ကျမ်းမာရေးနှင့် ညီညွတ်ပြီး အာဟာရ ဖြစ်စေသော အစားအသောက်များ ဝယ်ရာတွင်
ကျွန်တော့်ဇနီး မာတီသည် ဈေးဝယ်စေ့စပ်သူ ဖြစ်သည်။ ထုတ်ပိုးမှု
မည်မျှပင်ကောင်းပြီး ဆွဲဆောင်မှုရှိနေပါစေ၊ ပါဝင်သည့်ပစ္စည်း အမယ် ကို
စစ်ဆေးကြည့်သည်။ အစားအသောက် တာရှည်ခံရန် ထည့်သော ဓာတုဆေးဝါးများက အာဟာရ
မဖြစ်၊ ထိုသို့သော စားသောက်ကုန်များ ဆိုလျှင် အသာချပြီး
ကျမ်းမာရေးနှင့်ညီညွတ် သော သဘာဝထွက်ကုန်များကို ထပ်ရှာသည်။
သူဈေးဝယ်ပုံက ဘုရား ကျွန်တော်တို့ အသက်တာကို ရှာဖွေပုံနှင့်တူကြောင်း
ကျွန်တော် မကြာခဏ စဉ်းစားမိသည်။ အပြင်ပန်း မည်မျှပင် ဆွဲဆောင်မှုရှိပါစေ၊
အတွင်းရှိအရာက အဓိကဖြစ်သည်။ သုတ္တံဆရာက “နှလုံးသည်
အသက်၏အခြေအမြစ်ဖြစ်သောကြောင့် (သု ၄း၂၃)၊ စိတ်နှလုံးထဲ မည်သည့်အရာ
ဝင်ရောက်နေရာယူသည်ကို ဂရုစိုက်ရန် သတိပေးထားသည်။ နှလုံးသား၌ လောဘစိတ်၊
မုန်တီးခြင်း၊ မိမိကိုယ်ကိုသနားခြင်း၊ အမျက်ထွက်ခြင်းနှင့်
အခြားဆိုးညစ်မှုများရှိနေပါက ဖက်ရှင်ကျကျဝတ်စားခြင်း၊
မိမိကိုယ်ကိုနုပျိုပုံပေါက်အောင် ပြုပြင်ခြင်းက ဘာမှအသုံး မဝင်ပြီ။
ထို့ကြောင့် မိမိကိုယ်ကိုမေးပါ။ မိမိအသက်တာ၏အပြင်ပန်းကို ကြည့်ပြီး
ခရစ်တော်ကို အလေးထားသည့် ကောင်းမွန်သော နှလုံးသားကို လူတို့ခံစားရပါသလား။
ကျေးဇူးတော်၊ ကြင်နာခြင်း၊ စိတ်ရှည်ခြင်းနှင့် သနားခြင်းကရုဏာတို့ကို
နှလုံးသား၌ ထည့်သွင်းခြင်းဖြင့် နှစ်သက်ဖွယ်ခရစ်တော်၏ သဘောသဘာဝကို
ကျွနုပ်တို့ထင်ဟပ် ပြနိုင်လိမ့်မည်။ — Joe Stowell
No comments:
Post a Comment