ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

July 18, 2019

ကမ္ဘာမြေကြီးဆီသို့ ပြန်လည်ရောက်ရှိလာခြင်း(၇)

မက်ဇီမာ ကျွန်မသမီးသေဆုံးတာ (၂၃)နာရီ ရှိသွားပါပြီ၊
သူပြန်လည် အသက်ရှင်လာ တာ မမြင်ရသေးဘူး၊ ထို့ကြောင့် ဘုရား သခင်ထံ၌ ဆုတောင်းပါသည်။ “ သခင် ကျွန်မ (၂၄) နာရီအထိ စောင့်မယ်၊ အဲဒီအချိန် ထက်ကျော်လွန်လာရင် ဆရာဝန်ကို သွား ခေါ် မှာဖြစ်ပါတယ် ” ဟု ဆုတောင်းအပြီး မရှေးမနှောင်းမှာပင် သမီးခြေလက်များ တဖြည်း ဖြည်း ဆန့်လာပြီး “ အင်း” လို့ အသံ ထွက်လာပါသည်။ သူဘာမှ ပြောဆို နိုင်ခြင်းမရှိပါ၊ ကျွန်မသမီး ပြန်ပြီး အသက်ရှင်လာသည်ကို ကျွန်မတို့တွေ့မြင်ရလိုက်သည်။ “သခင် ကျွန်မ သမီး ပြန်လည် အသက်ရှင်စေတဲ့အတွက် ကိုယ်တော်ကို ကျေးဇူးတင်ပါတယ် ” လို့ ကျွန်မက ဘုရားရှင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းလိုက်ပါသည်။ 

သမီး အိန်ဂျယ်လီကာ သေဆုံးပြီး အချိန်(၂၄) နာရီ မတိုင်ခင်မှာ ဘုရားသခင်က သူ့ကိုပြန်လည် အသက်ရှင် ခွင့် ပေးပါ သည်။ သမီးက တဖြည်းဖြည်း အသက်ရှူ လာသည့်အတွက် ကျွန်မတို့ အားလုံးဝမ်း မြောက်စွာဖြင့် ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းနေကြပါသည်။ သူပြန်လည် အသက်ရှင်လာကာ (၅) နာရီ အကြာမှာ သမီးမျက်စိဖွင့်လာပြီး စကားစပြောလာပါ သည်။ ပထမတော့ သူပြောသမျှကို ကျွန်မတို့ ရှင်းရှင်းလင်းလင်း နားမလည်နိုင်အောင် ဖြစ်နေပါသည်။ သူအလွန်
အမင်း အားလျော့နေ ခြင်းကြောင့်သာဖြစ်ပါသည်။ ကျွန်မတို့က သမီးဘာတွေ မြင်ခဲ့ရသည်ကို သိချင်လွန်းလို့ မေးမြန်းခဲ့ကြပါ သည်။

 သူအရမ်းကို အားနည်းနေသည့် အတွက်ကြောင့် စကားအနည်းငယ်သာ ပြန် ပြောနိုင်ပါသည်။ နောက်ထပ်နှစ်ပတ်လောက် ကြာလာသည့်အချိန်မှ သမီးက သူမြင် ခဲ့ရသည့် အကြောင်းအရာအားလုံးကို ဝေငှသက်သေခံနိုင်ခဲ့ပါသည်။ ထိုသို့ဖြစ်ပျက်သည့် နောက်မှာ နတ်ဆိုးများက သမီးကို နှောက်ယှက်လာကြပါ သည်။ နတ်ဆိုးများက အမှောင်ရိပ်အောက်မှာ ပုန်းလျှိုးကွယ်ဝှက် နေကြသည်ကို သမီး က ရှင်းလင်းစွာ တွေ့မြင်နေရပါသည်။ နတ်ဆိုးများက ဘာကြောင့် ဒီကို ရောက်လာ ကြသည်ကို သမီးက မေးမြန်းလိုက်သည့်အခါ သူတို့က “ မင်းမြင်ခဲ့ရသည့် အကြောင်း အရာတွေကို ဘယ်သူ့ကိုမှ ပြန်မပြောပြ
ရန်နှင့် နှုတ်ပိတ်ထားရန် ငါတို့မင်းကို အသိပေး ချင်တယ် ဒါမှမဟုတ်ရင် မင်းကို ငါတို့ သတ်ပစ်ရမှာဖြစ်တယ်၊ မင်းကို သတိပေးဖို့ ငါတို့ လာရခြင်း ဖြစ်တယ် ” လို့ သမီးကို သတိပေး ခြိမ်းခြောက်ခဲ့ကြသည်။ 

နတ်ဆိုးများက ကြီးမားပြီး အလွန်အရုပ်ဆိုလှသည်ကိုလည်း သမီးက ပြန်လည်ပြောပြပါသည်။ သမီးက နတ်ဆိုးများကို မောင်းထုတ်သော်လည်း သူတို့ထွက်မသွားချင်ကြဘူး သမီး၏ ခန္ဓာ ကိုယ်ပေါ်သို့ နတ်ဆိုးများ ခုန်တက်လာကြပြီး လည်ပင်းကိုညှစ်ဖို့ရန် ကြိုးစားနေကြ သည်။ သမီးက ပြန်လည်ပြီးခုခံတွန်းလှန်ဖို့ ကြိုးစားခဲ့သော်လည်း သူ့မှာ ခွန်အားမရှိဘဲ ဖြစ်နေပါသည်။ သမီးက နတ်ဆိုးများကိုခုခံဖို့ နောက်တစ်ကြိမ် ကြိုးစားလိုက်သည့် အခါ မှာ အလွန်တောက်ပ လွန်းသောအလင်းရောင် ထွက်ပေါ်လာ၍ နတ်ဆိုးများက ထွက် ပြေးသွားကြပါသည်။ ထိုအလင်းရောင်က သခင်ယေရှုခရစ်တော်ပင်ဖြစ်ပါသည်။

 သမီးကြုံတွေ့ခဲ့ရသော အရာများက တကယ်ကို မလွယ်လှပါဘူး သူမအား လူ သားများအားလုံးက ထာဝရဘုရားကိုရှာကြဖို့ရန် အလေးအနက်ထားကာ ကျမ်းပိုဒ်များ နှင့်တကွ ဖော်ပြပြီး ပြောသွားခြင်း ဖြစ် ပါသည်။ သမီး၏ ကြီးမားသော အတွေ့အကြုံ များထဲက တစ်ခုတည်းသော အကြောင်းအရာကား ငရဲထဲမှာ သရုပ်ဆောင်များ၊ အဆို တော်များ၊ အကသမားများနှင့် ပုပ်ရဟန်းမင်းကြီးများကို တွေ့ရခြင်းပင်ဖြစ်ပါသည်။ ယခုအချိန်သည် လူသားများက မှန်ကန်သော အရာကိုစဉ်းစားပြီး မိမိကိုယ်ကို နှိမ့်ချ ကာ အပြစ်မှ နောင်တရလျက် ဘုရားသခင်ရှေ့မှာ တိုးဝင်ရန်နှင့် ထာဝရဘုရားကို ရှာ ကြရန် အရေးအကြီးဆုံးသော အချိန် ပင်ဖြစ်ပါ သည်။ “ ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း ငါ့စကားတည်လိမ့်မည်။ ” (မာကု ၁၃း၃၁) 

ဘုရားသခင် ၏နှုတ်ကပါတ်တော်၌ ဖော်ပြ ထားသည့်အတိုင်း 
အားလုံးပြည့်စုံ လာရမှာဖြစ်ပါသည်။ သခင်ယေရှုက သမီးကို 
ငရဲဘက်သို့ ဦးတည်လျှောက်လှမ်း လာ နေကြသည့် လောကီလူသား 
များအကြောင်းကို ပြသခဲ့ပါသည်။ လူပေါင်းမြောက်များ စွာက အပယ်ငရဲမီးလျှံထဲမှာ ရောက်နေကြ ရသည်ဟူသည်မှာ ဧကန်အမှန်ပင်ဖြစ်ပါ သည်။ ဘုရားသခင်၏ သားသမီးများက ဤအကြောင်းအရာများကို လက်မခံနိုင်ခဲ့လျှင် အခြား သော လောကီလူသားများကလည်း လက်ခံယုံကြည်နိုင်ကြမည် မဟုတ်ပါ။

 ထို့ကြောင့် ထာဝရဘုရားကို နှုတ်လျှာပါးစပ်အားဖြင့်မဟုတ်ဘဲ 
အတွင်းစိတ် နှလုံးသားထဲကနေ အကြွင်းမဲ့ကိုးကွယ်ဖို့ရန် အချိန်ဖြစ်ပါတယ်၊ ခရစ်တော် ကြွလာဖို့ရန် အချိန်က အလွန်နီးကပ်လာပြီ၊ ယေရှုက “ ငါသည် တံခါးဝမှာ ရောက်ရှိနေပြီး မကြာမီ ငါရောက်လာတော့မည် ငါကြွလာမည့် အချိန်က အလွန်နီးကပ်နေပြီ ငါ့ရဲ့လူတွေက ငါ့ ကို ကျောခိုင်းစွန့်ခွါပြီး လောကအရာများ နောက်သို့ ပြန်လှည့်သွားနေကြတယ်၊ ငါ့ဆီ သို့ အမြန်ဆုံးပြန်လာဖို့ရန် ပြောပြပါ ” ထို့ကြောင့်ချစ်သောမိတ်ဆွေ ယနေ့ အသင်း တော်များက ဘုရားသခင်ထံသို့ ပြန်လာဖို့ရန်နှင့် 

ဘုရားသခင်ကို ရှာဖွေရမည့် အချိန် ဖြစ် ကြောင်းကို 
သင်ကိုယ်တိုင်လည်း ပြောပြနိုင်ပါသည်။ တံပိုးမှုတ်သံကြား
သည့်အခါ ကျွန်မတို့အားလုံး ဘုရားသခင်ကို တွေဆုံဖို့ရန် အဆင်သင့် ဖြစ်နေကြရ မည်၊ ထိုအချိန် တွင် တကယ့်အံ့သြဖွယ် ကောင်းသည့် အရာများဖြစ်ပျက်လာပါလိမ့်မည်။

No comments:

Post a Comment