ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

November 14, 2013

Joel Osteen & Victoria 's Word..



အဘယ်သူသည် စိုးရိမ်ခြင်း အားဖြင့်မိမိ အသက်တာကို တတောင်ခန့်မျှ တိုးပွားစေ နိုင်သနည်း။ (ရှင်မာသဲ ၆း၂၇)

မျော်လင်.ချက်၊  ဦးတည်ချက်လွဲစေ တတ်သည်.အတွက် ဘုရားသခင် သည် မည်သည်.အရာ၌မဆို သင်ဝမ်းနည်း စိတ်ပျက်နေခြင်းကို အလိုမရှိပါ။ အကြောင်းမူကား စိတ်ပျက်ခြင်း၊ စိတ်ဓါတ်ကျခြင်းသည် ကျွန်တော်တို.၏ ပျော်ရွှင်မှု၊ကျမ်းမာမှု၊ငြိမ်သက်မှု၊နှစ်ချိုက်စွာ အိပ်ပျော်မှုစသည်များကို လုယူတတ်သည်. အတွက်ဖြစ်သည်။                           
သင်၏စိတ်ပျက်ဝမ်းနည်းခြင်း၊ မကောင်းသည်.သတင်းဆိုးတွေကိုဗဟိုပြုတွေးတောခြင်းအလုံးစုံကို အဆုံးသတ်ပြီး၊ ဘုရားဂတိတော်ကို meditating အာရုံပြုခြင်းဖြင်.- ထာဝရဘုရားသည် ငါ၏ ကယ်တင်ရှင်၊ ငါလိုအပ်သမျှပြင်ဆင်ပေးတော်မူသောအရှင်ဖြစ်ကြောင်း နုတ်ကပတ်တော်၌(Focus)မျက်မှောက်ပြုရန်အရေးကြီးပါသည်။                                                               
ထိုသို. နုတ်ကပတ်တော်၌ မျက်မှောက်ပြုသည်နှင်.အမျှ သင်၏ စိတ်ပျက်ခြင်းအရာများကို သင်ကျော်လွားနိုင်ကာ သင်၏နှလုံးသည်လည်း ယုံကြည်ခြင်းဖြင်.မျော်လင်.ခြင်း၊ငြိမ်သက်ခြင်း ဆုကျေးဇူးခံစားလာမည်ဖြစ်သည်။ 
Can all your worries add a single moment to your life(matt 6;27)God doesn’t want you to live worried and anxious about anything. He knows that worry is counterproductive. It steals your peace and joy and affects every area of your life — your sleep, your health, your peace. Worry steals precious moments of time that you can never get back.Decide today to put an end to worry in your life. Don’t feed worry by focusing on bad news all the time. Sure, we should be informed, but we should be more informed of the truth of the Word of God. Feed your faith by meditating on His Word and fill your heart and mind with God’s promises. Declare every day, “My God shall supply all of my needs. He makes a way out of no way. He is the Restorer and Redeemer.”As you focus on God’s Word, you’ll drive out worry and fill your heart with faith and expectancy. You’ll experience His peace and joy and move forward into the blessings God has in store for you!

(အခြားသူများကို ကူညီသည့်အခါ)

ကိုယ်မြေ၌ဖြစ်သော စပါးကိုရိတ် သောအခါ လယ်ထောင့်တို့ကို အကုန်အစင်မရိတ်ရ။ သိမ်းရာတွင် ကျန်ကြွင်းသောအရာကို ပြန်၍ မကောက်မသိမ်းရ။(ဝတ် ၁၉း၉)။ နှင်းမုန်တိုင်းကျပြီး စားကျက်များ၌ နှင်းဖုံးနေချိန်တွင် ပိုင်ရှင်များက ကျွဲနွားများကို ကိုယ်တိုင် အစာကျွေးရသည်။ လှည်းနှင့်ထရပ် ကားပေါ်မှကောက်ရိုးများ ချလိုက်သော်အသန်ဆုံး တိရစ္ဆာန်များက ရှေ့သို့ထွက်လာပြီး အစာစား သည်။ အားနည်းသော၊ ဖျားနာသော အကောင်များက ပိုင်ရှင်ကိုယ်တိုင် မကျွေးလျှင် လုံးဝမစား၊ အချို့က အနည်းငယ်သာစားသည်။ ဒုက္ခသည်စခန်းမှ လုပ်သားများနှင့် မုန့်ဖိုမှလုပ်သားများကလည်း အလားတူပုံစံမျိုး တင်ပြကြသည်။ ဆင်းရဲသားများအတွက် အစာ သိုလှောင်စတိုခန်းကို ဖွင့်လိုက်သည်နှင့် အမှန် တကယ် အစာရေစာလိုအပ်သူများ၊ အားနည်း သူများနှင့် မဝံ့မရဲဖြစ်သူများက ရှေ့သို့တက်မလာ ကြပါ။ တိရစ္ဆာန်ပိုင်ရှင်များကဲ့သို့ လူသားချင်း ကူညီရိုင်းပင်းသူများက ရှေ့သို့တိုးကာ သူတို့၏အစေခံဝန်ဆောင်မှုသည် အားနည်းပင်ပန်း ၍ ဖျားနာသူများထံ တကယ်ရောက်အောင် လူမှုရေးဂရုပြုမှုကို အစွန်းတိုင် ပြကြရသည်။ ၎င်းတို့သည် ရှေးက ဘုရားသခင်ချမှတ်ခဲ့သည့်ပညတ်ကို ဖော်ဆောင်နာခံခြင်း ဖြစ်သည်။ ဝတ်ပြုရာကျမ်း (၁၉) တွင် မောရှေက ဣသရေလလယ်သမားများနှင့် စပျစ်ခြံ ပိုင်ရှင်များအား သီးနှံရိတ်သိမ်းရာ၌ ဆင်းရဲသားနှင့်သူစိမ်းများအတွက် အနည်းငယ်ချန်ပေး ရမည်ဟု ညွှန်ကြားထားသည် (း၉-၁၀)။ အားနည်း၍ ခြေကုန်လက်ပန်းကျနေသူများကို စောင့်ရှောက်ကူညီသူများအဖြစ် ကျွန်ုပ်တို့လည်း အစေခံနိုင်ပါသည်။ ငြိမ်နေသောကျောင်းသားကို အများနှင့်ပူးပေါင်းပါဝင် လာအောင် ကြိုးစားလုပ်နေရသည့်ဆရာ၊ ဝန်ပိနေသော လုပ်ဖော်ဆောင်ဖက်အတွက် လက်တွဲဖော်အလုပ်သမား၊ ထောင်ထဲရောက်လာသူကို မစရန် မျှော်လင့်နေသည့် နှစ်ကြီး အကျဉ်းသား၊ သားသမီးများကို ဂရုစိုက်နေရသည့်မိဘ၊ ကျွန်ုပ်တို့ မည်သူပင် ဖြစ်နေပါစေ အခြားသူကို မစကူညီခြင်းဖြင့် ဘုရားကိုချီးမြှောက်နိုင်သော နည်းလမ်းများစွာ ရှိသည်။ မစမှုလိုအပ်သူများကို အစေခံရန်ရှာကြံစဉ် မိမိလိုအပ်ချိန်၌ မစသော ကျေးဇူးတော်သည် အခြားသူကိုမစရန် ကျွန်ုပ်တို့ကို နှိုးဆော်ပါစေ။

ဘုရားဂတိတော်(318)


November 13, 2013

သင်. ဆုတောင်းခြင်း၌ ထိုသူတို.ကိုသတိရပါ.

ထာဝရဘုရားသခင်က ကျွန်တော်တို.ကို အပြစ်ပေး ဖို. စောင်.နေခြင်းမဟုတ်ပါ။ အထက်ကျမ်းပုဒ်အရ ကျွန်တော်တို.အတွက် ပြင်ဆင်ပေးပြီးသော ကောင်းကြီးနှင်.
အခွင်.အရေးများကို ပြန်ပေးဖို.(လုကာ ၁၅)ပျောက်သော သားငယ်ကိုမျော်နေသည်.ဖခင်နည်းတူ သင်.ကိုလည်း ဘုရားသခင်စောင်.နေတယ်။ 
 I will wait for opportunities to show you My compassion. What a beautiful picture of the longing that God has for us. He is always in a posture of waiting for every opportunity to show us His compassion. I love the Amplified translation that says that He is expecting, looking and longing to be gracious to us. This Bible verse reminds me of the father in the Prodigal Son story in Luke 15 who was waiting for his rebellious son to find his way home. In this story, Jesus tells us that the father saw the son when he was still a long way off and started running toward his boy. I think in the same way, our God and Father is waiting and watching for every opportunity to run out so that He might pour out His love and mercy all over us. May we be mindful of this amazing truth and always posture our hearts to receive the outpouring of His love!

Any way!(ဘာပဲဖြစ်နေပါစေ)



November 12, 2013

ပညတ်တော်ကို ခရစ်ယာန်များက လိုက်နာရန်လိုအပ်သလော?

ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်ကို ခရစ်ယာန်များက လိုက်နာရန်လိုအပ်သလော? ဤမေးခွန်းကို သိရှိနားလည်ရန်အတွက် အဓိကသော့ချက်သည် ဓမ္မဟောင်းထဲ၌ရှိသော ပညတ်တော်သည် ဣသရေလလူများများအတွက် ပေးထားခြင်းဖြစ်ပြီး ခရစ်ယာန်များအတွက် ပေးထားခြင်း မဟုတ်သည်ကို သိရှိခြင်းပင်ဖြစ်သည်။ တချို့သော ပညတ်တော်တို့သည် ဣသရေလလူမျိုးများက ဘုရားသခင်ကို မည်သို့ နာခံရမည်ကို ၎င်း၊ မည်သို့ ၀မ်းမြောက်စေရမည်ကို၎င်း ညွှန်ပြပေးသော ပညတ်တော်များဖြစ်ကြသည်။ (ဥပမာ-ပညတ်တော်ဆယ်ပါး)၊ တချို့သော ပညတ်တော်တို့သည် ဣသရေလလူမျိုးတို့က ဘုရားသခင်ကို မည်သို့ဝတ်ပြုမည်ကို၎င်း၊ မည်သို့ အပြစ်ဖြေရ မည်ကို ၎င်း၊ ညွှန်ပြပေးသော ပညတ်တော်များဖြစ်ကြသည် (ယဇ်ပူဇော်ခြင်းအမှု)။ တချို့သော ပညတ်တော်တို့သည် ဣသရေလ လူမျိုးတို့သည် တခြားသော လူမျိုးတို့နှင့် မတူပဲ တမူထူးခြားသော လူမျိုးဖြစ်ကြောင်းကို ညွှန်ပြပေးသော ပညတ် တော်များ ဖြစ်ကြသည် (အစားအသောက်နှင့် အ၀တ်အစားနှင့်ပတ်သက်သော ပညတ်တော်)။ ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်ဟူသမျှသည် ယနေ့ကျွန်ုပ်တို့ အသက်တာ၌ အသုံးပြုရန်အတွက် မဟုတ်ပေ။ ကားတိုင်တော်ပေါ်တွင် ခရစ်တော် အသေခံသောအခါ သူက ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်ဟူသမျှ ဖျက်သိမ်းသွားခဲ့သည် (ရောမ၊ ၁၀း၀၀၊ ဂလာ၊ ၃း၂၃-၂၅၊ ဧဖက်၊ ၂း၁၅)။ ကျွန်ုပ်တို့သည် ဓမ္မဟောင်းထဲ၌ရှိသော ပညတ်တော်ကို ကျင့်သုံးမည့်အစား ခရစ်တော်ပေးသည့် ပညတ်တော် ကို အသုံးပြုကြပါသည် (ဂလာ၊ ၆း၂)။ ၎င်း ပညတ်တော်သည် “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ဥာဏ်ရှိသမျှနှင့် ချစ်လော့။ ..... ကိုယ်နှင့် စပ်ဆိုင်သော သူကို ကိုယ်နှင့် အမျှ ချစ်လော့” (မဿဲ၊ ၂၂း၄၀)။ သို့သော် ယခုခေတ်တွင် ဓမ္မဟောင်းထဲ၌ ဖော်ပြထားသော ပညတ်တော်ကို မထီမဲ့မြင်ပြုရန်အတွက် မဆိုလိုပေ။ ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်တချို့တို့သည် “ဘုရားသခင်ကို ချစ်ခြင်း” နှင့် “ကိုယ်နှင့် စပ်ဆိုင်သော သူကို ချစ်ရန်” ဖော်ပြထားသော အချက်များလည်း ပါဝင်ပါသည်။ ဘုရားသခင်ကို မည်သို့ချစ်ရမည်ကို၎င်း၊ မိမိအိမ်နီးနားချင်းကို မည်ကဲ့သို့ ချစ်ရမည်ကို ၎င်း သိရှိနိုင်ရန် ဓမ္မဟောင်းထဲ၌ရှိသော ပညတ်တော်တို့သည် အလွန်ကောင်းသည့် “လမ်းညွှန်တိုင်” ပင် ဖြစ်သည်။ ထိုနည်းတူ ယနေ့ခရစ်ယာန်အသက်တာထဲတွင် ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်ကို အသုံးပြုရမည်ဟု ပြောဆိုခြင်းသည်လည်း မှန်ကန်မှုမရှိပေ။ ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်သည် လောကနီတိပင်ဖြစ်သည် (ယာကုပ်၊ ၂း၁၀)။ ထိုပညတ်တော် အားလုံးကို ကျင့်သုံးနိုင်သည်။ ပယ်ဖျက်နိုင်သည်။ ယဇ်ပူဇော်ခြင်း လုပ်ဆောင်မှုကဲ့သို့သော ပညတ်တော်မျိုးကို ခရစ်တော်က ပြည့်စုံပေးခဲ့လျှင် ပညတ်တော်အားလုံးကို ပြည့်စုံစေခြင်းပင်ဖြစ်သည်။ “ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ်တော်ကို စောင့်ခဲ့သည်မဟုတ်” (၁ယော၊ ၅း၃)။ ပညတ်တော် ဆယ်ပါးတို့သည် ဓမ္မ ဟောင်းထဲ၌ရှိသော ပညတ်တော်အားလုံးတို့၏ အချုပ်အခြာပင်ဖြစ်သည်။ ပညတ်တော် ဆယ်ပါးအနက် ကိုးခုတို့သည် ဓမ္မသစ်ကျမ်းထဲတွင် ပြန်လည်ဖော်ပြထားပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချစ်ခဲ့လျှင် တခြားသော မှားသော ဘုရားတို့ကို ကိုးကွယ်မည်မဟုတ်တော့ပေ။ သို့မဟုတ် ရုပ်ထုများရှေ့တွင် ကိုးကွယ်မည်မဟုတ်တော့ပေ။ ကျွန်ုပ်တို့သည် ကိုယ်နှင့်စပ်ဆိုင်သောသူတို့ကို ချစ်လျှင် သူတို့ကို သင်ပြောမဟုတ်ပေ။ သူတို့ ကို လိမ်ညှာမည်မဟုတ်ပေ။ သူတို့အပေါ် မတရားမှုတွေ ပြုမည်မဟုတ်ပေ။ ဓမ္မဟောင်းထဲ၌ ဖော်ပြထားသော ပညတ်တော် ၏ ရည်ရွယ်ချက်သည် လူသားများက သခင်ယေရှုကို ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်လက်ခံရန် လိုအပ်ကြောင်း ညွှန်ပြ လိုခြင်း ဖြစ်သည် (ရောမ၊ ၇း၇-၉၊ ဂလာ၊ ၃း၂၄)။ ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်သည် ဘုရားသခင်က လူသားအားလုံးအတွက် အမြဲတမ်းကျင့်သုံးရန် ပေးထားသော ပညတ်တော်မဟုတ်ပေ။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ကိုယ်နှင့် စပ်ဆိုင်သော သူတို့ကို ကိုယ်နှင့် အမျှ ချစ်ရပါမည်။ ဤပညတ်တော်နှစ်ပါးအတိုင်း သစ္စာရှိစွာဖြင့် အသက်ရှင်လျှင် ကျွန်ုပ်တို့သည် ဘုရားသခင်တောင်းဆိုသော ပညတ်တော်အားလုံးတို့ကို လိုက်လျောက်အသက်ရှင်ခြင်းပင်ဖြစ်သည်။

November 10, 2013


(အနိဋ္ဌာရုံမှတ်တမ်း)

ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သော ကြောင့်ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။ နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။(ယေမြည် ၃း၂၂-၂၃) ပထမကမ္ဘာစစ်ကြီး စတင်စဉ်က ယိစ် ကွန်ဂါသည် ဆယ်နှစ်အရွယ်သာရှိပြီး၊ သူနေထိုင် သည့် ပြင်သစ်မြို့ငယ်လေးကို ဂျာမန်စစ်တပ်က ဝင်ရောက်သိမ်းပိုက်သည်။ သူ့မိခင်က သူ့အား နေ့စဉ်မှတ်တမ်း ဒိုင်ယာရီရေးရန် အားပေးခဲ့ သဖြင့် သူက စစ်တပ်မှဝင်ရောက်သိမ်းပိုက်ခြင်း အကြောင်းကို ရေးမှတ်ပြီး ပုံလေးများဆွဲ အရောင် ခြယ်ကာ ရှင်းလင်းစွာ မှတ်တမ်းတင်ခဲ့သည်။ သူ့ ဒိုင်ယာရီက စစ်အနိဋ္ဌာရုံကို ကလေးအမြင်ဖြင့် ရေးမှတ်ထားခြင်းပါ။ စစ်မြင်ကွင်းကို မျက်မြင်ကြုံခဲ့ရသည့် ရလဒ်အကျိုးကား အခြားသူများထံ ခရစ်တော်၏ မျှော်လင့်ခြင်းကို ဆောင်ကြဉ်းပေးရန် စေစားခံရ သည်ဟု သူခံစားခဲ့ရသည်။ ရှေးရာစုနှစ်အစောပိုင်းက ပရောဖက် ယေရမိသည်လည်း ယေရုရှလင်မြို့ကို နေဗုခဒ်နေဇာ မင်းကြီး ဝင်ရောက်သိမ်းပိုက်ခြင်းကို ကိုယ်တွေ့မြင်ခဲ့ရသည်။ သူမြင်တွေ့ခံစားခဲ့ရသမျှကို ယေရမိမြည်တမ်းစကားအဖြစ် ဒိုင်ယာရီမှတ်တမ်းရေးခဲ့သည်။ ဤသို့စိတ်ပျက်စရာများ ရှိသည့်တိုင် ဘုရားသခင်၏ထံမှမျှော်လင့်ခြင်းကို သူမြင်ခဲ့သည်။ “ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။ နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏” ဟုသူရေးခဲ့သည် (ယေမြည် ၃း၂၂-၂၃)။ အနိဋ္ဌာရုံများ တွေ့ကြုံခံစားရခြင်း၊ မျက်စိနှင့် တပ်အပ်မြင်ရခြင်းကြောင့် ကြမ်းတမ်းရက်စက်မှုများက အသက်တာတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လာသကဲ့သို့ ခံစားရသည်။ သို့သော် ဒုက္ခအခက်အခဲကာလများက ထာဝရ မတည်ပါ။ ယေရမိကဲ့သို့ ကောင်းကင်ဘုံရှင် အဖဘုရား၌ မျှော်လင့်ခြင်းကို တိုးစေ၏။ မနက်တိုင်း ကိုယ်တော်၏ ကရုဏာတော်များက အသစ်ဖြစ်၍ သစ္စာတော်ကြီးပါ၏။ — Dennis Fisher

November 9, 2013

(အဖ၏ စကားများကို သတိရခြင်း)

ကိုယ်တော်၏ဥပဒေသများကို အစဉ် မမေ့မလျော့နိုင်ပါ။ အကြောင်းမူကား ထိုဥပဒေသများအားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူ၏။ ဆာ ၁၁၉း ၉၃ ရိန်းနီးယားတောင်မှဆင်းလာစဉ်ဂျင်း ဒေးဗစ်ဆန်သည် နှင်းထူထပ်သောတံတားပေါ်မှ မှောင်ပိန်းနေသော ရေခဲမြစ်အက်ကြောင်းဂလိုင် ထဲသို့ ကျသွားသည်။ ဂျင်း သည် သွေးစွန်းနေ သော ဒဏ်ရာဒဏ်ချက်များနှင့် မဲမှောင်နေသော ရေခဲဂလိုင်ထဲတွင် ရပ်လျက် သူ၏ငယ်စဉ်ကလေး ဘဝကို ပြန်မြင်ယောင်သည်။ ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံရင်ဆိုင်ပါက ကြီးမားသော အောင်မြင်မှု ကို ရရှိနိုင်သည်ဟူသော သူ့ဖခင်၏ထပ်တလဲလဲ သတိပေးစကားကို ပြန်လည်သတိရမိသည်။ ထိုစကားများက ဂျင်း ဆက်ပြီး အသက်ရှင်နိုင် အောင် အမအစဖြစ်ခဲ့ပြီး နောက် ၅ နာရီ အကြာတွင် မဲမှောင်နေသော ရေခဲဂလိုင်ထဲမှ အလွန်အမင်းခက်ခဲပြင်းထန်သော အခြေအနေမှ ဘေးလွတ်ရာသို့ တဖြည်းဖြည်း ထွက်လာနိုင်ခဲ့သည်။ ဆာလံဆရာသည်လည်း ကောင်းကင်ဘုံရှင်အဖ၏ စကားတော်များကို ပြန်လည်ဆင်ခြင်ခြင်းအားဖြင့် ဒုက္ခနှင့်နာကျင်မှုအက်ကြောင်းမှ ရုန်းထွက်ခဲ့ပုံရသည်။ “အကျွန်ုပ်သည် ကိုယ်တော်၏တရား၌ မွေ့လျော်ခြင်းမရှိလျှင် အထက်က ဆင်းရဲခံစဉ် ပျက်စီးပါပြီ” ဟု သူဝန်ခံခဲ့သည် (ဆာ ၁၁၉း၉၂)။ ထာဝရဘုရား၏ အစဉ်အမြဲတည်သော စကားတော်ကို (း၈၉) လုံးဝယုံကြည်စိတ်ချကြောင်းနှင့် ကိုယ်တော်၏သစ္စာရှိမှုကို သူ ဖော်ပြခဲ့သည်(း၉၀)။ ဘုရားသခင်သည် သစ္စာတော်နှင့်ပြည့်ဝသဖြင့် သူ့အသက်ကို ကယ်တင်ခြင်း၊ သူ့ကိုခွန်အားပေးခြင်းအမှုတွင် အဓိကဖြစ်သော ဘုရား၏စကားတော်များ ကို မည်သည့်အခါမျှ မမေ့ဟု ဆာလံဆရာ ဆက်ကပ်ခဲ့သည်။ အမှောင်မိုက်ဆုံးဘဝတွင်းနက်ထဲ ဒုက္ခခံစားရချိန်များတွင် ကိုယ်တော်၏ အားပေးစကားများကို စိတ်ထဲ၌ ပြည့်ဝစေခြင်း၊ ပြန်ဆင်ခြင်ခြင်းဖြင့် ကောင်းကင်ဘုံရှင် အဖက ကျွန်ုပ်တို့၏စိတ်ဝိညာဉ်ကို မစနိုးကြားစေလိမ့်မည်။ — Marvin Williams

November 7, 2013

ခ၇စ်တော်၌ တော်စပ်ခွင်.ရသော… ကမ္ဘာအရပ်ရပ်မှ ချစ်သောဓမ္မမိတ်ဆွေများခင်ဗျား…. အယောက်တိုင်းအား ကောင်းကင်ဘုံအဖဘုရားက ယနေ.ပြောနေသည်. နုတ်တော်ထွက်ဂတိတော်ဟူမူကားးးး “Draw near to Me and I will cleanse you from an evil conscience.” ( ငါ.ထံသို. ချဉ်းကပ်လော.- သင်.ကို ဆိုးယုတ်သော အနိဌာရုံမှ သန်.၇ှင်းစေမည်လို. ပြောပါနေတယ်။ ယနေ.နတ်ဆိုး၏ လက်နက်သည် ကျွန်တော်တို.၏ အားနည်းချက်အလုံးစုံကို သတိရစေကာ၊ နောင်နှစ်ပေါင်းများစွာက ကျူးလွန်ခဲ.သည်. အပြစ်ဟူသမျှ ပြန်လည် Remind လုပ်ပေးနေတတ်ပြီး၊သင်သည် ဘုရားရှေ.ဖြောင်.မတ်သူမဟုတ်ကြောင်း စွပ်စွဲကာ လိပ်ပြာမသန်.ခြင်း guilty သို.ရောက်စေတတ်ပါတယ်။ မည်သူမည်ဝါကမသိ မမြင်သော်လည်း အာဒံနှင်.ဧဝ-ဘုရားကိုရှက်ပြီးေ၇ှာင်ပုန်းသကဲ.သို. ဘုရားထံတိုးဝင်ဖို.ရာ အလိုလိုနေ၇င်း မလုံမလဲဖြစ်စေ တတ်ပါတယ်။ ယနေ.ထာဝရားက အထံတော်သို. ဝန်လေး၍ပင်ပန်းသူ အယောက် တိုင်းကို ဖိတ်ခေါ်နေပါတယ်။ မိမိအစွမ်းအဆဖြင်. သန်.စင်အောင် ပင်ပန်းစွာ ကြိုးစားရုန်းကန်နေမည်.အစား၊ ထိုလိပ်ပြာမသန်.guiltyဖြစ်ခြင်း၊အရှက်ရခြင်း အစရှိသည်.အရာအားလုံးကို အပေါ်ယံမှင်ဖျက်ဖြင်.ဖုံးသကဲ.သို. မဟုတ်ဘဲ ခဲဖျက်ဖြင်.လုံးဝဖျက်ပစ်သကဲ.သို. အသွေးတော်အားဖြင်. သန်.စင်စေမည်. အကြောင်း ဖိတ်ခေါ်နေပါသည်။ ဘုရားအတူပါရှိခြင်း “The presence of God”ခံစားနိုင်ရန်အတွက် အချိန်တိုင်းမှာ ထိုကဲ.သို.သောနည်းဗျူဟာဖြင်.နတ်ဆိုးသည် အပြစ်တင်ဆွဲချကာ အရှက်ရ စေခြင်းဖြင်. အတားအဆီးလုပ်နေတတ်ပါတယ်၊ သခင်ဘုရား၏အလိုဆန္ဒတည်းဟူသော သမ္မာတရားမူကား သြသပ္ပစိတ်ကြည် လင်စွာ ရှက်ကြောက်ခြင်းကင်းလျှက် ခရစ်တော်ကားတိုင်တွင် ( He cried "It is finished!" on the cross.) ငိုကြွေးကာဟစ်ကြော်ခဲ.သည်.“အမှုပြီးပြီ။”.. ဆိုသည်.အရာသည် “အတိတ်၊ပစ္စုပန်၊အနာဂတ်”တခုလုံး ကျွန်တော်တို. အရှက်တကွဲအကျိုးနဲဖြစ်ကာ၊ ကြောက်ရွံ.ထိတ်လန်.မှုအားလုံး အတွက်ဖြစ်ပြီး၊ မိမိ performance ပါဝင်ကြိုးစားမှုမပါကြောင်း ဝန်ခံလျှက် အထံတော်သို. လိပ်ပြာသန်.သန်.ချဉ်းကပ်ကြပါစို. လို.မေတ္တာဖြင်.ဝေမျှလိုက်ပါတယ်။
Joel Osteen (Overcome with Good) * Do not be overcome by evil, but overcome evil with good.Rom 12:21* (ရောမ ၁၂း၂၁ အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကိုနိုင်လော့။) ဆရာကြီး Joel Osteen က အထက်ပါကျမ်းချက်အားဖြင်. ခွန်အားပေးသွားပါတယ်။ “အကောင်းအားဖြင့် အဆိုးကိုနိုင်လော့”ကျမ်းစာလာသည်.အတိုင်း အောင်နိုင်သူဖြစ်ဖို. တဖက်သား၊ မိမိရန်သူ၏ ရိုင်းဆိုင်းသည်.အပြုအမှုအတိုင်း ခွန်းတုန်.မပြန်ဘဲ(kindness, grace and mercy)ကျေးဇူးတရားနှင်.သနားခြင်းဂရုဏာကို ပြသရမည်။ သင်.ကို မရိုမသေဆက်ဆံ လာသူအား ရိုသေလေးစားစွာ ဆက်ဆံဖို.ဆိုသည်.အရာသည် လုံးဝလွယ်ကူသည်.အရာ မဟုတ်ပါ။ သို.သော်-သင်သည် “သခင်ဘု၇ား၏ကျေးဇူးပြုခြင်းခံသောသူ” ဖြစ်သည်.အတွက် ဘုရား၏ကောင်းမြတ်ခြင်းအတိုင်း လျှောက်လှမ်းဖို. အခွင်.အာဏာအပ်နှင်းထားသူဖြစ်တယ်။ ဘုရားသခင်သည် မာနထောင်လွှားသူတို.အား ဆန်.ကျင်ပြီး စိတ်နှလုံးနှိမ်.ချသူတို.ကို ကျေးဇူးပြုကာ မ,စတော်မူသော ဘု၇ားဖြစ်တယ်။(God gives you His grace. He empowers you to walk in His goodness. “God opposes the proud but gives grace to the humble.”) သခင်ဘုရားနှင်.အတူ နှိမ်.ချသောနှလုံးသားဖြင်. လျှောက်လှမ်းပြီး၊အဆိုးကို အကောင်းဖြင်. အနိုင်ယူပါ။ မေတ္တာ-ဂရုဏာပြခြင်းဖြင်. ဘုရားသခင်၏ ကျေးဇူးတရားနှင်.တတ်စွမ်းနိုင်ခြင်း ခွန်အားများ သာ၍ရရှိကြပါစေ။

အောင်မြင်မှုနှစ်ခု

ဒါဝိဒ်ကလည်း အကျွန်ုပ်သည် ဖိလိတ္တိလူတို့ရှိရာသို့ သွားရပါမည် လောဟု.... ထာဝရဘုရားကို မေးလျှောက်လျှင်...။ (၂ ရာ ၅း၁၉) ဒါဝိဒ်မင်းသည် ရန်သူနှင့် ရင်ဆိုင်ရာ၌ အနိုင်ရခဲ့သည်။ ငယ်ရွယ်သော သိုးကျောင်းသား ဘဝက သူသည် ထိပ်တန်းဖိလိတ္တိစစ်သူရဲ ဂေါလျတ်နှင့် ရင်ဆိုင်ရာတွင် ကျောက်ခဲတစ်လုံး တည်းဖြင့် အောင်ပွဲခံခဲ့သည် (၁ရာ ၁၇)။ ယခုတွင် ဒါဝိဒ်က ဣသရေလဘုရင်ဖြစ်နေပြီး၊ ဖိလိတ္တိလူတို့ နောက်တစ်ကြိမ် လာပြန်သည်။ ဒါဝိဒ် ရှင်ဘုရင်ဖြစ်ကြောင်း သူတို့ကြားသောအခါ တိုက်ခိုက်ရန် ဆုံးဖြတ်ကြသည် (၂ ရာ ၅း၁၇)။ အကြပ်အတည်းနှင့် ရင်ဆိုင်ရသော် ကျွန်ုပ်တို့ ပထမဆုံး ဘာလုပ်သနည်း။ အထိတ်တလန့်ဖြစ်ပြီး စီစဉ် ပြင်ဆင်ကြမည်။ သို့မဟုတ်ပါက ဒါဝိဒ် ပထမဆုံးဆုတောင်းသကဲ့သို့ ကျွန်ုပ်တို့ ဆုတောင်းနိုင်ပါသည်။ “ဒါဝိဒ်သည် ထာဝရဘုရားကို မေးလျှောက်ခဲ့ပြီး” (း၁၉) ဘုရားသခင်က သူ့ကို လမ်းပြခဲ့သည်။ ဒါဝိဒ်သည် ဖိလိတ္တိလူတို့နှင့် တိုက်ပွဲနှစ်ပွဲ ဆင်နွှဲရမည်။ ပထမစစ်ပွဲမှာ ဗာလ ပေရဇိမ် အရပ်တွင်ဖြစ်ပြီး၊ နောက်တစ်ခုမှာ ရေဖိမ်ချိုင့်တွင်ဖြစ်သည်။ ဘုရားသခင်နှင့် တိုင်ပင်ဆွေးနွေးခြင်းက ကောင်းသောအမှုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤ စစ်ပွဲနှစ်ခုတွင် နည်းဗျူဟာနှစ်ရပ်က မတူညီပေ။ ပထမနည်းဗျူဟာမှာ ဘုရားသခင်က သူ့တန်ခိုးဖြင့်သာ တိုက်ပွဲကို အနိုင်ရစေပြီး၊ “ငါ့ရန်သူတို့ကို ငါ့ရှေ့မှာ ဖြိုဖျက်တော်မူပြီး” (း၂၀) ဟု ဒါဝိဒ် မှတ်တမ်းတင်ခဲ့သည်။ နောက်နည်းဗျူဟာတစ်ခုမှာ ဘုရားသခင်က ဒါဝိဒ် ဆောင်ရွက်ရမည့် အစီအစဉ်ကို ညွှန်ကြားခြင်းဖြစ်ပြီး ထိုအတိုင်း သူ လုပ်ဆောင်သောအခါ ဣသရေလလူတို့ အနိုင်ရခဲ့သည် (း၂၃-၂၅)။ နေ့စဉ် များစွာသောစိန်ခေါ်မှုများနှင့် ကျွန်ုပ်တို့ရင်ဆိုင်ရသည်။ ပြဿနာ အားလုံးကို ဖြေရှင်းရာတွင် ကျွန်ုပ်တို့ပထမဦးဆုံး လုပ်သင့်သည့်အရာမှာ ဘုရားသခင်နှင့် တိုင်ပင်ဆွေးနွေးရန်ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို လမ်းပြနေသည့်အတွက် ကိုယ်တော်ကို ယုံကြည်စိတ်ချနိုင်သည်။ ကိုယ်တော်၏အံ့သြဖွယ် ၀င်ရောက်ဖြေရှင်း ပေးခြင်းအားဖြင့်၊ လမ်းပြခြင်းအားဖြင့် အောင်ပွဲရရှိမည်။ ထိုအခါ ဘုရား၏ဘုန်းတော် ထင်ရှားမည်။ — Dave Branon

November 6, 2013

*LAIHLA* P & W ava tha ve..

Hellooo….ခရစ်တော်၌တော်စပ်ခွင်.ရသော ညီအစ်ကိုတို. ယနေ.သင်ခံစားနေရသော ကိုယ်၊စိတ်၊ဝိညာဉ် နာမကျန်းခြင်းနှင်. (whatever we need to be healed from today.. body, soul and spirit.)အနာရှိသမျှအားလုံးအတွက် ကိုယ်တော် ပေးဆပ်ခဲ.သည်. ကျေူးဇူးတရားသည် လုံလောက်လျှက်ရှိသည်ဟု သင်-လုံးဝဥသုန် ယုံကြည်နိုင်၇ဲ.လားး၊နောက်ဆုံးသောကာလဖြစ်သည်.အတွက် ဝိညာဉ်တော် လည်းအစွမ်းကုန် အလုပ်လုပ်နေသည်။ ဆေးပညာကကုသ၍ ပျောက်ရိုးထုံးစံမရှိဘူးသော ကင်ဆာ၊HIV အထိ ပျောက်ကင်း နေတာကိုလည်း ကျွန်တော်တို.မျက်ဝါးထင်ထင်မြင်နေကြားနေ၇သည်။ ဆ၇ာဝန်များကိုယ်တိုင် ဤအရာသည်ဘုရားမှလွဲပြီး မည်သူမျှမတတ်နိုင်ပါဟု ဝန်ခံနေပြီ။ကျွှန်တော်တို.ဘက်မှ ဘုရားဂတိတော်ကိုယုံပြီး-ထိုဂတိတော်ကို ဆွဲကိုင် သိမ်းပိုက်ဖို.သာလိုပါတယ်။ ဘုရားအတွက် သင်၏ခံစားနေသောအနာသည် ပါးပါးလေးပါ။ သို.သော် သင်.ဘက်မှ ဘုရား၏နုတ်ကပတ်တော်ကို %ပြည်. သံသယမရှိ၊ ယုံဖို.သာလိုတယ်။ အနာပျောက်မည်ဟု ယုံကြည်ခြင်းမဟုတ်ရပါ-နုတ်ကပတ်တော်ကပြောသည်. “ငါခံခဲ.သောဒဏ်ချက်အားဖြင်. သင်.အနာပျောက်၏” ဆိုသည်. ဂတိတော်အပေါ် ရပ်တည်ခြင်းဖြစ် ရမည်။ ချစ်သောညီအစ်ကိုတို. ယနေ.မြောက်များသော အနာငြိမ်းခြင်းဆိုင်၇ာ သွန်သင်ချက်တွေလည်း ကြားနေရတယ်။ မိမိ၏တထွာတမိုက်ဦးနှောက်လေးနဲ. ဘု၇ားသခင်၏ ကြီးမားခန်.ညားလှသည်. အကြံစည်တော်ကို အဘယ်သူက စစ်ကြောကန်.သတ်နိုင်မည်နည်း၊ ကျမ်းစာတွင် ရှင်းလင်းပြတ်သားသော အနာငြိမ်းခြင်းဂတိတော်များစွာရှိပါသည်။ (မာကု ၁၁း ၂၄) ထိုကြောင့် ငါဆိုသည်ကားသင်တို့သည် ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှ တို့ကိုရကြလိမ့်မည်။ (ဟေ၅၃း၎) ထိုသူသည် ငါတို့အနာရောဂါ ဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏၊၊ (သုတ္တံ၎း၂၂) အကြောင်းမူကား၊ ထိုတရားစကားကို တွေ့ရသော သူတို့သည် အသက်ရှင်ခြင်း၊ တကိုယ်လုံးကျန်းမာခြင်းအကြောင်းကို တွေ့ရပြီ။ (ဆာလံ ၁၀၃း၂) သင်၏ အပြစ် အလုံးစုံတို့ကို ဖြေလွှတ်၍ သင်၏အနာရောဂါရှိ သမျှတို့ကို လည်း ပျောက်စေ တော်မူ၏။ဖတ်ရှုသူတိုင်း ခရစ်တော်၏ အသွေးတော်အားဖြင်. ကိုယ်၊စိတ်၊ဝိညာဉ်ကျန်းမာ၍ သစ်လွင်လန်းဆန်း သောအသက်တာကို ပိုင်ဆိုင်နိုင်ကြပါစေ။

November 5, 2013

(၂သက်စာ(သို.)နှစ်ဘဝစာ)

ယခုအသက်ရှင်ခြင်းသည် လက်ရှိမသေခင် တသက်စာသာမက နောင်ဘဝအတွက်ပါ အကျိုးအမြတ်အား မိမိစိုက်သည်.အတိုင်း ရိတ်သိမ်းခံစားမှာဖြစ်သည်.အတွက်“၂”သက်၊ “နှစ်ဘဝ”စာအတွက် အသက်ရှင်နေခြင်းဖြစ်သည်။၊ သေခြင်းနှင်.ရှင်ခြင်း၊ ဇာတိနှင်.ဝိညာဉ်အတွက်၊ယေရှုခရစ်အတွက်နှင်. စာတန်၊ ဘုရား၏နိုင်ငံတော် နှင်. မာရဏာနိုင်ငံ၊ယေရှုဆလင်မြို.သစ်နှင်. ပြိုပျက်ခဲ.သော ဘေဘီလုံ၊ ဧဒင်ဥယျဉ်ရှိအပင်နှစ်မျိုး...စသဖြင်…။ ယနေခွန်အားပေးချင်သည်. နုတ်ကပတ်တော်သည် အပြစ်၏အခအတွက် ကျွန်တော်တို.ပေးဆပ်ရမည်. သေခြင်းဟူသောပရိညဉ်စာချုပ်သည် ခရစ်တော်၏ကားတိုင်၌ ပေးဆပ်ပြီးစီးခဲ.သည်. အမှုအားဖြင်. ကျေအေးပြီဖြစ် ကြောင်း။ကျွန်တော်တို.သည် သေခြင်းတည်းဟူသောအမှောင်ကမ္ဘာမှ ကောင်းကင် နိုင်ငံတော်သားအဖြစ် ပြုပြင်ပြောင်းလဲခြင်းခံပြီဖြစ်ကြောင်း (We have been translated from the kingdom of darkness and now live in the Kingdom of the Son. )ခရစ်တော်ပေးသော ကယ်တင်ခြင်းသည် “နှစ်”ဘဝစာအတွက် လုံလောက်တဲ.ကျေးဇူးတရား ဖြစ်ကြောင်းကို အသက်အဖြစ်နှလုံးသားထဲ၌ ရှင်သန်ခွင်.ပြုပြီး လက်ခံသူသည် ( “နူနာစွဲသူကို သင်.အနာပျောက်ခြင်းအမှုအား မည်သူမျှမပြော” ရန်တားမြစ်ခဲ.သော်လည်း မပြောပဲ၊ သက်သေမခံဘဲ မနေနိုင်သကဲ.သို.၊)ထာဝရဘု၇ားအတွက် အရာ၇ာကို ပေးဆပ်ချင်သော ဆန္ဒတွေ အတွင်းဆုံး၌သန္ဒေတည်ကာ အပြင်သို.ရှင်သန်ရင်.ကျက်လာပြီး ဘုရားကျောင်းသွား၊ ကျမ်းစာဖတ်၊ ဆုတောင်းဖို. တိုက်တွန်းစရာမလို၊ အရာရာတိုင်း ကိုယ်တော်အတွက် ဖြစ်လာတယ်။သို.သော် ခရစ်ယာန်များစွာသည် ပညာတ်တရားအောက်မှ မရုန်းထွက်နိုင်သေးဘဲ မိမိအတွေးအခေါ်ဖြင်. အဓိပ္ပါယ်ဖွင်.နိုင်သလောက်သာ(သို.)မိမိလက်ခံနိုင်သလောက်သာ ထာဝရဘုရားကို မြင်နိုင် သေးသည်.အတွက် ကိုယ်.ဘက်မှ တတ်နိုင်သရွှေ.တော. လုပ်ဆောင်ရန် ကြိုးစားနေတုန်းပါဘဲ။ မိတ်ဆွေ…Computer ကို သင်ကအင်တာနက်ကြည်.၊ အီမေလ်းပို.ရုံလောက်ဘဲ နားလည်ပါက ထို နှစ်မျိုးထက်ပိုပြီး သင်.အတွက် အကျိုးမပြုနိုင်ပါ။ ထိုနည်းတူစွာဘဲ ဘုရားသခင်သည် အပါယ် ငရဲမလားရုံသမယ်သာ ယုံကြည်လက်ခံရင် ထိုထက်ဘာမှ မတတ်နိုင်သည်.ဘုရားဘဲဖြစ်မယ်။ သည်.ထက်မက အလိုလို Automatic နဲ.သင်.ကို အကျိုးပြုလာမည်မဟုတ်ပါ။ သင်.ယုံကြည်ခြင်းက သင်.အနာကိုငြိမ်းစေတာဖြစ်တယ်။ ကောင်းကင်နှင်.မြေကြီးကိုဖန်၇ှင်းပြီး၊ အမိန်.ပေးထိန်းချုပ်တော်မူသော ဘု၇ား အကျွနုပ်၏အရာခပ်သိမ်းဖြစ်တယ်..လို. သင်ယုံနိုင်၇င် သင်ယုံကြည်သည်.အတိုင်း သင်.အတွက် ဒီဘဝ၊နောင်ဘဝတခုမကျန် လုံးဝတာဝန်ယူသော ဘု၇ားဖြစ်ကြောင်း မေတ္တာေ၇ှ.ထားလျှက်ဝေမျှလိုက်ပါတယ်။

November 4, 2013

ချိန်းချက်သောအချိန် Appointment- ပေးပြီးပြီလား?

(ကမ္ဘာ ၆-၇) မြေကြီးပေါ်မှာ လူကိုဖန်ဆင်း တော်မူသည်ကို နောင်တရ၍၊ နှလုံးတော် ပူပန်လျက်ရှိတော်မူ၏။ထာဝရဘုရားကလည်း၊ ငါဖန်ဆင်းသော လူကို၎င်း၊ လူမှစ၍သားများ၊ တွားတတ်သော တိရစ္ဆာန်များ၊ မိုဃ်းကောင်းကင် ငှက်များတို့ကို၎င်း မြေကြီးမျက်နှာမှ ငါသုတ်သင်ပယ်ရှင်းမည်။ သူတို့ကို ဖန်ဆင်းသောကြောင့် ငါနောင်တရသည်ဟု မိန့်တော်မူ၏။ (ယောရှု-၃း၅) သင်တို့သည်ကိုယ်ကိုကိုယ်သန့်ရှင်းစေကြလော့။ အထက်ပါကျမ်းပုဒ်ကိုကြည်.မည်ဆိုပါက ဘုရားသခင်သည် အစအဦးကတည်းက သန်.ရှင်းခြင်းကို အလွန်နှစ်သက်တော်မူသော ဘုရားဖြစ်သည်။ သင်နှင်.ကျွန်တော်ကိုဖန်ရှင်းခြင်းဖြင်. ဘုရားဂုဏ်ယူမည်.အစား ဘုန်းတော်သာ၍ ငြိုးငယ်စေလေ ရော.သလား၊ “ငါ.လူ ယောဘကို တွေ.သလော” ဟုပြောနိုင်ပါရဲ.လား။ (ဘုရားသခင်က ငါသန်.ရှင်းသည်.နည်းတူ သင်တို.လည်း သန်.၇ှင်းခြင်း၇ှိကြလော.) ဟုပြောရာတွင် “လော.! ဆိုသည်.စကားသည် တောင်းဆိုချက်၊ အကြံပေးချက်မဟုတ်ပါ။ လုပ်ကိုလုပ်ရမည်. အမိန်.ဖြစ်တယ်။ ရွေးခိုင်းတာလည်းမဟုတ်ပါ။ သန်.ရှင်းခြင်းဟုပြောသည်.အခါ မူးယစ်သောက်စားခြင်း၊ မေထုံမှီဝဲခြင်း၊ သူ.ဥစ္စာခိုးခြင်းတခုတည်းသာမဟုတ်ရပါ။ အတွင်းသဘောသြသပ္ပစိတ် မကြည်လင်ဘဲချုပ်နှောင်ခြင်း၊ သူတပါးအား အကောင်းမမြင်၊ခွင်.မလွှတ်နိုင်ခြင်း နှင်. မာနထောင်လွှားခြင်းအားလုံးသည် ဘုရားစက်ဆုတ်၇ွံရှာသော အတွင်းသဘော မသန်.ရှင်းခြင်း အပြစ်ပေတည်း။ ဘုရားတဲတော်ဖြစ်သည်. ကျွန်တော်တို.၏ အတွင်းစိတ်နှလုံးကို သန်.၇ှင်းသောဝိညာဉ် တော်နေရာယူ ရှင်သန်နိုင်၇န်အတွက် မရှိမဖြစ်၊ပထမပြင်ဆင်မှုက နုတ်ကပတ်တော်ရေဖြင်. သန်.ရှင်းရေးလုပ်ဖို. လိုပါမည်။ မည်သည်.ဧည်.သည် လာသည်ဖြစ်စေ ကြိုတင်appoint; လုပ်ပြီး ရေချိုးခန်း၊အိမ်သာမှအစ၊အိပ်ခန်း အားလုံးသန်.၇ှင်းရေးလုပ်သကဲ.သို. ပိုပြီးအရေးကြီးသော ပုဂိုလ်ဆိုပါက အခန်းအားလုံး ပန်းအလှဆင်ပြီး၊မွှေးနေအောင် Freshး ဖျန်းရသေး တယ်မဟုတ်လား။ လာလည်မည်. ဧည်.သည်ကိုကြည်.ပြီး ၂-၃ရက်ကြိုတင် သန်.၇ှင်းရေးလုပ်ရပါတယ်။ ယခု-သင်.အိမ်ကိုလာမည်.ပုဂိုလ်ကား သင်နှုူင်.မည်သို. တော်စပ်သနည်းး? ဆိုသည်.အချက်ပေါ် မူတည်ပါတယ်။ သာမန်ဧည်.သည်လား၊ ကောင်းကင်နှင်. မြေကြီးကိုဖန်၇ှင်းပြီး ကျွန်တော်/ကျွန်မရဲ.ဘဝ နောက်ချေးပုံမှရွေးနုတ်ကာ ကိုယ်.လက်နှင်.မစိုက်၊ ကိုယ်မကြဲသည်. အသီးနှံကိုရိတ်သိမ်းခွင်.ပေးသောဘုရား၊ မိမိလိုအပ်သောအရာသာမက လိုချင်သောအရာဟူသမျှ ဝလင်ပိုလျှံစွာ စားသောက် ရသောအခွင်.ကို ပေးတော်မူသော ဘုရားသကာတို.၏ဘုရားသခင်က သင်.အိမ်ကိုလာရောက်ပြီး သင်နှင်.အတူ ထာဝရကျိန်းဝပ်ဖို. သင်.ကို Appointး ယူနေပါသည်။ သို.သော် ကျွန်တော်တို.သည် ခရစ်တော်ထက် ထိုအရာများကိုပို၍ဦးစားပေးနေလို.သာ သူနဲ.လွဲပြီးရင်း လွဲနေတာဖြစ်ပါလိမ်.မယ်။ မိတ်ဆွေ….တခုတော သတိထားစေချင်တယ်..သူ၏အသွေးဖြင်.ရွေးဝယ်ထားသောကြောင်. သင်ကိုယ်တိုင် အချိန်မှီ သန်.ရှင်းရေးလုပ်ရင်လုပ်၊မလုပ်ချင်ဘဲ ပေကပ်ကပ်နေဖန်များ၇င် ယေရှူဆလင် ဗိမာန်တော်ကြီးကို မှောက်လှန်ပြီး ခရစ်တော်ကိုယ်တိုင် သန်.ရှင်းရေးလုပ်သကဲ.သို. သူ၏ဗိမာန်တည်းဟူသော (your body is a temple) သင်.ခန္ခာကိုယ်အား ကိုယ်တော်ကိုယ်တိုင် နာကျင်စွာမှောက်လှန်ပြီး သန်.ရှင်း ရေးလုပ်ခြင်းခံရ လိမ်.မယ်။ အချိန်မှီ သန်.ရှင်းခြင်းပါရမီကို ယူတင်ဝတ် ဆင်ကြပါစို. လို.မေတ္တာဖြင်.ဝေမျှလိုက်ပါသည်။

နံရံကိုကျော်၍

သင်၏ ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဖို့ပေးလော့။ သု ၂၅း၂၁ အမေရိကန်ပြည်တွင်းစစ် ဖြစ်စဉ်က (၁၈၆၁-၁၈၆၅) တပ်ကြပ်ကြီး ရစ်ချက် ကာ့လဲန် သည် တောင်ပိုင်းခွဲထွက်ရေး မဟာမိတ် တပ်ပေါင်းစုမှ စစ်သားတစ်ဦးဖြစ်သည်။ ဖရက်ဒါရစ်ဘတ်တိုက်ပွဲတွင် ယူနီယံတပ်မှ မေရီ ဟိုင်းစ် တောင်ကုန်းကို မကာကွယ်နိုင်တော့ဘဲ ဒဏ်ရာရစစ်သားများစွာကို ချန်ရစ်ဆုတ်ခွာသွား သည်။ ကာ့လဲန်က ၎င်းတို့ကို ကူညီရန် အထက်သို့ တင်ပြခွင့်တောင်းခဲ့သည်။ ရေဘူးများ စုပြီး ကျောက်နံရံကို ကျော်တက်ကာ ပထမဆုံး စစ်သားတစ်ဦးကို ကူညီနိုင်ခဲ့သည်။ သူ့အတွက် အန္တရာယ်များလွန်းသော်လည်း “မေရီဟိုင်းစ် ကောင်းကင်တမန်” က ရန်သူတပ်သားများအား ခရစ်တော်၏ကရုဏာကို မျှဝေခဲ့သည်။ ကျွန်တော်တို့အနေဖြင့် စစ်တလင်းမြေ၌ ရန်သူများနှင့် မတိုက်ရငြားလည်း မိမိ၏ဝန်းကျင်ပတ်လည်၌ နာကျင်ဝေဒနာခံစားနေရသူများကို တွေ့ရသည်။ အထီးကျန် လျက် ဘဝကို တစ်ကိုယ်တည်း ရုန်းကန်နေရသူများ၊ ဆုံးရှုံးမှုခံစားရသူများ၊ ကျန်းမာရေး ပြဿနာကြုံရသူများ၊ ဒုစရိုက်နွံနစ်နေသူများ- ၎င်းတို့၏ အော်ညည်းသံများ၊ သနားခြင်းနှင့် နှစ်သိမ့်မှု၊ မျှော်လင့်ခြင်းနှင့် မစမှုကိုတောင်းခံသံများကို မိမိဖာသာ အာရုံများပြီး မကြားမိပါ။ ခရစ်တော်ကဲ့သို့ ကရုဏာပြသည့် ကာ့လဲန်၏ စံနမူနာက “ရန်သူကို ချစ်လော့” (မ ၅း၄၄) ဟူသည့် သခင်ယေရှုအမိန့်တော်ကို လက်တွေ့နာခံခြင်းဖြစ်သည်။ (ရောမ ၁၂း၂၀) တွင် “သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဖို့ ပေးလော့” ဟု ရှင်ပေါလုက (သု ၂၅း၂၁) ကို ကိုးကားရာ၊ ၎င်းသည် ယေရှု၏အမိန့်ကို အလေးအနက်ပြုခြင်းပါ။ “အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကို နိုင်လော့” (း၂၁) ဟုရှင်ပေါလုက သွန်သင်ခဲ့ပါသည်။ ရှင်ပေါလု၏သွန်သင်ချက်က တပ်ကြပ်ကြီး ကာ့လဲန်ကို အတုယူပြီး သူ့ထက် သာအောင် အစေခံရန် ကျွန်ုပ်တို့ကို စိန်ခေါ်နေ၏။ ယနေ့သည် လုံခြုံကောင်းမွန်စွာရှိနေ သည့် နံရံကိုကျော်ပြီး လိုအပ်သူများအတွက် ဘုရားသခင်ထံမှလာသော ကရုဏာတော်ကို ပေးကမ်းရန် နေ့ပင်ဖြစ်တော့သည်။

November 3, 2013

**ဗတ္တိဇံခံယူခြင်း၏အရေးပါမှု**

(ခရစ်ယာန်များ ဗတ္တိဇံခံယူခြင်း၏အရေးပါမှု) သမ္မာကျမ်းစာဖော်ပြချက်အရ၊ ခရစ်ယာန်များ ဗတ္တိဇံခံယူခြင်းသည် ယုံကြည်သူများ၏ အတွင်း နှလုံးသားထဲ၌ရှိသော ယုံကြည်ခြင်းကို ပြင်ပန်းသဏ္ဍာန်အားဖြင့် သက်သေထူထင်ရှားစေ ခြင်းဖြစ်သည်။ ခရစ်ယာန်များဗတ္တိဇံခံယူခြင်းသည် ယုံကြည်သူတစ်ဦးက ခရစ်တော်နှင့်အတူသေကြောင်း၊ အတူသင်္ဂြိုဟ်ခြင်းခံကြောင်း နှင့် အတူရှင်ပြန်ထမြောက်ကြောင်းကို သက်သေထူခြင်းဖြစ်ပါသည်။ သမ္မာကျမ်းစာက “ယေရှုခရစ်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့မသိသလော။ ထိုကြောင့်အသေခံတော်မူခြင်း၌ ဗတ္တိဇံမင်္ဂလာခံ သောအားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံရကြ၏။အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့်၊ သေခြင်းမှထမြောက်တော်မူသည့်နည်းတူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း” (ရောမ၊ ၆း၃-၄) ဟုဖော်ပြထားပါသည်။ ခရစ်ယာန်များဗတ္တိဇံခံယူခြင်း၌ ရေထဲသို့နှစ်မြှုပ်ခြင်းသည် ခရစ်တော်နှင့်အတူသင်္ဂြိုဟ်ကြောင်း ထင်ရှားစေပါသည်။ ရေပေါ်သို့ပြန်ထခြင်းသည်လည်း သခင်ယေရှု၏ထမြောက်ခြင်းကို ပုံဖော်ပြ သသည်။ ခရစ်များဗတ္တိဇံခံယူခြင်းတွင် ဗတ္တိဇံခံယူမည့်သူက ဤအချက်နှစ်ခုတို့နှင့်ပြည့်စုံရပေမည်။ ၁။ထိုသူသည် သခင်ယေရှုခရစ်တော်ကို မိမိအသက်ကယ်တင်ပိုင်ရှင် အဖြစ်ယုံကြည်လက်ခံရမည်။ ၂။ဗတ္တိဇံမင်္ဂလာခံယူခြင်း၏ အရေးပါမှုကိုလည်းနားလည်ရပေမည်။ လူတစ်ဦးသည် သခင်ယေရှုကို မိမိကယ်တင်ပိုင်ရှင် အဖြစ်လက်ခံလျှင်၎င်း၊ ဗတ္တဇံမင်္ဂလာခံယူခြင်းသည် ပရိတ်သတ်ရှေ့မှောက်တွင် သခင်ယေရှုကို ယုံကြည်ကြောင်း သက်သေထူ၍ နာခံခြင်းအားဖြင့် ခြေတစ်လှမ်းရှေ့တိုးခြင်းဖြစ်သည် ဟုသိရှိလျှင်၎င်း၊ ထိုအရည်အချင်းနှင့်ပြည့်စုံသောခရစ်ယာန် တစ်ဦးသည် ဗတ္တိဇံမင်္ဂလာကို မခံဘဲမနေနိုင်ပေ။ သမ္မာကျမ်းစာဖော်ပြချက်အရ၊ ခရစ်ယာန်များ ဗတ္တိဇံခံယူခြင်းသည် ယုံကြည်ခြင်း၏ခြေတစ်လှမ်းတက်ခြင်း၊ လူအများရှေ့တွင် သခင်ယေရှုကို ယုံကြည်ဆက်ကပ်မှုရှိကြောင်းကို ကြွေးကြော်ခြင်း၊ ခရစ်တော်၏အသေခံခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် ထမြောက်ခြင်းတို့ကို အသိအမှတ်ပြုခြင်းဖြစ်သောကြောင့် ရေနှစ်ခြင်းမင်္ဂလာခံယူခြင်းသည် အလွန်အရေးကြီးသည်။

(ဘုရားသခင်၏ ဂုဏ်အင်္ဂါရပ်)

ဘုရားသခင်သည် မည်သည့်အရာနှင့် တူသနည်း။? ကျွန်ုပ်တို့သည် ဤမေးခွန်းကိုဖြေဆိုရန် ကြိုးပမ်းသည့်နည်းတူ ဘုရားသခင် အကြောင်းကို နေရာများစွာတို့၌ တွေ့ရှိနိုင်ခြင်းသည် သတင်းကောင်းတစ်ခုဖြစ်ပါသည်။ နှုတ်ကပတ်တော်ဖြစ်သော သမ္မာကျမ်းစာတော်ထဲတွင် ဘုရားသခင်သည် မည်သည့်အရာနှင့်တူကြောင်းကိုဖြစ်စေ၊ သူသည်မည်သည့် အရာနှင့်မတူကြောင်းကိုဖြစ်စေ ဖော်ပြထားခြင်း သည် သတင်းကောင်းဖြစ်ပါသည်။ သမ္မာကျမ်းစာဖော်ပြချက်မပါပဲ ဘုရားသခင်၏ ဂုဏ်အင်္ဂါရပ်တို့ကိုဖော်ပြထားခြင်းသည် ကောင်းမွန်သော အရာမဟုတ်ပေ။ အထူးသဖြင့် ဘုရားသခင်၏အကြောင်းကို သိရှိနားလည်းခြင်း၌ သမ္မာကျမ်းစာအတိုင်း မဖော်ပြလျှင် မှားယွင်းမှုများစွာရှိသည် (ယောဘ၊ ၄၂း၇)။ ဘုရားသခင်သည် မည်သို့သောအရာနှင့်တူကြောင်းကို သိရှိရန် ကြိုးပမ်းအားထုတ်ခြင်းသည် အရေးကြီးသည်ဟု ပြောဆိုခြင်းသည်မှားယွင်းမှုကြီးတစ်ရပ် ဖြစ်နိုင်ပါသည်။ ဘုရားသခင်သည် မည်သို့သော အရာနှင့်တူကြောင်းကိုမသိရှိခြင်းက ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင်၍ တခြားဘုရားများကိုတည်ခြင်း၊ နောက်လိုက်ခြင်းနှင့်ကိုးကွယ်ခြင်းတို့ဖြစ်စေတတ်သည် (ထွက်၊ ၂၀း၃-၅)။ ဘုရားသခင်ဖွင့်ပြသောအရာများကိုသာသိရှိနိုင်ပါသည်။ဘုရားသခင်၏ ဂုဏ်အင်္ဂါရပ်များ (သို့) အရည်အချင်း ထဲမှ တစ်ခုသည် “အလင်း” ဖြစ်သည်။ သူကိုယ်တိုင်က အလင်းဖြစ်ကြောင်းကို ဖော်ပြလိုခြင်းဖြစ်သည်(ဟေရှာ၊ ၆၀း၁၉၊ ယာကုပ်၊ ၁း၁၇)။ ကျွန်ုပ်တို့သည် ဘုရားသခင်ရှိတော်မူသော အရပ်၌ ၀င်ရောက် ခြင်းမပြုမချင်း ဘုရားသခင်သည် သူရှိကြောင်းကို ဖော်ပြသောသမ္မာတရားကို ကျွန်ုပ်တို့သည် မထီမဲ့မြင်မပြုနိုင်ပေ (ဟေဗြဲ၊ ၄း၁) ။ ဖန်ဆင်းခြင်း၊ သမ္မာကျမ်းစာနှင့် နှုတ်ကပတ်တော်တို့သည် လူဇာတိဖြစ်လာသော (သခင်ယေရှုခရစ်တော်) ဘုရားသခင်သည် မည်သည့်အရာနှင့်တူကြောင်းကို သိရှိစေပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ဖြစ်ကြောင်း နှင့် ကျွန်ုပ်တို့သည် သူ၏ ဖန်ဆင်းထားသော သူများဖြစ်ကြောင်း သိရှိခြင်းမှအစပြုကြပါစို့၊ (က၊ ၁း၁၊ ဆ၊ ၂၄း၁)။ လူသည်ဘုရားသခင်၏ပုံသဏ္ဍန်တော်နှင့် ဖန်ဆင်းခြင်းခံရသောသူဖြစ်ကြောင်း ဘုရားသခင်ကပြောကြားခဲ့ပါသည်။ လူသားသည်ဖန်ဆင်းထားသော အရာတို့ထက် မြင့်မြတ်၍ ဖန်ဆင်းထားသော အရာများအုပ်စိုးရန် တာဝန်အပ်နှံခြင်းခံခဲ့ရသည် (က၊ ၁း၂၆-၂၈)။ ဖန်ဆင်းခြင်းသည် လူသား ကျဆုံးခြင်းအားဖြင့် ပျက်ဆီးသွားခဲ့သော်လည်း ဘုရားသခင်၏ လက်ယာတော်သည် ယခုတိုင်အောင် မြင်တွေ့နိုင်ပါသည် (က၊ ၃း၁၇-၁၈၊ ရောမ၊ ၁း၁၉-၂၀)။ ဖန်ဆင်းခြင်း၏ ကြီးမားကျယ်ပြန့်မှု၊ ရှုပ်ထွေးမှု၊ လှပမှုနှင့် စနစ်တကျတည်ရှိမှုတို့ကို ကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ မြင့်မြတ်မှုကို ထင်ရှားစွာတွေ့နိုင်ပါသည်။ ဘုရားသခင်၏နာမတော်တချို့တို့ကို ဖတ်ရှုခြင်းအားဖြင့် ဘုရားသခင်သည် မည်သည့် အရာ နှင့် တူကြောင်းကို စူးစမ်းရှာဖွေရာတွင် များစွာအကျိုးပြုနိုင်ပါသည်။ Elohim - တန်ခိုးကြီးသောဘုရားသခင် (က၊ ၁း၁)။ Adonai - သခင်၊ သခင်နှင့်ကျွန်ုပ်တို့၏ဆက်နွယ်မှုကိုပြသခြင်း (ထွက်၊ ၄း၁၀၊ ၁၃)။ El Elyon - အမြင့်ဆုံးသောဘုရား၊ တန်ခိုးအကြီးသောဘုရား (က၊ ၁၄း၂၀)။ El Roi - စောင့်ထိန်းတော်မူသော တန်ခိုးကြီးသောဘုရား (က၊ ၁၆၊ ၁၃)။ El shaddai - အရာခပ်သိမ်းတက်စွမ်းနိုင်သော ဘုရား (က၊ ၁၇း၁)။ El olam - ထာဝရဘုရားသခင် (ဟေရှာ၊ ၄၀း၂၈)။ Yehweh - “ငါ” ဟူသော ဘုရားသခင်၊ မိမိကိုယ်ကို ထာဝရတည်ရှိသော ဘုရားသခင်ဟု အဓိပါယ်ရသည် (ထွက်၊ ၃း၁၃၊ ၁၄)။ “ထာဝရဘုရား” ၏ အဓိပ္ပါယ်သည် သူတည်ရှိခြင်းက အစမရှိ၊ အဆုံးလည်းမရှိခြင်း ပင်ဖြစ်သည်။ သူသည် ယိုယွင်းပျက်စီးခြင်းမရှိ၊ ထာဝရတည်ရှိသော ဘုရားသခင်ဖြစ်သည် (တ၊ ၃၃း၂၇၊ ဆာ၊ ၉၀း၂၊ ၁တိ၊ ၁း၁၇)။ ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိပေ။ ဘုရားသခင်သည် မှီခိုအားကိုးထိုက်သော ဘုရားနှင့်ယုံ ကြည်ကိုးစားထိုက်သော ဘုရားသခင်ဖြစ်ပါသည် (မာ၊ ၃း၆၊ တော၊ ၂၃း၁၉၊ ဆာ၊ ၁၀၂း၂၆၊ ၂၇)။ ဘုရားသခင်သည် သူ၏လုပ်ငန်းအားဖြစ်စေ၊ သူ၏ဖြစ်ခြင်း၌ဖြစ်စေ၊ သူနှင့်တူသောသူတစ်ဦးမျှမရှိပေ။ သူသည် အရာအားလုံးထက်သာလွန်၍ပြီးပြည့်စုံသော ဘုရားသခင် ဖြစ်တော်မူသည် (၂ ဓမ္မ၊ ၇း၂၂၊ ဆာ၊ ၈၆း၈၊ ဟေရှာ၊ ၄၀း၂၅၊ မဿဲ၊ ၅း၄၈)၊ ဘုရားသခင်တည်ရှိခြင်းကို လုံးလုံးလျားလျားရှာဖွေသိရှိ နားလည်း၍မရပေ (ဟေရှာ ၄၀း၂၈၊ ဆာ ၁၄၅း၃၊ ရောမ ၁၁း၃၃-၃၄) ဘုရားသခင်သည် တရားမျှတသည်သူသည် ဘယ်ပုဂ္ဂိုလ်မှမျက်နှာသာမ ပေးခြင်းကို ဆိုလိုသည် (တရား ၃၂း၎ ဆာလံ ၁၈း၃၀)။ ဘုရားသခင်သည် အရာ ခပ်သိမ်းကို တတ်စွမ်းနိုင်သည်။ သူသည်တန်ခိုးအလုံးစုံကိုပိုင်ဆိုင်သည်။ သူလုပ် ချင်သောအရာဟူသမျှလုပ်နိုင်သည်။ သို့သော် သူလုပ်ဆောင်သမျှအားလုံးသည် သူ၏စိတ်နေသဘောထားနှင့်ညီညွှတ်မူရှိသည်။ (ဗျာ ၁၉း၆ ယော ၃၂း၁၇-၂၇)။ ဘုရားသခင်သည် နေရာတိုင်း၌ရှိခြင်း၏ အဓိပ္ပါယ်သည် သူကအချိန်တိုင်း၌ တည်ရှိခြင်းကို ဆိုလိုသည်။ ဘုရားသခင်သည်အရာခပ်သိမ်းကိုသိသည်။ အတိတ်၊ ပစ္စုပ္ပုန်၊ အနာဂတ်၌ ဖြစ်ပျက်သော အကြောင်းအရာ ဟူသမျှ သူသိရှိသည်။ ကျွန်ုပ်တို့၏နှလုံးသား၌ ကြံစည်သော အကြံစည်များကိုလည်းသူသိသည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို သိသောကြောင့် သူ၏တရား စီရင်ခြင်းသည် အစဉ်အမြဲမျှတသည် (ဆာ ၁၃၉း၁-၅၊ သုတ္တံ ၅း၂၁)။ ဘုရားသခင်သာလျှင် ဘုရားဖြစ်သည်အဓိပ္ပါယ်သည်ဘုရားသခင်ကလွဲ၍ တခြားသော ဘုရားမရှိခြင်းကို ဆိုလိုသည်။ သူသာလျှင်ကျွန်ုပ်တို့၏နှလုံးသားထဲ၌ လိုချင်တောင်းတ သောအရာများကို ဖြည့်ဆည်းပေးနိုင်သည်။ ဘုရားသခင် သာလျှင် ၀တ်ပြုကိုးကွယ်ခြင်းပေးအပ်ရန်ထိုက်တန်သည်(တရား ၆း၎)။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း အဓိပ္ပါယ်သည် ဘုရားသခင်သည် မှားယွင်းသောအရာ တစ်ခုမျှမလုပ်ခြင်းကိုဆိုလိုသည်။ ထို့ကြောင့်ဘုရားသခင်သည် ဖြောင့်မတ်၍ တရားမျှတ သော ဘုရားဖြစ်သည်။ ကျွန်ုပ်တို့၏အပြစ်ကို ခွင့်လွတ်နိုင်ရန်အတွက် ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်များကို သခင်ယေရှု ပေါ်သို့ တင်သောအခါ သခင်ယေရှုသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ရင်ဆိုင်ခဲ့ရသည် (ထွက် ၉း၂၇၊ မဿဲ၊၄၅-၄၆၊ ရောမ၊ ၃း၂၁-၂၆)။ ဘုရားသခင်သည်တန်ခိုးအလုံးစုံ၏အရှင်ဖြစ်ခြင်း၏အဓိပ္ပါယ်သည်သူသည်အမြင့်ဆုံး သောဘုရားသခင် ဖြစ်ကြောင်းကို ဆိုလိုသည်။ သူ၏ဖန်ဆင်းခြင်းသည် တညီတ ညွတ်တည်းတည်ရှိသည်။ ဖန်ဆင်းခြင်းခံသောအရာများသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို လုံးဝမဖြတ်ဆီးနိုင်ပေ (ဆာ၊ ၉၃း၁၊၉၅း၃၊ ယေရမိ၊ ၂၃း၂၀)။ ဘုရားသခင်သည် နံဝိညာဉ်ဖြစ်ခြင်း၏အဓိပ္ပါယ်သည်သူ့ကိုသာမန်မျက်စိဖြင့် မမြင်နိုင် ခြင်းကိုဆိုလိုသည် (ယောဟန် ၁-၁၈၊ ၄း၂၄)။ဘုရားသခင်သည် သုံးပါးတစ်ဆူဖြစ်သည်။ သုံးပါးတစ်ဆူဟုခေါ်ရာတွင် ပုဂ္ဂိုလ်တစ်ပါးစေတိုင်း၌ရှိသော တန်ခိုးနှင့် ဘုန်းတော် တို့သည် တစ်ခြားသောတစ်ပါးတို့၌ရှိသော ဘုန်းတန်ခိုးတော်နှင့်တူညီ ခြင်းကို ဆိုလို သည်။ ရှင်မဿဲ ၂၈း၁၉ ကိုကြည့်သောအခါ “(နာမည်)” ကိုအနည်းကိန်းဖြင့်ဖော်ပြထားသော်လည်း သုံးပါး တစ်ဆူဖြစ်သော “ခမည်းတော်ဘုရား သားတော်ဘုရား သန့်ရှင်းသောဝိညာဉ်ဘုရား မုသာစကားကို မသုံးတတ်သော ဘုရားသခင်ဖြစ်သည် (ဆာ၊ ၁၁၇း၂၊ ၁ဓမ္မ၊ ၁၅း၂၉)။ ဘုရားသခင်၏် သန့်ရှင်းသည်အဓိပ္ပါယ်သည် ညစ်ညမ်းသောအရာဟူ သမျှနှင့် မရောနှောဘဲ ဆန့်ကျင်ဘက် ဖြစ်ခြင်းကိုဆိုလိုသည်။ တည်ရှိပြီးသောဆိုးသွမ်းမှုများက ဘုရားသခင်ကိုအမျက်ထွက်စေသည်။ ဘုရားသခင်သည် လောင်းကျွမ်းသောမီးအဖြစ် ဖော်ပြထားသည် (ဟေရှယ၊ ၆း၃၊ ဟဗက္က၊ု ၁း၁၃၊ ထွက်၊ ၃း၂၊ ၄၊ ၅၊ ဟေဗြဲ၊ ၁၂း၂၉ )။ ဘုရားသခင်သည် ကျေးဇူးပြုတတ်သော ဘုရားသခင်ဖြစ်သည်။ ကျေးဇူးပြုသည်ဟုဆိုရာတွင် သူ၏ကောင်းမြတ်ခြင်း၊ သနားကြင် နာတတ်ခြင်း၊ ကျေးဇူးပြုခြင်းနှင့်ချစ်ခြင်းတို့ကိုပါဝင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ကောင်းမြတ်ခြင်းအဓိပ္ပါယ်ကို စကားလုံး အားဖြင့် ဖော်ပြနိုင်သောအရာများဖြစ်သည်။ဘုရားသခင်၏ ကောင်းမြတ်ခြင်းမရှိလျှင် တခြားသောအင်္ဂါရပ်တို့ကိုကျွန်ုပ်တို့ ခံစားရလိမ့်မဟုတ်ပေ။ ကျေးဇူးတင်စရာတစ်ခုသည် ဘုရားသခင်သည် ကျွန်ုပ်တို့ကို တစ်ဦးခြင်းစီသိရှိလိုသောဆန္ဒသည် သူ၏ကောင်းမြတ်ခြင်းပင် ဖြစ်သည် (ထွက၊် ၃၄း၆၊ ဆာလံ၊ ၃၁း၁၉၊ ၁ပေ၊ ၁း၃၊ ယောဟာန၊် ၃း၁၆၊ ယောဟာန၊် ၁၇း၃)။ ဘုရားသခင်သည် ထာဝရဘုရားသခင်ဖြစ်သောကြောင့် သူသည်မည်သည့် ပုံစံဖြစ်သည်ဟူသောမေးခွန်းကို ပြည့်စုံစွာ မည်သူကမှ မဖြေဆိုနိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်သည် မည်သူဖြစ်ကြောင်းကို ၎င်းသူကို မည်ကဲ့သို့သောသူဖြစ်သည်ကို ၎င်းသိရှိနိုင်သည်။ ဘုရားသခင်၏အကြောင်းကို ဆက်လက်၍ နှလုံးသားအကြွင်းမဲ့ ရှာဖွေတွေ့ရှိနိုင်ကြပါစေ (ယောမိ ၂၉း၁၃)။

Suicide(ကိုယ်.အသက်ကိုကိုယ် မသတ်သင်.ပါ)

**ခင်မင်ရင်းနှီးသောသူငယ်ချင်းက မေးဘူးသည်”ယုဒရှာကာရုဒ်၏ မိမိကိုယ်မိမိသတ်သေခြင်း”အပေါ် ဘယ်လိုမြင်သလဲ? ထိုမေးခွန်းသည် လွယ်သော်လည်း၊အဖြေရခက်သော မေးခွန်းဖြစ်သည်။ သို.သော် သေချာစဉ်းစားပါက Judas သည်အလိုတော်နှင်.ကတ်.လန်.ဖြစ်နေသော နောင်တရခြင်းလို. ပောချင်ပါသည်။ (မာသဲ ၂ရး၃-၁၀)ယုဒရှာကရုဒ်သည် နောင်တရ၍ငွေ ၃၀ ပြန်ပေး၊ကြိုးတပ်ပြီး သေလေ၏)လို. ကျမ်းစာကပြောပါတယ်။ သူအမှန်တကယ် နောင်တရ( repent/regret/remorse ) သည်.အတွက် ငွေကိုပြန်ပေးခြင်း ဖြစ်သည်မှန်သော်လည်း နောင်တရခြင်း၏ ကျင်.ထုံး/လမ်းစဉ် မှားနေတယ် လို.ပြောချင်တယ်။စစ်မှန်သော ကျမ်းစာကပြောသည်.နောင်တရခြင်းသည် ကိုယ်.ကိုကိုယ် အဆုံးစီရင်ခြင်းမဟုတ်ဘဲ မိမိလုပ်ရပ်/သွား သည်.လမ်းမှ နောင်တရ၍ ပြန်လှည်.ခြင်း(YOU TURN) ဖြစ်ဖို.လိုပါတယ် ။ ကျွန်တော်တို.ပြုမိသည်.အပြစ်အတွက် ယုဒရှာကာရုဒ်ကဲ.သို.တဖက်စွန်းရောက် extreme မဖြစ်ဘဲ ရိုးရိုးလေးအပြစ်ဝန်ခံပြီး နောက်တခါ မလုပ်တော.ဖို. ယေရှုကသွန်သင်ပါတယ်။ (မာသဲ21:29, 32; 2 Cor 7:8; Heb 7:21) မှာလည်း နောင်တရခြင်းကိုတွေ.ရပါသည်။ မိမိမှားပါသည်ဟု ယုဒရှာကာရုတ်ကဲ.သို. ပရောဟိတ်(လူပုဂိုလ်)ထံသို.သွားခြင်းမျိုးမဟုတ်ဘဲ ခရစ်တော်ထံသို.ဒူးထောက်ဝန်ချပါက သခင်ဘုရားက ခွင်.လွှတ်ဖို.အစဉ်သင်. စောင်.နေပါတယ်။ သို.သော် အပြစ်ကို ရွံ.မုန်းစွန်.လွှတ်လိုစိတ်ရှိဖို.တော.လိုပါတယ်။ ကျွန်ုပ်တို.သည် အဘယ်ကြောင့် မိမိကိုယ်ကို သေကြောင်းမကြံစည်ရမည်နည်း? မိမိကိုယ်ကို သေကြောင်းကြံစည်မှုဖြင့် သေသွားသောသူတို့အတွက် ကျွန်ုပ်တို့၏ နှလုံးသားထဲ၌ ခံစားမှုများ စွာရှိသည်။ ထိုသို့ အသေခံသောသူသည် မိတ်ဆွေဖြစ်ခဲ့လျှင် မျှော်လင့်ချက်ကင်းမဲ့ခြင်းနှင့် စိတ်ပျက်ဝမ်းနည်းခြင်း ကဲ့သို့သော စိတ်ဖိဆီးမှုတို့ကို ခံစားသည်ဟု ပြောစရာရှိပါသည်။ မိတ်ဆွေသည် နက်ရှိုင်းသောတွင်းထဲသို့ ကျသောသူကဲ့သို့ စိတ်ဖိဆီးမှုကို ခံစားနိုင်သည်။ ထို့ပြင် ပို၍ကောင်းမွန်သော အရာဖြစ်သော မျှော်လင့်ခြင်းရောင်ခြည်ကို မည်သူကမှစိတ်ဝင်စား၍ သိရှိလိမ့်မည်မဟုတ်ပေ။ ထိုသို့သောဘ၀သည် ရှင်သန်ရန် သင့်လျော်သလော့။ ချို့တဲ့သော စိတ်ဖိဆီးမှုကို များစွာသောသူတို့က တချိန်ချိန်တွင် တွေ့ကြုံခံစားရမည်ဖြစ်ပါသည်။ စိတ်ဖိဆီးမှုဒဏ်ကြောင့် ငရဲထဲသို့ ရောက်နေသော သူတို့၏ စိတ်ထဲတွင် ဤကဲ့သို့သောမေးခွန်းများ ပေါ်လာနိုင်သည်။ “ဤကဲ့သို့ စိတ်ဖိဆီးမှုခံစားခြင်းသည် ကျွန်ုပ်ကိုဖန်ဆင်းခဲ့သော ဘုရားသခင်၏ အလိုတော်ဖြစ်သလား။” “ကျွန်ုပ်ကို မကယ်တင်နိုင်လောက်အောင် ဘုရားသခင်သည် အလွန်သေးငယ်သလော။” သို့သော်၊ယခု-ဘုရားသခင်သည် စစ်မှန်သောဘုရားဖြစ်ကြောင်းကို အချိန်အနည်းငယ်ယူ၍ မိတ်ဆွေစဉ်းစားကြည့်လျှင် သူသည် “I am, who I am”သူဖြစ်သည့်အတိုင်း ကြီးမားကြောင်းကို သက်သေ ပြပါလိမ့်မည်။ “ဘုရားသခင်အတွက် မဖြစ်နိုင်သောအရာ တစ်ခုမျှမရှိပေ” (လု၊ ၁း၃၇)။ ဒဏ်ရာဟောင်းက ငြင်းပယ်မှု (သို့ ) စွန့်ပစ်မှုကို ခံစားစေတတ်သည်။ ၎င်းက မိမိကိုယ်ကို သနားခြင်း၊ အမျက်ထွက်ခြင်း၊ ခါးသီးမှုကို ခံစားခြင်း၊ လက်စားချေလိုသော စိတ်များ(သို့) နည်းလမ်းများ၊ ကျမ်းနာရေးအတွက် ပူပန်စိတ်များ ဖြစ်စေတတ်ပါသည်။ ၎င်းတို့က မိတ်ဆွေ၏ အရေးကြီးသော ဆက်နွယ်မှုတချို့တို့ကို ထိခိုက်ပျက်စီးစေနိုင်ပါသည်။ သို့သော် ကိုယ်ကိုယ့်ကို သတ်သေခြင်းသည် မိတ်ဆွေ လုံးဝမထင်မှတ်သည်၊ မိတ်ဆွေ မြတ်နိုးသော သူတစ်ယောက်က မိတ်ဆွေကို နာကျည်းအောင် ပြုသည့်အခါတွင် ဖြစ်စေ၊ မိတ်ဆွေ၏ဘ၀၌ နာကျည်းခဲ့သော ဒဏ်ရာဟောင်းတွေ ပြန်ပေါ်လာသောအခါတွင်ဖြစ်စေ၊ ကိုယ့်ကိုယ်ကို သတ်သေခြင်း အကြောင်းဖြစ်တတ်သည်။ မိတ်ဆွေ!!..မိတ်ဆွေ၏ အသက်တာထဲ၌ မည်မျှပင်ဆိုးသွမ်းမှုတွေ ရောက်ပါစေ၊ မိတ်ဆွေ၏ ၀မ်းနည်းပူဆွေးမှုထဲတွင် လမ်းပြပို့ဆောင်ရန်နှင့် အံ့သြဖွယ်ကောင်းသော အလင်းထဲသို့ ပို့ဆောင်ပေးရန် စောင့်ထိန်းသူချစ်ခြင်းမေတ္တာနှင့် ပြည့်စုံသော ဘုရားသခင်ရှိပါသည်။ သူသည်မိတ်ဆွေ မျှော်လင့်သော သူပင်ဖြစ်သည်။ သူ၏အမည်နာမသည် သခင်ယေရှုဖြစ်သည်။ ထိုသခင်ယေရှု၊ အပြစ်ကင်းမဲ့သော ဘုရားသခင်၏သားတော်သည် မိတ်ဆွေ၏ စွန့်ပစ်မှုခံရသော အချိန်နှင့် အနှိမ်ခံဘ၀၌ နေသောအချိန်တွင် မိတ်ဆွေနှင့်အတူ အစဉ်အမြဲရှိပါသည်။ ပရောဖက်ဟေရှာယက သူ့အကြောင်းကို ဤသို့ ရေးသားခဲ့သည်။ ထာဝရဘုရား၏ကျွန်သည် အညွန့်ကဲ့သို့၎င်း၊ သွေ့ခြောက်သော မြေ၌ပေါက်သော အတက်ကဲ့သို့၎င်း၊ ရှေ့တော်၌ကြီးပွား၏။ ပမာဏပြုစရာ အဆင်းတင့်တယ်ခြင်းမရှိ။ ချစ်လိုဖွယ်သော မျက်နှာလက္ခဏာနှင့်မပြည့်စုံ။ မထီမဲ့မြင်ပြုခြင်းကိုခံ၍၊ လူတို့တွင် အယုတ်ဆုံးသော သူဖြစ်၏။ ငြိုငြင်သောသူ၊ နာကြည်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သောသူဖြစ်၏။ သူတစ်ပါးမျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ဖြစ်၏။ မထီမဲ့မြင်ပြုခြင်းကိုခံလျက်ရှိ၍ ငါတို့သည်မရိုသေကြ။ သို့သော်လည်း ထိုသူသည် ငါတို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။ ဒဏ်ခတ်တော်မူခြင်းကို၎င်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူခြင်းကို၎င်း၊ ခံရသောသူဖြစ်သည်ဟု ငါတို့ကသည် ထင်မှတ်ကြပြီ။ ထိုသူသည် ငါတို့လွန်ကျူးအပြစ်များကြောင့် နာကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်းကိုခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသောဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍ ခံရသောဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျော်လျက်ရှိကြ၏။ ငါတို့ရှိသမျှသည် သိုးကဲ့သို့လမ်းလွှဲလျက်၊ ကိုယ့်လမ်းသို့ အသီးအသီး လိုက်သွားကြသည်ဖြစ်၍ ထာဝရဘုရားသည် ငါတို့၏ခပ်သိမ်းသော အပြစ်များကို သူ့အပေါ်၌ ထင်တော်မူ၏ (ဟေရှာ၊ ၅၃း ၂-၆)။ ချစ်မိတ်ဆွေ၊!!..မိတ်ဆွေ၏အပြစ်အားလုံး လွှတ်ငြိမ်းချမ်းသာခွင့်ရရှိရန် သခင်ယေရှုခရစ်တော်က သည်းခံခွင့်လွှတ် ခြင်းဖြင့် ဤအမှုကို ပြုနေခြင်းဖြစ်သည်။ မိတ်ဆွေ၏အပြစ်သည် မည်မျှပင် ကြီးမားလျှင်လည်း မိတ်ဆွေသည် နှိမ့်ချစွာဖြင့် နောင်တရလျှင် ခရစ်တော်က မိတ်ဆွေကို ခွင့်လွှတ်ပါလိမ့်မည်။ (အပြစ်ဒုက္စရိုက်နွံထဲမှရုန်းထွက်၍ ဘုရားသခင်ထံသို့ ပြန်လာပါ။ “အမှုရောက်သည့်ကာလ၌ ငါ့ကို ပဌနာပြုလော့။ ငါသည်ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကို ချီးမွှမ်းလိမ့်မည်” (ဆာ၊ ၅၀း၁၅)။ မိတ်ဆွေပြုခဲ့သောအရာများက သခင်ယေရှုအတွက် ခွင့်လွှတ်ရန် အလွန်ဆိုးရွားမည်မဟုတ်ပေ။ သမ္မာကျမ်းစာထဲ၌ ဖော်ပြထားသော ပုဂ္ဂိုလ်တချို့က ကြီးမားသော အမှုပြုခဲ့ပါသည်။ ထိုပုဂ္ဂိုလ်တို့သည် လူသတ်သမား (မောရှေ)၊ လူသတ်၍မတရားပြုသူ (ဒါဝိတ်ဘုရင်)၊ စိတ်ပိုင်းနှင့်ကာယပိုင်းဆိုင်ရာ ကြမ်းကြုတ်သူ(တမန်တော် ရှင်ပေါလု) တို့ဖြစ်ကြသည်။ သို့သော် သူတို့သည် ဘုရားသခင်အားဖြင့် အပြစ်လွှတ်ငြိမ်းခြင်း အခွင့်နှင့် အသစ်သော ကြွယ်ဝသော အသက်တာကို ရရှိခဲ့ကြသည်။ “ဒုက္စရိုက်အညစ်အကြေးကို အကုန်အစင်ဆေးကြော၍ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ” (ဆာ၊ ၅၁း၂)။ “လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တ၀ါဖြစ်၏။ ဟောင်းသော အရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ (၂ကော၊ ၅း၁၇)။ မိတ်ဆွေသည် အဘယ့်ကြောင့် မိမိကိုယ်ကို သေကြောင်းမကြံသင့်သနည်း?? မိတ်ဆွေ၊..ယခု မိတ်ဆွေ၏ “ပျက်ဆီး” သောဘ၀၊ မိမိကိုယ်ကို သေကြောင်းကြံခြင်းအားဖြင့် သတ်သေရန် ကြိုးပမ်းအားထုတ်သောအသက်တာကို ဘုရားသခင်က ပြန်လည်ပြုပြင်ရန် အဆင့်သင့်ဖြစ်ပါသည်။ ပရောဖက်ဟေရှာယက ဤသို့ ပြောထားပါသည်။” ထာဝရဘုရား၏ ၀ိညာဉ်တော်သည် ငါ့အပေါ်မှာ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ၀မ်းမြောက်စရာ သတင်းကို ကြား ပြောစေခြင်းငှါ၊ ငါ့ကဘိသိက်ပေးတော်မူပြီ။ နှလုံးကြေကွဲသော သူတို့၏ အနာကိုစည်းစေခြင်းငှါ၎င်း၊ ဖမ်းသွား ချုပ်ထားလျက် ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့်၊ အကျဉ်းခံလျက်ရှိသော သူတို့အား ထောင်တံခါးဖွင့်စေခြင်းအကြောင်းကိုဖြစ်စေ ခြင်းငှါ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်နှင့် ငါတို့ဘုရားသခင်အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို ကြားပြောစေခြင်းငှါ၎င်း၊ စိတ်မသာညည်းထွားသောသူတို့အား နှစ်သိမ့်စေခြင်းငှါ၎င်း၊ စိတ်မသာ ညည်းထွားသော ဇိအုန်မြို့သားတို့အဖို့ စီရင်၍၊ ပြာ အရာ၌ ပေါင်းသရဖူ၊ ၀မ်းနည်းခြင်းအရာ၌ ၀မ်းမြောက်ခြင်းဆီ၊ ညှိုးငယ်သောစိတ်သဘောအရာ၌ ချီးမွမ်းခြင်း အ၀တ်တန်ဆာကို သူတို့အားပေးစေခြင်းငှါ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီ။ ထိုသူတို့သည် ဖြောင့်မတ်ခြင်းသပိတ်ပင်၊ ဘုန်းအသရေတော်တို့ ထာဝရဘုရား စိုက်ပျိုးတော်မူသော အပင်ဟူ၍ သမုတ်ခြင်းကို ခံရကြလိမ့်မည် (ဟေရှာ၊ ၆၁း၁-၃)။ သခင်ယေရှုထံပြန်လာ၍ မိတ်ဆွေက ပျော်ရွှင်ချမ်းမြေ့သော ဘ၀ကို ပြန်လည်ရယူပါ။ မိတ်ဆွေ၏ ဘ၀၌ အသစ်သောအမှု လုပ်ဆောင်နိုင်ရန် သခင်ယေရှုကို ယုံကြည်ကိုးစားမှုဖြင့် လျှောက်လှမ်းသည့်နည်းတူ အသုံးကျသော ဘ၀ကို ပြန်လည်ရယူပါ။ “ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ၀မ်းမြောက်ခြင်းအခွင့်ကို ပြန်၍ ပေးသနားတော်မူပါ။ ကြည်ညိုသော စေတနာစိတ်သဘောသည် အကျွန်ုပ်ကို ထောက်မပါစေသော။ အို..ထာဝရဘုရား၊ အကျွန်ုပ်တို့၏ နှုတ်ကိုဖွင့်တော်မူပါ။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း၍ မြွတ်ဆိုပါမည်။ ယဇ်ပူဇော်ခြင်းကို အလိုတော်မရှိ။ သို့မဟုတ်လျှင် ယဇ်ပူဇော်ပါမည်။ မီးရှို့သော ယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော်မမူ။ဘုရားသခင် နှစ်သက်တော်မူသော ယဇ်မူကား၊ကျိုးပဲ့သောစိတ်ပေတည်။ အို ဘုရားသခင်၊ ကိုယ်တော်သည် ကျိုးပဲ့ကြေမွသော နှလုံးကို ငြင်းတော်မမူတတ်ပါ” (ဆာ၊ ၅၁း၁၂-၁၅-၁၇)။ အချိန်တိုင်း၌ ဘုရားသခင် က မိတ်ဆွေ၏ အတွေးအခေါ်နှင့် ခြေလှမ်းများကို သူ၏ နှုတ်ကပတ်တော်၊ သမ္မာကျမ်းစာအားဖြင့် လမ်းပြပို့ဆောင် ပါလိမ့် မည်။ “သင်သွားရာလမ်းကို ငါညွှန်ပြ၍ လမ်းပြပါလိမ့်မည်။ ငါသည် သင့်ကိုသွန်သင်၍ စောင့်ထိန်းပါလိမ့်မည်” (ဆ၊ ၂း၈)။ “ဥာဏ်နှင့်ပညာသည် သင်၏လက်ထက်၌ တည်ကြည်ခြင်း၊ မြဲမြံစွာကယ်တင်ခြင်းကို ဖြစ်စေလိမ့်မည်။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည်လည်းသင်၏ ဘဏ္ဍာဖြစ်လိမ့်မည် (ဟေ ရှာ၊၃၃း၆)။ မိတ်ဆွေ၏ ဆုံးဖြတ်ချက်ပေါ်တွင် သခင်ယေရှုခရစ်တော်၏ ငြိမ်သက်ခြင်း သက်ရောက်ပါစေသော။Amen!!

November 2, 2013

* STILL *

ငြိမ်ဝပ်လျှက်နေပါ(Be still, My Soul)

ဖတ်ရန်: ဆာ 46;10 ငြိမ်ဝပ်လျက်နေကြလော့။ ငါကား ဘုရားသခင်ဖြစ်သည်ဟု သိမှတ်ကြ လော့။ အဲရစ်လစ်ဒယ် ဂုဏ်ပြုအမှတ်တရ > Chariots of Fire ရုပ်ရှင်ဇတ်ကားသည် သူတရုတ်ပြည်သို့ သာသနာပြုအဖြစ် မသွားမီ ၁၉၂၄ ခုနှစ် ပဲရစ်ကမ္ဘာ့အိုလံပစ်ပွဲ၌ ရွှေတံဆိပ်ဆု ရခဲ့သည့်အကြောင်းကို ရိုက်ကူးထားသည်။ ထိုအဖြစ်အပျက်နောက်ပိုင်း နှစ်များစွာကြာပြီး ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာသော် သူ့မိသားစုကို ဘေးကင်းလုံခြုံရာ ကနေဒါသို့ ပို့ထားပြီး၊ သူက တရုတ်ပြည်၌ပင် ကျန်နေခဲ့သည်။ ထို့နောက် သူအပါအဝင် အခြားသော နိုင်ငံခြားသာသနာပြု များသည် ဂျပန်စစ်အကျဉ်းစခန်း၌ ချုပ်နှောင် ဖမ်းဆီးခံကြရသည်။ အဖမ်းခံရပြီး လအတန်ကြာ သွားပြီးနောက်တွင် သူ၌ ဦးနှောက်အကျိတ်ရောင်ရောဂါ စွဲကပ်ခဲ့သည်။ သူတက်ရောက်ခဲ့သည့် ဆေးရုံအနီး၌ တီးဝိုင်းတစ်ဖွဲ့က တနင်္ဂနွေနေ့တိုင်း လာရောက်တီးမှုတ်လေ့ရှိရာ၊ တစ်နေ့တွင် အဲရစ် လစ်ဒယ် က ထိုတီးဝိုင်းအား “Be Still, My Soul” ဟူသည့်ဓမ္မတေးကို တီးမှုတ်ပေးရန် တောင်းဆိုခဲ့သည်။ သူနားထောင်နေစဉ် သီချင်းစာသားများကိုလည်း ဆင်ခြင်နေမည်ဟု ကျွန်တော်တွေးမိသည်။ “ငြိမ်ဝပ်လော့၊ ငါ့ဝိညာဉ်၊ အချိန်လျင်မြန်စွာကုန်လွန်သွားရာ၊ မကြာမီ သခင်နှင့် ထာဝရနေရမည်။ စိတ်ပျက်ဝမ်းနည်း စိုးကြောက်စရာများ ကျော်လွန်လျှင်၊ ဝေဒနာများ မေ့လျော့ကာ ချစ်မေတ္တာနှင့် ဝမ်းမြောက်ခြင်းပြည့်စုံလာမှာ၊ ငြိမ်ဝပ်လော့ ငါ့ဝိညာဉ်၊ မျက်ရည်များလွန်သွားလျှင် လုံခြုံလျက် မင်္ဂလာအပေါင်းပြည့်စုံစွာဖြင့် ပြန်တွေ့ဆုံရမည်။” ဤဓမ္မတေးသီချင်းက ဝေဒနာသည် အဲရစ်လစ်ဒယ်အတွက် အလွန်နှစ်သိမ့် သက်သာရာဖြစ်ခဲ့ပြီး နောက်သုံးရက်အကြာတွင် သူကွယ်လွန်သွားသည်။ ၎င်းအဖြစ်က ကျမ်းစာ၏ ကြီးမြတ်စစ်မှန်မှုကို ပြနေသည်။ ဆာ ၄၆း၁၀ တွင် ဆာလံဆရာ ဒါဝိဒ်က “ငြိမ်ဝပ်လျက်နေကြလော့။ ငါကား ဘုရားသခင်ဖြစ်သည်ဟု သိမှတ်ကြလော့” ဟု ရေးသားခဲ့သည်။ ဘဝအမှောင်ကျသောကာလများတွင် ကျွန်ုပ်တို့ကိုယ်စား ကျွန်ုပ်တို့၏ သခင်ဘုရားက သေခြင်းကို အောင်ခဲ့ပြီဖြစ်သောကြောင့် ကျွန်ုပ်တို့ငြိမ်ဝပ်ခွင့်ရပြီ။ ငြိမ်ဝပ် လျက်နေပြီး သခင့်အား သင်၏အကြီးမားဆုံးစိုးကြောက်စိတ်များကို ငြိမ်းခွင့်ပေးလိုက်ပါ။

November 1, 2013

(အချစ်ခံလိုသည်.အတိုင်း...အရင်ချစ်ပါ)..

လမ်းတော်သို့လိုက်သွားခြင်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်ခြင်း၊ပညတ်တော်ကို စောင့်ရှောက်ခြင်းအမှုမှတစ်ပါး သင်၏ ဘုရားသခင်ထာဝရဘုရား သည် အဘယ်အမှုကို တောင်းတော် မူသနည်း။(တရား ၁၀း၁၂) “သင်က မည်မျှချစ်ပါသည်ဟူသည့် အချက်အားဖြင့် ချစ်ခြင်းသဘောကို မဆုံးဖြတ်နိုင်။ အခြားသူ၏ချစ်မြတ်နိုးမှုကို သင်မည်မျှခံယူရရှိသနည်းဟူသည့် အချက်အားဖြင့်ချစ်ခြင်း နှလုံးသားကို ဆုံးဖြတ်နိုင်၏” ဟူသည့်စာသားကို လက်ဆောင်ပစ္စည်းဆိုင်နံရံထက်၌ တွေ့ရသည်။ ၎င်းသည် “Wizard of Oz” ကာတွန်းကားမှစကားဖြစ်သည်။ ၎င်းသည် ဇာတ်ကားကောင်းတစ်ကား ဖြစ်သော်လည်း ဝိညာဉ်ရေးရာသင်ခန်းစာယူရန် အတွက်မူ စိတ်မချရပါ။ “ကိုယ်တော်ကို ရှေ့ဦးစွာချစ်ရန်၊ ထို့နောက်မှ တစ်ပါးသူကိုချစ်ရန်”(မာ ၁၂း၂၉-၃၁) ဟူသည့် အကြီးမြတ်ဆုံးပညတ်ကို ပေးသည့် ဘုရား၏မိန့်ကြားချက်က အထက်ပါစာသားနှင့် ဆန့်ကျင်ဖက်ပါ။ အခြားသူ၏တုံ့ပြန် အချစ်ကို မျှော်လင့်ရန် ကျမ်းစာမှ မသွန်သင်ပါ။ ယေရှု၏အကျော်ကြားဆုံး တောင်ပေါ်ဒေသနာ တွင် “ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။ ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏”(မ ၅း၁၁-၁၂) ဟု မိန့်ကြားသည်။ အချစ်/ချစ်ခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့သိထားရမည့် အရေးကြီးဆုံးအရာမှာ ချစ်မေတ္တာသည် ဘုရားသခင်နှင့် အစပြုသည် (၁ယော ၄း၁၉)။ မောရှေက ဣသရေလ (အစ္စရေး)လူတို့အား ဘုရားသခင်သည် သူတို့ကို ချစ်ရသည်ကို ကျေနပ်ကြောင်း (တရား ၁၀း၁၅) ပြောကြားပြီး၊ ထိုအကြောင်းကြောင့် သူတို့သည် ဧည့်သည်သူစိမ်းတစ်ရံဆံများကိုပင် ချစ်ရမည် (း၁၉)။ ဘုရားသခင်၏ အချစ်ခံရသူများက သူ့မေတ္တာကို အခြားသူများထံ ဝေမျှသူဖြစ်ရန် ကိုယ်တော်အလိုဆန္ဒရှိသည်။ ချစ်ခြင်းမေတ္တာဖြစ်တော်မူသော ဘုရားသခင်နှင့် ကင်းကွာပါက ကျွန်ုပ်တို့သည် တကယ်မချစ်တတ်၊ တကယ်အချစ်ခံရသည်မဟုတ်ပါ။ (၁ယော ၄း၇-၈)

*ဘုရားသခင် သင်.ကိုချစ်တယ်*-*စုံမက်တော်မူတယ်ဆိုတာ သံသယကင်းပါစေ*


(သခင်ဘုရား..သင်.ကိုချစ်တယ်)

ထာဝရဘုရားသခင်သည် သူဖန်ဆင်းသောလူသားအားလုံးအပေါ် သည်းခံခွင်.လွှတ်ခြင်း ဂရုဏာဖြင်. ချစ်မြဲချစ်၍နေပါသည်။ကျွန်တော်တို.၏ဘုရားသည် ကျွန်တော်တို.သတိမထားသည်. အချိန်တွင်ပင်လျှင် သူ၏သနားခြင်းဂရုဏာကို အစဉ်ပြလျှက်ကွယ်ကာသော ဘုရားဖြစ်သည်. အတွက် စကြာဝဋ္ဌာတခုလုံးတွင် အကောင်းဆုံးဘုရားဖြစ်သည်။ ဧဒင်ဥယျဉ်ရှိလူသားကို နတ်ဆိုးသည် ဘုရားစကားတော်ကိုသံသယရှိအောင် သွေးဆောင်လေ. ၇ှိသကဲ.သို. မိတ်ဆွေကိုလည်း “ဘုရားသခင်ဟာ-တကယ်ကော ကောင်းပါရဲ.လား” “တကယ်လို.များ သင်.ကိုချစ်တာမှန်ရင် ဒီလိုပြသနာအခက်အခဲ ဝေဒနာတွေကို ပေးကြုံပါ.မလား..” စသဖြင်…..စသဖြင်…သံသယရှိအောင် အယုံသွင်းလိမ်.မယ်။ ကျွန်တော်အရာခပ်သိမ်းသိသူမဟုတ်ပါ… သို.သော်-ကောင်းကင်ဘုံအဖရဲ.ကောင်းမြတ်ခြင်း၊ ချစ်ခြင်းသနားဂရုဏာသည် သင်နဲ.အကျွနုပ်တွက် လုံလောက်လှပါတယ်။ နေရောင်ခြည်အလင်းပေးခြင်း၊နေဝင်ဆည်းဆာအပြင် ကျေးငှက်ကလေးများပင်လျင် အငတ်မထားဘူး၊ ဆင်း၇ဲချမ်းသာမရွေး အတူတူမိုးရွာပေးပြီး နှင်းဖွေးဖွေးလေးတွေလဲ မကြာခင်ဖျန်းပေးအုံးမယ်၊။ ဤအရာအားလုံးသည်ထာဝရဘုရား၏ သူဖန်ဆင်းသောလူသားများအပေါ် ကောင်းမြတ်ခြင်း မဟုတ်ပေဘူးလားး၊ထိုအထဲတွင် သင်နှင်.အကျွနုပ်လည်းပါတယ်ဆိုတာ မမေ.လိုက်ပါနဲ.။ (ဟာလေလုယားးးးးးအာမင်း)
 * The Lord is good to everyone. He showers compassion on all his creation.                                                                                                             *What a loving Father we have! He is good and kind and compassionate to all that He has made! I have heard it said that God is the nicest person in the universe! 
*Every day, He showers His compassion on us without many of us even aware of His tender mercies.In the Garden of Eden, the serpent enticed Adam and Eve into questioning the goodness of God.
* In every day life, the enemy of our souls will try to do the same thing. "Is God really good?" "If He loved you why would you be suffering like you are?" etc. etc. 
*I don't know many things, but I do know that my God and Father is good! He is gentle and loving and full of mercy towards you and me. If you ever question the goodness of God, just watch a sunrise or sunset. 
*Look at how our Father feeds the birds of the air. How he pours out his rain in due season. He is indeed tenderhearted and is good to all that He has made! ... And that includes us. Halelujahh…..Amen!!

(လျှာကိုထိန်းချုပ်ခြင်း)

လျှာသည်ငယ်သောအင်္ဂါ ဖြစ်သော်လည်း ဝါကြွားတတ်၏။ လျှာသည်မီးဖြစ်၏။ဒုစရိုက်၏လောကဓါတ် လဲဖြစ်၏။တစ်ကိုယ်လုံးကို ညစ်ညူးစေ၏။ မီးရှို့တတ်၏။ ယာ ၃း၅-၆ ကျွန်တော်တို့ ပြောဆိုသောအရာများကို ထိန်းချုပ်ဖို့တမာန်တော်ကြီး ရှင်ယာကုပ်က ယာကုပ်၃း၁-၁၂ မှာသွန်သင်ထားပါတယ်။ ကျွန်တော်တို့အားလုံးဟာ အမှားများစွာကို ပြုတတ်ကြပါတယ်။ စကားအားဖြင့် အမှားမရှိအောင် နေနိုင်တဲ့သူဟာ စုံလင်တဲ့သူ ဖြစ်တယ်လို့ ဆိုထားပြန်ပါတယ်။ လျှာဟာခန္ဓာတစ်ခုလုံးကို ထိန်းချုပ်နိုင်သူလို့ ဖော်ပြထားပါတယ်။ မြင်းကိုနိုင်ရန် မြင်းပါးစပ်ထဲမှာ ဇက်ကြိုးကို ထည့်ထားရသလို၊ အလွန်ကြီးမားတဲ့ သင်္ဘောတစ်စီးမှာလဲ တက်မ ကလေးက ထိန်းချုပ်ကာ သွားလိုရာကို ဦးတည် ပေးနိုင်ပါတယ်။ လျှာဟာလဲ အလွန်သေးငယ်ပေမဲ့ လူတစ်ကိုယ်လုံးကို ကြိုက်သလိုလှည့်နိုင်တဲ့ အရည်အချင်းရှိပါတယ်။ လျှာဟာ မီးနဲ့တူပြီးတကိုယ်လုံးကို ငရဲမီးကဲ့သို့ လောင်ကျွမ်းစေနိုင်ပါတယ်။ တိရိစ္ဆာန်တွေကို ယဉ်ပါးအောင် လေ့ကျင့်နိုင်ပေမဲ့လျှာကို ယဉ်ပါးအောင် လုပ်ဖို့ခက်ခဲပါတယ်။ လျှာကိုဘယ်သူမှ မအောင်နိုင်တဲ့ အဆိုးအညစ်လို့ဆိုထားပါတယ်။ သာဓကလေးနဲ့ အနည်းငယ်ဝေငှချင်ပါတယ်။ စင်ကာပူမှာအလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးဟာ အလုပ် စိတ်ကျဉ်းကျပ်မှုကြောင့် ထွက်ပေါက် ရလိုတဲ့ သဘောနဲ့ မြန်မာပြည်ကမိခင် အရမ်းနေမကောင်းဖြစ်လို့ အိမ်ကို ခနပြန်ချင်တဲ့ အကြောင်း အိမ်ရှင်ကို လှည့်ပတ်လိမ်စားပြီး စိတ်ပြေလက်ပျောက် မြန်မာပြည် ပြန်လည်ဖို့ မုသားသုံးခဲ့ပါတယ်။ ကျမ်းမာပကတိ ဖြစ်နေတဲ့ မိခင်ကိုအရမ်း နေမကောင်းဘူးဆိုတဲ့ လျှာအရိုး မရှိတိုင်းသူဌေးကို ပြောပြီးလိမ်လည်မှုနဲ့ အမြန်ပြန်လို့ရအောင် လုပ်ဆောင်ခဲ့ပါတယ်။ အိမ်ရှင်သူဌေးတွေက တကယ်ထင်ပြီး အမြန်ပြန်နိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ သူပြောခဲ့တဲ့ သူ့လျှာထဲက စကားအတိုင်း သူမြန်မာပြည် ပြန်ရောက်တဲ့နေ့မှာဘဲ ကျမ်းမာပကတိ ရှိနေတဲ့ မိခင်ဟာ ရုတ်တရက် လေဖြန်းသွားခဲ့ပါတယ်။ သူ့လိမ်လည်မှု အကြံကိုသိနေတဲ့ အစ်မဖြစ်သူက သူ့ကိုအရမ်းဆူခဲ့ပါတယ်။ ဒါဟာ လျှာရဲ့လှည့်စားမှု ရလဒ်လေးဖြစ်ပါတယ်။ မဟုတ်မမှန်သောအရာများကို ပြောဆိုခြင်းဖြင့် လျှာကိုအသုံးမချဖို့ သတိပေးလိုက်ပါတယ်။ သေစေတတ်သောအဆိပ် အတောက်နှင့်ပြည့်စုံ၏-လို့ရှင်ယာကုပ်က သွန်သင်ထားပါတယ်။ မိမိတို့လျှာကို ထိန်းချုပ်ကြပါစို့။ ။

October 29, 2013

ကျွန်တော်တို.၏ အနာဂတ်လမ်းခရီး အဆုံးသည် လုံခြုံပြီးသေချာသည်။ 
ထာဝရသန်.ရှင်း မွန်မြတ်သောအရပ် သို. ဖိတ်ခေါ်ခြင်းခံရသော သူတွေ ဖြစ်တယ်၊ ဘုရားသခင် အတူပါရှိပြီး သူ.လက်ရုံးတော်အား ဖြင်. အိုခြင်း၊နာခြင်း၊အချင်းချင်း မနာလိုခြင်း ချုပ်ငြိမ်းရာအရပ် ဖြစ်တယ်။
၁ပေ၅း၁၀ကိုကြည်.ပါက ဆင်းရဲမခံရဘူးလို. မပြောပါ။
ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ထာဝရ ဘုန်းအသရေတော် သို့ ခေါ်တော်မူသော၊ ခပ်သိမ်းသော ကျေးဇူးကိုပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော သင်တို့ကို စုံလင်တည်ကြည် ခိုင်ခံ့မြဲမြံစေတော် မူလိမ့်မည်။
သို.သော်....ထိုဆင်းရဲခြင်းသည် ခေတ္တဖြစ်ပြီးသေချာသော အနာဂတ်က စောင်.နေပါတယ်။



October 28, 2013

အနာဂတ်အတွက် ပူပန်နေသလားးး

ထာဝရဘုရားက အံ့သြဖွယ်ရာ အနာဂတ်မျော်လင်. ချက်အား သူ.ကိုယုံကြည် ကိုးစားသူတိုင်းအတွက် လွန်ခဲ.သော နှစ်၂၀၀၀က တည်း က ပေးဆပ်ခဲ.ပြီးဖြစ်ပါတယ်၊
 ဟေဗြဲ၂း၁၄-၁၅ ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသော အားဖြင့်၊ သေခြင်းတရားကိုအစိုးရသောသူတည်းဟူသော မာရ်နတ်၏ တန်ခိုးကိုချိုးဖဲ့ဖျက်ဆီးခြင်းငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံးကျွန်ခံရသော သူတို့ကိုကယ်လွှတ်ခြင်းငှါ၎င်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။
  ၂ကော၁၅း၅၅ အိုသေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာရှိသနည်း။ အိုမရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။
ထိုကြောင်.ခရစ်တော်သည် တကြိမ်းတည်းဖြင်. အယောက် တိုင်းအတွက် အဖိုးအခ ပေးပြီးပြီဖြစ်ကြောင်း၊ ထိုဂတိတော်ကို စိတ်ချစွာ ယုံကြည်လက်ခံပြီး ကျေးဇူးတော်အစဉ်အမြဲ ချီးမွမ်းနိုင်ပါစေ။


October 26, 2013

နေ.စဉ်ခွန်အား

နှလုံးသည် အသက်၏အခြေအမြစ် ဖြစ်သောကြောင့် သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့။  သု ၄း၂၃
ကျမ်းမာရေးနှင့် ညီညွတ်ပြီး အာဟာရ ဖြစ်စေသော အစားအသောက်များ ဝယ်ရာတွင် ကျွန်တော့်ဇနီး မာတီသည် ဈေးဝယ်စေ့စပ်သူ ဖြစ်သည်။ ထုတ်ပိုးမှု မည်မျှပင်ကောင်းပြီး ဆွဲဆောင်မှုရှိနေပါစေ၊ ပါဝင်သည့်ပစ္စည်း အမယ် ကို စစ်ဆေးကြည့်သည်။ အစားအသောက် တာရှည်ခံရန် ထည့်သော ဓာတုဆေးဝါးများက အာဟာရ မဖြစ်၊ ထိုသို့သော စားသောက်ကုန်များ ဆိုလျှင် အသာချပြီး ကျမ်းမာရေးနှင့်ညီညွတ် သော သဘာဝထွက်ကုန်များကို ထပ်ရှာသည်။
သူဈေးဝယ်ပုံက ဘုရား ကျွန်တော်တို့ အသက်တာကို ရှာဖွေပုံနှင့်တူကြောင်း ကျွန်တော် မကြာခဏ စဉ်းစားမိသည်။ အပြင်ပန်း မည်မျှပင် ဆွဲဆောင်မှုရှိပါစေ၊ အတွင်းရှိအရာက အဓိကဖြစ်သည်။ သုတ္တံဆရာက “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့် (သု ၄း၂၃)၊ စိတ်နှလုံးထဲ မည်သည့်အရာ ဝင်ရောက်နေရာယူသည်ကို ဂရုစိုက်ရန် သတိပေးထားသည်။ နှလုံးသား၌ လောဘစိတ်၊ မုန်တီးခြင်း၊ မိမိကိုယ်ကိုသနားခြင်း၊ အမျက်ထွက်ခြင်းနှင့် အခြားဆိုးညစ်မှုများရှိနေပါက ဖက်ရှင်ကျကျဝတ်စားခြင်း၊ မိမိကိုယ်ကိုနုပျိုပုံပေါက်အောင် ပြုပြင်ခြင်းက ဘာမှအသုံး မဝင်ပြီ။
ထို့ကြောင့် မိမိကိုယ်ကိုမေးပါ။ မိမိအသက်တာ၏အပြင်ပန်းကို ကြည့်ပြီး ခရစ်တော်ကို အလေးထားသည့် ကောင်းမွန်သော နှလုံးသားကို လူတို့ခံစားရပါသလား။ ကျေးဇူးတော်၊ ကြင်နာခြင်း၊ စိတ်ရှည်ခြင်းနှင့် သနားခြင်းကရုဏာတို့ကို နှလုံးသား၌ ထည့်သွင်းခြင်းဖြင့် နှစ်သက်ဖွယ်ခရစ်တော်၏ သဘောသဘာဝကို ကျွနုပ်တို့ထင်ဟပ် ပြနိုင်လိမ့်မည်။ — Joe Stowell
*ချစ်သောညီအစ်ကိုတို.....
*မနေ.က နတ်ဆိုးနဲ. ယနေ.နတ်ဆိုး
*(Yesterday Satan & Today Satan)မတူတော.ဘူး။
*နောက်ဆုံးသောကာလဖြစ်သည်.အတွက် နတ်ဆိုးလည်း 
*နည်းလမ်းပေါင်းစုံဖြင်. အလုပ်လုပ်နေတယ်။
*တနေ.ကို အနည်းဆုံး ၃နာရီ ဘုရားသခင်နဲ.အတူ
*မိတ်သဟာယမပြုပါက ဘုရားသခင်ထံပါးမှ
*မည်သည်. ဘိသိတ်မှ သင်...မျော်လင်.၍မရပါ။
*ယေရှုက သင်၏ နေ.စဉ် ဒိုင်ယာရီ ထဲမှာ ပါဝင်ချင်တယ်။
*Sundayတ၇က်တည်းနဲ. မလုံလောက်တော.ပါ။
*ဆုတောင်းဖို.အတွက်  စာတတ်ပြီး၊မျက်စိကောင်းဖို.၊
*ကျမ်းစာတတ်ဖို. ဆိုသည်.မည်သည်.အရည်ချင်းမှမလိုပါ။
*ဆုတောင်းခြင်းဖြင်.သာလျှင် ထိုနတ်ဆိုးကို *အနိုင်ယူလို.ရတာဖြစ်တယ်။


သင်.ကို ထာဝရဘုရား အစဉ်စောင်.ထိန်းနေပါတယ်

1 Peter 3:12

For the eyes of the Lord are on the righteous, and his ears open to their prayer; but the face of the Lord is against those who do evil.      
God never slumbers and He never sleeps. His eyes are always watching the righteous and His ears are always listening for their prayers.There is never a moment when God takes His eye off of you.He is always attentive to you and knows what you need before you even ask for it. 

ကျွန်တော်တို.ကိုးကွယ်သောဘုရားသည် အိပ်မျဉ်းငိုက်ပျော်ခြင်းမရှိဘဲ ကျွန်တော်တို.ကိုအစဉ် ကြည်.ရှုစောင်.ရှောက်ကာ တဦးချင်းစီကို စိတ်ဝင်စားတော်မူသော ဘုရားဖြစ်သည်၊ (မာသဲ 6:8)သင်တို့အလိုရှိ သမျှတို့ကို သင်တို့မတောင်းမှီ သင်တို့အဘသိတော်မူ၏။  သို.သော်တခါတလေတွေးတတ်ကြပါတယ်"တကြိမ်တည်းမှာ သန်းပေါင်းများစွာသောလူတွေရဲ. ဆုတောင်းချက်ကို သိမှတ်နိုင်ပါ. မလား"လို.။ ဘယ်ပုံဘယ်နည်းလုပ်တယ်ဆိုတာကျွန်တော် နားမလည် နိုင်ပေမဲ. သေချာတာကတော."သူ-လုပ်နိုင်တယ်၊လုပ်လည်းလုပ်နေ တယ်"။

ဆာလံ၁၃၉း၁၇-အိုဘုရားသခင်၊ အကျွန်ုပ်၌ ကိုယ်တော်၏ အကြံအစည်တို့သည် အလွန်ထူးဆန်းကြပါ၏။ အလွန်များပြားကြပါ၏။၁၈ ထိုအကြံအစည်တော်တို့ကို ရေတွက်လျှင်၊ သဲလုံးနှင့်အမျှမကသာ၍များပြားကြပါ၏။ အကျွန်ုပ်သည် နိုးသောအခါ ကိုယ်တော်ထံ၌ အစဉ်ရှိပါ၏"လို.ဒါဝိတ်မင်းကြီးက ဘုရားသခင်၏ တတ်နိုင်ခြင်း၊ဘုရား၏အသံကို မျက်မှောက်ပြုကာ ငြိမ်ဝပ်စွာ နှလုံးသွင်းစောင်.မျော်သလိုဘဲ ဘုရားသခင်၏ ဂတိတော်အပေါ်မှာ စိတ်ချယုံကြည်စွာ လိုက်လျှောက် နိုင်သူများ ဖြစ်ကြပါစေ။

October 24, 2013

ချစ်ခြင်းမေတ္တာဖြင်.ဖုံးပါ

ကျမ်းစာကပြောနေပါတယ်..... အချင်းချင်းအားကြီးသောချစ်ခြင်းဖြင်.   ချစ်ကြဖို.တိုက်တွန်းပါတယ်၊ အာဒံနဲ.ဧဝသည် သူတို.၏ အဝတ်အချည်းစည်း(naked) ဖြစ် သည်.အရှက်ကို သဘောင်္သဖန်း၇ွက်ဖြင်. ဖုံးအုပ်သလိုဘဲ ယနေ. မြောက်မြားစွာသော ယုံကြည်သူများသည် မိမိ၏ ဝိညာဉ်အချည်း စည်းဖြစ်ခြင်း(spiritual nakedness)ကို မိမိ၏ အလုပ်ကြိုးစားခြင်း၊ အလှူပေးကမ်းခြင်း၊ မိမိ၏ နေရာရခြင်းဖြင်. ဖုံးအုပ်တတ်ပါသည်။ သို.သော် ဘုရားရှေ.တွင် အထင်းသားပေါ်နေပါသည်၊ထိုအရာကို ဖုံးအုပ်နိုင်သောအရာမူကား ချစ်ခြင်း မေတ္တာသာလျှင် ကျွန်တော်တို.၏ ဝိညာဉ်အရှက်သာမက ကိုယ်ကာယအရှက် အားလုံးကိုကွင်းလုံးကျွတ် ဖုံးအုပ်ပေး နိုင်တာဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် အဘယ်မျှလောက် နှိမ်.ချနိုင်သည်ကို ကြည်.မည်ဆိုပါက..
"၁ကော ၁၃း၎-၈ မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်ဒေါသအမျက် မထွက်တတ်၊အပြစ်ရှိသည်ဟု မထင်တတ်၊မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား ၌ဝမ်းမြောက်တတ်၏။ခပ်သိမ်း သောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကိုသည်းခံတတ်၏မေတ္တာသည် ဖေါက်ပြန်ခြင်း သဘောနှင့် အစဉ်ကင်းလွတ်၏။  ပရောဖက်ဥာဏ်သော်၎င်း၊အမျိုးမျိုးသောဘာသာစကားကို 
 ပြောနိုင်သောအခွင့်သော်၎င်း၊သိပ္ပံအတတ်သော်၎င်း ၊ ကွယ်ပျောက် လိမ့်မည်" အယောက်တိုင်းသည်ချစ်ခြင်းမေတ္တာမှတပါး မည်သည်. အကြွေးမျှမတင်သောသူများ ဖြစ်နိုင်ကြပါစေ။

October 23, 2013

အဘယ်မည်သောသူအား ချီဆောင်မည်နည်း?

အခြေပြုကျမ်း(မာသဲ ၂၂း၁-၁၃၊ ၁သက်၎း၁၅-၁၇)

ခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင် အရှင်သခင်အဖြစ်လက်ခံ ယုံကြည် သောသူ အယောက်တိုင်းသည်  ကယ်တင်ခြင်းရသောသူ/ ထာဝရအသက်ရသောသူ/ 
အပါယ်ငရဲမလားမည်.သူများဖြစ်ကြပါသည်။
သို.သော် အသင်းတော်သိမ်းဆည်းခြင်း/ချီဆောင်ခြင်း(Rapture)တွင်မူကား ကယ်တင်ခြင်းရသောသူအားလုံးကို သိမ်းကျူံးခေါ်ဆောင်သွားမည်မဟုတ်ပါ။ မြောက်များ စွာသောဘာသာရေးခရစ်ယာန်များ ကျန်ရစ်မှာဖြစ်တယ်။ ထိုသို.ဆိုသော်...... အဘယ်မည်သောသူများကို ချီဆောင်မည်နည်း???
ထိုမေးခွန်းကိုနားလည်ဖို.ရာ (Visible-things are the example of invisible-things မျက်မြင်သောအရာသည် မျက်မြင်မရသောအရာ၏ ဥပမာဖြစ်၏) ပိုးချည်မျှင်ထုတ်ပေးသော ပိုးလောက်လန်းဖြစ်စဉ် လေးနဲ. ဥပမာပေးဝေငှ ချင်ပါတယ်။ 



"ပိုးချည်မျှင်”ကိုထုတ်ပေးသောပိုးတစ်မျိုးကို ကျွန်တော်.တို.ရနှစ်တိတိမွေးဘူးသည်.အတွက် သူတို.၏ ဘဝဖြစ်စဉ်သည် ခရစ်ယန်အသက်တာနှင်. အလွန်တူပါသည်။ ဥပေါင်းများစွာကိုဥပြီးနောက် ဆယ်ရက်ခန်.အကြာတွင် အကောင်ပေါက်လာသည်၊ (များစွာသောယုံကြည်သူလည်း မွေးကတည်းကခရစ်ယန်ဖြစ်သော်လည်း လောကီတရားနုလက်မှ မလွတ်မြောက်နိုင်ဘဲ ကြေခဲသောအစာကို လက်မခံနိုင်၊မစားနိုင်သလို)ထိုပေါက်စ ပိုးကောင်လေးကို ပိုးစာပင်ထိပ်ဖျားမှရေတွက်ပါက နံပါတ်၂-၃အရွက်နုနုလေးကို တပတ်ကျွေးရပါသည်၊ ဒု-ပတ်တွင် အရွက် ၄-၅ ကိုကျွေးပြီး တ-ပတ်ကြာသည်.အခါ အရွက်ကြမ်းကျွေး ရပါသည်။



ထို ဥပေါက်ချိန်မှ ရက်ပေါင်း ၄၀ခန်.ကြာသောအခါ ပိုးကောင်များသည် အရွယ်ရောက်လာပြီး ပိုးစာရွက်ကို မစားတော.ဘဲ အနားယူပါတော.သည်၊ တကောင်လုံး အဝါရောင်သန်းနေပါသည်၊၄င်းပိုးကောင်ကို သီးသန်.ဖယ်ပြီး ၁၀ရက်ခန်. နေမပူ၊လေမတိုက်သောအရပ်တွင် လုံခြုံစွာထားရပါသည်၊ ၁၀ရက်အတွင်း ခန္ဒာအတွင်းမှထွက်လာသော ချည်မျှင်ဖြင်. အိမ်လေးဆောက်ကာ အတွင်း၌အောင်းပါတော.တယ်။ တပတ်ခန်.ကြာသည်.အခါ ပိုးဖလံအဖြစ်(New Creation) သို.ပြောင်းလဲကာ တောင်ပံဖြင်. ပျံသန်းပါတော.တယ်။



 မောရှေကို မိရန်တောမှာ နှစ်၄၀ အသက်တာပြင်ဆင်ပြီးမှ ဘုရားသခင်အသုံးခံမည်. အဆင်.သို. ရောက်ခဲ.တယ်။
(မာသဲ ၂၂း၁-၁၃ ..ကောင်းကင်နိုင်ငံတော်သည် ထိမ်းမြားမင်္ဂလာပွဲနှင်.တူ၏၊
 ခေါ်တော်မူသောသူများသော်လည်း ရွေးသောသူနည်းမည်၊မင်္ဂလာဆောင်ပွဲသို. ဝတ်စုံမပါဘဲရောက်လာသူကို ပွဲမှထုတ်ပြီး လက်ခြေတုတ်ကာ ငိုကြွေးခြင်းအံသွားခဲကြိတ်ရာ အမှောင်ထဲသို.ပို.သကဲ.သို.)ပိုးလောက်ကောင်များကိုလည်း ပိုင်ရှင်မှ အစာအတူတူ ရက်ပေါင်း ၄၀ ကျွေးမွေးပြုစုသော်လည်း အဆင်.မမှီ အဝါရောင်ခန္ဒာကိုယ်ဖြစ်မလာဘဲ နဂိုစိမ်းမြဲစိမ်းပြီး အစာနုနုစားမြဲစားနေသည်.ပိုးကောင်များကိုမူကား အချိန်အကုန် မခံတော.ဘဲ သုတ်သင်ဖယ်ရှားမီးရှို.ပစ်ရပါသည်။ 

ဘုရားသခင်က ယနေ.ထိ ကျေးဇူးဂရုဏာ ကြာမြင်.စွာ ထားနေခြင်းသည်(ယေ ၃၁း၉) ထာဝရမေတ္တာဖြင်.ချစ်သောကြောင်. ယုံကြည်သူတယောက်မကျန် အသက်တာ ကိုပြင်ဆင်ပြီး စံချိန်မှီပိုးဖလံဘဝ/သူတိုးသမီးဝတ်စုံပါသော သူများ၊ယေရှုဆလင်မြို.သစ်ကိုစံထိုက်သော သိုးသူငယ်စာစောင်စာရင်းဝင်စေ ချင်လို. ပြင်ဆင်ဖို.အချိန်ပေးနေတာ ဖြစ်တယ်။
ထိုအချိန်ကို သန်.ရှင်းသောဝိညာဉ်တော်ကာလ/အသင်းတော်ခေတ် /ကျေးဇူးတော်ကာလ လို.ခေါ်ပါတယ်၊၊
ထိုကျေးဇူးတော်နေ.ရက်ကုန်ဆုံးပါက အသင်းတော်သိမ်းဆည်းခြင်း/ချီဆောင်ခြင်း မကြာခင်လာတော.မှာဖြစ်တယ်။အသက်တာကို နာနာစစ်ဖို. တိုက်တွန်းလိုပါတယ်။ လူအပေါင်းသည်လမ်းကျယ်တွင်မွေးလာကြသောကြောင်.အလွယ်လမ်းကို လိုက်ချင်သူက ကားတိုင်လမ်းကိုလိုက်ချင်သူထက် သာ၍ များပြားလှပါသည်။သို.ပါ၍ ငါကယ်တင်ခြင်း ရရင်/အပယ်ငရဲမလားရရင် တော်ပါပြီဆိုတဲ.မီးရှို.ဖျက်စီးခံပိုးလောက်လန်း/အံသွားခဲကြိတ်ရာသို.ပို.မည်. ခပ်ညံ.ညံ.ခရစ်ယန်မဟုတ်ဘဲ နုတ်ကပတ်တော်နှင်.နေ.စဉ်သွားလာကျင်လည်ပြီး အသင်. ပြင်ဆင်သောအသက်တာ/ အသစ်ဖန်ဆင်းသောသတ္တဝါ(New creation) အဖြစ် အသစ်သောအသက်တာဖြင်.လျှောက်လှမ်းနိုင်သူများဖြစ်ကြပါစေလို. မေတ္တာနဲ. ဝေမျှလိုက်ရပါသည်။
ဖတ်ရှုသူတိုင်းအား.........သခင်ဘုရား အထူးကောင်းကြီးပေးပါစေသော်.....အာမင်းး

September 21, 2013

ဟုတ်ပါတယ်.....
သခင်ခရစ်တော်၏ အသွေးတော်ကသာလျှင်
ကျွန်တော်တို.၏အပြစ်ကို ဖုံးအုပ်တာမဟုတ် (erase)လုံးဝဖျက်
နိုင်တာဖြစ်တယ်၊ထိုခရစ်တော်၏ ချစ်စရာကောင်းတဲ.( lovely face)
မျက်နှာသာပေးခြင်းမေတ္တာကို သင်ခံစားနိုင်ပါစေ။