သင်၏ ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဖို့ပေးလော့။ သု ၂၅း၂၁
အမေရိကန်ပြည်တွင်းစစ် ဖြစ်စဉ်က (၁၈၆၁-၁၈၆၅) တပ်ကြပ်ကြီး ရစ်ချက် ကာ့လဲန် သည် တောင်ပိုင်းခွဲထွက်ရေး မဟာမိတ် တပ်ပေါင်းစုမှ စစ်သားတစ်ဦးဖြစ်သည်။ ဖရက်ဒါရစ်ဘတ်တိုက်ပွဲတွင် ယူနီယံတပ်မှ မေရီ ဟိုင်းစ် တောင်ကုန်းကို မကာကွယ်နိုင်တော့ဘဲ ဒဏ်ရာရစစ်သားများစွာကို ချန်ရစ်ဆုတ်ခွာသွား သည်။ ကာ့လဲန်က ၎င်းတို့ကို ကူညီရန် အထက်သို့ တင်ပြခွင့်တောင်းခဲ့သည်။ ရေဘူးများ စုပြီး ကျောက်နံရံကို ကျော်တက်ကာ ပထမဆုံး စစ်သားတစ်ဦးကို ကူညီနိုင်ခဲ့သည်။ သူ့အတွက် အန္တရာယ်များလွန်းသော်လည်း “မေရီဟိုင်းစ် ကောင်းကင်တမန်” က ရန်သူတပ်သားများအား ခရစ်တော်၏ကရုဏာကို မျှဝေခဲ့သည်။
ကျွန်တော်တို့အနေဖြင့် စစ်တလင်းမြေ၌ ရန်သူများနှင့် မတိုက်ရငြားလည်း မိမိ၏ဝန်းကျင်ပတ်လည်၌ နာကျင်ဝေဒနာခံစားနေရသူများကို တွေ့ရသည်။ အထီးကျန် လျက် ဘဝကို တစ်ကိုယ်တည်း ရုန်းကန်နေရသူများ၊ ဆုံးရှုံးမှုခံစားရသူများ၊ ကျန်းမာရေး ပြဿနာကြုံရသူများ၊ ဒုစရိုက်နွံနစ်နေသူများ- ၎င်းတို့၏ အော်ညည်းသံများ၊ သနားခြင်းနှင့် နှစ်သိမ့်မှု၊ မျှော်လင့်ခြင်းနှင့် မစမှုကိုတောင်းခံသံများကို မိမိဖာသာ အာရုံများပြီး မကြားမိပါ။
ခရစ်တော်ကဲ့သို့ ကရုဏာပြသည့် ကာ့လဲန်၏ စံနမူနာက “ရန်သူကို ချစ်လော့” (မ ၅း၄၄) ဟူသည့် သခင်ယေရှုအမိန့်တော်ကို လက်တွေ့နာခံခြင်းဖြစ်သည်။
(ရောမ ၁၂း၂၀) တွင် “သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဖို့ ပေးလော့” ဟု ရှင်ပေါလုက (သု ၂၅း၂၁) ကို ကိုးကားရာ၊ ၎င်းသည် ယေရှု၏အမိန့်ကို အလေးအနက်ပြုခြင်းပါ။ “အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကို နိုင်လော့” (း၂၁) ဟုရှင်ပေါလုက သွန်သင်ခဲ့ပါသည်။
ရှင်ပေါလု၏သွန်သင်ချက်က တပ်ကြပ်ကြီး ကာ့လဲန်ကို အတုယူပြီး သူ့ထက် သာအောင် အစေခံရန် ကျွန်ုပ်တို့ကို စိန်ခေါ်နေ၏။ ယနေ့သည် လုံခြုံကောင်းမွန်စွာရှိနေ သည့် နံရံကိုကျော်ပြီး လိုအပ်သူများအတွက် ဘုရားသခင်ထံမှလာသော ကရုဏာတော်ကို ပေးကမ်းရန် နေ့ပင်ဖြစ်တော့သည်။
No comments:
Post a Comment