ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

July 18, 2019

ပရိသတ်ရှေ့၌ အိန်ဂျယ်လီကာ ပြောကြားချက်-(၈)

သခင်ခရစ်တော်၏ အရေးကြီးသော သတိပေးသတင်းစကား- 
 ခရစ်တော်က “ သမီး အဲဒီနေ့ရောက်ရင် သန့်ရှင်းသော ၀ိညာဉ်တော်က ဤလောကမှာ ရှိတော့မှာမဟုတ်ဘူး ”(၂သက်၂း၇)။ ထို့ကြောင့် လူတွေက ရုန်းကန်လှုပ်ရှားပြေး လွှားကာ တစ် ယောက်နှင့် တစ်ယောက် တိုက်မိခိုက်မိကြ သည် ကို ကျွန်မတွေ့မြင်ခဲ့ရပါသည်။ 

ထို့နောက် လူတွေက သူတို့ကိုသူတို့ သတ်သေချင် နေကြ ပါသည်။ သို့သော်လည်း ယေရှုက “ ထိုနေ့ရက် ကာလ၌ လူတို့သည်သေခြင်းကို ရှာကြလိမ့် မည်။ ရှာသော်လည်း မတွေ့ရကြ၊ အလွန်သေချင်သော်လည်း သေမင်းသည် သူတို့ထံ မှ ပြေးသွားလိမ့်မည်။ ” (ဗျာဒိတ်၉း၆) “ လူထောင်သောင်းမက ပျောက်ဆုံးနေသည် ” ဆိုသည့်သတင်းကို တီဗွီနှင့် မဂ္ဂဇင်းများထဲမှာ ကြည့်မြင်၊ ဖတ်ရှုရသည်ကို ကျွန်မတွေ့မြင်ခဲ့ရပါသည်။ 

ခရစ်တော် က သူ၏သန့်ရှင်းသူများအတွက် ကြွလာသည်ကို လူပေါင်းမြောက်များစွာက ထိုအချိန် မှာသိရှိရမှာ ဖြစ် ပါသည်။ 
ခရစ်တော်ကို သိခဲ့သော်လည်း ချီဆောင်ခြင်းတွင်မပါဘဲ ဤ လောကမှာ ကျန်ရစ် ခဲ့သော လူသား များက ငိုယိုအော်ဟစ်ပြီး လမ်းမကြီး များပေါ် မှာ ထွက်လာကြပါသည်။ ထိုအချိန်မှာ ကောင်းကင်ဘုံမှ “ယေရှုက ငါ့အသင်းတော်နှင့် သန့် ရှင်းသူတွေအတွက် ငါသည် မကြာမီ ကြွလာတော့မည် ” ဟု မိန့် တော်မူ ခဲ့ပါသည်။ 

သို့သော် ယေရှုက ကျွန်မ ကို လွန်ခဲ့သောနှစ်ပတ်က “ သမီး ငါ့ ရဲ့ 
လူတွေကို ငါမကြာမီ လာတော့ မယ်လို့ မပြောဘဲ၊ ယခုချက် ချင်းပင် ရောက်လာတော့မယ် ဆိုတာကို ပြောပြပါ၊ ငါစေခိုင်းတဲ့အရာ တွေကို ပြီးမြောက် အောင်လုပ်ဆောင်တဲ့ အတွက် ငါကျေနပ်မှာ ဖြစ်တယ်၊” ခရစ်တော်က ဆက်လက်ပြီး ပြောဆိုသည်မှာ “ ငါချက်ချင်း ရောက်လာတော့မယ် ဆိုတာကို ငါ့ရဲ့သန့်ရှင်းသူ တွေကိုပြောပြ လိုက်ပါ။ သန့်ရှင်းသူများသာလျှင် ငါ့ကိုတွေ့ရလိမ့်မည်။ 

ဤအကြောင်းအရာအလုံးစုံကို ထိမ်ဝှက် ချန်လှပ်ထားခြင်းမရှိဘဲ ငါပြောပြသည့် အရာများအားလုံးကို သက်သေခံ ဟော ကြားလိုက်ပါ။ ” ဟု သွန်သင် မှာကြားတော်မူ ခဲ့ပါ သည်။ 
ပရိသတ်များနှင့်အတူ အိန်ဂျယ်လီကာ၏ ဆုတောင်းခြင်း “ သခင်ယေရှုဘုရား၊ ကိုယ်တော်၏ မေတ္တာတော်နှင့်ဂရုဏာတော်အားဖြင့် ကိုယ် တော်ကို အထူးဘဲ ကျေးဇူးတင်ပါ၏ ကိုယ်တော်၏ နှုတ်ကပတ်တော်အား ကျွန်ုပ်တို့၏ နှလုံးသားထဲသို့ ရောက်ရှိ
လာစေသည့် အတွက်ကြောင့် ကျေးဇူးတင်ရှိပါ၏။

 အဖဘုရား ကိုယ်တော်၏ ခွင့်လွှတ်ခြင်းကို တောင်းခံပါသည်။ 
အကျွန်ုပ်ကို ခွင့်လွှတ်တော်မူပါ၊ ကိုယ်တော်၏ အသွေးတော်အားဖြင့် အကျွန်ုပ်တို့ကို ဆေးကြောတော်မူပါ၊ အသက်စာစောင်ထဲမှာ အကျွန်ုပ်၏ နာမည်ကို ရေးမှတ်တော်မူပါ။ ကိုယ်တော်၏ သားသမီး အဖြစ်လည်း လက်ခံတော်မူပါ၊ ကျွန်ုပ်ခွင့်မလွှတ်နိုင်သော အရာများကိုလည်း 
ယခု ခွင့်လွှတ်လိုက်ပါသည်။ ကျွန်ုပ်၏ အသက်တာကို ပြုပြင်ပြောင်းလဲရန်နှင့် ကိုယ်တော်၏ မျက်မှောက်တော်မှာ နေ့ရက်အစဉ်အတိုင်း အတူရှိနေနိုင်ဖို့ရန် ကျွန်ုပ်တောင်းဆိုပါ သည်။
  ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်ကို ကျေးဇူးတင်လျက် သခင် ယေရှု နာမတော်၌ ဆုတောင်းပါ၏ ” အာမင်။ 

 အိန်ဂျယ်လီကာ ဤသက်သေခံချက်သည် လိမ်ညာခြင်းလည်း မဟုတ်ပါ၊ ရယ်မောစရာ ဟာသ လည်း မဟုတ်ပါ၊ ပုံပြင်လည်းမဟုတ်ပါ၊ အိပ်မက်လည်းမဟုတ်ပါ၊ အပယ်ငရဲ ရှိတယ် ဆို တာ ဧကန်အမှန်ဖြစ်ပါသည်။ငရဲပြည်သည် အမှန်စင်စစ် ရှိနေသည့် အကြောင်း အရာ ကိုမယုံ နိုင်သောသူများကို ကျွန်မပြောပြချင်ပါသည်၊၊ ဤအကြောင်း အရာများနှင့် ပတ်သက်ပြီး သင်ကိုယ်တိုင်လည်း တွေ့ကြုံပါစေလို့ ကျွန်မဆန္ဒပြုပါသည်။

No comments:

Post a Comment