ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

September 12, 2014

ISIS သည်.....( ဗျာဒိတ် ၉း၁-၁၆ ပြည်.စုံလာခြင်း)

ဗျာဒိတ်ကျမ်း အခန်းကြီး ၉ 
၁ပဉ္စမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကြယ်တလုံးသည် ကောင်း ကင်က မြေကြီးပေါ်သို့ ကျသည် ကိုငါမြင်၏။ သူ၌အနက်ဆုံးသောတွင်း၏ သော့ကို အပ်ပေးသည်ဖြစ်၍၊ ၂သူသည်အနက်ဆုံးသော တွင်းကိုဖွင့်လျှင်၊ ကြီးစွာသောမီးဖို၏ အခိုးကဲ့သို့သော အခိုးသည် တွင်းထဲကတတ်လေ၏။ ထိုတွင်း၏ မီးခိုးကြောင့်၊ နေနှင့် အာကာသ ကောင်းကင်သည် မှောင်မိုက်လေ၏။ ၃ကျိုင်းကောင်တို့သည် မီးခိုးအထဲက မြေကြီးအပေါ်သို့ထွက်၍၊ မြေကင်း မြီးကောက် တန်ခိုးကဲ့သို့သောတန်ခိုးကိုရကြ၏။ ၄ မြေ၏ မြက်ပင်မှစ၍ စိမ်းသောအရာများ၊ သစ်ပင်များအပေါင်းတို့ကို ထား၍၊ နဖူး၌ ဘုရားသခင်၏တံဆိပ်ခတ်ခြင်းကိုမခံသောလူတို့ကိုသာ ညှဉ်းဆဲမည် အကြောင်းသူ တို့အားပညတ်ထား၏။ ၅တံဆိပ်ခတ်ခြင်းကို မခံသော သူတို့ကို ကားသတ်ရသောအခွင့်မရှိ။ ငါးလပတ် လုံးပြင်းစွာသော ဝေဒနာဖြစ်စေ သောအခွင့်ရှိ၏။ ထိုကျိုင်းကောင် ဖြစ်စေသော ဝေဒနာသည်ကား၊ ကင်းမြီးကောက်သည် လူကိုထိုးသော ဝေဒနာကဲ့သို့ဖြစ်သတည်း။ ၁၃ဆဌမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ဘုရားသခင့် ရှေ့တော်၌ ရှိသော ရွှေယဇ်ပလ္လင်၏ ချိုလေးချောင်း ထဲကထွက်သော အသံကား၊ ၁၄ဥဖရတ်မြစ်ကြီးနားမှာ ချည်နှောင်လျက်ရှိသော ကောင်းကင်တမန် လေးပါး ကိုလွှတ်လော့ ဟု တံပိုးရှိသော ဆဌမကောင်းကင်တမန်အား ဆိုသည်ကို ငါကြား၏။ ၁၅ထိုအခါ လူသုံးစု တစုကိုအသေသတ်ခြင်းငှါ၊ တနာရီ၊ တရက်၊ တလ၊ တနှစ် အဘို့ပြင်ဆင် သောကောင်းကင်တမန်လေးပါးတို့ကို လွှတ်လေ၏။ ၁၆မြင်းစီးသူရဲတို့၏ အရေအတွက်ကား၊(2 hundred tousand,tousand)
 နှစ်သင်္ချေ ဖြစ်၏။ ထိုအရေအတွက်ကို ငါကြားရ၏။

 ISISအားဖြင်.အထက်ပါကျမ်းချက်ပြည်.စုံကြောင်းသိရှိနိုင်သည်။ယခု ISIS ခြေကုတ်ယူထားသောနေရာသည် Euphrates (ဗျာ ၉း၁၄ ဥဖရတ်မြစ်ကြီးနားတလျှောက်-အီရတ်-ဆီးရီးယား-တူရကီ ဖြစ်တယ်။
 မြေပုံကို ကြည်.ရှု လေ.လာခြင်းဖြင်. သိနိုင်ပါသည်။ ISIS အဖွဲ.သည် Euphrates မြစ် တဘက်ကမ်း ဆီးရီးယားတလျှောက်ကို ထိန်းချုပ်ထားတယ်လို. New York Time ၂၀၁၄ ပြီးခဲ.သည်.လမှာ ဖေါ်ပြ ထားပါတယ်။ …အောက်ပါ New York Time ကို လေ.လာပါက 2014 တနှစ်တည်းမှာ ဖြစ်ပျက်တာကို တွေ.ရသည်။ ISIS က ရေကာတာကြီးကို ပိတ်ဆို.ဖြတ် တောက်ခြင်းကြောင်. မြောက်များစွာသော အီရတ်ပြည်သူတွေ အစာငတ် မွတ်ခြင်းဘေးကြုံရပါသည်။ ထို.ကြောင်. ဗျာဒိတ် ၉ တွင်ဖေါ်ပြသော အချက်သည် ISIS အားဖြင်. ပြည်.စုံကြောင်း သိနိုင်ပါသည်။ 
(နယူးယောက်တိုင်း သတင်းမူရင်း)
 Iraq Suffers as the Euphrates River Dwindles Moises Saman for The New York Time) Rice farmers surveyed their dry field near a village on the outskirts of Najaf. Iraq is now importing more and more grain. “Maaku mai!” they shout, holding up their rusty sickles. “There is no water!” The Euphrates is drying up. Strangled by the water policies of Iraq’s neighbors, Turkey and Syria; a two-year drought; and years of misuse by Iraq and its farmers, the river is significantly smaller than it was just a few years ago. Some officials worry that it could soon be half of what it is now. The shrinking of the Euphrates, a river so crucial to the birth of civilization that the Book of Revelation prophesied its drying up as a sign of the end times, has decimated farms along its banks, has left fishermen impoverished and has depleted riverside towns as farmers flee to the cities looking for work. The poor suffer more acutely, but all strata of society are feeling the effects: sheiks, diplomats and even members of Parliament who retreat to their farms after weeks in Baghdad. Along the river, rice and wheat fields have turned to baked dirt. Canals have dwindled to shallow streams, and fishing boats sit on dry land. Pumps meant to feed water treatment plants dangle pointlessly over brown puddles. Militants Close Euphrates River Dam Posted on 16 April 2014. By John Lee. Militants have reportedly closed the Euphrates River dam they control in Iraq, cutting off a major source of water for central and southern Iraq. AFP reports that militants had previously cut the flow of water through the dam near the city of Fallujah several weeks ago, but reopened it when water accumulated and caused the area to flood. The US embassy issued a statement Monday condemning “ongoing terrorist acts” by powerful jihadist group the Islamic State of Iraq and the Levant (ISIL), and the dam closure in particular.

No comments:

Post a Comment