ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !
November 30, 2014
"၀ိညာဉ်ဆိုင်ရာ ဥပဒေသလေးခု "
ဝိညာဉ်ပိုင်းဆိုင်ရာဥပဒေသလေးခုတို့သည်သခင်ယေရှု
ခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် ရရှိနိုင် သောကယ်တင်ခြင်း
တရားပိုင်းဆိုင်ရာသတင်းကောင်းသက်သေခံဝေမျှသော
 နည်းဗျူဟာများဖြစ်ပါသည်။ဤအချက် လေးခုတို့ကိုဝေမျှခြင်းအားဖြင့် ကယ်တင်ခြင်းသတင်းကောင်းအတွက် အရေးပါသောအချက် အလက်တို့ကို ဝေမျှပေး နိုင်သောနည်းလမ်းဖြစ်သည်။ 
ဘုရားသခင်က မိတ်ဆွေကို ချစ်၍မိတ်ဆွေ အတွက်
အံ့သြဖွယ်ကောင်းသော အကြံအစည်တစ်ခုရှိသည်ဟူ၍ဖြစ်သည်။
 ယောဟန်၃း၁၆ထဲတွင် “ဘုရားသခင်၏ သားတော်ကို 
ယုံ ကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ 
ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါး တည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကို ချစ်တော်မူ၏။”ဟုဖော်ပြထားပါသည်။ယောဟန်၁၀း၁၀ ထဲတွင် သခင်ယေရှု၏ဤလောကသို့ကြွလာခြင်းအကြောင်းကို
 ဖော်ပြထားပါသည်။ ၄င်းမှာ “သိုးတို့သည် အသက်လွှတ်ရုံမျှမက 
အထူးသဖြင့် အသက်နှင့်ပြည့်စုံစေခြင်းငှာ ငါလာသတည်း” ဖြစ်သည်။ 
ဘုရား သခင်၏မေတ္တာတော်မခံစားနိုင်ရန် မည်သည့်အရာက
တားဆီးထားသနည်း။ ထာဝရအသက်မရရှိနိုင်ရန် မည်သည့် 
အရာကတားဆီးပါသနည်း။ ၀ိညာဉ်ပိုင်းဆိုင်ရာဥပဒေသလေးခုထဲမှ
 ဒုတိယမြောက်အချက်သည် လူသားအားလုံးသည် 
အပြစ်ညစ်စွန်း ကြသောကြောင့် ဘုရားသခင်နှင့်ခွဲခွာခဲ့ကြပါသည်။ 
ထို့ကြောင့် ကျွန်ုပ်တို့အတွက် ဘုရားသခင်ပြင်ဆင်ထားသော 
အံ့သြဖွယ်ကောင်းသောအကြံအစည်တော်ကို ကျွန်ုပ်တို့မသိနိုင်ပေ။ 
ဤအကြောင်းအရာကို ရောမ ၃း၂၃ ထဲတွင် သေချာစွာတွေ့နိုင်ပါသည်။ 
“အဘယ့်ကြောင့်နည်းဟူမူကား လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင်၏ရှေ့ တော်၌အသားရေပျက်ကြပြီး ရောမ ၆း၂၃ ထဲတွင်
 အပြစ်တရား၏ ကွင်းဆက်အကျိုးသက်ရောက်မှုတို့ကိုဖော်ပြထားပါသည်။
 “အပြစ်တရား၏ အခကားသေခြင်းပေတည်း။ ဘုရားသခင်ပေးတော်
မူသော ဆုကျေးဇူးတော်ကား ငါတို့သခင် ယေရှုခရစ်အားဖြင့် 
ထာဝရအသက်ပေတည်း” လူဇာတိခံယူသော ဘုရားသခင်က 
ကျွန်ုပ်တို့သည် သူနှင့်အတူမိတ်သ ဟာရဖွဲ့ရန် ရည်ရွယ်၍ 
ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ သို့သော်လူသားအားလုံးတို့သည် 
အပြစ်ဒုစရိုက်ပြု၍အပြစ်သားများ ဖြစ်ကြသောကြောင့်ဘုရားသခင်နှင့်
ခွဲခွာခဲ့ရသည်။ဘုရားသခင်ကြံစည်တော်ဖြစ်လာသူနှင့်အတူ 
မိတ်သဟာရဖွဲ့ခြင်းကိုကျွန်ုပ်တို့သည်
ပျက်စီးစေခဲ့ပါသည်။မည်သို့ဖြေရှင်းရမည်နည်း။ 
ဝိညာဉ်ပိုင်းဆိုင်ရာဥပဒေသလေးခုမှ သုံးခုမြောက်အချက်သည် 
ကျွန်ုပ်တို့သည် မိမိ အပြစ်မှ လွှတ်ခြင်းအခွင့်ရရှိရန်ဘုရားသခင်ပြင်
ဆင်ပေးထားသော ပုဂ္ဂိုလ်သည်သခင်ယေရှုခရစ်တော်ဖြစ်ပါသည်။
 ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့သည် အပြစ်ဖြေလွှတ်ခြင်းရရှိကာ 
ဘုရားသခင်နှင့် စစ်မှန်သော မိတ်သဟာရဖွဲ့ခြင်းအခွင့်ကို
 ပြန်လည်ရယူနိုင် ပါသည်။ ရောမ ၅း၈ထဲတွင် “ငါတို့သည် 
အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူ
သည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်
ချစ်တော်မူသည်ကို ထင်ရှားစွာပြတော်မူ၏” ဟုဖော်ပြထားသည်။
 ၁ကော၊ ၁၅း၃-၄ ထဲတွင် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရရှိနိုင်ရန် သခင်ယေရှုကိုသိကျွမ်းခြင်းနှင့်ယုံကြည်ခြင်းလိုအပ်သည်
ဟုဖော်ပြထားသည်။” ခရစ်တော်သည်ကျမ်းစာလာသည့် 
အတိုင်း ငါတို့အပြစ်ကြောင့်အသေခံတော်မူ၏။ သဂြိုလ်ပြီးမှ
 ကျမ်းစာလာသည့်အတိုင်း သုံးရက်မြောက်သောနေ့၌ 
ထမြောက်တော်မူ၏………..“ယောဟန်၁၄း၆ထဲတွင်
သခင်ယေရှုသာလျှင် ကယ်တင်ခြင်းလမ်းသို့ပို့ဆောင်
 ပေးနိုင်သော လမ်းခရီးဖြစ်ကြောင်း သူကိုယ်တိုင်ဖော်ပြထား ပါသည်။ “ငါသည်လမ်းခရီးဖြစ်၏။သမ္မာတရားလည်းဖြစ်၏။
အသက်လည်းဖြစ်၏။ငါကိုအမှီမပြုလျှင် အဘယ်သူမျှ 
ခမည်းတော်ထံသို့မရောက်ရ။“ကျွန်ုပ်သည်ဤအံ့သြဖွယ်ကောင်းသော 
ကယ်တင်ခြင်းဆုကျေးဇူးတော်ကို မည်သို့ရရှိ နိုင်မည်နည်း။ ၀ိညာဉ်ပိုင်းဆိုင်ရာဥပဒေသလေးခုမှ လေးခုမြောက်အချက်သည်
 “ဘုရားသခင်၏အံ့သြဖွယ်ကောင်းသော ဆု ကျေးဇူးတော်ကို
 ရရှိနိုင်ရန်နှင့် ကျွန်ုပ်တို့၏အသက်တာ၌ ဘုရားသခင်၏
အကြံအစည်တော်တို့ကို သိရှိနိုင်ရန်နှင့် ကျွန်ုပ် တို့သည်
 ယေရှုခရစ်တော်ကိုကယ်တင်ရှင်အဖြစ်လက်ခံ
ယုံကြည်ရမည်ဟူသောအချက်ဖြစ်သည်။ “ယောဟန် ၁း၁၂ထဲတွင်ဤအကြောင်းနှင့်ပတ်သက်၍ကျွန်ုပ်တို့အတွက်ဖော်ပြ
ထားပါသည်။ထိုသူကိုလက်ခံသမျှသော သူတည်း ဟူသော 
ကိုယ်တော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏
သားတော်ဖြစ်ရသောအခွင့်ကိုပေးတော်မူ၏” တမန်တော် ၁၆း၃၁
 ထဲတွင်လည်း ဤအကြောင်းကို တိကျစွာဖော်ပြထားပါသည်။
 “သခင်ယေရှုခရစ်ကို ယုံကြည်လော့၊ ယုံကြည်လျှင် သင်နှင့်သင်၏
 အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ 
ကျွန်ုပ်တို့သည် ကျေးဇူးတော်ကြောင့်သာလျှင်ယုံကြည်ခြင်းအားဖြင့်
သာလျှင် သခင်ယေရှုခရစ်တော်အားဖြင့်သာလျှင် ကယ်တင်ခြင်း 
သို့ရောက်ရှိခြင်းဖြစ်သည် (ဧဖက် ၂း၈-၉)။ မိတ်ဆွေသည် 
သခင်ယေရှုခရစ်တော်ကို မိမိကယ်တင်ရှုင် 
အဖြစ်ယုံကြည်လက်ခံလိုလျှင် ဘုရားသခင်ထံသို့ ဤစကားလုံးတို့ကို
ရင်ဖွင့်၍ မြွက်ဆိုပါ။ ယုံကြည်ခြင်းမရှိပဲ ဤစကားလုံးတို့ကို
 မြွက်ဆိုခြင်းက ကယ်တင်ခြင်းစိတ်ချမှု မပေးနိုင်ပေ။ သို့သော် သခင်ယေရှုခရစ်တော်၏အလိုတော်ကိုယုံကြည်ကိုးစားမှသာ
 ကယ်တင်ခြင်းရရှိမည်ဖြစ်သည်။ ဤဆုတောင်းခြင်းသည် မိတ်ဆွေကဘုရားသခင်ကိုယုံကြည်ကိုးစားကြောင်းကိုဖေါ်ပြခြင်းနှင့်
 သူပြင်ဆင်ပေးထားသော ကယ်တင် ခြင်းတရားအတွက် ကိုယ်တော်ကို ကျေးဇူးတင်စကားပြောခြင်းဖြစ်သည်။
 “ဘုရားသခင် ကျွန်ုပ်သည် ကိုယ်တော့်ကို ပြစ်မှားကြောင်းနှင့် 
ထိုအပြစ်တရားအတွက် တရားစီရင်ခြင်းပြစ်ဒဏ်ကို ကျွန်ုပ်သည် ခံထိုက်ကြောင်းကျွန်ုပ်သိပါ၏။ကျွန်ုပ်မထိုက်သောပြစ်ကြွေးအားလုံးကို
သခင်ယေရှုခရစ်တော်က ယူဆောင်သွား ခဲ့သောကြောင့်ကျွန်ုပ်သည် သခင် ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်လွှတ်ခြင်းအခွင့်ရပါ၏။ 
ကျွန်ုပ်သည် အပြစ်ဒုစရိုက်နွံမှရုန်းထွက်၍ကယ်တင်ခြင်းရရှိရန်
ကိုယ်တော်ကိုယုံကြည်ကိုးစားပါ၏။ ကိုယ်တော်၏အံ့သြဖွယ်
 ကောင်းသော ကျေးဇူးတော်တရားနှင့် ခွင့်လွှတ်ခြင်းတရား၊ 
ထာဝရအသက်ဆုကျေးဇူးတော်အတွက် ကိုယ်တော်ကို
 ကျေးဇူတင်ပါ၏!အာမင်!
November 28, 2014
ဒုတိယမွေးခြင်းခံသော ခရစ်ယာန်ဟူသည် ?
 ဒုတိယမွေးခြင်းခံသော ခရစ်ယာန်ဟူသည်ကား??
ကျွန်တော်တို့သည် ဒုတိယမွေးခြင်းအကြောင်းကို ကြိမ်ဖန် များစွာကြားနေရပြီး မိမိသည် “ဒုတိယမွေးခြင်းခံ ခရစ်ယာန်” ဖြစ်ကြောင်း ပြောဆိုနေကြသည်။ သူတို့က လူ တ ယောက် သည် ဒုတိယမွေးခြင်း မခံဘဲ ခရစ်ယာန် တစ်ယောက် မဖြစ် နိုင်ကြောင်း ကို နားလည်ပုံ မရပါ။ လူတစ်ယောက် သည် မည်သည့်နည်းဖြင့် ဒုတိယ မွေးခြင်းကို ခံနိုင်ပါမည်နည်း။ လူတစ်ယောက်သည် မည် သည နည်းဖြင့် ခရစ်ယာန် တစ်ယောက် ဖြစ်လာနိုင်မည်နည်း။  
သမ္မာကျမ်းစာ က မည်ကဲ့သို့ သွန်သင်ပါသနည်း။
သမ္မာကျမ်းစာ က ရှင်ယောဟန် ၃း ၁-၁၃ ထဲတွင် ဒုတိယ မွေးခြင်း အကြောင်း ပြောပါသည်။ နိကောဒင်အမည် ရှိ သော ယုဒလူတို့တွင် အရာရှိ၊ ဖာရိရှဲတယောက်သည် ယေရူထံတော် သို့် လာသည်။ နိကောဒင်သည် ဘာသာတရားကိုင်းရှိုင်း သူ လူ ကောင်း တယောက်ဖြစ် သည်။ သူ သည် ယေရူပြု သော နိမိတ်လက္ခဏာ များကိုတွေ့မြင် သောကြောင့် ယေရူ သည် ဘုရားသခင် စေလွှတ်တော် မူသော သူဖြစ် ကြောင်း သိသည်။ နိကောဒင်သည် ဘုရားသခင်၏ နိုင်ငံတော် ကို မျှော်လင့်နေသောသူ ဖြစ်သည်။
ယေရူက နိကောဒင် သည်အဘယ်သူဖြစ်ကြောင်းနှင့် မည်သည့်အရာကို မျှော်လင့် နေ ကြောင်း သိမြင်သော ကြောင့် ဤသို့ဖြေကြားပြော ဆို ခဲ့ပါသည်။ “ ယေရူက ဒုတိယမွေးခြင်းကို မခံသော သူမည်သည်ကား ဘုရားသခင်၏ နိုင်ငံတော် ကို မမြင်ရဟု ငါ အမှန်အကန်ဆိုသည် ဟု ပြန်၍မိန့် တော်မူ၏”။ နိုင်ငံတော်ကို မြင်တွေ့ ခြင်း သည် ၎င်း၏ ဝမ်းမြောက်ခြင်းနှင့် ကောင်းကြီးမင်္ဂလာများ ကို အတူမျှ ဝေခံစားခြင်းဖြစ် သည်။ နိကောဒင် သည် ယုဒ လူ တယောက်ဖြစ်သည်။ 
သူသည် ယုဒလူမျိုးမိသားစု မှ မွေးဖွားခြင်းအားဖြင့် ဣသရေလ နိုင်ငံတော်၏ နိင်ငံသားတယောက် ဖြစ်လာခဲ့သည်။ သူက ယေရူ၏ နိုင်ငံတော်သည် လောကီနိုင်ငံ တစ်ခု ခု ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ထင်မြင် ခဲ့သည်။ သို့သော်လည်း ထိုထင်မြင်ချက်သည် မှားယွင်းပါသည်။ ယေရူတည်ထောင် သော နိုင်ငံတော်သည် ဝိညာဉ်ရေးရာ နှင့်ဆိုင်သော နိုင်ငံတော်ဖြစ်သည်။ နောက်ပိုင်း၌ ယေရူက ပိလတ်မင်းအား ပြောဆို သည်မှာ “ ငါ၏ နိုင်ငံ သည် ဤလောကနှင့် မစပ်ဆိုင်” (ယောဟန် ၁၈း၃၆ )။
 ပေတရုက ယေရူသည် ခရစ်တော်တည်းဟူသော အသက်ရှင် တော်မူသော ဘုရားသခင ၏သားတော် ဖြစ်ကြောင်း ဝန်ခံသော အခါ ယေရူက သူ့အသင်းတော် တည်ဆောက်ရန် ကတိပေး ခဲ့သည်။ ထို့နောက်ယေရူ သည် ပေတရုအား ကောင်းကင်နိုင်ငံတော်၏ သော့တို့ကို လည်းပေးရန် ကတိပေးခဲ့သည်။ ( မသဲ ၁၆း၁၆-၁၉ )။ ဤကျမ်းချက် တွင် ယေရူ က “အသင်းတော်” နှင့် “နိုင်ငံတော်” သည် အတူတူသုံးနှုန်း ပြော ဆိုကြောင်းရှင်းလင်းပါသည်။
 နှစ်ပေါင်းအတန်ကြာလာ သောအခါ တမန်တော် ပေါလု က ကောလောသဲ မြို့၌ရှိသော ခရစ်တော်၏ အသင်းတော် ကို ပြောဆိုရာတွင် “ ချစ်တော်မူသော သားတော်၏ နိုင်ငံတော်ထဲသို့ သွင်းတော်မူ၏” ( ကောလောသဲ ၁း၁၃ ) ဟု ပြောဆိုပါသည်။ ထိုသို့် အသင်းတော် နှင့် နိုင်ငံတော်သည် အတူတူ ဖြစ်သောကြောင့် ထိုအထဲသို့ဝင် ရောက်နိုင်ရန် လမ်းခရီးလည်း တစ်ခု တည်း သာ ရှိပါသည်။ လူတယောက် သည် နိုင်ငံတော်ထဲသို့ ရောက်ရှိ နေလျှင် ထိုသူသည် အသင်းတော်၏ အသင်းဝင်တယောက် ဖြစ်ပါသည်။ 
အစပိုင်းတွင် ယေရူ က နိကောဒင်အား မိန့်ဆို သည်မှာ “ဒုတိယ မွေးခြင်းကို မခံသော သူမည် သည်ကား ဘုရားသခင်၏နိုင်ငံတော် ကို မမြင်ရ ဟု ပြန်၍မိန့် တော် မူ၏” ဤသို့ မိန့်ဆို ခြင်းအားဖြင့် လူ တယောက်သည် ဒုတိယမွေးခြင်း အားဖြင့်သာ လျှင် နိုင်ငံတော်၏ ဝမ်းမြောက်ခြင်း ကောင်းကြီး မင်္ဂလာကို ခံစားနိုင်မည် ဖြစ် သည်။
ယေရူက လူတယောက် သည် (၁ ) ရေ ( ၂ ) ဝိညာဉ်တော် အားဖြင် မွေးဖွားရမည်ဟု မိန့်ဆို သည်။ လူတယောက် မွေးဖွားနိုင်ရန် အရာနှစ်ခုတို့ သည် မရှိမဖြစ်လိုအပ်သည်။ 
( ၁ ) မျိုးစေ့ကြဲမည့် ဖခင် (၂ ) မွေးဖွား ပေးမည့် မိခင် တို့ဖြစ်သည်။ ယေရူက ဘုရားသခင်၏မိသားစု ဖြစ်သော ဘုရားသခင်၏ နိုင်ငံတော် ထဲ သို့ ဝိညာဉ်ရေးရာ မွေးဖွားခြင်း ကို ရှင်းပြရာတွင် လူ့ဘဝ၏ မိသားစုတစ်စု ထဲသို့ ဇာတိ မွေးဖွားခြင်းကို အသုံးပြု သည်။
ဒုတိယမွေးခြင်း၌ သန့်ရှင်း သောဝိညာဉ်တော်သည် မျိုးစေ့ကြဲ သည်။ မျိုးစေ့သည် ဘုရားသခင်၏ နုတ်ကပတ်တော်ဖြစ်သည်။ 
ဤ စကား လုံးများကို မှတ်ထားကြပါစို့။ 
“ နိမ္မိတ သတ္တဝါတို့တွင် ငါတို့သည် အဦးသီးသောအသီး ကဲ့သို့ ဖြစ်စေ ခြင်းငှါ သမ္မာတရား စကားအားဖြင့် မိမိအလိုတော်အတိုင်း ငါတို့ကို ဖြစ် ဘွားစေတော်မူ ၏” ( ယာကုပ် ၁း ၁၈ )။ နောက်တဖန် ဤကျမ်းချက် ကိုလည်း ဖတ်ရူကြပါစို့။ “ သင်တို့ သည် ဖောက်ပြန် ပျက်စီးတတ်သော မျိုးစေ့ အားဖြင့်ဖြစ်ဘွားသည်မ ဟုတ်။ မဖောက်ပြန်မပျက်စီး တတ်သော မျိုးစေ့ တည်း ဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူ သော ဘုရားသခင်၏ နှတ်ကပတ်တော် အားဖြင့် ဖြစ်ဘွားသောကြောင့်၊ ညီအစ်ကိုများကို ချစ်ယောင် မဆောင် အမှန်ချစ်ခြင်း အလို့ငှါ စိတ်ထဲမှာ သမ္မာတရားကို နားထောင်လျှက်၊ ကိုယ်စိတ် နှလုံးကို စင်ကြယ်စေပြီး သည်နှင့်အညီ၊ 
စင်ကြယ်သော စိတ်နှင့် အချင်းချင်း အားကြီးသော ချစ်ခြင်းမေတ္တာ ရှိကြလော့” (၁ပေ ၁း၂၂-၂၃ )။
ဘုရားသခင်၏နှတ်ကပတ်တော်သည် ဝိညာဉ်တော်၏ 
ဓားဖြစ်သည် ( ဧဖက် ၆း၁၇ )။ လူ့စိတ်ထဲတွင် ယုံကြည် ဖြစ်ထွန်းစေရန် သန့်ရှင်း သောဝိညာဉ်တော်သည် ဤနှတ်ကပတ်တော် ကို အသုံးပြု သည်။ “သို့ဖြစ်၍ ယုံကြည်ခြင်း သည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည် လည်း ဘုရားသခင် ၏ စကားတော်အားဖြင့်ဖြစ်၏ 
( ရောမ ၁၀း၁၇ )။ ထို့ကြောင့် ဘုရားသခင်၏ နှတ်ကပတ်တော် ကို ဟောပြော သောအခါ သန့်ရှင်းသောဝိညာဉ်တော် သည် အပြစ်သား၏ နှလုံးသားထဲသို့ ယုံကြည်ခြင်းကို ဖြစ်ထွန်း စေသည်။
 ထို့ကြောင့် လူတယောက်သည် နှတ်ကပတ်တော်ကို ကြား၍ ယုံကြည် သောအခါ သန့်ရှင်းသောဝိညာဉ်တော် ၏ သားဟု ခေါ်ဆိုနိုင်ပါသည်။
သို့သော် ရေနှင့် မွေးဖွား ခြင်းကား အဘယ်သို့နည်း။
ဤသည် ဗတ္တိဇံခံခြင်းအားဖြင့် ဖြစ်သည်။ လူတယောက်သည် ဘုရားသခင်၏ နှတ်ကပတ်တော်ကို ကြား၍ ယုံကြည် သောအခါ ထိုသူ သည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ် တော် ၏ နာမ၌ ရေထဲတွင် ဗတ္တိဇံခံခြင်းအား ဖြင့် နှတ်ကပတ်တော် ကို နာခံသည် 
(မသဲ ၂၈း၁၉-၂၀ )။ဤဗတ္တိဇံသည် ရေထဲ ၌ သင်္ဂြိုလ်ခြင်းဖြစ်သည်
( ရောမ ၆း၎ ; ကောလောသဲ ၂း၁၂ )။ 
ဤဗတ္တိဇံသည် အပြစ်မှ ဖြေလွှတ်ခြင်း 
( ခွင့်လွှတ်ခြင်း )အတွက် ဖြစ်သည် ( တမန်တော် ၂း၃၈; ၂၂း၁၆ )။ ယုံကြည်သူတယောက်သည် ဗတ္တိဇံခံခြင်းအားဖြင့် ခရစ်တော်၏ ခန္ဓာကိုယ်ထဲ သို့ ထည့်သွင်းခြင်းခံ ရသည် ( ၁ကော ၁၂း၁၃ )။ 
ထို ခန္ဓာကိုယ်သည် ဘုရားသခင်၏ နိုင်ငံတော် ဖြစ်သော အသင်းတော်ဖြစ် သည် ( ကောလောသဲ ၁း၁၈ )။
ခရစ်ယာန်တယောက် ဖြစ်ရန် ဒုတိယ မွေးခြင်းသည် မရှိမဖြစ် လိုအပ်ကြောင်း ကျွန်တော် တို့ သိခဲ့ပါပြီ။ လူတယောက် သည် ဒုတိယမွေးခြင်းကို ခံရလျှင် ထိုသူသည် ဘုရားသခင်၏ နိုင်ငံတော် ဖြစ်သော အသင်းတော် ထဲသို့ အလိုအလျှောက် ရောက်ရှိနေပါသည်။ သန့်ရှင်းသောဝိညာဉ်တော် သည် နှတ်ကပတ်တော်ကို လူ့နှလုံးသားထဲ တွင် ဖွင့်ပြတော်မူ၍ ယုံကြည်ခြင်း ကို ဖြစ်ထွန်းစေပြီး ထိုယုံကြည်သူသည် အပြစ် လွှတ်ခြင်းရရန် ဗတ္တိဇံခံခြင်း အား ဖြင့် တုံ့ပြန်သောအခါ ထိုသူသည် ဒုတိယမွေးခြင်းကို ခံရပါသည်။ 
ထို သူသည် ရေနှင့်ဝိညာဉ်တော် အားဖြင့် မွေးခြင်းခံသော ကြောင့် နိုင်ငံတော်ထဲသို့ ရောက်ရှိနေ ပြီဖြစ် သည်။
ခရစ်တော်၌ ချစ်သော မိတ်ဆွေ၊ သင်သည် အဘယ်သို့နည်း။ 
သင် သည် ကယ်တင်ခြင်း သို့ရောက်ပြီ လား။ သင်သည် ဘုရားသခင် ၏ နိုင်ငံတော်ထဲသို့ ရောက်ရှိ နေပြီလား။ သင်သည် ရေနှင့် ဝိညာဉ်တော အားဖြင့် ဒုတိယမွေးခြင်း ခံပြီလား။ ဤအရာများကို 
သင်၌ မရှိသေးပါက၊ သင်သည် ထာဝရအတွက် မျှော်လင့် ချက် မရသေးပါ။ ကယ်တင်ခြင်း သည် သင့်အတွက် ဖြစ်ရန် ယနေ့၌ပင် ဘုရားသခင် ၏နှတ်ကပတ်တော်ကို ယုံကြည် ပြီး ဗတ္တိဇံခံပါ။ “သင်တို့သည် လောကီနိုင်ငံ အရပ်ရပ်ရှိ သမျှသို့ သွား၍ ဝေနေယျ သတ္တဝါအပေါင်း တို့အား ဧဝံဂေလိ တရားကို ဟောကြလော့။ ယုံကြည်၍ ဗတ္တိဇံကို ခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည် သောသူမူ ကား အပြစ်စီရင် ခြင်းကို ခံရလတံ့။” ( မာကု ၁၆း၁၅-၁၆ )။
November 27, 2014
ကျွနုပ်အပြစ်အားလုံးကို မည်သို့ ခွင့်လွှတ်နိုင်မည်နည်း?
အပြစ်အားလုံးကို မည်သို့ ခွင့်လွှတ်နိုင်မည်နည်း?
 စာ၊ ၁၃း၃၈ “ထို့ကြောင့် ညီအစ်ကိုတို့၊ ထိုသခင်၏
 ကျေးဇူးတော်ကြောင့် အပြစ်လွှတ်ခြင်း တရားကိုကို
သင်တို့အား ဟောကြားခဲ့သည်ကို သိမှတ်ကြလော့”။
 ခွင့်လွှတ်ခြင်းသည် အဘယ်နည်း? အဘယ်ကြောင့်
ကျွန်ုပ်တို့သည် အပြစ်လွတ်ခြင်းတရားကို လိုအပ်သနည်း? “ခွင့်လွှတ်ခြင်း”အဓိပ္ပါယ်သည် တောက်ပြောင်သန့်ရှင်းရန်
 ဆေးကြောပေးခြင်း၊ကျေးဇူးဂရုဏာသက်ရောက်ခြင်းဖြင့်
ခွင့်လွှတ်ခြင်း၊ အကြွေးစာရင်းမှပယ်ဖျက်ခြင်းမျိုးဖြစ်သည်။
ကျွန်ုပ်တို့သည် လူတစ်စုံတစ်ယောက်အပေါ်တွင်
အပြစ်ပြုမိသော အခါ ထိုသူနှင့် ပြန်လည်သင့်မြတ်၍
မိတ်သဟာရဖွဲ့နိုင်ရန် သူတို့၏ ခွင့်လွှတ်ခြင်းကို
ကျွန်ုပ်တို့ လိုအပ်သည်။ ထိုခွင့်လွှတ် ခြင်းသည် ထိုက်တန်သူ
တစ်ဦးပေါ်တွင် ပေးအပ်သော အရာမဟုတ်ပေ။ မည်သူကမှ
 ခွင့်လွှတ်ရန် မထိုက်တန်ပေ။ ခွင့်လွှတ် ခြင်းသည်
ချစ်ခြင်းမေတ္တ၊ ဂရုဏာတရားနှင့် သစ္စာတရားတို့၏
လုပ်ဆောင်မှုပင်ဖြစ်သည်။ ခွင့်လွှတ်ခြင်းသည် ဆန့်ကျင်
ပုန်ကန်မှုပြုသောသူအား ပြန်လည်မတုံ့ပြန်ရန်
ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ မိတ်ဆွေအပေါ် သူတို့ပြုခဲ့သော အမှားတို့ကို ပြန်လည်လက်စားမချေခြင်းပင်ဖြစ်သည်။
 ကျွန်ုပ်တို့အားလုံးတို့သည် ဘုရားသခင်ထံမှလာသော
ခွင့်လွှတ်ခြင်းကို လိုအပ်ကြောင်းကိုသမ္မာကျမ်းစာက
 ဖော်ပြ ခဲ့သည်။ကျွန်ုပ်တို့အားလုံးတို့သည်အပြစ်ဒုစရိုက်ကို
 ပြုခဲ့ကြပြီ။ဒေသနာကျမ်း ၇း၂၀က“အပြစ်မပါပဲကောင်းသော
အကျင့် ကိုကျင့်သောသူတော်ကောင်းတစုံတစ်ယောက်မျှ
 မြေကြီးပေါ်မှာမရှိ။”ဟုဖော်ပြထားပါသည်။၁ယော၊ ၁း၈ က
 “ကိုယ်အပြစ် မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ့်ကိုကိုယ်
လှည့်ဖြားကြ၏။ငါတို့၌သစ္စာတရားမရှိ”ဟု ပြောထားပါသည်။
အပြစ်ဟူသမျှသည်ဘုရားသခင်ကိုဆန့်ကျင်ပုန်ကန်သည်
 (ဆ၊၅၁း၎)။ ကျွန်ုပ်တို့သည် အပြစ်ရှိကြသောကြောင့်
ဘုရားသခင်၏ခွင့်လွှတ်ခြင်းတရားကိုကျွန်ုပ်တို့လိုအပ်သည်။
ကျွန်ုပ်တို့သည် လွှတ်ငြိမ်းခြင်းအခွင့်မရလျှင် ထိုအပြစ်ကြောင့်
ငရဲမီးအိုင်ထဲ၌ထာဝရကာလ ဒုက္ခဆင်းရဲခြင်းကို
ခံစားရပါလိမ့်မည်။ (မ၊ ၂၅း၄၆၊ ယော၊၃း၃၆) ခွင့်လွှတ်ခြင်း -
ဝမ်းမြောက်စရာသတင်းကောင်းတစ်ခုသည်ဘုရားသခင်သည်
ချစ်ခြင်းမေတ္တာ၊ ဂရုဏာတရားနှင့်ပြည့်စုံတော်မူသော
ဘုရားသခင်ဖြစ်သည်။ သူက ကျွန်ုပ်တို့၏အပြစ်တို့ကို
ခွင့်လွှတ်ရန်အတွက် အလိုတော်ရှိသည်။ ၂ပေ၊၂း၉ ထဲတွင်
“ … ထာဝရဘုရားသည် ကတိတော်အရာမှာ နှေးတော်မမူ။
ငါတို့တွင် အဘယ်သူမျှ မပျက်ဆီးဘဲ၊ ရှိသမျှတို့သည်
 နောင်တရစေ ခြင်းငှာ အလိုတော်ရှိ၍ ငါတို့ကို
သည်းခံတော်မူ၏” ဟုဖော်ပြထားသည်။ ဘုရားသခင်သည်
ကျွန်ုပ်တို့ကို ခွင့်လွှတ်ရန် အလို တော်ရှိသည်။ ထို့ကြောင့်
ကျွန်ုပ်တို့သည် လွတ်ငြိမ်းခြင်းအခွင့်ရရှိရန် သူက ပြင်ဆင်ပေးထားခဲ့သည်။ ကျွန်ုပ်တို့၏အပြစ်များအတွက် တစ်ခုတည်းသော တရားစီရင်ခြင်းသည် သေခြင်းဖြစ်သည်။ ရောမ၊ ၆း၂၃ အစောပိုင်း တွင် “အပြစ်၏အခကား သေခြင်းပေတည်း”ဟု ဖော်ပြထားသည်။ ထာဝရသေခြင်းသည် ကျွန်ုပ်တို့၏အပြစ်တရား၏ အကျိုး သက်ရောက်မှုပင်ဖြစ်သည်။ သခင်ယေရှုသည် ဘုရားသခင်၏အစီအစဉ်အတိုင်း လူ့ဇာတိကိုခံယူခဲ့ပါသည် (ယော၊၁း၁၊၁၄)။ သခင်ယေရှုသည် ကားတိုင်ပေါ်တွင် အသေခံ၍ ၄င်းအားဖြင့် ကျွန်ုပ်တို့နှင့်ထိုက်တန်သော တရားစီရင်ခြင်း သေဒဏ်ကို သူ ယူဆောင်သွားခဲ့သည်။ (၂ကော၊၅း၂၁)ထဲတွင် “အဘယ်ကြောင့်နည်းဟူမူကား ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သော သူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့ တော်၌ ဖြောင့်မတ်သောသူဖြစ်မည် အကြောင်းတည်း” ဟု ဖော်ပြထားပါသည်။ သခင်ယေရှုသည် ကားတိုင်တော်ပေါ်တွင် အသေခံ၍ ကျွန်ုပ်တို့နှင့်ထိုက်တန်သော ကျိန်ခြင်းတို့ကို သူသည် ယူဆောင်သွားခဲ့သည်။ ဘုရားသခင်၏မျက်မှောက်၌ လောကီသား အားလုံးတို့၏ အပြစ်ဟူသမျှတို့ကို သခင်ယေရှု၏အသေခံခြင်းအားဖြင့် လွတ်ငြိမ်းခြင်းအခွင့်ရရှိကြသည်။ ၁ယော၊ ၂း၂ထဲတွင် “ထိုသခင်သည် ငါတို့၏ အပြစ်မက၊ လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်း ဖြစ်တော်မူ၏”ဟုဖော်ပြထားသည်။သခင်ယေရှုသည် သေခြင်းမှထမြောက်ခဲ့၍ သူ၏အပြစ်တရားနှင့် သေခြင်းတရားပေါ်တွင် အောင်မြင်ခြင်းရရှိကြောင်းကြွေးကြော်ခဲ့ပါသည်(၁ကော၊၁၅း၁-၂၈)။ဘုရားသခင် ဘုန်းကြီးပါစေ။ သခင်ယေရှုအသေခံခြင်းနှင့် ပြန်လည် ထမြောက်ခြင်းအားဖြင့် ရောမ၊ ၆း၂၃ နောက်ပိုင်းတွင် ဖော်ပြသော အကြောင်းအရာတို့သည် မှန်ကန်သည်။” ……… ဘုရား သခင်ပေးတော်မူသော ကျေးဇူးတော်ကား ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း”။ မိတ်ဆွေသည် အပြစ်တရားမှ လွှတ်ငြိမ်းခြင်းအခွင့်ရယူလိုသလော? မိတ်ဆွေသည် မိမိဒုစရိုက်နွံထဲမှ မရုန်းထွက်နိုင် ဟု မိမိကိုယ်ကို ခံစားပါသလော? မိတ်ဆွေသည် သခင်ယေရှုခရစ်တော်ကို မိမိကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံလျှင် အပြစ်တရားအုပ်စိုးမှု နွံထဲမှ လွတ်မြောက်ခြင်းအခွင့်ရရှိမည်ဖြစ်ပါသည်။ ဧဖက်၊ ၁း၇ ထဲတွင် “ခပ်သိမ်းသော သတိပညာ တော်နှင့်လျော်ညီစွာ ငါတို့၌ အတိုင်းထက်အလွတ်များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံနှင့်အညီ၊ ထိုသားတော် ၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည် ခံရကြ၏”ဟု ဖော်ပြ ထားသည်။ သခင်ယေရှုက ကျွန်ုပ်တို့၏အပြစ်ကြွေးအားလုံးတို့ကို ပေးဆပ်ခဲ့သောကြောင့် ကျွန်ုပ်တို့သည် အပြစ်လွတ်ခြင်း အခွင့်ရရှိသည်။ မိတ်ဆွေလုပ်ဆောင်ရမည့်အရာသည် သခင်ယေရှုအားဖြင့် မိတ်ဆွေအပြစ်များကို လွှတ်ခြင်းအခွင့်ရရှိရန် ဘုရားသခင်ထံတောင်းလျှောက်ခြင်း၊ သခင်ယေရှုသည် မိတ်ဆွေ၏ လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် အသေခံသည်ဟု ယုံကြည် ခြင်းတို့ဖြစ်သည်။သို့ပြုလျှင်ဘုရားသခင်က မိတ်ဆွေကို ခွင့်လွှတ်ပါလိမ့်မည်။ ယောဟန်၊ ၃း၃၆-၁၇ ထဲတွင် အံ့သြဘွယ်ကောင်းသော သတင်းကို ဖော်ပြထားပါသည်။ “ဘုရားသခင်၏ သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်ဆီးခြင်းသို့မရောက်၊ထာဝရအသက်ကိုရစေခြင်းငှာ၊ဘုရားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီ သားတို့ကိုချစ်တော်မူ၏။ လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ ဘုရားသခင်သည် သားတော်ကိုဤလောကသို့ စေလွှတ် တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ်တော်မူ ၏”။ ခွင့်လွှတ်ခြင်းတရား - ၄င်းကို အမှန်ရရှိရန် လွယ်ကူပါသလား? ဟုတ်ပါသည်။ လွယ်ကူပါသည်။ ဘုရားသခင်ထံမှ အပြစ်လွှတ်ခြင်းအခွင့်ရရှိရန် ကျွန်ုပ်တို့သည် ကြိုးပမ်းလုပ်ဆောင် မှုဖြင့်မရနိုင်ပေ။ အပြစ်လွှတ်ခြင်းအခွင့်ကို ဘုရားသခင်၏ကျေးဇူးတော်နှင့် ဂရုဏာတရားတော်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ရရှိနိုင်ပါသည်။ မိတ်ဆွေသည် သခင်ယေရှုခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ်လက်ခံလို၍ ဘုရားသခင်ထံမှ အပြစ်လွတ်ငြိမ်းခြင်းအခွင့်ရယူလိုလျှင် မိတ်ဆွေသည် ဤသို့ဆုတောင်းနိုင်သည်။ ယုံကြည်ခြင်းမရှိပဲ ဆုတောင်းခြင်းအားဖြင့် ဖြစ်စေ၊ အခြားသောဆုတောင်းခြင်းအားဖြင့် ကယ်တင်ခြင်းမရနိုင်ပေ။ သခင်ယေရှုခရစ်တော်ကို ယုံကြည်ကိုးစားခြင်းအား ဖြင့် ကျွန်ုပ်တို့သည် အပြစ်လွှတ်ခြင်း အခွင့်ရရှိနိုင်သည်။ ဤဆုတောင်းခြင်းသည် ကျွန်ုပ်တို့ ဘုရားသခင်ကိုယုံကြည်ကြောင်း ကို သူ့ထံရင်ဖွင့်ပြောဆိုခြင်းနှင့် ကျွန်ုပ်တို့၏အပြစ်လွှတ်ခြင်းအတွက် သူပြင်ဆင်ပေးခြင်းအပေါ် သူ့ကိုကျေးဇူးတင်စကားပြော ခြင်းဖြစ်သည်။ “ကိုယ်တော်ရှင်၊ ကျွန်ုပ်သည် ကိုယ်တော့်ကိုပြစ်မှား၍ အပြစ်ဒဏ်ခံထိုက်သူဖြစ်ကြောင်း ကျွန်ုပ်သိရှိပါ၏။ သို့ သော် သခင်ယေရှုခရစ်တော်က ကျွန်ုပ်နှင့်ထိုက်တန်သောအပြစ်ဒဏ်အတွက် အသေခံခဲ့သောကြောင့် ကျွန်ုပ်သည် မိမိအပြစ်နွံထဲမှ လွတ်မြောက်၍ ကယ်တင်ခြင်းရရှိရန် ကိုယ်တော့်ကို ကျွန်ုပ်ယုံကြည်ပါ၏။ ကိုယ်တော်၏ အံ့သြဘွယ်ကောင်း သော ကျေးဇူးတော်နှင့် ခွင့်လွှတ်ခြင်းတရားအတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါ၏! အာမင်!”
ထာဝရအသက်ရပြီလား? မည်သို.ရမည်နည်း?
ထာဝရအသက်လမ်းကို သမ္မာကျမ်းစာက
တိကျစွာဖော်ပြထားပါသည်။ ပထမအနေနှင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကိုဆန့်ကျင်သောအပြစ်သားဖြစ်ကြောင်းကို
အသိအမှတ်ပြုရမည်။ “အဘယ်ကြောင့်နည်း ဟူမူကား၊
လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌
အသရေပျက်ကြပြီ။” (ရော၊၃း၂၃)။ ကျွန်ုပ်တို့ လုပ်ဆောင်ခဲ့သော
အရာဟူသမျှသည် ဘုရားသခင်ကို ၀မ်းနည်းစေခဲ့သည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် အပြစ်ဒဏ်ခံထိုက်သူ များဖြစ်သည်။
 ကျွန်ုပ်တို့၏ အပြစ်အားလုံးက ထာဝရဘုရားသခင်ကို
ဆန့်ကျင်သောကြောင့်ကျွန်ုပ်တို့သည် ထာဝရ အပြစ်ဒဏ်ကို
 ခံထိုက်သောသူများဖြစ်သည်။“အပြစ်တရား၏အခကား
 သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော
 ကျေးဇူးတော်ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့်
ထာဝရအသက်ပေတည်း။” (ရော၊ ၆း၂၃) သို့သော်
အပြစ်ကင်းမဲ့သော သခင်ယေရှုခရစ်တော်(၁ပေ၊၂း၂၂)၊
ထာဝရဘုရားသခင်၏ သားတော်(ယော၊၁း၁,၁၄)သည်
လူ့ဇာတိကိုခံယူပြီးကျွန်ုပ်တို့၏ ပြစ်ကြွေးအားလုံးကိုပေးဆပ်ရန်
 အသေခံခဲ့ပါသည်။ “ငါတို့သည်အပြစ်ရှိစဉ်ပင် ခရစ်တော်သည်
ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊
ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူ
သည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏” (ရော၊ ၅း၈)။
သခင်ယေရှုခရစ်တော်သည် ကားတိုင်ပေါ်တွင်
အသေခံ၍ (ယော၊ ၁၉း၃၁-၄၂)၊ ကျွန်ုပ်တို့ခံထိုက်သော
အပြစ်ကြွေးအားလုံးကိုသူယူဆောင်သွားခဲ့သည်(၂ကော၊ ၅း၂၁)။
သုံးရက်မြောက် သောနေ့တွင် သူသည် သေခြင်းမှ
ထမြောက်၍(၁ကော၊၁၅း၁-၄) သူသည် အပြစ်တရားနှင့်
 သေခြင်းတရားကို အောင်မြင်ခဲ့ ကြောင်းသက်သေပြခဲ့သည်။
 “သခင်ယေရှုခရစ်တော်သည် သေခြင်းမှ ရှင်ပြန်
ထမြောက်တော်မူခြင်းအားဖြင့် ကြီးစွာသော ဂရုဏာတော်နှင့်
အညီ ငါတို့ကို တဖန်သွားစေတော်မူ၏။(၁ပေ၊၁း၃)။
 ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အပြစ်မှ
 `ရုန်းထွက်နိုင်၍ ကယ်တင်ခြင်းရရှိရန် ခရစ်တော်ထံသို့
 ပြန်လှည့်လာ၍ရပါသည်။ (တ၊၃း၁၉)။ ကျွန်ုပ်တို့သည်
ခရစ်တော်ကို ယုံကြည်၍ သူသည် ကားတိုင်ပေါ်တွင်
 ကျွန်ုပ်တို့၏ အပြစ်ကြွေးအားလုံးပေးဆပ်ရန် အသေခံသည်ဟု
 ယုံကြည်ကိုးစားလျှင် ကျွန်ုပ်တို့သည် အပြစ်လွှတ်ခြင်း
အခွင့်ရရှိပြီး ကောင်း ကင်နိုင်ငံတော်ကို အမွေခံရမည်ဖြစ်သည်။ “ဘုရားသခင်၏သားတော်ကိုယုံကြည်သော်သူအပေါင်းတို့သည်
 ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊
ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို
စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။”
 (ယော၊ ၃း၁၆)။ “အဘယ်သို့နည်းဟူမူကား၊ သင်သည်
သခင်ယေရှုကို နှုတ်ဖြင့် ၀န်ခံ၍ ဘုရားသခင်သည်
သူ့ကိုသေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌
ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်”
(ရော၊ ၁၀း၉)။ ကားတိုင်တော်ပေါ်တွင် ခရစ်တော်ပြုခဲ့သော အမှုကိုယုံကြည်ကိုးစားခြင်းသာလျှင် ကောင်းရာသုခဘုံသို့
 ပို့ဆောင်ပေးနိုင်သောလမ်းသွယ်ဖြစ်သည်။“ယုံကြည်သော
အားဖြင့် ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏။
ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်။ ဘုရားသခင်
သနားတော်မူရာဖြစ်သတည်း။ ကိုယ် ကုသိုလ်ကြောင့်
ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍
အဘယ်သူမျှ ၀ါကြွားစရအခွင့်မရှိ” (ဧ၊ ၂း၈၊၉)။ မိတ်ဆွေသည်
 သခင်ယေရှုကို မိမိကယ်တင်ရှင်အဖြစ်လက်ခံလိုလျှင်
 ဤသို့ဆုတောင်းပါ။ ယုံကြည်ခြင်းမရှိပဲ ဤ ဆုတောင်းကို
ရွတ်ဆိုခြင်းသည်အားဖြင့်ဖြစ်စေ၊ တခြားဆုတောင်းခြင်းကို
 မြွက်ဆိုခြင်းအားဖြင့်မိတ်ဆွေသည်ကယ်တင်ခြင်း မရရှိနိုင်ပါ။
ခရစ်တော်ကအပြစ်မှကယ်တင်ခဲ့သည်ဟုယုံကြည်မှသာလျှင်
ကယ်တင်ခြင်းရရှိနိုင်ပါသည်။ ဤဆုတောင်း ခြင်းသည်
ဘုရားသခင်ကို ယုံကြည်ကြောင်းဖော်ပြသော ဆုတောင်းခြင်း၊
ဘုရားသခင်ပြင်ဆင်ပေးသော ကယ်တင်ခြင်းအတွက်
သူ့ကို ကျေးဇူးတင်စကားပြောခြင်းသာဖြစ်သည်။
“ကိုယ်တော်ရှင်ဘုရားသခင်၊ ကျွန်ုပ်သည် ကိုယ်တော်
ကိုပြစ်မှား၍ သေခြင်း ပြစ်ဒဏ်ကိုခံထိုက်သော
သူဖြစ်ကြောင်းကို ကျွန်ုပ်သိရှိပါ၏။ သို့သော်
သခင်ယေရှုခရစ်တော်သည် အပြစ်ကြွေးအားလုံးကို
 ယူဆောင်သွားခဲ့ပါ၏်။ သခင်ယေရှုကိုယုံကြည်ခြင်းအားဖြင့်
ကျွန်ုပ်သည် အပြစ်လွတ်ခြင်းအခွင့်ရခဲ့ပါ၏။ ကျွန်ုပ်သည်
 အပြစ် ဒုစရိုက်ကို ကျော်ခိုင်းပြီး ကယ်တင်ခြင်းရရှိနိုင်ရန်
 ကိုယ်တော်ကို ယုံကြည်ကိုးစားပါ၏။ ကိုယ်တော်၏
အံ့သြဖွယ်ရာ ကျေးဇူးတော်နှင့် ခွင့်လွှတ်ခြင်းတရားဖြစ်သော
ထာဝရအသက်ရှင်ခြင်း ဆုကျေးဇူးအတွက် ကိုယ်တော့်ကို
 ကျေးဇူးတင်ပါ၏။! အာမင်!
November 26, 2014
(နောက်ဆုံးသောကာလ၌ အသိခေါက်ခက်၊အဝင်မနက်သင်.ပါ)
ယနေ.လူငယ်အကြိုက်တက်တူးဆိုတာ
 ရှေးခေတ်ကျွန်များကို အမှတ်အသားပြု လုပ်ခြင်းမှ
 ခေတ်စားလာသလို ဘောလုံးလည်း ရှေးယခင်က
 လူသေဦးခေါင်းကို လှိမ့်ကစားရာမှ တစ်ဖြည်းဖြည်း
အသွင်ပြောင်းလာပြီ:ယနေ့ခေတ်တွင် ၀င်ငွေအများ ဆုံး
လုပ်ငန်းတစ်ခုဖြစ်လာရသည်။ ယနေ့ယုံကြည်သူများစွာကို
အိပ်ချိန်ပျက်၊ကျမ်းစာဖတ်၊ဆုတောင်း၊ဘုရားကျောင်း ပျက်၊
ဘုရားနဲ့ မိသဟာယ ပျက်စေသည့်အရာ၊
သူတို့ရဲ့စွဲလမ်းရာအဖြစ် စာတန် လှည့်စား အသုံးပြုထားသည်။
 Moon-star လဲ(666)ဆိုတဲ့စကားလုံးကို
ထည့်သွင်းထားပြီးပြုလုပ်ထားပါတယ်။
Starbuck လည်း သူ.မူရင်းကမလှဘူး။
အမျိုးသမီးတစ်ဦးအ၀တ်ဗလာကျင်းတဲ့ ပုံပဲဖြစ်ပါတယ်။
ယနေ့ကမ္ဘာမှာ နာမည်ကြီးပြီး သိပ်ကြိုက်များတဲ့
 သောက်သုံးဖွယ် ရာဖြစ်နေပါတယ်။ ကိုးရီးယား ဇာတ်လမ်းကတော. ပြောမနေနဲ.၊တကမ္ဘာလုံးနီးပါးလွမ်းမိုးနေပြီ။ ကျမ်းစာတစ်ပိုဒ်လောက်ဖတ်ဖို့ထက် ဘောလုံးပွဲ
အကြောင်းရေးထားချက် ဖတ်ဖို့ ပိုအရေးထားကြသလို
 နှုတ်ကပတ်တော် ၁၀မိနစ်နားထောင်ဖို့ထက် ကိုးရီးယား ဇတ်လမ်း၊ညလုံးပေါက်ကြည့်လည်းပြသနာမရှိလှ။
 စာတန်လှည့်ကွက်က အလွန်ပါးနပ်ပြီး သိပ်ကြောက်ဖို.
့ကောင်းပါသည်။ ကိုယ်.မှာ နှုတ်ကပတ်တော် မရှိပါက
ထိုအရာကို လုံးဝ မတားဆီးနိုင်ပါ။ များစွာသော
ယုံကြည်သူများသည် ခရစ်တော် ပြန်မကြွလာခြင်းကိုပင်လျှင်
 အပြစ် တင်လိုက်ချင်ကြသေးသည်။သင်နှင်.ကျွန်တော်
 မပြောင်းလဲသေးလို.(သို.)ကိုယ်. မိဘများမပြောင်းလဲသေးလို.(သို.)ဘုရားခိုင်းသည်.အလုပ်မလုပ်သေးလို.ဖြစ်တယ်၊
"အကယ်စင်စစ်ထာဝရမေတ္တာနှင်.သင်.ကိုငါချစ်၏၊
ထို.ကြောင်. ကျေးဇူးမေတ္တာ ကြာမြင်.စွာ ငါပြ၏"လို.
ရှင်းရှင်းလင်းလင်းပြောထားပါတယ်။ (ယေ ၃၁း၉)
 "လူအချို့တို့သည်၊ နှေးခြင်းကို မှတ်သည်အတိုင်း၊
ထာဝရဘုရားသည် ဂတိတော် အရာမှာ နှေးတော်မမူ။
ငါတို့တွင် အဘယ်သူမျှ မပျက်စီးဘဲ၊ရှိသမျှတို.သည်နောင်တ
ရစေခြင်းငှါ အလိုတော်ရှိ၍ ၊ငါတို့ကိုသည်းခံတော်မူ၏။"(၂ပေ၃း၉)
 နောင်တရရန် အချိန်လုံလောက်စွာ သင့်အတွက်
ရှိနေသေးသည်။အသိခေါက်ခက် အဝင်နက်နေသမျှ
သည်းခံနေသော သခင်ဘုရား၏ ကျေးဇူးကာလ မကြာခင်ကုန်လု နီးပြီဆိုသည်.အကြောင်း နောက်ဆုံးသောအချိန်ကာလမှာ
 စာတန်မာနတ်၏ နည်းပရိယာယ်ကို ယုံကြည်သူများ
ကာလအချိန်ရွေးနုတ်ကာ ဝိညာဉ်အကင်းပါးပြီး . သမာသတိရှိနိုင်ဖို.ရည်စူး၍ မေတ္တာဖြင်.ဝေမျှလိုက်ပါသည်။ အယောက်တိုင်းအတွက်... ကောင်းကြီးများစွာနှင်.အတူ
..... ခွန်အားဖြစ်နိုင်ပါစေ..လို.ဆန္ဒပြုရင်း...
 မေတ္တာဖြင်.ဝေမျှလိုက်ပါသည်။
(နောက်ဆုံးသောအချိန်၌ ဖြစ်ပျက်မည်.အရာများ)
  နောက်ဆုံးသောအချိန်နှင့်ပတ်သက်၍ သမ္မာကျမ်းစာထဲတွင် ပြောကြာချက်အမြားအပြား ရှိသည်။ သမ္မာကျမ်းစာတစ်အုပ်လုံးတွင်ရှိသော ကျမ်းစာအုပ်များသည် အများအားဖြင့် နောက်ဆုံး ချိန်များကို ဖော်ပြထားပါသည်။ ထိုပရောဖက်များအားလုံးကို အကောင်အထည်ဖော်ခြင်းနှင့် အသိ အမှတ်ပြုခြင်းသည် အလွန်ခက်ခဲသည်။ အောက်တွင်ဖော်ပြထားသော အချက်အလက်အချို့တို့ သည် သမ္မာကျမ်းစာထဲတွင် နောက်ဆုံးချိန်များနှင့်ပတ်သက်၍ သမ္မာကျမ်းစာထဲတွင် ဖော်ပြထား သည့်အတိုင်း အကျဉ်းချုံး၍ဖော်ပြထားခြင်းဖြစ်သည်။ ချီဆောင်ခြင်း အချိန်တွင် ခရစ်တော်က ဒုတိယမွေးခြင်းကိုခံယူသော ယုံကြည်သူအားလုံးကို ဤလောကမှ ဖယ်ရှားပါလိမ့်မည် (၁သက် ၄း၁၃-၁၈၊ ၁ကော ၁၅း၅၁-၅၄)။ခရစ်တော်၏တရားစီ ရင်ခြင်းပလ္လင်တော်တွင် ယုံကြည်သူများသည် ဤလောကတွင် အသက်ရှင်စဉ်တွင် လုပ်ဆောင်ခဲ့ သောကောင်းမှုကုသိုလ်များနှင့် သစ္စာရှိခြင်းအတွက် ဆုပေး/ဒဏ်ပေးစနစ်ရှိမည်ဖြစ်သည်။ သို့သော် ထိုတရားစီရင်ခြင်းသည် ထာဝရကာလအတွက် မဟုတ်ပေ။ သူတို့၏နာခံခြင်းနှင့် လုပ်ဆောင်ချက် များအတွက်သာ တရားစီရင်ခြင်း ဖြစ်သည် ( ၁ကော ၃း၁၁-၁၅၊ ၂ကော ၅း၁၀)။ အန္တီခရစ် ( တောသားရဲ) သည် တန်ခိုးအာဏာရရှိလာပြီး၊ ဣသရေလလူမျိုးများနှင့်ခုနစ်နှစ် အတွက်ပဋိဥာဉ်စာချုပ်ချုပ်ဆိုလိမ့်မည် (ဒံယေလ ၉း၂၇)။ ထိုခုနစ်နှစ်ကာလကို “ဘေးဒဏ်ကြီး ကာလ” ဟု သိရသည်။ ဘေးဒဏ်ကြီးကာလတွင် ထိတ်လန့်စရာကောင်းသောစစ်ပွဲများ၊ အစာရေ စာခေါင်းပါးမှုများ၊ ကာလနာဘေးများနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်လာပါလိမ့်မည်။ ဘုရားသခင်က အပြစ်တရားပြုသောသူများ၊ ဆိုးသွမ်းသောသူများနှင့် ကောက်ကျစ်သောသူများ အပေါ် သူ၏အမျက်ဒေါသကို သွန်းလောင်းမည်ဖြစ်သည်။ ဘေးဒဏ်ကြီးကာလသည် Apocalypse ခေါ်မြင်းစီးယောင်္ကျားလေးယောက်ပေါ်လာသောအချိန်နှင့် တရားစီရင်ခြင်း တံဆိပ်၊ တံပိုးနှင့် ခွက်ဖလား ခုနစ်ခုသွန်းလောင်းသောအချိန်တွင် အဆုံးသတ်ပါလိမ့်မည်။ ခုနစ်နှစ်မှ သုံးနှစ်ခွဲအတောအတွင်း၊ အန္တီခရစ်သည် ဣသရေလလူမျိုးများနှင့် ငြိမ်းချမ်းရေးပဋိ ညာဉ်စာချုပ်ချုပ်ဆိုပြီး၊ ထိုစာချုပ်ကို ချိုးဖောက်ကာ စစ်ပွဲဆင်နွှဲပါလိမ့်မည်။ အန္တီခရစ်က “အလွန် ညစ်ညမ်းသော လုပ်ဆောင်မှု” တစ်ခုကို ပြုပါလိမ့်မည်။ သူသည် မိမိရုပ်ပုံကို ယေရုရှလင်မြို့ဗိမာန် တော်ထဲတွင် တည်ဆောက်ကာ လူတွေ့ကိုကိုးကွယ်စေပါလိမ့်မည်( ဒံယေလ ၉း၂၇။ ၂သက် ၂း၃-၁၀)။ ထိုဗိမာန်တော်သည် ပြန်လည်တည်ဆောက်ရမည့်ဗိမာန်တော်ဖြစ်သည်။ ခုနစ်နှစ်မှ နောက် ဆုံးသုံးနှစ်ခွဲသည် “ကြီးမားသော ဘေးဒဏ်ကြီးကာလ” (ဗျာဒိတ် ၇း၁၄) နှင့် “ယာကုပ်၏အမျိုး၌ အမှုရောက်သောနေ့ရက်” (ယေရမိ ၃၀း၇) ဟု သိရသည်။ ဘေးဒဏ်ကြီးကာလခုနစ်နှစ်ကုန်ဆုံးသွားသောအချိန်တွင် အန္တီခရစ်သည် ယေရုရှလင်မြို့တွင် နောက်ဆုံးသောစစ်ပွဲဆင်နွဲပါလိမ့်မည်။ ၄င်းကို အမေဂဒုန်စစ်ပွဲဟု သိရသည်။ ခရစ်တော်သည် တ ဖန်ပြန်လာ၍ အန္တီခရစ်နှင့်၎င်း၏စစ်ဗိုလ်များကို ဖျက်ဆီးပါလိမ့်မည်။ သူတို့ကို ငရဲမီးအိုင်ထဲသို့ပစ် ချပါလိမ့်မည် (ဗျာဒိတ် ၁၉း၁၁-၂၁)။ ထိုနောက်ခရစ်တော်က စာတန်ကို ချည်နှောင်၍ အနှစ်တစ် ထောင်အတွင်း အဆုံးမရှိသောတွင်းထဲသို့ ပစ်ချမည်ဖြစ်သည်။ သူသည် ဤလောကတွင် သူ၏နိုင်ငံအနှစ် တစ်ထောင်ကို အုပ်စိုးပါလိမ့်မည် (ဗျာဒိတ် ၂၀း၁-၆)။ အနှစ်တစ်ထောင်ကုန်ဆုံးသွားခဲ့ပြီးနောက် စာတန်ကို ပြန်လည်လွှတ်ခဲ့ပြီး၊ သူသည် တဖန်ရှုံးနှိမ့် ကာ ငရဲမီးအိုင်ထဲတွင် ထာဝရပစ်ချခြင်းကိုခံရပါလိမ့်မည် (ဗျာဒိတ် ၂၀း၇-၁၀)။ ခရစ်တော်က ကြီး မားသော ပလ္လင်တော်ပေါ်တွင် မယုံကြည်သူများကို တရားစီရင်၍ (ဗျာဒိတ် ၂၀း၁၀-၁၅) သူတို့ကို ငရဲမီးအိုင်ထဲသို့ ပစ်ချပါလိမ့်မည်။ ထိုနောက်ခရစ်တော်က ယုံကြည်သူများထာဝရစိုးစံမည့်နေရာ ကောင်းကင်သစ်နှင့်မြေကြီးသစ်၊ ယေရုရှလင်မြို့သစ်မှ ယုံကြည်သူများကို ကြိုဆိုပါလိမ့်မည်။ အပြစ်၊ ၀မ်းနည်းခြင်း၊ သေခြင်းရှိတော့မည်မဟုတ်ပေ။(ဗျာဒိတ် ၂၁-၂၂)။
November 25, 2014
(အနှစ်တစ်ထောင်အုပ်စိုးခြင်း)
 အနှစ်တစ်ထောင်အုပ်စိုးခြင်းသည် ခရစ်တော်က ဤလောကတွင် အနှစ်တစ်ထောင်အုပ် စိုးခြင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ အချို့သောသူများက အနှစ်တစ်ထောင်ကို ပုံဥပမာအဖြစ် ဘာသာပြန်ဆိုကြသည်။ အချို့သောသူများက အနှစ်တစ်ထောင်ကို “ရှည်လျားသောကာလတစ်ခု” ဖော်ပြလိုခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ထိုကာသည် ခရစ်တော်အုပ်စိုးသောကာလဖြစ်ကာ အနှစ်တစ်ထောင်သည် တကယ့်အနှစ်တစ်ထောင်မဟုတ်ပေဟု ယုံကြည်ကြသည်။ သို့သော် ဗျာဒိတ် ၂၀း၂-၇ ထဲတွင် အနှစ်တစ်ထောင်အုပ်စိုးခြင်းသည် အနှစ်တစ်ထောင်ဖြစ်ကြောင်းကို တိတိ ကျကျ ဖော်ပြထားပါသည်။ ဘုရားသခင်က “ရှည်လျားသောကာလ” ကိုဖော်ပြလိုလျှင် သူက အချိန်ကို တိတိကျကျ ဖော်ပြလိမ့်မည်မဟုတ်ပေ။ ခရစ်တော်တဖန်ပြန်ကြွလာသောအခါ သူသည် သူကိုယ်တိုင် ရှင်ဘုရင်အဖြစ် ယေရုရှလင်မြို့ရှိ ဒါဝိဒ်၏ပလ္လင်တော်ပေါ်တွင် ထိုင်ရလိမ့်မည် ဟု သမ္မာကျမ်းစာထဲတွင် ဖော်ပြထားပါသည် (လုကာ ၁း၃၂-၃၃)။ အခြေအနေပေါ်တွင် မမူတည်သော ပဋိညာဉ်က ခရစ်တော်သည် ဤလောကသို့တ ဖန်ကြွလာ၍ အနှစ်တစ်ထောင်အုပ်စိုးမည် ဟု ဖောပြထားပါသည်။ အာဗြဟံနှင့်ချုူပ်ဆိုသော ပဋိညာဉ်စာချုူပ်ထဲတွင် ဣသရေလလူမျိုးများအတွက် နယ်မြေ၊ ပစ္စည်းဥစ္စာဓန၊ နှင့် အုပ်ချုပ်သူ၊ ၀ိ ညာဉ်ပိုင်းဆိုင်ရာကောင်းကြီးမင်္ဂလာ (ကမ္ဘာ ၁၂း၁-၃) များကို ဂတိပေးထားသည်။ ဖိလစ်တိုင်းနှင့် ချုပ်ဆိုထားသော စာချုပ်ထဲတွင် ဣသရေလလူမျိုးများသည် မိမိနယ်မြေ၌ပြန်စုံဆည်းမည့်အ ကြောင်းနှင့် နယ်မြေကို ပြန်လည်သိမ်းယူမည့်အကြောင်း (တရားဟော ၃၀း၁-၁၀) ဂတိပြုထားပါသည်။ ဒါဝိဒ်နှင့်ချုပ်ဆိုသောစာချုပ်ထဲတွင် ဣသရေလလူမျိုးများအတွက် ခွင့်လွှတ် ခြင်းအကြောင်းများကို ဖော်ပြထားပါသည်။ ထိုသို့ခွင့်လွှတ်ခြင်းအားဖြင့် သူတို့သည် ကောင်းကြီး မင်္ဂလာခံစားကြမည်ဖြစ်သည် (ယေရမိ ၃၁း၃၁-၃၄)။ သခင်ယေရှုဒုတိယအကြိမ်ကြွလာသောအခါ ထိုပဋိညာဉ်များသည် ပြည့်စုံသွားမည်ဖြစ်သည်။ ဣသရေလလူမျိုးများသည် လူမျိုးအသီးသီးမှ ပြန်လည်စုရုံးကြကာ (မဿဲ ၂၄း၃၁) သူတို့သည် ပြောင်းလဲကြ၍ (ဇာခရိ ၁၂း၁၀-၁၄)မေရှီယဖြစ်သော သခင်ယေရှုခရစ်တော်၏အုပ်စိုးမှုအောက် တွင် ပြန်လည်စုရုံးကြမည်ဖြစ်သည်။ အနှစ်တစ်ထောင်အုပ်စိုးခြင်းသည် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ နှင့် ၀ိညာဉ်ပိုင်းဆိုင်ရာပြည့်စုံခြင်းဖြစ်လိမ့်မည်ဟု သမ္မာကျမ်းစာထဲတွင် ဖော်ပြထားပါသည်။ ထိုအချိန်သည် ငြိမ်းချမ်းသောအချိန် (မိက္ခာ ၄း၂-၄၊ ဟောရှာယ ၃၂း၁၇-၁၈)၊ ပျော်ရွှင်သောအချိန် (ဟေရှာ ၆၁း၇၊ ၁၀)၊ နှစ်သိမ့်မှုခံယူသောအချိန် (ဟောရှာယ ၄၀း၁-၂)၊ ဆင်းရဲခြင်း၊ ဖျားနာခြင်းမရှိသော အချိန် (အာမုတ် ၉း၁၃-၁၅၊ ယောလ ၂း၂၈-၂၉) ဖြစ်သည်။ အနှစ်တထောင်အုပ်စိုးခြင်းထဲတွင် ယုံကြည်သူများသာ ၀င်ရောက်ရမည်ဟု သမ္မာကျမ်းစာက ဖော်ပြထားပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်သည် ပြီးပြည့်စုံသော ဖြောင့်မတ်ခြင်း (မဿဲ ၂၅း၃၇၊ ဆာလံ ၂၄း၃-၄)၊ နာခံခြင်းရှိ ခြင်း (ယေရမိ ၃၁း၃၃)၊ သန့်ရှင်းခြင်း (ဟေရှာယ ၃၅း၈)၊ သမ္မာတရားနှင့်ပြည့်စုံခြင်း (ဟေရှာယ ၆၅း၁၆) နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ပြည့်စုံးသောအမှုပြုခြင်း (ယောလ ၂း၂၈-၂၉) စသည့် တို့ဖြစ်ပေါ်သောအချိန်ဖြစ်သည်။ ခရစ်တော်သည် ဒါဝိဒ်မင်းကြီးနေရာတွင် ထိုင်၍ (ယေရမိ ၃၃း၁၅-၃၁၊ အာမုတ် ၉း၁၁) ရှင်ဘုရင်တပါးကဲ့သို့အုပ်စိုးမည်ဖြစ်သည် (ဟေရှာယ ၉း၃-၇၊ ၁၁း၁-၁၀)။ မြင့်မြတ်သောသူများနှင့် အခြားသောဘုရင်များကလည်း အုပ်စိုးပါလိမ့်မည် (ဟေရှာယ ၃၂း၁၊ မဿဲ ၁၉း၂၈)။ ထို့ပြင် ယေရုရှလင်မြို့သည် တစ်ကမ္ဘာလုံး၏ နိုင်ငံရေးနှင့်ပတ်သက် သော ဌာနချုပ်ဖြစ်ပါလိမ့်မည် (ဇာခရိ ၈း၃)။ ဗျာဒိတ် ၂၀း၂-၇ ထဲတွင် အနှစ်တစ်ထောင်အုပ်စိုးခြင်းနှင့်ပတ်သက်၍နိဒါန်းဖော်ပြထားပါသည်။ ဤ ကျမ်းပိုဒ်ကလွှဲ၍ မေရှီယ၏အနှစ်တစ်ထောင်အုပ်စိုးခြင်းအကြောင်းကို ဖော်ပြသော ကျမ်းပိုဒ်အမြား အပြားတို့ကို သမ္မာကျမ်းစာထဲတွင် တွေ့ရှိနိုင်ပါသည်။ ဘုရားသခင်၏ပဋိညာဉ်များနှင့် ဂတိတော်များသည် မျက်ဝါးထင်ထင်၊ ရုပ်ခန္ဓာနှင့်အနာဂတ်နိုင်ငံအတွက် ပြည့်စုံမှုများစွာရှိသည်ကို တွေ့ရှိ နိုင်ပါသည်။ ခရစ်တော်၏အနှစ်တစ်ထောင်အုပ်စိုးခြင်းနှင့်ပတ်သက်၍၊ အနှစ်တစ်ထောင်အုပ်စိုး ခြင်းသည် ပုံဆောင်ချက်ဖြစ်၍ တကယ့်အဖြစ်အပျက်မဟုတ်ကြောင်း ငြင်းဆိုဖွယ်မရှိပေ။
November 21, 2014
ကောင်းကင်& ငရဲ သို.ခေါ်ဆောင်သွားခြင်း (Pi.Sangtei).
ကျွန်မသည် နာမကျန်းသူ၊သေရွာမှပြန်လာသူလည်း မဟုတ်ပါ။
ဤသို.ကောင်းကင်နှင်.ငရဲကို ပြပါရန် ဘုရားထံ
ဆုလည်းမတောင်းဘူးပါ။ ဘုရားသခင်က အဘယ်.ကြောင်.
ငါဖွင်.ပြခဲ.သမျှ သက်သေမခံသနည်းဟု မေးသည်.အခါ
ကျွန်မအလွန်အမင်းကြောက်ရွံခြင်းကြောင်. ဤသို. သက်သေ
 ခံခြင်းဖြစ်ပါသည်။၁၉၉၇ခုနှစ် ဧပြီလတွင် ဒု-မွေးခြင်းခံပြီး၁၀ရက်
 ကောင်းကင်နှင်.ငရဲကို ဘုရားသခင် ဖွင်.ပြသည်.နေ.မှစပြီး
ကျွန်မအဖေမှ သီးသန်.ဆုတောင်းခန်းလုပ်ပေးပါသည်။
၁၉၉၇-၉၉ အထိ ဘုရားသခင်ဖွင်.ပြသမျှအားလုံးကို စာအုပ်ဖြင်.
.ရေးရန်စေခိုင်းပါသည်။ကျွန်မသည်မည်သို.ရေးမည်ကို
မေးသော်…ဘုရားသခင်က ၃ အုပ်ရေးရန် စေခိုင်းပြီး
 ဖွင်.ပြခြင်းကို ခေတ္တရပ်ဆိုင်းလေ.ရှိတတ်ပါသည်။ 
ညအိမ်မက်ရူပါရုံဖြင်.လူများကိုပြပြီး သူတို.၏မကောင်းသော 
အကျင်.နှင်. ကြုံတွေ. မည်.ပြသနာ၊အခက်ခဲများကို
 ပြောခိုင်းလေ.ရှိသည်.အခါ
မုန်းတီးမှုခံရတတ်ပါသည်၊ တခါတရံ ၁နာ၇ီ-၄၅-၃၀မိနစ်
စသဖြင်. ခေါ်ဆောင်ဖွင်.ပြလေ.ရှိပါသည်။ ကျွန်မဝိညဉ်အား
 ခေါင်းပေါ်မှတဆင်. ခေါ်ဆောင်ပြီးပြလိုသည်.
အရာအားလုံး ပြသည်.အချိန်ကြာညောင်းပါက
 ခြေလက်အေးစက်မှုကို ခံစားရပြီး ခန္ဒာကိုယ်ထဲသို.
 ပြန်လည်ထားလေ.ရှိသည်။(EuphratesTigris)မြစ်
ကိုလည်းရောက်တတ်ပါသည်။ မိသားစုများနှင်.
  TV ကြည်.နေချိန်တွင် အခြားသူများ မမြင်နိုင်သော
ပုံရိပ်များဖြင်. ပြသလေ.ရှိပါသည်။ အထက်ပါ ပြခဲ.ပြီးသမျှ
အားလုံးကို စာအုပ်ဖြင်.ရေးရန်စေခိုင်းသည်.အခါ မည်သို.
 ရေးရပါမည်နည်းဟု ကျွန်မ မေးသည်.အခါမှာတော.
ကျမ်းစာအုပ်နှင်.မတူသော စာလိပ်ကြီးကိုယူဆောင်လာပြီး
အနာဂတ္တိကျမ်း(ကမ္ဘာဦး၊ ထွက်မြောက်၊ဝတ်ပြု၊တောလည်၊ တရားဟောရာ)၅ကျမ်းအား မောရှေကို ပြသကဲ.သို.
 သင်.ကို ပြသမျှအားလုံးကို ရေးရမည်ဟု မိန်.တော်မူပါသည်။
ကမ်းခြေသို.ခေါ်ပြီး မောရှေ နှင်. ယောဟန်အား ဖွင်.ပြသည်.
 ဗျာဒိတ်တော်များကို ဖွင်.ပြမည်ဟု မိန်တော်.မူသည်။
၁၉၉၇ မေလ ၉ရက်တွင် ထိုဖွင်.ပြချက်များအား စာအုပ်ဖြင်.
.ရေးရန်စေခိုင်းပါသည်။စာအုပ်၊ဘောပင်၊မှတ်စုများကို
အစဉ်သင်.ထုတ်ပါသည်။ သာမန်အိမ်မက်တိုင်းသည် ၃-၄လကြာသည်.အခါ မေ.လျှော.တတ်ပါသော်လည်း
ဘုရားဖွင်.ပြသည်. အရာတိုင်း၏ အချိန်၊နေရာ၊နေ.စွဲ
အတိအကျ ထိုနေရာသို.ပင် ပြန်လည်ခေါ်ဆောင် ရောက်ရှိ
သွားတတ်ပါသည်။ ထိုအရာကို သာမန်မျက်စိ ဖြင်.မမြင်ရပါ။
ညသန်းခေါင်ယံ ၁၂နာရီနှိုးပြီး မနက်ရနာရီအထိဖွင်.
 ပြလေ.ရှိပါသည်။ စာမျက်နှာ ၂၀၀ ရေးပြီးသည်.အခါ
ရပ်နားတော.မယ် ကိုယ်တော်ဟုပြောသော်….
သင်ရေးနေခြင်းမဟုတ်၊ငါရေးနေခြင်းမဟုတ်ပါလော.
ဟုမိန်.တော်မူသည်။ စာအုပ်အတွဲ ၁၊၂၊၃ ရေးပြီးသည်.
၁၉၉၉ ခုနှစ်တွင် အပါယ်ငရဲကိုဖွင်.ပြပြီး ၃နှစ်ခန်.အကြာ
၂၀၀၄တွင်ထိုအပါယ်ငရဲဖွင်.ပြခဲ.သမျှအားလုံးကို ရေးရန်
 စေခိုင်းသည်.အခါ ကြောက်ခြင်း၊ထိတ်လန်.ခြင်းများ
အပြည်.ခံစားပြီး အိပ်မရ၊မစားနိုင်ဖြစ်ခဲ.သည်။ ထိုသို. မရဏာနိုင်ငံကို ပြပြီးသည်.နောက် ကောင်းကင်မှမြေကြီးကို
 ပြန်လည်မသွား တော.ပဲ ဆက်ပြီး ဖွင်.ပြခြင်းမပြုရန်
 တောင်းဆိုသော်လည်း မရခဲ.ပါ။(ငိုသံများ)
ကျွန်မနေထိုင်သည်. ပြည်သူပြည်သားများ ဒါဏ်ခတ်ခြင်း
ခံရမည်ကို မမြင်ဝံ့သဖြင်. အခြားတိုင်းတပါးသို. ပို.ပါရန်
 တောင်းသော်လည်း ခွင်.မပြုခဲ.ပါ။ ချီဆောင်ခြင်းနှင်.
 ဘေးဒါဏ်ကြီး ဖြစ်ရပ်များကို ပြသပြီး စာအုပ်၃အုပ်ရေးရန်
 စေခိုင်း ပါသည်။ ကျွန်မ အဖေနှင်.အတူ လူပေါင်း(၅)ဦး
ဆုတောင်းနေစဉ်တွင် ကောင်းကင်ယံမှ ထူးဆန်းသော
အလင်းံလှိုင်းသည် ဦးခေါင်းမှတဆင်. စီးဝင်လာပြီး
တမံ တလင်းပေါ်သို. လဲကျသွားပါသည်။အပေါ်သို.
 မော.ကြည်.သည်.အခါ ဖြူသောဝတ်ရုံနှင်. ကောင်းကင်
တမန်နှစ်ပါး မြင်းစီး၍ “ကိုယ်တော်ချစ် သောသမီး၊လာပါ” ဟု ကောင်းကင်သို.ခေါ်ဆောင်ချီပင်.သွားပါသည်။ (ဤအရာကိုကြည်.ခြင်းဖြင်. သေသောသူများ၏.ဝိညဉ်သည်
 ခေါင်းပေါ်မှထွက် သွားလေ.ရှိကြောင်း သိရှိ မှတ်သားရပါသည်။)
 ကောင်းကင်သို.ရောက်သောအခါ သာ၍မြင်.သော
အထက်အရပ်တွင် အလွန် ထယ်ဝါခန်.ညား၊လင်းထိန်သော
အိမ်တော်ကို မြင်ရပါသည်။ ကောင်းကင်တမန်များအား
 ကိုယ်တော်.ကို မြင်တွေ.လိုကြောင်း ခွင်.ပန်၍ ခေါ်ဆောင်
သွားပါသည်။ ကျွန်မ ဒု-မွေူးခြင်းခံကတည်းက အာဗရာဟံ
၊မောရှေတို. ကဲ.သို. ဘုရားအသံကို ကြားဘူးခဲ.ပေါင်း
များလှသော်လည်း မျက်နှာတော် မဖူးမြင် ဖူးသေးပါသဖြင်.
 မြင်ရသောအခွင်.တောင်းသည်.အခါ ငါ၏မျက်နှာတော်ကို 
မည်သူမျှ မမြင်ဘူး၊မပြဘူးသေးပါ၊ မြင်လိုပါက နောက်ကျော
ကိုသာ ကြည်.ရှုနိုင်ပါသည်ဟု မိန်.တော်မူသည်.အတိုင်း
 နောက်ကျောကို မြင်ခွင်.ရသော်လည်း နေအရှိန်
တောက်ပသည်.အလား ဖြစ်သဖြင်.
 ကြာကြာကြည်.၍မရပါ။ ထိုသို. ကောင်းကင်တံခါးဝသို.
.ရောက်သော်…..တံခါးဝ၌ Pastor Thang Ngura က
လက်ဆွဲနုတ်ဆက်လေသည်။ ထိုPastor သည် ကျွန်မ၏
အဖေ မမွေးခင်ကတည်းက သေဆုံးသွားသူ ဘုရားကို
 ချစ်ကြောက်ရိုသေသော အမှုတော်ဆောင် ဖြစ်လေသည်။
သူ.ကို မမြင်ဘူး၊မကြားဘူးသော်လည်း သိခွင်.ကို
ကိုယ်တော်ပေးခြင်းဖြစ်သည်။ ထို.ကဲ.သို. လွန်ခဲ.သော နှစ်ပေါင်းများစွာက သေလွန်ပြီးသော ဆွေမျိုး၊မိတ်သင်္ဂဟ
အားလုံးနှင်. ပြန်လည် သိရှိခွင်.ရမည်ဖြစ်သည်။ ကောင်းကင်မှ ဤလောကသို. ပြန်မသွားရန်တောင်းသော်…ငါပြသမျှလူတိုင်း
 ပြန်မသွားချင်ကြတော.ဘူးဟု မိန်.တော်မူပါသည်။ သန်.ရှင်းသူ
အားလုံးနှင်.တွေ.ခွင်.ပေးပြီး ကိုယ်တော်.ချစ်သောယောဟန်နှင်.
တွေ.ရန်တောင်းသည်.အခါ သနားကြင်နာတတ်သောမျက်နှာဖြင်.
 ယောဟန်လာနုတ်ဆက် ပြီး များစွာ မှာကြားသွားသည်။
ရှေးသန်.ရှင်းသူနှင်. သရဖူဆောင်းသော သေလွန် သူများမှ
ကျွန်တော်တို.သည် လောကတွင်နေစဉ် သစ္စာရှိပြီး၊
၊ဖြောင်.မတ်စွာ နေထိုင် ခြင်းကြောင်. ဤသို.ချီးမြောက်ခြင်း
ခံရကြောင်း၊သင်လည်း သစ္စာရှိပြီး ဖြောင်.မတ် သော
အသက်တာဖြင်.နေထိုင်သွားရန်ု မှာသွားကြပါသည်။ ရှင်ပေတရု၊စတီဗင်၊မာရိတို.နှင်.တွေ.ရန်တောင်းဆိုသည်.အခါ
 တွေ.ဆုံ၊နုတ်ဆက် ခွင်.ပေးပါသည်။ ဧလိယနှင်.တွေ.ခွင်.
ရှိမလား ပြန်မေးသော် သူ.အားအထက် ကောင်းကင်ယံသို.
 ခေါ်ဆောင်သွားသည်.ပုံသဏ္ဍန်ကိုပြသည်မှာ သိန်းငှက်သည်
 ကြက်ကလေးကို အထက်သို.ချီဆောင်သွားသည်.အလား
 ပြသခဲ.ပါသည်။ယုဒရှာကာယုတ်အား ပြရန်တောင်းသည်.အခါ
…အောက်အရပ်ကိုကြည်.ရန်စေခိုင်းသဖြင်.ငုံ.ကြည်.သော် .
.လောက၌ ငါ.ကိုဆန်.ကျင်သူများ သွားရာလမ်းဖြစ်သည်ဟု
မိန်.တော်မူ၏။ ထိုနေရာတွင် လူးလိမ်.နေသော
ယုဒရှာဂါယုတ်အား မြင်ရ၏။ မှန်ကာထားသောဘုရား
ကျောင်းပြင်ပမှ အတွင်းသို. မှိန်မှိန်လေး မြင်ရသကဲ.သို.
 ကောင်းကင်အတွင်းခန်းကို မြင်ရပြီး ထိုနေရာသို.
 ပို.ဆောင်ပါသည်။ထိုနေရာသည် ဤလောက၏
 ကျောက်၊စိန်၊ပတ္တမြားထက် အဆ၅၀ မက သာလွန်လှပသော
 နေရာဖြစ်သည်။ ထိုနေရာတွင် ရှိရှိသမျှသောသူတို.သည်
လက်ပိုက်နေသူ တဦးမှ မရှိ၊ဟိုဟိုဒီဒီ ငေးကြည်.သူလဲ
မတွေ.ရ၊လောကကိုလွမ်းလိုက်တာ ဆိုပြီး ငြီးငြူ နေသူလဲ
 မတွေ.ရပါ။ဟာလေလုယား..အာမင်း ဆိုသည်. ချီးမွမ်း
 နေသူနှင်. ပြည်. နှက်နေသည်။ တံခါးဝတနေရာတွင်
တလောကလုံးရှိ လူသားအားလုံး တဦးချင်းစီ၏
အတွင်းရေး၊ လုပ်ဆောင်သမျှ အကောင်း၊အဆိုး
 ရေးသားထားသောအနီတအုပ်နှင်.ဒု-မွေးခြင်းခံသောသူ
များစာရင်းအားလုံးရေးသားသော အဖြူ ရောင်
စာအုပ်တအုပ် ကိုတွေ. ရသည်။ အနီစာအုပ်တွင်ပါသော
သူသည် ပြောင်းလဲခဲ.သည်ရှိသေည် အဘယ်သို.နည်း
 မေးလျှောက်သော်.. ကိုယ်တော်က သူတို.ပြောင်းလဲသည်.
အချိန်မှ အသက် စာစောင်တွင် စာရင်းသွင်းကြောင်း
မိန်.တော်မူပြီး၊ ထိုသို.ဆိုသော် အဖြူရောင်တွင်ရှိသော
သူသည် အပြစ် ထပ်မံကျူးလွန်သော် မည်သို.
 ဖြစ်လေမည်နည်း ထပ်မေးသည်.အခါ.. ထိုသို. အပြစ်
ထပ်မံကျူးးလွန်သူအား သေထိုက် သော
 အပြစ်ပေးမည်ဟု မိန်.တော်မူ၏။
(#အခြား ပရောဖက်တပါးမှ ထိုအရာမျိုးကိုဤသို.ပြောသည်…
.ထိုသို. ကယ်တင်ခြင်း ရပြီပြောသော်လဲအပြစ်ထပ်တလဲလဲ
 ကျူးလွန်သူ၏ ခန္ဒာကိုယ်သည် ချီဆောင်ခြင်း တွင်
လုံးဝပါမည်မဟုတ်၊ခန္ဒာသေဆုံးခြင်းရောက်ပြီးမှ ဝိညဉ်
 ကယ်တင်ခြင်းရမည်ဟု ရဲရဲဝံ.ဝံ. ခရစ်တော်ကိုယ်တိုင်
 သေချာငါ.ကို ပြောသွား သည်ဟု သက်သေခံသည်#)
 လောက၏ မညီညာသောချီးမွမ်းခြင်းတီးလုံးမျိုးမဟုတ်ပဲ
အမှားမရှိ၊သာယာ ညီညာ သော တီးလုံးများဖြင်.
ချီးမွမ်းနေသူများကို မြင်ရပါသည်။အခြားအခန်းရောက်သော် လူကြီးများဘယ်ညာ(၂၄)ဦးဝန်းရံခြင်းအလယ်၌ ကိုယ်တော်
ကျိန်းဝပ်နေသော ပလ္လင်တော်မြင်တွေ.သည်။ထိုသူ၂၄ဦးအား
 ချီးခြင်းကို များစွာသောသူများမှ ဟာလေလုယား၊အာမင်းးးဖြင်.
 သြဘာပေးနေကြပါသည်။ များစွာ သောသူများသည်
 Haleluijah/Amen ပြောခြင်းကို လက်မခံချင်ကြပါ။
ထိုအရာသည် ကောင်းကင်တမန်များ၏ အမြင်.ဆုံးသော
ချီးမွမ်းခြင်းစကားလုံးဖြစ်၍အသင်းတော်တိုင်းလုပ်သင်.သော
အရာဖြစ်သည်။အထက်ကောင်းကင်ကိုကြည်.ရှုလော.ဟု
 မိန်.သော်…လောကကို တမ်းတ၍ လွမ်းဆွတ်နေသော
မျက်နှာတစုံတဦးမျှ မတွေ.ရပါ။ကြေကွဲဝမ်းနည်း၊ပြစ်တင်ခြင်း
 မနာလိုခြင်း လုံးဝမရှိရာအရပ်ဖြစ်သည်။ ထိုသူတို.၏
ချီးမွမ်းခြင်းကိုမြင်ပြီး ဒုက္ခအပေါင်း ချုပ်ငြိမ်းရာ ရွှေပြည်တော်
ကိုပြီးမှ ဤလောကသို. ပြန်လည်ပို.ဆောင်ခြင်းသည်
ကျွန်မသည် အလွန်ကံဆိုးသူပါလား ဆိုပြီး အမြဲတမ်း
မျက်ရည်ကျခဲ.ရပါသည်။(ငိုသံ…37.15 minutes) အတောင်ပံပါသော မြင်းဖြူစီးခိုင်းပြီးကောင်းကင်အနှံ.ပြပါသည်။
 ငါ.သမီးကြည်.စမ်း!!(ကောင်းကင်တွင်လူသားအားလုံး
အတွက် နေရာများစွာ ပြင်ဆင်ထားသော်လည်း
လာမည်.သူ အလွန်နည်းသည်။)
 အသက်ငယ်ရွယ်စဉ် သေဆုံးသူများလည်း
အရွယ်ရောက်သည်ကိုတွေ.မြင်ရပြီး သက်ကြီး ရွယ်အိုများ
 ကောင်းကင်ခန္စာအဖြစ်သို. ပြောင်းလဲကာ
လှပ၊နုပျိုသွားကြသည်။ ရုပ်အသွင်တူညီကြသော်လည်း
မည်သူနည်း ဆိုသည်.အသိရှိကြမည်ဖြစ်သည်။
အားလုံးတူညီကြပါက ကောင်းပါ.မလား ဆိုသည်.
အတွေးရှိနိုင်ပါသည်….ဤလောက အတွေး၊ဦးနှောက်၊
စကားဖြင်. နားလည်အောင် ရှင်းပြ၍မရသော
အရာဖြစ်သဖြင်. အထက် ဝိညဉ်လူသာလျှင်
နားလည်သိမြင်နိုင်ပါသည်။ ကိုယ်နှင်. ခင်မင်သူ၊
၊ကြိုက်နှစ်သက်သူကို ကောင်းကင်ဘုံ ခေါ်စေချင်ပြီး
မုန်းသူကို မသွားစေချင်တတ်ပါ။ထိုအရပ်တွင် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာနှင်.လွမ်းခြုံမည် ဖြစ်သောကြောင်.
မုန်း၍ရတော.မည်မဟုတ်။အချင်းချင်းချစ်ခြင်းမေတ္တာ
ရှိတော.မည် သာဖြစ်သည်။ ငါ.သမီး..သူတို.နှင်.အတူ
 ကခုန်လျှက် ချီးမွမ်းလော.ဟု အမိန်.တော်ရှိသော်…
သင်တို.ဝတ်နေသောဝတ်စုံကို အဘယ်မှာရှာဝတ်၇မည်နည်းဟု
 မေးပါတော.သည်။ သူတို.ထံမှ ကြားရသည်. အသံကားးး…
သင်သည် ဝိညဉ်ခေါ်ဆောင်ခြင်းကြောင်.သာရောက်
လာခြင်းဖြစ်သည်။ ငါတို.မူကား သေခြင်းမာန်ကို
 ကျော်လွန်ပြီးမှ ရောက်လာ ကြသူများဖြစ်သည်.အတွက်
ငါတို.နှင်.တော. ဘယ်နည်းနဲ.မှ မတူုနိုင်ဘူး ဟု
 ဖြေကြားသံကို ကြားသည်.အခါ ကျွန်မတတ်နိုင်သည်မှာ
 ငိုစရာမှတပါး အခြား မရှိ တော.ပါ။(44.20 minutes)....။
 သေလွန်ပြီးသူများအား မိမိအနားတွင် ရှိနေစေချင်လွန်းသဖြင်.
တမ်းတ ငိုကြွေးကြ ပါသော်လည်း သူတို.ရောက်ရာ
သာယာသောရွှေပြည်မှ ပြန်မလာချင်ကြတော.ပါ။
ကျွန်မကိုယ်တိုင်လည်း ပြန်မလာရန် ကိုယ်တော်ကို
 တောင်းဆိုခဲ.ပါသည်။ သူတို.၏ ကခုန်ချီးမွမ်းခြင်းသည်
 လောက၏ ကခုန်ခြင်းနှင်.မတူပါ။ အားရပါးရ ချီးမွမ်း ကြသည်ကို မြင်တွေ.ရပါသည်။တဦးထံမှကြားရသည်.
အသံကား လောကတွင်နေစဉ် သူများနည်းတူ
 မချီးမွမ်းနိုင်သဖြင်.ငါအလွန်တမ်းတလိုချင်ခဲ.သော
 လက်၊ခြေ၊ အသံတွေ ကောင်းကင်မှာ ပြန်ရပြီဖြစ်သဖြင်.
ဤကဲ.သို. ကခုန်ချီးမွမ်းနေခြင်းဖြစ် ကြောင်း၊ လောက၍၌
မျက်မမြင် နားမကြားသူမှန်သမျှ ပြန်မြင်၊ကြားခွင်.
ရကြ ပြီဖြစ်ကြောင်း ပျော်ရွှင်စွာ ချီးမွမ်းနေသည်.သူများစွာအား
 မြင်တွေ. ပြသ ပါသည်။လောက၏ ရွှေ၊ငွေကြေး၊ချမ်းသာ၊
၊ပျော်ရွှင်ခြင်းသည် ဘုရားပေးနိုင်သော ပျော်ရွှင် ခြင်းနှင်.
မလဲနိုင်ကြောင်း၊ ချစ်သော ညီအကို..ကောင်းကင်နိုင်ငံ၏
သာယာခြင်း ပျော်ရွှင်ခြင်း အလုံးစုံကို သင်ကြားပြီ၊မြင်နေရပြီ။
 “သင်ကော ရောက်နိုင်မည်ဟု အာမခံချက်ရှိပြီလား” “ဘုရားကိုသိသောသူလားး….ဘုရားကသိသောသူလားးး”
 “သေရင် ထိုကောင်းကင်ရောက်မယ်ဆိုတာ သေချာပြီလား”
 “ကောင်းကင်ဘုံ၌ မှားယွင်းသော သင်ကြားမှု မရှိပါ”
အခြားတနေရာတွင် ထူးဆန်းစွာ ကခုန်၊ချီးမွမ်း နေသူများကို
 တွေ.ရပြန်သည်.. ထိုသူများမှ ယခုပင်လျှင်
 ကောင်းကင်နိုင်ငံသို. လူသစ်တဦးရောက်ရှိလာခြင်း ကြောင်. မင်္ဂဆောင်ဧည်.ခံပွဲလုပ်နေခြင်းဖြစ်ကြောင်း၊ လောကတွင်
ခရစ်တော် လက်ခံပြီးသူ သေလွန်သည်.အခါ
ထိုသို. ကောင်းကင်ယံ၌ ကြီးမားစွာသော ပွဲ
 ပြုလုပ်လေ.ရှိကြောင်းသိရပါသည်။ ကောင်းကင်နှင်.
ငရဲသွားမည်.သူနှစ်ဦး၏ခံစားချက်နှစ်ရပ်ကိုသိရှိရန်ကောင်းကင် တံခါးဝတနေရာသို. ခေါ်ဆောင်သွားပါသည်။
 ကောင်းကင်ရွှေပြည်သွားမည်.သူ ၏ ဝိညဉ်ကား…
 ငါသည် အိမ်ထောင်ဦးစီးဖြစ်၍ ကလေးငယ်သေးသဖြင်. မသွားချင် သေးပါ…ဟု နောက်ဆံတင်းနေသူ လောကို
စွဲလမ်းနေသူ တစုံတဦးမှမတွေ.ရပါ။ အပယ်ငရဲသွားမည်.
ကျွန်မတို.အိမ်နားက အမျိုးတယောက်ဝိညဉ်တဖြေးဖြေး
ထွက် ပြီး ဦးခေါင်းအရောက်တွင် ဤလောကကို
 ပြန်လာချင်သော်လည်းမရ၊ မူလ ခန္ဒာသို. သူ၏ ခြေ၊လက်မှ
 ပြန်ဝင်ရန်ကြိုးစားနေသော်လည်းမရ၊ အစ်မ-အမေတို.
အိမ်မက်၌ ငါသည် ဟိုးးးငါရဲကြီးကိုသွားရန်အလွန်
 ကြောက်လွန်းလှပါသည် ကယ်တော်မူကြပါဟုအော်နေသံ
 မကြားကြဘူးဟု ပြောနေချိန်တွင် အဆွယ် နှစ်ချောင်းရှိ
စာတန် နှစ် ယောက်က အတင်း ဒရွတ်တိုက်ခေါ်ဆောင်
သွားပါသည်။ သူ.သည် အနာကျင်ဆုံး ခံစားမည်ကို
သိနေသူ ကျွန်မ မငိုပဲ ဘယ်နေနိုင်ပါ.တော.မည်နည်းးး။
 လောင်ကျွမ်းနေသော မီးအရှိန်ကြောင်. အော်ဟစ်နေသူများ၏
အသံကို စာတန်သည် “ဒီကောင်တွေ အော်သကို ငါနားငြီးသည်”
မီးအရှိန် မြှင်.ရန်အမိန်.ပေးလေသည်. အ ခါ ပြင်းလှသော
မီးအရှိန်ကြောင်. အလူလိမ်.ခံနေသော လူများစွာကို
 မြင်ရပါ သည်။ ထို အပြန်လမ်းမရှိသော ထာဝရသေခြင်း
 နေရာသို. သင်သည်လည်း မရောက်ဖို. အလို.ငှါ ဘုရား
သိသောသူဖြစ်ရန် ယခုအချိန်သည်ကယ်တင်ရာနေ.ရက်ဖြစ်သည်။
 နောက်နေ. နောက်လဟူ၍ မရွှေ.ပါနှင်.။၂ကော ၆ ကယ်တင်ရာ
နေ.သည်. ယနေ. ဖြစ်ပါသေကြောင်.လူငယ်များအားလုံး
 သင်တို.၏အချိန်ကို ဘုရားသခင်အတွက် အကောင်းဆုံး 
အသုံးချခံပြီးအသင်းတော်၏ချီးမွမ်းခြင်းတွင် ပါဝင်ကြရန်ု
တိုက်တွန်းလိုပါကြောင်း သက်သေခံသွားပါသည်။
November 20, 2014
ကယ်တင်ခြင်းသတင်းကောင်း(၁၈)
ကယ်တင်ခံရပြီ(၁ကော၁၅း၁- ၄၊၂၀-၂၅)
သခင်ယေရှုခရစ်ကို ယုံကြည်လော့။ယုံကြည်လျှင် 
သင်နှင့်သင်၏အိမ်သူ အိမ်သားတို့သည် ကယ်တင်ခြင်းသို့
 ရောက်ကြလိမ့်မည်။ (တ ၁၆း ၃၁)
၂၀၁၀ ခုနှစ်က ချီလီနိုင်ငံ၌သတ္တုမိုင်းတွင်း
 ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ၊ ရက်ပေါင်း ၆၉ ရက်ကြာမျှ 
ပိတ်မိနေသည့် အလုပ်သမား ၃၃ ဦးထံသို့ ဦးဆုံး
 ရောက်ရှိသွားသည့် ကယ်ဆယ်ရေးလုပ်သားမှာ
 မဲနျူအယ် ဇွန်ဇဲလ်ဇံ ဖြစ်သည်။ သူ့အတွက် 
အသက်အန္တရာယ်ရှိသော်လည်း ပိတ်မိနေသူများကို
 မြေမျက်နှာပြင်သို့ ပြန်ခေါ်ဆောင်လာရန်ပေ၂၀၀၀ ကျော်
အနက်ရှိ မြေအောက်သို့ ဆင်းကယ်ခဲ့သည်။ 
အလုပ်သမားတစ်ဦးပြီးတစ်ဦး ကယ်ထုတ်ကာ 
လွတ်မြောက်စေခဲ့သည်။ သမ္မာကျမ်းစာက ပို၍ 
အံ့သြဖွယ်ကောင်း သည့် ကယ်တင်ခြင်းအကြောင်းကို
 ဖော်ပြထား သည်။ အာဒံနှင့်ဧ၀တို့၏မနာခံမှုကြောင့် 
လူသားထုတစ်ရပ်လုံးအပြစ်ထောင်ချောက်ထဲ 
သက်ဆင်းခဲ့ရသည် (က၂း၁၇၊ ၃း၆၊ ၁၉၊ ရော ၅း၁၂)။ 
ထိုအပြစ်ထောင်ချောက်မှ လွတ်မြောက်အောင် မရုန်းနိုင်ဘဲ
လူသားတိုင်းသည် ခန္ဓာ သေခြင်း၊ ထာဝရသေခြင်းကို 
မလွဲမသွေ ရင်ဆိုင်ရသည်။ ဘုရားသခင်က
 ယေရှုခရစ်တော် တည်းဟူသည့် သူ့သားတော်ကို 
ကယ်တင်ရှင်အဖြစ် ပြင်ဆင်ပေးသနားခဲ့သည်။ 
အဖိုးအခ ပေးရန်မလိုသည့်ကယ်တင်ခြင်းလက်ဆောင်ကို 
သခင်ကသူ၏အသေခံခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းအားဖြင့်
 ပေးကမ်းခဲ့ပြီး၊ ထိုလက်ဆောင်ကို လက်ခံသူတိုင်းသည် 
အပြစ်၏ ချုပ်ထားမှု၊ အပြစ်၏အခဖြစ်သည့် သေခြင်းမှ
လွတ်မြောက်ခွင့်ကိုရရှိပြီဖြစ်သည်။
(ရော ၅း၈-၁၁၊၁၀း၉-၁၁၊ ဧ၂း၁-၁၀)။ 
သခင်ယေရှုခရစ်တော်သည်“အိပ်ပျော်သောသူတို့တွင်
 အဦးသီး သောအသီး” ဖြစ်တော်မူ၏(၁ကော ၁၅း၂၈)။
 သေခြင်းမှ ရှေးဦးစွာ ထမြောက်သောသူဖြစ် ပြီး
 သေခြင်းသည် အစိုးမရနိုင်တော့ပြီ။ ထိုနည်းတူ 
ခရစ်တော်ကို ယုံကြည်သူတိုင်းသည် အသက်ကို
ရကြလိမ့်မည် (ရော ၈း၁၁)။အပြစ်၌ ပိတ်မိနေပါသလား။ 
သခင်ယေရှု၏ ကယ်တင်ခြင်း လက်ဆောင်ကို 
လက်ခံရယူပြီး၊ ခရစ်တော်၌ လွတ်မြောက်သော 
အသက်တာကို ခံစားလိုက်ပါ။ ထာဝရ ကာလကို
သခင်နှင့်အတူခံစားလိုက်ပါ(တ၊၁၆း၃၁။ဧ၊၂း၁၊ကော၊၂း၁၃)။
ကယ်တင်ခြင်းသတင်းကောင်း(၁၇)
ကယ်တင်ခြင်းသည်ယုံကြည်ခြင်းအားဖြင့်သာရရှိသလော(သို့)
ယုံကြည်ခြင်းနှင့် လုပ်ဆောင်ခြင်းအားဖြင့်ရရှိသလော?
ခရစ်ယာန် သီအိုလျော်ရီအားလုံးထဲတွင် ဤမေးခွန်းသည်
အရေးကြီးဆုံးသော မေးခွန်းဖြစ်နိုင်ပါသည်။
ဤ မေးခွန်းပေါ်ပေါက်လာခြင်းသည် ပြုပြင်ပြောင်းလဲမှု
 ပေါ်ပေါက်လာခြင်း(Reformation)ကြောင့်ပင် ဖြစ်သည်။
 Protestant အသင်းတော်နှင့် Catholic အသင်းတော်တို့၏
ကွဲပြားမှုကြောင့်ဖြစ်သည်။ဤမေးခွန်းသည် သမ္မာကျမ်းစာကို
 စွဲကိုင်သော ခရစ်ယာန်ဘာသာ နှင့် “ခရစ်ယာန်” အယူဝါဒ
 လွဲမှားသူ အများစုတို့အကြား ကွာဟမှုဖြစ်စေသော
 သော့ချက်ပင်ဖြစ်သည်။ ကယ်တင်ခြင်းကို ယုံကြည်ခြင်း
တစ်ခုဖြင့်သာလျှင် ရရှိသလော၊ (သို့) ယုံကြည်ခြင်းနှင့်
လုပ်ဆောင်မှုတို့ဖြင့် ရရှိပါသလော။ ခရစ်တော်ကို
ယုံကြည်ခြင်းအားဖြင့်သာလျှင်ကယ်တင်ခြင်းရရှိသလော။
(သို့) ခရစ်တော်ကို ယုံကြည်၍ တခြားကောင်းမှု
ကုသိုလ်တို့ကို လည်း လုပ်ဆောင်ရန် လိုအပ်သလော။
ယုံကြည်ခြင်းသာလျှင်(သို့)ယုံကြည်ခြင်းနှင့်လုပ်ဆောင်မှုအားဖြင့်
ဟူသော မေးခွန်းသည် သမ္မာကျမ်းစာထဲ၌ ရှိသော စာပိုဒ်များကို ညှိနှိုင်းစွာကြည့်ခြင်းဖြင့် ဖြေကြားပေးနိုင်ရန်
 အလွန်ခက်ခဲပါသည်၊ ရောမ၊ ၃း၂၈၊၅း၁ နှင့်ဂလာ၊၃း၂၄၊
ယာကုပ်၊၂း၂၄တို့ကို နှိုင်းယှဉ်ကြည့်ပါ။ပေါလုတင်ပြသောအချက်
 (ကယ်တင်ခြင်းသည်ယုံကြည်ခြင်းအားဖြင့်သာလျှင်ရရှိ သည်)
 နှင့် ယာကုပ်တင်ပြသောအချက်(ကယ်တင်ခြင်းသည်
ယုံကြည်ခြင်းနှင့် လုပ်ဆောင်မှုအားဖြင့် ရရှိသည်)တို့၏
ကွာဟမှုတို့ကို တွေ့ရှိနိုင်ပါသည်။ တကယ်တန်းကျတော့
 ပေါလုနှင့် ယာကုပ်တို့သည် အချင်းချင်း ကွဲပြားမှုမရှိပေ။
တချို့သော သူတွေ ယူဆသော မတူညီခြင်းအချက်သည်
ယုံကြည်ခြင်းနှင့် လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ ဤပြဿနာကို
 ဖြေရှင်းပေးနိုင်ရန်ယာကုပ်တင်ပြသောအရာသည်မည်သည့်
အရာဖြစ်သည်ကို သေချာစွာသိရှိရန် လိုအပ်သည်။
 ကောင်းသော အလုပ်များ မရှိဘဲ ယုံကြည်ရှိသည်ဟု
 ပြောဆိုသော သူတို့ကိုယာကုပ်က ငြင်းဆိုခြင်းဖြစ်သည်
(ယာ၊ ၂း၁၇-၁၈)။ ခရစ် တော်၌ စစ်မှန်သော
ယုံကြည်ခြင်းရှိမှသာ ပြောင်းလဲသောအသက်တာပိုင်ဆိုင်၍
 ကောင်းသော လုပ်ငန်းများကိုလုပ်ဆောင် နိုင်ခြင်းဖြစ်သည်ဟု
 ယာကုပ်က အဓိကတင်ပြလိုခြင်းဖြစ်ပါသည်(ယာ၊၂း၂၀-၂၆)။
ယုံကြည်ခြင်းနှင့် လုပ်ငန်း လုပ်ဆောင် ခြင်းအားဖြင့်
 ဖြောင့်မတ်ခြင်းရရှိသည်ဟု ယာကုပ်ပြောလိုခြင်းမဟုတ်ပဲ
 ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ခြင်း ရရှိသော သူတို့ သည်
မိမိအသက်တာ၌ ကောင်းမွန်သော အလုပ်များ
လုပ်ဆောင်ရမည်ဟု ပြောလိုခြင်းဖြစ်ပါသည်။
လူတစ်ယောက်သည်ယုံကြည်သူတစ်ဦးအဖြစ်
 ကြွေးကြော်၍ မိမိအသက်တာ၌ ကောင်းမွန်သောအလုပ် 
မရှိလျှင် ထိုသူသည် ခရစ်တော်ထဲ၌ စစ်မှန်သောယုံကြည်ခြင်း ရှိသောသူလုံးဝမဖြစ်နိုင်ပေ(ယော၊၂း၁၄၊၁၇၊၂၀၊၂၆)။
 ပေါလုက သူရေးသားထားသော စာစောင်ထဲတွင်
ယာကုပ်ရေးထားသည့်အတိုင်း ရေးသားခဲ့ပါသည်။
 ကောင်းမွန် သော အသီးသီးသောယုံကြည်သူတို့သည်
 မိမိ အသက်တာ၌ ဂလာက်သြ၀ါဒစာ၊ ၅း၂၂-၂၃ ထဲ၌
 ဖော်ပြထားသောဝိညာဉ်အသီးတို့ တွေ့ရှိရမည်ဖြစ်သည်။
ကျွန်ုပ်တို့သည် မိမိကောင်းမှုကုသိုလ်ကြောင့် မဟုတ်၊
 ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း ရရှိသည်ဟု ပေါလုက
 ပြောပြီးသည်နှင့် တပြိုင်နက် (၆၊ ၂း၈-၉) ကျွန်ုပ်တို့သည်
 ကောင်းသောအလုပ်လုပ်ဆောင်ရန်ဖန်ဆင်းထားခြင်းဖြစ်ကြောင်း
 ပေါ်လုက ဆက်လက်ညွှန်ကြားထားပါသည်(ဧဖတ်၊ ၂း၁၀)။
 ပေါလုက ယာကုပ်ရေးထားသည့်အတိုင်း အသက်တာ
ပြောင်းလဲသူတို့သည် အသက်တာ ပြောင်းလဲရန်
လိုအပ်သည်ဟုဖော်ပြထားသည်။ “လူမည်သည်ကား၊
ခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်သော
သတ္တ၀ါဖြစ်၏။ ဟောင်းသော အရာတို့ကို ပြောင်းလဲ၍
 ခပ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြပြီ”(၂ကော၊ ၅း၁၇)။
 ပေါလုနှင့် ယာကုပ်တို့သည် ကယ်တင်ခြင်းအကြောင်း
သွန်သင်ရာတွင် သဘောထား ကွဲလွဲမှုမရှိပေ။ သူတို့သည်
တူညီသော အချက်ကို မတူညီသောရှုထောင့်မှ
တင်ပြခြင်းသာဖြစ်ပါသည်။ပေါလုကယုံကြည် ခြင်းအားဖြင့်
သာလျှင်ဖြောင့်မတ်ခြင်းရရှိသည်ဟု အဓိကတင်ပြလိုခြင်းဖြစ်၍
ယာကုပ်က ခရစ်တော်ထဲ၌ ရှိသောသူတို့သည် ကောင်းသော
အကျင့်စာရိတကောင်းမွန်ခြင်းရှိရမည်ဟု
အဓိကတင်ပြလိုခြင်းဖြစ်ပါသည်။
November 19, 2014
ကယ်တင်ခြင်းသတင်းကောင်း(၁၆)
လူသားအားလုံး ကယ်တင်ခြင်းရရှိခြင်းသည်
သမ္မာကျမ်းစာဖော်ပြချက်နှင့် ညီညွှတ်သလား??
 လူသားအားလုံး ကယ်တင်ခြင်းရရှိခြင်းသည်
ကမ္ဘာပေါ်မှာရှိသောလူသားအားလုံးတစ်ယောက်မကျန်
ကယ်တင်ခြင်းရရှိသည်ဟုယုံကြည်ခြင်း ဖြစ်သည်။
ယနေ့ကမ္ဘာပေါ်မှာလူသားအားလုံးကယ်တင်ခြင်းရရှိခြင်းကို
 စွဲကိုင်သူများစွာရှိပြီးလူသားအားလုံးသည်ကောင်းကင်
နိုင်ငံတော်သို့ ၀င်စားကြလိမ့်မည်ဟုယုံကြည်ကြသည်။
ငရဲမီးအိုင်ထဲမှာတသက်လုံးဆင်းရဲ ဒုက္ခခံရမည်တွေးတောခြင်းက သမ္မာကျမ်းစာသွန်သင်ချက်အချို့များကို ငြင်းပယ်ထားသည်။
သူတို့ကဘုရားသခင်၏ မေတ္တာတော်နှင့် ဂရုဏာတော်ကို
အလွန်အကျွံ အထူးပြုထားသည်။ဘုရားသခင်၏
 ဖြောင့်မတ်ခြင်းတရားနှုင့်တရားမျှသမှုကိုလျစ်လျူရှုထားကြသည်။
 ထိုကြောင့် ဘုရားသခင်သည် လူသားအားလုံးအပေါ်
ဂရုဏာတရားရှိလိမ့်မည်ဟုယုံကြည်ကြခြင်း ဖြစ်သည်။
သို့သော် သမ္မာကျမ်းစာက အချို့သောသူများသည် ငရဲမီးအိုင်မှာ
 ထာဝရနေရမည်ဟု သွန်သင်ထားသည်။ ပထမနေဖြင့်၊
ကယ်တင်ခြင်းမရရှိသောသူများသည် ငရဲမီးအိုင်မှာ
ထာဝရနေရမည်ဟုသမ္မာကျမ်းစာကတိကျစွာဖော်ပြထားသည်။ ကယ်တင်ခြင်းရရှိသောသူများသည်ကောင်းကင်နိုင်ငံတော်မှာ
 ထာဝရနေသလို ကယ်တင်ခြင်းမရသေးသော သူများသည်
ငရဲထဲမှာ ထာဝရနေရမည်ဟု သခင်ယေရှုကိုယ်တိုင်က
 ပြောခဲ့သည်။ မဿဲ ၂၅း၄၆ထဲတွင် "ထိုသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့၎င်း၊ ဖြောင့်မတ်သောသူတို့မူကား၊
ထာဝရအသက်ရှင်ရာသို့၎င်း၊သွားရကြလတံ့ဟုမိန့်တော်မူ၏"
ဟုဖော်ပြထားသည်။ ဤကျမ်းပိုဒ်အရ၊ကယ်တင်ခြင်း မရသောသူများ၏ ပြစ်ဒဏ်ခံခြင်းသည်ဖြောင့်မတ်သောသူများ၏
 ကောင်းကင်နိုင်ငံတော်နေသည့်ကာလပတ်လုံးဖြစ်သည်ဟု
 သိရသည်။ အချို့သောသူများက ငရဲထဲသို့ ရောက်သော
သူများသည်လုံးဝပျောက်ကွယ်သွားမည်ဟုယုံကြည်ကြသည်။
သို့သော် သခင်ယေရှုကိုယ်တိုင်က ထာဝရ နေရမည်ဟု
 ပြောခဲ့သည်။ မဿဲ ၂၅း၄၁ နှင့် မာကု ၉း၄၄ ထဲတွင်
ငရဲမီးအိုင်သည် "ထာဝရမီးအိုင်" နှင့် "လုံးဝမငြိမ်းသတ်
 နိုင်သောမီးအိုင်"ဟု ဖော်ပြထားသည်။
 ဤမငြိမ်းနိုင်သောမီးအိုင်ကိုမည်ကဲ့သို့ ရှောင်ရှားနိုင်မည်နည်း။
 မြောက်များစွာသောလူများက လမ်းအားလုံး-
ဘာသာတရားအားလုံးနှင့်ယုံကြည်မှုအားလုံးတို့က
 ကောင်းကင်နိုင်ငံတော်သို့ ပို့ဆောင်ပေးသည်ဟု
ယုံကြည်ကြ သည်။ သူတိုပက ဘုရားသခင်သည်
 မေတ္တာတရားနှင့်၎င်း၊ ဂရုဏာတရားနှင့်၎င်း ပြည့်စုံသဖြင့်
လူသားအားလုံး ကောင်းကင်နိုင်ငံတော်သို့ ပို့ဆောင်လိမ့်မည်ဟု
 ယုံကြည်ကြသည်။ဘုရားသခင်သည် မေတ္တာ၊ဂရုဏာတော်နှင့်
အမှန် ပြည့်စုံသည်။ထိုကြောင့် သူက တပါးတည်းသော
သားတော်သခင်ယေရှုကို ကျွန်ုပ်တို့အတွက် ကားတိုင်ပေါ်မှာ
အသေခံရန် ဤလောကသို့စေလွှတ်ခဲ့သည်။ သခင်ယေရှု
ခရစ်တော်သည် ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်နိုင်သော
 တံခါးဖြစ်သည်။တမန်၎း၁၂က"ထိုသခင်၏နာမတော်မှတပါး
 ငါတို့ကို ကယ်တင်နိုင်သော နာမတစံတခုမျှ ကောင်းကင်အောက်
 လူတို့တွင်မပေါ်မရှိဟု ပေတရုသည်ထိုသူတို့အား မြွက်ဆို၏"ဟု
 ဖော်ပြထားသည်။ "ဘုရားသခင်တဆူတည်းရှိတော်မူ၏။
 ဘုရား သခင်နှင့်လူတို့၏စပ်ကြားမှာ၊ လူဖြစ်သော
 ယေရှုခရစ်တည်းဟူသောအာမခံတဦးတည်းရှိ၏"(၁တိ၂း၅)။
 ယောဟန် ၁၄း၆ထဲတွင် သခင်ယေရှုက
"ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။
အသက်လည်း ဖြစ်၏။ငါ့ကိုအမှီမပြုလျှင် ခမည်းတော်ထံသို့
အဘယ်သူမျှမရောက်ရ"ဟု ဖော်ပြထားသည်။
 ယောဟန်၃း၁၆ထဲတွင်"ဘုရားသခင်၏သားတော်ကို
ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်။
 ထာဝရအသက်ကို ရစေခြင်းငှါဘုရားသခင်သည်မိမိ၌
တပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင်
လောကီသားတို့ကို ချစ်တော်မူ၏"ဟု ဖော်ပြထားသည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏သားတော်ကို မရွေးလျှင်
 ကယ်တင်ခြင်းရရှိနိုင်သောနည်းလမ်းတစ်ခုမျှ
မရှိတော့ပါ(ယောဟန် ၃း၁၆၊ ၁၈၊ ၃၆)။ဤကျမ်းပိုဒ်များအရ လူသားအားလုံးအလိုအလျောက်ကယ်တင်ခြင်းရရှိခြင်း
ယုံကြည်ချက်သည်သမ္မာကျမ်းစာဖော်ပြချက် နှင့်ညီညွတ်မှုမရှိပါ။ လူသားအားလုံးကယ်တင်ခြင်းအလိုအလျောက်ရရှိခြင်းသည်
သမ္မာကျမ်းစာသွန်သင်ချက်နှင့်ဆန့်ကျင် သည်။
လူပေါင်းများစွာတို့က ခရစ်ယာန်များသည် သည်းခံ
ခွင့်လွတ်ခြင်းမရှိ "အမြင်ကျဉ်း"သည်ဟုစွက်စွဲကြသည်။
ဤစကားများသည် သခင်ယေရှုခရစ်တော်ကိုယ်တိုင်
 ပြောခဲ့သောစကားဖြစ်သည်ကို သိရှိခြင်းသည်
အရေးကြီးသည်။ ခရစ်ယာန်များသည် ဤခံယူချက်များကို
သူတို့ကိုယ်တိုင် တီထွင်သောအရာမဟုတ်ပါ။ခရစ်ယာန်များသည်
သခင်ယေရှု ပြောခဲ့သောအရာပေါ်မှာ စတင်ခြင်းဖြစ်သည်။
လူတွေက သူတို့၏အပြစ်များနှင့်မရင်ဆိုင်လိုခြင်း၊သခင်ယေရှုကို သူတို့၏ကယ်တင်ရှင်အဖြစ်မ၀န်ခံလိုခြင်းကြောင့်
 ဤစကားများကို ငြင်းပယ်ကြခြင်း ဖြစ်သည်။သားတော်
သခင်ယေရှုအားဖြင့် ကယ်တင်ခြင်းအတွက် ဘုရားသခင်
 ပြင်ဆင်ပေးထားသောအရာကို ငြင်းပယ်သော သူများသည်
ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့်တရားဖြောင့်မတ်ခြင်းကို
အထင်သေးသောသူများဖြစ်ကြပြီး၊ သခင်ယေရှုသည်
သူတို့ကိုယ်စား အသေခံရန်လိုအပ်မှုကို
မထီမဲ့မြင်ပြုသောသူများဖြစ်ကြသည်။