွာနေတယ်လို့ ကျွန်မ ထင်မိပါသည်။ ထိုနေရာသို့ 
လူတွေ ပြေး သွားနေ ကြသည်ကိုလည်း ကျွန်မမြင်တွေ့ရပါသည်။ 
သူတို့က “ဖြစ် နိုင်ဘူးသခင် အ ကျွန်ုပ်ကို ကူညီပါ ” ဟု အော်ဟစ်နေကြ ပါသည်။ နတ်ဆိုး များကရယ်မောပြီး သူတို့ ကို “ ချီးမွမ်းကိုးကွယ်ကြဟေ့ ဒီနေရာဟာ နောင်ကာလပတ်လုံးအတွက် မင်းတို့ရဲ့ နိုင်ငံ (နေရာ) ဖြစ်တယ် ” ဟု လှောင်ပြောင်၍ ပြောဆိုနေကြပါသည်။ ကျွမ်းလောင်နေသည့် မီးလျှံများကလည်း ပိုမိုတောက်လောင်လာပြီး သူတို့ ခန္ဓာကိုယ်ပေါ်တွယ်ကပ်နေသည့် လောက်ကောင်များကလည်း ပိုမိုပွားများလာသည်ကို ကျွန်မတွေ့ ရပါသည်။

 ရေလုံးဝ မရှိသည့် ကြားထဲ ကန့်နှင့်ရောနှောသော မီးလျှံများကလည်း ပိုမိုပြင်းထန်စွာ ပွားများ တောက်လောင် လာသောကြောင့် ထိုသူတို့၏ ဝေဒနာ ခံစားမှုကို ပိုမိုဆိုးရွားပြင်းထန် စေပါသည်။ “ အဲဒါ ဘာလဲ ဘာတွေဖြစ်နေကြတာလဲ ” ဟု သခင့်ကိုကျွန်မမေးမိသည်။ “ ဒါက အပြစ် မှ နောင်တမရသော သူတို့ ရဲ့ အဖိုးအခဖြစ်တယ် ” ဟု သခင်ယေရှုက ရှင်းပြတော်မူခဲ့ပါသည်။ (ဆာလံ-၁၁း၆) ထို့နောက် လူ့လောကကြီးထဲ၌ ရှိနေစဉ် လူ အများသိကျွမ်း ခဲ့ကြသော သူများရှိသည့် နေရာ သို့ သခင်ယေရှုက ကျွန်မအား ခေါ်ဆောင်သွား ပါသည်။ 

အသက်ဆုံးရှုံးသွားသည့်၊သူတိုင်း ကောင်း ကင်နိုင်ငံတော်သို့ ရောက်ရလိမ့်မည်ဟု ကျွန်မ ထင်မိ ခဲ့ပါသည်။ အထူးသဖြင့် လူအများ ချီး မြောက် ဂုဏ်ပြုခြင်းခံရသော လူတွေပေါ့ ကျွန်မ၏ အထင်မှားခဲ့ခြင်းသာ ဖြစ်ပါသည်။ ပုပ်ရဟန်းမင်း ကြီး ဂျွန်ပေါလ်-၂ - ခေါ်တော်မူခြင်း ခံရသော အချိန်မှာ ကျွန်မသူငယ်ချင်းများနှင့် အချို့သော ဆွေမျိုးများတို့က “ပုပ်ရဟန်း မင်းကြီးက ကောင်း ကင်နိုင်ငံတော်သို့ဝင်ရောက်သွားတာ ဖြစ်တယ်”လို့ ပြောခဲ့ကြပါသည်။ တီဗွီသတင်း ထဲ၌ သာမက နေရာတကာမှာ လူတွေက “ပုပ်ရဟန်းမင်းကြီး သေ ဆုံးသွားပြီ၊ ငြိမ် သက်စွာ အနားယူသွားပြီ၊ အခုကောင်းကင်ဘုံမှာ ဘုရားသခင်နှင့် ကောင်းကင်တမန် များနှင့်အတူ ပျော် ရွှင်နေမှာ ဖြစ်တယ်” ဟု လူတွေက သူတို့ အထင်ကို ခိုင်လုံ စွာ ဖြင့် ပြောဆိုခဲ့ကြသည်ကို ကျွန်မ ယုံစားမိခဲ့ပါသည်။ အခု ကျွန်မ ပြန်လည်စဉ်းစားမိတော့ ကိုယ့်ကိုကိုယ် ရူးမိုက်ခဲ့ကြောင်း ပြန်လည်သဘောပေါက် လာပါသည်။ ပုပ်ရဟန်းမင်း ကြီးက ငရဲထဲမှာ ဒုက္ခဝေဒနာ ခံစားနေရသည်ကို ကျွန်မမြင် တွေ့နေရပါသည်။ 

ပုပ်ရ ဟန်းမင်းကြီး ဟုတ်မဟုတ် သိလိုသော ကြောင့်သူ့ရဲ့ မျက်နှာကို ကျွန်မ သေချာစွာ စိုက်ကြည့်နေစဉ်မှာ သခင်ယေရှုက “သမီးကြည့်ပါ အခုမြင်နေရ တဲ့သူက ပုပ်ရဟန်း မင်းကြီးဂျွန်ပေါလ်-၂- ဖြစ်တယ်။ သူလည်း အပြစ်မှ နောင်တမရလို့ ဒီအပယ်ငရဲထဲ ကျ ရောက်နေ ရတာဖြစ်တယ်” ဟူ၍ သူ့နာမည်ကိုပါ အတည့်အလင်းပြောပြ တော်မူခဲ့ပါ သည်။ သခင့်ကို ကျွန်မပြန်လည်မေးမြန်းလိုက်ပါသည်။ “သခင် သူကဘာကြောင့် ဒီ နေရာကို ရောက်နေ ရတာလဲ၊ သူက ဘုရားကျောင်းမှာ တရားဟောတယ် မဟုတ်ဘူး လား” ဟု မေးလိုက်သည်နှင့် ယေရှုဘုရားက “သမီး မတရားသောမေထုန်၌ မှီဝဲ သော သူ၊ ညစ်ညူးစွာပြုသောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ ဖြစ်သော လောဘလွန်ကျူး သောသူ တစ်စုံတစ်ယောက်မျှ ဘုရားသခင်၏ နိုင်ငံ၌ အမွေမခံရ (ဧဖက်၅း၅) ” ဟု သခင် ယေရှုက ရှင်းပြတော်မူခဲ့ပါသည်။ 

 ကျွန်မကလည်း “ဟုတ်တယ် သခင်မှန်ပါတယ်၊ သူဘာကြောင့် ဒီကို ရောက်နေ ရတာလဲ၊ သူကလူပေါင်းမြောက်များစွာကို တရားဟောပြော ခဲ့တယ်ဆိုတာ ကျွန်မသိ တယ် ” ဟု ထပ်မံမေးမြန်းခဲ့ရာ ယေရှုက “ဟုတ်တယ် သမီး သူဟာ လူအမြောက် အများကို တရားဟောခဲ့တယ် ဒါပေမယ့်သူက သမ္မာတရားကို သိသော်လည်း ဘယ် တော့မှ မဟောပြောခဲ့ဘူး ကယ်တင်ခြင်း အကြောင်းကို ဟောပြောသည်ထက်
 ငွေ ကြေးရဖို့ကိုသာ မက်မောခဲ့တယ်၊ အပယ်ငရဲဆိုတာ တကယ်ရှိတယ်၊ ကောင်းကင်ဘုံ ဆိုတာလည်း တကယ်ရှိတဲ့ အကြောင်းကိုသိလျက်နဲ့ မှန်ကန်စွာ မဟောပြောခဲ့ဘူး။ ဒါကြောင့် သူဟာ ဒီအပယ်ငရဲထဲမှာ
 ရောက်ရှိ နေရခြင်း ဖြစ်တယ် ”ဟု သခင်ယေရှု က ရှင်းပြတော်မူခဲ့သည်။ သူ့ကို ကျွန်မ ကြည့်နေသည့် အချိန်မှာ ဧရာမကြီးမားပြီး အလွန်ရှည်လျား သည့် မြွေကြီးတစ်ကောင်က သူ့လည်ပင်းကို ပတ်ရစ်နေလို့ သူကရုန်းကန်လှုပ်ရှား နေ ရပါသည်။

 “ သခင် သူ့ကို ကယ်တော်မူပါ ” ဟု ကျွန်မ အသနားခံတောင်းဆိုပေးပါ သည် သူကလည်း “ သခင် အကျွန်ုပ်ကို ကယ်တော်မူပါ၊ သနားခြင်း
ဂရုဏာနဲ့ ခွင့်လွှတ် တော်မူပါ၊ ဒီနေရာကနေ ကယ်ထုတ်တော်မူပါ၊ ကျွန်တော် နောင်တရပါပြီ၊ နောင်တရ ဖို့ရန် လောကသို့ ပြန်သွား ခွင့်ပြုတော်မူပါ” ဟု အော်ဟစ်ပြီး တောင်းဆိုနေ ပါ သည်။ 
သခင် ယေရှုက သူ့ကိုကြည့်ပြီး “ဒီအကြောင်းအရာတွေကို သင်ကောင်းကောင်း နား လည် ခဲ့တဲ့သူဖြစ်တယ် ငရဲဆိုတာ တကယ်ရှိတယ် ဆိုတာကို သင်သိခဲ့တယ် မဟုတ် ဘူးလား၊ အခုသင်နောက်ကျသွားပြီ၊ အရမ်းကို နောက်ကျသွားပြီ၊ သင့်အတွက် အခွင့် အလမ်း မရှိ တော့ဘူး ” ဟု ပြန်ပြီး တုန့်ပြန်လေ၏။ ယေရှုက “ သမီးကြည့်ပါ အဲဒီလူရဲ့ အသက်
တာက ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ မင်းကို ပြဦးမယ်” ဆိုပြီး အလွန်ကြီးမားသည့် ပိတ်ကားတစ်ခုဖြင့် ကျွန်မအား ပြသခဲ့ပါ သည်။ သူ့ကိုလူတွေက ဘယ်လိုလှူဒါန်းနေကြသည်ကို ထိုပိတ်ကားပြင်ပေါ်မှာ ကျွန်မ တွေ့မြင်ရပါသည်။ တခြားလူတွေကလည်း ရုပ်တုဆင်းတုတွေကို ကိုးကွယ် (လောကီဆန်) ကြသောသူများဖြစ်ကြသည်။

 ယေရှုက “ငရဲထဲမှာ ရုပ်တုဆင်းတုတွေကို ကိုးကွယ်ခဲ့တဲ့လူတွေ
 အများကြီး ရှိနေတယ်၊ ငါတစ်ပါးတည်းသာလျှင် ကယ်တင် နိုင် သော ဘုရားသခင်ဖြစ်တယ်၊ ငါမှတစ်ပါး ဘယ်အရာကမှ ကယ်တင်ခြင်းကို မပေးနိုင် ဘူး၊ အပြစ်သားကို ငါချစ်ပေမဲ့ အပြစ်ကိုတော့ ငါရွံမုန်းတယ်၊ လူသားတွေကို ငါချစ်တဲ့ အကြောင်း ငါ့ဆီကို ခြေဦးလှည့်လာဖို့ရန် ပြောပြလိုက်ပါ သမီး ” ဟု ကျွန်မကို မိန့်ဆိုမှာ ကြား တော်မူခဲ့ပါသည်။ ယေရှုက ကျွန်မကို ပြောပြနေချိန်မှာ ထိုပိတ်ကားကြီးပေါ်မှာ ကျွန်မမြင် လိုက် ရ တဲ့ အကြောင်းအရာ များကတော့ ပုပ်ရဟန်း မင်းကြီးက လူအများထံမှ ငွေ၊ လက် ဆောင်များ ဘယ်လိုလက်ခံ ရရှိခဲ့သည်နှင့် ပိုက်ဆံပေါကြွယ်ဝသူ ဖြစ်သည့် အကြောင်း များကို မြင်လိုက်ရပါသည်။ ပလ္လင်ပေါ်မှာ ထိုင်နေသည့် ပုပ်ရဟန်း မင်းကြီးနှင့် ပုံတူ သဏ္ဌာန်ကိုလည်း ကျွန်မမြင်ရပါသည်။ သူ့ရာဇ၀င် ဘယ်လိုဖြစ်ခဲ့သည်ကိုလည်း မြင်ခဲ့ ရ ပါသည်။ ထိုသူများဟာ လက်မထပ်သောသူများ ဖြစ်သော်လည်း သီလရှင်များ၊ အခြားသော အမျိုးသမီးများနှင့်အတူ အိပ်နေကြကြောင်းကို သခင်ယေရှုက ကျွန်မကို ဖော်ပြပါသည်။ ကျွန်မလိမ်ညာလုပ်ကြံပြီး ပြောဆိုနေတာ မဟုတ်ပါဘူး အမှန် တကယ် ပင် ဖြစ်ပါသည်။ 

သူတို့က လက်ထပ်ထိမ်းမြားခြင်း မရှိဘဲ အတူအိပ်နေကြသည်ကို သခင်ယေရှု က ကျွန်မကို ပြသခဲ့ ပါသည်။ နှုတ်ကပတ်တော်က လက်ထပ်ထိမ်းမြားခြင်းမရှိဘဲ ကာမ ဆက်ဆံသောသူများ ကောင်းကင်နိုင်ငံတော်သို့ ၀င်ရလိမ့်မည် မဟုတ်။ သခင် ယေရှု က 
“ သမီး အခု ငါပြသနေတဲ့ အကြောင်းအရာများ အားလုံးဟာ လက်ရှိဖြစ်ပျက် နေ ကြတဲ့ အခြေအနေများဘဲဖြစ်တယ်။ လောကမှာ သူအသက်ရှင်နေစဉ် ပြုမိခဲ့တဲ့ အ ကြောင်းအရာတွေလည်းဖြစ်တယ်။ ပုပ်ရဟန်းမင်းကြီး၊ ရဟန်းများ၊ လူတွေများ အကြား မှာ လက်ရှိဖြစ် ပျက်နေသော အရာများဖြစ်တယ်။ သမီး၊ လူတွေကို ငါ့ဆီပြန်လှည့်လာဖို့ အချိန်တန်ပြီဆိုတာ မင်းသွားပြီး ပြောပြပါ ” ဟု ယေရှုက ကျွန်မကို 
ထပ်မံ မိန့်မှာတော် မူခဲ့ပါသည်။ များစွာသော လောကီလူသားများဟာ အပယ်ငရဲဘက်သို့ ဦးတည်လျှောက် လှမ်း လာနေကြသည်ကို သခင်ယေရှုဘုရားက ကျွန်မအား ပြသခဲ့ပါသည်။ ကျွန်မက လည်း “ သခင်ဘာကြောင့် သူတို့က ငရဲဘက် ကို လာနေကြတာလဲ ” ဟု မေးလိုက် မိပါ သည်။ သခင်က “ မင်းကိုငါပြသမယ် ” ဆိုပြီး လူပေါင်းမြောက်များစွာ လိုဏ်ဂူကြီး ဘက် သို့ သွားနေသည်ကို ကျွန်မမြင်လိုက် ရပါသည်။ 

ထိုလူတို့၏ ခြေလက်များကို သံကြိုးများ နှင့်ချည်နှောင်ထားပြီး အနက်ရောင်ဝတ်စုံများကို ၀တ်ဆင်ထားကြပါသည်။ သူတို့၏ နောက်ကျောပေါ်မှာလည်း ၀န်ထုပ်ဝန်ပိုးများကို သယ်ဆောင် ထမ်းပိုးထားကြရ ပါ သည်။ ယေရှုက “ ကြည့်စမ်းပါ သမီး မင်းမြင်နေရ တဲ့လူတွေက ငါ့ကိုမသိကြဘူး သူတို့ ထမ်းပိုးနေတဲ့ အရာများက သူတို့ရဲ့အပြစ်တွေဖြစ်တယ်၊ သူတို့ငါ့ ဆီကို ပြန်လာ ကြဖို့ မင်းသွားပြီး ပြောပြပါ၊ သူတို့ကို ငါချမ်းသာပေးမယ် အပြစ်မှလွှတ်ငြိမ်းခွင့်ကို ငါပေးနိုင် ကြောင်း သွားပြောပြပါ၊ သူတို့ဟာ ထာဝရဒုက္ခ ဝေဒနာများကိုခံစား ရမယ့် အပယ်ငရဲ ဘက်ကို ဦးတည်ပြီး လျှောက်လှမ်းလာနေကြတာကို မင်းသွားပြီး သတိပေးပါ၊ ငါက သူတို့ကို နွေးထွေးစွာနှင့် စောင့်မျှော် နေတယ် ” ဟု လူသားများကို သတိပေးရန် မှာ ကြားတော်မူခဲ့ပါသည်။ 

 အပယ်ငရဲဘက်သို့ လူတွေ လျှောက်လှမ်းလာနေကြသည်ကို ကျွန်မကြည့်ရှု နေစဉ် ကျွန်မ၏ ၀မ်းကွဲမောင်နှင့် ညီမတို့ကလည်း ထိုလူများနဲ့အတူ လျှောက်လှမ်းနေ သည်ကို မြင်တွေ့လိုက်ရပါသည်။ “ သခင် ကျွန်မ၏ ဆွေမျိုးများနှင့် မိသားစု များက လည်း ငရဲဘက်သို့ ဦးတည်ပြီးလာနေကြတာ တွေ့ရတယ် ” ဟူ၍ အံ့သြထိတ်လန့်စွာ ဖြင့် မေးမြန်းရာ ယေရှုက “ သမီး ဒါကြောင့် သူတို့ဘယ်ကို ဦးတည်လျှောက်လှမ်းလာ နေသည်ကို အဖြစ်မှန်အတိုင်း မင်းသွားပြီးသတိပေးပါ။ မင်းကို ဦးဆောင်လမ်း ပြ 
အဖြစ် ငါရွေးကောက် ထားတာဖြစ်တယ်၊ ငါပြသခဲ့တဲ့ အရာအားလုံးကို မင်းမြင်ခဲ့ရသမျှ အ တိုင်း လူတွေကိုပြောပြပါ။ သင်သည် သတိမပေး မပြောဘဲနေလျှင် သူ၏အသက်ကို ကား သင်၌ငါတောင်းမည်၊ သင်သည် လူဆိုးကို သတိပေးလျက်နှင့် သူသည် မိမိ လိုက် သောအဓမ္မလမ်းကို မရှောင်ဘဲနေလျှင် မိမိအပြစ်၌ သေလိမ့်မည်။ ” (ယေဇကျေ လ၃း၁၈) ဟု ယေရှုမိန့်တော်မူခဲ့ပါသည်။ ယေရှုဘုရားက လူ့လောကကြီး ထဲမှာ နာမည်ကျော်ကြား သည့် လူ ပုဂ္ဂိုလ်များ၊ မြင့်မြတ်ပြီး အရေးပါ သည့်၊ လူအများက ငရဲထဲမှာ ကျ ရောက်နေရသည်ဟု ကျွန်မကို ပြောပြ ပါသည်။ မိုက်ကယ်ဂျက် ဆင် ငရဲထဲ ရောက်နေ သည်ကို ပြောပြလိုပါသည်။ 

သူကကမ္ဘာ ပေါ် မှာ နာမည်ကျော်ကြားသည့် လူတစ်ယောက်ဖြစ်ခဲ့သည်။ သို့သော်လည်း သူသည် စာတန်မာရ်နတ်၏ အယူဝါဒကို လက်ခံ ယုံကြည်သောသူ ဖြစ်ခဲ့သည်။ လူ့အမြင်အား ဖြင့် နားမလည် နိုင်လောက်အောင်ဖြစ်သော်လည်း ဤအရာမှာ အမှန်တကယ် ပင်ဖြစ် ပါသည်။ သူက စာတန် နှင့်သဘောတူညီစွာ ပဋိညာဉ်ပြုခဲ့သူ ဖြစ်သည်။ ငရဲထဲ တွင် လူ တွေ နှိပ်စက်ညင်းပန်းခြင်း ခံနေရစဉ် နတ်ဆိုးများ၏ လမ်းလျှောက်နေသည့် ပုံစံများ သည် မိုက်ကယ်ဂျက်ဆင်၏ ကကွက်များဖြင့် လှုပ်ရှားနေသော အမူအရာများကဲ့ သို့ဖြစ်နေကြောင်းကို ကျွန်မ မြင်တွေ့ရပါ သည်။ နတ်ဆိုးတို့၏ လည့်ကွက်ကြောင့် ငရဲ ထဲတွင် များစွာသော လူတို့်က ပြင်းထန်စွာညင်းဆဲခြင်း ဝေဒနာကို ခံစားနေရသည်။ 

နတ်ဆိုးများမှာ ၀မ်းမြောက် အော်ဟစ်ကာ မိုက်ကယ်ဂျက်ဆင်၏ ကကွက်ကဲ့သို့ပင် ရှေ့သို့လျှောက်ဟန်ပြုနေသော်လည်း နောက်သို့ ရွေ့လျားလျက် လူတွေကို လှောင် ပြောင်သရော် နေကြသည်။ မိုက်ကယ်ဂျက်ဆင် သေဆုံးပြီးနောက်ပိုင်းမှာ ငရဲမီးအိုင် ထဲတွင် ပြင်းထန်သော ဝေဒနာခံစားနေရသည်ကို သခင်ယေရှုက ကျွန်မကိုမြင်
 တွေ့ စေပါသည်။ သူ၏ခံစားမှုနှင့် အော်ဟစ်သံများကြောင့် “ ဘာ ကြောင့်လဲ ကိုယ် တော် ” ဟု မေးမြန်းရင်း ကျွန်မ မျက်ရည် များတစ်ပေါက်ပေါက်ကျကာ ညည်းညူ နေမိ ပါသည်။ သူ၏မခံမရပ်နိုင်လောက်အောင် အော်ဟစ်ညည်းညူ နေသော
အသံနှင့် အလွန်ပြင်း ထန်စွာ ဝေဒနာ ခံစားနေရသောမြင်ကွင်းကို တွေ့မြင်နေရသည်မှာ မလွယ်ကူ လှပေ သူ၏သီချင်းသံများကို နားထောင် သီဆိုဖျော်ဖြေနေကြတဲ့သူတွေ အားလုံးကို သတိပေး ပါရစေ၊ စာတန်မာရ်နတ်က သူ့ရဲ့မာယာ ထောင်ချောက်ထဲမှာ သင်တို့ကိုလည်း
ကျ ရောက်စေပြီး နောက်ဆုံးမှာ အပယ်ငရဲထဲသို့ ခေါ်ဆောင် သွားမှာဖြစ်ပါသည်။ သခင် ယေရှုက သင်တို့ကို အပယ်ငရဲထဲမှ လွှတ်မြောက်စေချင်ပါသည်။ သင်တို့၏ အသက် ၀ိညာဉ်ကို မဆုံးရှုံးစေ
ဖို့ရန် အခုချက်ချင်းဘဲ ယေရှုခရစ်တော်၏ နာမ၌ လွှတ်မြောက် ဖို့ရန် ကြေညာလိုက်ပါ။ ယေရှုက “ သမီး ငါ့ကိုသိတဲ့ လူတွေလည်း အပယ်ငရဲထဲမှာ ကျရောက်နေရတယ် ” ကျွန်မက “ သခင် ဘာဖြစ်လို့ ရောက်နေ ကြရတာလဲ ” ဟု ပြန်မေးလိုက်မိပါသည်။

 ယေရှုက “ အဲဒီလူတွေဟာ ငါ့ရဲ့စကားကိုစွန့်လွှတ်ပြီး စိတ်နှစ်ခွနဲ့ အသက်ရှင်နေ ကြ တဲ့ သူတွေဖြစ်တယ် ”ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ သခင် ယေရှုကသူ့ကို သိသော သူများ ငရဲထဲမှာ ရောက်လာနေကြသည့် အကြောင်းကို ကျွန်မ အားပြသ နေပါသည်။ သူတို့၏ ခြေလက်များက ချီနှောင်ထားပါသည်။ သူတို့က အဖြူရောင် အ၀တ်အစား တွေကို ၀တ်ဆင်ထားကြသော်လည်း အ၀တ်အစားများက စုတ်ပြဲတွန့်လိမ်ပြီး 
အစွန်း အကွက်များနှင့် စွန်းထင်းညစ်ပေနေပါသည်။ ယေရှုက “ သမီးငါ့ရဲ့လူတွေက ငါ့ထံမှ ကျောခိုင်းထွက်ခွါသွားနေကြတာ ကြည့် စမ်းပါအုံး ထိုသူတို့အတွက် ငါလာတာ မဟုတ်ဘူး၊ သန့်ရှင်းသောသူ ငါ့ကိုစောင့်မျှော် နေသောသူ၊ သစ္စာရှိတဲ့သူတွေနှင့် အပြစ်ကိုရွံမုန်းသောသူများအတွက် ငါလာတာ ဖြစ် တယ်။ 

သန့်ရှင်းစင်ကြယ်သော အရင်လမ်းဟောင်းကို ပြန်လာဖို့ မင်းသွားပြီး သူတို့ကို ပြောပြရမယ်၊(ဧဖက် ၅း၂၆-၂၇) ” ဟု မိန့်တော်မူခဲ့ပါသည်။ ဘုရားနှင့်ဝေးရာလမ်းသို့ ထွက်ခွါသွားနေသော ကျွန်မဦးလေးများနှင့် အခြားသော လူများကိုလည်း ကျွန်မမြင် နေရ ပါသည်။ သူတို့အပြစ်များကို စွန့်လွှတ်ပြီး ဘုရားသခင်ထံသို့ ပြန်လာဖို့နှင့် ယေရှု ခရစ်တော်က သူတို့အားငြိမ်သက်ခြင်း ပေးရန်စောင့်မျှော်နေကြောင်း ပြောပြပါဟု ယေရှုဘုရားက ကျွန်မကို သတိပေးရင်းနဲ့ မျက်ရည်များ ကျနေပါ သည်။ ကျွန်မတို့က အနက်ဆုံးသောတွင်းကြီးထဲသို့ ကျရောက်နေသည့် လူအများရှိ သည့်နေရာ လှိုဏ်ခေါင်းကြီးဘက်ဆီသို့ ရောက်လာကြပါသည်။ 

သမုဒ္ဒရာ သဲလုံးမျှမက မရေမတွက်နိုင်လောက်အောင် များပြားလှသော လူတွေက ထိုအနက်ဆုံးသော တွင်း ကြီးထဲမှာ ကျရောက်နေကြရသည်။ သမုဒ္ဒရာ သဲလုံးတွေ သွန်ချ သကဲ့သို့ စက္ကန့်မခြား လောကီလူသားများက ငရဲထဲသို့ ရောက်ရှိလာနေကြသည်။ “ သမီး၊ ဒီအရာက လူသား တွေ ဘယ်လိုဖျက်ဆီးခြင်း ခံနေရတယ် သူတို့ရဲ့ ၀ိညာဉ်တွေ ဆုံးရှုံးဖျက် ဆီးခြင်း ခံရတဲ့ အကြောင်း တွေဖြစ်တယ်။ ဒီအဖြစ်အပျက်တွေကို မြင်တွေ့ရတာ ငါ့စိတ်ကို ထိခိုက် နာကျင်စေတယ် ” ဟု သခင် ယေရှု က မျက်ရည် တသွင်သွင် စီးကျကာ ပြောပြတော် မူခဲ့သည်။ သခင်ယေရှုက “ နတ်ဆိုးများကလည်း ဒီနေရာမှာ အစည်းအဝေး ပြုလုပ်နေ ကြ တယ် ” ဟုကျွန်မ ကိုပြောပြပါသည်။ နတ်ဆိုးများက အစည်းအဝေး ပြုလုပ်နေ ကြ တယ်၊ ဟုတ်လား ဆိုပြီး အံ့သြစွာဖြင့် ကျွန်မ မေးလိုက်မိပါသည်။ “ 

ဟုတ်တယ် သမီး လူ တွေကို ဘယ်လိုဖျက်ဆီးရမယ်ဆိုတာ နတ်ဆိုးများက တွေ့ဆုံဆွေးနွေးတိုင်ပင်နေ ကြ တယ် ” ဟုသခင်ယေရှုက ပြောပြပါသည်။ သခင်ယေရှုက သစ်သားနှင့် ပြုလုပ်ထား သော ထိုင်ခုံများ၊ စားပွဲများဝန်းရံထားသည့် နေရာဖြစ်သည့် အခြားနေရာသို့ ကျွန်မကို ခေါ်ဆောင်သွားပါသည်။ ထိုနေရာ၌ နတ်ဆိုးအမျိုးမျိုး ရှိကြသည်။ ယေရှုက “ သမီး အဲဒီ နတ်ဆိုးတွေဟာ ငါ့ရဲ့အစေခံဖြစ်တဲ့ အမှုတော်ဆောင် မိသားစုများ၊ သာသနာ့ ခေါင်းဆောင်ကြီးများ၊ ဧ၀ံဂေလိဆရာများ၊ ငါ့ကိုသိကြသော လူအားလုံးတို့ကို ဖျက်ဆီး ဖို့ရန် စီစဉ်နေကြတာဖြစ်တယ် အဲဒီနတ်ဆိုးတွေမှာ လူတွေကို ဖျက်ဆီးဖို့ရန် လက် နက် ပရိယာယ် များစွာရှိကြတယ် ” “ လူသားတွေကို ဒီကိုခေါ်လာပြီး ဖျက်ဆီးကြရအောင် ” ဆိုပြီး နတ်ဆိုးများက ရယ်မော လှောင်ပြောင် ပြောဆိုနေကြသည်။ 

“သခင်ယေရှုက ယုံကြည်သူများနဲ့အတူ အစဉ်အမြဲ ငါရှိနေတဲ့အကြောင်းကို သွားပြီးပြောပြပါ သမီး စာတန်မာရ်နတ် အတွက် အချိန်တွေ နေရာတွေ မပေးကြဖို့ ၀င်ပေါက်တွေကို ဖွင့်မပေးကြဖို့ ယုံကြည်သူတွေကို သတိပေးလိုက်ပါ။ ဘာကြောင့်လဲ ဆိုတော့ စာတန်မာရ်နတ်ဟာ ဟောက် သော ခြသေ့င်္ ကဲ့သို့ ယုံကြည်သူ ဘုရားသားသမီးများကို ၀ါးမျိုဖို့ရန် ချောင်းမြောင်းနေကြတယ် (၁ပေ ၅း) နှုတ်ကပါတ်တော်ကပြောတယ် ယုဒအမျိုး ခြသေ့င်္တည်းဟူသော ဒါဝိဒ်၏ အမြစ် သည် ထိုစာစောင်ကို၎င်း၊ တံဆိပ် ခုနစ်ချက် တို့ကို၎င်း၊ ဖွင့်ခြင်းငါအောင်မြင်လေပြီ ဟု ငါ့ကိုပြောဆို၏။
 (ဗျာဒိတ် ၅း၎-၅)” ယေရှုက “ နတ်ဆိုးတွေက အထူးသဖြင့် အမှုတော်ဆောင် မိသားစုများကို ဖျက် စီးချင်ကြတယ်။ ” ဟု ပြောပြရာ “ဘာကြောင်လဲ” ဟုကျွန်မကပြန်၍ မေးလိုက်ပါသည်။ ယေရှု သခင်က “ ထောင်သောင်းမက များ စွာသော လူတွေကို ကြည့်ရှု စောင့်ရှောက် ဖို့ရန် သိုးထိန်းနေရာမှာ အမှုတော်ဆောင်များကို ငါခန့်အပ်ထားတာဖြစ်တယ်၊ နတ်ဆိုး များက ယုံကြည်သူများကို ဘုရားသခင်နှင့် ဝေးကွာသွားစေပြီး လောကနောက်သို့ လှည့်ပြန် သွားအောင်နှင့်လူသားများအား အပယ်ငရဲထဲမှာဘဲ လမ်းဆုံးစေဖို့ရန် အလို ရှိကြတယ်။ အမှုတော်ဆောင်များကို သမ္မာ တရား အတိုင်း 
တိတိကျကျ ဟောပြော သွန်သင်ဖို့ရန် သတိပေးရမယ်-သမီး၊

 ငါ့ရဲ့ နှုတ်တော်ထွက် စကားကို ဘယ်တော့မှ မထိန် မ၀ှတ်ထားဘဲ အမှန်အတိုင်း ဟောပြောသွန်သင်ဖို့ရန် အမှုတော်ဆောင်များအား ပြော ပြလိုက်ပါ။ ” ဟု သခင်ယေရှုက ရှင်းလင်းစွာ ပြောဆို မှာကြားပါသည်။ ထို နေရာမှ ထွက်ခွါပြီး ကလေးသူငယ်များရှိ သည့်နေရာ ငရဲမီးအိုင်ကို ယေရှုက ကျွန်မအား လိုက် လံပြသပေးပါသည်။

၈နှစ် အရွယ် ကလေးငယ်တစ်ဦး ငရဲ၌ မြင်ခဲ.ခြင်း(၄)

“သခင် ငရဲထဲမှာ ကလေးတွေ ရောရောက်နေကြရတယ် ဟုတ် လား၊ ဘာကြောင့် သူတို့ရောက် နေ ကြရတာလဲ၊ ကျမ်းစာထဲမှာ
 ယေရှုကလည်း ထိုသူငယ်တို့ကို ရှိစေ လော့၊ ငါ့ထံသို့လာသည်ကို 
မဆီး တားကြနှင့် ကောင်းကင်နိုင်ငံတော် သည် ထိုသူငယ်တို့၏ နိုင်ငံဖြစ် သည် (မဿဲ ၁၉း၁၄) ဟု ကိုယ် တော် မိန့်တော်မူ ထားတယ် မဟုတ်လား ” ဟု မေမြန်းရာတွင် ယေရှုက.......
“ ဟုတ်တယ် သမီး ငါ့ထံသို့ လာတဲ့ကလေးသူငယ်များဟာ 
ဘယ်တော့မှ ငရဲထဲသို့ ရောက်မှာ မဟုတ် ဘူး။(ယောဟန် ၆း၃၇)” 
(၈) နှစ်အရွယ် ကလေးငယ်တစ်ဦး ငရဲမီးအိုင်ထဲမှာ ဝေဒနာခံစားနေရသည်ကို ကျွန်မမြင် တွေ့ရ ပါသည်။ 
သူက “ ဘုရားသခင် ကျွန်တော့်ကို ကယ်နှုတ်တော်မူပါ၊ 
ဤနေရာကို မရောက်ချင်ဘူး ” ဟူ၍ မြည်တမ်းငိုယို အော်ဟစ်နေပါသည်။ နတ်ဆိုးများ ကလည်း ကာတွန်းရုပ်ပုံသဏ္ဌာန် အမျိုးမျိုးနှင့် ထိုကလေးအနားမှာ ၀န်းရံလျက် ရှိနေ ကြသည်။ 

ထိုကာတွန်းရုပ်များက Drgon, BoyZ, Ben10, 
PoKemon, Deoral, အစရှိသည့် ရုပ်ပုံများ ဖြစ်ပါ သည်။
 “ ဒီကလေး ဘာကြောင့် ဒီကို ရောက်နေရတာလဲ ” ဟူ၍ ထပ်မံ မေးမြန်းသည့်အခါ ယေရှုဘုရားက ကြီးမားတဲ့ ပိတ် ကားကြီးပေါ်မှာ၊ ထိုကလေးငယ်ရဲ့ အသက်တာကို ပြသပေးပါ သည်။ တီဗွီ ရှေ့မှာ 
ထိုင်ပြီး တစ်ချိန်လုံး ကာတွန်းကားတွေ ကြည့်နေသည်ကို ကျွန်မမြင်တွေ့ နေရပါ သည်။ ယေရှုက “ သမီး ဒီရုပ်ရှင်ကာတွန်းကားတွေ၊ 
သရုပ်ဆောင် ဇတ်လမ်းတွဲတွေက ကလေးသူငယ်များကို ဖျက်ဆီးဖို့ရန် အတွက် စာတန်ရဲ့လက်နက် ကရိယာများ ဖြစ် နေပြီး နေ့တိုင်းဘဲ 
တီဗွီထဲမှာ တွေ့မြင်နေ ရတယ်။ ကြည့်ပါ ဒီကလေး ဘယ်လိုဖြစ် ပျက်လာခဲ့သလဲ ဆိုတာကို မင်းမြင်ရလိမ့်မယ် ” သူကမိဘ စကားကို နားမထောင်ဘဲ ပုန်ကန် ဆန့်ကျင်နေသည်ကို 
ကျွန်မတွေ့ မြင်ရပါသည်။ 

သူ့မိဘများက ဆုံးမသွန်သင် သည့်အခါ သူက အဝေးကို ထွက်ပြေးသွားပါသည်။ ပစ္စည်းများကိုလည်း ပစ်ပေါက်ပြီး 
သူ့မိဘများကို ကလန်ကဆန် လုပ်နေတာ တွေ့ရပါသည်။ ထိုနောက်မှာ ဤသူငယ်က ကားတိုက်ခံရပြီး သေဆုံးသွား ရခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် သူက အပယ်ငရဲထဲသို့ ရောက်နေရခြင်းပင်ဖြစ်သည့် အကြောင်းရင်းကို သခင်ယေရှုက ရှင်းလင်းစွာဖြင့် ပြော ဆို ပြသခဲ့ပါသည်။

 ငရဲထဲမှာ ထာဝရဒုက္ခဝေဒနာ ခံစားနေရသည့် ထိုလူငယ်ကလေး ကို ကျွန်မ ကြည့်ရှုနေစဉ်မှာ ယေရှုက “ သမီး မိဘများဆီမှာသူတို့ရဲ့ သားသမီးများကို သွန်သင် ဆုံးမဖို့ရန် ငါ့ရဲ့ နှုတ်တော်ထွက်စကားထဲမှာ ရေးထားသည့် အကြောင်းအရာများကို ပြောပြခိုင်းပါ။ ” (သုတ္တံ၂၂း၆) ဘုရားသခင်၏ နှုတ်ကပါတ်တော်က မှန်ပါသည်။ သူငယ် တို့ကို ဆုံးမသွန်ဖို့ရန် 
ကျွန်မတို့ကို လမ်းညွှန်ထားပါသည်။ ကလေးသူငယ်များက 
မိဘ စကား ကိုနားမထောင်သည့်အခါမှာ ကြိမ်လုံးနှင့်ဆုံးမ 
သွန်သင်ရမည် ဟူ၍ လည်း ဖော် ပြ ထားပါသည်။ (သုတ္တံ ၂၂း၁၅) 

 ယေရှုခရစ်တော်က ကလေး သူငယ်နဲ့ ပတ်သက်ပြီး ၀မ်းနည်း စရာ ကြေကွဲစရာ အကြောင်း တွေ ကို ကျွန်မအား ပြောပြ ပါ သည်။ 
“ သခင် ကာတွန်းရုပ်ရှင်ကား တွေ ဟာ ဘာကြောင့် အပြစ်တင်စရာ ဖြစ်ရတာလဲ ” ဟု မေး သည့်အခါ ယေရှုက “ ကာတွန်းရုပ်ရှင်ကား တွေ ကလည်း စာတန်မာရ်နတ်၏ လှည့်စားချက် တွေပါဘဲ၊ နားမထောင်ခြင်း၊ မုန်းတီးခြင်း၊ ပုန်ကန်ခြင်း၊ ခါးသီးခြင်းများ က ကာတွန်းရုပ်ရှင် ဇာတ်လမ်းထဲမှ ကလေးသူငယ် များထံသို့ ကူးဆက်လာ ပါတယ်၊ 
ဒါကြောင့် ကလေးသူငယ်များက သူတို့ကြည့်ခဲ့တဲ့ ဇာတ်လမ်းအတိုင်း ဆိုးသွမ်း သည့် အပြုအမူများကို လုပ်ဆောင်တတ်လာကြတယ်။

 ကောင်းတဲ့အရာကို အတုမယူ ကြဘူး၊ နတ်ဆိုးများက ကလေး
သူငယ်များ၏ စိတ်နှလုံးသားထဲကို ဤနည်းလမ်းဖြင့် ၀င် ရောက်လာကြတယ် ” ဟု ယေရှုက ရှင်းပြတော်မူခဲ့ ပါသည်။ 
ငရဲဆိုတာ တကယ် ရှိပါ သည်။ ငရဲဆိုတာ အမှန်တကယ်ပါ၊ ကလေးသူငယ်များကလည်း သူတို့ဘယ်ကို သွားရ မယ်ဆိုတာကို ဆုံးဖြတ်ရမည်။ ငရဲနှင့် ကေင်းကင်ဘုံ ရှိ သည်ကို ကလေးသူငယ် များက သိရှိနားလည်ပြီး သူတို့သွားရမည့် လမ်းကို ရွေးချယ်ရ မှာ ဖြစ်သည်။

အိန်ဂျယ်လီကာမြင်ခဲ.သော ကောင်းကင်နိုင်ငံတော် (၅)

 ကျွန်မ မြင်တွေ့ခဲ့ရသော ငရဲဘုံနှင့် ပတ်သက် သည့် အကြောင်းအရာများကို အများကြီးပြောပြပြီး ဖြစ် ပါသည်။ အခုကောင်းကင်ဘုံ အကြောင်းကို ဆက် ပြီး ပြောပြချင်ပါသည်။
 ယေရှုက “ သမီး ငါ့ရဲ့ သန့်ရှင်း သူများအတွက် ငါပြင်ဆင်ထားတဲ့
 နေရာကို အခုမင်း ကို ငါပြသမယ် ” ဟု ဆိုပြီး ကျွန်မတို့ ငရဲလှိုဏ်ခေါင်း ကြီးထဲကနေ ထွက်လာကာ ကောင်းကင်နိုင်ငံတော် သို့ တက်သွားကြပါသည်။ တခဏခြင်းတွင် ကောင်း ကင်နိုင်ငံတော်သို့ ရောက်ရှိသွားပါသည်။ ကောင်း ကင်နိုင်ငံတော်၏ တံခါးပေါက်ဝမှာရှိသော ရွှေရောင် နှင့် ရေးသားထားသည့်စာကို တွေ့ရပါသည်။ 

ထိုစာ က “ ကောင်းကင်နိုင်ငံတော်မှ ကြိုဆိုပါ၏ ” ဖြစ်ပါသည်။
 ယေရှုက“ အထဲ ကိုဝင်ပါ သမီး ငါသည်တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်း လွှတ်လျက် ထွက်ဝင်၍ ကျက်စားရာကို တွေ့ရ လိမ့် မည်၊ (ယောဟန် ၁၀း၉) ” ဤစကားကို ယေရှုပြောသည်နှင့်၊ တံခါးမကြီးက ပွင့်လာပြီး ကျွန်မတို့ အထဲကို ၀င်သွားကြပါသည်။ ကောင်းကင်တမန်များက ထာဝရဘုရားသခင်ကို ကိုးကွယ်နေ ကြ သည်ကို ကျွန်မမြင်ခဲ့ရပါသည်။ (ဗျာဒိတ် ၇း၁၁-၁၂) ကျွန်မတို့ ဆက်လက်လျှောက် လှမ်းလာသည့်အခါ အစကိုမြင်ရပြီး အဆုံးမရှိသည့် စားပွဲရှည်ကြီး တစ်လုံးရှိရာသို့ ရောက်ရှိ သွားပါသည်။ ထောင်သောင်းမက များပြားလှသော ကုလားထိုင်များက ကြီး မားသည့် ပလ္လင်တစ်လုံးနှင့် ပလ္လင်ငယ်တစ်လုံးကို ၀န်းရံထားသည်ကိုလည်း
 တွေ့မြင်ရ ပါသည်။ ကုလားထိုင်များ အကြားမှာလည်း ၀တ်လုံနှင့် သရဖူများထားရှိသည်ကို မြင် ရပါသည်။ သခင်က “ သမီး မင်းမြင်နေရတဲ့ သရဖူ များက အသက် သရဖူဖြစ်တယ် ” ဟု ကျွန်မကို ပြောပြပါသည်။ 

(ဗျာဒိတ် ၂း၁၀) ယေရှုက “ သမီး ကြည့်ပါ ဒီအရာတွေက ငါ့ရဲ့လူတွေအတွက် ငါပြင်ဆင်ထားတာဖြစ်တယ် ” ဟူ၍ လည်း ပြောဆိုခဲ့ပါသည်။ စားပွဲပေါ်မှာ ရွှေ ရောင်နှင့်အနားစကွတ်ထားသည့် ပိတ်စအဖြူ ကို ခင်းကျင်းထား လျက်ရှိသည်။ ထိုစားပွဲပေါ်မှာ ရွှေရောင် ရေတံခေါင်း၊ သစ်သီးဝလံ အမျိုးမျိုးတို့ နှင့် လှပစုံလင်စွာ တည်ခင်း ထားပါသည်။ အရမ်း ကို လှပနေပါသည်။ ယေရှုက “ သမီး ဒီကို ရောက်လာမယ့် ငါ့ရဲ့ သန့်ရှင်းသူတွေ အ တွက် အရာအားလုံးက အဆင်သင့်ဖြစ်နေပြီ၊ ” ဟု လည်း ပြောပြပါသည်။ 

 ထို့နောက် ကျွန်မတို့ အခြားတစ်နေရာဆီသို့ ဆက်လက် လျှောက်လှမ်းသွား ကြပါသည်။ လူပေါင်းမြောက်များစွာ ရှိနေသည့် ပန်းခြံကြီးတစ်ခုကို ကျွန်မတွေ့မြင်နေ ရပါသည်။ ထိုသူများသည် ဘုရားသခင် အသုံးခံခဲ့သည့် ကျမ်းစာထဲက လူတွေဖြစ်ပြီး သူတို့က နုပျိုလန်းဆန်း နေကြပါသည်။ သူတို့အထဲမှ လူငယ် တစ်ဦးက ပ၀ါစကိုကိုင်ပြီး ၀မ်းမြောက်စွာ ကခုန်လျက် ဘုရားသခင်ကို ချီးမွမ်းနေပါသည်။ “ သမီး အဲဒီလူငယ် လေးက ငါ့ရဲ့ အစေခံ ဒါဝိတ်ဖြစ်တယ် ” လို့ ယေရှုက ပြောပြပါသည်။ နောက်ပြီး တခြား လူငယ် များကိုလည်း နာမည်ခေါ်ပြီး သူက ယောရှု၊ သူကမောရှေ ဖြစ်တယ်ဟု ကျွန်မ ကို မိတ်ဆက်ပေးပါသည်။ ယေရှုက “ သမီး မင်းမြင်နေရတဲ့ အမျိုးသမီးငယ်တို့က ငါ့ရဲ့ အစေခံ မာရိ (မာဂဒလ) နှင့် စာရာတို့ဖြစ်တယ်။

“ ထို့နောက် သခင်ယေရှုက “ သမီး သူကမာရိဖြစ်တယ်၊ ခရစ် တော်ဆိုတဲ့ ငါ့ကို မွေးဖွား ပေးခဲ့တဲ့ မာရိဖြစ်တယ်၊ သူ့မှာ လောကဘွဲ့၊ အသိပညာ၊ အတတ်ပညာ မရှိပေမဲ့ ငါ့ကို ချီးမြောက်ခဲ့တဲ့သူ ဖြစ်တယ်။ (သမီး မာရိဟာ မြေကြီးပေါ်မှာ လက်ရှိဖြစ်ပျက်နေတဲ့ အရာတွေကို သူဘာမှ မသိဘူးဆိုတာ သင့်ကို ပြောပြမယ်)သမီး မင်းသွားပြီး လူသားတွေကို ငရဲဆိုတာ တကယ်ရှိတယ်၊ လူသား တွေ ကို အပြစ်မှ နောင်တရပြီး ငါ့ရဲ့ ကောင်းကင်နိုင်ငံတော်သို့ ရောက်လာဖို့ရန် ပြောပြပါ။ 
အခြားသော သူတော်စင်များဖြစ်တဲ့ မာရိ၊ St.Gregory (ဂရက်ဂိုရီ) 
မှအစ ရဟန်းများက လူသားတွေကို ကယ်တင်ခြင်း လုံးဝမပေးနိုင်ဘူး ငါမှတစ်ပါး ကယ်တင်နိုင်သော ဘုရာ မရှိ 
အခြားမရှိ…. အခြားမရှိ….အခြားမရှိ…..” ဆိုပြီး
 ယေရှုဘုရားက သုံးကြိမ် တိုင်တိုင် ပြောဆိုခဲ့ပါ သည်။ အချို့လူတွေက သူတော်စင်များကို ကိုးကွယ်ယုံကြည်နေကြပါသည်။ 

လူ့လက် ဖြင့် ထုလုပ်ထားသော သူတော်စင်၏ ပုံတူရုပ်တုကို ကိုးကွယ်ကြသည်။ ထိုသို့ကိုးကွယ် နေကြသည်မှာ နတ်ဆိုးများကို 
ကိုးကွယ် နေကြခြင်းပင်ဖြစ် ပါ သည်။ ဘုရား သခင်က လူသားတွေကို အကောင်းဆုံးသောနေရာ၊ အသာယာဆုံး သော နေရာသို့ ရောက်စေ လိုကြောင်း သင့်ကို ပြောပြချင်ပါသည်။ သင့်ကို ကောင်းကင်နိုင်ငံတော်သို့ ရောက်စေ ချင်ပါသည်။ နောင်တရပြီး သင်ကိုးကွယ်နေသည့် ရုပ်တုဆင်းတုကို စွန့်လွတ်စေချင်ပါ သည်။ ရုပ်တုဆင်းတုကို ကိုးကွယ်ခြင်းက သင့်ကိုအပြစ်ငရဲထဲမှ ကယ်တင်နိုင်မည် မဟုတ်ပါ။

 နာဇရက်မြို့သား ယေရှုခရစ်တော်ဘုရား ကသာလျှင် သင့်ကိုကယ်တင်နိုင် မှာ ဖြစ်ပါသည်။သင်နှင့် လူသားများ အားလုံးအတွက် သူ၏အသက်ကို ပေးဆပ်ခဲ့ရ ခြင်း၏ဖြစ် ပါသည်။ ဤစကားသည် လောက လူသားများအတွက် ဖန်ဆင်းရှင်ထာဝရ ဘုရားသခင်၏ ကြီးမားသော ကယ်တင်ခြင်းသတင်း ကောင်းတစ်ခုပင် ဖြစ်ပါသည်။ ယေရှုက မျက်ရည် ကျကာ “သမီး ကျေးဇူးပြုပြီး ဤ အကြောင်းအရာများကို လျှို့ဝှက် မထားပါနှင့် ငါမင်းကို ဖော်ပြခဲ့သည့် အရာများကို လူသားများအား အမှန်တရားအတိုင်း ပြန်ပြောပြပေးပါ ”ဟု ဆိုပြီး ကျွန်မကို အသေအချာမှာကြား တော်မူခဲ့ပါသည်။ ထာဝရဘုရားသခင်ကို ကိုးကွယ်နေသည့် မာရိနှင့် အလွန်လှပသည့် ဆံပင်ရှည် သော 
အမျိုးသမီး များကိုလည်း ကျွန်မတွေ့ မြင်ခဲ့ရပါသည်။ 

“သခင်၊ သူတို့ဆံပင်မှာ ဆင်မြန်းထားတဲ့အရာများက အရမ်းကို လှပနေတာဘဲနော် ” ဟူ၍ကျွန်မ မေးလိုက်မိ သည်။ “ သမီး မင်းတွေ့ရတဲ့အရာက ငါပေးထားသည့် အမျိုးသမီးများ၏ ဘုန်းကျက်သ ရေ ဖြစ်တယ်၊ ငါပေးထားတဲ့ ဘုန်းကျက် သရေကို ထိန်းသိမ်းစောင့် ရှောက်ဖို့ လောက မှာရှိသည့် အမျိုးသမီးများကို မင်းပြောပြရမယ်” ဟု ယေရှုက ကျွန်မကို ထပ်ပြီး မိန့် တော်မူခဲ့ပါသည်။ ယေရှုက “ အင်မတန်မှ အရေးကြီးတဲ့ အရာတစ်ခုကို ငါ ဖော်ပြမယ် ” ဟု ပြော ဆိုပြီး ရွှေရောင် လင်းလက်တောက်ပနေသည့် ရွှေမြို့တော်ကို ကျွန်မအားပြသခဲ့ပါ သည်။

 “သခင် အဲဒါဘာလဲ ကျွန်မ သွားကြည့်ချင်တယ် ” ဟု တောင်းလျှောက်ခဲ့ရာ ယေရှုက “သမီး ငါ့ရဲ့ လူတွေနေဖို့ ငါပြင်ဆင်ထားတဲ့ ရွှေနိုင်ငံတော် ဖြစ်တယ် ” ဟု ပြောပါသည်။ ထိုရွှေနိုင်ငံတော်သို့ လျှောက်လှမ်းလာသည့်အခါ ရွှေစင်အတိနှင့် ပြုလုပ် ထားသည့် တံတားပေါ်ကို လျှောက်လှမ်းလာပြီး ရွှေစင်အတိနှင့်ခင်းထားသည့် လမ်းမ ကြီးပေါ်သို့ရောက်သွားကြပါသည်။ (ဗျာဒိတ်၂၁း၂၁) ။မြင်နေရသည့် အရာအားလုံးက အလွန် သာယာလှပပြီး လင်းလက်တောက်ပနေပါသည်။ သဘာဝအရာများထက် လွန် ကဲပြီး ရှင်းမပြနိုင်လောက်အောင် အလွန်ထူးခြား ဆန်းကျယ်သာယာလှပ နေပါသည်။ ထောင်သောင်းမက များပြားလှသည့် ကောင်းကင် 
တမန်များက ဆောက်လုပ်နေကြ သည့် ကောင်းကင်ရွှေ 
အိမ်တော်ကြီးကို လည်း မြင်ခဲ့ရပါသည်။ 

တစ်ချို့သော ကောင်း ကင်တမန်များက လျင်မြန်စွာဆောက်လုပ်နေကြပြီး၊ အချို့ကျတော့ နှေးကွေးစွာ ဆောက်လုပ်နေကြပါသည်။ နောက်တစ်ချို့ ကျပြန်တော့ ဘာမှ မလုပ်ဘဲနေကြသည် ကို တွေ့ရပါသည်။ “ ကိုယ်တော် ဘာကြောင့် ကောင်းကင်တမန် အချို့က လျင်မြန်စွာ ဆောက်လုပ်နေပြီး တစ်ချို့က နှေးကွေးစွာ ဆောက်လုပ်နေကြသည့် အချိန်မှာ နောက် တစ်ချို့က ဘာမှမလုပ်ဘဲ ရပ်နေကြတာလဲ ” ဟု မေးကြည့်မိပါသည်။ 

“သမီး အဲဒီ အရာ က မြေကြီးပေါ်မှာ ရှိတဲ့ ငါ့ရဲ့လူတွေက အမှုတော်မြတ်ကို လုပ်ဆောင်နေကြသည့် ပုံစံမျိုးကို ကောင်းကင်တမန်များက လုပ်ဆောင်ဖော် ပြနေကြတာဖြစ်တယ်။ ငါ့ရဲ့လူ တွေက ကယ်တင်ခြင်း သတင်းကောင်း ဝေငှဟောပြောခြင်း မရှိကြတော့ဘူး၊ အစာ ရှောင်ဆုတောင်းခြင်း မလုပ်ကြတော့ဘူး၊ ငါ့ရဲ့အကြောင်း ငါ့ရဲ့ကယ်တင်ခြင်းတရား၊ သမ္မာတရား နှင့်စပ်ဆိုင်သည့် ဝေစာများ ဖြန့်ဖြူးဝေငှ ပေးကမ်းခြင်းလည်း မရှိကြတော့ ဘူး အခုငါ့ရဲ့လူတွေက ငါ့အတွက်ရှက်ကြောက် နေကြတယ်။ ငါ့ကိုစွန့်လွတ်ပြီး ဘာမှ မလုပ်ဘဲ ငါနဲ့ ဝေးရာသို့ထွက်ခွါ သွားနေကြ 
တာကို ကောင်းကင်တမန်များက ပုံဆောင် ဖော်ပြ နေကြတာဖြစ်တယ်။ 

ငါ့ရဲ့ လူတွေဟာ အလိုတော်နှင့်ညီသော အရင်လမ်း ဟောင်းကို
 ပြန်လာကြ ဖို့ ပြောပြပါ။ ” (ယေရမိ ၆း၁၆) ဟု သခင်ယေရှုက မျက်ရည်ကျ လျက် ကျွန်မကို မှာကြားတော်မူပါသည်။ လူအများ၏ သီချင်းဆိုသံကို ကျွန်မ ကြားရသည်နှင့် “ သခင် သီချင်းဆိုနေတဲ့ လူတွေဆီကို ကျွန်မ သွားရောက်ကြည့်ချင်တယ် ပို့ပေးပါ ” ဟု ကျွန်မတောင်းဆိုမိပါ သည်။ သခင်ယေရှု၏ မျက်နှာအမူအရာက တစ်စုံတစ်ခုကို ခံစားနေရပုံ
 ပေါ်လွင်နေ ပါ သည်။ သခင့် မျက်ရည်စက်များက သခင်၏
ဝတ်ရုံပေါ်သို့ စီးကျလာသည်ကို ကျွန်မ တွေ့မြင်လိုက်ရပါသည်။ “ ကိုယ်တော် ဘာ့ကြောင့် မျက်ရည်ကျ နေတာလဲ ” ဟု မေး လိုက်မိသည်။ သို့သော်သခင်ယေရှုက ပြန်လည်ပြောဆိုခြင်း မရှိပါ။ 

ထို့နောက်အလွန်လှပသည့် ပန်းခြံကြီးဆီသို့ ကျွန်မတို့ ရောက်လာကြပါ သည်။ ပန်းပွင့်များက ယိမ်းယိုင်လှုပ်ရှားနေကြပြီး သီချင်းဆိုသံများကိုလည်း ကျွန်မ ကြားရပါသည်။ ယေရှုက လက်ညိုးညွှန်ပြပြီး “ ကြည့်ပါသမီး ဟိုပန်းတွေက ငါ့ကို ချီးမွမ်း နေ ကြတယ်၊ လောကမှာရှိတဲ့ ငါ့ရဲ့လူတွေက သူတို့ချီးမွမ်းသလို ငါ့ကိုမချီးမွမ်း မကိုး ကွယ်ကြတော့ဘူး ငါ့မျက်နှာကို အရင်လို မရှာကြတော့ဘူး၊ ထို့ကြောင့် ငါ့လူတွေက ငါ့ မျက်နှာကို ရှာဖို့ သမီး ပြောပြလိုက်ပါ။ ငါ့ရဲ့သန့်ရှင်းသူများ၊ ငါ့ကို အဆင်သင့်ပြင် ဆင်ပြီး စောင့်မျှော် နေကြတဲ့သူများ၊ သန့်ရှင်းသောဝိညာဉ်တော်နဲ့အတူ မှန်ကန်စွာ ဖြင့် ငါ့ကိုရှာကြသောသူများအတွက် ငါသွား ရမှာဖြစ် တယ်၊ 
ငါ လာနေ ပြီ……… ငါ လာနေပြီ ” ဟု ပြောဆိုပြီး သခင်ယေရှု ငိုကြွေးနေသည်။ ယေရှုခရစ်တော် ဒုတိယ အကြိမ်ကြွလာခြင်းက သူ့ကိုစိတ်နှလုံး အကြွင်းမဲ့နှင့် ရှာသောသူများအတွက်၊ နာမ် ၀ိညာဉ်နှင့်၎င်း သစ္စာတရားနှင့်၎င်း သူ့ကိုကိုးကွယ် ယုံကြည်သော သူများအတွက် ပြန် လာမည်ဖြစ် ကြောင်းကို နားလည်သဘောပေါက်ခဲ့ပါသည်။ 

ထို့နောက် သခင်ယေရှုက ကျွန်မကို လောကကမ္ဘာမြေဆီသို့ ပြန်သွားရန် ပြောကြားပါ သည်။ ကျွန်မက “ သခင်၊ လောကဆိုဒါဘာလဲ၊ ကျွန်မ မသွားချင်ဘူး ကိုယ် တော်နှင့်ဘဲ အတူနေချင်ပါတယ်။ ကိုယ်တော်ထံမှတစ်ပါး အခြားသောနေရာကို မသွား ချင်ဘူး ” ဟုပြန်ဖြေလိုက် ပါသည်။ ယေရှုက “ သမီး ငါ့ရဲ့ဘုန်းတော်က အမှန်တစ်ကယ် ဖြစ်တယ်၊ ငါမင်းကို ပြသသည့် အရာများ၊ မင်းမြင်တွေ့ရသည့် အရာများ အမှန်တစ် ကယ် ဖြစ်တယ်
ဆိုတာကို သက်သေခံဖို့ရန် လောကကို မင်းပြန်သွားရမယ် သို့မှသာ 
လူသားများက အပြစ်မှ နောင်တရပြီး ပျက်စီးခြင်းမခံရဘဲ ငါ့ထံသို့ ရောက်လာကြမှာ ဖြစ် တယ် ” ထိုသို့ သခင်ယေရှု သွန်သင်ပြောဆို
 နေစဉ်မှာ ကျွန်မမျက်ရည်ကျလျက် သခင့် ရဲ့ခြေတော်ရင်းမှာ ဦးချလိုက်သောအခါ သခင်၏ခြေဖ၀ါးတော်ပေါ်မှာ 
အမာရွတ်များ ကိုတွေ့ရပါသည်။ 

“ သခင် ဒီအမာရွတ်တွေက ဘာဖြစ်တာလဲ ” ဟု ကျွန်မမေးလိုက်သည့် အခါ ယေရှုက “ သမီးမနေ့ကငါ့လူတွေအတွက် ငါ့အသက်ကို ပေးဆပ်ခဲ့ရလို့ ဖြစ် ပေါ်လာရတဲ့ အမာ ရွတ်တွေဖြစ်တယ်”ဟု ပြောပြသည်။ ယေရှုက သူ၏လက်ဖ၀ါးမှာရှိသည့် အမာရွတ် ကိုလည်းပြသပါသည်။“ သခင် ဘာကြောင့် အဲဒီ အမာရွတ်တွေ ရှိနေ သေး တာလဲ၊ ဘာကြောင့် မဖျောက်ဖျက် သေးတာလဲ ” ဟု ကျွန်မမေးမြန်းခဲ့ရာ ယေရှုက 
“ သမီး ငါ့ရဲ့ သန့်ရှင်းသူတွေ အားလုံး ဒီနေရာမှာ စုဝေး ရောက်ရှိလာ ကြပြီးတဲ့ အချိန်ကျမှ ဒီအမာရွတ်တွေက ပျောက်ကွယ်သွားမှာ ဖြစ်တယ်၊ သမီး မင်းရဲ့မိသားစု များနှင့်လူမျိုးမျာက မင်းကိုစောင့်မျှော်နေကြတယ်၊ မင်းကို လောက ကမ္ဘာ မြေကြီးဆီသို့ ငါပြန်ပို့ရတော့ မယ် ” ဟုမိန့်တော်မူခဲ့ပါသည်။ ကျွန်မက ငြင်းဆိုနေသော်လည်း ယေရှုက ဤလောက ကမ္ဘာမြေကြီးပေါ်သို့ ညွန်ပြပြီး “ ကြည့်ပါ သမီးမင်းမြင် ရတဲ့လူတွေက သမီးရဲ့ ဆွေမျိုးများဖြစ် ကြတယ်၊ မင်း တွေ့ရတဲ့ ခန္ဓာကိုယ်က မင်းပြန်သွား ရမဲ့နေရာဖြစ်တယ်၊ မင်းပြန်သွားဖို့ 
အချိန် ရောက် ပြီ ” ဟု မိန့်တော်မူခဲ့ပါသည်။ 

ဤသို့ဖြင့် အလွန်တင့်တယ် လှပသော ကျောက်သလင်း ပြင်ရှိသည့် မြစ်ချောင်းဘက်ကို ကျွန်မအား ခေါ်ဆောင်သွားပြီး “ သမီး ဒီမြစ်ရေထဲကို ဆင်းပြီးရေထဲသို့ ဆင်းနစ်လိုက်ပါ ” ဟု ဆိုကာ ကျွန်မလည်း ထိုရေထဲသို့ ဆင်းနစ် လိုက်ပြီး ပြန်ထွက်လာသည့်အခါ မဖော်ပြနိုင်လောက်အောင် ၀မ်းမြောက်ခြင်းကို ခံစား ရပါသည်။ ကျွန်မအိမ်ကို ပြန်မသွားရတော့ဘူးလို့ ထင်မိခဲ့သော်လည်း သခင်က “သမီး၊ လောက ကမ္ဘာမြေသို့ မင်းသွားရတော့ မယ်၊ ငါ့ရဲ့ သန့်ရှင်းသူများ အတွက် လောက ကမ္ဘာမြေပေါ်သို့ ငါဘယ်လို ကြွဆင်း လာမယ်ဆိုတာ မင်းကို ငါပြသမယ်၊ ချီဆောင်ခြင်း
 နေ့ရက်မှာ ဘယ်လို ဖြစ်ပျက်လာမယ်ဆိုတာ 
မင်းကို ငါပြသရမယ်။ ” ဟု ပြောကြားပါ သည်။

ချီဆောင်ခြင်းနှင့် ဘေးဒဏ်ကြီးကာလအကြောင်း (၆)

 ကြီးမားသည့် ပိတ်ကားကြီး တစ်ခုရှိသည့်နေရာကို ကျွန်မတို့ ရောက်ရှိလာခဲ့ သည်။ ချီဆောင်ခြင်းကာလတွင် တစ်ကမ္ဘာလုံးရှိ လူသားတွေ ဘယ်လိုဖြစ် ပျက်နေ သည်ကို ထိုပိတ်ကားကြီးပေါ်မှ မြင်တွေ့နေရပါသည်။ ထောင်သောင်းမက များစွာ သော လောကီလူသားများ ချက်ချင်းပျောက်ကွယ်သွားသည်ကို မြင်တွေ့ရပါသည်။

 ကိုယ်ဝန်ဆောင်မိခင်များဟာ သူတို့ရဲ့ ကိုယ်ဝန်များ ရုတ်တရက် ပျောက်သွားလို့ အရူး ကဲ့သို့ အော်ဟစ်ငိုယိုနေကြပါသည်။ ကမ္ဘာ တစ်ဝှမ်းလုံးမှာ ရှိသည့် ကလေးသူငယ်များလည်း ပျောက်ကွယ်
 သွားကြပါ သည်။ လူ ပေါင်းမြောက်များစွာက “ ဒါက မဖြစ် နိုင်ဘူး၊ဒါမဖြစ်နိုင်ဘူး၊ ဘာ တွေ ဖြစ်ပျက်နေကြတာလဲ ” ဟု
 အော်ဟစ် နေကြပြီး အရပ်ရပ် သို့ အပြေးအလွှား လှုပ်ရှားနေကြရသည်။ သခင်ယေရှုကို သိရှိခဲ့သည့် လူတွေကလည်း ဤလောက၌ ကျန်ရစ်နေကြ သည်ကို ကျွန်မ တွေ့မြင်လိုက်ရပါသည်။ (မဿဲ ၂၄း၄၀-၄၁) 

ယေရှုခရစ်တော် ဒုတိယ အကြိမ်ကြွလာနေပြီ၊ ချီဆောင်ခြင်း ကာလ ရောက်နေပြီလို့ သူတို့က ပြောဆိုနေကြသည်။ သူတို့က ငိုယိုအော်ဟစ်ပြီး ကိုယ့် ကိုကိုယ် သတ်သေချင်နေကြပါသည်။ သို့သော်မဖြစ် မြောက်နိုင်ပါ။ သခင်က “သမီး ထိုနေ့ရက် ရောက်ရင် သေလွန်သောသူတွေ ပြန်ထလာကြလိမ့်မယ်၊ အဲဒီ ကာလမှာ သန့်ရှင်းသော ၀ိညာဉ်တော်က လောကမှာ ရှိတော့မှာ မဟုတ်ဘူး ” ဟု ပြောဆိုပါ သည်။ (ဗျာဒိတ် ၉း၆)။

 ယာဉ်တိုက်မှုတွေ၊ မတော်တဆထိခိုက်မှုတွေ မြင်တွေ့ ရသော်လည်း ထိခိုက်မိလို့ သေသောသူ တစ်ယောက်မျှမရှိဘဲ ဒဏ်ရာတွေနှင့် အားလုံး က အသက်ရှင်နေကြသည်ကို တွေ့မြင်ရပါသည်။ ထိုနေ့ရက်၌ သေခြင်းတရားကို လူသားများ တောင်းဆိုသော်လည်း သေခြင်းတရားကို မရရှိနိုင် ကြတော့ပါ။ ထောင်သောင်းမက များစွာသောလူသားများက ပြေးလွှားလှုပ်ရှားနေ ကြ သည်။ သခင်က “သမီးကြည့်ပါ ဒါကဖြစ် ပျက်လာမည့် အခြေအနေတွေဖြစ်တယ် ” လူတွေက တစ်နေရာမှ တစ်နေရာသို့ ပြေးလွှား နေကြကာ “ ခရစ်တော်ကြွလာခဲ့ပြီ၊ ခရစ်တော်ကြွ လာခဲ့ပြီ ” လို့ဘဲ အော်ဟစ်နေကြသည်။

 “ သခင် ကျွန်ုပ်ကို ခွင့်လွှတ် တော်မူပါ၊ ခွင့်လွှတ်တော်မူပါ၊ ကိုယ်တော်ရှိရာသို့ ကျွန်ုပ်အားခေါ်ဆောင်တော်မူပါ ” လို့ သူတို့က အသနားခံ တောင်းဆိုနေကြသည်။ သို့သော် ခရစ်တော်က ၀မ်းနည်းကြေကွဲစွာနှင့် “ အချိန်နှောင်းနေပြီ ” လို့ဘဲ ပြောမှာဖြစ်သည်။ “ ထို့ကြောင့် ယခုအချိန်ဟာ အပြစ်မှနောင်တရဖို့ရန် အတွက် အရေးကြီး ဆုံးသော အချိန်ကာလဖြစ်ပါသည်။ နောက်တစ်ကြိမ် အခွင့်အရေး ရရှိနိုင် မည့် အချိန်မရှိတော့ဘူး၊ လောကီသားများကို အချိန်ရှိတုန်း ငါ့ကိုရှာရန်၊ ငါ့ထံသို့ လာဖို့ ရန် ပြောပြပေးပါသမီး (ဟေရှာယ ၅၅း၆) 

အချိန်နောက်ကျပြီ ” ဟူ၍ ဤကမ္ဘာ လောက ကြီး၌ ကျန်ရစ်ခဲ့မည့် လောကီလူသားတွေကို ကြည့်ရှုကာ သခင်ယေရှု မျက် ရည်စီး ကျလျက် “ သမီး (၁သက် ၄း၁၆-၁၇) ကျမ်းစာမှာ ငါပြောထားတဲ့အတိုင်း ဤ ကမ္ဘာ လောကမြေဆီသို့ ငါကြွလာမှာ ဖြစ်တယ် ” သခင်ဘုရား သည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန် မင်းများ အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့် တကွ၊ ကောင်း ကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍ ခရစ်တော်၌သေလွန်သော သူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်း သော ငါတို့သည် အာကာသ ကောင်းကင်၌ သခင်ဘုရား ထံတော်သို့ ရောက်စေခြင်းငှါ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ 
ချီဆောင်ခြင်းကို ခံရ သောအားဖြင့် သခင်ဘုရားနှင့်အတူ 
အစဉ်မပြတ်နေ ရကြလိမ့်မည်။ 

(၁သက်၎း၁၆-၁၇) သို့သော် လူသားတိုင်းက ဘုရားထံသို့ရောက်
ရလိမ့်မည် မဟုတ်ပါ။ ကိုယ်တော်၏ အလိုတော်အတိုင်း (မဿဲ ၇း၂၁) လုပ်ဆောင်နေသော သူများ နှင့် သန့်ရှင်း သော အသက်တာနှင့် အသက်ရှင်နေသောသူများ သာလျှင် ကောင်းကင်နိုင်ငံတော်သို့ ၀င် ရောက်ရ မှာဖြစ်ပါသည်။ (ဟေဗြဲ ၁၂း၁၄ ) ဟု ယေရှု ခရစ်တော်က ပြောကြား တော်မူခဲ့ပါသည်။ ထို အချိန်နာရီကိုကား အဘယ်သူမျှ မသိ၊ ကောင်း ကင်တမန်များလည်း မသိ ငါ့ခမည်းတော် တစ် ပါးတည်း သာလျှင်သိတော်မူ၏(မဿဲ ၂၄း၃၆) လူတွေက ပြေးလွှား လှုပ်ရှားနေသည်ကို ထိုပိတ်ကားကြီးပေါ်မှာ မြင်တွေ့နေရ သည်။ 

မဂ္ဂဇင်း၊ တီဗွီ၊ သတင်းစာများမှာ “ ခရစ် တော် ဘုရားကြွလာပြီ ” ဟူ၍ ပြောဆို ရေးသားထားသည်ကိုလည်း တွေ့ရပါသည်။ “ ငါ၏ သန့်ရှင်းသော သူတွေအတွက် ငါ သွားရလိမ့်မယ် ” ဟု သခင်ယေရှုက ပြောဆိုသည်နှင့် မြင်ကွင်းပိတ် ကားကြီးက ပိတ် သွားပါသည်။ ဤအရာများအားလုံး သခင်ခရစ်တော်က ကျွန်မကို ပြသခဲ့သည့် အရာ များ ဖြစ်ပါသည်။ ထို့နောက် ကိုယ်တော်က ကျွန်မအား ဒီလောက ကမ္ဘာမြေကြီးပေါ်သို့ ပြန်လည်ပို့ဆောင် ပေးခဲ့ပါသည်။ ကောင်းကင်တမန်များ ၀န်းရံလျက်နေသော လှပသည့်ကောင်းကင်လှေ ကားထစ်မှ
 အောက်သို့ ကျွန်မတို့ ဆင်းသက် ခဲ့ကြပါသည်။ 

“ သခင် ကျွန်မကို ဒီနေရာ ကနေ နှင်ထုတ်တော်မမူပါနှင့်၊ ကိုယ်တော်နှင့်အတူ နေပါရစေ ” ဟု သခင်ယေရှုကို ငိုယို ပြီး တောင်းပန်ပြောဆိုလိုက်ပါသည်။ “ သမီး မင်းရဲ့ မိသားစုနှင့် လူမျိုးတကာတို့ က မင်းကိုစောင့်မျှော်နေကြပါတယ်၊ မင်းရဲ့ခန္ဓာကိုယ်ထဲကို မင်းပြန်ဝင်ပြီး လူသားဘ၀ ကို မင်းပြန်လည်ခံယူရမယ်၊ သို့မှသာ မင်းမြင်ခဲ့ရသမျှသော အကြောင်းအရာများကို ပြန်ပြီး သက်သေခံ ပြောပြနိုင်မှာ ဖြစ်ပါတယ်၊ လူတွေက မင်းရဲ့ သက်သေခံတဲ့ စကား ကို ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ငါကတော့ မင်းရဲ့သစ္စာရှိသော သက်သေဖြစ် တယ်၊
 ငါ မင်းနှင့်အတူ ရှိနေမယ်၊ ဘယ်တော့မှ 
ငါ မင်းကို စွန့်ခွါသွားမှာ မဟုတ်ဘူး ”

ကမ္ဘာမြေကြီးဆီသို့ ပြန်လည်ရောက်ရှိလာခြင်း(၇)

မက်ဇီမာ ကျွန်မသမီးသေဆုံးတာ (၂၃)နာရီ ရှိသွားပါပြီ၊
သူပြန်လည် အသက်ရှင်လာ တာ မမြင်ရသေးဘူး၊ ထို့ကြောင့် ဘုရား သခင်ထံ၌ ဆုတောင်းပါသည်။ “ သခင် ကျွန်မ (၂၄) နာရီအထိ စောင့်မယ်၊ အဲဒီအချိန် ထက်ကျော်လွန်လာရင် ဆရာဝန်ကို သွား ခေါ် မှာဖြစ်ပါတယ် ” ဟု ဆုတောင်းအပြီး မရှေးမနှောင်းမှာပင် သမီးခြေလက်များ တဖြည်း ဖြည်း ဆန့်လာပြီး “ အင်း” လို့ အသံ ထွက်လာပါသည်။ သူဘာမှ ပြောဆို နိုင်ခြင်းမရှိပါ၊ ကျွန်မသမီး ပြန်ပြီး အသက်ရှင်လာသည်ကို ကျွန်မတို့တွေ့မြင်ရလိုက်သည်။ “သခင် ကျွန်မ သမီး ပြန်လည် အသက်ရှင်စေတဲ့အတွက် ကိုယ်တော်ကို ကျေးဇူးတင်ပါတယ် ” လို့ ကျွန်မက ဘုရားရှင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းလိုက်ပါသည်။ 

သမီး အိန်ဂျယ်လီကာ သေဆုံးပြီး အချိန်(၂၄) နာရီ မတိုင်ခင်မှာ ဘုရားသခင်က သူ့ကိုပြန်လည် အသက်ရှင် ခွင့် ပေးပါ သည်။ သမီးက တဖြည်းဖြည်း အသက်ရှူ လာသည့်အတွက် ကျွန်မတို့ အားလုံးဝမ်း မြောက်စွာဖြင့် ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းနေကြပါသည်။ သူပြန်လည် အသက်ရှင်လာကာ (၅) နာရီ အကြာမှာ သမီးမျက်စိဖွင့်လာပြီး စကားစပြောလာပါ သည်။ ပထမတော့ သူပြောသမျှကို ကျွန်မတို့ ရှင်းရှင်းလင်းလင်း နားမလည်နိုင်အောင် ဖြစ်နေပါသည်။ သူအလွန်
အမင်း အားလျော့နေ ခြင်းကြောင့်သာဖြစ်ပါသည်။ ကျွန်မတို့က သမီးဘာတွေ မြင်ခဲ့ရသည်ကို သိချင်လွန်းလို့ မေးမြန်းခဲ့ကြပါ သည်။

 သူအရမ်းကို အားနည်းနေသည့် အတွက်ကြောင့် စကားအနည်းငယ်သာ ပြန် ပြောနိုင်ပါသည်။ နောက်ထပ်နှစ်ပတ်လောက် ကြာလာသည့်အချိန်မှ သမီးက သူမြင် ခဲ့ရသည့် အကြောင်းအရာအားလုံးကို ဝေငှသက်သေခံနိုင်ခဲ့ပါသည်။ ထိုသို့ဖြစ်ပျက်သည့် နောက်မှာ နတ်ဆိုးများက သမီးကို နှောက်ယှက်လာကြပါ သည်။ နတ်ဆိုးများက အမှောင်ရိပ်အောက်မှာ ပုန်းလျှိုးကွယ်ဝှက် နေကြသည်ကို သမီး က ရှင်းလင်းစွာ တွေ့မြင်နေရပါသည်။ နတ်ဆိုးများက ဘာကြောင့် ဒီကို ရောက်လာ ကြသည်ကို သမီးက မေးမြန်းလိုက်သည့်အခါ သူတို့က “ မင်းမြင်ခဲ့ရသည့် အကြောင်း အရာတွေကို ဘယ်သူ့ကိုမှ ပြန်မပြောပြ
ရန်နှင့် နှုတ်ပိတ်ထားရန် ငါတို့မင်းကို အသိပေး ချင်တယ် ဒါမှမဟုတ်ရင် မင်းကို ငါတို့ သတ်ပစ်ရမှာဖြစ်တယ်၊ မင်းကို သတိပေးဖို့ ငါတို့ လာရခြင်း ဖြစ်တယ် ” လို့ သမီးကို သတိပေး ခြိမ်းခြောက်ခဲ့ကြသည်။ 

နတ်ဆိုးများက ကြီးမားပြီး အလွန်အရုပ်ဆိုလှသည်ကိုလည်း သမီးက ပြန်လည်ပြောပြပါသည်။ သမီးက နတ်ဆိုးများကို မောင်းထုတ်သော်လည်း သူတို့ထွက်မသွားချင်ကြဘူး သမီး၏ ခန္ဓာ ကိုယ်ပေါ်သို့ နတ်ဆိုးများ ခုန်တက်လာကြပြီး လည်ပင်းကိုညှစ်ဖို့ရန် ကြိုးစားနေကြ သည်။ သမီးက ပြန်လည်ပြီးခုခံတွန်းလှန်ဖို့ ကြိုးစားခဲ့သော်လည်း သူ့မှာ ခွန်အားမရှိဘဲ ဖြစ်နေပါသည်။ သမီးက နတ်ဆိုးများကိုခုခံဖို့ နောက်တစ်ကြိမ် ကြိုးစားလိုက်သည့် အခါ မှာ အလွန်တောက်ပ လွန်းသောအလင်းရောင် ထွက်ပေါ်လာ၍ နတ်ဆိုးများက ထွက် ပြေးသွားကြပါသည်။ ထိုအလင်းရောင်က သခင်ယေရှုခရစ်တော်ပင်ဖြစ်ပါသည်။

 သမီးကြုံတွေ့ခဲ့ရသော အရာများက တကယ်ကို မလွယ်လှပါဘူး သူမအား လူ သားများအားလုံးက ထာဝရဘုရားကိုရှာကြဖို့ရန် အလေးအနက်ထားကာ ကျမ်းပိုဒ်များ နှင့်တကွ ဖော်ပြပြီး ပြောသွားခြင်း ဖြစ် ပါသည်။ သမီး၏ ကြီးမားသော အတွေ့အကြုံ များထဲက တစ်ခုတည်းသော အကြောင်းအရာကား ငရဲထဲမှာ သရုပ်ဆောင်များ၊ အဆို တော်များ၊ အကသမားများနှင့် ပုပ်ရဟန်းမင်းကြီးများကို တွေ့ရခြင်းပင်ဖြစ်ပါသည်။ ယခုအချိန်သည် လူသားများက မှန်ကန်သော အရာကိုစဉ်းစားပြီး မိမိကိုယ်ကို နှိမ့်ချ ကာ အပြစ်မှ နောင်တရလျက် ဘုရားသခင်ရှေ့မှာ တိုးဝင်ရန်နှင့် ထာဝရဘုရားကို ရှာ ကြရန် အရေးအကြီးဆုံးသော အချိန် ပင်ဖြစ်ပါ သည်။ “ ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း ငါ့စကားတည်လိမ့်မည်။ ” (မာကု ၁၃း၃၁) 

ဘုရားသခင် ၏နှုတ်ကပါတ်တော်၌ ဖော်ပြ ထားသည့်အတိုင်း 
အားလုံးပြည့်စုံ လာရမှာဖြစ်ပါသည်။ သခင်ယေရှုက သမီးကို 
ငရဲဘက်သို့ ဦးတည်လျှောက်လှမ်း လာ နေကြသည့် လောကီလူသား 
များအကြောင်းကို ပြသခဲ့ပါသည်။ လူပေါင်းမြောက်များ စွာက အပယ်ငရဲမီးလျှံထဲမှာ ရောက်နေကြ ရသည်ဟူသည်မှာ ဧကန်အမှန်ပင်ဖြစ်ပါ သည်။ ဘုရားသခင်၏ သားသမီးများက ဤအကြောင်းအရာများကို လက်မခံနိုင်ခဲ့လျှင် အခြား သော လောကီလူသားများကလည်း လက်ခံယုံကြည်နိုင်ကြမည် မဟုတ်ပါ။

 ထို့ကြောင့် ထာဝရဘုရားကို နှုတ်လျှာပါးစပ်အားဖြင့်မဟုတ်ဘဲ 
အတွင်းစိတ် နှလုံးသားထဲကနေ အကြွင်းမဲ့ကိုးကွယ်ဖို့ရန် အချိန်ဖြစ်ပါတယ်၊ ခရစ်တော် ကြွလာဖို့ရန် အချိန်က အလွန်နီးကပ်လာပြီ၊ ယေရှုက “ ငါသည် တံခါးဝမှာ ရောက်ရှိနေပြီး မကြာမီ ငါရောက်လာတော့မည် ငါကြွလာမည့် အချိန်က အလွန်နီးကပ်နေပြီ ငါ့ရဲ့လူတွေက ငါ့ ကို ကျောခိုင်းစွန့်ခွါပြီး လောကအရာများ နောက်သို့ ပြန်လှည့်သွားနေကြတယ်၊ ငါ့ဆီ သို့ အမြန်ဆုံးပြန်လာဖို့ရန် ပြောပြပါ ” ထို့ကြောင့်ချစ်သောမိတ်ဆွေ ယနေ့ အသင်း တော်များက ဘုရားသခင်ထံသို့ ပြန်လာဖို့ရန်နှင့် 

ဘုရားသခင်ကို ရှာဖွေရမည့် အချိန် ဖြစ် ကြောင်းကို 
သင်ကိုယ်တိုင်လည်း ပြောပြနိုင်ပါသည်။ တံပိုးမှုတ်သံကြား
သည့်အခါ ကျွန်မတို့အားလုံး ဘုရားသခင်ကို တွေဆုံဖို့ရန် အဆင်သင့် ဖြစ်နေကြရ မည်၊ ထိုအချိန် တွင် တကယ့်အံ့သြဖွယ် ကောင်းသည့် အရာများဖြစ်ပျက်လာပါလိမ့်မည်။