ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

September 8, 2014

!! နောက်ဆုံးသောအချိန်များ၏ နိမိတ်လက္ခဏာများ..!!

နောက်ဆုံးသောအချိန်များ၏ နိမိတ်လက္ခဏာများ 
မာသဲ ၂၄း၅-၈ ထဲတွင် ကျွန်ုပ်တို့နှင့် သက်ဆိုင်သောနောက်ဆုံးသောအချိန်များအတွက် အရေးကြီးသော အချက်အလက်အချို့တို့ကို ဖော်ပြထားပါသည်။ “အများသောသူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏ဟုဆိုလျက်၊ ငါ၏အယောင်ကို ဆောင်၍ပေါ်လာသဖြင့် လူအများတို့ကို လှည့်ဖြား ကြလိမ့်မည်။ သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သိတင်းစကားကို ၄င်း၊ ကြားရကြလိမ့်မည်။ သို့သော်လည်းတုန်လှုပ်ခြင်းမရှိစေခြင်းငှါ၊ သတိပြုကြလော့။ ထိုအမှုအ ရာများသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် မဖြစ်သေး။ လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တ နိုင်ငံရန် ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏အစအဦးဖြစ်သတည်း။” မှားယွင်းသောမေရှိယများပေါ်ပေါက်လာခြင်း၊ စစ်ပွဲများပေါ်ပေါက်လာခြင်း၊အစာရေစာခေါင်းပါးမှုများ၊ ကာလနာဘေးများ၊ သဘာဝဘေးအန္တရာယ်များပေါ်ပေါက်လာခြင်း စသည်တို့ သည် နောက်ဆုံးကာ၏လက္ခဏာများဖြစ်သည်။ ဤကျမ်းပိုဒ်ထဲတွင် ကျွန်ုပ်တို့ကို သတိပေးထား သော်လည်း ကျွန်ုပ်တို့သည် လှည့်ဖြားခြင်းကို ခံစားရကြမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအဖြစ်အပျက်များသည် နာကျင်မှု၏အစသာဖြစ်သည်။ အဆုံးသည် ရောက်လာလိမ့်မည်ဖြစ်သည်။ အချို့သော ဘာသာပြန်သူများက မြေငလျှင်လှုပ်ခြင်း၊ နိုင်ငံရေးကသောင်းကနင်းဖြစ်ခြင်း၊ နှင့်ဣသရေလလူမျိုးများ အပေါ်တိုက်ခိုက်မှုများသည် နောက်ဆုံးအချိန်ကာလကို နီးကပ်နေပြီဟု ပြောတတ်ကြသည်။ သို့သော်ထိုအဖြစ်အပျက်များသည် နောက်ဆုံးသောနေ့ရက်များကို နီးကပ်နေခြင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ နောက်ဆုံးသော အချိန်ရောက်နေပြီဟု ဖော်ပြလိုခြင်းမဟုတ်ပေ။ တမန်တော်ရှင်ပေါလုက နောက်ဆုံးသောအချိန်တွင် မှားယွင်းသောပရောဖက်များစွာ ပေါ်ပေါက်လိမ့်မည်ဟု ဖော်ပြထားပါသည်။ “၀ိညာဉ်တော်သည် အတည့်အလင်းဗျာဒိတ်ထားတော်မူသည်ကား၊ အချို့သောသူများသည် ယုံကြည်ခြင်းစွန့်လွှတ်၍ နတ်ဆိုးများ၏သွန်သင်ခြင်းသို့ လိုက်ကြလိမ့်မည်” (၁တိ ၄း၁) ဟုဖော်ပြထားပါသည်။ နောက်ဆုံးသောနေ့ရက်ကို “ကြီးမားသော အန္တရာယ်အချိန်များ” ဟုဖော်ပြထားပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် လူတွေက အကျင့်စာရိတ္တပျက်ပြားလာကာ “သမ္မာတရားကိုခုခံတော်လှန်” ကြမည်ဖြစ်သောကြောင့်ဖြစ်သည် (၂တိ ၃း၁-၉၊ ၂သက် ၂း၃)။ အခြားသောလက္ခဏာသည် ယေရုရှလင်မြို့တွင်ယုဒလူမျိုးများ၏ ဗိမာန်တော်တည်ဆောက်ခြင်းဖြစ်သည်။ ဣသရေလလူမျိုးများကို ရန်ငြိုးပွါးလာမည်။ တစ်ကမ္ဘာလုံးကို ဘုရင်တစ်ပါးကအုပ်ချုပ်
 (One World Order) မည်ဖြစ်သည်။ ။နောက်ဆုံးသောအချိန်ကာလသည် ဣသရေလလူမျိုးများပေါ်တွင် အများစုသက်ရောက်သွားမည်ဖြစ်သည်။ ၁၉၄၈ခုနှစ်တွင် ဣသရေလနိုင်ငံသည် အစိုးရသော ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။ အေဒီ၇၀မှစ၍ ပထမအကြိမ်သတ်မှတ်ခြင်းသည် မှတ်သားစရာဖြစ်သည်။ ဘုရားသခင်က အဗြဟံအား ခါနန်ပြည်သည် သင့်၏ “ထာဝရ ပိုင်ဆိုင်မှု” ဖြစ်လိမ့်မည်ဟု ကတိထားခဲ့သည် 
( ကမ္ဘာ၊ ၁၇း၈)။ ထို့ပြင် ယေဇကျေလကလည်း ဣသရေလများ၏ကာယပိုင်းနှင့်ဝိ ညာဉ်ပိုင်း တည်ဆောက်ခြင်းကို ကတိပေးခဲ့သည် ( ယေဇကျေလ အခန်းကြီး ၃၇)။ ဣသရေလလူ မျိုးများသည် အနာဂတ်ကာလနှင့်စပ်ဆိုင်သော လူမျိုးများဖြစ်ကြသောကြောင့် ပရောဖက်ဆိုင်ရာ နှင့်ပတ်သက်၍ နောက်ဆုံးသောနေ့ရက်သည် သူတို့၏နယ်မြေပိုင်ဆိုင်မှုသည် အလွန်အရေးကြီးသည်(ဒံယေလ ၁၀း၁၄၊ ၁၁း၄၁၊ ဗျာဒိတ် ၁၁း၈)။ ထိုနိမိတ်လက္ခဏာများကိုကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် နောက်ဆုံးသောနေ့ရက်ကာလနှင့် ပတ်သက်၍ သေချာစွာပိုင်းခြားသိမြင်နိုင်ပါသည်။ သို့သော် အချို့သောအဖြစ်အပျက်များကြောင့် နောက်ဆုံးအချိန်ရောက်နေပြီဟု ကျွန်ုပ်တို့ တထစ်ချမပြောနိုင်ပေ။ ကျွန်ုပ်တို့သည် ပြင်ဆင်မှုပြု နိုင်ရန်အတွက် ဘုရားသခင်ကကျွန်ုပ်တို့အား လုံလောက်သော အကြောင်းကြားခြင်းများကိုပေးခဲ့သည်။ ကျွန်ုပ်တို့သည် ကြိုတင်ပြင်ဆင်ခြင်းရှိရန်အတွက် ဘုရားသခင်အလိုတော်ရှိသည်။

No comments:

Post a Comment