ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !
July 18, 2019
အိန်ဂျယ်လီကာ၏ နောက်ဆုံး သတိပေးစကား (နိဂုံး)
အိန်ဂျယ်လီကာ၏ သတိပေးစကားမူကား- ထာဝရဘုရားသခင်က လူသားများအပေါ် ဘာတွေဖြစ်ပျက်လာတော့မည်ကို နိမိတ်လက္ခဏာများနှင့် ဖော်ပြပေးပါသည်။ 
မကြာမီ ဧကန်အမှန် ဖြစ်ပျက်လာတော့မှာ ဖြစ်ပါသည်။ ကိုယ့်အပြစ်တွေကို နောင်တမရဘဲ မိမိ၏စိတ်အလိုဆန္ဒများကို ဦးစားပေး ကာ လိုက်လျောပြီး အသက်ရှင်နေခြင်းသည် မာရ်နတ်ဆိုးများ၏ အဓိက အလိုလား ဆုံးသော အရာပင်ဖြစ်ပါသည်။ သင်ဟာ အပယ်ငရဲ လမ်းမပေါ်မှာ လျှောက်လှမ်းနေ တာလားဆိုတာ သင့်ကိုယ်သင်ပြန်ပြီးမေးကြည့်ပါ။ 
အသက်တာမှာ ခေါ်ဖိတ်လက်ခံယုံကြည်ဖို့ရန် သင့်အတွက် အရေးကြီးဆုံးသောနေ့ရက်ဖြစ်ပါသည်။ ရိုးရှင်းစွာ ပြောရမှာကတော့ “ယေရှုက ကျွန်ုပ် ၏ ကယ်တင်ပိုင်ရှင်၊ အရှင်သခင် ဖြစ်တယ်၊ ယေရှုကို ကျွန်ုပ်လက်ခံပါ တယ်၊ စိတ်နှလုံး အကြွင်းမဲ့နှင့် ကျွန်ုပ်၏ အသက်တာကို သခင်ယေရှုထံ ဆက်ကပ်အပ်နှံပါတယ်၊ ကိုယ် တော် နှင့်အတူ ထာဝရနေချင် ပါတယ် ” ဟု ၀န်ခံကတိဆိုကြပါစို့။ 
 “ သင့်ဘ၀ရဲ့ အရေးအကြီးနှင့်နောက်ဆုံးသောလမ်းခရီးကို စဉ်းစားရွေး ချယ်ပါ။ သေခြင်းလား ? အသက်ရှင် ခြင်းလား ? ငရဲလား ? ကောင်းကင်ဘုံလား ? ယေရှုခရစ်တော်လား ? နတ်ဆိုးလား ? သင်ဟာ သခင်ယေရှု ပိုင်ဆိုင်တဲ့သူလား ? နတ်ဆိုးများ ပိုင်ဆိုင်တဲ့သူလား ? ဘယ်ဟာမှားသလဲ ? ဘယ်ဟာမှန်သလဲ ? ထာဝရအသက်လား ? (သို့မဟုတ်) ထာဝရငရဲမီးအိုင်လား ? ဆိုတာ သင့်ရဲ့” ဘ၀လမ်းခရီး အဆုံးကို သင်ကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်။ 
ဤ အကြောင်း အရာကို စဉ်းစားကြည့်ပါ၊ ယခုပင်ဆုံးဖြတ်ပါ၊ ယေရှုခရစ်တော်ဘုရားဟာ ကျွန်ုပ်တို့၏ အပြစ်များ ကြောင့် လက်ဝါးကပ်တိုင်မှာ အသေခံခဲ့ရတယ်၊ ကျွန်ုပ်တို့ကို ယေရှုခရစ်တော်က သူ့ ရဲ့ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်း အခွင့်အရေးကို ပေးခဲ့တယ်၊ ယေရှုခရစ်တော် ဘုရားကို သင့်ရဲ့ အသက်သခင် ကယ်တင် 
ပိုင်ရှင်အဖြစ် လက်ခံယုံကြည်ပါ။ 
 “ ယခုသင်သည် ဤသက်သေခံခြင်းကို ကြားခဲ့ရပြီးဖြစ်ပါသည်။ အပယ်ငရဲထဲသို့ ကျရောက်ခဲ့လျှင် သင်သည် မလွဲမသွေ နောင်တရမယ်ဆိုတာ မမေ့ဖို့ရန် ဒီအချိန်ဟာ သင်စဉ်းစားရွေးချယ်ဆုံးဖြတ်ရမယ့် အရေးအကြီးသော အချိန်အခါဖြစ်ပါတယ်။ ” 
ကျမ်းပိုဒ်များ 
 ဗျာဒိတ်ကျမ်း ၁၉း၉ ။~~~ ။ ကောင်းကင်တမန်ကလည်း၊ သိုးသငယ်၏ မင်္ဂလာဆောင် ပွဲသို့ ခေါ်ဘိတ်ခြင်းကို ခံရသော သူတို့သည် မင်္ဂလာရှိကြ၏ ဟုရေးထားလော ဟူ၍၄င်း၊ ဤစာသည် ဘုရားသခင်၏ နှုတ်တော်ထွက် စင်စစ်ဖြစ်၏ ဟူ၍၄င်း ငါ့အား ပြောဆို၏။ 
ဗျာဒိတ်ကျမ်း ၂၀း၁၅ ။ ~~~~။ အသက်စာစောင်၌ စာရင်းမ၀င်သောသူ ရှိသမျှတို့ကို လည်း မီးအိုင်ထဲသို့ ချပစ်လေ၏။ 
ဗျာဒိတ်ကျမ်း ၂၁း၎ ။ ~~~~~။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန်သေဘေးမရှိရ၊ စိတ်မသာငြီးတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ၊ အကြောင်း မူကားရှေး ဖြစ်ဘူးသော အရာတို့သည် ရွေ့သွား ကြပြီ။ 
ဗျာဒိတ်ကျမ်း ၂၁း၁ ။~~~~ ။ ကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုလည်း ငါမြင်၏၊ အဘယ် သို့နည်း ဟူမူကား ရှေး ကောင်းကင်နှင့် ရှေးမြေကြီးသည် ရွေ့သွားကြပြီ၊ ထိုအခါမှစ၍ သမုဒ္ဒရာမရှိ။ 
 ဗျာဒိတ်ကျမ်း ၂၁း၈ ။~~~~ ။ ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ် ရွံရှာဘွယ်သောသူ၊ လူ့အသက်ကိုသတ်သောသူ၊ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သစ္စာပျက်သောသူ အပေါင်းတို့မူကား ဒုတိယသေခြင်းတည်း ဟူသော ကန့်နှင့်လောင်သော မီးအိုင်ထဲ၌ မိမိတို့ အဖို့ကိုရကြ လိမ့်မည် ဟူ၍၄င်း ငါ့အားမိန့်တော်မူ၏။
 ထွက်မြောက်ရာကျမ်း။ ၂၀း၃-၆ ။~~~~ ။ငါမှတစ်ပါး အခြားသော ဘုရားကိုမကိုးကွယ် နှင့်။ အထက်မိုးကောင်းကင်၌၄င်း၊ အောက်အရပ် မြေကြီးပေါ်၌၄င်း၊ မြေကြီးအောက် ရေထဲ၌၄င်း၊ ရှိသောအရာနှင့် ပုံသဏ္ဌာန် တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ့်အဘို့ မလုပ်နှင့်။ ဦးမချ ၀တ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရား သည်၊ သင်၌ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏ အမျိုးအစဉ် အဆက်၊ တတိယဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘ တို့၏ အပြစ်ကို သားတို့၌ ဆပ်ပေး စီရင်သောဘုရား၊ ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သော သူတို့၏ အမျိုးအစဉ် အဆက် အထောင်အသောင်း တိုင်အောင်၊ ဂရုဏာကို ပြသော ဘုရားဖြစ်၏။ 
 ဗျာဒိတ်ကျမ်း ၂၁း၂၁ ။~~~ ။ တံခါးရွက် တစ်ဆယ့်နှစ်ရွက် အသီးသီးတို့ သည် ပုလဲ တစ်ပြားစီဖြင့် ပြီး၍ ပုလဲတစ်ဆယ့်နှစ်ပြားဖြစ် ကြ၏။
 ဗျာဒိတ်ကျမ်း ၂၁း၂၇။~~~~ ။ ညစ်ညူးသောအရာ၊ စက်ဆုပ်ဖွယ်သော အရာ၊ သစ္စာ ပျက်သောအရာ တစ်စုံ တစ်ခုမျှမ၀င်ရဘဲ၊ သိုးသငယ်၏ အသက်စာစောင်၌ စာရင်းဝင် သောသူတို့ သာလျှင်ဝင်ရ၏။ 
 ဗျာဒိတ်ကျမ်း ၂၂း၇ ။~~~~ ။ ငါသည်အလျင်အမြန်လာမည်၊ ဤစာစောင်၏ အနာ ဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆို၏။
 ဗျာဒိတကျမ်း ၂၂း၁၁ ။~~~~ ။ မတရားသောသူသည် မတရား သဖြင့်ပြုစေဦး။ ညစ်ညူးသောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သော သူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ 
 ဗျာဒိတ်ကျမ်း ၂၂း၁၂ ။~~~~ ။ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကြိုးအပြစ်ကို ဆောင်ခဲ့သည်ဖြစ်၍ လူအသီးသီးတို့အား မိမိတို့ အကျင့်အတိုင်း ဆပ်ပေးမည်။ 
ဗျာဒိတ်ကျမ်း ၂၂း၁၃-၁၅ ။~~ ။ငါသည် အာလဖဖြစ်၏။ သြမေဃ~ လည်းဖြစ်၏။ အဦး ဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံး လည်းဖြစ်၏။ အသက်ပင်နှင့် ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ၀င်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ပြင်၌ကား ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသော မေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ၊ သစ္စာ ပျက်ခြင်းကို နှစ်သက်၍ ပြုသောသူအပေါင်းတို့သည် ရှိကြ၏။ (ဘာသာပြန်ချက်ပြန်လည်ဝေဌသည်)
No comments:
Post a Comment