ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

July 18, 2019

အပယ်ငရဲ ၌ နံပါတ် ၆၆၆ ရှိသည် (အပိုင်း-၃)

ယေရှုဘုရားက စကားပြောနေစဉ်မှာပင် အရာခပ်သိမ်းများက ရုတ်တရက် စတင်ရွေ့ လျားလာပါသည်။ မြေကြီးကတုန်လှုပ်ပြီး ပွင့် ဟလာပါသည်။ မည်းမှောင်နေသည့် တွင်းနက်ကြီး တစ်ခုကို ကျွန်မမြင်တွေ့ရပါသည်။ ကျွန်မတို့ကျောက်တုံးကြီးပေါ်မှာ ရပ်နေစဉ် ကောင်းကင်တမန်များက ကျွန်မတို့ကို ၀န်းရံလျက် ရှိပါသည်။ “သခင်၊ ဟို နေရာကို ကျွန်မ မသွားချင်ဘူး” ဟု ပြောဆို နေမိပါ သည်။ “သမီး မကြောက်ပါနဲ့ ၊ငါမင်းနဲ့အတူ ရှိနေပါ တယ်”ဟု ကိုယ်တော်က ကျွန်မကို 
အားပေးတော်မူ ခဲ့ပါသည်။ ထို့နောက် အလွန်မည်းမှောင်နေသည့် ထိုတွင်းနက်ကြီးထဲ သို့ကျွန်မတို့ ဆင်းသွားကြပါသည်။ 

ထိုတွင်းနက်ကြီးသည် အလွန်ကြောက် စရာ ကောင်း လောက်အောင် မဲမှောင်နေပါသည်။ အလွန်ကြီးမားလှသော မြင်ကွင်းကြီး တစ်ခုနှင့် သန်းပေါင်းများစွာသော လူသားများ၏ အော်ဟစ်သံကို ကျွန်မကြား 
လိုက်ရ ပါသည်။ ကျွန်မ၏ ခန္ဓာကိုယ်ကို ကျွမ်းလောင်နေသလိုမျိုး ပူလောင်ခြင်းကို ကျွန်မ ခံစား ရပါသည်။ “သခင် အဲဒါဘာလဲ ကျွန်မ မသွားချင်ဘူး ”ဟု ပြောဆိုရာတွင် သခင်ယေရှုဘုရားက “ဤနေရာဟာ အပယ်ငရဲမီးအိုင် ဖြစ်တယ်”ဟု ကျွန်မကို ပြောပြ ပါသည်။ အလွန့်အလွန်ကြောက်စရာ ရွံစရာကောင်းပြီး အလွန်အော်ဂလီဆန်ကာ 
အနံ့ ဆိုးများက မခံမရပ်နိုင် လောက်အောင် ပုပ်စပ်နံစော် လျက်ရှိသော
နေရာ ဖြစ်ပါသည်။ ကျွန်မကို ထိုနေရာသို့ခေါ်ဆောင်မသွားရန် တောင်းပန်ရာတွင် ယေရှုက “ သမီး၊ မင်း လေ့လာရမယ့် နေရာဖြစ်တဲ့ အတွက်ကြောင့် မင်းသွားရမှာဖြစ်တယ်”ဟူ၍ ဆိုလေ သည်။

 “ဘာကြောင့်လဲသခင်၊ ဘာကြောင့်လဲ” ဆိုပြီး ကျွန်မငိုယိုကာ မေးမြန်းနေ မိပါ သည်။ လောကီသားတို့အား ဒီအမှန်တရားကို အသိပေးရန် သင့်ကိုငါ ရွေးကောက် တော်မူခြင်း ဖြစ်သည်။ “လူပေါင်းမြောက်များစွာက ဒီပျက်စီးခြင်းထဲသို့ ရောက်နေကြရပြီး ငါ့ရဲ့ကောင်း ကင် နိုင်ငံတော်ထဲသို့ ၀င်စားရတဲ့သူဟာ အလွန် နည်းပါးလှပါတယ်။” (မဿဲ ၇း၁၄) ဟု သခင်ယေရှုဘုရားက မိန့်တော်မူခဲ့ပါသည်။ ထိုသို့မိန့်တော်မူစဉ်မှာပင် ယေရှု ဘုရား၏ မျက်ရည်များတသွင်သွင် စီးကျနေပါတော့သည်။

 သခင်ယေရှု ဘုရား၏ စကားတော်ကြောင့် ကျွန်မဆက်လက် ကြည့်ရှုလေ့လာ ဖို့ရန် ပိုမိုပြီးစိတ်ဝင်စားစေပါ သည်။ ငရဲတွင်းကြီး အဆုံးသို့ရောက်သောအခါ အရှိန်အဟုန်နှင့်ကျွမ်းလောင်နေ သော မီးလျှံကြီး တစ်ခုကို တွေ့မြင်ရပါသည်။ “သမီး ဒီစာရွက်နှင့်ခဲတံကို 
ယူပြီးမင်း ကြားနေရ၊ မြင်နေရ သမျှသော ဒီအကြောင်းအရာတွေကို မှတ်တမ်းတင်ထားပါ။ ”ဟု သခင်ယေရှုဘုရားက မိန့်ဆိုခဲ့ပါသည်။ “ဟုတ်ကဲ့သခင် ၊၀ိညာဉ်ပေါင်း မြောက်များစွာ ဟာ ဒီအပယ်ငရဲ 
မီးအိုင်ထဲမှာ ထာဝရဒုက္ခဝေဒနာ ခံစားနေကြရတယ် ဆိုတာကို ကျွန်မမြင်တွေ့နေရပါ တယ်။ ” 

 (မက်ဇီမာ-----) ကျွန်မသမီးလေး လဲလျောင်းနေသည်မှာ အချိန် အတော်ကြာလာ ပြီဖြစ်ပါသည်။ “ဘာတွေဖြစ် ပျက် နေတာလဲ သခင်”
ဟူ၍ ကျွန်မမေးလိုက်မိပါသည်။ သမီး ရဲ့မျက်လုံး ထဲကနေ မျက်ရည်များ စီးထွက်လာပါသည်။ ထိုမျက်ရည်များကို ကျွန်မ သုတ်ပေးလိုက် သော်လည်း မျက်ရည်များက တဖန်စီးကျလာပါသည်။ သမီးလေး အသက်ရှူမရှူ 
သိလို သောကြောင့် သူ့ရဲ့နှုတ်ခမ်းပေါ်မှာ မှန်ကလေးတစ်ချပ်ကို တင်ထားလိုက်ပါသည်။ အသက်ရှူခြင်းလုံးဝ မရှိတော့ပါ၊ သွေးခုန်နှုန်း လည်းမရှိတော့ပါ။ ဘုရား၏အစေခံက “သမီး ရောက်ရှိနေတဲ့နေရာက သာယာပျော်ရွင်တဲ့ နေရာတော့ မဟုတ်ဘူး၊ ဒုက္ခ ဝေဒနာများ ခံစား
 နေရတဲ့ နေရာဖြစ်တယ်။” လို့ ပြောပြ ပါသည်။ 

(အိန်ဂျယ်လီကား-----) “ငရဲဘုံ တကယ်ရှိတယ်ဆိုတာ ကျွန်မ သက်သေခံပါ့မယ်၊လူတွေကို ပြောပြပါ့ မယ်၊ ဒီနေရာကနေ 
ကျွန်မကို အခုခေါ်ထုတ် တော်မူပါ” ဟူ၍ သခင် ယေရှကို ကျွန်မ အသနားခံတောင်းလျှောက်နေမိပါသည်။“သမီး မင်းကို ငါမြင်စေချင်
တဲ့နေရာ မရောက် သေးဘူး၊ ဘာကြောင့် ထွက်ခွါသွားဖို့ ပြောနေတာလဲ။” “သခင်၊ မဟုတ်ဘူး ...မဟုတ်ဘူး …..မဟုတ်ဘူး. ကျွန်မဆက်ပြီး မသွားချင်တော့ဘူး ”ဟု ငိုယိုအော်ဟစ်ပြီး ပြောသည့် အခါ “ဒီနေရာကို မင်းမြင်ဖို့လိုအပ်တယ်” ဟု သခင်ယေရှုက ပြန်လည်ပြောဆိုပါသည်။ 

ဆက်လက်ကြည့်ရှုတဲ့အခါ အလွန်ကြောက်စရာကောင်းသည့် နတ်ဆိုးအကြီး အငယ်များကို ကျွန်မတွေ့မြင်လိုက်ရပါသည်။ သူတို့လက်ထဲမှာ အရာတစ်ခုကို ကိုင် ဆောင်ထားပြီး အလျင်အမြန် ပြေးလွှားနေကြသည်ကို ကျွန်မတွေ့မြင်ရပါသည်။ “သခင်၊ သူတို့ဘာကြောင့် အလျင်အမြန် ပြေးနေကြတာလဲ၊ လက်ထဲမှာ ဘာတွေကိုင် ဆောင် ထားကြတာလဲ ” ယေရှုက “သမီး နတ်ဆိုးတွေဟာ သူတို့ရဲ့အချိန်
နာရီတွေ မကြာခင် ကုန်ဆုံးတော့ မှာဖြစ်တဲ့အတွက်ကြောင့် လူသားတွေကို ဖျက်ဆီးဖို့ရန် ပြေး လွှားနေကြတာဖြစ်တယ်။ အထူးသဖြင့် ငါ့ကိုယုံကြည် တဲ့သူတွေကို ဖျက်ဆီးဖို့ရန် ဖြစ် တယ်။ နတ်ဆိုး တစ်ကောင်စီတိုင်းမှာ သူတို့ဖျက်စီးရမည့် လူ၏နာမည် ကိုရရှိထား ကြ တယ်။ နာမည်အလိုက် လက်နက်ပရိယာယ် အမျိုးမျိုးတွေကို ကိုင်ဆောင်ထားပြီး ထိုသူ တွေကို ဖျက်ဆီးဖို့ရန် အပြေးအလွှား သွားလာလှုပ်ရှား နေကြတာဖြစ်တယ်၊ (လက်နက် ပရိယာယ်ဆိုသည်မှာ.....

 ဥပမာ။ ။ ငွေကြေး တပ်မက်သော သူများအား ငွေကြေးများကို တပ်မက်စွဲလမ်းစေသော လက်နက်ပရိယာယ် တန်ဆာပလာများအားဖြင့် သော်လည်း ကောင်း၊ ကာမဂုဏ်တပ်မက်သော သူများအား ကိလေသာကာမဂုဏ် စွဲလမ်းခံစားစေ သော လက်နက်ပရိယာယ် တန်ဆာပလာများအားဖြင့် သော်လည်းကောင်း၊ လောက၌ အောင်မြင် ကျော်ကြားပြီး လူအများ၏ ချီးမြောက်ခြင်းများကို တပ်မက်သောသူ များ အား လောက၌ရှိသော အောင်မြင်ကျော်ကြားခြင်း၊ လောကီ စည်းစိမ်ဝါကြွားခြင်း တည်းဟူသော လက်နက်ပရိယာယ် တန်ဆာပလာ များအားဖြင့် သော်လည်းကောင်း၊ မူးယစ်သောက်စားပျော်ပါး ခြင်းများကို တပ်မက်သောသူများအား မူးယစ်သောက်စား ပျော်ပါးခြင်းများကို စွဲလမ်းစေသော လက်နက်ပရိယာယ် တန်ဆာပလာများနှင့်သော် လည်းကောင်း ထောင်ချောက်များဆင်ကာ အပြစ်သို.့ သွေးဆောင်ဖြားယောင်းပြီး အပယ်ငရဲသို့ ကျရောက်စေသည့်) 
နတ်ဆိုးများ၏ လက်ထဲ၌ နာမည်စာရင်းရရှိထားသော လူတွေကို အပြစ်သို့သွေးဆောင်ဖြားယောင်းဖျက်ဆီးပြီး ငရဲထဲသို့ မရောက်ရောက်အောင် လုပ်ဆောင်ရတာဟာ နတ်ဆိုးများရဲ့ 
အဓိကရည် ရွယ်ချက်ဖြစ် ပါတယ်၊ နတ်ဆိုးများက လောကီသားများကို အပယ်ငရဲထဲ ကျရောက်ဖို့ နည်း လမ်းအမျိုးမျိုးနှင့် လှည့်စားဖို့ရန် ကမ္ဘာမြေကြီးဆီသို့ အလျင်အမြန် ဦးတည် သွားနေ ကြတာဖြစ်တယ်” 
ဟု ကျွန်မကို ရှင်းပြတော်မူလျက် သခင်ယေရှု၏ မျက်ရည် များ စီးကျ လျက်နေပါသည်။ အချိန်တိုင်းလိုလိုဘဲ ကိုယ်တော် ငိုကြွေးနေပါသည်။ 

ကျွန်မလည်းဘဲ မျက်ရည် ကျလာပါ တော့သည်။ ယေရှုက “ငါပြသမဲ့နေရာကို ကြည့်ရှုဖို့ အဆင်သင့် ဖြစ်ပြီလား” ဟု ကျွန်မကို မေးမြန်းတော်မူခဲ့ရာ “ဟုတ်ကဲ့ပါ သခင်” ဟု ပြန်ဖြေလိုက်ပါ သည်။ ထိုနောက် ယေရှုက အပယ်ငရဲမီးအိုင်ထဲမှာ ဒုက္ခဝေဒနာ ခံစားနေရသော လူငယ်တစ်ဦးရှိရာ အချုပ်ခန်း ဘက်ဆီသို့ ကျွန်မကို ခေါ်ဆောင် သွားပါသည်။ ထိုအချုပ်ခန်းတွင် ရေးမှတ်ထားပြီးဖြစ် သော နံပါတ်
များလည်း ပျက်စီးယိုယွင်း နေသည်ကို ကျွန်မ သတိထားမိပါသည်။ 
ထို အချုပ်ခန်းထဲတွင် ကြီးမားသော သတ္တုပြားတစ်ခုလည်း ရှိပါသည်။ ထိုလူငယ်၏ နဖူး ပေါ်မှာ (၆၆၆) နံပါတ် ကိုလည်းတွေ့ရပါသည်။ 

ကြီးမားသော သတ္တုအပြားတစ်ခုသည် သူ၏ခန္ဓာကိုယ် အထဲထိ
နစ်အောင် စိုက်ဝင်နေပါသည်။ သူ့ကိုကိုက်ဖျက်စား သောက် နေသော လောက်ကောင်များသည် ထိုသတ္တုပြားကို မဖျက်ဆီးနိုင် သည့်အပြင် ငရဲမီး လျှံသည်လည်း ထိုသတ္တုပြားကို ကျွမ်းလောင်နိုင်ခြင်းမရှိပါ။ “ အရှင်ဘုရား၊ အကျွန်ုပ်ကို သနားတော်မူပါ၊ ဤနေရာမှ ကျွန်တော့်ကို ကယ်ထုတ်တော်မူပါ၊ အကျွန်ုပ် ကိုခွင့်လွှတ် တော်မူပါသခင် ” ဟူ၍ သူကအော်ဟစ်တောင်းဆို နေပါသည်။ယေရှုက “နောက်ကျ သွားပြီ၊ အရမ်းကိုနောက်ကျ သွားပြီ၊ ငါမင်းကို အချိန်အကြာကြီး ပေးခဲ့ပေမယ့်၊ မင်းက နောင်တ မရခဲ့ဘူ” ဟု ပြန်ပြော လိုက်ပါသည်။ “ သခင် ဘာကြောင့်သူဒီနေရာမှာ ရောက်ရှိနေရတာလဲ ”ဟုမေးမြန်းရာတွင် ကျွန်မစိတ်ထဲမှာ“ ဒီကောင်လေးကဘုရားကိုသိပေမယ့် မကောင်းတဲ့ အရက်သေစာ သောက်စားပြီး၊ လမ်းမှားသို့ရောက်နေတယ်၊ ဘုရားစကား ကိုနားမထောင်ဘူး၊ နောက် နောင်မှာ သူဘယ်လိုဖြစ်လာမယ်
ဆိုတာ သခင်ယေရှု က အကြိမ်ကြိမ် သတိပေးလျက် ရှိခဲ့တယ်၊ ”
 ဆိုတာ ပြန်လည်ပြီးသတိထားမိပါသည်။ 

မျက်ရည်ကျလျက် ယေရှုက “ ငါ့ကိုပယ်၍ ငါ့စကားကို နားမခံသော 
သူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟော ပြောသောစကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်ရမှာဖြစ်သည်။ (ယော-၁၂း၄၈) ထို့ကြောင့် သူကဤ နေရာသို့ ရောက် ရှိနေရ ခြင်းပင်ဖြစ်ပါသည်။” ခရစ်တော်၏ မျက်ရည်ကျခြင်းသည် ကျွန်မတို့ မျက်ရည်ကျခြင်း နှင့်လုံးဝမတူဘဲ သခင့်ရဲ့ ရင်ထဲမှာနက်ရှိုင်း နာ ကျင်စွာ ခံစားနေရလွန်းလို့ ငိုရှိုက် နေရခြင်းမျိုးပင် ဖြစ်ပါသည်။ ကိုယ် တော်က “ ငရဲကို လူသားတွေ 
အ တွက် ငါဖန်ဆင်းခဲ့တာ မဟုတ်ဘူး ” ကျွန်မက “ သခင်၊ ဘာကြောင့်လူ တွေ ငရဲကို ရောက်နေကြရတာလဲ ” ဟု ပြန်ပြီးမေးလိုက်ရာ ယေရှုက
 “ သမီး ငရဲဟာ စာတန်နှင့်သူ့ရဲ့ ငယ်သား များဖြစ်တဲ့ နတ်ဆိုးများအတွက်ဘဲ (မဿဲ-၂၅း၄၁) ငါဖန်ဆင်းခဲ့တာဖြစ်တယ်၊။

 လူတွေက အပြစ်မှ နောင်တမရချင်ကြဘူး ဒါ့ကြောင့် ငါ့ထံဘုန်းတော်ဝင်စားတဲ့သူ အလွန်နည်းပါးပြီး မြောက်များလှစွာသော လူတွေက အပယ်ငရဲထဲသို့ ရောက်နေကြ ရတာ ဖြစ်တယ် ” ခရစ်တော်၏ ၀မ်းနည်းကြေကွဲခြင်းသည် ကျွန်မကို တစ်ကယ်ခံစား စေပါသည်။ 
“ သမီး လူသားတွေ ထာဝရဒုက္ခ ဝေဒနာခံစားရမယ့် ဒီနေရာကို 
လူသားများ မရောက်လာရလေအောင် ငါ့အသက်ကို သူတို့အတွက် ငါပေးဆပ်ခဲ့တယ်၊ သူတို့ အပြစ်မှနောင်တရပြီး ငါ့ရဲ့ကောင်း ကင်နိုင်ငံတော်ထဲသို့ ရောက်လာနိုင်ဖို့ရန် ကြီးမား သော မေတ္တာ 
ဂရုဏာနှင့် ငါပေးဆပ်ခဲ့ရခြင်းဖြစ်တယ် ” ဆိုပြီး ခရစ်တော်က 
သူ့ဘက် မှာ တစ်ဦးတစ်ယောက်မျှ ရပ်တည်ခြင်း မရှိသည်ကို အလွန်ခံစားရပြီး ငရဲထဲမှာကျ ရောက်နေသည့် လူသား
များကိုကြည့်ကာ ၀မ်း နည်းပူဆွေးနေပါသည်။ 

 ယေရှုနှင့်အတူ ရှိနေခြင်းသည် ကျွန်မကို လုံခြုံစိတ်ချမှု ရှိစေပါသည်။ ဘုရားသခင်ကို ကျွန်မ လက်လွှတ်မိလျှင် ဤနေရာမှ ကျွန်မ ပြန်လည် လွှတ်မြောက်လာနိုင်တော့မည် မ ဟုတ်ကြောင်း သိနားလည်မိပါသည်။ “ သခင် ဒီငရဲထဲမှာ သမီးရဲ့ ဆွေမျိုးသားချင်းတွေ ရှိသ လား ” ဟု မေးကြည့်လိုက်ရာ ယေရှုက စိုးရိမ် ပူပန်ခြင်းနှင့် ငိုယိုနေ သော ကျွန်မ၏ခံစားမှု ကြောင့် “ သမီးငါမင်းနဲ့အတူရှိနေမယ် ”ဟု ပြန် ဖြေတော်မူခဲ့ပါသည်။ ကျွန်မကို အခြား တစ်နေ ရာဆီသို့ ပြန်ခေါ်ဆောင်သွားပါသည်။ ဤနေ ရာမျိုးမှာ ကျွန်မ၏ ဆွေမျိုး
သားချင်းများ ရှိနေ မည်ကို တစ်ခါမျှ မစဉ်းစားမိခဲ့ဖူးပါ၊ နတ်ဆိုးတွေက အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ် တစ်ခုလုံးကို လှံချွန်နှင့်ထိုးနှက်နေပြီး လောက်ကောင်များကလည်း သူ၏မျက်နှာ တစ်ခုလုံးကို ကိုက်ဖြတ်စားသောက်နေသည်ကို ကျွန်မမြင်တွေ့ရပါသည်။ 

သူကလည်း အော် ဟစ်ငိုကြွေးကာ “ ကိုယ်တော် ကျွန်မကိုကယ်မ သနားတော်မူပါ ခွင့်လွှတ်တော်မူပါ ဤ နေရာကနေ တစ်မိနစ်ထဲဘဲ ကျွန်မကို လွှတ်မြောက်ခွင့် ပေးတော်မူပါ (လုကာ ၁၆း၂၄) ” ဟု အော်ဟစ် ငိုယိုကာ တောင်းပန်နေပါသည်။ လူသားများက ကမ္ဘာပေါ်မှာ သူတို့ပြုခဲ့သော ပြစ်မှားခြင်း တစ်ခုစီအားဖြင့် ငရဲ ထဲမှာ ပြင်းထန်စွာဝေဒနာများ ခံစားနေရကြပါသည်။ နတ်ဆိုးများကလည်း “ ဤနေရာ က မင်းတို့ရဲ့နိုင်ငံဖြစ်တယ်၊ ချီးမွမ်းကြ ကိုးကွယ်ကြပါ ” ဆိုပြီး ထိုလူများကို ပြက်ရယ် ပြု ကာ လှောင်ပြောင် နေကြပါသည်။ 

ထိုသို့သော စကားကြောင့် ကိုယ်တော်ဘုရား၏ စကားတော်ကို ပြန်လည်သတိရ၍ မြည်တမ်းနေကြသော လူများကိုလည်း နှစ်ဆသော ဝေဒနာကို ခံစားစေပါသည်။ သခင်က “ လောကမှာရှိနေတဲ့ လူသားတွေအတွက် အခွင့်အရေးတွေ ရှိနေသေးပေမယ့် အပယ်ငရဲထဲမှာ ရောက်ရှိနေကြတဲ့ လူသားတွေ အတွက်ကတော့ ဘာအခွင့်အရေးမှ မရရှိနိုင်ကြတော့ ပါဘူး ” ဟု သတိပေးတော်မူခဲ့ ပါ သည်။ “ကိုယ်တော်သခင် !...ဘာဖြစ်လို့သမီးရဲ့ အဘွားက ဒီငရဲထဲကို ရောက်နေရတာ လဲ၊ သူက သခင့်ကို ကိုးကွယ်ခဲ့တဲ့သူ မဟုတ်ဘူးလား ” ဟု ကျွန်မက မေးမြန်းလိုက်ပါ သည်။ သခင်ယေရှုက “သမီးရဲ့အဘွားမှာ ခွင့်လွှတ်ခြင်းမရှိလို့ ငရဲထဲရောက်နေရခြင်း ဖြစ်တယ် ” ဟု ရှင်းပြတော်မူခဲ့ပါသည်။ 

“ သူတစ်ပါး၏ အပြစ်ကို ခွင့်မလွှတ်သောသူကို ငါလည်းထိုသူ၏ အပြစ်ကို ခွင့်လွှတ်မှာမဟုတ်ဘူး ” (မာကု-၁၁း၂၆) ။ ဟူ၍ သခင်ယေရှု က ကျွန်မကို သတိပေး သွန်သင် ပြောဆို ခဲ့ပါသည်။ “ ကိုယ်တော်ဟာ ခွင့်လွှတ် သနားခြင်းနဲ့ ပြည့်စုံတဲ့ ဘုရားမဟုတ်ဘူးလား”ဟူ၍ ကျွန်မကပြန်ပြီး မေးလိုက်ရာ ခရစ်တော်က “ဟုတ်တယ်သမီး၊ ဒါပေ မဲ့ သူတို့က 
သူတစ် ပါးတွေ အပေါ်မှာ ခွင့်လွှတ်ခြင်း မရှိကြဘူး၊ ဒါ့ကြောင့် 
ငရဲထဲသို့ ကျရောက်နေရတာ ဖြစ်တယ်။ မင်းသွားပြီး ငါ့ရဲ့လူတွေကို အထူးသဖြင့် ခွင့်လွှတ်ခြင်း ရှိအောင် ပြောပြ လိုက်ပါ။ 

အထူးသဖြင့် သူတို့ရဲ့ ရန်ငြိုးဖွဲ့ခြင်း၊ နာကျင်ဒေါသ ဖြစ်ခြင်းများကို ဖယ်ရှား ပစ်ပြီး အဲဒီအရာတွေကို သူတို့ရဲ့ စိတ်နှလုံးသားထဲမှာ မသွင်းထားကြဖို့ ပြောပြလိုက် ပါ။ သူတစ်ပါး အပြစ်ကို ခွင့်လွှတ်ပေးကြပါ။ ကိုယ့်အသက်ကို ပိုင်တဲ့သူ တစ်ယောက်မျှ မရှိဘူး၊ ခွင့်လွှတ်ခြင်း မရှိတဲ့သူတွေ သေဆုံးသွားပြီး တဲ့နောက်မှာ အပယ်ငရဲထဲသို့ ကျ ရောက်လာရမှာ ဖြစ်တယ်။”ဟု ယေရှုဘုရားက မိန့်တော်မူခဲ့ပါသည်။ ထိုနေရာမှ 
ကျွန်မ တို့ ထွက်ခွါသွားသည့်အချိန်မှာ ကျွန်မအဘွား၏ ခန္ဓာကိုယ် တစ်ခုလုံးကို မီးလောင် ကျွမ်းပြီး “အား”ဆိုသည့် အသံနှင့် ညည်းတွားမြည်တမ်းနေကာ ဘုရားသခင်၏ နာမ တော်ကို စတင်
ကျိန်ဆဲ ပုတ်ခတ်ပြောဆိုနေသည်ကို ကျွန်မကြားလိုက်ရပါသည်။ 

ငရဲမီး အိုင်ထဲ ရောက်နေသောသူ တိုင်းကလည်း ဘုရား သခင်ကို ဆန့်ကျင်ပြီး နာမတော်ကို ပုတ်ခတ်ကဲ့ရဲ့ ပြောဆိုနေကြပါသည်။ ၀ိညာဉ်များစွာက အပယ်ငရဲထဲမှာ ထာဝရဒုက္ခဝေဒနာများ ပြင်းထန်စွာခံစား နေရကြောင်းကို ထိုနေရာမှာ ကျွန်မမြင် တွေ့ခဲ့ရပါသည်။ လူတွေက 
ငရဲထဲမှ လွှတ် မြောက်ဖို့ရန် သခင်ယေရှုထံသို့ လက်တွေဆန့်တန်းပြီး အော်ဟစ်တောင်းဆို နေကြပါ သည်။ သူတို့ကို ကူညီဖို့ရန် အချိန်တွေနှောင်းသွားပြီ ဖြစ်သည့် အတွက်ကြောင့် သခင့် ကို 
ပုတ်ခတ်ကဲ့ရဲ့ ပြောဆိုနေကြပါသည်။ သခင်ယေရှုက မျက်ရည်
ကျကာ “သူတို့အော် သံကို ငါမကြားရက်ဘူး၊ ဘာတွေဖြစ်နေကြ
သည်ကို ငါမကြည့်ရက်ဘူး၊ သူတို့ကို ကယ် တင်ဖို့ရန် အခွင့်အခါ မရှိတော့ဘူး၊ ငါပြောချင်တဲ့အရာကတော့ လောကမှာ အသက် ရှင်နေသေးတဲ့ လောကီသားတွေကို ကယ်တင်နိုင်ဖို့ရန် ငါ့မှာ အခွင့်အရေးတွေ ရှိနေ သေးတယ်၊ ထိုသူတို့က အပြစ်မှနောင်တရဖို့ 
အဓိက ဖြစ်တယ်” ဟု သနား ကြင်နာစွာ ဖြင့် သခင်ယေရှုက 
ကျွန်မကို ပြောကြားတော်မူခဲ့ပါသည်။ 

သခင်က “ လောကမှာ နာမည်ကျော်ကြား တဲ့ ပုဂ္ဂိုလ်ကြီးများနှင့် မြောက်များလှစွာသော ဘုရားသခင်ကို သိရှိတဲ့ လူတွေကလည်း ငရဲထဲ သို့ ရောက်ရှိနေကြတယ် ” ဟုမိန့်ဆိုခဲ့ ပါသည် သခင်ယေရှုက အခြားသော မီးလျှံကြီး ရှိသည့် နေရာကို ခေါ်ပြပါသည်။ မီးလျှံကြီး ၀န်းရံနေ သည့် အမျိုးသမီးတစ်ဦး ရှိသည့်နေရာသို့ ကျွန်မ တို့ ရောက်ရှိသွားပါသည်။ သူမက လည်းပြင်း ထန်သော ဝေဒနာခံစားမှုနှင့် ဘုရားသခင်၏ သ နားခြင်း ဂရုဏာတော်ကို တောင်းခံနေပါသည်။ ယေရှုက ထိုအမျိုးသမီး ရှိသည့်နေရာကို လက် ညိုးညွှန်ပြကာ “ သမီး ဟို အမျိုးသမီးက 
စယ်လီ နာဖြစ်တယ် ” သူရှိသည့် နေရာကို ကျွန်မတို့ ရောက်သွား
သည့်အခါ စယ်လီနာက သခင် “ ကျွန်မကို သနားပါ ခွင့်လွှတ်ပါ လွှတ်မြောက်ခွင့်ပေးပါ ” ဟုဆိုပြီး အသနားခံ တောင်းဆိုနေပါသည်။ 

သခင်က “ မင်း နောက်ကျ သွားပြီ အရမ်းဘဲ နောက်ကျသွားပြီ မင်းအခုချိန်ရောက်မှဘဲ နောင်တရတာဟာ ဘာမှ မထူးတော့ဘူး ” ဟု သခင်ယေရှုက တုန့်ပြန်လိုက်ပါသည်။ စယ်လီနာက ကျွန်မကိုကြည့်ကာ “ ကျွန်မတောင်းပန်ပါတယ် လူသားများအား ကျွန်မရဲ့ သီချင်းတွေကို မဆိုဖို့ နားမထောင်ဖို့နဲ့ ဒီငရဲထဲကို မရောက်လာကြဖို့ရန် ကျေးဇူးပြုပြီး ပြောပြပေးပါ ” လောကကို၎င်း၊ လောက၌ရှိသောအရာတို့ကို၎င်း၊ မချစ် ကြနှင့် လောကကို
ချစ်သောသူမည်သည်ကား ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ (၁ယော-၂း၁၅) ဟူ၍ မှာကြားကာ ကျွန်မကလည်း “ ဘာဖြစ်လို့ ပြောစေချင်တာလဲ ” လို့ သူမကို ပြန်မေးလိုက်ပါသည်။ သူမက 
“ လူတွေက ကျွန်မရဲ့ သီချင်းတွေကို နား ထောင်လေလေ သီဆိုလေလေ ကျွန်မရဲ့ခံစားမှု ဝေဒနာတွေက ပိုမိုပြင်းထန် များပြား လေလေဖြစ်ပါတယ်။

 ဒါကြောင့် ထိုသူတို့ကလည်း ကျွန်မရှိရာငရဲထဲသို့ ဦးတည် လျှောက်လှမ်းလာနေကြတာဖြစ်တယ်၊ အပယ်ငရဲဆိုတာ တစ်ကယ်ရှိ ကြောင်းကို လူ သား တွေဆီကို သွားပြောပြပေးပါ ” ဟု ကျွန်မကိုသတိပေး မှာကြားခဲ့ပါသည်။ ထို့ နောက် အင်အားဗလ ကြီးမားသည့် နတ်ဆိုးများက အဝေးတစ်နေရာမှ သူမကို လှံချွန် နှင့် ထိုးနှက်နေသောကြောင့် အလွန်နာကျင်သော ငိုယိုသံနှင့် ဟစ်အော်ပြီး၊ “ကိုယ် တော်ကျွန်မ ကို ကယ်မသနားတော်မူပါ ကူညီပါ ” ဆိုပြီး ငိုကြွေးမြည်တမ်း နေပါသည်။ သခင်က သနားကြင်နာစွာဖြင့် “အချိန်နှောင်းသွားပြီ ” ဟူ၍သာ ပြန်ပြောလိုက် ပါ သည်။ ထိုနေရာပတ်လည်ကို ကျွန်မကြည့်လိုက်သည့် အခါတွင်လောကမှာ အသက် သေဆုံးသွားပြီး ဖြစ်သော အဆိုတော်များ၊ အနုပညာရှင်များ၊ ပန်းချီဆရာများကိုလည်း တွေ့ရပါသည်။ 

သူတို့က မရပ်မနားဘဲ အဆက်မပြတ် သီချင်းဆိုနေကြပါသည်။ 
သခင် က “ သမီးငရဲထဲရောက်တဲ့ သူတိုင်းက လောကမှာ သူတို့ လုပ်ခဲ့တဲ့ အရာများကို ငရဲထဲ မှာလည်း ဆက်လက်လုပ်ဆောင်နေကြရမှာ ဖြစ်တယ် ” ဟုရှင်းပြ တော်မူခဲ့ပါသည်။ ကျွန်မ ထိုနေရာကို အကဲခတ် ကြည့်နေသည့် အချိန်မှာဘဲ နတ်ဆိုးများက မိုး နှင့်တူသည့် အရာတစ်ခုကို မီးလျှံကြီးရှိရာ သို့ပစ်ချလိုက်သည်ကို ကျွန်မတွေ့လိုက် ရ သည်။ တစ်ကယ့်မိုးရွာနေတယ်လို့ ကျွန်မ ထင်မိပါသည်။ ထိုနေရာသို့ 
လူတွေ ပြေး သွားနေ ကြသည်ကိုလည်း ကျွန်မမြင်တွေ့ရပါသည်။ 
သူတို့က “ဖြစ် နိုင်ဘူးသခင် အ ကျွန်ုပ်ကို ကူညီပါ ” ဟု အော်ဟစ်နေကြ ပါသည်။ နတ်ဆိုး များကရယ်မောပြီး သူတို့ ကို “ ချီးမွမ်းကိုးကွယ်ကြဟေ့ ဒီနေရာဟာ နောင်ကာလပတ်လုံးအတွက် မင်းတို့ရဲ့ နိုင်ငံ (နေရာ) ဖြစ်တယ် ” ဟု လှောင်ပြောင်၍ ပြောဆိုနေကြပါသည်။ ကျွမ်းလောင်နေသည့် မီးလျှံများကလည်း ပိုမိုတောက်လောင်လာပြီး သူတို့ ခန္ဓာကိုယ်ပေါ်တွယ်ကပ်နေသည့် လောက်ကောင်များကလည်း ပိုမိုပွားများလာသည်ကို ကျွန်မတွေ့ ရပါသည်။

 ရေလုံးဝ မရှိသည့် ကြားထဲ ကန့်နှင့်ရောနှောသော မီးလျှံများကလည်း ပိုမိုပြင်းထန်စွာ ပွားများ တောက်လောင် လာသောကြောင့် ထိုသူတို့၏ ဝေဒနာ ခံစားမှုကို ပိုမိုဆိုးရွားပြင်းထန် စေပါသည်။ “ အဲဒါ ဘာလဲ ဘာတွေဖြစ်နေကြတာလဲ ” ဟု သခင့်ကိုကျွန်မမေးမိသည်။ “ ဒါက အပြစ် မှ နောင်တမရသော သူတို့ ရဲ့ အဖိုးအခဖြစ်တယ် ” ဟု သခင်ယေရှုက ရှင်းပြတော်မူခဲ့ပါသည်။ (ဆာလံ-၁၁း၆) ထို့နောက် လူ့လောကကြီးထဲ၌ ရှိနေစဉ် လူ အများသိကျွမ်း ခဲ့ကြသော သူများရှိသည့် နေရာ သို့ သခင်ယေရှုက ကျွန်မအား ခေါ်ဆောင်သွား ပါသည်။ 

အသက်ဆုံးရှုံးသွားသည့်၊သူတိုင်း ကောင်း ကင်နိုင်ငံတော်သို့ ရောက်ရလိမ့်မည်ဟု ကျွန်မ ထင်မိ ခဲ့ပါသည်။ အထူးသဖြင့် လူအများ ချီး မြောက် ဂုဏ်ပြုခြင်းခံရသော လူတွေပေါ့ ကျွန်မ၏ အထင်မှားခဲ့ခြင်းသာ ဖြစ်ပါသည်။ ပုပ်ရဟန်းမင်း ကြီး ဂျွန်ပေါလ်-၂ - ခေါ်တော်မူခြင်း ခံရသော အချိန်မှာ ကျွန်မသူငယ်ချင်းများနှင့် အချို့သော ဆွေမျိုးများတို့က “ပုပ်ရဟန်း မင်းကြီးက ကောင်း ကင်နိုင်ငံတော်သို့ဝင်ရောက်သွားတာ ဖြစ်တယ်”လို့ ပြောခဲ့ကြပါသည်။ တီဗွီသတင်း ထဲ၌ သာမက နေရာတကာမှာ လူတွေက “ပုပ်ရဟန်းမင်းကြီး သေ ဆုံးသွားပြီ၊ ငြိမ် သက်စွာ အနားယူသွားပြီ၊ အခုကောင်းကင်ဘုံမှာ ဘုရားသခင်နှင့် ကောင်းကင်တမန် များနှင့်အတူ ပျော် ရွှင်နေမှာ ဖြစ်တယ်” ဟု လူတွေက သူတို့ အထင်ကို ခိုင်လုံ စွာ ဖြင့် ပြောဆိုခဲ့ကြသည်ကို ကျွန်မ ယုံစားမိခဲ့ပါသည်။ အခု ကျွန်မ ပြန်လည်စဉ်းစားမိတော့ ကိုယ့်ကိုကိုယ် ရူးမိုက်ခဲ့ကြောင်း ပြန်လည်သဘောပေါက် လာပါသည်။ ပုပ်ရဟန်းမင်း ကြီးက ငရဲထဲမှာ ဒုက္ခဝေဒနာ ခံစားနေရသည်ကို ကျွန်မမြင် တွေ့နေရပါသည်။ 

ပုပ်ရ ဟန်းမင်းကြီး ဟုတ်မဟုတ် သိလိုသော ကြောင့်သူ့ရဲ့ မျက်နှာကို ကျွန်မ သေချာစွာ စိုက်ကြည့်နေစဉ်မှာ သခင်ယေရှုက “သမီးကြည့်ပါ အခုမြင်နေရ တဲ့သူက ပုပ်ရဟန်း မင်းကြီးဂျွန်ပေါလ်-၂- ဖြစ်တယ်။ သူလည်း အပြစ်မှ နောင်တမရလို့ ဒီအပယ်ငရဲထဲ ကျ ရောက်နေ ရတာဖြစ်တယ်” ဟူ၍ သူ့နာမည်ကိုပါ အတည့်အလင်းပြောပြ တော်မူခဲ့ပါ သည်။ သခင့်ကို ကျွန်မပြန်လည်မေးမြန်းလိုက်ပါသည်။ “သခင် သူကဘာကြောင့် ဒီ နေရာကို ရောက်နေ ရတာလဲ၊ သူက ဘုရားကျောင်းမှာ တရားဟောတယ် မဟုတ်ဘူး လား” ဟု မေးလိုက်သည်နှင့် ယေရှုဘုရားက “သမီး မတရားသောမေထုန်၌ မှီဝဲ သော သူ၊ ညစ်ညူးစွာပြုသောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ ဖြစ်သော လောဘလွန်ကျူး သောသူ တစ်စုံတစ်ယောက်မျှ ဘုရားသခင်၏ နိုင်ငံ၌ အမွေမခံရ (ဧဖက်၅း၅) ” ဟု သခင် ယေရှုက ရှင်းပြတော်မူခဲ့ပါသည်။ 

 ကျွန်မကလည်း “ဟုတ်တယ် သခင်မှန်ပါတယ်၊ သူဘာကြောင့် ဒီကို ရောက်နေ ရတာလဲ၊ သူကလူပေါင်းမြောက်များစွာကို တရားဟောပြော ခဲ့တယ်ဆိုတာ ကျွန်မသိ တယ် ” ဟု ထပ်မံမေးမြန်းခဲ့ရာ ယေရှုက “ဟုတ်တယ် သမီး သူဟာ လူအမြောက် အများကို တရားဟောခဲ့တယ် ဒါပေမယ့်သူက သမ္မာတရားကို သိသော်လည်း ဘယ် တော့မှ မဟောပြောခဲ့ဘူး ကယ်တင်ခြင်း အကြောင်းကို ဟောပြောသည်ထက်
 ငွေ ကြေးရဖို့ကိုသာ မက်မောခဲ့တယ်၊ အပယ်ငရဲဆိုတာ တကယ်ရှိတယ်၊ ကောင်းကင်ဘုံ ဆိုတာလည်း တကယ်ရှိတဲ့ အကြောင်းကိုသိလျက်နဲ့ မှန်ကန်စွာ မဟောပြောခဲ့ဘူး။ ဒါကြောင့် သူဟာ ဒီအပယ်ငရဲထဲမှာ
 ရောက်ရှိ နေရခြင်း ဖြစ်တယ် ”ဟု သခင်ယေရှု က ရှင်းပြတော်မူခဲ့သည်။ သူ့ကို ကျွန်မ ကြည့်နေသည့် အချိန်မှာ ဧရာမကြီးမားပြီး အလွန်ရှည်လျား သည့် မြွေကြီးတစ်ကောင်က သူ့လည်ပင်းကို ပတ်ရစ်နေလို့ သူကရုန်းကန်လှုပ်ရှား နေ ရပါသည်။

 “ သခင် သူ့ကို ကယ်တော်မူပါ ” ဟု ကျွန်မ အသနားခံတောင်းဆိုပေးပါ သည် သူကလည်း “ သခင် အကျွန်ုပ်ကို ကယ်တော်မူပါ၊ သနားခြင်း
ဂရုဏာနဲ့ ခွင့်လွှတ် တော်မူပါ၊ ဒီနေရာကနေ ကယ်ထုတ်တော်မူပါ၊ ကျွန်တော် နောင်တရပါပြီ၊ နောင်တရ ဖို့ရန် လောကသို့ ပြန်သွား ခွင့်ပြုတော်မူပါ” ဟု အော်ဟစ်ပြီး တောင်းဆိုနေ ပါ သည်။ 
သခင် ယေရှုက သူ့ကိုကြည့်ပြီး “ဒီအကြောင်းအရာတွေကို သင်ကောင်းကောင်း နား လည် ခဲ့တဲ့သူဖြစ်တယ် ငရဲဆိုတာ တကယ်ရှိတယ် ဆိုတာကို သင်သိခဲ့တယ် မဟုတ် ဘူးလား၊ အခုသင်နောက်ကျသွားပြီ၊ အရမ်းကို နောက်ကျသွားပြီ၊ သင့်အတွက် အခွင့် အလမ်း မရှိ တော့ဘူး ” ဟု ပြန်ပြီး တုန့်ပြန်လေ၏။ ယေရှုက “ သမီးကြည့်ပါ အဲဒီလူရဲ့ အသက်
တာက ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ မင်းကို ပြဦးမယ်” ဆိုပြီး အလွန်ကြီးမားသည့် ပိတ်ကားတစ်ခုဖြင့် ကျွန်မအား ပြသခဲ့ပါ သည်။ သူ့ကိုလူတွေက ဘယ်လိုလှူဒါန်းနေကြသည်ကို ထိုပိတ်ကားပြင်ပေါ်မှာ ကျွန်မ တွေ့မြင်ရပါသည်။ တခြားလူတွေကလည်း ရုပ်တုဆင်းတုတွေကို ကိုးကွယ် (လောကီဆန်) ကြသောသူများဖြစ်ကြသည်။

 ယေရှုက “ငရဲထဲမှာ ရုပ်တုဆင်းတုတွေကို ကိုးကွယ်ခဲ့တဲ့လူတွေ
 အများကြီး ရှိနေတယ်၊ ငါတစ်ပါးတည်းသာလျှင် ကယ်တင် နိုင် သော ဘုရားသခင်ဖြစ်တယ်၊ ငါမှတစ်ပါး ဘယ်အရာကမှ ကယ်တင်ခြင်းကို မပေးနိုင် ဘူး၊ အပြစ်သားကို ငါချစ်ပေမဲ့ အပြစ်ကိုတော့ ငါရွံမုန်းတယ်၊ လူသားတွေကို ငါချစ်တဲ့ အကြောင်း ငါ့ဆီကို ခြေဦးလှည့်လာဖို့ရန် ပြောပြလိုက်ပါ သမီး ” ဟု ကျွန်မကို မိန့်ဆိုမှာ ကြား တော်မူခဲ့ပါသည်။ ယေရှုက ကျွန်မကို ပြောပြနေချိန်မှာ ထိုပိတ်ကားကြီးပေါ်မှာ ကျွန်မမြင် လိုက် ရ တဲ့ အကြောင်းအရာ များကတော့ ပုပ်ရဟန်း မင်းကြီးက လူအများထံမှ ငွေ၊ လက် ဆောင်များ ဘယ်လိုလက်ခံ ရရှိခဲ့သည်နှင့် ပိုက်ဆံပေါကြွယ်ဝသူ ဖြစ်သည့် အကြောင်း များကို မြင်လိုက်ရပါသည်။ ပလ္လင်ပေါ်မှာ ထိုင်နေသည့် ပုပ်ရဟန်း မင်းကြီးနှင့် ပုံတူ သဏ္ဌာန်ကိုလည်း ကျွန်မမြင်ရပါသည်။ သူ့ရာဇ၀င် ဘယ်လိုဖြစ်ခဲ့သည်ကိုလည်း မြင်ခဲ့ ရ ပါသည်။ ထိုသူများဟာ လက်မထပ်သောသူများ ဖြစ်သော်လည်း သီလရှင်များ၊ အခြားသော အမျိုးသမီးများနှင့်အတူ အိပ်နေကြကြောင်းကို သခင်ယေရှုက ကျွန်မကို ဖော်ပြပါသည်။ ကျွန်မလိမ်ညာလုပ်ကြံပြီး ပြောဆိုနေတာ မဟုတ်ပါဘူး အမှန် တကယ် ပင် ဖြစ်ပါသည်။ 

သူတို့က လက်ထပ်ထိမ်းမြားခြင်း မရှိဘဲ အတူအိပ်နေကြသည်ကို သခင်ယေရှု က ကျွန်မကို ပြသခဲ့ ပါသည်။ နှုတ်ကပတ်တော်က လက်ထပ်ထိမ်းမြားခြင်းမရှိဘဲ ကာမ ဆက်ဆံသောသူများ ကောင်းကင်နိုင်ငံတော်သို့ ၀င်ရလိမ့်မည် မဟုတ်။ သခင် ယေရှု က 
“ သမီး အခု ငါပြသနေတဲ့ အကြောင်းအရာများ အားလုံးဟာ လက်ရှိဖြစ်ပျက် နေ ကြတဲ့ အခြေအနေများဘဲဖြစ်တယ်။ လောကမှာ သူအသက်ရှင်နေစဉ် ပြုမိခဲ့တဲ့ အ ကြောင်းအရာတွေလည်းဖြစ်တယ်။ ပုပ်ရဟန်းမင်းကြီး၊ ရဟန်းများ၊ လူတွေများ အကြား မှာ လက်ရှိဖြစ် ပျက်နေသော အရာများဖြစ်တယ်။ သမီး၊ လူတွေကို ငါ့ဆီပြန်လှည့်လာဖို့ အချိန်တန်ပြီဆိုတာ မင်းသွားပြီး ပြောပြပါ ” ဟု ယေရှုက ကျွန်မကို 
ထပ်မံ မိန့်မှာတော် မူခဲ့ပါသည်။ များစွာသော လောကီလူသားများဟာ အပယ်ငရဲဘက်သို့ ဦးတည်လျှောက် လှမ်း လာနေကြသည်ကို သခင်ယေရှုဘုရားက ကျွန်မအား ပြသခဲ့ပါသည်။ ကျွန်မက လည်း “ သခင်ဘာကြောင့် သူတို့က ငရဲဘက် ကို လာနေကြတာလဲ ” ဟု မေးလိုက် မိပါ သည်။ သခင်က “ မင်းကိုငါပြသမယ် ” ဆိုပြီး လူပေါင်းမြောက်များစွာ လိုဏ်ဂူကြီး ဘက် သို့ သွားနေသည်ကို ကျွန်မမြင်လိုက် ရပါသည်။ 

ထိုလူတို့၏ ခြေလက်များကို သံကြိုးများ နှင့်ချည်နှောင်ထားပြီး အနက်ရောင်ဝတ်စုံများကို ၀တ်ဆင်ထားကြပါသည်။ သူတို့၏ နောက်ကျောပေါ်မှာလည်း ၀န်ထုပ်ဝန်ပိုးများကို သယ်ဆောင် ထမ်းပိုးထားကြရ ပါ သည်။ ယေရှုက “ ကြည့်စမ်းပါ သမီး မင်းမြင်နေရ တဲ့လူတွေက ငါ့ကိုမသိကြဘူး သူတို့ ထမ်းပိုးနေတဲ့ အရာများက သူတို့ရဲ့အပြစ်တွေဖြစ်တယ်၊ သူတို့ငါ့ ဆီကို ပြန်လာ ကြဖို့ မင်းသွားပြီး ပြောပြပါ၊ သူတို့ကို ငါချမ်းသာပေးမယ် အပြစ်မှလွှတ်ငြိမ်းခွင့်ကို ငါပေးနိုင် ကြောင်း သွားပြောပြပါ၊ သူတို့ဟာ ထာဝရဒုက္ခ ဝေဒနာများကိုခံစား ရမယ့် အပယ်ငရဲ ဘက်ကို ဦးတည်ပြီး လျှောက်လှမ်းလာနေကြတာကို မင်းသွားပြီး သတိပေးပါ၊ ငါက သူတို့ကို နွေးထွေးစွာနှင့် စောင့်မျှော် နေတယ် ” ဟု လူသားများကို သတိပေးရန် မှာ ကြားတော်မူခဲ့ပါသည်။ 

 အပယ်ငရဲဘက်သို့ လူတွေ လျှောက်လှမ်းလာနေကြသည်ကို ကျွန်မကြည့်ရှု နေစဉ် ကျွန်မ၏ ၀မ်းကွဲမောင်နှင့် ညီမတို့ကလည်း ထိုလူများနဲ့အတူ လျှောက်လှမ်းနေ သည်ကို မြင်တွေ့လိုက်ရပါသည်။ “ သခင် ကျွန်မ၏ ဆွေမျိုးများနှင့် မိသားစု များက လည်း ငရဲဘက်သို့ ဦးတည်ပြီးလာနေကြတာ တွေ့ရတယ် ” ဟူ၍ အံ့သြထိတ်လန့်စွာ ဖြင့် မေးမြန်းရာ ယေရှုက “ သမီး ဒါကြောင့် သူတို့ဘယ်ကို ဦးတည်လျှောက်လှမ်းလာ နေသည်ကို အဖြစ်မှန်အတိုင်း မင်းသွားပြီးသတိပေးပါ။ မင်းကို ဦးဆောင်လမ်း ပြ 
အဖြစ် ငါရွေးကောက် ထားတာဖြစ်တယ်၊ ငါပြသခဲ့တဲ့ အရာအားလုံးကို မင်းမြင်ခဲ့ရသမျှ အ တိုင်း လူတွေကိုပြောပြပါ။ သင်သည် သတိမပေး မပြောဘဲနေလျှင် သူ၏အသက်ကို ကား သင်၌ငါတောင်းမည်၊ သင်သည် လူဆိုးကို သတိပေးလျက်နှင့် သူသည် မိမိ လိုက် သောအဓမ္မလမ်းကို မရှောင်ဘဲနေလျှင် မိမိအပြစ်၌ သေလိမ့်မည်။ ” (ယေဇကျေ လ၃း၁၈) ဟု ယေရှုမိန့်တော်မူခဲ့ပါသည်။ ယေရှုဘုရားက လူ့လောကကြီး ထဲမှာ နာမည်ကျော်ကြား သည့် လူ ပုဂ္ဂိုလ်များ၊ မြင့်မြတ်ပြီး အရေးပါ သည့်၊ လူအများက ငရဲထဲမှာ ကျ ရောက်နေရသည်ဟု ကျွန်မကို ပြောပြ ပါသည်။ မိုက်ကယ်ဂျက် ဆင် ငရဲထဲ ရောက်နေ သည်ကို ပြောပြလိုပါသည်။ 

သူကကမ္ဘာ ပေါ် မှာ နာမည်ကျော်ကြားသည့် လူတစ်ယောက်ဖြစ်ခဲ့သည်။ သို့သော်လည်း သူသည် စာတန်မာရ်နတ်၏ အယူဝါဒကို လက်ခံ ယုံကြည်သောသူ ဖြစ်ခဲ့သည်။ လူ့အမြင်အား ဖြင့် နားမလည် နိုင်လောက်အောင်ဖြစ်သော်လည်း ဤအရာမှာ အမှန်တကယ် ပင်ဖြစ် ပါသည်။ သူက စာတန် နှင့်သဘောတူညီစွာ ပဋိညာဉ်ပြုခဲ့သူ ဖြစ်သည်။ ငရဲထဲ တွင် လူ တွေ နှိပ်စက်ညင်းပန်းခြင်း ခံနေရစဉ် နတ်ဆိုးများ၏ လမ်းလျှောက်နေသည့် ပုံစံများ သည် မိုက်ကယ်ဂျက်ဆင်၏ ကကွက်များဖြင့် လှုပ်ရှားနေသော အမူအရာများကဲ့ သို့ဖြစ်နေကြောင်းကို ကျွန်မ မြင်တွေ့ရပါ သည်။ နတ်ဆိုးတို့၏ လည့်ကွက်ကြောင့် ငရဲ ထဲတွင် များစွာသော လူတို့်က ပြင်းထန်စွာညင်းဆဲခြင်း ဝေဒနာကို ခံစားနေရသည်။ 

နတ်ဆိုးများမှာ ၀မ်းမြောက် အော်ဟစ်ကာ မိုက်ကယ်ဂျက်ဆင်၏ ကကွက်ကဲ့သို့ပင် ရှေ့သို့လျှောက်ဟန်ပြုနေသော်လည်း နောက်သို့ ရွေ့လျားလျက် လူတွေကို လှောင် ပြောင်သရော် နေကြသည်။ မိုက်ကယ်ဂျက်ဆင် သေဆုံးပြီးနောက်ပိုင်းမှာ ငရဲမီးအိုင် ထဲတွင် ပြင်းထန်သော ဝေဒနာခံစားနေရသည်ကို သခင်ယေရှုက ကျွန်မကိုမြင်
 တွေ့ စေပါသည်။ သူ၏ခံစားမှုနှင့် အော်ဟစ်သံများကြောင့် “ ဘာ ကြောင့်လဲ ကိုယ် တော် ” ဟု မေးမြန်းရင်း ကျွန်မ မျက်ရည် များတစ်ပေါက်ပေါက်ကျကာ ညည်းညူ နေမိ ပါသည်။ သူ၏မခံမရပ်နိုင်လောက်အောင် အော်ဟစ်ညည်းညူ နေသော
အသံနှင့် အလွန်ပြင်း ထန်စွာ ဝေဒနာ ခံစားနေရသောမြင်ကွင်းကို တွေ့မြင်နေရသည်မှာ မလွယ်ကူ လှပေ သူ၏သီချင်းသံများကို နားထောင် သီဆိုဖျော်ဖြေနေကြတဲ့သူတွေ အားလုံးကို သတိပေး ပါရစေ၊ စာတန်မာရ်နတ်က သူ့ရဲ့မာယာ ထောင်ချောက်ထဲမှာ သင်တို့ကိုလည်း
ကျ ရောက်စေပြီး နောက်ဆုံးမှာ အပယ်ငရဲထဲသို့ ခေါ်ဆောင် သွားမှာဖြစ်ပါသည်။ သခင် ယေရှုက သင်တို့ကို အပယ်ငရဲထဲမှ လွှတ်မြောက်စေချင်ပါသည်။ သင်တို့၏ အသက် ၀ိညာဉ်ကို မဆုံးရှုံးစေ
ဖို့ရန် အခုချက်ချင်းဘဲ ယေရှုခရစ်တော်၏ နာမ၌ လွှတ်မြောက် ဖို့ရန် ကြေညာလိုက်ပါ။ ယေရှုက “ သမီး ငါ့ကိုသိတဲ့ လူတွေလည်း အပယ်ငရဲထဲမှာ ကျရောက်နေရတယ် ” ကျွန်မက “ သခင် ဘာဖြစ်လို့ ရောက်နေ ကြရတာလဲ ” ဟု ပြန်မေးလိုက်မိပါသည်။

 ယေရှုက “ အဲဒီလူတွေဟာ ငါ့ရဲ့စကားကိုစွန့်လွှတ်ပြီး စိတ်နှစ်ခွနဲ့ အသက်ရှင်နေ ကြ တဲ့ သူတွေဖြစ်တယ် ”ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ သခင် ယေရှုကသူ့ကို သိသော သူများ ငရဲထဲမှာ ရောက်လာနေကြသည့် အကြောင်းကို ကျွန်မ အားပြသ နေပါသည်။ သူတို့၏ ခြေလက်များက ချီနှောင်ထားပါသည်။ သူတို့က အဖြူရောင် အ၀တ်အစား တွေကို ၀တ်ဆင်ထားကြသော်လည်း အ၀တ်အစားများက စုတ်ပြဲတွန့်လိမ်ပြီး 
အစွန်း အကွက်များနှင့် စွန်းထင်းညစ်ပေနေပါသည်။ ယေရှုက “ သမီးငါ့ရဲ့လူတွေက ငါ့ထံမှ ကျောခိုင်းထွက်ခွါသွားနေကြတာ ကြည့် စမ်းပါအုံး ထိုသူတို့အတွက် ငါလာတာ မဟုတ်ဘူး၊ သန့်ရှင်းသောသူ ငါ့ကိုစောင့်မျှော် နေသောသူ၊ သစ္စာရှိတဲ့သူတွေနှင့် အပြစ်ကိုရွံမုန်းသောသူများအတွက် ငါလာတာ ဖြစ် တယ်။ 

သန့်ရှင်းစင်ကြယ်သော အရင်လမ်းဟောင်းကို ပြန်လာဖို့ မင်းသွားပြီး သူတို့ကို ပြောပြရမယ်၊(ဧဖက် ၅း၂၆-၂၇) ” ဟု မိန့်တော်မူခဲ့ပါသည်။ ဘုရားနှင့်ဝေးရာလမ်းသို့ ထွက်ခွါသွားနေသော ကျွန်မဦးလေးများနှင့် အခြားသော လူများကိုလည်း ကျွန်မမြင် နေရ ပါသည်။ သူတို့အပြစ်များကို စွန့်လွှတ်ပြီး ဘုရားသခင်ထံသို့ ပြန်လာဖို့နှင့် ယေရှု ခရစ်တော်က သူတို့အားငြိမ်သက်ခြင်း ပေးရန်စောင့်မျှော်နေကြောင်း ပြောပြပါဟု ယေရှုဘုရားက ကျွန်မကို သတိပေးရင်းနဲ့ မျက်ရည်များ ကျနေပါ သည်။ ကျွန်မတို့က အနက်ဆုံးသောတွင်းကြီးထဲသို့ ကျရောက်နေသည့် လူအများရှိ သည့်နေရာ လှိုဏ်ခေါင်းကြီးဘက်ဆီသို့ ရောက်လာကြပါသည်။ 

သမုဒ္ဒရာ သဲလုံးမျှမက မရေမတွက်နိုင်လောက်အောင် များပြားလှသော လူတွေက ထိုအနက်ဆုံးသော တွင်း ကြီးထဲမှာ ကျရောက်နေကြရသည်။ သမုဒ္ဒရာ သဲလုံးတွေ သွန်ချ သကဲ့သို့ စက္ကန့်မခြား လောကီလူသားများက ငရဲထဲသို့ ရောက်ရှိလာနေကြသည်။ “ သမီး၊ ဒီအရာက လူသား တွေ ဘယ်လိုဖျက်ဆီးခြင်း ခံနေရတယ် သူတို့ရဲ့ ၀ိညာဉ်တွေ ဆုံးရှုံးဖျက် ဆီးခြင်း ခံရတဲ့ အကြောင်း တွေဖြစ်တယ်။ ဒီအဖြစ်အပျက်တွေကို မြင်တွေ့ရတာ ငါ့စိတ်ကို ထိခိုက် နာကျင်စေတယ် ” ဟု သခင် ယေရှု က မျက်ရည် တသွင်သွင် စီးကျကာ ပြောပြတော် မူခဲ့သည်။ သခင်ယေရှုက “ နတ်ဆိုးများကလည်း ဒီနေရာမှာ အစည်းအဝေး ပြုလုပ်နေ ကြ တယ် ” ဟုကျွန်မ ကိုပြောပြပါသည်။ နတ်ဆိုးများက အစည်းအဝေး ပြုလုပ်နေ ကြ တယ်၊ ဟုတ်လား ဆိုပြီး အံ့သြစွာဖြင့် ကျွန်မ မေးလိုက်မိပါသည်။ “ 

ဟုတ်တယ် သမီး လူ တွေကို ဘယ်လိုဖျက်ဆီးရမယ်ဆိုတာ နတ်ဆိုးများက တွေ့ဆုံဆွေးနွေးတိုင်ပင်နေ ကြ တယ် ” ဟုသခင်ယေရှုက ပြောပြပါသည်။ သခင်ယေရှုက သစ်သားနှင့် ပြုလုပ်ထား သော ထိုင်ခုံများ၊ စားပွဲများဝန်းရံထားသည့် နေရာဖြစ်သည့် အခြားနေရာသို့ ကျွန်မကို ခေါ်ဆောင်သွားပါသည်။ ထိုနေရာ၌ နတ်ဆိုးအမျိုးမျိုး ရှိကြသည်။ ယေရှုက “ သမီး အဲဒီ နတ်ဆိုးတွေဟာ ငါ့ရဲ့အစေခံဖြစ်တဲ့ အမှုတော်ဆောင် မိသားစုများ၊ သာသနာ့ ခေါင်းဆောင်ကြီးများ၊ ဧ၀ံဂေလိဆရာများ၊ ငါ့ကိုသိကြသော လူအားလုံးတို့ကို ဖျက်ဆီး ဖို့ရန် စီစဉ်နေကြတာဖြစ်တယ် အဲဒီနတ်ဆိုးတွေမှာ လူတွေကို ဖျက်ဆီးဖို့ရန် လက် နက် ပရိယာယ် များစွာရှိကြတယ် ” “ လူသားတွေကို ဒီကိုခေါ်လာပြီး ဖျက်ဆီးကြရအောင် ” ဆိုပြီး နတ်ဆိုးများက ရယ်မော လှောင်ပြောင် ပြောဆိုနေကြသည်။ 

“သခင်ယေရှုက ယုံကြည်သူများနဲ့အတူ အစဉ်အမြဲ ငါရှိနေတဲ့အကြောင်းကို သွားပြီးပြောပြပါ သမီး စာတန်မာရ်နတ် အတွက် အချိန်တွေ နေရာတွေ မပေးကြဖို့ ၀င်ပေါက်တွေကို ဖွင့်မပေးကြဖို့ ယုံကြည်သူတွေကို သတိပေးလိုက်ပါ။ ဘာကြောင့်လဲ ဆိုတော့ စာတန်မာရ်နတ်ဟာ ဟောက် သော ခြသေ့င်္ ကဲ့သို့ ယုံကြည်သူ ဘုရားသားသမီးများကို ၀ါးမျိုဖို့ရန် ချောင်းမြောင်းနေကြတယ် (၁ပေ ၅း) နှုတ်ကပါတ်တော်ကပြောတယ် ယုဒအမျိုး ခြသေ့င်္တည်းဟူသော ဒါဝိဒ်၏ အမြစ် သည် ထိုစာစောင်ကို၎င်း၊ တံဆိပ် ခုနစ်ချက် တို့ကို၎င်း၊ ဖွင့်ခြင်းငါအောင်မြင်လေပြီ ဟု ငါ့ကိုပြောဆို၏။
 (ဗျာဒိတ် ၅း၎-၅)” ယေရှုက “ နတ်ဆိုးတွေက အထူးသဖြင့် အမှုတော်ဆောင် မိသားစုများကို ဖျက် စီးချင်ကြတယ်။ ” ဟု ပြောပြရာ “ဘာကြောင်လဲ” ဟုကျွန်မကပြန်၍ မေးလိုက်ပါသည်။ ယေရှု သခင်က “ ထောင်သောင်းမက များ စွာသော လူတွေကို ကြည့်ရှု စောင့်ရှောက် ဖို့ရန် သိုးထိန်းနေရာမှာ အမှုတော်ဆောင်များကို ငါခန့်အပ်ထားတာဖြစ်တယ်၊ နတ်ဆိုး များက ယုံကြည်သူများကို ဘုရားသခင်နှင့် ဝေးကွာသွားစေပြီး လောကနောက်သို့ လှည့်ပြန် သွားအောင်နှင့်လူသားများအား အပယ်ငရဲထဲမှာဘဲ လမ်းဆုံးစေဖို့ရန် အလို ရှိကြတယ်။ အမှုတော်ဆောင်များကို သမ္မာ တရား အတိုင်း 
တိတိကျကျ ဟောပြော သွန်သင်ဖို့ရန် သတိပေးရမယ်-သမီး၊

 ငါ့ရဲ့ နှုတ်တော်ထွက် စကားကို ဘယ်တော့မှ မထိန် မ၀ှတ်ထားဘဲ အမှန်အတိုင်း ဟောပြောသွန်သင်ဖို့ရန် အမှုတော်ဆောင်များအား ပြော ပြလိုက်ပါ။ ” ဟု သခင်ယေရှုက ရှင်းလင်းစွာ ပြောဆို မှာကြားပါသည်။ ထို နေရာမှ ထွက်ခွါပြီး ကလေးသူငယ်များရှိ သည့်နေရာ ငရဲမီးအိုင်ကို ယေရှုက ကျွန်မအား လိုက် လံပြသပေးပါသည်။

No comments:

Post a Comment