ကိုယ်မြေ၌ဖြစ်သော စပါးကိုရိတ် သောအခါ လယ်ထောင့်တို့ကို အကုန်အစင်မရိတ်ရ။ သိမ်းရာတွင် ကျန်ကြွင်းသောအရာကို ပြန်၍ မကောက်မသိမ်းရ။(ဝတ် ၁၉း၉)။ နှင်းမုန်တိုင်းကျပြီး စားကျက်များ၌ နှင်းဖုံးနေချိန်တွင် ပိုင်ရှင်များက ကျွဲနွားများကို ကိုယ်တိုင် အစာကျွေးရသည်။ လှည်းနှင့်ထရပ် ကားပေါ်မှကောက်ရိုးများ ချလိုက်သော်အသန်ဆုံး တိရစ္ဆာန်များက ရှေ့သို့ထွက်လာပြီး အစာစား သည်။ အားနည်းသော၊ ဖျားနာသော အကောင်များက ပိုင်ရှင်ကိုယ်တိုင် မကျွေးလျှင် လုံးဝမစား၊ အချို့က အနည်းငယ်သာစားသည်။
ဒုက္ခသည်စခန်းမှ လုပ်သားများနှင့် မုန့်ဖိုမှလုပ်သားများကလည်း အလားတူပုံစံမျိုး တင်ပြကြသည်။ ဆင်းရဲသားများအတွက် အစာ သိုလှောင်စတိုခန်းကို ဖွင့်လိုက်သည်နှင့် အမှန် တကယ် အစာရေစာလိုအပ်သူများ၊ အားနည်း သူများနှင့် မဝံ့မရဲဖြစ်သူများက ရှေ့သို့တက်မလာ ကြပါ။ တိရစ္ဆာန်ပိုင်ရှင်များကဲ့သို့ လူသားချင်း ကူညီရိုင်းပင်းသူများက ရှေ့သို့တိုးကာ သူတို့၏အစေခံဝန်ဆောင်မှုသည် အားနည်းပင်ပန်း ၍ ဖျားနာသူများထံ တကယ်ရောက်အောင် လူမှုရေးဂရုပြုမှုကို အစွန်းတိုင် ပြကြရသည်။
၎င်းတို့သည် ရှေးက ဘုရားသခင်ချမှတ်ခဲ့သည့်ပညတ်ကို ဖော်ဆောင်နာခံခြင်း ဖြစ်သည်။ ဝတ်ပြုရာကျမ်း (၁၉) တွင် မောရှေက ဣသရေလလယ်သမားများနှင့် စပျစ်ခြံ ပိုင်ရှင်များအား သီးနှံရိတ်သိမ်းရာ၌ ဆင်းရဲသားနှင့်သူစိမ်းများအတွက် အနည်းငယ်ချန်ပေး ရမည်ဟု ညွှန်ကြားထားသည် (း၉-၁၀)။
အားနည်း၍ ခြေကုန်လက်ပန်းကျနေသူများကို စောင့်ရှောက်ကူညီသူများအဖြစ် ကျွန်ုပ်တို့လည်း အစေခံနိုင်ပါသည်။ ငြိမ်နေသောကျောင်းသားကို အများနှင့်ပူးပေါင်းပါဝင် လာအောင် ကြိုးစားလုပ်နေရသည့်ဆရာ၊ ဝန်ပိနေသော လုပ်ဖော်ဆောင်ဖက်အတွက် လက်တွဲဖော်အလုပ်သမား၊ ထောင်ထဲရောက်လာသူကို မစရန် မျှော်လင့်နေသည့် နှစ်ကြီး အကျဉ်းသား၊ သားသမီးများကို ဂရုစိုက်နေရသည့်မိဘ၊ ကျွန်ုပ်တို့ မည်သူပင် ဖြစ်နေပါစေ အခြားသူကို မစကူညီခြင်းဖြင့် ဘုရားကိုချီးမြှောက်နိုင်သော နည်းလမ်းများစွာ ရှိသည်။
မစမှုလိုအပ်သူများကို အစေခံရန်ရှာကြံစဉ် မိမိလိုအပ်ချိန်၌ မစသော ကျေးဇူးတော်သည် အခြားသူကိုမစရန် ကျွန်ုပ်တို့ကို နှိုးဆော်ပါစေ။
No comments:
Post a Comment