ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

July 18, 2019

၈နှစ် အရွယ် ကလေးငယ်တစ်ဦး ငရဲ၌ မြင်ခဲ.ခြင်း(၄)

“သခင် ငရဲထဲမှာ ကလေးတွေ ရောရောက်နေကြရတယ် ဟုတ် လား၊ ဘာကြောင့် သူတို့ရောက် နေ ကြရတာလဲ၊ ကျမ်းစာထဲမှာ
 ယေရှုကလည်း ထိုသူငယ်တို့ကို ရှိစေ လော့၊ ငါ့ထံသို့လာသည်ကို 
မဆီး တားကြနှင့် ကောင်းကင်နိုင်ငံတော် သည် ထိုသူငယ်တို့၏ နိုင်ငံဖြစ် သည် (မဿဲ ၁၉း၁၄) ဟု ကိုယ် တော် မိန့်တော်မူ ထားတယ် မဟုတ်လား ” ဟု မေမြန်းရာတွင် ယေရှုက.......
“ ဟုတ်တယ် သမီး ငါ့ထံသို့ လာတဲ့ကလေးသူငယ်များဟာ 
ဘယ်တော့မှ ငရဲထဲသို့ ရောက်မှာ မဟုတ် ဘူး။(ယောဟန် ၆း၃၇)” 
(၈) နှစ်အရွယ် ကလေးငယ်တစ်ဦး ငရဲမီးအိုင်ထဲမှာ ဝေဒနာခံစားနေရသည်ကို ကျွန်မမြင် တွေ့ရ ပါသည်။ 
သူက “ ဘုရားသခင် ကျွန်တော့်ကို ကယ်နှုတ်တော်မူပါ၊ 
ဤနေရာကို မရောက်ချင်ဘူး ” ဟူ၍ မြည်တမ်းငိုယို အော်ဟစ်နေပါသည်။ နတ်ဆိုးများ ကလည်း ကာတွန်းရုပ်ပုံသဏ္ဌာန် အမျိုးမျိုးနှင့် ထိုကလေးအနားမှာ ၀န်းရံလျက် ရှိနေ ကြသည်။ 

ထိုကာတွန်းရုပ်များက Drgon, BoyZ, Ben10, 
PoKemon, Deoral, အစရှိသည့် ရုပ်ပုံများ ဖြစ်ပါ သည်။
 “ ဒီကလေး ဘာကြောင့် ဒီကို ရောက်နေရတာလဲ ” ဟူ၍ ထပ်မံ မေးမြန်းသည့်အခါ ယေရှုဘုရားက ကြီးမားတဲ့ ပိတ် ကားကြီးပေါ်မှာ၊ ထိုကလေးငယ်ရဲ့ အသက်တာကို ပြသပေးပါ သည်။ တီဗွီ ရှေ့မှာ 
ထိုင်ပြီး တစ်ချိန်လုံး ကာတွန်းကားတွေ ကြည့်နေသည်ကို ကျွန်မမြင်တွေ့ နေရပါ သည်။ ယေရှုက “ သမီး ဒီရုပ်ရှင်ကာတွန်းကားတွေ၊ 
သရုပ်ဆောင် ဇတ်လမ်းတွဲတွေက ကလေးသူငယ်များကို ဖျက်ဆီးဖို့ရန် အတွက် စာတန်ရဲ့လက်နက် ကရိယာများ ဖြစ် နေပြီး နေ့တိုင်းဘဲ 
တီဗွီထဲမှာ တွေ့မြင်နေ ရတယ်။ ကြည့်ပါ ဒီကလေး ဘယ်လိုဖြစ် ပျက်လာခဲ့သလဲ ဆိုတာကို မင်းမြင်ရလိမ့်မယ် ” သူကမိဘ စကားကို နားမထောင်ဘဲ ပုန်ကန် ဆန့်ကျင်နေသည်ကို 
ကျွန်မတွေ့ မြင်ရပါသည်။ 

သူ့မိဘများက ဆုံးမသွန်သင် သည့်အခါ သူက အဝေးကို ထွက်ပြေးသွားပါသည်။ ပစ္စည်းများကိုလည်း ပစ်ပေါက်ပြီး 
သူ့မိဘများကို ကလန်ကဆန် လုပ်နေတာ တွေ့ရပါသည်။ ထိုနောက်မှာ ဤသူငယ်က ကားတိုက်ခံရပြီး သေဆုံးသွား ရခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် သူက အပယ်ငရဲထဲသို့ ရောက်နေရခြင်းပင်ဖြစ်သည့် အကြောင်းရင်းကို သခင်ယေရှုက ရှင်းလင်းစွာဖြင့် ပြော ဆို ပြသခဲ့ပါသည်။

 ငရဲထဲမှာ ထာဝရဒုက္ခဝေဒနာ ခံစားနေရသည့် ထိုလူငယ်ကလေး ကို ကျွန်မ ကြည့်ရှုနေစဉ်မှာ ယေရှုက “ သမီး မိဘများဆီမှာသူတို့ရဲ့ သားသမီးများကို သွန်သင် ဆုံးမဖို့ရန် ငါ့ရဲ့ နှုတ်တော်ထွက်စကားထဲမှာ ရေးထားသည့် အကြောင်းအရာများကို ပြောပြခိုင်းပါ။ ” (သုတ္တံ၂၂း၆) ဘုရားသခင်၏ နှုတ်ကပါတ်တော်က မှန်ပါသည်။ သူငယ် တို့ကို ဆုံးမသွန်ဖို့ရန် 
ကျွန်မတို့ကို လမ်းညွှန်ထားပါသည်။ ကလေးသူငယ်များက 
မိဘ စကား ကိုနားမထောင်သည့်အခါမှာ ကြိမ်လုံးနှင့်ဆုံးမ 
သွန်သင်ရမည် ဟူ၍ လည်း ဖော် ပြ ထားပါသည်။ (သုတ္တံ ၂၂း၁၅) 

 ယေရှုခရစ်တော်က ကလေး သူငယ်နဲ့ ပတ်သက်ပြီး ၀မ်းနည်း စရာ ကြေကွဲစရာ အကြောင်း တွေ ကို ကျွန်မအား ပြောပြ ပါ သည်။ 
“ သခင် ကာတွန်းရုပ်ရှင်ကား တွေ ဟာ ဘာကြောင့် အပြစ်တင်စရာ ဖြစ်ရတာလဲ ” ဟု မေး သည့်အခါ ယေရှုက “ ကာတွန်းရုပ်ရှင်ကား တွေ ကလည်း စာတန်မာရ်နတ်၏ လှည့်စားချက် တွေပါဘဲ၊ နားမထောင်ခြင်း၊ မုန်းတီးခြင်း၊ ပုန်ကန်ခြင်း၊ ခါးသီးခြင်းများ က ကာတွန်းရုပ်ရှင် ဇာတ်လမ်းထဲမှ ကလေးသူငယ် များထံသို့ ကူးဆက်လာ ပါတယ်၊ 
ဒါကြောင့် ကလေးသူငယ်များက သူတို့ကြည့်ခဲ့တဲ့ ဇာတ်လမ်းအတိုင်း ဆိုးသွမ်း သည့် အပြုအမူများကို လုပ်ဆောင်တတ်လာကြတယ်။

 ကောင်းတဲ့အရာကို အတုမယူ ကြဘူး၊ နတ်ဆိုးများက ကလေး
သူငယ်များ၏ စိတ်နှလုံးသားထဲကို ဤနည်းလမ်းဖြင့် ၀င် ရောက်လာကြတယ် ” ဟု ယေရှုက ရှင်းပြတော်မူခဲ့ ပါသည်။ 
ငရဲဆိုတာ တကယ် ရှိပါ သည်။ ငရဲဆိုတာ အမှန်တကယ်ပါ၊ ကလေးသူငယ်များကလည်း သူတို့ဘယ်ကို သွားရ မယ်ဆိုတာကို ဆုံးဖြတ်ရမည်။ ငရဲနှင့် ကေင်းကင်ဘုံ ရှိ သည်ကို ကလေးသူငယ် များက သိရှိနားလည်ပြီး သူတို့သွားရမည့် လမ်းကို ရွေးချယ်ရ မှာ ဖြစ်သည်။

No comments:

Post a Comment