ဖတ်ရန်: ဆာ 46;10
ငြိမ်ဝပ်လျက်နေကြလော့။ ငါကား ဘုရားသခင်ဖြစ်သည်ဟု သိမှတ်ကြ လော့။
အဲရစ်လစ်ဒယ် ဂုဏ်ပြုအမှတ်တရ > Chariots of Fire ရုပ်ရှင်ဇတ်ကားသည် သူတရုတ်ပြည်သို့ သာသနာပြုအဖြစ် မသွားမီ ၁၉၂၄ ခုနှစ် ပဲရစ်ကမ္ဘာ့အိုလံပစ်ပွဲ၌ ရွှေတံဆိပ်ဆု ရခဲ့သည့်အကြောင်းကို ရိုက်ကူးထားသည်။ ထိုအဖြစ်အပျက်နောက်ပိုင်း နှစ်များစွာကြာပြီး ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာသော် သူ့မိသားစုကို ဘေးကင်းလုံခြုံရာ ကနေဒါသို့ ပို့ထားပြီး၊ သူက တရုတ်ပြည်၌ပင် ကျန်နေခဲ့သည်။ ထို့နောက် သူအပါအဝင် အခြားသော နိုင်ငံခြားသာသနာပြု များသည် ဂျပန်စစ်အကျဉ်းစခန်း၌ ချုပ်နှောင် ဖမ်းဆီးခံကြရသည်။ အဖမ်းခံရပြီး လအတန်ကြာ သွားပြီးနောက်တွင် သူ၌ ဦးနှောက်အကျိတ်ရောင်ရောဂါ စွဲကပ်ခဲ့သည်။
သူတက်ရောက်ခဲ့သည့် ဆေးရုံအနီး၌ တီးဝိုင်းတစ်ဖွဲ့က တနင်္ဂနွေနေ့တိုင်း လာရောက်တီးမှုတ်လေ့ရှိရာ၊ တစ်နေ့တွင် အဲရစ် လစ်ဒယ် က ထိုတီးဝိုင်းအား “Be Still, My Soul” ဟူသည့်ဓမ္မတေးကို တီးမှုတ်ပေးရန် တောင်းဆိုခဲ့သည်။ သူနားထောင်နေစဉ် သီချင်းစာသားများကိုလည်း ဆင်ခြင်နေမည်ဟု ကျွန်တော်တွေးမိသည်။
“ငြိမ်ဝပ်လော့၊ ငါ့ဝိညာဉ်၊ အချိန်လျင်မြန်စွာကုန်လွန်သွားရာ၊ မကြာမီ သခင်နှင့် ထာဝရနေရမည်။ စိတ်ပျက်ဝမ်းနည်း စိုးကြောက်စရာများ ကျော်လွန်လျှင်၊ ဝေဒနာများ မေ့လျော့ကာ ချစ်မေတ္တာနှင့် ဝမ်းမြောက်ခြင်းပြည့်စုံလာမှာ၊ ငြိမ်ဝပ်လော့ ငါ့ဝိညာဉ်၊ မျက်ရည်များလွန်သွားလျှင် လုံခြုံလျက် မင်္ဂလာအပေါင်းပြည့်စုံစွာဖြင့် ပြန်တွေ့ဆုံရမည်။”
ဤဓမ္မတေးသီချင်းက ဝေဒနာသည် အဲရစ်လစ်ဒယ်အတွက် အလွန်နှစ်သိမ့် သက်သာရာဖြစ်ခဲ့ပြီး နောက်သုံးရက်အကြာတွင် သူကွယ်လွန်သွားသည်။ ၎င်းအဖြစ်က ကျမ်းစာ၏ ကြီးမြတ်စစ်မှန်မှုကို ပြနေသည်။ ဆာ ၄၆း၁၀ တွင် ဆာလံဆရာ ဒါဝိဒ်က “ငြိမ်ဝပ်လျက်နေကြလော့။ ငါကား ဘုရားသခင်ဖြစ်သည်ဟု သိမှတ်ကြလော့” ဟု ရေးသားခဲ့သည်။ ဘဝအမှောင်ကျသောကာလများတွင် ကျွန်ုပ်တို့ကိုယ်စား ကျွန်ုပ်တို့၏ သခင်ဘုရားက သေခြင်းကို အောင်ခဲ့ပြီဖြစ်သောကြောင့် ကျွန်ုပ်တို့ငြိမ်ဝပ်ခွင့်ရပြီ။ ငြိမ်ဝပ် လျက်နေပြီး သခင့်အား သင်၏အကြီးမားဆုံးစိုးကြောက်စိတ်များကို ငြိမ်းခွင့်ပေးလိုက်ပါ။
No comments:
Post a Comment