ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

July 18, 2019

Angelica ၏ ငရဲပြည် ဧကန်အမှန်ရှိနေကြောင်း သက်သေခံချက်(၁)

တောင်အမေရိကတိုက်ရှိ၊ အီကွေဒေါနိုင်ငံမှ အိန်ဂျယ်လီကာဆိုသူ 
မိန်းမငယ်လေး တစ်ဦးသည် ခရစ်တော် ပြန်ကြွလာတော့မည့်အကြောင်း ကောင်းကင်ဘုံနှင့် ငရဲဘုံအကြောင်းကို (၂၃) နာရီအကြာ ခရစ်တော်ဘုရား၏ ဖွင့်ပြခြင်းကို တွေ့မြင်ခဲ့ရ ပါသည်။ 

အိန်ဂျယ်လီကာအား ခရစ်တော် ဖော်ပြခြင်းနှင့်ပတ်သက်၍ မြောက်များလှစွာ သော ပျောက်ဆုံးဝိညာဉ်များကြောင့် ခရစ်တော်ဘုရား မျက်ရည်ကျခြင်း၊ ကမ္ဘာလော ကလူသားများက ခရစ်တော်ဘုရားကို ငြင်းပယ်ခဲ့ခြင်း၊ အသင်းတော်များသည် ခရစ် တော်ဘုရား ဒုတိယအကြိမ် ကြွလာခြင်းအတွက် ကြိုတင်ပြင်ဆင်မှုမရှိခြင်း၊ ပျောက်ဆုံး ၀ိညာဉ်များထံ သက်သေခံခြင်းကို ရပ်တန့်ခြင်း၊ အပျော်အပါး လိုက်စားခြင်းအားဖြင့် ကလေးသူငယ်များသည် စာတန်မာရ်နတ်၏ အပြစ်သို့ဖြားယောင်း သွေးဆောင်ခံရ ခြင်း၊ အကြောင်းများကို မြင်ခဲ့ရပါသည်။ 

ထို့အပြင်လူသားများက အထင်ကြီးလေးစား ကြသော နာမည်ကျော်ကြားသည့် အဆိုတော်များ ဖျော်ဖြေရေးသမားများနှင့် 
ရဟန်း မင်းကြီးတစ်ပါးသည်လည်း ငရဲဘုံတွင်းသို့ ကျရောက်နေသည်ကို မြင်တွေ့ခဲ့ရပါသည်။ ကောင်းကင်နိုင်ငံတော်သည် ခမ်းနား ထည်ဝါလှသည့်နေရာ ဖြစ်သည်သာမက ၀ိညာဉ် ဆိုးများနှင့် ညစ်ညူးသောရာများ မရှိသည့်နေရာဖြစ်သည်ကို 
အိန်ဂျယ်လီကာအား ဘုရားသခင်က ပြသခဲ့ပါသည်။ 

ယေရှုခရစ်တော်ဘုရားတစ်ဖန်ကြွလာခြင်းသည် သန့် ရှင်းသော ယုံကြည်သူများကိုသာ ခေါ်ဆောင်ဖို့ရန်ဖြစ်ပြီး ထိုနေ့ရက်၌ 
အဆင်သင့် မရှိ သည့် ယုံကြည်သူများသည်၊ ဤလောက၌ 
ကျန်ရစ်ခဲ့မည်ဖြစ်ကြောင်းကို ဖော်ပြခဲ့ပါ သည်။ 

မက်ဇီမာ(အိန်ဂျယ်လီကာ၏မိခင်) 
 ကျွန်မနာမည် မက်ဇီမာဇမ်ဘရာနိုမိုရာ ဖြစ်ပါသည်။ 
EIEmpalme မှာရှိသည့် Casade Orcion အသင်း တော်မှဖြစ်ပါသည်။ ကျွန်မတို့ အစာရှောင်ဆုတောင်း ခြင်းကို (၁၅)ရက်ကြာ ပြုလုပ်ပြီး သမီးအိန်ဂျယ်လီကာ လည်းပါဝင်ခဲ့ပါသည်။ကျွန်မတို့အနားယူသည့် နေရာ၌ သာမက အိမ်ပြန်ရောက်သည်အထိ ဘုရားသခင်၏ စကားတော်ကိုကြားရန် ဆက်ပြီး ဆု တောင်းနေကြပါသည်။ (၁၅)ရက်အကြာ အစာရှောင် ဆုတောင်းနေသည့်အချိန်မှာ ကျွန်မတစ်ခါမှ မကြုံဘူးသော သဘာဝလွန်ကဲသည့် အခြေအနေတစ်ခုကို ကြုံတွေ့ခဲ့ ရပါသည်။ 

ကျွန်မတို့သည် ဘုရားသခင်ထံမှ အသစ်သောခွန်အားများကို ရရှိခဲ့ပါသည်။ ကျွန်မတို့ ကြုံတွေ့နေရသောဒုက္ခပြဿနာ အမျိုးမျိုးကြောင့် မကြာမကြာ စိတ်ဓါတ်ကျ နေရသော်လည်း ကျွန်မတို့ကို ကူညီမစရန် ဘုရားသခင်က ကျွန်မတို့နှင့်အတူ ရှိနေ သည်ဖြစ်ကြောင်းကို သိရှိခဲ့ရပါသည်။ ထိုအချိန်မှာ ဘုရားသခင်က (ယေရမိ - ၃၃း၃) ကျမ်းပိုဒ်အားဖြင့် ခွန်အားပေးခဲ့ပါသည်။ “ ငါ့ကိုခေါ်လော့ ငါထူးမည် ကြီးသောအရာ သင်မသိနိုင်အောင် နက်နဲသောအရာတို့ကိုငါပြမည်။ ” ထိုအစာ ရှောင်ဆု တောင်းနေ 
ချိန်၌ သမီးအိန်ဂျယ်လီကာသည် ဘုရားသခင်ထံမှ အလေး
အနက်ထား တောင်းဆိုခဲ့ သည့် အရာကို ကျွန်မ မသိခဲ့မိပါ။ 

အိန်ဂျယ်လီကာ (သမီး)  
ကျွန်မနာမည် အပြည့်အစုံမှာ အိန်ဂျယ်လီကာအယ်လိဇဘက် ဇမ်ဘရာနို မိုရာ (Angelica Elizabeth Zambrano Mora ) လို့ခေါ်ပါသည်။ ကျွန်မ အသက် (၁၈) နှစ်ဖြစ်ပြီး Colegio Jose Maria Velazco Ibrra El Empalme Euador မှာပညာဆည်းပူး နေပါသည်။ အသက်(၁၂) နှစ် အရွယ်မှာ ယေရှုခရစ်တော်ဘုရားကို လက်ခံခဲ့သော်လည်း မယုံကြည်သူ သူငယ် ချင်းများ အကြားမှာ ကိုယ့်ကိုကိုယ်ပြန်လည် စဉ်းစား ဆင်ခြင်မိသည့်အခါ သူတို့နှင့်မတူလို့ တမူထူးခြားစွာ ခံစားနေရပြီး နောက်ဆုံး မှာ ကျွန်မကိုယ်တိုင်လည်း ဘုရားသခင်နှင့် တဖြည်းဖြည်းဝေးကွာပြီး ဆိုးရွားသည့်ဘ၀ အသက်တာထဲမှာ ကျင်လည်ခဲ့ပါသည်။ ဘုရားသခင်က ကျွန်မကို ထိုဘ၀မျိုးထဲမှ 
ကယ်နှုတ်ပြီး ကျွန်မ၏ (၁၅)နှစ်မြောက်မွေးနေ့မှာ ဘုရားရှင်ထံ ပြန်လည်တိုးဝင် ဆက် ကပ် စေခဲ့ပါသည်။ 

ဆုတောင်းဆက်ကပ် နေပါသော်လည်း ကျွန်မသည် စိတ်နှစ်ခွဖြင့် အသက်ရှင်နေပါသည်။ ကျမ်းစာကပြောသည်မှာ “စိတ်နှစ်ခွရှိသောသူသည် ပြုလေ သမျှတို့၌ မတည်ကြည်သောသူဖြစ်၍ ထာဝရဘုရား၏လက်တော်မှ တစ်စုံတစ်ခုကိုရ မည်ဟု မထင်မမှတ်စေနှင့် ” (ယာကုပ်-၁း၈)။ 

ကျွန်မသည်လဲ ထိုလူအမျိုးအစားထဲက တစ်ယောက်အပါအ၀င် ဖြစ်ခဲ့ ပါသည်။ ကျွန်မအဖေက “မင်းရဲ့မှားယွင်းတဲ့ စိတ်ဓါတ် အကျင့်စရိုက်နှင့် အပြုအမူများက ကြောက်စရာကောင်းတယ်” လို့ သတိပေးဆုံးမခဲ့ တော်လည်း ကျွန်မက “ငါ့သဘော ငါ့ဆန္ဒဘဲ၊ ဘယ်သူကမှ ငါ့ကို သတိပေးစရာမလိုဘူး ” ဆိုပြီး အဖေ့ကိုပြန်အော်ပြောလိုက်ပါသည်။ အဖေက ကျွန်မကို သွန်သင်ဆုံးမ ၍မရ တော့သည့်အဆုံးမှာ “ဘုရားသခင်က မင်းရဲ့နှလုံးသားကို ပြောင်းလဲပစ်ဖို့ စီရင်ပါ လိမ့် မယ်” လို့အဖေက ပြောခဲ့ပါသည်။ ကျွန်မအသက် (၁၇)နှစ်ပြည့် မွေးနေ့ရောက် သည့်နေ့မှာ ကျွန်မ၏ စိတ်ဝိညာဉ်သည်လည်း ဘုရားသခင်နှင့် သာ၍နီးကပ်လာသည်ကို ခံစားမိပါ သည်။ 

ဧပြီလ (၂၈) ရက်နေ့မှာ ဘုရားသခင်ထံ၌ ကျွန်မက “သခင် ! ကျွန်မဟာ အပြစ်သားတစ် ယောက် ဖြစ်ပါတယ်၊ ပြုခဲ့မိတဲ့ မကောင်းမှုတွေ ကြောင့် ၀မ်းနည်းမိပါတယ်၊ ကျွန်မကိုခွင့်လွှတ် တော်မူပါ၊ သခင့်ရဲ့သမီးအဖြစ် လက်ခံပြီး အသက် စာစောင် စာရင်းထဲမှာ ကျွန်မနာမည်ကို ရေးထည့် ပေးတော်မူပါ၊ ကိုယ်တော် ! ကျွန်မရဲ့အသက်တာရှိ မကောင်းသော အကျင့်စရိုက်များကို ပြောင်းလဲပေး တော်မူပါ၊ ကျွန်မနောင်တရပါပြီ သခင်” ဟု စိတ်နှလုံးအကြွင်းမဲ့ဖြင့် ငိုကြွေးကာ ဘုရား သခင်ထံ၌ ကျွန်မ တိုးဝင်ချဉ်းကပ်ခဲ့ပါသည်။ ကျွန်မအသက်တာ ပြောင်းလဲခြင်း၏ 
ထူး ခြားမှုတစ်ခုက ဘုရားသခင်အတွက် အချိန်ပေးလိုခြင်းပင်ဖြစ်ပါသည်။ 

ကျွန်မနေ့တိုင်း ကျမ်းစာဖတ် ဆုတောင်းပြီး ဘုရားကျောင်းလည်း ပုံမှန်တက်ခဲ့ပါသည်။ သြဂုတ်လ (၁၅)ရက် အစာရှောင်ဆုတောင်းရန် ဖိတ်ခေါ်ကြသဖြင့် ကျွန်မ လည်း ပါဝင်ခဲ့ပါသည်။ ဆုတောင်းနေစဉ် အားလုံးနီးပါးကို ဘုရားသခင်က စကားပြော ခြင်း၊ ပရောဖက်ပြုခြင်းတို့ဖြင့် အလိုတော်ကို ဖော်ပြပေးခဲ့ပါသည်။ ကျွန်မအတွက် ဘာ မှဖော်ပြခြင်းမရှိ၍ နိမိတ်လက္ခဏာအားဖြင့် ဖော်ပြပေးပါရန် ဘုရားသခင်ထံ တောင်းလျှောက်ခဲ့ပါ သည်။ “ဘုရားက ငါ့ကိုခေါ်လော့ ငါထူးမည် ကြီးသောအရာ သင်မသိနိုင်အောင် နက်နဲသောအရာကို ငါပြမည်။ ” (ယေရမိ-၃၃း၃) ကျမ်းပိုဒ်အားဖြင့် ရူပါရုံပြ ၍ စကားအသံနှင့် ဖော်ပြပေးခဲ့ပါသည်။ “ကိုယ်တော် ဒီကျမ်းပိုဒ်က ကျွန်မ အတွက် ဖြစ်ပါသလား” ဟု ဘုရားသခင်ကိုမေးခဲ့မိပါသည်။ 

“ငါ့ကို ခေါ်လော့” ဆိုသည့် အဓိပ္ပာယ်က “ဆုတောင်းရန်” ဖြစ်သည်ဟု သဘောပေါက်စေပါသည်။ “ကြီးသောအရာ နက်နဲသောအရာက” ကောင်းကင်နိုင်ငံတော်နှင့် ငရဲကိုဆို လိုခြင်းဖြစ်လိမ့်မည်။ “ဘုရားသခင် ကျွန်မကို ကောင်းကင်ဘုံကို ပြတော်မူပါ၊ သို့သော်လည်း ငရဲဆိုတာ အလွန်ကြောက် စရာကောင်းတဲ့ နေရာဖြစ် ကြောင်း ကျွန်မကြားဖူးလို့ ဘုရားသခင် မဖော်ပြပါစေနဲ့လို့” ကျွန်မဆုတောင်းခဲ့ပါသည်။ ထိုအချိန်ကစပြီး ဘုရားသခင်၏ အသံ တော်ကိုကြားရန်နှင့် 
ဘုရားသခင်၏ အကြောင်းကိုလည်း ကောင်းစွာနားလည်ရန် ပိုမို စိတ်ဝင်စားလာပါသည်။ ထို့ကြောင့် ကျွန်မသိချင်သော အကြောင်းရာအားလုံးကို ဘုရားသခင် အား စတင် မေးမြန်းပြောဆို ပါတော့သည်။ ကျွန်မ၏ ဆုတောင်းချက်များကို ဒီနှစ်သြဂုတ်လမှ နိုဝင်ဘာလ တစ်လျှောက် လုံး တောင်းလျှောက်ခဲ့ပါသည်။ 

တစ်နေ့၌ ဘုရားသခင်၏ အစေခံ တစ်ပါးက ကျွန်မတို့ အိမ်သို့ရောက်လာပြီး “ဘုရားသခင်က သင့်ကိုကောင်းကြီးပေးပါစေ” ဟု ကျွန်မကို နှုတ် ဆက်ကာ “အာမင်” ဟု ပြန်ပြီးဝန်ခံလိုက်ပါ သည်။ ထိုအစေခံက “ငါဟာ ဘုရားသခင်ရဲ့ သတင်းစကားကိုသင့်ဆီသို့ ယူဆောင်လာတာဖြစ်တယ်။
သင်အဆင်သင့် ပြင်ဆင် ထားပါ (ယေရမိ-၃၃း၃) ကျမ်းပိုဒ်နဲ့
ပတ်သက်ပြီး သင်တောင်းလျှောက်ခဲ့သည့်အတိုင်း နက်နဲသောအရာဖြစ်သည့် ကောင်းကင်ဘုံနှင့်ငရဲဘုံကို မကြာမီသင့်အား ပြသမှာ ဖြစ် ပါတယ်” ဆိုပြီး ကျွန်မကိုအသိပေး ညွှန်ကြားခဲ့ပါသည်။ 

ကျွန်မလည်း “ဟုတ်တယ် ကျွန်မဆုတောင်းထားတာကို သင်ဘယ်လို
လုပ်ပြီး သိတာလဲ ကျွန်မဘယ်သူ့ကိုမှ မပြောပြ ခဲ့ဖူးဘူး၊” ဟု ပြန်မေးလိုက်သည့်အချိန်တွင် သူက “ကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်က အရာအားလုံးကို ကျွန်ုပ်အား ပြောပြခဲ့ပါတယ် ” ဟု 
ကျွန်မကို ပြန်ပြော ပြပါသည်။ မကြာမီမှာပင် ကျွန်မတို့ မိသားစုနှင့်အတူ အသင်းတော်မှ အချို့သော ညီအစ်မ တို့က စတင်ဆုတောင်းကြပါသည်။ ဆုတောင်းခြင်းစသည်နှင့် တမဟုတ်ချင်းပင် ကောင်းကင် ဖွင့်လှစ်လာပြီး ကောင်းကင်တမန်နှစ်ပါး ဆင်းသက်ကြွလာသည်ကို၊ ကျွန်မတွေ့မြင်ရပါသည်။ သူတို့အရပ်ကမြင့်ပြီး အတောင်ပံများကလည်း ရွှေရောင်ကဲ့ သို့လှပပြီး လင်းလက်တောက်ပနေပါသည်။ သူတို့မှာ ကြည်လင်တောက်ပသော ဖိနပ် များနှင့် ၀တ်လုံဖြူများကိုလည်း ၀တ်ဆင်ထားကြပါသည်။ ကျွန်မက ကောင်းကင်တမန် များအား ဘာကြောင့်ဒီကို ရောက်နေကြသည်ကို မေးမြန်းလိုက်ပါသည်။ 

သူတို့က “ကောင်း ကင်ဘုံအရပ်နှင့် ငရဲဘုံအရပ်သို့ မင်းသွားရောက် လည်ပတ်ရမှာဖြစ်တယ် ဒီအကြောင်းအရာ ဖြစ်မလာမခြင်းငါတို့ ထွက်ခွါသွားမှာမဟုတ်ဘူး ” ဟုပြုံးပြီး အသိပေး ပြောဆိုကြပါသည်။ “ကောင်းတယ် ဒါပေမယ့် ကျွန်မကကောင်းကင်ဘုံကိုဘဲ မြင်ချင် တယ်၊ ငရဲဘုံကိုတော့ မမြင်ချင်ဘူး ” ဟု ပြန်ပြောလိုက်ပါသည်။ ကျွန်မတို့ ဆုတောင်း ခြင်း အစီအစဉ် ပြီးဆုံးသွားခဲ့သော်လည်း ကောင်းကင် တမန်များက ဆက်လက်၍တည် ရှိနေကြသည်ကို ကျွန်မမြင်တွေ့ရပါသည်။

 ထို့အပြင် ကောင်းကင်တမန်များထက် လှပဖြူစင်ပြီး ချစ်ခြင်းမေတ္တာ နဲ့ပြည့်စုံသည့် သန့်ရှင်းသောဝိညာဉ်တော်ဘုရားကိုလည်း ကျွန်မ မြင်တွေ့ရပါ သည်။ “ငါသည် မင်းနဲ့အတူရှိနေတယ်”ဟူသော 
သန့်ရှင်းသော ၀ိညာဉ်တော်၏ ချိုသာသော စကားသံကြောင့် ကျွန်မ၏ အနာဂတ်ဘ၀မှာ ဘယ်လို အခက်အခဲမျိုး နဲ့ကြုံတွေ့နေရပါစေ ဘုရားသခင်နှင့်အတူ ရုန်းကန်လှုပ်ရှားဖို့ စိတ်ဆုံး ဖြတ် ထား လိုက်ပါတော့သည်။ ကျွန်မတို့ခက်ခဲမှုတွေ ကြုံတွေ့နေသည့် အချိန်
မှာလည်း ထိုခက်ခဲမှု၏ နောက်ကွယ်မှာ အောင်မြင်ခြင်းဆိုသည့် အရာတစ်ခုက ကျွန်ုပ်တို့အား စောင့်ကြိုနေသည်ကို 
သိနားလည်ရပါသည်။

 “ကိုယ်တော် ! ကိုယ်တော်ရဲ့ အလိုတော် အတိုင်း ဖြစ်စေတော်မူပါ” ဟု ကျွန်မဆုတောင်းခဲ့ပါသည်။ ကျွန်မတို့ ကျောင်းစာသင် ခန်းမှာလည်း ထိုကောင်းကင်တမန်များ ရှိနေသည်ကို ကျွန်မသတိ ထားမိပါသည်။ ကောင်းကင်တမန်များကို တကယ်မြင်တွေ့ရသည်ဖြစ်၍ ကျွန်မအင်မတန် ၀မ်းမြောက် နေမိပါသည်။ ကျွန်မတို့အိမ်ကို ရောက်လာသည့် ဘုရားသခင်၏ အစေခံက ကျွန်မကို “မကြာခင် မင်းသေရတော့မယ်၊ ကောင်းကင်ဘုံနှင့် ငရဲဘုံအရပ်ကို မင်းမြင်တွေ့ရ တော့မယ်၊ မင်းအဆင်သင့်ပြင်ထားပါ” ဟု ပြောပြပါသည်။ဤအကြောင်းအရာကို ကျွန်မလုံးဝ မစဉ်းစားနိုင်ခဲ့ပါ။ 
“ကျွန်မ အသက်ငယ်သေးတယ် ဘယ်လိုလုပ်ပြီး သေရ မှာလဲ” ဟု 
ကျွန်မ ပြန်မေးလိုက်ပါသည်။ ဘုရားသခင်၏ အစေခံက “ဤအရာနဲ့
ပတ် သက်လို့ စိတ်မပူပါနဲ့၊သင့်ရဲ့ အသက်ကို ဤလောကထဲသို့ ဘုရားသခင်ပြန်လည် ပို့ ဆောင်ပေးမှာဖြစ်တယ်၊ ဘုရားသခင်က အရာခပ်သိမ်းကို တတ်နိုင်သောဘုရားဖြစ်ပါ တယ်။ 

သင့်ကိုသိစေမြင် စေခြင်တဲ့ ကောင်းကင်နဲ့ငရဲ အကြောင်းကို လူသားတွေအား ပြန်လည်ပြီး သက်သေခံနိုင်ရန်ဖြစ်ပါတယ်။” ဟု 
ကျွန်မကို အားပေးနှိုးဆော်ခဲ့ရာ ကျွန်မ လည်း “အာမင်” ဟု ၀န်ခံခဲ့ပြီး “ဒါဆို ကျွန်မ ဘယ်လိုနည်းနဲ့ သေရမှာလဲ ကားတိုက်ခံပြီး သေရမှာလား” ဟု စိတ်တုန်လှုပ်ပူပန်စွာဖြင့် ပြန်မေးလိုက်ပါသည်။ ဘုရားသခင်က 
“စိတ်မ ပူပါနဲ့ အရာအားလုံးငါပိုင်တယ်”ဟု မိန့်တော်မူခဲ့ရာ ကျွန်မလည်း “ကျေးဇူးတင် ပါတယ် သခင်” ဟု ၀န်ခံဆက်ကပ်လိုက်ပါတော့သည်။

No comments:

Post a Comment