ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

September 3, 2014

** ဘုရားအလိုတော် **

ဘုရားအလိုတော် (၁သက်၎း၃-၆) 
မတရားသောမေထုန်ကို ကြဉ်ရှောင်ပြီး သန်.ရှင်းစေခြင်းငှါနုတ်ကပါတ်တော်ထဲမှာ ဘုရားအလိုတော် ရှိတဲ့အသက်တာကို များစွာ ဖေါ်ပြထားပါတယ်။အဲ့ဒီထဲက သက်သာလောနိတ်မှာ ဖေါ်ပြထားသော ဘုရားအလိုတော်က တော့ မတရား သောမေထုန်ကို ကြဉ်ရှောင်ပြီးသန့်ရှင်းဖို.ပါ။ မတရားသောမေထုန်အမူကို ရှောင်ဖို. ကနဦးအသင်းတော်ကိုလည်း သန့်ရှင်းသောဝိညာဉ်တော်က သတိပေးပါတယ်။ ၁၅း၂၉မတရားသောမေထုန်ဆိုတာကလက်မထပ်မှီမှားယွင်းတာရော ကိုယ်ဇနီး မယားမဟုတ်သူနဲ. အတူနေတာရောပါပါတယ်။ သောဒုံနဲ. ဂေါမောရမြို.က လူတွေက မတရားသောမေထုန်အမူကို လွန်စွာပြုပြီး ကိုယ်ဇနီး မယား မဟုတ်သူ တွေနဲ. နေလို.ဘုရားက ဖျက်ဆီးတယ်လို. နုတ်ကပါတ်တော်က မှတ်တမ်း တင်ပါတယ်။(ယုဒ၁း၇)ဒီအမူဟာသိပ်ကြောက်စရာကောင်းပါတယ်။ ဒါတင်မကသေးဘူး ယောကျားခြင်းမိန်းမခြင်း ဖေါက်ပြန်တာလည်း မတ၇ားသော မေထုန်ထဲမှာပါပါတယ်။ ဒီအထဲေ၇ာက်သွားတာ ဘုရားဟာ မောဟလက်ကို အပ်လိုက်တဲ့လူတွေလို.ဆိုပါတယ်။ (ရောမ၁း၂၆၂၈)မတရားသောမေထုန် အမူကို လွန်စွာပြုပြီးတဲ့ ရှံဆုံဟာ ခွန်အား ရှိပင်မဲ့ နောက်ဆုံးမှာ မရူမလှ ဇါတ်သိမ်းသလို ဥာဏ်ပညာ ပြည်စုံတယ် လို. ကျော်ကြားတဲ့ရှောလမုန်မင်းကြီးလည်းအကွဲကွဲအပြဲပြဲနဲ.မှားယွင်းတဲ့ကိုးကွယ်မူတွေကိုတိုင်းပြည်တွင်းသယ်ဆောင်လာသူအဖြစ်သို့သက်ဆင်းခဲ့ပြီးတိုင်းပြည်နှစ်ခြမ်းကွဲတဲ့အထိဖြစ်ပျက်ခဲ့ပါတယ်။မတရားသောမေထုန်ဟာ ဘယ်လောက်ခွန်အားရှိရှိ မရုန်းထွက်နိုင်သလို ဥာဏ်ပညာ ရှိသူလည်း ခြေချော်တတ်ပါတယ်။ဒါဝိတ်ရဲ့ သူမယားပြစ်မှားတဲ့အပြစ်ကြောင့် မိသားစုအတွင်း ရူပ်ထွေးမူတွေ သားကအဖေကို ပြန်လည်ပုန်ကန်တဲ့ ၀မ်းနည်းစရာတွေ ကိုလည်းပြန်လည်ရိတ်သိမ်းရပြန်တယ်။ ဒါကြောင့် ဘုရားဗိမာန်တော် ဖြစ်တဲ့သင်ခန္ဒာကို မတရားသောမေထုန် လက်သို. မအပ်နှံမိဖို. ကိုယ်ကို တန်ဖိုးထားဖို.လိုပါတယ်။(၁ကော၃း၁၆-၁၇) သန့်ရှင်းခြင်း၊ အသာရေတင့်တယ်ခြင်းနှင့်မိမိကိုယ်ကို ထိန်းတတ်စေခြင်းငှါ ဘုရားသင့်ကိုလောကသားတွေလို အဲ့ဒီအမူအရာတွေထဲမှာပဲ အသက်တာကျဆင်းဖို. အဲ့ဒီအတွက်ပဲအသက်ရှင်ဖို့အလိုမရှိပါဘူး။ဒီနေ.ကိုယ်ကိုထိန်းတတ်ဖို.ဘုရားကအလိုရှိပါတယ်။ဒါဆိုရင်ဘယ်လိုထိန်းမလည်းလို.မေးစရာရှိပါတယ်။ကာမဂုဏ်ချုပ်တီးခြင်းဆိုတာက သန်.ရှင်းသောဝိညာဉ်တော်ရဲ့အသီးတစ်ခုဖြစ်ပါတယ်။(ဂလာတိ ၅း၂၃) ဒါကြောင့်သန်.ရှင်းသောဝိညာဉ်တော်ကိုအသက်တာမှာနေရာပေးမယ် ထိန်းချုပ်ခွင့် ပေးမယ်ဆိုရင် ဘုရားဟာသင့်ကို ချုပ်တီးနိုင်စွမ်းကို ၀ိညာဉ်တော်အားဖြင့် ပေးပါတယ်။နောက်တစ်ခုကတော့နုတ်ကပါတ်တော်ပါ။ ဆာ၁၁၉း၉ နုတ်ကပါတ်တော်ရဲ့လမ်းပြမူသွန်သင်မူကို နာခံရင် အသက်တာမှာ မသန့်ရှင်းမှုမှ ထိန်းကျောင်းပေးပါလိမ့်မယ်။နုတ်ကပါတ်တော်ကိုမှီဝဲဆည်းကပ်ရင် သင့်အသက်တာမှာမာနတ်ကိုအောင်မြင်မှာဖြစ်ပါတယ်။(၁ယော၂း၁၂-၁၄) ဒါကြောင့် ကိုယ်ကိုထိန်းတတ်တဲ့ယုံကြည်သူအဖြစ် ဝိညာဉ်တော်ဘုရားကဖြစ်စေပါတယ်။ ၃။ညီအစ်ကိုပရိယာယ်အားဖြင့် မပြစ်မှားစေခြင်းငှါ ပေါလုကတော့ သူ. အားဖြင်. လူတွေ ထိမိပြီးမလဲဖို. လူတွေသူ.အားဖြင့် လမ်းမလွဲဖို. သူက အရမ်းသတိ ထားပါတယ်။ ဒီနေ.ငါမှားတာ တခြားလူတွေနဲ. ဘာဆိုင်လည်းလို. ထင်စရာ ရှိပါလိမ့်မယ်။မကောင်းသောအကျင့်ဟာကူးစက်တတ်ပါတယ်။ တယောက်လမ်းလွဲ တာဘု၇ားအလိုတော်ကိုဂရုမစိုက်တာဟာ အသင်းတော်ထဲကညီအစ်ကိုတွေထဲမှာ ကူးစက်တတ်ပါတယ်။ ကိုယ်က အသင်းတော်မှာ တရားဟောသူ/CM/GS/ Sunday school/Praise & worship/EC…စသည်.ဖြစ်နေရက်နဲ. အသက်တာ မသန်. ရှင်းပါက ကိုယ်လုပ်သမျှဘုရားရှေ.မှာအချီးနှီး ဖြစ်ရုံသာမက အခြားသူအတွက် Virus ဖြစ်နိုင်တယ်။ ကိုယ်.အသက်တာကြောင့်လူတွေဟာ ခွန်အားရစရာ နမူနာ ယူစရာပုံသက်သေမရှိပဲ လမ်းလွဲစေတယ်ဆိုရင်တော့ မကောင်းတော.ဘူး။ ဒါကြောင့် ကိုယ်ရဲ့ မကောင်းတဲ. အကျင့်တွေအမူအရာတွေ အားဖြင့် လူတွေထိမိပြီး မလဲဖို.ကျွန်တော်တို.ရဲ. ဘုရား မကြိုက်မနှစ်သက်သော အသက်တာကိုပြင်ဆင်ဖို. ဘုရား အလိုတော်ရှိပါတယ်။

No comments:

Post a Comment