ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

September 17, 2014

" ပွဲတော်မင်္ဂလာ အဘယ်ကြောင်.အရေးကြီးသနည်း"

ပွဲတော်မင်္ဂလာအကြောင်းကို လေ့လာခြင်းသည် စိတ်ဝိညာဉ် ကို နှိုးဆွ၊ နိုးထစေသော လုပ်ဆောင် မှုတစ်ခုဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ပွဲတော်မင်္ဂလာထဲတွင် အလွန်နက်ရှိုင်းသော အဓိပ္ပါယ်ပါဝင်သည်။ ထိုနေ့သည် သခင်ယေရှု အသေခံတော်မမူမှီ ပသခါပွဲတော်နေ့တွင် ကျင်းပပြုလုပ်သော ပွဲတော်ကြီးဖြစ်သည်။ ထိုနေ့သည် အသစ်သော ပဋိညာဉ်တရားနှင့် စပ်ဆိုင်သော ပွဲနေ့ဖြစ်သည်ဟု သခင်ယေရှုက ဖော်ပြ ထားသောကြောင့် ကျွန်ုပ်တို့သည် ယနေ့တိုင်အောင် ကျင်းပပြု လုပ်ခြင်း ဖြစ်သည်။ 
     ထိုနေ့တွင် ခရစ်ယာန်များ ၀တ်ပြုကိုးကွယ်ခြင်းများလည်း ပါဝင်သည်။ ထိုနေ့ရက်ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့သခင်ယေရှု၏ အသေ ခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် အနာဂတ်ကာလတွင် ဘုန်းတော်ဖြင့် သူပြန်လာမည့် နေ့ရက် ကာလကို စောင့်ဆိုင်းခြင်းအဖြစ် သတိရစေ သည်။ ပသခါပွဲတော်ကြီး သည် ယုဒလူမျိုး များအတွက် နှစ်တိုင်း ကျင်းပပြု လုပ်သော အလွန်မြင့်မြတ်သည့် ဘာသာရေးပွဲ လမ်းသဘင်ကြီးဖြစ်သည်။
    ထိုနေ့သည် အီဂျစ်လူမျိုးများ၏ သားဦးများ သေဆုံး ခဲ့သော အချိန်တွင် ဣသရေလလူမျိုးများသည် သူတို့၏တံခါးတိုင်များပေါ်တွင် သိုးသူငယ် အသွေးတော် သုတ်လိမ်းထားသဖြင့် သူတို့သည် သေခြင်းမှ လွှတ် မြောက်သွားခဲ့သောနေ့ကုန်လွန်ခဲ့ပြီးနောက် ကျင်းပသော ပွဲဖြစ် သည်။
      သိုးသူငယ်အား အခြောက်ကင်၍ တဆေးမပါသောမုန့်ဖြင့် စားခဲ့ကြသည်။ ဘုရားသခင်က ထိုပွဲတော်ကြီးကို နောင်လာလတံ့သော မျိုးဆက်သစ်များက ဆက်လက် ကျင်းပရမည်ဟု မိန့်ဆိုထားပါသည်။ ထိုဖြစ်ရပ်မှန်များကို ထွက်မြောက်ရာကျမ်း ၁၂ ထဲတွင်ဖော်ပြ ထားပါသည်။ နောက်ဆုံးသောညစာစားပွဲတွင်၊ ပသာခါပွဲတော်ကြီး ကျင်းပသည့် အချိန် တွင် သခင် ယေရှုက မုန့်ကိုယူ၍ ခမည်းတော် ထံ ကျေးဇူးတော်ကို ချီးမွမ်း ခဲ့သည်။ သူက မုန့်ကို ဖဲ့၍ သူ၏ တပည့်တော် များအားပေး ခဲ့သည်။
        သူက“ထိုအခါမုန့်ကိုယူ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကားသင်တို့အဖို့အလိုငှါ စွန့်သော ငါ၏ကိုယ်ဖြစ်၏။ ငါ့ကိုအောက်မေ့ဘို့ရာ ဤသို့ပြုကြလော့ဟု မိန့်တော်မူ၏။ ထိုနည်း တူညစာ စားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကားသင်တို့ အဘို့အလိုငှါ သွန်းလောင်းသောငါ၏အသွေး၌တည်သော ပဋိညာဉ် တရားသစ်ဖြစ်၏” (လုကာ ၂၂း၁၉-၂၁) ဟုဖော်ပြခဲ့သည်။ ထိုပွဲတော်ကြီးကို ဂုဏ်တော် ချီးမွမ်းခြင်း အားဖြင့် ဆုံးသတ်ခဲ့ကြသည် (မဿဲ ၂၆း၃၀)။ 
       ထိုနောက် သူတို့သည် သံလွင်တောင်ပေါ်သို့ တက်သွားခဲ့ကြသည်။ ကြိုတင်ပြောကြားချက်အရ ထိုတောင်ပေါ်တွင် ယုဒရှာကာရုတ်က သခင်ယေရှုကို သစ္စာ ဖောက် ရောင်းခဲ့သည်။  နောက်တနေ့သည် သခင် ယေရှု၏ ကားတိုင်တင် သတ်သော နေ့ဖြစ်သည်။ ပွဲတော်မင်္ဂလာကို သတင်းကောင်း စာစောင်များထဲတွင် တွေ့ရှိနိုင်ပါသည်။ 
(မဿဲ ၂၆း၂၆-၂၉၊ မာကု ၁၄း၁၇-၂၅၊ လုကာ ၂၂း၇-၂၂ နှင့် ယောဟန် ၁၃း၂၁-၃၀)။ တမန်တော်ရှင်ပေါလုက ပွဲတော်မင်္ဂလာအ ကြောင်းကို ၁ကော ၁၁း၂၃-၂၉ ထဲတွင် ဖော်ပြထားပါသည်။ သတင်းကောင်းထဲတွင် မတွေ့ရသော အကြောင်းအရာအားဖြင့် တမန်တော်ရှင်ပေါလု နိဂုံး ချုပ်ခဲ့ သည်။“ထိုကြောင့်သခင်ဘုရား၏မုန့်နှင့်ခွက်ကို မထိုက်မတန်ဘဲ စား သောက်သောသူမည်သည်ကား၊ သခင်ဘုရား၏ ကိုယ်တော်နှင့် အသွေး တော်ကို ပြစ်မှားရာရောက်၏။ သို့ဖြစ်၍ လူတိုင်း ကိုယ်ကို ကိုယ်စစ်ကြော ပြီးမှမုန့်ကိုယူစေ။ ထိုနည်းတူ ခွက်ကိုလည်း သောက်စေ။ အကြောင်း မူကား၊ မထိုက်မတန် ဘဲသောက်သောသူသည် သခင်ဘုရား၏ ကိုယ်တော်ကို ပိုင်းခြား၍ မသိသောကြောင့်၊ မိမိအပေါ်သို့ အပြစ်ရောက် စေခြင်းငှါ စားသောက်သောသူဖြစ်၏” (၁ကော ၁၁း၂၇-၂၉)။ 
                ကျွန်ုပ် တို့သည် “မထိုက်တန်သောအပြုအမှုဖြင့်” မုန့်နှင့်ခွက် သုံးဆောင်ခြင်းသည် မည်သို့ သောအရာဖြစ် သနည်းဟု မေးမြန်း နိုင်သည်။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် သခင်ယေရှုပေးအပ်ခဲ့သော တန်ဖိုး ဖြတ်၍မရသောအဖိုးအခကို မေ့လျော့ခြင်းအားဖြင့် မုန့်နှင့်ခွက် တို့၏ စစ်မှန်သော အဓိပ္ပါယ်ကို မသိဘဲသုံးဆောင်ခြင်းကို ဆိုလိုနိုင်သည်။ သို့မဟုတ်၊ အဓိပ္ပါယ် မရှိသော ပွဲတော်ကြီး ကျင်းပရာရောက် သွားနိုင် သည်။ သို့မဟုတ် ပွဲတော် မင်္ဂလာကို အပြစ်ခွင့်လွှတ်ခြင်းမရှိဘဲ သုံးဆောင်ခြင်း သို့ရောက် သွားနိုင် သည်။ ပေါလုဖော်ပြ ထားသည့် အတိုင်း ကျွန်ုပ်တို့သည် မုန့်နှင့် ခွက်ကို မသုံးဆောင်မှီ မိမိကိုယ်ကိုယ် ဆန်းစစ်ရ မည်ဖြစ်သည်။ 
            သတင်းကောင်း စာစောင်များ ထဲတွင် မပါဝင်သောအခြားသော ရှင်ပေါလုဖော်ပြချက် တစ်ခုသည် “အကြောင်းမူကား၊ သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကိုသောက်သောအခါခါ၊ သခင်ဘုရား အသေ ခံတော်မူခြင်းကို ကြွလာတော်မမူမှီတိုင်အောင်ပြကြ၏။ ထိုကြောင့် သခင် ဘုရား၏ခွက်ကို မထိုက်တန်ဘဲ စားသောက်သော သူမည်သည်ကား၊ ဘုရားသခင်၏ ကိုယ်တော်နှင့် အသွေးတော် ကို ပြစ်မှားရာရောက်၏။ သို့ဖြစ်၍လူတိုင်း ကိုယ်ကို ကိုယ်စစ်ကြောပြီးမှ၊ မုန့်ကိုယူစေ။ ထိုနည်း တူခွက်ကိုလည်းသောက်စေ။ အကြောင်း မူကား၊ မထိုက် မတန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ ကိုယ်တော်ကို ပိုင်းခြား၍ မသိသောကြောင့်၊ မိမိအပေါ် သို့အပြစ်ရောက်စေခြင်းငှါ စားသောက် သောသူဖြစ်၏”(၁ကော ၁၁း၂၇-၂၉)။ 
            ပွဲတော်မင်္ဂလာသုံးဆောင် ခြင်းသည် သခင်ယေရှု တဖန်ပြန် လာသော အချိန်တွင် အဆုံးသတ်သွားမည်ဖြစ်သည်။ ထိုအဖြစ်အပျက် များ ထဲတွင် သခင်ယေရှုပုံဆောင်ဖော်ပြထားသော ခန္ဓာကိုယ်နှင့် အသွေး တော်တို့သည် သူအသေခံခြင်း၏ အမှတ်တရဖြစ်သည်ကို ကျွန်ုပ်တို့ သိရှိနိုင်ပါသည်။ ၄င်း အမှတ်တရသည် ရွှေ ၊ငွေ ကျောက်မြတ်ရတနာ မဟုတ်ပေ။သို့သော် မုန့်နှင့်စပျစ်ရည်ဖြစ်သည်။ သခင်ယေရှုက မုန့် သည် သူ၏ချိုးဖဲ့သော ခန္ဓာကိုယ်ဖြစ်သည်ဟု ဖော်ပြထားပါသည်။ ချိုးဖဲ့ သော အရိုးမရှိပေ။ သို့သော်သူ၏ ခန္ဓာကိုယ်နာကျင်စွာဖြင့် ရိုက်နက် ထိုးကြိုတ် ခြင်းခံစားရခြင်းသည် အသိအမှတ်ပြုဖွယ် ကောင်းပေသည် (ဆာလံ ၂၂း၁၂-၁၇၊ ဟေရှာယ ၅၃း၎-၇)။ 
          စပျစ်ရည်သည် သူမကြာ မှီသေသောအခါ သွန်းလောင်းမည့် အသွေးတော်ဖြစ်သည်ဟု သခင်ယေရှုက ဖော်ပြထားပါသည်။  ဘုရားသခင်၏ သား တော်စစ်သည် သမ္မဟောင်းထဲတွင်ဖော်ပြထားသော ကယ်တင်ရှင်ကြွလာမည့် ပရောဖက်ပြုချက်များပြည့်စုံ ရန်အတွက် ဤ လောကသို့ကြွလာခြင်းဖြစ်သည်။(ကမ္ဘာ၃း၁၅၊ဆာလံ၂၂၊ ဟေရှာယ ၅၃)။
                  ယေရှုက “ငါ ကိုအောက်မေ့ဘို့ရန် ထိုသို့ပြုကြ လော့” ဟုဖော်ပြသောအခါ သူကထိုပွဲတော်ကြီးသည် အနာဂတ်ကာလ တွင် ဆက်လက်လုပ်ဆောင်ရမည်ဟု ဖော်ပြလိုခြင်းဖြစ်သည်။
၎င်းက ပသာခါပွဲ၊ သိုးသူငယ်၏အသေခံခြင်း နှင့် လောကီသားများ၏ အပြစ်များကို ယူဆောင်သွား ရန်ကြွလာမည့် ဘုရားသခင်၏ သိုး သူငယ်တော်၊ သည်ပွဲတော် မင်္ဂလာ အားဖြင့်ပြည့်စုံ ခဲ့သည် (၁ကော ၅း၇)။ ပသာခါပွဲသိုးသငယ်တော် (၁ကော ၅း၇)၊ ခရစ်တော် သည် ကားတိုင် 
တော်ပေါ်တွင် အသေခံသောအခါ (ဟေဗြဲ ၈း၈-၁၃) သူသည် ပဋိညာဉ် ဟောင်းကို ပဋိညာဉ်အသစ်ဖြင့် အစားထိုးခဲ့သည်။ ယဇ်ပူဇော်ခြင်း စနစ်သည် နောက်ထပ်မလိုအပ်တော့ပေ။ (ဟေဗြဲ ၉း ၂၅-၂၈)။ 
            ပွဲတော်မင်္ဂလာသည် ကျွန်ုပ်တို့ အတွက် သခင်ယေရှု၏ အသေခံခြင်းကို သတိရ အောက်မေ့ခြင်းနှင့် သူ၏ အသေခံခြင်းအားဖြင့် ကျွန်ုပ်ရရှိသော ကျေးဇူး တော်အတွက် ပွဲကျင်းပခြင်းဖြစ်သည်။

ပွဲတော်ဝတ်စီစဉ်ပုံ မတူညီပါ။ နှစ်ခြင်းခရစ်ယန်၏ ပွဲတော်ဝတ်စီရင်ပုံကို
ဖေါ်ပြပါမည်။


                       *ပွဲတော် မင်္ဂလာဝတ်*

နှစ်ခြင်းတို့၏ အခြေခံယုံကြည်ချက်တွင် ပွဲတော်စီရင်ခြင်းသည် ဓမ္မဝတ်တစ်ခု 

ဖြစ်ပါသည်။ စီရင်သည့်အခါတွင်လည်း သခင်ခရစ်တော် စီရင်သည့် အတိုင်း 

ဆောင်ရွက်ခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပွဲတော်ကို စီရင်ခြင်းသည်၊

အသင်းတော်မှ ကမကထပြုလုပ်စီရင်သော ဓမ္မဝတ်မဟုတ်သည်ကို သတိပြု 

ရန်ဖြစ်သည်။ ပွဲတော်မင်္ဂလာသည် သခင်ခရစ်တော်၏ ပုံတော်ဖြစ်သည် 

ကိုယ်တော်ရှင် ကိုယ်တိုင်စီရင်ခဲ့သော မင်္ဂလာဝတ်ဖြစ်သည်။ ပွဲတော်မင်္ဂလာ 

စီရင်သည့် သခင်ခရစ်တော်ကိုယ်တိုင် ရှိနေသည်ကို ယုံကြည်ထားသဖြင့်

ပွဲတော် မင်္ဂလာကို သိက္ခာရဓမ္မဆရာ၊ ဆရာမများသာ စီရင် ပိုင်ခွင့်ရှိပါသည်။

ပွဲတော်အား ခေါ်ဝေါ်သော သုံးအနှုံးမှန်သော်လည်း ပြည့်စုံသော အခေါ် 

အဝေါ်သည် ပွဲတော်မင်္ဂလာဝတ် ဖြစ်ပါသည်။


(၁)စီရင်ခွင်.ရှိသူ 


ပွဲတော်မင်္ဂလာဝတ်သည် သခင်ယေရှု ကိုယ်တော်တိုင် စီရင်တော်မူသော

မင်္ဂလာဝတ်ဖြစ်၍ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၌ စီရင်ခွင့်မရှိပါ။ အသင်းတော် 

တစ်ရပ်လုံး/ တပည့်တော်စု၏ အခွင့်ဖြင့် စီရင်ရသော မင်္ဂလာဝတ်ဖြစ်ပါသည်။

(၂)စီရင်သူ


ယင်းသို့ စီရင်ရာတွင် နှစ်ခြင်းအသင်းတော်များ အနေဖြင့် အသင်း တော်ရေး၊

သာသနာရေးအတွက် သီးသန့် ဆက်ကပ် တင်မြှောက် ထားသော

သိက္ခာတော်ရ ဓမ္မအမှုတော်ဆောင်အား စီရင်ခွင့်ရှိပါသည်။
 
(၃) ခံယူခွင့်ရှိသူ

သခင်ဘုရား စီရင်တော်မူသော မင်္ဂလာဝတ် ဖြစ်သောကြောင့် ယုံကြည်၍

 နှစ်ခြင်းမင်္ဂလာခံယူပြီးသူတိုင်း ခံယူခွင့်ရှိပါသည်။ ခရစ်တော်၌ တစ်လုံး 

တစ်ဝတည်းရှိမှု ခရစ်ယာန်များ၏ ညီညွတ်မှုတို့ကို ဖော်ဆောင်ထားသော

 အားဖြင့်လည်းကောင်း၊ အချင်းချင်း အပြန်အလှန် အသိအမှတ်ပြုသည့်

 အနေဖြင့်လည်းကောင်း၊ အခြားဂိုဏ်းဝင် တပည့် တော်တို့အား ပါဝင်

 ခွင့်ပြုသည် သာမက ကိုယ်တိုင်လည်း အခြားအသင်းတော်တို့၌ စီရင်သော

 သခင်ဘုရား၏ ပွဲတော်မင်္ဂလာဝတ်ကို ခံယူသင့်ပါသည်။

(၄) စီရင်ကျင်းပသည့် နေရာ

ပွဲတော်မင်္ဂလာဝတ်ကို အသင်းတော်မှ သဘောတူ ချိန်းချက်ထားရှိသည့် 

နေရာတွင် စီရင်ရပါသည်။ ဗိမာန်တော်၊ တပည့်တော်စု ဝတ်ပြုရာအိမ်၊

 သို့မဟုတ် အထူး ဝတ်ပြုရာခန်းမဖြစ်သည်။ထို့ပြင် ဗိမာန်တော်၌ ပွဲတော်

 မင်္ဂလာဝတ်တွင် ပါဝင် နိုင်စွမ်းမရှိသော သက်ကြီးသူများ၊ နာ မကျန်းသူများ

 တို့အား အသင်းတော် (အမှုဆောင်အဖွဲ့) ၏ သိမှတ်မှုဖြင့်အိမ်တွင် 

လည်းကောင်း၊ ဆေးရုံ၌လည်းကောင်း၊ ပေးနိုင်ပါသည်။

(၅) စီရင်ကျင်းပသည့် အချိန်ကာလ

ပွဲတော်မင်္ဂလာဝတ်ကို အသင်းတော်မှ သဘောတူ ချိန်းချက်ထားရှိသည်

့ နေ့ရက်အချိန်တွင်စီရင်လေ့ရှိပါသည်။ လစဉ်ပထမ ဥပုသ်နေ့ သို့မဟုတ်

 ဒုတိယ ဥပုသ်နေ့တွင် ပုံမှန်ကျင်းပသော အသင်းတော်များ ရှိသကဲ့သို့ နှစ်လ

 သို့မဟုတ် သုံးလတစ်ကြိမ် စသည်ဖြင့်သတ်မှတ်သော အသင်းတော်များလည်း

 ရှိပါသည်။အခြေခံအားဖြင့် ကယ်တင်ရှင်ကို အောက်မေ့သတိရလျက် ကျေးဇူး

 တော်ကို ချီးမွမ်းခြင်း၊ ဝန်ချ တောင်းပန်ခြင်းနှင့် တစ်ဖန်ဆက်ကပ်ခြင်း ဖြစ်ရာ

 လွန်စွာ အချိန်ကွာဟမှု မရှိသင့်ချေ။

(၆) ပွဲတော်မင်္ဂလာဝတ်စီရင်ပုံ

နှစ်ခြင်းတို့ပွဲတော်ကို စီရင်သည့်အခါ ပလ္ထင်ပေါ်မှ စီရင်ပေးခြင်း အလေ့ အထ

 မရှိပါ။ ပွဲတော်ကို ခံယူကြမည့် ယုံကြည်သူတပည့်တော်များနှင့် တပြေးညီ

 ပွဲတော်မင်္ဂလာစားပွဲကိုထား၍ ဆောင်ရွက်ပါသည်။ ဤကဲ့သို့ ဆောင်ရွက်

 ရခြင်း အကြောင်းရင်း တစ်ရပ်မှာသခင်ခရစ်တော်ကိုယ်တိုင် ညစာစားရန် 

ပြင်သောအခါ တပည့်တော် တစ်ကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်းတော် 

မူသည်ဟု သမ္မာကျမ်းစာမှ ဖေါ်ပြထားပါသည်(မဿဲ ၂၆း၂၀) တစ်နည်းကား 

အတူတကွ စားတော်မူခြင်းကို ဖော်ပြ ထား ပါသည်။

(၇)အထွေထွေ

(က) ပွဲတော်မင်္ဂလာဝတ်တွင် ကျင့်သုံးရမည့် ကိစ္စအချို့ ပွဲ တော် မင်္ဂလာဝတ်ကို

 မဝင်မှီ တပည့်တော်များ တိတ်ဆိတ်ငြိမ်သက်စွာ အပြစ် ဝန်ချတောင်း ပန်ခြင်း

 အမှုကို တစ်ဦးချင်းဆောင်ရွက်ရန်။ ပဋိညာဉ် ဆယ်ပါးကိုပွဲတော်မခံယူမှီ

 အတူတကွ ရွတ်ဖတ်ရန်။

 (ခ)မုန့်နှင့်စပျစ်ရည် ဝေပေးခြင်းကိစ္စ
 
သင်းထောက်များမှ ပွဲတော်မုန့်နှင့် စပျစ်ရည် ဝေခြင်းကို ဆောင်ရွက်ရန် 

ဖြစ်ပါသည်။ သင်းထောက်အမျိုးသမီးကို ပွဲတော်မုန့်နှင့် စပျစ်ရည်ဝေခြင်း၌

 ပါဝင်တိုက်တွန်းရန် လိုပါသည်။

အမျိုးသမီးများ ဤအမှု၌ စိတ်ကြည်လင်ဘို့ အရေးကြီးပါသည်။ သင်းအုပ် 

နှင့်အသင်းတော်ကောင်စီမှ လိုအပ်သလို အားပေးရန် လိုအပ် ပါသည်။ 

မုန့်နှင့်စပျစ်ရည်ကို ဝေကြသည့်အခါ တူညီသော ဝတ်စုံကို ဝတ်ကြရန်

အသင်းတော်မှတိုက်တွန်းဘို့ ဖြစ်ပါသည်။ ဓမ္မအခြေခံ ထွေထွေထူးထူး မရှိပါ။

သင့်ရဲ့ကြည်နူးမှု ရှိရန်သာဖြစ်ပါသည်။


(ဂ) ပွဲတော်မင်္ဂလာဝတ်ဒေသနာ

ပွဲတော်မင်္ဂလာဝတ်ပြု စည်းဝေးတွင် ဓမ္မဒေသနာသည် ဤမင်္ဂလာ

 သဘောတရား ပါဝင်သောဒေသနာများကို အထူးအာရုံပြု၍ ဟောကြားရန်

 အရေးကြီးပါသည်။ သို့မှသာဤပွဲတော်မင်္ဂလာဝတ် ဓမ္မအနှစ်သာရနှင့်

 ပွဲတော်ခံယူခြင်း စသည်တို့၏ လေးနက်ခြင်းကိုရရှိပြီး ခံယူသူတို့သည်

 မိမိတို့၏ ယုံကြည်ခြင်းနှင့် ခရစ်ယာန် အသက်တာကို အသစ် တဖန်

 တည်ဆောက်သွားနိုင်မည် ဖြစ်ပါသည်။

(ယ) ပွဲတော်မင်္ဂလာဝတ်၌မပြုအပ်သောကိစ္စ

အသင်းတော်များသည် သိက္ခာတော်ရဆရာမှ အသင်းတော်တွင် ပွဲတော်

 မင်္ဂလာဝတ်စီရင်ပြီးမှ သင်းထောက်တို့ကို စီရင်ပြီးသောမုန့်နှင့် စပျစ်ရည်ကို

 လက်ဆင့်ကမ်းပေး၍ အသင်းတော်သို့ မလာ မရောက်နိုင်သူတို့အား 

စီရင်ပေးခြင်းကို လုံးဝမပြုရန်။ ပွဲတော် မင်္ဂလာဝတ်သည် သိက္ခာတော်ရ

 ဆရာမှ ဦးဆောင်၍ ဆောင်ရွက်သော ကိစ္စဖြစ်သည်။ တနည်းကိုယ်ထိ 

လက်ရောက် ဆောင်ရွက်ရသည့် ဓမ္မဝတ်ဖြစ်ပါသည်။ လက်လွဲ၍ ဆောင်

 ရွက်စေခြင်းသည် နှစ်ခြင်းအခြေခံ ယုံကြည်ချက်နှင့် မကိုက်ညီပါ။ သို့ဖြစ်ပါ

 သိက္ခာတော်ရဆရာများက ထိုကဲ့သို့ ဆောင်ရွက်ခြင်း လုံးဝရှောင်ရှားရန်

 ဖြစ်ပါသည်။

(င) အပြစ်ဝန်ချခြင်းပဋိညာဉ်စည်းဝေးကိစ္စ

တစ်ချိန်က အပြစ်ဝန်ချခြင်း စည်းဝေးများကို နှစ်ခြင်း အသင်း တော်များက

 ဆောင်ရွက်လေ့ရှိပါသည်။ ယခုအခါ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်ပါသည်။

 ဤနှစ်ခြင်းတို့၏ကောင်းမြတ်၍ ဓမ္မကြောင်းအရလည်း မှန်ကန်နေသော

 ကျင့်ဝတ်ကိုပြန်လည် အကောင်အထည် ဖော်ရန်၊အချိန်တန်ပြီ ဖြစ်ပါသည်။ 

အပတ်စဉ်နှင့် လစဉ်မလုပ်ချင်သည့်တိုင်အောင် တစ်နှစ်ကိုနှစ်ကြိမ်

 လုပ်သင့်ကြောင်း ၊ ထိုသို့ဆောင်ရွက်သည့်အခါ ကမ္ဘာ့ပွဲတော်မင်္ဂလာ

 ဝတ်နေ့နှင့် နှစ်သစ်ကူးချိန်တွင် ပြုလုပ်ပါက အလွန်သင့်လျော်ပါမည်။ 

ပွဲတော်မင်္ဂလာဝတ်ပြုရာတွင်လည်း ပုံမှန်ဝတ်ပြု ကိုးကွယ်ခြင်းအစီအစဉ်

တွင်ထည့်သွင်းခြင်းနှင့် သီးခြားဝတ်ပြု အစီအစဉ်ဖြင့်ကျင်းပခြင်း

 ပြုတတ်ပါသည်။ အောက်ပါအစီအစဉ်ကို သီးခြားဝတ်ပြု အစီအစဉ်

 အဖြစ်လည်းကောင်း၊ ပုံမှန်ဝတ်ပြု အစီ အစဉ် တွင်ဓမ္မဒေသနာ 

ဟောကြားပြီးနောက် ဆက်လက်၍လည်းကောင်း ဆောင်ရွက်နိုင်ပါသည်။

(၁)ပွဲတော်အစီစဉ်

ဓမ္မသီချင်းကျူးအေးခြင်း၊ကျမ်းစာဖတ်ခြင်း၊ပွဲတော်မုန့်စီရင်ခြင်း၊ဝေငှခြင်း၊စားခြင်း

ဆရာ ။ ။ သခင်ယေရှုသည် ရန်သူလက်သို့ အပ်နှံခြင်းခံသောနေ့ ညမှာ

 မုန့်ကိုယူ၍(မုန့်ပန်းကန်ကို ကိုင်ယူပါ)၊ ကျေးဇူးတော် ချီးမွမ်းသည်နည်းတူ၊ 

ကျေးဇူးတော် ချီးမွမ်းကြစို့။ (ဆက်လက်၍ ကျေးဇူးတော်ချီးမွမ်းပါ)

ဆရာ ။ ။ ကျေးဇူးတော် ချီးမွမ်းပြီးနောက် မုန့်ကိုဖဲ့၍ (မုန့်ကိုယူ၍ဖဲ့ပါ)

 တပည့်တော်တို့အား ဝေပေးသည့်နည်းတူ အချင်းချင်းတို့အား ဝေ ပေးကြပါစို့။

 (သင်းထောက်များမှတစ်ဆင့်/ပြီးလျှင် သင်းထောက် တို့အား ဝေပေးပါ)။

ဆရာ ။ ။ သခင်ယေရှုက ဤမုန့်ကား သင်တို့အဖို့ အလို့ငှာ၊ ချိုးဖဲ့သော

 ငါ၏ကိုယ်ဖြစ်၏။ငါ့ကို အောက်မေ့ဖို့ရာယူ၍ စားကြလော့ဟု မိန့်တော်

မူသည်အတိုင်း အတူတကွစားကြစို့။ (စားလျက်အာရုံပြုနိုင်ရန် အချိန်

 အနည်းငယ်ပေးပါ။)

ဆရာ ။ ။ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍ (ခွက်/ခွက်ပန်းကို ကိုင်ယူပါ။) 

ကျေးဇူးတော် ချီးမွမ်းသည့်နည်းတူ ကျေးဇူးတော်ချီးမွမ်းစို့။ (ဆက်လက်၍

 ကျေးဇူးတော်ချီးမွမ်းပါ)။

ဆရာ ။ ။ ကျေးဇူးတော် ချီးမွမ်းပြီးမှ တပည့်တော်တို့အားခွက်ကို ဝေပေးသည့်

 နည်းတူအချင်းချင်းတို့အား ဝေပေးကြစို့။ (သင်းထောက်များမှ တစ်ဆင့်/ပြီးလျှင်

 သင်းထောက်တို့အား ဝေပေးပါ။)


ဆရာ ။ ။ သခင်ယေရှုက ဤခွက်ကား ငါ၏အသွေး၌တည်သော

 ပဋိညာဉ်တရားသစ်ဖြစ်၏။ သောက်သောအခါ ငါ့ကိုအောက်မေ့ဖို့ရာ 

သောက်ကြလော့ဟု မိန့်တော်မူသည်အတိုင်း အတူတကွ သောက်ကြ

 ကုန်စို့။(သောက်လျက်အာရုံပြုနိုင်ရန် အချိန်အနည်းငယ်ပေးပါ)

ဆရာ ။ ။ ပွဲတော်အလှူငွေသည် အသင်းတော်အနေဖြင့် ကူညီမစခြင်းကို

 လိုသောသူတို့အား အထောက်အပံ့ပြုသော မိတ်သဟာယ အလှူ 

တော်ငွေဖြစ် သည့်အားလျော်စွာ မိမိတို့၌ သခင်ဘုရား ပြုတော်မူသော

 ကျေးဇူးတော်တို့ကို ရေတွက်လျက် စေတနာထက်သန်စွာ ပေးလှူ ကြ ကုန်စို့။

 ဓမ္မသီချင်းကျူးအေးခြင်း၊မိတ်သဟာယ အလှူငွေ ကောက်ခံခြင်း။

ဆရာ ။ ။ ညစာစားပြီးသည်နောက် သခင်ယေရှုသည် တပည့်တော်တို့နှင့်အတူ

 ဆာလံသီချင်းဆိုလျက် သံလွင်တောင်သို့ တက်ကြွတော်မှုသည်နည်းတူ

 ဓမ္မသီချင်းကိုသီဆိုပြီးကောင်းချီးပေးလျက် ဤနေရာမှထွက်ခွာကြကုန်စို့။

#ကောင်းချီးပေးခြင်း #ကောင်းချီးမင်္ဂလာခံယူခြင်း#

မှတ်ချက် ။ ။ သခင်ဘုရား၏ ပွဲတော်အတွက် ပေါင်မုန့်နှင့် စပျစ်ရည်ကို

 အသုံးပြုပါသည်။မုန့်နှင့်ဆိုင်၍ အချို့က တဆေးမဲ့ မုန့်ဖြစ်ရမည်ဟု ခံယူလျက်

 သာမန်ပေါင်မှန့်ကိုမသုံးဘဲ၊ သီးသန့်မုန့် ပြုလုပ်ခြင်း၊ အသင့်ပြုလုပ်ထားသော

 ပွဲတော်မုန့် ပြုလုပ်ခြင်း၊ အသင့်ပြုလုပ်ထားသော ပွဲတော်မုန့်ချပ်ကလေးများကို

 အသုံးပြုကြပါသည်။ စပျစ်ရည် မရနိုင်သောကြောင့် ဇီးဖျော်ရည်၊

 မန်းကျီးဖျော်ရည် စသည်တို့ကို သုံးတတ်ကြပါသည်။ ဖျော်ရည်ကို

 အသုံးပြုရာတွင် ဖြစ်နိုင်ပါက စပျစ်ရည် ရောနှော အသုံးပြုအပ်ပါသည်။ 

အသွေးရောင် ဖြစ်စေရန်လည်း ဂရုပြု စီရင်သင့်ပါသည်။ မုန့်နှင့်စပျစ်ရည်ကို

 ဝေငှပြီးနောက် "ရသင့်လျက်နှင့် မရသေးသော သူများရှိလျှင် လက်ပြပါ" ဟူ၍ 

အခါခပ်သိမ်းမေးရန်မလိုပါ။ စနစ်တကျဝေငှနိုင်ရန် သင်းထောက်များကို 

သင်ပြတာဝန် ပေးထားသင့်ပါသည်။ ပရိသတ်အခြေအနေအရ ကျန်သူ

 ရှိနိုင်သော အချိန် အခါတွင်မှ မေးမြန်းသင့်ပါသည်။

မှတ်ချက်။---။

ပွဲတော်အား မည်သည်. ပုံစံဖြင်. ပေးရမည်ဟူသည်. ပုံသေ သတ်မှတ်ချက်

 မရှိပါ ။ နှစ်ခြင်းခရစ်ယာန်၏ ပွဲတော်စီစဉ်ခြင်းကို တင်ပြခြင်းဖြစ်သည်။


 



September 15, 2014

"သင်တို.အလယ်၌"

အဘယ်ကြောင်. တရားဟောရင်း၊ သီချင်းဆိုရင်း၊ သက်သေခံရင်း သူတို. မျက်ရည် ကျနိုင်ပါလိမ်…လို. ငယ်စဉ်က တွေးမိတွေးရာ စဉ်းစား မိတတ်ပါတယ်။ သို.သော် ကျွန်တော်လည်း စင်ပေါ်တက်ပြီး နုတ်ကပတ် တော်ဝေငှဖို. တခါတလေ အားမန်အပြည်. ပြင်ဆင် ခဲ.သော်လည်း ပရိသတ်ထဲမှ နားမထောင်ချင်“ဒါလေးများ- ငါသိပြီးသားပါဆိုတဲ. ငြင်းဆန် ဝေဖန် နေသော ဖါရိရှဲနဲ. သိုးမည်းတွေရဲ. မာနမျက်လုံး တွေမြင် မိတိုင်း”
(ယေရမိ -၃း၁၇ သင်တို့သည် နားမထောင်ဘဲနေလျှင်မူကား၊ သင် တို့မာနကြောင့်၊ငါ့စိတ်ဝိညာဉ်သည် မထင်ရှားသောအရပ်၌ငိုကြွေးမည်) ဆိုသကဲ.သို. ထင်ထင်ရှားရှား စိတ်မကောင်းခြင်း များစွာနဲ. အလိုလို မျက်ရည်ဝဲလာ တတ်ပါတယ်။ သို.သော် အားပေးဆုတောင်း ပေးနေ
 သောမျက်လုံးအစုံ တွေဆီက ခွန်အားတွေအပြည်. ဖြစ်စေတတ်ပါတယ်။ (သင်သည် ဝေဖန်သူမဟုတ်၊ အားပေးတတ်သူဖြစ်ပါစေ)။
 လောကမှာ ကျွန်တော် အကြောက်၊အစိုးရိမ်ဆုံးကတော. ကိုယ်လုပ်သမျှ ကိုယ်. BOSS မသိမှာကို မဟုတ်ပါ ။ကိုယ်ပင်ပန်းသမျှ ကိုယ်.အသင်း သားတွေ မသိမှာထက် ကိုယ်လုပ်နေတာ၊လှူသမျှ ဘုရား အတိအမှတ် မပြုမှာကို အစိုးရိမ်ဆုံးပါ။ ကိုင်းအိန(Cain) ပူဇော်သော ဇစ်ကဲ.သို. ဘုရား လက် မခံမှာကို အကြောက်ဆုံးပါ။ဘုရားက သူ.လူမျိုးတော် အိသရေလ လူမျိုး ဘယ်နေ.၊ ဘယ်ရက်ဘယ်နေရာမှာ နေတယ်ဆိုတာ ကျမ်းစာမှာ အတိကျမှတ်တမ်းတင် ထားသော်လည်း နှစ်ပေါင်း(၁၀၀)နီးပါး သူတို. ဝတ်ပြုသမျှဘုရား စာရင်းထဲမှာ လုံးဝ မမှတ်ထားဘူး။ပျောက်နေတယ်။ ထိုနေ.ရက်ကို အချီးနှီးသော နေ.ရက်ကာလများလို. ပြောပါတယ်။ ထို.နေ.ရက်၊ နှစ်များတွင် အိသရေလလူမျိုးများ ဘုရားကို ပထမဦးစား မပေး၊ မိမိလိုချင်သောပုံစံနှင်. ဗာလဘုရားများကို ကိုးကွယ်သော
 နေ.ရက် တွေဖြစ်တယ်။ ကမ္ဘာဦးကျမ်းမှ ဗျာဒိတ်ကျမ်းအထိကြည်.ပါက ဘုရားသခင်သည် ငါတို.အလယ်၌(Midst) နေလိုသောဘုရားဖြစ်တယ်။ ဘုရားကို ဘေးမှာ၊ ထောင်.မှာ၊ အောက်မှာ ကြိုက်သည်. နေရာမှာထားပြီး ကြိုက်သည်.အချိန် ယူပြီး၊ အသုံးခံသော ဘုရားလုံးဝ မဟုတ်ပါ။ နံပါတ်တစ်၊ ပထမဦးစား ပေးမှာ မထားရင် ဒုတိယနေရာ ဘယ်တော.မှမနေဘူး။ သူ.ကို ပထမထားတဲ.သူတွေဆီကို
 ပြောင်းသွားတယ်။ ကျွန်တော်တို. အလယ်မှာ(သို.) ကျွန်တော်တို. ပထမဦးစားပေးက လူမှုရေး၊ လူမျိုး ဂိုဏ်းဂန၊ပုဂိုလ်အမည်နာမကို အကြောင်းပြပြီး ဝတ်ပြုခြင်းအလယ်၌ ဘုရားလုံးဝ မကျိန်းဝပ်နိုင်မည် မဟုတ်ပါ၊ မနာလိုတတ်သော ဘုရား ဖြစ်ကြောင်းကိုလည်း ကျမ်းစာတွင် မြောက်မြားစွာတွေ.ရတယ်။ဆုတောင်း ခြင်းဖြင်. အစပြုပြီး၊ ဘုရားအကြောင်းပြော၊ဆုတောင်းခြင်းဖြင်. အဆုံးသတ်ပါသော်လည်း ဘုရားအတူပါရှိဖို.အတွက် ထိုအလယ်၌ ယေရှုထား ရှိဖို.လိုပါတယ်။ တိုင်းရင်းသားကျမ်းစာ ဘာသာပြန်ချက်သည် NIV မှ ဖြစ်သော ကြောင်. ရှင်မာသဲ ၁၈း၂၀ တွင် သင်တို. (အလယ်၌) ဆိုသည်. စကား မတွေ.သော်လည်း မြန်မာကျမ်းစာနှင်. KJ/NASB/ASV/ DBY/ AMP/NLT.. version များစွာတွင် “အလယ်(Midst)” ဆိုသည်. အသုံးနှုံန်း ကို သုံးထားပါသည်။ သမ္မာဟောင်းတခုလုံးတွင် Tavek(ဟေဗြဲဘာသာ)၊ အသစ်တွင် Mesos (ဂရိတ်) ဘာသာဖြင်. သုံးသော်လည်း အဓိပါယ်သည်(In the midst / among /between) “အလယ်ဗဟို၊အကြား၌”ဟု ဆိုလိုသည်ကိုတွေ. ရသည်။ “အကြင်အရပ်၌လူနှစ်ဦး သုံးဦးတို့သည် ငါ၏နာမကို ထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။” အလယ်ဆိုသည်.သဘောသည် ကျွန်တော်တို. ယဉ်ကျေးမှု၊ ရှေးဟောင်း အိမ်များ ဆောက်သည်.အခါ အလယ်၌ ထောင်.တိုင် အကြီးဆုံး၊အခိုင်ခံ. ဆုံး ဆောက်ထားလေ.ရှိပါတယ်။မည်သည်.ဘက်မှဝင်သည် ဖြစ်စေ ထိုတိုင်ကို ပထမဆုံးမြင်ရသည်။ထိုသဘောအတိုင်း ယေရှုသည်လည်း အသင်းတော်၏ ထောင်.တိုင်ဖြစ်သင်.သလို၊ ကောင်းကင်၏ပုံရိပ် တဲတော်ကိုCampအလယ်၌ထာဝရဘုရားသည် ကျိန်းဝပ်နေရာယူပါသည်။ ထိုတဲတော်ကို ဆောက်ချင်သလို ဆောက်ခွင်.မပေးပဲ လက်ဝါးကားတိုင် တည်းဟူသော ခရစ်တော်အသေခံခြင်းပုံစံဖြင်. မောရှေကို ဘုရား ကဆောက်ခိုင်းသည်ကို ကြည်.ခြင်းဖြင်. အသွေးတော်အားဖြင်.သာ အပြစ်လွှတ်ပြီး ကောင်းကင်နိုင်ငံ ဝင်စားနိုင်ကြောင်း နားလည်ရပါသည်။ ထိုနည်းအတိုင်း ဘုရားကျောင်းသည် လူမျိုး၊ ဂိုဏ်း၊ လူပုဂိုလ်နာမည်ကို အလည်ဗဟို၊ ထောင်.တိုင် ထားသမျှသော ထိုအသင်းတော်၌် သင်လှုပ်ရှားသမျှ၊ ပေးကမ်းစွန်.ကြဲပါဝင်သမျှ ယုံကြည်ခြင်းမပါသော ကိုင်းန၏ ဇစ်ကဲ.သို. ဘုရားအတိအမှတ်မပြုပါ။ ထိုနေရာ၌ လုပ်ဆောင် လေသမျှ အချီးနှီးသော နေ.ရက် ကာလများအဖြစ် ဘုရားအမြင်မှာ သတ်မှတ်သည်ဖြစ်သည်။ နောက်ဆုံးသော ပလင်ဖြူရှေ.မှာ ယေရှုက “သင်တို့ကိုငါအလျှင်းမသိ” ဟု အပြောခံရင် ဘယ်လောက် ရင်နာစရာ ကောင်းမလဲ။ မာသဲ ၁၈း၂၁ သခင်၊သခင် ဟုငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင် ဘုံ၌ရှိတော်မူသော
 ငါ့ခမည်းတော်၏ အလိုကိုဆောင်သော သူသာလျှင် ဝင်ရလိမ့်မည်။ 
၂၂ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော် အခွင့်နှင့် ဆုံးမသြဝါဒ ပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုး တို့ကိုနှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော် အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက် ကြလိမ့်မည်။ ၂၃ ထိုသို့ လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ။ အဓမ္မအမှုကိုပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့် အလင်းငါပြောမည်)။ အသင်းတော် အလှူများတိုင်း ဘုရား ကျေနပ်သည် ဟု ကျမ်းစာမတွေ.ရပါ။ အထက်ကျမ်းစာမှာ အလိုတော် ဆောင်သောသူ လို.ပြော ပါတယ်။ စာတန်လည်း သန်းကြွယ်သူဌေး ဖြစ်စေနိုင်ပါသည်။ သို.ပါ၍ ငါ.အသင်းတော်ကို “ငါ”တည်ဆောက်မည် ဟု ယေရှုပြော သောကြောင်. အခြားပုံစံဖြင်.တည်ဆောက် သမျှသည် လောင်ကျွမ်းမည်၊ (တနည်း)ယေရှုခရစ်တည်းဟူသော သင်.ခန္ဒာ၊သင်.အသင်းတော်သည် ထိုယေရှုခရစ်တည်းဟူသော အုတ်မြစ်၌ မတည်ပါက သိမ်းဆည်း ချီဆောင်မည်မဟုတ်ကြောင်း
 မေတ္တာရှေ.ထားလျှက်ဝေမျှလိုက်ပါသည်။  
(အယောက်တိုင်းအတွက် သခင်ဘုရား ကြွယ်စွာ ကောင်းကြီးပေးပါစေ)

September 12, 2014

ISIS သည်.....( ဗျာဒိတ် ၉း၁-၁၆ ပြည်.စုံလာခြင်း)

ဗျာဒိတ်ကျမ်း အခန်းကြီး ၉ 
၁ပဉ္စမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကြယ်တလုံးသည် ကောင်း ကင်က မြေကြီးပေါ်သို့ ကျသည် ကိုငါမြင်၏။ သူ၌အနက်ဆုံးသောတွင်း၏ သော့ကို အပ်ပေးသည်ဖြစ်၍၊ ၂သူသည်အနက်ဆုံးသော တွင်းကိုဖွင့်လျှင်၊ ကြီးစွာသောမီးဖို၏ အခိုးကဲ့သို့သော အခိုးသည် တွင်းထဲကတတ်လေ၏။ ထိုတွင်း၏ မီးခိုးကြောင့်၊ နေနှင့် အာကာသ ကောင်းကင်သည် မှောင်မိုက်လေ၏။ ၃ကျိုင်းကောင်တို့သည် မီးခိုးအထဲက မြေကြီးအပေါ်သို့ထွက်၍၊ မြေကင်း မြီးကောက် တန်ခိုးကဲ့သို့သောတန်ခိုးကိုရကြ၏။ ၄ မြေ၏ မြက်ပင်မှစ၍ စိမ်းသောအရာများ၊ သစ်ပင်များအပေါင်းတို့ကို ထား၍၊ နဖူး၌ ဘုရားသခင်၏တံဆိပ်ခတ်ခြင်းကိုမခံသောလူတို့ကိုသာ ညှဉ်းဆဲမည် အကြောင်းသူ တို့အားပညတ်ထား၏။ ၅တံဆိပ်ခတ်ခြင်းကို မခံသော သူတို့ကို ကားသတ်ရသောအခွင့်မရှိ။ ငါးလပတ် လုံးပြင်းစွာသော ဝေဒနာဖြစ်စေ သောအခွင့်ရှိ၏။ ထိုကျိုင်းကောင် ဖြစ်စေသော ဝေဒနာသည်ကား၊ ကင်းမြီးကောက်သည် လူကိုထိုးသော ဝေဒနာကဲ့သို့ဖြစ်သတည်း။ ၁၃ဆဌမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ဘုရားသခင့် ရှေ့တော်၌ ရှိသော ရွှေယဇ်ပလ္လင်၏ ချိုလေးချောင်း ထဲကထွက်သော အသံကား၊ ၁၄ဥဖရတ်မြစ်ကြီးနားမှာ ချည်နှောင်လျက်ရှိသော ကောင်းကင်တမန် လေးပါး ကိုလွှတ်လော့ ဟု တံပိုးရှိသော ဆဌမကောင်းကင်တမန်အား ဆိုသည်ကို ငါကြား၏။ ၁၅ထိုအခါ လူသုံးစု တစုကိုအသေသတ်ခြင်းငှါ၊ တနာရီ၊ တရက်၊ တလ၊ တနှစ် အဘို့ပြင်ဆင် သောကောင်းကင်တမန်လေးပါးတို့ကို လွှတ်လေ၏။ ၁၆မြင်းစီးသူရဲတို့၏ အရေအတွက်ကား၊(2 hundred tousand,tousand)
 နှစ်သင်္ချေ ဖြစ်၏။ ထိုအရေအတွက်ကို ငါကြားရ၏။

 ISISအားဖြင်.အထက်ပါကျမ်းချက်ပြည်.စုံကြောင်းသိရှိနိုင်သည်။ယခု ISIS ခြေကုတ်ယူထားသောနေရာသည် Euphrates (ဗျာ ၉း၁၄ ဥဖရတ်မြစ်ကြီးနားတလျှောက်-အီရတ်-ဆီးရီးယား-တူရကီ ဖြစ်တယ်။
 မြေပုံကို ကြည်.ရှု လေ.လာခြင်းဖြင်. သိနိုင်ပါသည်။ ISIS အဖွဲ.သည် Euphrates မြစ် တဘက်ကမ်း ဆီးရီးယားတလျှောက်ကို ထိန်းချုပ်ထားတယ်လို. New York Time ၂၀၁၄ ပြီးခဲ.သည်.လမှာ ဖေါ်ပြ ထားပါတယ်။ …အောက်ပါ New York Time ကို လေ.လာပါက 2014 တနှစ်တည်းမှာ ဖြစ်ပျက်တာကို တွေ.ရသည်။ ISIS က ရေကာတာကြီးကို ပိတ်ဆို.ဖြတ် တောက်ခြင်းကြောင်. မြောက်များစွာသော အီရတ်ပြည်သူတွေ အစာငတ် မွတ်ခြင်းဘေးကြုံရပါသည်။ ထို.ကြောင်. ဗျာဒိတ် ၉ တွင်ဖေါ်ပြသော အချက်သည် ISIS အားဖြင်. ပြည်.စုံကြောင်း သိနိုင်ပါသည်။ 
(နယူးယောက်တိုင်း သတင်းမူရင်း)
 Iraq Suffers as the Euphrates River Dwindles Moises Saman for The New York Time) Rice farmers surveyed their dry field near a village on the outskirts of Najaf. Iraq is now importing more and more grain. “Maaku mai!” they shout, holding up their rusty sickles. “There is no water!” The Euphrates is drying up. Strangled by the water policies of Iraq’s neighbors, Turkey and Syria; a two-year drought; and years of misuse by Iraq and its farmers, the river is significantly smaller than it was just a few years ago. Some officials worry that it could soon be half of what it is now. The shrinking of the Euphrates, a river so crucial to the birth of civilization that the Book of Revelation prophesied its drying up as a sign of the end times, has decimated farms along its banks, has left fishermen impoverished and has depleted riverside towns as farmers flee to the cities looking for work. The poor suffer more acutely, but all strata of society are feeling the effects: sheiks, diplomats and even members of Parliament who retreat to their farms after weeks in Baghdad. Along the river, rice and wheat fields have turned to baked dirt. Canals have dwindled to shallow streams, and fishing boats sit on dry land. Pumps meant to feed water treatment plants dangle pointlessly over brown puddles. Militants Close Euphrates River Dam Posted on 16 April 2014. By John Lee. Militants have reportedly closed the Euphrates River dam they control in Iraq, cutting off a major source of water for central and southern Iraq. AFP reports that militants had previously cut the flow of water through the dam near the city of Fallujah several weeks ago, but reopened it when water accumulated and caused the area to flood. The US embassy issued a statement Monday condemning “ongoing terrorist acts” by powerful jihadist group the Islamic State of Iraq and the Levant (ISIL), and the dam closure in particular.

(New World Order>One World Order>Satan Order)

(New World Order/ One World Order/Satan Order) “စနစ်သစ်ကမ္ဘာ.အုပ်ချုပ်ရေး”(One World Order)မပြောမီ
သမ္မာကျမ်းကို အနည်းငယ်ဖေါ်ပြလိုပါသည်။ မူုရင်းဟေဗြဲ၊အရေဗျ၊ဂရိတ်ဘာသာ ဖြင်.ရေးထားသောကျမ်းစာကို Version များစွာဖြင်.ဘာသာပြန်သည်.အခါ အသုံးအနှုန်း၊စကားလုံးမတူ ကွဲပြားကြသည်နှင်.အမျှ ဆိုလိုရင်းလည်း အနည်းနှင်.အများ ကွဲပြား သည်ကိုတွေ.ရပါသည်။ 
ထိုအထဲတွင် အောက်ပါ နှစ်ပိုဒ်ကို ကြည်.ခြင်းဖြင်.သဘောပေါက်နိုင် ပါသည်။Point-outလုပ်ချင်တာကတော. မူသစ်(New Order) ဆိုသည်. စကားလုံးအသုံးနှုန်းကို ဂရုစိုက်စေချင်ပါသည်။( ဟေဗြဲ ၉း၁၀) စားစရာ၊ သောက်စရာ၊အမျိုးမျိုးသောနှစ်စရာတည်းဟူသော၊ ကိုယ်ခန္ဓွာနှင့် ဆိုင်သောအထုံးအဖွဲ့များနှင့်တကွ အသစ်ပြုပြင် ခြင်းကာလ တိုင်ရုံမျှသာ တည်ရကြ၏။  
they are external regulations imposed until the new order came.(NET) 
imposed on them until the time of reformation (KJV) 
of reformation,of the complete new order(AMP) 
establish the new order.(GNT) 
applying until the time of the new order.(NIV) 
၂ကော ၅း၁၇ခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ဟောင်း သောအရာတို့်ပြောင်းလဲ၍ခပ်သိမ်းသော အရာတို့သည်အသစ်ဖြစ်ကြ ပြီ။ The old order has is gone and a new order has begun.(NEB) 
The old has gone, the new is here!(NIV)
 Behold, the fresh and new has come!(AMP) 
All things are become new.(KJV) 
The old is gone, the new has come.(GNT).
**ဘယ် Version မှားတယ်/မှန်တယ်ဆိုတဲ.ဝေဖန်ခြင်းမဟုတ်ပဲ အသုံးနှန်းကွာတာလေးကို မြင်သာထင်သာအောင် ပြခြင်းဖြစ်သည်**

 “စနစ်သစ်ကမ္ဘာ.အုပ်ချုပ်ရေး”New-World-Orderကို အတိုကောက် NWO လို.ပဲရေးပါမည်။ “NWO”အကြောင်းတချို.ကြားဘူးသော်လည်း သိပ်သတိမထားကြပါ။ဤစနစ်သည် ယခုမှတီထွင်ဖြစ်ပေါ်လာသော စနစ်သစ် မဟုတ်ပဲ အမေရိကန် ၃၅မြောက်သမတ ဂျွန်အက်ဖ်ကနေဒီ လက်ထက်မှ စီမံကိန်းကို လက်ဆင်.ကမ်းအကောင်ထည်ဖေါ်ခြင်းဖြစ်ပြီး ယနေ.လူမှု ယန္တရားတခုလုံး (NWO)ကို ဦးတည်နေသည်။ ထိုစနစ်သည်၏ အဓိကရည်ရွယ်ချက်သည်လူသားများကို လုံခြုံမှုပေးပြီး အကျိုးပြုနေခြင်း ဖြစ်သော်လည်း အန်တီခရစ်လမ်းကြောင်းကို ပြုပြင် လမ်းခင်းပေးနေသော စနစ်ဖြစ်ကြောင်းကို ယနေ. ဘာသာရေး ဆရာမြောက်များစွာ သတိမထားကြပေ။
“စနစ်သစ်ကမ္ဘာ.အုပ်ချုပ်ရေး” ပုံစံ၏ အဓိကသော.ချက် ၃ရပ်..
 (၁)အစိုးရတစ်တခု..(ဒီမို/ဆိုရှယ်/ကွန်ဖြူးရှပ် မရှိ..နိုင်ငံရေးတခုတည်း) (၂)ဘာသာရေးတစ်ခု(ခရစ်ယန်၊မူဆလင်၊ဗုဒ္ဒဘာသာ..မရှိ၊) (၃)ငွေလဲလှယ်မှုတစ်ခု(ကျပ်၊ယူရို၊ဒေါ်လာ….မရှိ)  

(၁)အစိုးရတစ်တခု..(One Government) ဖြစ်မှသာ ကမ္ဘာ.ပြည်သူ ပြည်သားများကို အသက်လုံခြုံမှုပေးနိုင်မည်၊ 9/11လို တိုက်ခိုက်မှု ခြေရာကို အလွယ်တကူမိနိုင်ရန်၊Terrismများ၊သူခိုး၊ဓါးပြ၊ သူပုန်များကို အလွယ်တကူ သိရှိဖမ်းမိနိုင်ရန်ဆိုသည်. မက်လုံးပေးပြီး
 ( RFID 666 ) တံဆိပ်ကို အကောင်ထည်ဖေါ်မည်။ စစ်ဘေးတွင် သေကြေမည်. အလောင်း(၄-၆ယောက်ဆန်.)မည်. အခေါင်းပေါင်းစွာကို 1994 မှစပြီး USA နှင်. ကနေဒါတွင် WW3 FEMA Camp ပြုလုပ်ပြီးဖြစ်သည်။ 
(၂)ဘာသာရေးတစ်ခု။ ။ 
ဘာသာရေးတစ်ခုတည်းဖြစ်ရန်တဖြေးဖြေးချင်း အကောင် ထည်ဖေါ်လာတာ ကြာပါပြီ။အသင်းတော်တခုတည်းရပ်တည်ခြင်း ထက် ကောင်စီတခုမှာမင်ဘာဝင်ခြင်းဖြင်. အတူတူအလုပ်လုပ်မယ်။ ဝန်တခုကို တယောက်အားဖြင်.ထမ်းတာထက် အများအားဖြင်.ထမ်းပါက ပိုမိုပေါ.ပါးတယ်…ဆိုတဲ.မက်လုံးတွေပေးပြီး ကောင်စီ ဖွဲ.ကာမင်ဘာဝင် ခိုင်းမည်။ သဘောတခုက မြန်မာပြည်ရှိ နှစ်ခြင်း အသင်းတော် တိုင်း မြန်မာပြည်နှစ်ခြင်း(MBC) မင်ဘာဝင်မယ်၊MBC က ကမ္ဘာ. WBC မှာဝင်မယ်။ WBC က ကမ္ဘာ.ခရစ်ယန်ကောင်စီ (WCC) မင်ဘာဝင်ပြီး သားလေ။ (နယ်သာလန်နှစ်ခြင်းက ဥရောပ နှစ်ခြင်းယူနီ၊ ဥရောပနှစ်ခြင်းမှ WBC၊ WCC ဆိုတဲ. ပရောဂျက်က ကျွန်တော်တို. မမွေးခင်ကတည်းက ရှိပြီးသား။ (www.arcticbeacon.com/articles/20-Feb-2007.html) သတင်းဖေါ်ပြ ချက်နှင်. Tony Bishop Palmer ရဲ. တရားဟောချက်မှာ18 Feb 2014 ကို နားထောင်ပါက မည်သည်. ခရစ်ယန်အဖွဲ.စည်းက ဦးဆောင်လိမ်.မယ်ဆိုတာ ခန်.မှန်းနိုင်ပါသည်။ 
ယနေ.ရိုမန်ကက်သိုလစ် ဝတ်ပြုခြင်းနှင်. Vatican ကိုလေ.လာပါက 1)She sits on the beast with 7 heads & horns. 
2)Wear purple & red. 
3)Hold a golden cup in er hand. 
4)Is drunk on the blood of the saints. 
5)Sits on 7 mountains. 
6).Great city that reigns over the kings of the earth လို. များစွာ
သော ကျမ်းတတ်ဆရာတွေရေးသားချက်တွင် တွေ.ရပါသည်။
ဒံယေလ ၇း၇ အလွန်ကြောက်မက်ဘွယ်သော စတုတ္ထ သားရဲသည် ထင်ရှား ၏။ သူသည် အရင်သားရဲရှိသမျှတို့ထက် ထူးခြား၏။ ချိုဆယ် ချောင်းလည်း ရှိ၏။ ၁၀မျက်နှာတော်မှာ မီးရောင်ခြည်ထွက်လေ၏။ အတိုင်းမသိ များစွာသောသူတို့သည် အမှုတော်ကို ဆောင်ရွက်၍၊ ကုဋေ သင်္ချေမက ရှေ့တော်၌ ခစား၍ နေကြ၏။ တရား စီရင်ခြင်းငှါ ပြင်ဆင်၍၊ စာစောင်များကိုဖွင့်ထား၏။ ဗျာ၁၃း၁၁ အခြားသော သားရဲတကောင်သည်၊ သိုးသားငယ်၏ချိုနှင့် တူသော ချိုနှစ်ချောင်းရှိ၍၊ နဂါးကဲ့သို့ စကား ပြောလျက်၊ မြေကြီး ထဲကထွက်သည်ကို ငါမြင်၏။ ၁၈ခြောက်ရာခြောက်ဆယ်ခြောက် လည်း ဖြစ်၏။။ ၇း၃ ငါ့ကို ဝိညာဉ်တော်အားဖြင့် တောသို့ဆောင် သွားလေ၏။ ခေါင်း ခုနစ် လုံးနှင့် ချိုဆယ်ချောင်းရှိ၍၊ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမတို့နှင့် အပြည့်ရှိသော သားရဲနီ အပေါ်မှာ ထိုင်လျက်ရှိသော မိန်းမ တဦးကိုငါမြင်၏။၆ထိုမိန်းမသည် သန့်ရှင်းသူတို့၏အသွေး၊ ယေရှု၏ သက်သေခံတို့၏ အသွေးနှင့် ယစ်မူး သည်ကို ငါမြင်၏။ ထိုသို့မြင် သော အခါအလွန် အံ့သြ မိန်းမော၍ နေ၏။ ၇ကောင်းကင် တမန် ကလည်း အဘယ်ကြောင့်အံ့သြသနည်း။ ထိုမိန်းမ၏ နက်နဲ သောအရာကို ၎င်း၊ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍ ထိုမိန်းမကို ဆောင်သော သားရဲ၏ နက်နဲသောအရာကို၎င်း ငါပြောမည်။ ၁၈ ယခုမြင်သော မိန်းမ သည် လည်း၊ လောကီရှင်ဘုရင်တို့ကို အုပ်စိုး သောမြို့ကြီး ဖြစ်သတည်း ဟု ကောင်းကင်တမန်ပြောဆို၏။ 
ဗျာ ၁၇း၁၀ ရှင်ဘုရင်ခုနစ်ပါးလည်းဖြစ်၏။ ငါးပါးကျပြီ၊ တပါးရှိသေး၏။ တပါးဖြစ်လေ ဦးမည်။ ဖြစ်သောအခါ တခဏသာတည်လိမ့်မည်။ **ရှင်ဘုရင်၇ပါးသည်=ဘာဘီလုန်၊ပါရှား၊ (ဂရိတ်၊ဆီးရီးယား၊ အီဂျစ်၊) ဖြစ်ပြီး + တူရကီ၊ရောမ အင်ပါယာ။ **တပါးဖြစ်လေဦးမည်=UnitaedNations ဖြစ်သည်၊ အဘယ်ကြောင်. ဆိုသော်…. United Nations အလံကိုကြည်.ပါက တကမ္ဘာလုံးကို ကိုယ်စားပြု သည်.အပြင် Daniel ၇:၂၃ ထိုသူကလည်း၊ စတုတ္ထသားရဲသည် မြေကြီးပေါ်မှာ အခြားသောနိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထ နိုင်ငံဖြစ်၏။ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုက်စားချိုးဖဲ့နင်းချေလိမ့်မည် ၁၁း၂၄ မိမိဘိုးဘေးမပြုဘူးသော အမှုကိုပြုလိမ့်မည်။ ခိုင်ခံသောမြို့ပြ တို့ကိုရခြင်းငှါ တာရှည်စွာ ကြံစည်လိမ့်မည် ဂ:၂၅ သူသည်လိမ္မာစွာပြုသဖြင့်၊မုသာလည်းအောင်မြင် လိမ့်မည်။ စိတ်ထောင်လွှားခြင်း နှင့်တကွ မိဿသ ဟာယ ဖွဲ.ခြင်းဖြင်. 
လူများ တို့ကိုဖျက်ဆီး၍၊သခင်တို့၏ သခင်ကိုဆန့်ကျင်ဘက်ပြုလိမ့်မည် Rev13း4အဘယ်သူသည်သူ့ကိုစစ်ပြိုင်နိုင်သနည်းဟု ပြောဆိုကြ၏။ 

(၃)ငွေကြေးလဲလှယ်မှု (One Curency) ငွေကြေးကို တသမတ်တည်း သတ်မှတ်ခြင်းဖြင်. မသာမာသူ ငွေမည်းမှ ငွေဖြူလဲလှယ်မှု အားလုံးကို စာတန်တံဆိပ်RIFD-၆၆၆(ဗျာ၁၃း၁၈)ဖြင်.ထိန်းမည်ဖြစ်သောကြောင်. 
 ငွေကြေးဖေါင်းပွမှု အလိုလိုကင်းသွားမည်။အမေရိကားသုံးငွေပေါ်တွင် လှို.ဝှက် ရှေးအီဂျစ်လူမျိုးကိုးကွယ်သော အမှတ်သား ပီရမစ်(တရိဂံ)ပုံ၊ စကြာပုံနှင်. အခြား Satanic သင်္ကေတများစွာပါရှိကြောင်း မည်သူ မှ ငြင်း၍မရပါ။ ဒံယေလ ၁၇ မှ ပေါ်လာဦးမည်. ခေါင်းတလုံး သည် 
New W.Order ကို ဦးဆောင်အကောင်ထည်ဖေါ်မည်. နိုင်ငံ ပေါင်းချုပ်အသင်း (UN)ဖြစ်ကြောင်း သူတို.အလံကိုကြည်.ခြင်းဖြင်. သိရှိနိုင်ပါသည်။ အထက်အကြောင်းအရာများကို ဆင်ခြင်သုံးသပ်ပါက New World Order သည် လူသားများအတွက် အကျိုးပြုဟန် လက္ခဏာရှိသော်လည်း နောက် ဆုံးသောကာလ စာတန် လမ်းကြောင်းကို မြေနီလမ်းမှကျောက်ခင်းလမ်း၊
 ကျေက်ခင်းလမ်းမှကတ္တရာလမ်း၊ကတ္တရာလမ်းမှ ပေ ၆၆၆ နိုင်လွန် ကတ္တရာလမ်း ခင်းပေးရင်း၊ခင်းနေမှန်းမသိအောင်
 မြောက်များစွာသော ခရစ်ယာန် နှင်.ဘာသာရေးဆရာများက 
သတိပြုမိမှာ စာတန်အလွန် စိုးရိမ်ပါသည်။ သမ္မာကျမ်းစာတွင် တချို.သောအရာများကို အတိမကျဖေါ်ပြမထားပေ၊ ဥပမာ- ချီဆောင်ခြင်းဆိုသည်. စကားလုံးမတွေ.ရသော်လည်း တွင်တွင် ကျယ်ကျယ် လက်ခံပြီးသုံးနေပါသည်။ထို.ကြောင်. စာတန်တံဆိပ် ၆၆၆/One World Order / Pre-Tribulation စသည်. စာတန်၏ လုပ်ဆောင်ချက်ကို သန်.ရှင်းသော ဝိညာဉ်မရုတ်သိမ်းမချင်း မြောက်များ စွာ သောယုံကြည်သူများ သိရှိ၊သတိပြုနိုင်အောင် သိသာထင်ရှားစွာ လှုပ် ရှားနိုင်အုံးမည်မဟုတ်ပါ။ Conserning Spirit ရှိပြီး ဝိညာဉ်ရေး အကင်းမပါးပါက ဘုရားသခင်ချိန်းချက်သောအချိန်နှင်. လွဲနိုင်ဖွယ်ရှိကြောင်း ဝေမျှလိုက်ပါသည်။

September 10, 2014

"ရှင်ဘုရင်ခုနစ်ပါး...&.....(ဗျာဒိတ်ကျမ်း-၁၇း၁၀.)





RC ဝတ်ပြုခြင်းနှင်. Vatican ကိုလေ.လာပါက 
 အောက်ပါအတိုင်းဝတ်ပြုခြင်းတွင် ပါဝင်သည်ကို တွေ.နိုင်ပါသည်။
1)She sits on the beast with 7 heads & horns. 
2)Wear purple & red. 
3)Hold a golden cup in her hand. 
4)Is drunk on the blood of the saints. 
5)Sits on 7 mountains...  
6).Great city that reigns over the kings of the earth. 
ဒံယေလ ၇း၇ အလွန်ကြောက်မက်ဘွယ်သော စတုတ္ထသားရဲသည် ထင်ရှား၏။သူသည် အရင်သားရဲရှိသမျှတို့ထက်ထူးခြား၏။ ချိုဆယ်ချောင်းလည်း ရှိ၏။၁၀ မျက်နှာတော်မှာ မီးရောင်ခြည်ထွက်လေ၏။ အတိုင်းမသိ များစွာသောသူတို့သည် အမှုတော်ကို ဆောင်ရွက်၍၊ ကုဋေ သင်္ချေမက ရှေ့တော်၌ ခစား၍ နေကြ၏။တရားစီရင်ခြင်းငှါ ပြင်ဆင်၍၊ စာစောင်များကိုဖွင့်ထား၏။
 ဗျာ ၁၃း၁၁ အခြားသော သားရဲတကောင် သည်၊ သိုးသားငယ်၏ချိုနှင့် တူသော ချိုနှစ်ချောင်းရှိ၍၊ နဂါးကဲ့သို့စကား ပြောလျက်၊
 မြေကြီးထဲကထွက်သည်ကို ငါမြင်၏။ ၁၈ခြောက်ရာခြောက်ဆယ်ခြောက် လည်းဖြစ်၏။။ ၇း၃ ငါ့ကို ဝိညာဉ်တော်အားဖြင့် တောသို့ဆောင် သွားလေ၏။ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍၊ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမတို့နှင့် အပြည့်ရှိသော သားရဲနီ အပေါ်မှာ ထိုင်လျက်ရှိသော မိန်းမတဦးကိုငါမြင်၏။ ၆ ထိုမိန်းမသည် သန့်ရှင်းသူတို့၏အသွေး၊
 ယေရှု၏ သက်သေခံတို့၏ အသွေးနှင့် ယစ်မူး သည်ကို ငါမြင်၏။ ထိုသို့မြင်သောအခါ အလွန်အံ့သြမိန်းမော၍ နေ၏။ ၇ကောင်းကင်တမန်ကလည်း အဘယ်ကြောင့်အံ့သြသနည်း။ 
ထိုမိန်းမ၏နက်နဲ သောအရာကို၎င်း၊ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍ ထိုမိန်းမကို ဆောင်သောသားရဲ၏ နက်နဲသောအရာကို၎င်းငါပြောမည်။ 
 ၁၈ ယခုမြင်သောမိန်းမသည်လည်း၊ လောကီရှင်ဘုရင်တို့ကို အုပ်စိုးသောမြို့ကြီး ဖြစ်သတည်းဟု ကောင်းကင် တမန်ပြောဆို၏။ 
ဗျာ၁၇း၁၀ ရှင်ဘုရင်ခုနစ်ပါးလည်းဖြစ်၏။ ငါးပါးကျပြီ၊ တပါးရှိသေး၏။ တပါးဖြစ်လေဦးမည်။ ဖြစ်သောအခါ တခဏသာတည်လိမ့်မည်။ **ရှင်ဘုရင်၇ပါးသည် =ဘာဘီလုန်၊ပါရှား၊ (ဂရိတ်၊ဆီးရီးယား၊အီဂျစ်၊ ) + တူရကီ၊ရောမ အင်ပါယာ။ 
**တပါးဖြစ်လေဦးမည်= UnitedNations ဖြစ်သည်၊
အဘယ်ကြောင်. ဆိုသော်…. United Nations အလံကိုကြည်.ပါက တကမ္ဘာလုံးကို ကိုယ်စားပြု သည်.အပြင်....
Daniel ၇:၂၃ ထိုသူကလည်း၊ စတုတ္ထသားရဲသည် မြေကြီးပေါ်မှာ အခြားသောနိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထ နိုင်ငံဖြစ်၏။ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုက်စားချိုးဖဲ့နင်းချေလိမ့်မည် ။
၁၁း၂၄ မိမိဘိုးဘေးမပြုဘူးသော အမှုကိုပြုလိမ့်မည်။ ခိုင်ခံသောမြို့ပြတို့ကိုရခြင်းငှါ တာရှည်စွာ ကြံစည်လိမ့်မည် 
ဂ:၂၅ သူသည်လိမ္မာစွာပြုသဖြင့်၊ မုသာလည်းအောင်မြင်လိမ့်မည်။ စိတ်ထောင် လွှားခြင်း နှင့်တကွ မိဿဟာယဖွဲ့သောအားဖြင့် လူများတို့ကိုဖျက်ဆီး၍၊ သခင်တို့၏ သခင်ကိုဆန့်ကျင်ဘက်ပြုလိမ့်မည် Rev13း4အဘယ်သူသည် သူ့ကိုစစ်ပြိုင်နိုင်သနည်းဟု ပြောဆိုကြ၏။

September 8, 2014

ဘေးဒဏ်ကြီးကာလ နှင်.နောက်ဆုံးသော7နှစ်ကိုမည်သို့သိရှိနိုင်မည်နည်း?


ဘေးဒဏ်ကြီးကာလ နှင်. နောက်ဆုံးသော7နှစ်ကို မည်သို့သိရှိနိုင်ကြမည်နည်း။ 
  ဘေးဒဏ်ကြီးကာလသည် ဘုရားသခင် ကဣသရေလလူမျိုးများကို ဆုံးမသွန်သင်ခြင်းနှင့်နောက်ဆုံးတွင် မယုံကြည်သူများအပေါ်သူ၏ တရားစီရင်ခြင်းအားဖြင့်အဆုံးသတ်ခြင်းဖြစ် သော အနာဂတ်ကာလတွင်ဖြစ်ပျက်လာမည့် ခုနစ်နှစ်ကာလကို ဖော်ပြလိုခြင်းဖြစ်သည်။ သခင်ယေရှုခရစ်တော်ကို ယုံကြည်သောသူများ၊ ကယ်တင်ခြင်းစိတ်ချမှုရရှိသောသူများဖြစ်သော အသင်းတော်သည် အပြစ်တရားအတွက် တရားစီရင်ခြင်းမှလွှတ်မြောက်၍ ဘေးဒဏ်ကြီးကာလအတွင်း သူတို့သည် ပါဝင်ကြလိမ့်မည်မဟုတ်ပေ။ အသင်းတော်သည် ချီဆောင်ခြင်းတွင် လောကမှဖယ်ရှားခြင်း ခံရကြမည်ဖြစ်သည် 
( ၁သက် ၄း၁၃-၁၈၊ ၁ကော ၁၅း၅၁-၅၃)။ 
အသင်းတော်သည် ဘုရားသခင်၏အမျက်တော်မှ လွှတ်မြောက်ရကြမည်ဖြစ်သည် (၁သက် ၅း၉)။ သမ္မာကျမ်းစာထဲတွင် ဘေးဒဏ် ကြီးကာလကို ဘုရားသခင်၏နေ့ရက်( ဟေရှာယ ၂း၁၂၊ ၁၃း၆-၉၊ ယောလ ၁း၁၅၊ ၂း၁-၃၁၊ ၃း၁၄၊ ၁သက် ၅း၂)၊ ဆင်းရဲဒုက္ခခံခြင်း (သို့) ဘေးဒဏ်ကြီးကာလ ( တရားဟော ၄း၃၀၊ ဇေဖနိ ၁း၁)၊ ကြီးမားသောဘေးဒဏ်ကြီး၊ ၄င်းကို ခုနစ်နှစ်ကာလ၏နောက်ဆုံးသော အပိုင်းဖြစ်သည်( မဿဲ ၂၄း၂၁)၊ ဆင်းရဲဒုက္ခခံသောနေ့ရက်ကာလ
 (ဒံယေလ ၁၂း၁၊ ဇေဖနိ ၁း၁၅)၊ 
 ယာကုပ်အမျိုး ၌အမှုရောက်သော နေ့ရက် (ယေဇမိ ၃၀း၇) ဟု ကင်ပွန်းတပ် ဖေါ်ပြထားပါသည်။ 
 ဘေးဒဏ်ကြီးကာလ၏ရည်ရွယ်ချက်နှင့်အချိန်ကို သိရှိရန်အတွက် (ဒံယေလ ၉း၂၄-၂၇) ကိုသိရှိနားလည်ရန်လိုအပ်ပါသည်။
 “သင်၏လူများ” ကိုဆန့်ကျင်သည်ဟု ကြွေးကြော်သော သိတင်း(၇၀) အကြောင်းကို ဖော်ပြထားပါသည်။ ဒံယေလ၏လူများသည် ယုဒလူမျိုးများ၊ ဣသရေလလူမျိုးများဖြစ်ကြသည်။ ဒံယေလ ၉း၂၄ ထဲတွင် ဘုရားသခင်လုပ်ဆောင်ရမည့်အချိန်ကို ဖော်ပြထားပါသည်။ “လွန်ကျူးခြင်းအမှုကိုဆီးတား၍ အပြစ်ကို တံဆိပ်ခတ်စေခြင်းငှါ၎င်း၊ ဒုစရိုက်အပြစ် ကိုဖြေရှင်း၍ ထာဝရကုသိုလ်ကိုသွင်းစေခြင်းငှါ၎င်း၊ ဗျာဒိတ်ရူပါရုံနှင့်အနာဂတ္တိဗျာဒိတ်တော်တို့ကို တံဆိတ်ခတ်၍၊ အလွန်သန့်ရှင်းသောဌာနကိုလိမ်းစေခြင်းငှါ၎င်း၊ သိတင်းခုနစ်ဆယ်ကို သင်၏ အမျိုးသားချင်းတို့အဘို့နှင့် သင်၏သန့်ရှင်းသောမြို့အဘို့ ဆုံးဖြတ်ခြင်းရှိ၏။” “သိတင်း ခုနစ်ဆယ်ခုနစ်ကြိမ်” အတောအတွင်း ဤအမှုအရာများပြည့်စုံလိမ့်မည်ဟု ဘုရားသခင်က ဖော်ပြထားပါသည်။ ၄င်းသည် ခုနစ်ဆယ်ခုနစ်ကြိမ်နှစ်ဖြစ်ကာ၊ နှစ်ပေါင်း၄၉၀ဖြစ်သည်။ (အချို့သော ဘာသာပြန်သူများက သိတင်းခုနစ်ဆယ်နှစ် ဟု ဖော်ပြထားပါသည်)။ ထိုအဖြစ်အပျက်မှန်ကန်သည်ဟု အခြားသော ဒံယေလကျမ်းထဲတွင် ထောက်ခံထားပါသည်။ အခန်းငယ်၂၅နှင့်၂၆ ထဲတွင် “ခုနစ်ခုနစ်လီ နှင့် ခြောက်ဆယ်နှစ် ခုနစ်လီ” 
(စုစုပေါင်း ၆၉)၊ ယေရုရှလင်မြို့ပြန်လည် စတင်တည်ဆောက်ချိန်တွင်မေရှီယသည် သတ်ဖြတ်ခြင်းခံရမည်ဟု ဒံယေလက ဖော်ပြထားပါသည်။ တနည်းအားဖြင့်၊ ၆၉ ခုနစ်လီ နှစ် (၄၈၃နှစ် ယေရုရှလင်မြို့ တဖန်တည်ဆောက်ပြီးနောက် မေရှိယသည် 
အသေသတ်ခြင်းကို ခံပါလိမ့်မည်။ သမ္မာကျမ်းစာသမိုင်း လေ့လာသူများက နှစ်ပေါင်း၄၈၃သည်
 ယေရုရှလင်မြို့ပြန်လည်တည်ဆောက်ခြင်းမှ သခင်ယေရှုအသေခံသောအချိန်ထိဖြစ်သည်ဟု အတိအမှတ်ပြုထားပါသည်။ ခရစ်ယာန်ကျမ်းတတ်ပုဂ္ဂိုလ်အများစုက သူတို့၏အနာဂတ်နှင့်စပ်ဆိုင်သော ဖြစ်ပျက်မည့်အရာများရှုထောင့်က လွှဲ၍၊ ဒံယေလထဲတွင် ဖော်ပြထားသော၇၀ခု (70weeks) နစ်လီကိုသိရှိခဲ့ကြသည်။ ယေရုရှလင်မြို့ပြန်လည်တည်ဆောက်ခြင်းမှ
 မေရှိယအသေခံသောအချိန်အထိသည် နှစ်ပေါင်း၄၈၃ဖြစ်ရာဒံယေလ ၉း၂၄ ထဲတွင် ဖော်ပြထားသော အချက်များပြည့်စုံဖို့ ခုနစ်နှစ် တစ်လီ ကျန်သေးသည်။ “လွန်ကျူးခြင်းအမှုကိုဆီးတား၍ အပြစ်ကို တံဆိပ်ခတ်စေခြင်းငှါ၎င်း၊ ဒုစရိုက်အပြစ် ကိုဖြေရှင်း၍ ထာဝရကုသိုလ်ကိုသွင်းစေခြင်းငှါ၎င်း၊ ဗျာဒိတ်ရူပါရုံနှင့်အနာဂတ္တိဗျာ ဒိတ်တော်တို့ကို တံဆိတ်ခတ်၍၊ အလွန်သန့်ရှင်းသော ဌာနကိုလိမ်းစေခြင်းငှါ၎င်း၊ သိတင်းခုနစ်ဆယ်ကို သင်၏ အမျိုးသားချင်းတို့အဘို့နှင့် သင်၏သန့်ရှင်းသောမြို့အဘို့ ဆုံးဖြတ်ခြင်းရှိ၏။” နောက်ဆုံးကျန်သေးသော ခုနစ်နှစ်တစ်လီကို ဘေးဒဏ်ကြီးကာလဖြစ်သည်ဟု သိရှိရသည်။ ထိုအချိန်တွင် ဘုရားသခင် ဣသရေလလူမျိုးများကို သူတို့၏အပြစ်ကြောင့် ဒဏ်ခတ်တရားစီရင် မည်ဖြစ်သည်။ ဒံယေလ ၉း၂၇ ထဲတွင် ဘေးဒဏ်ကြီးကာလအတွက် ဖြစ်ပျက်ရမည့်အကြောင်းအရာများကို အဓိကဖော်ပြထားပါသည်။ “တသိတင်းတွင် လူအများတို့နှင့်ပဋိညာဉ်ဖွဲ့ခြင်းရှိ၍၊ ထိုသိတင်းတ ၀က်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကိုပပျောက်စေလိမ့်မည်။ ရွံရှာဘွယ်သောအရာ၏ အထွဋ်ပေါ်သို့ ဖျက်ဆီးသောသူသည်ရောက်၍၊ စီရင်ဆုံးဖြတ်သောသုတ်သင်ပယ်ရှင်းခြင်းသည် ပျက်ဆီးအပ်သောသူတို့ကို မလွှမ်းမိုးမှီတိုင်အောင်ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။” ဤကျမ်း ပိုဒ်ထဲတွင် ဖော်ပြထားသော လူသည် သခင်ယေရှုဖြစ်သည်။ သူ့ကို “ဖျက်ဆီးတတ်သောရွံရှာဖွယ် အရာ” 
 (မဿဲ ၂၄း၁၅) နှင့် ဗျာဒိတ်၁၃ ထဲတွင် “တောသားရဲ” ဟု ဖော်ပြထားပါသည်။ ဒံယေလ ၉း၂၇ထဲတွင် ထိုသားရဲက ခုနစ်နှစ်အတွင်း ပဋိညာဉ်စာချုပ်ဆိုလိမ့်မည်။ သို့သော် သိတင်းတစ်ပတ် အလယ် (ဘေးဒဏ်ကြီးကာလ၏ ၃.၅နှစ်၊)တွင် သူသည် ထိုပဋိညာဉ်ကိုချိုးဖျက်ကာ ယဇ်ပူဇော် ခြင်းအမှုကိုလည်း ဖျက်သိမ်းမည်ဖြစ်သည်။ ဗျာဒိတ် ၁၃ ထဲတွင် ထိုသားရဲသည် မိမိပုံသဏ္ဍာန် ရုပ် တုကို တည်ဆောက်ကာ လူတွေကို ကိုးကွယ်စေလိမ့်မည်ဟု ဖော်ပြထားပါသည်။ ဗျာဒိတ်ကျမ်း ၁၃း၅ ထဲတွင် ထိုကာလသည် ၄၂ လ၊ ၄င်းသည် သုံးနှစ်ခွဲ ကြန့်ကြာလိမ့်မည် ဟု ဖော်ပြထားပါ သည်။ ဒံယေလ ၉း၂၇ ထဲတွင် ထိုအချိန်သည် သိတင်း၏အလယ်ခန့်တွင်ဖြစ်ပျက်လိမ့်မည်ဟု ဖော်ပြထားကာ ဗျာဒိတ် ၁၃း၅ ထဲတွင် သားရက ၄၂ လအတွင် ထိုအမှုပြုလိမ့်မည်ဟု
 ဖော်ပြထား သောကြောင့် အချိန်စုစုပေါင်းသည် ၈၄ လ (သို့) ခုနစ်နှစ် ကြာလိမ့်မည်ဟု လွယ်လင့်တကူသိရှိ နိုင်ပါသည်။ ဒံယေလ ၇း၂၅ ကိုလည်းကြည့်ပါ။ “အချိန်၊ အချိန်၊ အချိန်တစ်ဝက်” (အချိန်= ၁ နှစ်၊ အချိန်=၂ နှစ်၊ တစ်ဝက်= ၆လ၊ စုစုပေါင်း ၃နှစ်ခွဲနှစ်)ဖြစ်သည်။ “ကြီးမားသော ဘေးဒဏ်ကြီးကာ လ” ကိုဖော်ပြလိုခြင်းဖြစ်သည်။ ခုနစ်နှစ်ကာလ၏နောက်ဆုံး သုံးနှစ်ခွဲအတွင်း သားရဲသည် အလွန် တန်ခိုးကြီးလာမည်ဖြစ်သည်။ ဘေးဒဏ်ကြီးကာလကို ဗျာဒိတ် ၁၁း၂-၃ တွင်လည်းတွေ့ရှိနိုင်သည်။ ထိုကျမ်းပိုဒ်ထဲတွင် ၁၂၆၀ ရက်နှင်. ၄၂ လ ဖြစ်သည်ဟု ဖော်ပြထားပါသည်။ ဒံယေလ ၁၂း၁၁-၁၂ ထဲတွင် 
၁၂၉၀ ရက် နှင့် ၁၃၃၅ ရက်ဖြစ်သည်ဟု ဖော်ပြထားသည်။ ထိုနေ့ရက်များသည် ဘေးဒဏ်ကြီးကာ အလယ်ပိုင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ ဒံယေလ ၁၂ ထဲတွင် ရှိသောနေ့ရက်များသည် လူမျိုးများအတွက် တရား စီရင်ခြင်းအဆုံးပိုင်းလည်းပါဝင်သည် (မဿဲ ၂၅း၃၁-၄၆)။ ထိုအချိန်သည် ခရစ်တော်အနှစ်တစ်ထောင်အုပ်စိုးရန် ပြင်ဆင်ထားသော အချိန်လည်းဖြစ်သည်(ဗျာဒိတ် ၂၀း၎-၆)။

!! နောက်ဆုံးသောအချိန်များ၏ နိမိတ်လက္ခဏာများ..!!

နောက်ဆုံးသောအချိန်များ၏ နိမိတ်လက္ခဏာများ 
မာသဲ ၂၄း၅-၈ ထဲတွင် ကျွန်ုပ်တို့နှင့် သက်ဆိုင်သောနောက်ဆုံးသောအချိန်များအတွက် အရေးကြီးသော အချက်အလက်အချို့တို့ကို ဖော်ပြထားပါသည်။ “အများသောသူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏ဟုဆိုလျက်၊ ငါ၏အယောင်ကို ဆောင်၍ပေါ်လာသဖြင့် လူအများတို့ကို လှည့်ဖြား ကြလိမ့်မည်။ သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သိတင်းစကားကို ၄င်း၊ ကြားရကြလိမ့်မည်။ သို့သော်လည်းတုန်လှုပ်ခြင်းမရှိစေခြင်းငှါ၊ သတိပြုကြလော့။ ထိုအမှုအ ရာများသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် မဖြစ်သေး။ လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တ နိုင်ငံရန် ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏အစအဦးဖြစ်သတည်း။” မှားယွင်းသောမေရှိယများပေါ်ပေါက်လာခြင်း၊ စစ်ပွဲများပေါ်ပေါက်လာခြင်း၊အစာရေစာခေါင်းပါးမှုများ၊ ကာလနာဘေးများ၊ သဘာဝဘေးအန္တရာယ်များပေါ်ပေါက်လာခြင်း စသည်တို့ သည် နောက်ဆုံးကာ၏လက္ခဏာများဖြစ်သည်။ ဤကျမ်းပိုဒ်ထဲတွင် ကျွန်ုပ်တို့ကို သတိပေးထား သော်လည်း ကျွန်ုပ်တို့သည် လှည့်ဖြားခြင်းကို ခံစားရကြမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအဖြစ်အပျက်များသည် နာကျင်မှု၏အစသာဖြစ်သည်။ အဆုံးသည် ရောက်လာလိမ့်မည်ဖြစ်သည်။ အချို့သော ဘာသာပြန်သူများက မြေငလျှင်လှုပ်ခြင်း၊ နိုင်ငံရေးကသောင်းကနင်းဖြစ်ခြင်း၊ နှင့်ဣသရေလလူမျိုးများ အပေါ်တိုက်ခိုက်မှုများသည် နောက်ဆုံးအချိန်ကာလကို နီးကပ်နေပြီဟု ပြောတတ်ကြသည်။ သို့သော်ထိုအဖြစ်အပျက်များသည် နောက်ဆုံးသောနေ့ရက်များကို နီးကပ်နေခြင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ နောက်ဆုံးသော အချိန်ရောက်နေပြီဟု ဖော်ပြလိုခြင်းမဟုတ်ပေ။ တမန်တော်ရှင်ပေါလုက နောက်ဆုံးသောအချိန်တွင် မှားယွင်းသောပရောဖက်များစွာ ပေါ်ပေါက်လိမ့်မည်ဟု ဖော်ပြထားပါသည်။ “၀ိညာဉ်တော်သည် အတည့်အလင်းဗျာဒိတ်ထားတော်မူသည်ကား၊ အချို့သောသူများသည် ယုံကြည်ခြင်းစွန့်လွှတ်၍ နတ်ဆိုးများ၏သွန်သင်ခြင်းသို့ လိုက်ကြလိမ့်မည်” (၁တိ ၄း၁) ဟုဖော်ပြထားပါသည်။ နောက်ဆုံးသောနေ့ရက်ကို “ကြီးမားသော အန္တရာယ်အချိန်များ” ဟုဖော်ပြထားပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် လူတွေက အကျင့်စာရိတ္တပျက်ပြားလာကာ “သမ္မာတရားကိုခုခံတော်လှန်” ကြမည်ဖြစ်သောကြောင့်ဖြစ်သည် (၂တိ ၃း၁-၉၊ ၂သက် ၂း၃)။ အခြားသောလက္ခဏာသည် ယေရုရှလင်မြို့တွင်ယုဒလူမျိုးများ၏ ဗိမာန်တော်တည်ဆောက်ခြင်းဖြစ်သည်။ ဣသရေလလူမျိုးများကို ရန်ငြိုးပွါးလာမည်။ တစ်ကမ္ဘာလုံးကို ဘုရင်တစ်ပါးကအုပ်ချုပ်
 (One World Order) မည်ဖြစ်သည်။ ။နောက်ဆုံးသောအချိန်ကာလသည် ဣသရေလလူမျိုးများပေါ်တွင် အများစုသက်ရောက်သွားမည်ဖြစ်သည်။ ၁၉၄၈ခုနှစ်တွင် ဣသရေလနိုင်ငံသည် အစိုးရသော ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။ အေဒီ၇၀မှစ၍ ပထမအကြိမ်သတ်မှတ်ခြင်းသည် မှတ်သားစရာဖြစ်သည်။ ဘုရားသခင်က အဗြဟံအား ခါနန်ပြည်သည် သင့်၏ “ထာဝရ ပိုင်ဆိုင်မှု” ဖြစ်လိမ့်မည်ဟု ကတိထားခဲ့သည် 
( ကမ္ဘာ၊ ၁၇း၈)။ ထို့ပြင် ယေဇကျေလကလည်း ဣသရေလများ၏ကာယပိုင်းနှင့်ဝိ ညာဉ်ပိုင်း တည်ဆောက်ခြင်းကို ကတိပေးခဲ့သည် ( ယေဇကျေလ အခန်းကြီး ၃၇)။ ဣသရေလလူ မျိုးများသည် အနာဂတ်ကာလနှင့်စပ်ဆိုင်သော လူမျိုးများဖြစ်ကြသောကြောင့် ပရောဖက်ဆိုင်ရာ နှင့်ပတ်သက်၍ နောက်ဆုံးသောနေ့ရက်သည် သူတို့၏နယ်မြေပိုင်ဆိုင်မှုသည် အလွန်အရေးကြီးသည်(ဒံယေလ ၁၀း၁၄၊ ၁၁း၄၁၊ ဗျာဒိတ် ၁၁း၈)။ ထိုနိမိတ်လက္ခဏာများကိုကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် နောက်ဆုံးသောနေ့ရက်ကာလနှင့် ပတ်သက်၍ သေချာစွာပိုင်းခြားသိမြင်နိုင်ပါသည်။ သို့သော် အချို့သောအဖြစ်အပျက်များကြောင့် နောက်ဆုံးအချိန်ရောက်နေပြီဟု ကျွန်ုပ်တို့ တထစ်ချမပြောနိုင်ပေ။ ကျွန်ုပ်တို့သည် ပြင်ဆင်မှုပြု နိုင်ရန်အတွက် ဘုရားသခင်ကကျွန်ုပ်တို့အား လုံလောက်သော အကြောင်းကြားခြင်းများကိုပေးခဲ့သည်။ ကျွန်ုပ်တို့သည် ကြိုတင်ပြင်ဆင်ခြင်းရှိရန်အတွက် ဘုရားသခင်အလိုတော်ရှိသည်။

September 7, 2014

"R A P T U R E "ချီဆောင်ခြင်းဆိုတာ"

“ချီဆောင်ခြင်း”(Rapture) 
Rapture(ချီဆောင်ခြင်း)ဆိုသည်. စကားလုံးသည်
 သမ္မာကျမ်းစာထဲ တွင် မတွေ့ရပေ။ 
သို့သော် ချီဆောင်ခြင်းယူဆချက်ကို သမ္မာကျမ်းစာထဲတွင် တိကျစွာဖော်ပြထားပါသည်။ 
အသင်းတော်ချီ ဆောင်ခြင်းသည် ဘုရားသခင်က ယုံကြည်သူများအားလုံးကို လောကမှဖယ်ရှားကာ သူ၏ဖြောင့် မတ်ခြင်းအမျက်တော်ကို ဤလောကသို့သွန်းလောင်းသောအချိန်ကို ရည်ညွှန်းလိုခြင်းဖြစ်သည်။
 ချီဆောင်ခြင်းကို ၁သက် ၄း၁၃-၁၈ နှင့် ၁ကော ၁၅း၅၀-၅၄ ထဲတွင် အဓိကဖော်ပြထားပါသည်။ ဘုရားသခင်က သေပြီးသောသူများကို ထမြောက်စေပြီး၊ သူတို့ကို ဘုန်းတန်းခိုးနှင့်ပြည့်ဝသော ခန္ဓာကိုယ်ပေးမည်ဖြစ်သည်။ အသက်ရှင်သေးသောသူများကိုလည်း ဘုရားသခင် ဘုန်းတော်နှင့် ပြည့်ဝသော ခန္ဓာကိုယ်ပေးကာ သေပြီး ဘုန်းတော်နှင့်ပြည့်ဝသော ခန္ဓာကိုယ်နှင့်ပြည့်စုံသော 
သူများနှင့် လောကမှ ဖယ်ရှားမည်ဖြစ်သည်။ “သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏တန်ပိုးတော်ကိုမှုတ်ခြင်းနှင့်တကွ၊
 ကောင်းကင်ဘုံမှကိုယ်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌သေလွန်သောသူတို့သည် အဦးထ မြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည်အာကာသကောင်းကင်၌ သခင်ဘုရားထဲတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ်နေရကြလိမ့်မည်” (၁သက် ၄း၁၆-၁၇)။ ချီဆောင်ခြင်းသည် တကယ့်တကယ်ဖြစ်ပျက်မည့်အဖြစ်အပျက်ဖြစ်သည်။ ထိုအချိန်တွင် ကျွန်ုပ်တို့သည် ဘုန်းတော်နှင့်ပြည့်ဝသောခန္ဓာကိုယ် (Spiritual body)ဝိညာဉ်ခန္ဒာအဖြစ်သို့ပြောင်းလဲသွားမည်ဖြစ်သည်။ “နက်နဲ သောအရာတစ်ခုကိုငါပြဦးမည်။ ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။ သို့သော်လည်း၊ နောက်ဆုံးသောတံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှသည် ပြောင်း လဲခြင်းသို့ရောက်ရကြမည်” (၁ကော ၁၅း၅၁-၅၂)။ ချီဆောင်ခြင်းသည် ကျွန်ုပ်တို့လိုချင်တောင့်တသော မြင့်မြတ်သော အဖြစ်အပျက်ဖြစ်သည်။ ကျွန်ုပ်တို့သည် နောက်ဆုံးတွင် အပြစ်တရားနှင့် ကင်းကွာသွားလိမ့်မည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူ အစဉ်ထာဝရနေရလိမ့်မည်။ ၄င်းအပြင် ချီဆောင်ခြင်းနှင့်ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုခြင်းနှင့်ယူဆချက်များစွာရှိသည်။ 
ထိုသို့ငြင်းဆိုခြင်းသည် ဘုရားသခင်၏အလိုတော်မဟုတ်ပေ။ ကျွန်ုပ်တို့သည် ချီဆောင်ခြင်းအကြောင်းကို ငြင်းခုံကြမည့်အစား၊ “အချင်းချင်းတယောက်နှင့်တယောက် နှုတ်ကပတ်တော်အားဖြင့် ခွန်အား ပေးခြင်း” သည် ဘုရားသခင်၏အလိုတော်ဖြစ်သည် 
(၁သက် ၄း၁၈)။

"စာတန်သည် မည်သူဖြစ်သနည်း"

အချို့သောသူများ၏ယုံကြည်ခြင်းထဲတွင် စာတန်မာရ်နတ်သည် မကောင်းသောသူ အဖြစ်ယုံကြည်ကြသည်။
သူသည် နီရဲသောအရောင်ဖြင့်သင်၏ပခုံးပေါ်တွင် ဦးချိုနှင့်ထိုင်၍ သင့်ကို အပြစ်ပြုရန် စေခိုင်းသောနတ်ဆိုးဖြစ်သည်ဟု ယူဆကြသည်။
သူသည် ဒုစရိုက်အပြစ်အားလုံးတို့၏မူလဇစ်မြစ်ဖြစ်သည်ဟု ထင်တတ်ကြသည်။ သို့သော်သမ္မာကျမ်းစာထဲတွင် စာတန်သည်မည်သူဖြစ် ကြောင်းကို၎င်း၊ ကျွန်ုပ်တို့၏ အသက်တာမည်သို့လွှမ်းနိုင်ကြောင်းကို၎င်း 
 ဖော်ပြထားပါသည်။ 
 သမ္မာကျမ်းစာထဲတွင် စာတန်သည် အပြစ်ကြောင့် ကောင်းကင်ပေါ်မှကျဆင်းလာသော ကောင်းကင် တမန်ဖြစ်ကြောင်းနှင့် သူသည် ဘုရားသခင်နှင့် ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖျက်ဆီးရန် တန်ခိုးနှင့်လုပ်ဆောင် သူဖြစ်ကြောင်း ဖော်ပြထားပါသည်။စာတန်သည် သန့်ရှင်းသော ကောင်းကင်တမန်အဖြစ် ဖန်ဆင်းခြင်းခံသော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ ဟေရှာယ ၁၄း၁၂ ထဲတွင် စာတန်သည် ကောင်းကင်မှ ပစ်ချခြင်းမခံမီ သူ့ကို လူစီဖါကောင်းကင်တမန် ဟုခေါ်သည်။
 ယေဇကျေလ ၂၈း၁၂-၁၄ ထဲတွင် စာတန်သည် အမြင့်မြတ်ဆုံးကောင်းကင် တမန်၊ ခေရုဗိမ်အဖြစ်ဖန်ဆင်းခြင်းခံရသောသူဖြစ်သည် ဟု ဖော်ပြထားပါသည်။ သူသည် မိမိ လှပမှုကို ၀ါကြွားကာ သူ၏ပလ္လင်တော်ကို ဘုရားသခင်ပလ္လင်တော်အထက်တွင် တင်ထားမည်ဟု ဆုံးဖြတ်ခဲ့သည် (ဟေရှာယ ၁၄း၁၃-၁၄၊
 ယေဇကျေလ ၂၈း၁၅၊ ၁တိ ၃း၆)။ စာတန်သည် သူ၏ မာန်မာနထောင်လွှားမှုကြောင့် ပစ်ချခြင်းခံခဲ့သည်။
 ဟေရှာယ ၁၄း၁၂-၁၅ ထဲတွင် “ငါလုပ်မည်” ဟူသော စကားစုဖော်ပြချက်များကို တွေ့ရှိနိုင်သည်။ စာတန်သည်သူ၏အပြစ်ကြောင့် ဤလော ကသို့ပစ်ချခြင်းခံခဲ့ရသည်။ စာတန်သည် ဤလောက၏အစိုးရသောသူနှင့် အာကာသကောင်းကင်၏အစိုးရသောမင်းဖြစ်သည် (ယောဟန် ၁၂း၃၁၊ ၂ကော ၄း၎၊ ဧဖက် ၂း၂)။ သူသည် ပြစ်တင်ဝေဖန်သူ (ဗျာဒိတ် ၁၂း၁၀)၊ စုံးစမ်းနှောက်ယှက်သူ (မဿဲ ၄း၃၊ ၁သက် ၃း၅)၊ 
လိမ်ညာလှည့်ဖြားသူ (ကမ္ဘာ ၃၊ ၂ ကော ၄း၎၊ ဗျာဒိတ် ၂၀း၃)ဖြစ်သည်။ သူ့နာမည်၏အဓိပ္ပါယ်သည် “ရန်သူ” (သို့) “ပုန်ကန်သူ” ဖြစ်သည်။ “သတ်ဖြတ်သူ” ဖြစ်သည်။ သူသည် ကောင်းကင်မှပစ်ချခြင်းခံခဲ့ရသော်လည်း သူသည် မိမိပလ္လင်ကို ဘုရားသခင်ထက်မြင့် သောနေရာတွင် တင်ထားလိုသည်။ သူသည် ဘုရားသခင်ပြုသမျှအားလုံးအတုခိုးသည်။ 
လူတွေက သူ့ကို ကိုးကွယ်လိမ့်မည်ဟုယုံကြည်ကာ သူသည် ဘုရားသခင်၏နိုင်ငံတော်ကို အံတု ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ စာတန်သည် မှားယွင်းသောအယူဝါဒနှင့် 
မှားယွင်းသော ဘာသာတရားတို့၏ ဖြစ်လာရာ မူလဇစ်မြစ်ဖြစ်သည်။ စာတန်သည် ဘုရားခင်နှင့် ဘုရားသခင် နောက်လိုက်သောသူများကို ပုန်ကန်နိုင်သော အရာများအားလုံးကို သူ၏တန်ခိုးဖြင့် ပြုနိုင်သည်။ သို့သော် စာတန်၏နောက်ဆုံးပန်းတိုင်သည် ထာဝရငရဲမီးအိုင်ဖြစ်သည် 
(ဗျာဒိတ် ၂၀း၁၀)။

(ခရစ်ယာန်တစ်ဦးအား..နတ်ဆိုးစွဲနိုင်မည်လား)

ခရစ်ယာန်တစ်ဦးသည် နတ်ဆိုးစွဲနိုင်သည်ဟု သမ္မာကျမ်းစာထဲတွင် ကွက်ကွက်ကွင်း ကွင်းဖော်ပြထားခြင်းမရှိပေ။ 
ခရစ်ယာန်တစ်ဦးထဲတွင် သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်ထားပါသည် (ရောမ ၈း၉-၁၁၊ ၁ကော ၃း၁၆၊ ၆း၁၉)။ ထိုကြောင့်သန့်ရှင်းသောဝိညာဉ်တော်က သူကျိန်း ၀ပ်သောယုံကြည်သူတစ်ဦး၏အထဲတွင် အခြားသူတစ်ဦးသည်လည်း ကျိန်းဝပ်ရန် ခွင့်ပြုမည်မဟုတ်ပေ။ ကျွန်ုပ်တို့သည် တခါတရံ ခရစ်ယာန်တစ်ဦးသည် နတ်ဆိုးမစွဲနိုင်ဟု ခိုင်မာစွာဖြင့်ယုံကြည် ခြင်းရှိသော်လည်း ထိုအကြောင်းအရာနှင့်ပတ်သက်၍ ငြင်းဆိုဖွယ်ရာအမြောက်အမြားရှိသည်။ နတ်ဆိုးစွဲကပ်သူများနှင့် နတ်ဆိုနှိပ်စက်ခြင်းခံရသူတို့သည် လုံးလုံးလျားလျားကွာဟမှုရှိသည်ကို လည်းကျွန်ုပ်တို့ယုံကြည်ကြသည်။ နတ်ဆိုးစွဲခြင်းသည် လူတစ်ဦးတစ်ယောက်၏အတွေးအခေါ် (သို့) အပြုအမူများကို နတ်ဆိုးများက ထိန်းချုပ်ထားခြင်းကို ဆိုလိုသည် (လုကာ ၄း၃၃-၃၅၊ ၈း ၂၇-၃၃၊ မဿဲ ၁၇း၁၄-၁၈)။ နတ်ဆိုးညင်းပမ်းနှိပ်စက်ခြင်းသည် နတ်ဆိုးများက လူတစ်ဦး၏ဘ၀တွင် မကောင်းသောအပြုအမူများ ကျင့်ကြံနိုင်ရန် သူတို့ကို အားပေးခြင်းနှင့် သူတို့၏စိတ်ဝိညာဉ် ထိန်းချုပ်ခြင်းများပါဝင်သည် (၁ပေ ၅း၈-၉၊ ယာကုပ် ၄း၇)။ ဓမ္မသစ်ကျမ်းထဲတွင် ၀ိညာဉ်ရေးရာ တိုက်ပွဲအကြောင်းဖော်ပြထားသည်ကို မှတ်ထားရပါမည်။ ကျွန်ုပ်တို့သည် ယုံကြည်သူတစ်ဦးထံမှနတ် ဆိုးများမောင်းထုတ်ရမည် ဟု မပြောပေ (ဧဖက် ၆း၁၀-၁၉)။ ယုံကြည်များသည် နတ်ဆိုးများကို ခု ခံတိုက်လှန်ရမည်ဖြစ်သည်။ (၁ပေ ၅း၈-၉၊ ယာကုပ် ၄း၇)။ နတ်ဆိုးများကို မောင်းထုတ်ရန် မဟုတ် ပေ။ ဘုရားသခင်က ခရစ်တော်၏အသွေးတော်အားဖြင့်ဝယ်ယူပြီး၊( ၁ပေ ၁း၁၈-၁၉) အသစ်သော ဖန် ဆင်းခြင်းခံရသော ( ၁ကော ၅း၁၇) သူ၏သားသမီးများအားနတ်ဆိုးစွဲ၍ သူတို့၏အုပ်ချုပ်မှု အောက်တွင်အသက်ရှင်လှုပ်ရှားရန် ခွင့်ပြုမည်မဟုတ်ပေ။ ယုံကြည်သူများသည် စာတန်နှင့် သူ၏ အပေါင်းအသင်းများနှင့် အမြဲတမ်းတိုက်ခိုက်လျက်ရှိသည်။ သို့သော် ကျွန်ုပ်တို့အထဲတွင် စစ်ဆင် နွှဲခြင်းမျိုးမဟုတ်ပေ။ တမန်တော်ရှင် ယောဟန်က ဤကဲ့သို့ဖော်ပြထားပါသည်။ “ချစ်သားတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလည်းအောင်ကြပြီ။ အကြောင်းမူကား၊ သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် သာ၍ကြီးတော်မူ၏” (၁ယော ၄း၎)။ ကျွန်ုပ်တို့အထဲတွင် ရှိသောသူသည် မည်သူဖြစ်သနည်း။ သန့်ရှင်းသောဝိညာဉ်တော်ဖြစ် သည်။ လောကထဲတွင် ရှိသောသူသည် မည်သူဖြစ်သနည်း။ စာတန်နှင့်သူ၏အပေါင်းအဖော်များ ဖြစ်ကြသည်။ ထို့ကြောင့်ယုံကြည်သူတစ်ဦးသည် စာတန်မာရ်နတ်အုပ်စိုးသောလောကကို အောင် ကြသည်။ ယုံကြည်သူများနတ်ဆိုးစွဲခြင်းသည် သမ္မာကျမ်းစာဖော်ပြချက်နှင့်ညီညွတ်မှုမရှိပေ။

September 6, 2014

!!...အချင်းမိန်းမ ငါ့စကားကိုယုံလော့...!!

 ဤတောင်သို့မလာ..........................
- ကြီးကျယ်ထင်ရှားတဲ့နေရာကို ဦးစားပေးကိုးကွယ်မှု 
-ဓလေ့ရိုးရာထုံးစံကိုဦးစားပေးကိုးကွယ်မှု 
-ထင်ရှားမြင်သာအောင်ကိုးကွယ်မှု 
-အတ္တမာန နေရာယူကိုးကွယ်မှု 
-အားကျအထင်ကြီးမှုပါဝင်သော ကိုးကွယ်မှု 
-ဧည်.သည်လာရောက်ခြင်းကြောင့် ပါဝင်ကိုးကွယ်မှု
               ယေရုရှလင်မြို့သို့ မသွားပဲ ..............
 -လူအများသဘောတူသတ်မှတ်ချက်အရကိုးကွယ်မှု 
- အယူအဆတူ ဝါဒတူ များသာစုဝေးကိုးကွယ်မှု 
- လူမျိုးရေး မျိုးနွယ်စု အခြေခံ ကိုးကွယ်မှု 
- အဆင့်အတန်း အရည်အချင်းသတ်မှတ် ကိုးကွယ်မှု 
- စိတ်ထင် အစွဲအလန်းကြောင့် ကိုးကွယ်မှု 
- မိတ်ဆွေ အပေါင်းအသင်းရှိရာနေရာကြောင့် 
ကိုးကွယ်မှု ခမည်းတော်ကို ကိုးကွယ်ရမည့် 
အချိန် ကာလရောက်ဆဲရှိ၏( ယော ၄:၂၁ ) 
မိတ်ဆွေ.....လွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀၀ ကျော်က 
သခင်ယေရှု ပြောခဲ့တဲ့ ကိုးကွယ်ခြင်းနဲ့ဆိုင်တဲ့ 
သမ္မာတရား စစ်စစ် ဖြစ်ပါတယ် 
ဘယ်နေရာမှာ ဘာရည်ရွယ်နဲ့ 
ဝတ်ပြု ကိုးကွယ်နေပါသလဲ ဆိုတာ 
အလွန်အရေးကြီးပါတယ်။

(ကိုယ်တော်နှင့်အတူထာဝရ)

ကိုယ်တော်နှင့်အတူထာဝရ
 ယာ ၄း၁၁-၁၇ သင်တို့အသက်သည် အဘယ် သို့သောအရာဖြစ်သနည်း။ 
ခဏ ထင်ရှားပြီးမှ ကွယ်ပျောက်တတ် သော အခိုးအငွေ့ဖြစ်၏။
ဆာ ၁၄၆-၁၄၇ □ ၁ ကော ၁၅း၁-၂၈ 
 (၁၈၅၉)ခုနှစ် အခြေအနေ ရှုပ်ထွေးကာ သဘောထား ကွဲလွဲနေချိန် အမေရိကန် ပြည်တွင်း စစ်ကြိုကာလအတွင်း သမ္မတ အေဘရာဟံ လင်ကွန်း မှာ ၀စ်ကွန်စင်ပြည်နယ် မီလ်ဝါးကီမြို့ရှိ တောင်သူလယ်သမားများအား မိန့်ခွန်းပြောကြား ရန် အခွင့်အရေး ရခဲ့သည်။ မိန့်ခွန်းပြောကြားရာ၌ သမ္မတကြီးက “အခြေအနေတိုင်း၌ အမြဲတမ်း မှန်ကန်ပြီး သင့်လျော်အဆင်ပြေမည့် ၀ါကျ တစ်ကြောင်း” လိုက်ရှာသည့် ရှေးမင်းမျိုးမင်းနွယ် တစ်ဦးအကြောင်း ပုံပြင်ကိုပြောပြခဲ့သည်။ သူ၏ ပညာရှိများက ဤခေါင်းစားလှသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်ရပြီး အဆုံး၌ “ဤအရာသည်လည်း လွန်သွား ကွယ်ပျောက်လိမ့်မည် ” ဟူသောဝါကျကို ပေးခဲ့သည်။ တရွေ့ရွေ့နှင့် ဆိုးသထက်ဆိုးလာ သည့် လက်ရှိကျွန်ုပ်တို့၏ကမ္ဘာကြီး၌ ဤအချက်က အကြွင်းမဲ့မှန်ကန်ပေ၏။ ကျွန်ုပ်တို့ နေထိုင်သည့် ကမ္ဘာကြီးတွင်သာမက ရေတွက်သတ်မှတ်ပြီးသားဖြစ်သည့် ကျွန်ုပ်တို့၏ ဘ၀တွင်လည်း ဤအမှန်တရားကို တွေ့ကြုံရသည်။ ရှင်ယာကုပ်က “သင်တို့ အသက်သည် အဘယ်သို့သောအရာဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ် သော အခိုးအငွေ့ဖြစ်၏” ဟုဆိုထားပါသည် (ယာ ၄း၁၄)။ ကျွန်ုပ်တို့၏ လက်ရှိအသက်တာက ယာယီဖြစ်ပြီး လွန်သွားကွယ်ပျောက် သွားမည်ဖြစ်လည်း ကျွန်ုပ်တို့ ကိုးကွယ်အစေခံသည့် ဘုရားရှင်သည် ထာဝရတည်ပါ၏။ ထိုထာဝရအသက်လက်ဆောင်ကို သားတော်ယေရှုခရစ်အားဖြင့် ကိုယ်တော် မျှဝေ ပေးသနားခဲ့သည်။ ဘယ်ခါမှမလွန်သွား၊ မကွယ်ပျောက်သွားမည့် အသက်တာကိုပေးရန် ဘုရားသခင်ကတိရှိသည်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်း တို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏” (ယော ၃း၁၆)။ သခင်ခရစ်တော် ပြန်ကြွချိန်တွင် သူနှင့်အတူ ထာဝရရှိနေရန် ကောင်းကင် အိမ်တော်သို့ ကျွန်ုပ်တို့ကို ချီဆောင်မည်ဖြစ်သည်။

September 3, 2014

ရှေ့ဆက် မျှော်လင့်ခြင်း

ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သော ကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။ နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ၏။
 ယေမြည် ၃း၁၉-၃၃ □ ဆာ ၁၄၀-၁၄၂ □ ၁ ကော ၁၄း၁-၂၀ ဆိုလာစွမ်းအင်သုံး လေယာဉ်ပျံသည် လောင်စာစက်သုံးဆီ မလိုဘဲ နေ့ရော ညပါ ပျံသန်း နိုင်သည်။ တီထွင်သူ ဘာထြန် ပိကာ့ဒ် (Bertrand Piccard)နှင့် အင်ဒရီ ဘော့ခ်ျဘာ့ဂ် (Andre Borschberg)တို့က ၂၀၁၅ ခုနှစ်တွင် ကမ္ဘာကို ပတ်၍ ပျံသန်းနိုင်မည်ဟု မျှော်လင့်ထားကြသည်။ နေရောင်ခြည်စွမ်းအားဖြင့် တစ်နေကုန်လေယာဉ် ပျံသန်းစဉ် ညအချိန်၌ ပျံသန်းရန် လိုအပ်သော စွမ်းအင်ကို တစ်ချိန်တည်းမှာ လုံလောက်စွာ စုဆောင်းပေးသွားသည်။ “နောက်တစ်နေ့ နေထွက်ချိန်မှာ ရှေ့ဆက်သွားနိုင်ဖို့ မျှော်လင့်ခြင်း ယူဆောင်လာပေးတယ်” ဟု ပိကာ့ဒ် ကပြောသည်။ နေထွက်လာချိန်တွင် မျှော်လင့်ခြင်း ယူဆောင်လာပေးသည် ဆိုသောအချက်က ယေရမိမြည်တမ်း စကား (၃) ကို ဆင်ခြင်မိစေသည်။ “အကျွန်ုပ်၏ စိတ်နှလုံးသည် ဆင်ခြင်၍ သတိရသောအခါ မျှော်လင့်စရာအခွင့်ရှိပါ၏။ ထာဝရဘုရား သည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။ နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ၏” (း၂၁-၂၃)။ ဗာဗုလုန်သားတို့ ယေရုရှလင်မြို့ကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်ပြီး ဘုရားသခင်၏ လူမျိုးတော်တို့ စိတ်ပျက်အားငယ်ဒုက္ခရောက်နေချိန်၌ပင်လျှင် ပရောဖက် ယေရမိက သူတို့၌ မျှော်လင့်စရာအကြောင်းရှိသည်ဟု ပြောခဲ့သည်။ သူတို့အပေါ်၌ ဘုရားသခင်၏ သနားခြင်း၊ ကရုဏာတော် ရှိနေသေးပါသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ပြဿနာနှင့် ရုန်းကန်ရခြင်းညများက ခက်ခဲလှ သည်ဟု ထင်မြင်ရသော်လည်း နေထွက်လာချိန်တွင် ကျွန်ုပ်တို့ ရှေ့ဆက်သွားနိုင်အောင် မျှော်လင့်ခြင်း ယူဆောင်လာပေးသည်။ “ညဦးယံ၌ ငိုကြွေးခြင်းသည် လာ၍တည်းခို၏။ နံနက်ယံ၌ကား သီချင်းဆိုရသောအခွင့်ရှိ၏” ဟူ၍ ဆာလံဆရာက ဆိုသည် (ဆာ ၃၀း၅)။ မနက်နေထွက်ချိန်တိုင်း မျှော်လင့်ခြင်းကို ပို့ဆောင်ပေးသည့်အတွက် ကျေးဇူးတင်ပါ၏/ နံနက်တိုင်း ကိုယ်တော်၏ သနားကြင်နာခြင်း ကရုဏာအသစ်ကို ခံစားရပါ၏။

** ဘုရားအလိုတော် **

ဘုရားအလိုတော် (၁သက်၎း၃-၆) 
မတရားသောမေထုန်ကို ကြဉ်ရှောင်ပြီး သန်.ရှင်းစေခြင်းငှါနုတ်ကပါတ်တော်ထဲမှာ ဘုရားအလိုတော် ရှိတဲ့အသက်တာကို များစွာ ဖေါ်ပြထားပါတယ်။အဲ့ဒီထဲက သက်သာလောနိတ်မှာ ဖေါ်ပြထားသော ဘုရားအလိုတော်က တော့ မတရား သောမေထုန်ကို ကြဉ်ရှောင်ပြီးသန့်ရှင်းဖို.ပါ။ မတရားသောမေထုန်အမူကို ရှောင်ဖို. ကနဦးအသင်းတော်ကိုလည်း သန့်ရှင်းသောဝိညာဉ်တော်က သတိပေးပါတယ်။ ၁၅း၂၉မတရားသောမေထုန်ဆိုတာကလက်မထပ်မှီမှားယွင်းတာရော ကိုယ်ဇနီး မယားမဟုတ်သူနဲ. အတူနေတာရောပါပါတယ်။ သောဒုံနဲ. ဂေါမောရမြို.က လူတွေက မတရားသောမေထုန်အမူကို လွန်စွာပြုပြီး ကိုယ်ဇနီး မယား မဟုတ်သူ တွေနဲ. နေလို.ဘုရားက ဖျက်ဆီးတယ်လို. နုတ်ကပါတ်တော်က မှတ်တမ်း တင်ပါတယ်။(ယုဒ၁း၇)ဒီအမူဟာသိပ်ကြောက်စရာကောင်းပါတယ်။ ဒါတင်မကသေးဘူး ယောကျားခြင်းမိန်းမခြင်း ဖေါက်ပြန်တာလည်း မတ၇ားသော မေထုန်ထဲမှာပါပါတယ်။ ဒီအထဲေ၇ာက်သွားတာ ဘုရားဟာ မောဟလက်ကို အပ်လိုက်တဲ့လူတွေလို.ဆိုပါတယ်။ (ရောမ၁း၂၆၂၈)မတရားသောမေထုန် အမူကို လွန်စွာပြုပြီးတဲ့ ရှံဆုံဟာ ခွန်အား ရှိပင်မဲ့ နောက်ဆုံးမှာ မရူမလှ ဇါတ်သိမ်းသလို ဥာဏ်ပညာ ပြည်စုံတယ် လို. ကျော်ကြားတဲ့ရှောလမုန်မင်းကြီးလည်းအကွဲကွဲအပြဲပြဲနဲ.မှားယွင်းတဲ့ကိုးကွယ်မူတွေကိုတိုင်းပြည်တွင်းသယ်ဆောင်လာသူအဖြစ်သို့သက်ဆင်းခဲ့ပြီးတိုင်းပြည်နှစ်ခြမ်းကွဲတဲ့အထိဖြစ်ပျက်ခဲ့ပါတယ်။မတရားသောမေထုန်ဟာ ဘယ်လောက်ခွန်အားရှိရှိ မရုန်းထွက်နိုင်သလို ဥာဏ်ပညာ ရှိသူလည်း ခြေချော်တတ်ပါတယ်။ဒါဝိတ်ရဲ့ သူမယားပြစ်မှားတဲ့အပြစ်ကြောင့် မိသားစုအတွင်း ရူပ်ထွေးမူတွေ သားကအဖေကို ပြန်လည်ပုန်ကန်တဲ့ ၀မ်းနည်းစရာတွေ ကိုလည်းပြန်လည်ရိတ်သိမ်းရပြန်တယ်။ ဒါကြောင့် ဘုရားဗိမာန်တော် ဖြစ်တဲ့သင်ခန္ဒာကို မတရားသောမေထုန် လက်သို. မအပ်နှံမိဖို. ကိုယ်ကို တန်ဖိုးထားဖို.လိုပါတယ်။(၁ကော၃း၁၆-၁၇) သန့်ရှင်းခြင်း၊ အသာရေတင့်တယ်ခြင်းနှင့်မိမိကိုယ်ကို ထိန်းတတ်စေခြင်းငှါ ဘုရားသင့်ကိုလောကသားတွေလို အဲ့ဒီအမူအရာတွေထဲမှာပဲ အသက်တာကျဆင်းဖို. အဲ့ဒီအတွက်ပဲအသက်ရှင်ဖို့အလိုမရှိပါဘူး။ဒီနေ.ကိုယ်ကိုထိန်းတတ်ဖို.ဘုရားကအလိုရှိပါတယ်။ဒါဆိုရင်ဘယ်လိုထိန်းမလည်းလို.မေးစရာရှိပါတယ်။ကာမဂုဏ်ချုပ်တီးခြင်းဆိုတာက သန်.ရှင်းသောဝိညာဉ်တော်ရဲ့အသီးတစ်ခုဖြစ်ပါတယ်။(ဂလာတိ ၅း၂၃) ဒါကြောင့်သန်.ရှင်းသောဝိညာဉ်တော်ကိုအသက်တာမှာနေရာပေးမယ် ထိန်းချုပ်ခွင့် ပေးမယ်ဆိုရင် ဘုရားဟာသင့်ကို ချုပ်တီးနိုင်စွမ်းကို ၀ိညာဉ်တော်အားဖြင့် ပေးပါတယ်။နောက်တစ်ခုကတော့နုတ်ကပါတ်တော်ပါ။ ဆာ၁၁၉း၉ နုတ်ကပါတ်တော်ရဲ့လမ်းပြမူသွန်သင်မူကို နာခံရင် အသက်တာမှာ မသန့်ရှင်းမှုမှ ထိန်းကျောင်းပေးပါလိမ့်မယ်။နုတ်ကပါတ်တော်ကိုမှီဝဲဆည်းကပ်ရင် သင့်အသက်တာမှာမာနတ်ကိုအောင်မြင်မှာဖြစ်ပါတယ်။(၁ယော၂း၁၂-၁၄) ဒါကြောင့် ကိုယ်ကိုထိန်းတတ်တဲ့ယုံကြည်သူအဖြစ် ဝိညာဉ်တော်ဘုရားကဖြစ်စေပါတယ်။ ၃။ညီအစ်ကိုပရိယာယ်အားဖြင့် မပြစ်မှားစေခြင်းငှါ ပေါလုကတော့ သူ. အားဖြင်. လူတွေ ထိမိပြီးမလဲဖို. လူတွေသူ.အားဖြင့် လမ်းမလွဲဖို. သူက အရမ်းသတိ ထားပါတယ်။ ဒီနေ.ငါမှားတာ တခြားလူတွေနဲ. ဘာဆိုင်လည်းလို. ထင်စရာ ရှိပါလိမ့်မယ်။မကောင်းသောအကျင့်ဟာကူးစက်တတ်ပါတယ်။ တယောက်လမ်းလွဲ တာဘု၇ားအလိုတော်ကိုဂရုမစိုက်တာဟာ အသင်းတော်ထဲကညီအစ်ကိုတွေထဲမှာ ကူးစက်တတ်ပါတယ်။ ကိုယ်က အသင်းတော်မှာ တရားဟောသူ/CM/GS/ Sunday school/Praise & worship/EC…စသည်.ဖြစ်နေရက်နဲ. အသက်တာ မသန်. ရှင်းပါက ကိုယ်လုပ်သမျှဘုရားရှေ.မှာအချီးနှီး ဖြစ်ရုံသာမက အခြားသူအတွက် Virus ဖြစ်နိုင်တယ်။ ကိုယ်.အသက်တာကြောင့်လူတွေဟာ ခွန်အားရစရာ နမူနာ ယူစရာပုံသက်သေမရှိပဲ လမ်းလွဲစေတယ်ဆိုရင်တော့ မကောင်းတော.ဘူး။ ဒါကြောင့် ကိုယ်ရဲ့ မကောင်းတဲ. အကျင့်တွေအမူအရာတွေ အားဖြင့် လူတွေထိမိပြီး မလဲဖို.ကျွန်တော်တို.ရဲ. ဘုရား မကြိုက်မနှစ်သက်သော အသက်တာကိုပြင်ဆင်ဖို. ဘုရား အလိုတော်ရှိပါတယ်။

September 2, 2014

(ရွေးချယ်မှု ..CHOICE!!)

                        ရွေးချယ်မှု 
 သမ္မာကျမ်းစာကဖော်ပြတဲ့လူ့သမိုင်းဟာ
 ရွေးချယ်မှုသမိုင်းလို့ ပြောလို့ရတယ်။ ဧဒင်ဥယျာဉ်ရဲ့ အလယ်မှာ ကောင်းမကောင်းသိကျွမ်းရာအပင်နဲ့ အသက်ပင်ဆိုပြီး ရွေးချယ်စရာ နှစ်ခုရှိခဲ့တယ်။ 
ဒါပေမယ့် လူက "စားသောနေ့မှာ ဧကန်အမှန်သေမယ်"ဆိုတဲ့ အဆိပ်ပင်ကိုပဲ ရွေးခဲ့တယ်။အာဒံနဲ့ ဧဝတို့ရဲ.သားကာဣနကလည်း..

ဘုရားအသိအမှတ်မပြုတဲ့ ယဇ်နဲ့ ပဲ ကျေနပ်မလား၊ ဘုရားပြင်ဆင်ပေးတဲ့ ယဇ်ကောင်ကိုပဲ လက်ခံပြီး ဘုရားကို ပူဇော်မလားဆိုပြီး ရွေးစရာနှစ်ခုရှိခဲ့တယ်။ ကာဣနက ဘုရားပြင်ဆင်ပေးတဲ့ယဇ်ကောင်ကို ဂရုတောင်မစိုက်ခဲ့ဘူး။ 

 နောဧရဲ့ လက်ထက်မှာ သင်္ဘောထဲဝင်မလား၊ ဒါမှမဟုတ် သင်္ဘောထဲမဝင်ဘဲ ရေနစ်ခံမလားဆိုပြီး ရွေးစရာရှိခဲ့ပြန်တယ်။ ဒါပေမယ့်အသက်ကယ်မယ့်သင်္ဘောထဲဝင်ဖို့ မေတ္တာရပ်ခံနေတဲ့
နောဧကိုသူတို့ငြင်းဆန်ခဲ့တယ်။ 

 လောတရဲ့ လက်ထက်မှာ သောဒုံနဲ့ ဂေါမောရမြို့ဟာ မကြာခင် မီးသင့်ပြီး လောင်ကျွမ်းပျက်ဆီးတော့မယ့်အကြောင်း
ကောင်းကင်တမန်တွေက သတိပေးစကားလာပြောပေမယ့်
လောတရဲ့ သားမက်တွေက ကျီစားတယ်ထင်ပြီး မြို့ထဲမှာပဲနေခဲ့ဖို့ ရွေးချယ်ခဲ့ကြတယ်။ 

 မောရှေရဲ့ လက်ထက်မှာ ခါနန်ပြည်ကို ဝင်သိမ်းမလား၊ ကျွန်ခံရာ အဲဂုတ္တုပြည်ကိုပဲပြန်မလားဆိုပြီး ရွေးစရာရှိခဲ့တယ်။ ဒါပေမယ့် ဣသရေလလူတွေက ခါနန်ပြည်ထဲဝင်ဖို့ အကြောက်လွန်ပြီး ခါးခါးသီးသီး ငြင်းဆန်ခဲ့ကြတယ်။ 

 ဧလိယလက်ထက်မှာ ဗာလဘုရားလား၊ထာဝရဘုရားလားဆိုပြီး ကရမေလတောင်ပေါ်မှာ ဣသရေလလူတွေရဲ့ 
ရွေးချယ်မှုပြတ်သားဖို့ ဧလိယက စိန်ခေါ်စကားဆိုခဲ့တယ်။
ဒါပေမယ့် ပရိသတ်က ထာဝရဘုရားကို ရွေးဖို့ မပြတ်သားခဲ့ကြဘူး။ 

ဒီနေ့ ... တမလွန်ကို ကိုယ့်ကုသိုလ်ကို အမှီပြုပြီး.ဝင်မှာလား၊ ဘုရားပြုပေးတဲ့ကုသိုလ်ကို အမှီပြုပြီး ဝင်မလားဆိုပြီး ကျွန်တော်တို့ကို ရွေးချယ်စရာ ပေးနေတယ်။ 
ယုံကြည်သူ ဘုရားသားသမီးတွေကိုလည်း အမင်္ဂလာဖြစ်စေတဲ့ ကိုယ့်ရဲ့ ဇာတိစိတ်ကိုပဲ ခေါင်းမာမာနဲ့ ဆက်အလိုလိုက်နေဦးမှာလား၊ 

ဘုန်းတန်ခိုးနဲ့ပြည့်စုံပြီး မင်္ဂလာရှိတဲ့ဘဝအသက်တာကိုပေးမယ့် ဘုရားအလိုတော်ကိုပဲ ဝန်ခံအသက်ရှင်မလားဆိုပြီး
 ရွေးချယ်စရာ ပေးနေတယ်။ သတိထားပါ။

အာဒံနဲ့ ဧဝ အရွေးမှားခဲ့တယ် ကာဣန အရွေးမှားခဲ့တယ်
နောဧလက်ထက်ကလူတွေအရွေးမှားခဲ့တယ်
လောတရဲ့ သားမက်တွေ အရွေးမှားခဲ့တယ်။
မောရှေလက်ထက်က ဣသရေလလူတွေ အရွေးမှားခဲ့တယ်။ ဧလိယလက်ထက်က ဣသရေလလူတွေလည်း အရွေးမှားခဲ့တယ်
 ကဲ ... အခု ... သင် ဘာကို ရွေးချယ်မလဲ ? 
လူ့အထင်မှာတော့ မှန်သလိုလိုရှိပေမယ့် အဆုံးမှာ သေခြင်းကိုပို့မယ့်လမ်းတွေ
 ရွေးမိနိုင်လို့ အရွေးမမှားဖို့ သတိပေးပါရစေ။ "တံလျပ်ကိုရေထင် ရွှေသမင် အလိုက်မှား" "တောင်ယာခုတ်မှားတော့ တစ်နှစ်" 
"အိမ်ထောင်ပြုမှားတော့ တစ်သက်" 
ဘုရားရွေးရင် ထာဝရ ဆိုတဲ့စကားပုံတွေက 
ကိုယ့်ရဲ့ ရွေးချယ်မှုဟာ ဘယ်လောက်အရေးကြီးကြောင်း သတိပေးနေတဲ့စကားပုံတွေပါ။ 
သင့်ရဲ့ ရွေးချယ်မှုကြောင့် သင့်ရဲ့ ယခုဘဝ၊
နောင်ဘဝ သုခတွေ စံစားရနိုင်သလို၊ ဒုက္ခတွေလည်း ခံသွားရနိုင်တယ်။သင့်ရဲ့ ဘဝဟာ သင့်ရဲ့ ရွေးချယ်မှုအပေါ်မှာပဲ အပြည့်အဝ မူတည်ပါတယ်။ "အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းကြီးပေးခြင်း၊ ကျိန်ခြင်းတို့ ကို သင့်ရှေ့ ၌ ငါထားသည်ဟု သင့်တဘက်၌ ကောင်းကင်မြေကြီးကို ငါတိုင်တည်၏" (တရားဟောရာကျမ်း ၃၀း ၁၉)

September 1, 2014

(Things God Hates,Growth....The Spirit Of..)

Things God Hates 
 01. Vain Worship - Isa 1:13-15 
02. Pride (Proud Look) - Prov 6:17-19 
03. Lying Tongue - Psa 101:5-7; Zech 8:16 
04. Murder - Prov 6:17-19 
05. Devise Wicked Imaginations - Hos 9:15; Zech 8:17 
06. Mischief - Rom 9:13; Prov 6:17-19 
07. Lies - Prov 6:17-19 
08. Sowing Discord - Prov 6:17-19 
09. Wickedness - Psa 45:7 
10. Robbery for Burnt Offerings - Isa 61:8 
11. Serving Other Gods - Jer 44:3-4 
12. False Oaths - Zech 8:17 
13. False Judgment - Zech 8:16-17 
14. Doctrine of the Nicolaitans - Rev 2:15 
What To Do With Rejecters of Truth 
01. Mark them = Rom 16:17 
02. Avoid them = Rom 16:17 
03. Try them = 1 John 4:1 
04. Judge them = Matt 7:15-16 
05. Expose them = 1 Tim 5:20 
06. Reject them = Titus 3:20 
07. Rebuke them = Titus 1:13 
08. Reprove them = Eph 5:11 
09. Separate from them = 2 Cor 6:17 
10. Turn away from them = 2 Tim 3:5 
11. Withdraw from them = 2 Thess 3:6 
12. Do not receive them (in your house) = 2 John 1:10 Seven Stages Of Growth  
01. Babe in Christ - 1 Cor 3:1-2 
02. Little Children - 1 John2:1; Gal 4:9 
03. Children - Eph 4:14; Gal 3:26 
04. Young Men - 1 John 2:13-14; Titus 2:6 
05. Father - 1 John 2:13 
06. Elder - 1 Peter 5:1; 3 John 1:1 
07. Aged - Philemon 1:9; Titus 2:2 
Eyes of the LORD 
01. Ponders his goings – Prov 5:21 
02. Run throughout the whole Earth – 2 Chron 16:9 
03. Counts our steps – Job 31:4 
04. Sees our goings – Job 34:21 
05. Beholds good and evil – Prov 15:3 
06. Upon all our ways – Jer 16:17 
07. Upon the fruit of our doing – Jer 32:19 
08. Upon the righteous – Psalms 34:15 
09. Upon them that fear Him – Psalms 33:18 
Names of the Bible Given in the Bible 
01. The Word - James 1:21-23; 1 Peter 2:2 
02. The Word of God - Luke 11:28; Hebrews 4:12 
03. The Word of Christ - Colossians 3:16 
04. The Word of Truth - James 1:18 
05. The Holy Scriptures - Romans 1:12; 2 Timothy 3:15 
06. The Scripture of Truth - Daniel 10:21 
07. The Book - Psalms 40:7; Revelation 22:19 
08. The Book of the Lord - Isaiah 34:16 
09. The Book of the Law - Nehemiah 8:3; Galatians 3:10 
10. The Law of the Lord - Psalms 1:2; Isaiah 30:9 
11. The Sword of the Spirit - Ephesians 6:17 
12. The Oracles of God - Romans 3:2; 1 Peter 4:11 Ambassadors For Christ 
01. You must be a citizen of the nation you represent - Eph 2:19; Gal 4:26 
02. You must be appointed by your King - Mat 28:20 
03. You must know the policies of your government - 2 Tim 2:15 
04. You must personally represent your King - Acts 1:8 
05. You must maintain a good testimony - 1 Thes 5:22 
06. You must communicate with your home country - Luke 18:1 
07. You must leave "the field" in times of war and danger - 1 Thess 1:10; 1  Thess 5:9; 1 Thess 4:16-18 
The Spirit Of...
1. Jacob Gen 45:27                  2. wisdom Exod 28:3 
3. jealousy Num 5:14               4. the LORD Judg 3:10 
5. God 1Sam 19:20                 6. Elijah 2Kgs 2:15 
7. Tilgathpilneser king of Assyria 1Chr 5:26 
8. Philistines 2Chr 21:16         9. Arabians, 
10. Cyrus king of Persia 2Chr 36:22 
11. my understanding Job 20:3 
12. princes Ps 76:12 13. a man Prov 18:14 
14. man Prov 20:27            15. beast Eccl 3:21 
16. ruler Eccl 10:4              17. judgment Isa 4:4 
18. burning.                        19. understanding Isa 11:2, 
20. counsel                              21. might, the 
22. knowledge                         23. fear of the LORD 
24. Egypt Isa 19:3                   25. judgment Isa 28:6 
26. deep sleep Isa 29:10        27. contrite Isa 57:15 
28. humble spirit,                    29. heaviness Isa 61:3 
30. kings of the Medes Jer 51:11 
31. living creature Ezek 1:20 
32. holy gods Dan 4:8            33. gods Dan 5:14 
34. Whoredoms Hos 4:12      35. Zerubbabel Hag 1:14 
36. grace Zech 12:10             37. supplications: 
38. Father Matt 10:20            39. unclean devil Luke 4:33 , 40. infirmity Luke 13:11         41. truth John 14:17 
42. divination Acts 16:16      43. holiness Rom 1:4 
44. life Rom 8:2                    45. Christ Rom 8:9 
46. bondage Rom 8:15        47. adoption, 
48. slumber Rom 11:8         49. world 1Cor 2:12 
50. meekness 1Cor 4:21     51. living God 2Cor 3:3 ; 
52. faith 2Cor 4:13               53. his Son Gal 4:6 
54. promise Eph 1:13 ,        55. revelation Eph 1:17 
56. your mind Eph 4:23       57. Jesus Christ Phil 1:19 
58. mouth, the (Wicked) 2Thess 2:8 
59. fear 2Tim 1:7            60. power,        61. love, 
62. sound mind.             63.graceHeb10:29                             64. glory 1Pet 4:14        65. antichrist 1John 4:3 
66. truth 1John 4:6        67. error. 
68. life Rev 11:11          69. prophecy Rev 19:10