ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

July 18, 2019

ချီဆောင်ခြင်းနှင့် ဘေးဒဏ်ကြီးကာလအကြောင်း (၆)

 ကြီးမားသည့် ပိတ်ကားကြီး တစ်ခုရှိသည့်နေရာကို ကျွန်မတို့ ရောက်ရှိလာခဲ့ သည်။ ချီဆောင်ခြင်းကာလတွင် တစ်ကမ္ဘာလုံးရှိ လူသားတွေ ဘယ်လိုဖြစ် ပျက်နေ သည်ကို ထိုပိတ်ကားကြီးပေါ်မှ မြင်တွေ့နေရပါသည်။ ထောင်သောင်းမက များစွာ သော လောကီလူသားများ ချက်ချင်းပျောက်ကွယ်သွားသည်ကို မြင်တွေ့ရပါသည်။

 ကိုယ်ဝန်ဆောင်မိခင်များဟာ သူတို့ရဲ့ ကိုယ်ဝန်များ ရုတ်တရက် ပျောက်သွားလို့ အရူး ကဲ့သို့ အော်ဟစ်ငိုယိုနေကြပါသည်။ ကမ္ဘာ တစ်ဝှမ်းလုံးမှာ ရှိသည့် ကလေးသူငယ်များလည်း ပျောက်ကွယ်
 သွားကြပါ သည်။ လူ ပေါင်းမြောက်များစွာက “ ဒါက မဖြစ် နိုင်ဘူး၊ဒါမဖြစ်နိုင်ဘူး၊ ဘာ တွေ ဖြစ်ပျက်နေကြတာလဲ ” ဟု
 အော်ဟစ် နေကြပြီး အရပ်ရပ် သို့ အပြေးအလွှား လှုပ်ရှားနေကြရသည်။ သခင်ယေရှုကို သိရှိခဲ့သည့် လူတွေကလည်း ဤလောက၌ ကျန်ရစ်နေကြ သည်ကို ကျွန်မ တွေ့မြင်လိုက်ရပါသည်။ (မဿဲ ၂၄း၄၀-၄၁) 

ယေရှုခရစ်တော် ဒုတိယ အကြိမ်ကြွလာနေပြီ၊ ချီဆောင်ခြင်း ကာလ ရောက်နေပြီလို့ သူတို့က ပြောဆိုနေကြသည်။ သူတို့က ငိုယိုအော်ဟစ်ပြီး ကိုယ့် ကိုကိုယ် သတ်သေချင်နေကြပါသည်။ သို့သော်မဖြစ် မြောက်နိုင်ပါ။ သခင်က “သမီး ထိုနေ့ရက် ရောက်ရင် သေလွန်သောသူတွေ ပြန်ထလာကြလိမ့်မယ်၊ အဲဒီ ကာလမှာ သန့်ရှင်းသော ၀ိညာဉ်တော်က လောကမှာ ရှိတော့မှာ မဟုတ်ဘူး ” ဟု ပြောဆိုပါ သည်။ (ဗျာဒိတ် ၉း၆)။

 ယာဉ်တိုက်မှုတွေ၊ မတော်တဆထိခိုက်မှုတွေ မြင်တွေ့ ရသော်လည်း ထိခိုက်မိလို့ သေသောသူ တစ်ယောက်မျှမရှိဘဲ ဒဏ်ရာတွေနှင့် အားလုံး က အသက်ရှင်နေကြသည်ကို တွေ့မြင်ရပါသည်။ ထိုနေ့ရက်၌ သေခြင်းတရားကို လူသားများ တောင်းဆိုသော်လည်း သေခြင်းတရားကို မရရှိနိုင် ကြတော့ပါ။ ထောင်သောင်းမက များစွာသောလူသားများက ပြေးလွှားလှုပ်ရှားနေ ကြ သည်။ သခင်က “သမီးကြည့်ပါ ဒါကဖြစ် ပျက်လာမည့် အခြေအနေတွေဖြစ်တယ် ” လူတွေက တစ်နေရာမှ တစ်နေရာသို့ ပြေးလွှား နေကြကာ “ ခရစ်တော်ကြွလာခဲ့ပြီ၊ ခရစ်တော်ကြွ လာခဲ့ပြီ ” လို့ဘဲ အော်ဟစ်နေကြသည်။

 “ သခင် ကျွန်ုပ်ကို ခွင့်လွှတ် တော်မူပါ၊ ခွင့်လွှတ်တော်မူပါ၊ ကိုယ်တော်ရှိရာသို့ ကျွန်ုပ်အားခေါ်ဆောင်တော်မူပါ ” လို့ သူတို့က အသနားခံ တောင်းဆိုနေကြသည်။ သို့သော် ခရစ်တော်က ၀မ်းနည်းကြေကွဲစွာနှင့် “ အချိန်နှောင်းနေပြီ ” လို့ဘဲ ပြောမှာဖြစ်သည်။ “ ထို့ကြောင့် ယခုအချိန်ဟာ အပြစ်မှနောင်တရဖို့ရန် အတွက် အရေးကြီး ဆုံးသော အချိန်ကာလဖြစ်ပါသည်။ နောက်တစ်ကြိမ် အခွင့်အရေး ရရှိနိုင် မည့် အချိန်မရှိတော့ဘူး၊ လောကီသားများကို အချိန်ရှိတုန်း ငါ့ကိုရှာရန်၊ ငါ့ထံသို့ လာဖို့ ရန် ပြောပြပေးပါသမီး (ဟေရှာယ ၅၅း၆) 

အချိန်နောက်ကျပြီ ” ဟူ၍ ဤကမ္ဘာ လောက ကြီး၌ ကျန်ရစ်ခဲ့မည့် လောကီလူသားတွေကို ကြည့်ရှုကာ သခင်ယေရှု မျက် ရည်စီး ကျလျက် “ သမီး (၁သက် ၄း၁၆-၁၇) ကျမ်းစာမှာ ငါပြောထားတဲ့အတိုင်း ဤ ကမ္ဘာ လောကမြေဆီသို့ ငါကြွလာမှာ ဖြစ်တယ် ” သခင်ဘုရား သည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန် မင်းများ အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့် တကွ၊ ကောင်း ကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍ ခရစ်တော်၌သေလွန်သော သူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်း သော ငါတို့သည် အာကာသ ကောင်းကင်၌ သခင်ဘုရား ထံတော်သို့ ရောက်စေခြင်းငှါ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ 
ချီဆောင်ခြင်းကို ခံရ သောအားဖြင့် သခင်ဘုရားနှင့်အတူ 
အစဉ်မပြတ်နေ ရကြလိမ့်မည်။ 

(၁သက်၎း၁၆-၁၇) သို့သော် လူသားတိုင်းက ဘုရားထံသို့ရောက်
ရလိမ့်မည် မဟုတ်ပါ။ ကိုယ်တော်၏ အလိုတော်အတိုင်း (မဿဲ ၇း၂၁) လုပ်ဆောင်နေသော သူများ နှင့် သန့်ရှင်း သော အသက်တာနှင့် အသက်ရှင်နေသောသူများ သာလျှင် ကောင်းကင်နိုင်ငံတော်သို့ ၀င် ရောက်ရ မှာဖြစ်ပါသည်။ (ဟေဗြဲ ၁၂း၁၄ ) ဟု ယေရှု ခရစ်တော်က ပြောကြား တော်မူခဲ့ပါသည်။ ထို အချိန်နာရီကိုကား အဘယ်သူမျှ မသိ၊ ကောင်း ကင်တမန်များလည်း မသိ ငါ့ခမည်းတော် တစ် ပါးတည်း သာလျှင်သိတော်မူ၏(မဿဲ ၂၄း၃၆) လူတွေက ပြေးလွှား လှုပ်ရှားနေသည်ကို ထိုပိတ်ကားကြီးပေါ်မှာ မြင်တွေ့နေရ သည်။ 

မဂ္ဂဇင်း၊ တီဗွီ၊ သတင်းစာများမှာ “ ခရစ် တော် ဘုရားကြွလာပြီ ” ဟူ၍ ပြောဆို ရေးသားထားသည်ကိုလည်း တွေ့ရပါသည်။ “ ငါ၏ သန့်ရှင်းသော သူတွေအတွက် ငါ သွားရလိမ့်မယ် ” ဟု သခင်ယေရှုက ပြောဆိုသည်နှင့် မြင်ကွင်းပိတ် ကားကြီးက ပိတ် သွားပါသည်။ ဤအရာများအားလုံး သခင်ခရစ်တော်က ကျွန်မကို ပြသခဲ့သည့် အရာ များ ဖြစ်ပါသည်။ ထို့နောက် ကိုယ်တော်က ကျွန်မအား ဒီလောက ကမ္ဘာမြေကြီးပေါ်သို့ ပြန်လည်ပို့ဆောင် ပေးခဲ့ပါသည်။ ကောင်းကင်တမန်များ ၀န်းရံလျက်နေသော လှပသည့်ကောင်းကင်လှေ ကားထစ်မှ
 အောက်သို့ ကျွန်မတို့ ဆင်းသက် ခဲ့ကြပါသည်။ 

“ သခင် ကျွန်မကို ဒီနေရာ ကနေ နှင်ထုတ်တော်မမူပါနှင့်၊ ကိုယ်တော်နှင့်အတူ နေပါရစေ ” ဟု သခင်ယေရှုကို ငိုယို ပြီး တောင်းပန်ပြောဆိုလိုက်ပါသည်။ “ သမီး မင်းရဲ့ မိသားစုနှင့် လူမျိုးတကာတို့ က မင်းကိုစောင့်မျှော်နေကြပါတယ်၊ မင်းရဲ့ခန္ဓာကိုယ်ထဲကို မင်းပြန်ဝင်ပြီး လူသားဘ၀ ကို မင်းပြန်လည်ခံယူရမယ်၊ သို့မှသာ မင်းမြင်ခဲ့ရသမျှသော အကြောင်းအရာများကို ပြန်ပြီး သက်သေခံ ပြောပြနိုင်မှာ ဖြစ်ပါတယ်၊ လူတွေက မင်းရဲ့ သက်သေခံတဲ့ စကား ကို ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ငါကတော့ မင်းရဲ့သစ္စာရှိသော သက်သေဖြစ် တယ်၊
 ငါ မင်းနှင့်အတူ ရှိနေမယ်၊ ဘယ်တော့မှ 
ငါ မင်းကို စွန့်ခွါသွားမှာ မဟုတ်ဘူး ”

No comments:

Post a Comment