ပွဲတော်မင်္ဂလာအကြောင်းကို လေ့လာခြင်းသည် စိတ်ဝိညာဉ် ကို နှိုးဆွ၊ နိုးထစေသော လုပ်ဆောင် မှုတစ်ခုဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ပွဲတော်မင်္ဂလာထဲတွင် အလွန်နက်ရှိုင်းသော အဓိပ္ပါယ်ပါဝင်သည်။ ထိုနေ့သည် သခင်ယေရှု အသေခံတော်မမူမှီ ပသခါပွဲတော်နေ့တွင် ကျင်းပပြုလုပ်သော ပွဲတော်ကြီးဖြစ်သည်။ ထိုနေ့သည် အသစ်သော ပဋိညာဉ်တရားနှင့် စပ်ဆိုင်သော ပွဲနေ့ဖြစ်သည်ဟု သခင်ယေရှုက ဖော်ပြ ထားသောကြောင့် ကျွန်ုပ်တို့သည် ယနေ့တိုင်အောင် ကျင်းပပြု လုပ်ခြင်း ဖြစ်သည်။
ထိုနေ့တွင် ခရစ်ယာန်များ ၀တ်ပြုကိုးကွယ်ခြင်းများလည်း ပါဝင်သည်။ ထိုနေ့ရက်ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့သခင်ယေရှု၏ အသေ ခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် အနာဂတ်ကာလတွင် ဘုန်းတော်ဖြင့် သူပြန်လာမည့် နေ့ရက် ကာလကို စောင့်ဆိုင်းခြင်းအဖြစ် သတိရစေ သည်။ ပသခါပွဲတော်ကြီး သည် ယုဒလူမျိုး များအတွက် နှစ်တိုင်း ကျင်းပပြု လုပ်သော အလွန်မြင့်မြတ်သည့် ဘာသာရေးပွဲ လမ်းသဘင်ကြီးဖြစ်သည်။
ထိုနေ့သည် အီဂျစ်လူမျိုးများ၏ သားဦးများ သေဆုံး ခဲ့သော အချိန်တွင် ဣသရေလလူမျိုးများသည် သူတို့၏တံခါးတိုင်များပေါ်တွင် သိုးသူငယ် အသွေးတော် သုတ်လိမ်းထားသဖြင့် သူတို့သည် သေခြင်းမှ လွှတ် မြောက်သွားခဲ့သောနေ့ကုန်လွန်ခဲ့ပြီးနောက် ကျင်းပသော ပွဲဖြစ် သည်။
သိုးသူငယ်အား အခြောက်ကင်၍ တဆေးမပါသောမုန့်ဖြင့် စားခဲ့ကြသည်။ ဘုရားသခင်က ထိုပွဲတော်ကြီးကို နောင်လာလတံ့သော မျိုးဆက်သစ်များက ဆက်လက် ကျင်းပရမည်ဟု မိန့်ဆိုထားပါသည်။ ထိုဖြစ်ရပ်မှန်များကို ထွက်မြောက်ရာကျမ်း ၁၂ ထဲတွင်ဖော်ပြ ထားပါသည်။ နောက်ဆုံးသောညစာစားပွဲတွင်၊ ပသာခါပွဲတော်ကြီး ကျင်းပသည့် အချိန် တွင် သခင် ယေရှုက မုန့်ကိုယူ၍ ခမည်းတော် ထံ ကျေးဇူးတော်ကို ချီးမွမ်း ခဲ့သည်။ သူက မုန့်ကို ဖဲ့၍ သူ၏ တပည့်တော် များအားပေး ခဲ့သည်။
သူက“ထိုအခါမုန့်ကိုယူ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကားသင်တို့အဖို့အလိုငှါ စွန့်သော ငါ၏ကိုယ်ဖြစ်၏။ ငါ့ကိုအောက်မေ့ဘို့ရာ ဤသို့ပြုကြလော့ဟု မိန့်တော်မူ၏။ ထိုနည်း တူညစာ စားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကားသင်တို့ အဘို့အလိုငှါ သွန်းလောင်းသောငါ၏အသွေး၌တည်သော ပဋိညာဉ် တရားသစ်ဖြစ်၏” (လုကာ ၂၂း၁၉-၂၁) ဟုဖော်ပြခဲ့သည်။ ထိုပွဲတော်ကြီးကို ဂုဏ်တော် ချီးမွမ်းခြင်း အားဖြင့် ဆုံးသတ်ခဲ့ကြသည် (မဿဲ ၂၆း၃၀)။
ထိုနောက် သူတို့သည် သံလွင်တောင်ပေါ်သို့ တက်သွားခဲ့ကြသည်။ ကြိုတင်ပြောကြားချက်အရ ထိုတောင်ပေါ်တွင် ယုဒရှာကာရုတ်က သခင်ယေရှုကို သစ္စာ ဖောက် ရောင်းခဲ့သည်။ နောက်တနေ့သည် သခင် ယေရှု၏ ကားတိုင်တင် သတ်သော နေ့ဖြစ်သည်။ ပွဲတော်မင်္ဂလာကို သတင်းကောင်း စာစောင်များထဲတွင် တွေ့ရှိနိုင်ပါသည်။
(မဿဲ ၂၆း၂၆-၂၉၊ မာကု ၁၄း၁၇-၂၅၊ လုကာ ၂၂း၇-၂၂ နှင့် ယောဟန် ၁၃း၂၁-၃၀)။ တမန်တော်ရှင်ပေါလုက ပွဲတော်မင်္ဂလာအ ကြောင်းကို ၁ကော ၁၁း၂၃-၂၉ ထဲတွင် ဖော်ပြထားပါသည်။ သတင်းကောင်းထဲတွင် မတွေ့ရသော အကြောင်းအရာအားဖြင့် တမန်တော်ရှင်ပေါလု နိဂုံး ချုပ်ခဲ့ သည်။“ထိုကြောင့်သခင်ဘုရား၏မုန့်နှင့်ခွက်ကို မထိုက်မတန်ဘဲ စား သောက်သောသူမည်သည်ကား၊ သခင်ဘုရား၏ ကိုယ်တော်နှင့် အသွေး တော်ကို ပြစ်မှားရာရောက်၏။ သို့ဖြစ်၍ လူတိုင်း ကိုယ်ကို ကိုယ်စစ်ကြော ပြီးမှမုန့်ကိုယူစေ။ ထိုနည်းတူ ခွက်ကိုလည်း သောက်စေ။ အကြောင်း မူကား၊ မထိုက်မတန် ဘဲသောက်သောသူသည် သခင်ဘုရား၏ ကိုယ်တော်ကို ပိုင်းခြား၍ မသိသောကြောင့်၊ မိမိအပေါ်သို့ အပြစ်ရောက် စေခြင်းငှါ စားသောက်သောသူဖြစ်၏” (၁ကော ၁၁း၂၇-၂၉)။
ကျွန်ုပ် တို့သည် “မထိုက်တန်သောအပြုအမှုဖြင့်” မုန့်နှင့်ခွက် သုံးဆောင်ခြင်းသည် မည်သို့ သောအရာဖြစ် သနည်းဟု မေးမြန်း နိုင်သည်။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် သခင်ယေရှုပေးအပ်ခဲ့သော တန်ဖိုး ဖြတ်၍မရသောအဖိုးအခကို မေ့လျော့ခြင်းအားဖြင့် မုန့်နှင့်ခွက် တို့၏ စစ်မှန်သော အဓိပ္ပါယ်ကို မသိဘဲသုံးဆောင်ခြင်းကို ဆိုလိုနိုင်သည်။ သို့မဟုတ်၊ အဓိပ္ပါယ် မရှိသော ပွဲတော်ကြီး ကျင်းပရာရောက် သွားနိုင် သည်။ သို့မဟုတ် ပွဲတော် မင်္ဂလာကို အပြစ်ခွင့်လွှတ်ခြင်းမရှိဘဲ သုံးဆောင်ခြင်း သို့ရောက် သွားနိုင် သည်။ ပေါလုဖော်ပြ ထားသည့် အတိုင်း ကျွန်ုပ်တို့သည် မုန့်နှင့် ခွက်ကို မသုံးဆောင်မှီ မိမိကိုယ်ကိုယ် ဆန်းစစ်ရ မည်ဖြစ်သည်။
သတင်းကောင်း စာစောင်များ ထဲတွင် မပါဝင်သောအခြားသော ရှင်ပေါလုဖော်ပြချက် တစ်ခုသည် “အကြောင်းမူကား၊ သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကိုသောက်သောအခါခါ၊ သခင်ဘုရား အသေ ခံတော်မူခြင်းကို ကြွလာတော်မမူမှီတိုင်အောင်ပြကြ၏။ ထိုကြောင့် သခင် ဘုရား၏ခွက်ကို မထိုက်တန်ဘဲ စားသောက်သော သူမည်သည်ကား၊ ဘုရားသခင်၏ ကိုယ်တော်နှင့် အသွေးတော် ကို ပြစ်မှားရာရောက်၏။ သို့ဖြစ်၍လူတိုင်း ကိုယ်ကို ကိုယ်စစ်ကြောပြီးမှ၊ မုန့်ကိုယူစေ။ ထိုနည်း တူခွက်ကိုလည်းသောက်စေ။ အကြောင်း မူကား၊ မထိုက် မတန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ ကိုယ်တော်ကို ပိုင်းခြား၍ မသိသောကြောင့်၊ မိမိအပေါ် သို့အပြစ်ရောက်စေခြင်းငှါ စားသောက် သောသူဖြစ်၏”(၁ကော ၁၁း၂၇-၂၉)။
ပွဲတော်မင်္ဂလာသုံးဆောင် ခြင်းသည် သခင်ယေရှု တဖန်ပြန် လာသော အချိန်တွင် အဆုံးသတ်သွားမည်ဖြစ်သည်။ ထိုအဖြစ်အပျက် များ ထဲတွင် သခင်ယေရှုပုံဆောင်ဖော်ပြထားသော ခန္ဓာကိုယ်နှင့် အသွေး တော်တို့သည် သူအသေခံခြင်း၏ အမှတ်တရဖြစ်သည်ကို ကျွန်ုပ်တို့ သိရှိနိုင်ပါသည်။ ၄င်း အမှတ်တရသည် ရွှေ ၊ငွေ ကျောက်မြတ်ရတနာ မဟုတ်ပေ။သို့သော် မုန့်နှင့်စပျစ်ရည်ဖြစ်သည်။ သခင်ယေရှုက မုန့် သည် သူ၏ချိုးဖဲ့သော ခန္ဓာကိုယ်ဖြစ်သည်ဟု ဖော်ပြထားပါသည်။ ချိုးဖဲ့ သော အရိုးမရှိပေ။ သို့သော်သူ၏ ခန္ဓာကိုယ်နာကျင်စွာဖြင့် ရိုက်နက် ထိုးကြိုတ် ခြင်းခံစားရခြင်းသည် အသိအမှတ်ပြုဖွယ် ကောင်းပေသည် (ဆာလံ ၂၂း၁၂-၁၇၊ ဟေရှာယ ၅၃း၎-၇)။
စပျစ်ရည်သည် သူမကြာ မှီသေသောအခါ သွန်းလောင်းမည့် အသွေးတော်ဖြစ်သည်ဟု သခင်ယေရှုက ဖော်ပြထားပါသည်။ ဘုရားသခင်၏ သား တော်စစ်သည် သမ္မဟောင်းထဲတွင်ဖော်ပြထားသော ကယ်တင်ရှင်ကြွလာမည့် ပရောဖက်ပြုချက်များပြည့်စုံ ရန်အတွက် ဤ လောကသို့ကြွလာခြင်းဖြစ်သည်။(ကမ္ဘာ၃း၁၅၊ဆာလံ၂၂၊ ဟေရှာယ ၅၃)။
ယေရှုက “ငါ ကိုအောက်မေ့ဘို့ရန် ထိုသို့ပြုကြ လော့” ဟုဖော်ပြသောအခါ သူကထိုပွဲတော်ကြီးသည် အနာဂတ်ကာလ တွင် ဆက်လက်လုပ်ဆောင်ရမည်ဟု ဖော်ပြလိုခြင်းဖြစ်သည်။
၎င်းက ပသာခါပွဲ၊ သိုးသူငယ်၏အသေခံခြင်း နှင့် လောကီသားများ၏ အပြစ်များကို ယူဆောင်သွား ရန်ကြွလာမည့် ဘုရားသခင်၏ သိုး သူငယ်တော်၊ သည်ပွဲတော် မင်္ဂလာ အားဖြင့်ပြည့်စုံ ခဲ့သည် (၁ကော ၅း၇)။ ပသာခါပွဲသိုးသငယ်တော် (၁ကော ၅း၇)၊ ခရစ်တော် သည် ကားတိုင်
တော်ပေါ်တွင် အသေခံသောအခါ (ဟေဗြဲ ၈း၈-၁၃) သူသည် ပဋိညာဉ် ဟောင်းကို ပဋိညာဉ်အသစ်ဖြင့် အစားထိုးခဲ့သည်။ ယဇ်ပူဇော်ခြင်း စနစ်သည် နောက်ထပ်မလိုအပ်တော့ပေ။ (ဟေဗြဲ ၉း ၂၅-၂၈)။
ပွဲတော်မင်္ဂလာသည် ကျွန်ုပ်တို့ အတွက် သခင်ယေရှု၏ အသေခံခြင်းကို သတိရ အောက်မေ့ခြင်းနှင့် သူ၏ အသေခံခြင်းအားဖြင့် ကျွန်ုပ်ရရှိသော ကျေးဇူး တော်အတွက် ပွဲကျင်းပခြင်းဖြစ်သည်။
ပွဲတော်ဝတ်စီစဉ်ပုံ မတူညီပါ။ နှစ်ခြင်းခရစ်ယန်၏ ပွဲတော်ဝတ်စီရင်ပုံကို
ဖေါ်ပြပါမည်။
သခင်ဘုရား
စီရင်တော်မူသော မင်္ဂလာဝတ် ဖြစ်သောကြောင့် ယုံကြည်၍
ပွဲတော်မင်္ဂလာဝတ်ကို
အသင်းတော်မှ သဘောတူ ချိန်းချက်ထားရှိသည့်
နှစ်ခြင်းတို့ပွဲတော်ကို
စီရင်သည့်အခါ ပလ္ထင်ပေါ်မှ စီရင်ပေးခြင်း အလေ့ အထ
အသင်းတော်များသည်
သိက္ခာတော်ရဆရာမှ အသင်းတော်တွင် ပွဲတော်
ဓမ္မသီချင်းကျူးအေးခြင်း၊ကျမ်းစာဖတ်ခြင်း၊ပွဲတော်မုန့်စီရင်ခြင်း၊ဝေငှခြင်း၊စားခြင်း

*ပွဲတော် မင်္ဂလာဝတ်*
နှစ်ခြင်းတို့၏ အခြေခံယုံကြည်ချက်တွင်
ပွဲတော်စီရင်ခြင်းသည် ဓမ္မဝတ်တစ်ခု
ဖြစ်ပါသည်။ စီရင်သည့်အခါတွင်လည်း သခင်ခရစ်တော်
စီရင်သည့် အတိုင်း
ဆောင်ရွက်ခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပွဲတော်ကို စီရင်ခြင်းသည်၊
အသင်းတော်မှ ကမကထပြုလုပ်စီရင်သော
ဓမ္မဝတ်မဟုတ်သည်ကို သတိပြု
ရန်ဖြစ်သည်။ ပွဲတော်မင်္ဂလာသည် သခင်ခရစ်တော်၏ ပုံတော်ဖြစ်သည်
ကိုယ်တော်ရှင် ကိုယ်တိုင်စီရင်ခဲ့သော မင်္ဂလာဝတ်ဖြစ်သည်။ ပွဲတော်မင်္ဂလာ
စီရင်သည့်
သခင်ခရစ်တော်ကိုယ်တိုင် ရှိနေသည်ကို ယုံကြည်ထားသဖြင့်
ပွဲတော် မင်္ဂလာကို သိက္ခာရဓမ္မဆရာ၊
ဆရာမများသာ စီရင် ပိုင်ခွင့်ရှိပါသည်။
ပွဲတော်အား ခေါ်ဝေါ်သော သုံးအနှုံးမှန်သော်လည်း
ပြည့်စုံသော အခေါ်
အဝေါ်သည် ပွဲတော်မင်္ဂလာဝတ် ဖြစ်ပါသည်။
(၁)စီရင်ခွင်.ရှိသူ
ပွဲတော်မင်္ဂလာဝတ်သည်
သခင်ယေရှု ကိုယ်တော်တိုင် စီရင်တော်မူသော
မင်္ဂလာဝတ်ဖြစ်၍ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၌ စီရင်ခွင့်မရှိပါ။
အသင်းတော်
တစ်ရပ်လုံး/ တပည့်တော်စု၏ အခွင့်ဖြင့် စီရင်ရသော မင်္ဂလာဝတ်ဖြစ်ပါသည်။
(၂)စီရင်သူ
ယင်းသို့
စီရင်ရာတွင် နှစ်ခြင်းအသင်းတော်များ အနေဖြင့် အသင်း တော်ရေး၊
သာသနာရေးအတွက် သီးသန့်
ဆက်ကပ် တင်မြှောက် ထားသော
သိက္ခာတော်ရ ဓမ္မအမှုတော်ဆောင်အား စီရင်ခွင့်ရှိပါသည်။
(၃) ခံယူခွင့်ရှိသူ
နှစ်ခြင်းမင်္ဂလာခံယူပြီးသူတိုင်း
ခံယူခွင့်ရှိပါသည်။ ခရစ်တော်၌ တစ်လုံး
တစ်ဝတည်းရှိမှု ခရစ်ယာန်များ၏ ညီညွတ်မှုတို့ကို
ဖော်ဆောင်ထားသော
အားဖြင့်လည်းကောင်း၊ အချင်းချင်း အပြန်အလှန် အသိအမှတ်ပြုသည့်
အနေဖြင့်လည်းကောင်း၊
အခြားဂိုဏ်းဝင် တပည့် တော်တို့အား ပါဝင်
ခွင့်ပြုသည် သာမက ကိုယ်တိုင်လည်း အခြားအသင်းတော်တို့၌
စီရင်သော
သခင်ဘုရား၏ ပွဲတော်မင်္ဂလာဝတ်ကို ခံယူသင့်ပါသည်။
(၄) စီရင်ကျင်းပသည့် နေရာ
နေရာတွင် စီရင်ရပါသည်။ ဗိမာန်တော်၊ တပည့်တော်စု
ဝတ်ပြုရာအိမ်၊
သို့မဟုတ် အထူး ဝတ်ပြုရာခန်းမဖြစ်သည်။ထို့ပြင် ဗိမာန်တော်၌ ပွဲတော်
မင်္ဂလာဝတ်တွင်
ပါဝင် နိုင်စွမ်းမရှိသော သက်ကြီးသူများ၊ နာ မကျန်းသူများ
တို့အား အသင်းတော် (အမှုဆောင်အဖွဲ့)
၏ သိမှတ်မှုဖြင့်အိမ်တွင်
လည်းကောင်း၊ ဆေးရုံ၌လည်းကောင်း၊ ပေးနိုင်ပါသည်။
(၅) စီရင်ကျင်းပသည့် အချိန်ကာလ
ပွဲတော်မင်္ဂလာဝတ်ကို
အသင်းတော်မှ သဘောတူ ချိန်းချက်ထားရှိသည်
့ နေ့ရက်အချိန်တွင်စီရင်လေ့ရှိပါသည်။ လစဉ်ပထမ
ဥပုသ်နေ့ သို့မဟုတ်
ဒုတိယ ဥပုသ်နေ့တွင် ပုံမှန်ကျင်းပသော အသင်းတော်များ ရှိသကဲ့သို့
နှစ်လ
သို့မဟုတ် သုံးလတစ်ကြိမ် စသည်ဖြင့်သတ်မှတ်သော အသင်းတော်များလည်း
ရှိပါသည်။အခြေခံအားဖြင့်
ကယ်တင်ရှင်ကို အောက်မေ့သတိရလျက် ကျေးဇူး
တော်ကို ချီးမွမ်းခြင်း၊ ဝန်ချ တောင်းပန်ခြင်းနှင့်
တစ်ဖန်ဆက်ကပ်ခြင်း ဖြစ်ရာ
လွန်စွာ အချိန်ကွာဟမှု မရှိသင့်ချေ။
(၆) ပွဲတော်မင်္ဂလာဝတ်စီရင်ပုံ
မရှိပါ။ ပွဲတော်ကို ခံယူကြမည့် ယုံကြည်သူတပည့်တော်များနှင့်
တပြေးညီ
ပွဲတော်မင်္ဂလာစားပွဲကိုထား၍ ဆောင်ရွက်ပါသည်။ ဤကဲ့သို့ ဆောင်ရွက်
ရခြင်း အကြောင်းရင်း
တစ်ရပ်မှာသခင်ခရစ်တော်ကိုယ်တိုင် ညစာစားရန်
ပြင်သောအခါ တပည့်တော် တစ်ကျိပ်နှစ်ပါးတို့နှင့်အတူ
စားပွဲ၌ လျောင်းတော်
မူသည်ဟု သမ္မာကျမ်းစာမှ ဖေါ်ပြထားပါသည်(မဿဲ ၂၆း၂၀) တစ်နည်းကား
အတူတကွ
စားတော်မူခြင်းကို ဖော်ပြ ထား ပါသည်။
(၇)အထွေထွေ
(က)
ပွဲတော်မင်္ဂလာဝတ်တွင် ကျင့်သုံးရမည့် ကိစ္စအချို့ ပွဲ တော် မင်္ဂလာဝတ်ကို
မဝင်မှီ တပည့်တော်များ
တိတ်ဆိတ်ငြိမ်သက်စွာ အပြစ် ဝန်ချတောင်း ပန်ခြင်း
အမှုကို တစ်ဦးချင်းဆောင်ရွက်ရန်။ ပဋိညာဉ်
ဆယ်ပါးကိုပွဲတော်မခံယူမှီ
အတူတကွ ရွတ်ဖတ်ရန်။
(ခ)မုန့်နှင့်စပျစ်ရည် ဝေပေးခြင်းကိစ္စ
သင်းထောက်များမှ
ပွဲတော်မုန့်နှင့် စပျစ်ရည် ဝေခြင်းကို ဆောင်ရွက်ရန်
ဖြစ်ပါသည်။ သင်းထောက်အမျိုးသမီးကို
ပွဲတော်မုန့်နှင့် စပျစ်ရည်ဝေခြင်း၌
ပါဝင်တိုက်တွန်းရန် လိုပါသည်။
အမျိုးသမီးများ
ဤအမှု၌ စိတ်ကြည်လင်ဘို့ အရေးကြီးပါသည်။ သင်းအုပ်
နှင့်အသင်းတော်ကောင်စီမှ လိုအပ်သလို
အားပေးရန် လိုအပ် ပါသည်။
မုန့်နှင့်စပျစ်ရည်ကို ဝေကြသည့်အခါ တူညီသော ဝတ်စုံကို
ဝတ်ကြရန်
အသင်းတော်မှတိုက်တွန်းဘို့ ဖြစ်ပါသည်။ ဓမ္မအခြေခံ ထွေထွေထူးထူး မရှိပါ။
သင့်ရဲ့ကြည်နူးမှု
ရှိရန်သာဖြစ်ပါသည်။
(ဂ) ပွဲတော်မင်္ဂလာဝတ်ဒေသနာ
ပွဲတော်မင်္ဂလာဝတ်ပြု
စည်းဝေးတွင် ဓမ္မဒေသနာသည် ဤမင်္ဂလာ
သဘောတရား ပါဝင်သောဒေသနာများကို အထူးအာရုံပြု၍ ဟောကြားရန်
အရေးကြီးပါသည်။ သို့မှသာဤပွဲတော်မင်္ဂလာဝတ် ဓမ္မအနှစ်သာရနှင့်
ပွဲတော်ခံယူခြင်း စသည်တို့၏
လေးနက်ခြင်းကိုရရှိပြီး ခံယူသူတို့သည်
မိမိတို့၏ ယုံကြည်ခြင်းနှင့် ခရစ်ယာန် အသက်တာကို
အသစ် တဖန်
တည်ဆောက်သွားနိုင်မည် ဖြစ်ပါသည်။
(ယ)
ပွဲတော်မင်္ဂလာဝတ်၌မပြုအပ်သောကိစ္စ
မင်္ဂလာဝတ်စီရင်ပြီးမှ သင်းထောက်တို့ကို စီရင်ပြီးသောမုန့်နှင့်
စပျစ်ရည်ကို
လက်ဆင့်ကမ်းပေး၍ အသင်းတော်သို့ မလာ မရောက်နိုင်သူတို့အား
စီရင်ပေးခြင်းကို
လုံးဝမပြုရန်။ ပွဲတော် မင်္ဂလာဝတ်သည် သိက္ခာတော်ရ
ဆရာမှ ဦးဆောင်၍ ဆောင်ရွက်သော ကိစ္စဖြစ်သည်။
တနည်းကိုယ်ထိ
လက်ရောက် ဆောင်ရွက်ရသည့် ဓမ္မဝတ်ဖြစ်ပါသည်။ လက်လွဲ၍ ဆောင်
ရွက်စေခြင်းသည်
နှစ်ခြင်းအခြေခံ ယုံကြည်ချက်နှင့် မကိုက်ညီပါ။
သို့ဖြစ်ပါ
သိက္ခာတော်ရဆရာများက ထိုကဲ့သို့ ဆောင်ရွက်ခြင်း လုံးဝရှောင်ရှားရန်
ဖြစ်ပါသည်။
(င) အပြစ်ဝန်ချခြင်းပဋိညာဉ်စည်းဝေးကိစ္စ
တစ်ချိန်က
အပြစ်ဝန်ချခြင်း စည်းဝေးများကို နှစ်ခြင်း အသင်း တော်များက
ဆောင်ရွက်လေ့ရှိပါသည်။
ယခုအခါ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်ပါသည်။
ဤနှစ်ခြင်းတို့၏ကောင်းမြတ်၍ ဓမ္မကြောင်းအရလည်း
မှန်ကန်နေသော
ကျင့်ဝတ်ကိုပြန်လည် အကောင်အထည် ဖော်ရန်၊အချိန်တန်ပြီ ဖြစ်ပါသည်။
အပတ်စဉ်နှင့်
လစဉ်မလုပ်ချင်သည့်တိုင်အောင် တစ်နှစ်ကိုနှစ်ကြိမ်
လုပ်သင့်ကြောင်း ၊ ထိုသို့ဆောင်ရွက်သည့်အခါ
ကမ္ဘာ့ပွဲတော်မင်္ဂလာ
ဝတ်နေ့နှင့် နှစ်သစ်ကူးချိန်တွင် ပြုလုပ်ပါက အလွန်သင့်လျော်ပါမည်။
ပွဲတော်မင်္ဂလာဝတ်ပြုရာတွင်လည်း
ပုံမှန်ဝတ်ပြု ကိုးကွယ်ခြင်းအစီအစဉ်
တွင်ထည့်သွင်းခြင်းနှင့် သီးခြားဝတ်ပြု အစီအစဉ်ဖြင့်ကျင်းပခြင်း
ပြုတတ်ပါသည်။ အောက်ပါအစီအစဉ်ကို သီးခြားဝတ်ပြု အစီအစဉ်
အဖြစ်လည်းကောင်း၊ ပုံမှန်ဝတ်ပြု
အစီ အစဉ် တွင်ဓမ္မဒေသနာ
ဟောကြားပြီးနောက် ဆက်လက်၍လည်းကောင်း ဆောင်ရွက်နိုင်ပါသည်။
(၁)ပွဲတော်အစီစဉ်
ဆရာ ။ ။ သခင်ယေရှုသည် ရန်သူလက်သို့ အပ်နှံခြင်းခံသောနေ့ ညမှာ
မုန့်ကိုယူ၍(မုန့်ပန်းကန်ကို ကိုင်ယူပါ)၊ ကျေးဇူးတော် ချီးမွမ်းသည်နည်းတူ၊
ကျေးဇူးတော်
ချီးမွမ်းကြစို့။ (ဆက်လက်၍ ကျေးဇူးတော်ချီးမွမ်းပါ)
ဆရာ ။ ။ ကျေးဇူးတော် ချီးမွမ်းပြီးနောက် မုန့်ကိုဖဲ့၍
(မုန့်ကိုယူ၍ဖဲ့ပါ)
တပည့်တော်တို့အား ဝေပေးသည့်နည်းတူ အချင်းချင်းတို့အား ဝေ ပေးကြပါစို့။
(သင်းထောက်များမှတစ်ဆင့်/ပြီးလျှင် သင်းထောက် တို့အား ဝေပေးပါ)။
ဆရာ ။ ။ သခင်ယေရှုက ဤမုန့်ကား သင်တို့အဖို့ အလို့ငှာ၊
ချိုးဖဲ့သော
ငါ၏ကိုယ်ဖြစ်၏။ငါ့ကို အောက်မေ့ဖို့ရာယူ၍ စားကြလော့ဟု မိန့်တော်
မူသည်အတိုင်း
အတူတကွစားကြစို့။ (စားလျက်အာရုံပြုနိုင်ရန် အချိန်
အနည်းငယ်ပေးပါ။)
ဆရာ ။ ။ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍ (ခွက်/ခွက်ပန်းကို
ကိုင်ယူပါ။)
ကျေးဇူးတော် ချီးမွမ်းသည့်နည်းတူ ကျေးဇူးတော်ချီးမွမ်းစို့။ (ဆက်လက်၍
ကျေးဇူးတော်ချီးမွမ်းပါ)။
ဆရာ ။ ။ ကျေးဇူးတော် ချီးမွမ်းပြီးမှ တပည့်တော်တို့အားခွက်ကို ဝေပေးသည့်
နည်းတူအချင်းချင်းတို့အား ဝေပေးကြစို့။ (သင်းထောက်များမှ တစ်ဆင့်/ပြီးလျှင်
သင်းထောက်တို့အား ဝေပေးပါ။)
ဆရာ ။ ။ သခင်ယေရှုက ဤခွက်ကား ငါ၏အသွေး၌တည်သော
ပဋိညာဉ်တရားသစ်ဖြစ်၏။
သောက်သောအခါ ငါ့ကိုအောက်မေ့ဖို့ရာ
သောက်ကြလော့ဟု မိန့်တော်မူသည်အတိုင်း အတူတကွ
သောက်ကြ
ကုန်စို့။(သောက်လျက်အာရုံပြုနိုင်ရန် အချိန်အနည်းငယ်ပေးပါ)
ဆရာ ။ ။ ပွဲတော်အလှူငွေသည် အသင်းတော်အနေဖြင့် ကူညီမစခြင်းကို
လိုသောသူတို့အား အထောက်အပံ့ပြုသော မိတ်သဟာယ အလှူ
တော်ငွေဖြစ် သည့်အားလျော်စွာ မိမိတို့၌
သခင်ဘုရား ပြုတော်မူသော
ကျေးဇူးတော်တို့ကို ရေတွက်လျက် စေတနာထက်သန်စွာ ပေးလှူ ကြ
ကုန်စို့။
ဓမ္မသီချင်းကျူးအေးခြင်း၊မိတ်သဟာယ အလှူငွေ ကောက်ခံခြင်း။
ဆရာ ။ ။ ညစာစားပြီးသည်နောက် သခင်ယေရှုသည် တပည့်တော်တို့နှင့်အတူ
ဆာလံသီချင်းဆိုလျက် သံလွင်တောင်သို့ တက်ကြွတော်မှုသည်နည်းတူ
ဓမ္မသီချင်းကိုသီဆိုပြီးကောင်းချီးပေးလျက်
ဤနေရာမှထွက်ခွာကြကုန်စို့။
#ကောင်းချီးပေးခြင်း #ကောင်းချီးမင်္ဂလာခံယူခြင်း#
မှတ်ချက်
။ ။ သခင်ဘုရား၏ ပွဲတော်အတွက် ပေါင်မုန့်နှင့် စပျစ်ရည်ကို
အသုံးပြုပါသည်။မုန့်နှင့်ဆိုင်၍
အချို့က တဆေးမဲ့ မုန့်ဖြစ်ရမည်ဟု ခံယူလျက်
သာမန်ပေါင်မှန့်ကိုမသုံးဘဲ၊ သီးသန့်မုန့်
ပြုလုပ်ခြင်း၊ အသင့်ပြုလုပ်ထားသော
ပွဲတော်မုန့် ပြုလုပ်ခြင်း၊ အသင့်ပြုလုပ်ထားသော
ပွဲတော်မုန့်ချပ်ကလေးများကို
အသုံးပြုကြပါသည်။ စပျစ်ရည် မရနိုင်သောကြောင့် ဇီးဖျော်ရည်၊
မန်းကျီးဖျော်ရည် စသည်တို့ကို သုံးတတ်ကြပါသည်။ ဖျော်ရည်ကို
အသုံးပြုရာတွင် ဖြစ်နိုင်ပါက
စပျစ်ရည် ရောနှော အသုံးပြုအပ်ပါသည်။
အသွေးရောင် ဖြစ်စေရန်လည်း ဂရုပြု စီရင်သင့်ပါသည်။ မုန့်နှင့်စပျစ်ရည်ကို
ဝေငှပြီးနောက် "ရသင့်လျက်နှင့် မရသေးသော သူများရှိလျှင် လက်ပြပါ" ဟူ၍
အခါခပ်သိမ်းမေးရန်မလိုပါ။ စနစ်တကျဝေငှနိုင်ရန် သင်းထောက်များကို
သင်ပြတာဝန် ပေးထားသင့်ပါသည်။ ပရိသတ်အခြေအနေအရ ကျန်သူ
ရှိနိုင်သော အချိန် အခါတွင်မှ မေးမြန်းသင့်ပါသည်။
မှတ်ချက်။---။
ပွဲတော်အား မည်သည်. ပုံစံဖြင်. ပေးရမည်ဟူသည်. ပုံသေ သတ်မှတ်ချက်
မရှိပါ ။ နှစ်ခြင်းခရစ်ယာန်၏ ပွဲတော်စီစဉ်ခြင်းကို တင်ပြခြင်းဖြစ်သည်။
No comments:
Post a Comment