ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

September 8, 2014

ဘေးဒဏ်ကြီးကာလ နှင်.နောက်ဆုံးသော7နှစ်ကိုမည်သို့သိရှိနိုင်မည်နည်း?


ဘေးဒဏ်ကြီးကာလ နှင်. နောက်ဆုံးသော7နှစ်ကို မည်သို့သိရှိနိုင်ကြမည်နည်း။ 
  ဘေးဒဏ်ကြီးကာလသည် ဘုရားသခင် ကဣသရေလလူမျိုးများကို ဆုံးမသွန်သင်ခြင်းနှင့်နောက်ဆုံးတွင် မယုံကြည်သူများအပေါ်သူ၏ တရားစီရင်ခြင်းအားဖြင့်အဆုံးသတ်ခြင်းဖြစ် သော အနာဂတ်ကာလတွင်ဖြစ်ပျက်လာမည့် ခုနစ်နှစ်ကာလကို ဖော်ပြလိုခြင်းဖြစ်သည်။ သခင်ယေရှုခရစ်တော်ကို ယုံကြည်သောသူများ၊ ကယ်တင်ခြင်းစိတ်ချမှုရရှိသောသူများဖြစ်သော အသင်းတော်သည် အပြစ်တရားအတွက် တရားစီရင်ခြင်းမှလွှတ်မြောက်၍ ဘေးဒဏ်ကြီးကာလအတွင်း သူတို့သည် ပါဝင်ကြလိမ့်မည်မဟုတ်ပေ။ အသင်းတော်သည် ချီဆောင်ခြင်းတွင် လောကမှဖယ်ရှားခြင်း ခံရကြမည်ဖြစ်သည် 
( ၁သက် ၄း၁၃-၁၈၊ ၁ကော ၁၅း၅၁-၅၃)။ 
အသင်းတော်သည် ဘုရားသခင်၏အမျက်တော်မှ လွှတ်မြောက်ရကြမည်ဖြစ်သည် (၁သက် ၅း၉)။ သမ္မာကျမ်းစာထဲတွင် ဘေးဒဏ် ကြီးကာလကို ဘုရားသခင်၏နေ့ရက်( ဟေရှာယ ၂း၁၂၊ ၁၃း၆-၉၊ ယောလ ၁း၁၅၊ ၂း၁-၃၁၊ ၃း၁၄၊ ၁သက် ၅း၂)၊ ဆင်းရဲဒုက္ခခံခြင်း (သို့) ဘေးဒဏ်ကြီးကာလ ( တရားဟော ၄း၃၀၊ ဇေဖနိ ၁း၁)၊ ကြီးမားသောဘေးဒဏ်ကြီး၊ ၄င်းကို ခုနစ်နှစ်ကာလ၏နောက်ဆုံးသော အပိုင်းဖြစ်သည်( မဿဲ ၂၄း၂၁)၊ ဆင်းရဲဒုက္ခခံသောနေ့ရက်ကာလ
 (ဒံယေလ ၁၂း၁၊ ဇေဖနိ ၁း၁၅)၊ 
 ယာကုပ်အမျိုး ၌အမှုရောက်သော နေ့ရက် (ယေဇမိ ၃၀း၇) ဟု ကင်ပွန်းတပ် ဖေါ်ပြထားပါသည်။ 
 ဘေးဒဏ်ကြီးကာလ၏ရည်ရွယ်ချက်နှင့်အချိန်ကို သိရှိရန်အတွက် (ဒံယေလ ၉း၂၄-၂၇) ကိုသိရှိနားလည်ရန်လိုအပ်ပါသည်။
 “သင်၏လူများ” ကိုဆန့်ကျင်သည်ဟု ကြွေးကြော်သော သိတင်း(၇၀) အကြောင်းကို ဖော်ပြထားပါသည်။ ဒံယေလ၏လူများသည် ယုဒလူမျိုးများ၊ ဣသရေလလူမျိုးများဖြစ်ကြသည်။ ဒံယေလ ၉း၂၄ ထဲတွင် ဘုရားသခင်လုပ်ဆောင်ရမည့်အချိန်ကို ဖော်ပြထားပါသည်။ “လွန်ကျူးခြင်းအမှုကိုဆီးတား၍ အပြစ်ကို တံဆိပ်ခတ်စေခြင်းငှါ၎င်း၊ ဒုစရိုက်အပြစ် ကိုဖြေရှင်း၍ ထာဝရကုသိုလ်ကိုသွင်းစေခြင်းငှါ၎င်း၊ ဗျာဒိတ်ရူပါရုံနှင့်အနာဂတ္တိဗျာဒိတ်တော်တို့ကို တံဆိတ်ခတ်၍၊ အလွန်သန့်ရှင်းသောဌာနကိုလိမ်းစေခြင်းငှါ၎င်း၊ သိတင်းခုနစ်ဆယ်ကို သင်၏ အမျိုးသားချင်းတို့အဘို့နှင့် သင်၏သန့်ရှင်းသောမြို့အဘို့ ဆုံးဖြတ်ခြင်းရှိ၏။” “သိတင်း ခုနစ်ဆယ်ခုနစ်ကြိမ်” အတောအတွင်း ဤအမှုအရာများပြည့်စုံလိမ့်မည်ဟု ဘုရားသခင်က ဖော်ပြထားပါသည်။ ၄င်းသည် ခုနစ်ဆယ်ခုနစ်ကြိမ်နှစ်ဖြစ်ကာ၊ နှစ်ပေါင်း၄၉၀ဖြစ်သည်။ (အချို့သော ဘာသာပြန်သူများက သိတင်းခုနစ်ဆယ်နှစ် ဟု ဖော်ပြထားပါသည်)။ ထိုအဖြစ်အပျက်မှန်ကန်သည်ဟု အခြားသော ဒံယေလကျမ်းထဲတွင် ထောက်ခံထားပါသည်။ အခန်းငယ်၂၅နှင့်၂၆ ထဲတွင် “ခုနစ်ခုနစ်လီ နှင့် ခြောက်ဆယ်နှစ် ခုနစ်လီ” 
(စုစုပေါင်း ၆၉)၊ ယေရုရှလင်မြို့ပြန်လည် စတင်တည်ဆောက်ချိန်တွင်မေရှီယသည် သတ်ဖြတ်ခြင်းခံရမည်ဟု ဒံယေလက ဖော်ပြထားပါသည်။ တနည်းအားဖြင့်၊ ၆၉ ခုနစ်လီ နှစ် (၄၈၃နှစ် ယေရုရှလင်မြို့ တဖန်တည်ဆောက်ပြီးနောက် မေရှိယသည် 
အသေသတ်ခြင်းကို ခံပါလိမ့်မည်။ သမ္မာကျမ်းစာသမိုင်း လေ့လာသူများက နှစ်ပေါင်း၄၈၃သည်
 ယေရုရှလင်မြို့ပြန်လည်တည်ဆောက်ခြင်းမှ သခင်ယေရှုအသေခံသောအချိန်ထိဖြစ်သည်ဟု အတိအမှတ်ပြုထားပါသည်။ ခရစ်ယာန်ကျမ်းတတ်ပုဂ္ဂိုလ်အများစုက သူတို့၏အနာဂတ်နှင့်စပ်ဆိုင်သော ဖြစ်ပျက်မည့်အရာများရှုထောင့်က လွှဲ၍၊ ဒံယေလထဲတွင် ဖော်ပြထားသော၇၀ခု (70weeks) နစ်လီကိုသိရှိခဲ့ကြသည်။ ယေရုရှလင်မြို့ပြန်လည်တည်ဆောက်ခြင်းမှ
 မေရှိယအသေခံသောအချိန်အထိသည် နှစ်ပေါင်း၄၈၃ဖြစ်ရာဒံယေလ ၉း၂၄ ထဲတွင် ဖော်ပြထားသော အချက်များပြည့်စုံဖို့ ခုနစ်နှစ် တစ်လီ ကျန်သေးသည်။ “လွန်ကျူးခြင်းအမှုကိုဆီးတား၍ အပြစ်ကို တံဆိပ်ခတ်စေခြင်းငှါ၎င်း၊ ဒုစရိုက်အပြစ် ကိုဖြေရှင်း၍ ထာဝရကုသိုလ်ကိုသွင်းစေခြင်းငှါ၎င်း၊ ဗျာဒိတ်ရူပါရုံနှင့်အနာဂတ္တိဗျာ ဒိတ်တော်တို့ကို တံဆိတ်ခတ်၍၊ အလွန်သန့်ရှင်းသော ဌာနကိုလိမ်းစေခြင်းငှါ၎င်း၊ သိတင်းခုနစ်ဆယ်ကို သင်၏ အမျိုးသားချင်းတို့အဘို့နှင့် သင်၏သန့်ရှင်းသောမြို့အဘို့ ဆုံးဖြတ်ခြင်းရှိ၏။” နောက်ဆုံးကျန်သေးသော ခုနစ်နှစ်တစ်လီကို ဘေးဒဏ်ကြီးကာလဖြစ်သည်ဟု သိရှိရသည်။ ထိုအချိန်တွင် ဘုရားသခင် ဣသရေလလူမျိုးများကို သူတို့၏အပြစ်ကြောင့် ဒဏ်ခတ်တရားစီရင် မည်ဖြစ်သည်။ ဒံယေလ ၉း၂၇ ထဲတွင် ဘေးဒဏ်ကြီးကာလအတွက် ဖြစ်ပျက်ရမည့်အကြောင်းအရာများကို အဓိကဖော်ပြထားပါသည်။ “တသိတင်းတွင် လူအများတို့နှင့်ပဋိညာဉ်ဖွဲ့ခြင်းရှိ၍၊ ထိုသိတင်းတ ၀က်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကိုပပျောက်စေလိမ့်မည်။ ရွံရှာဘွယ်သောအရာ၏ အထွဋ်ပေါ်သို့ ဖျက်ဆီးသောသူသည်ရောက်၍၊ စီရင်ဆုံးဖြတ်သောသုတ်သင်ပယ်ရှင်းခြင်းသည် ပျက်ဆီးအပ်သောသူတို့ကို မလွှမ်းမိုးမှီတိုင်အောင်ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။” ဤကျမ်း ပိုဒ်ထဲတွင် ဖော်ပြထားသော လူသည် သခင်ယေရှုဖြစ်သည်။ သူ့ကို “ဖျက်ဆီးတတ်သောရွံရှာဖွယ် အရာ” 
 (မဿဲ ၂၄း၁၅) နှင့် ဗျာဒိတ်၁၃ ထဲတွင် “တောသားရဲ” ဟု ဖော်ပြထားပါသည်။ ဒံယေလ ၉း၂၇ထဲတွင် ထိုသားရဲက ခုနစ်နှစ်အတွင်း ပဋိညာဉ်စာချုပ်ဆိုလိမ့်မည်။ သို့သော် သိတင်းတစ်ပတ် အလယ် (ဘေးဒဏ်ကြီးကာလ၏ ၃.၅နှစ်၊)တွင် သူသည် ထိုပဋိညာဉ်ကိုချိုးဖျက်ကာ ယဇ်ပူဇော် ခြင်းအမှုကိုလည်း ဖျက်သိမ်းမည်ဖြစ်သည်။ ဗျာဒိတ် ၁၃ ထဲတွင် ထိုသားရဲသည် မိမိပုံသဏ္ဍာန် ရုပ် တုကို တည်ဆောက်ကာ လူတွေကို ကိုးကွယ်စေလိမ့်မည်ဟု ဖော်ပြထားပါသည်။ ဗျာဒိတ်ကျမ်း ၁၃း၅ ထဲတွင် ထိုကာလသည် ၄၂ လ၊ ၄င်းသည် သုံးနှစ်ခွဲ ကြန့်ကြာလိမ့်မည် ဟု ဖော်ပြထားပါ သည်။ ဒံယေလ ၉း၂၇ ထဲတွင် ထိုအချိန်သည် သိတင်း၏အလယ်ခန့်တွင်ဖြစ်ပျက်လိမ့်မည်ဟု ဖော်ပြထားကာ ဗျာဒိတ် ၁၃း၅ ထဲတွင် သားရက ၄၂ လအတွင် ထိုအမှုပြုလိမ့်မည်ဟု
 ဖော်ပြထား သောကြောင့် အချိန်စုစုပေါင်းသည် ၈၄ လ (သို့) ခုနစ်နှစ် ကြာလိမ့်မည်ဟု လွယ်လင့်တကူသိရှိ နိုင်ပါသည်။ ဒံယေလ ၇း၂၅ ကိုလည်းကြည့်ပါ။ “အချိန်၊ အချိန်၊ အချိန်တစ်ဝက်” (အချိန်= ၁ နှစ်၊ အချိန်=၂ နှစ်၊ တစ်ဝက်= ၆လ၊ စုစုပေါင်း ၃နှစ်ခွဲနှစ်)ဖြစ်သည်။ “ကြီးမားသော ဘေးဒဏ်ကြီးကာ လ” ကိုဖော်ပြလိုခြင်းဖြစ်သည်။ ခုနစ်နှစ်ကာလ၏နောက်ဆုံး သုံးနှစ်ခွဲအတွင်း သားရဲသည် အလွန် တန်ခိုးကြီးလာမည်ဖြစ်သည်။ ဘေးဒဏ်ကြီးကာလကို ဗျာဒိတ် ၁၁း၂-၃ တွင်လည်းတွေ့ရှိနိုင်သည်။ ထိုကျမ်းပိုဒ်ထဲတွင် ၁၂၆၀ ရက်နှင်. ၄၂ လ ဖြစ်သည်ဟု ဖော်ပြထားပါသည်။ ဒံယေလ ၁၂း၁၁-၁၂ ထဲတွင် 
၁၂၉၀ ရက် နှင့် ၁၃၃၅ ရက်ဖြစ်သည်ဟု ဖော်ပြထားသည်။ ထိုနေ့ရက်များသည် ဘေးဒဏ်ကြီးကာ အလယ်ပိုင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ ဒံယေလ ၁၂ ထဲတွင် ရှိသောနေ့ရက်များသည် လူမျိုးများအတွက် တရား စီရင်ခြင်းအဆုံးပိုင်းလည်းပါဝင်သည် (မဿဲ ၂၅း၃၁-၄၆)။ ထိုအချိန်သည် ခရစ်တော်အနှစ်တစ်ထောင်အုပ်စိုးရန် ပြင်ဆင်ထားသော အချိန်လည်းဖြစ်သည်(ဗျာဒိတ် ၂၀း၎-၆)။

No comments:

Post a Comment