ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

November 28, 2014

ဒုတိယမွေးခြင်းခံသော ခရစ်ယာန်ဟူသည် ?

 ဒုတိယမွေးခြင်းခံသော ခရစ်ယာန်ဟူသည်ကား??

ကျွန်တော်တို့သည် ဒုတိယမွေးခြင်းအကြောင်းကို ကြိမ်ဖန် များစွာကြားနေရပြီး မိမိသည် “ဒုတိယမွေးခြင်းခံ ခရစ်ယာန်” ဖြစ်ကြောင်း ပြောဆိုနေကြသည်။ သူတို့က လူ တ ယောက် သည် ဒုတိယမွေးခြင်း မခံဘဲ ခရစ်ယာန် တစ်ယောက် မဖြစ် နိုင်ကြောင်း ကို နားလည်ပုံ မရပါ။ လူတစ်ယောက် သည် မည်သည့်နည်းဖြင့် ဒုတိယ မွေးခြင်းကို ခံနိုင်ပါမည်နည်း။ လူတစ်ယောက်သည် မည် သည နည်းဖြင့် ခရစ်ယာန် တစ်ယောက် ဖြစ်လာနိုင်မည်နည်း။  
သမ္မာကျမ်းစာ က မည်ကဲ့သို့ သွန်သင်ပါသနည်း။
သမ္မာကျမ်းစာ က ရှင်ယောဟန် ၃း ၁-၁၃ ထဲတွင် ဒုတိယ မွေးခြင်း အကြောင်း ပြောပါသည်။ နိကောဒင်အမည် ရှိ သော ယုဒလူတို့တွင် အရာရှိ၊ ဖာရိရှဲတယောက်သည် ယေရူထံတော် သို့် လာသည်။ နိကောဒင်သည် ဘာသာတရားကိုင်းရှိုင်း သူ လူ ကောင်း တယောက်ဖြစ် သည်။ သူ သည် ယေရူပြု သော နိမိတ်လက္ခဏာ များကိုတွေ့မြင် သောကြောင့် ယေရူ သည် ဘုရားသခင် စေလွှတ်တော် မူသော သူဖြစ် ကြောင်း သိသည်။ နိကောဒင်သည် ဘုရားသခင်၏ နိုင်ငံတော် ကို မျှော်လင့်နေသောသူ ဖြစ်သည်။
ယေရူက နိကောဒင် သည်အဘယ်သူဖြစ်ကြောင်းနှင့် မည်သည့်အရာကို မျှော်လင့် နေ ကြောင်း သိမြင်သော ကြောင့် ဤသို့ဖြေကြားပြော ဆို ခဲ့ပါသည်။ “ ယေရူက ဒုတိယမွေးခြင်းကို မခံသော သူမည်သည်ကား ဘုရားသခင်၏ နိုင်ငံတော် ကို မမြင်ရဟု ငါ အမှန်အကန်ဆိုသည် ဟု ပြန်၍မိန့် တော်မူ၏”။ နိုင်ငံတော်ကို မြင်တွေ့ ခြင်း သည် ၎င်း၏ ဝမ်းမြောက်ခြင်းနှင့် ကောင်းကြီးမင်္ဂလာများ ကို အတူမျှ ဝေခံစားခြင်းဖြစ် သည်။ နိကောဒင် သည် ယုဒ လူ တယောက်ဖြစ်သည်။ 
သူသည် ယုဒလူမျိုးမိသားစု မှ မွေးဖွားခြင်းအားဖြင့် ဣသရေလ နိုင်ငံတော်၏ နိင်ငံသားတယောက် ဖြစ်လာခဲ့သည်။ သူက ယေရူ၏ နိုင်ငံတော်သည် လောကီနိုင်ငံ တစ်ခု ခု ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ထင်မြင် ခဲ့သည်။ သို့သော်လည်း ထိုထင်မြင်ချက်သည် မှားယွင်းပါသည်။ ယေရူတည်ထောင် သော နိုင်ငံတော်သည် ဝိညာဉ်ရေးရာ နှင့်ဆိုင်သော နိုင်ငံတော်ဖြစ်သည်။ နောက်ပိုင်း၌ ယေရူက ပိလတ်မင်းအား ပြောဆို သည်မှာ “ ငါ၏ နိုင်ငံ သည် ဤလောကနှင့် မစပ်ဆိုင်” (ယောဟန် ၁၈း၃၆ )။
 ပေတရုက ယေရူသည် ခရစ်တော်တည်းဟူသော အသက်ရှင် တော်မူသော ဘုရားသခင ၏သားတော် ဖြစ်ကြောင်း ဝန်ခံသော အခါ ယေရူက သူ့အသင်းတော် တည်ဆောက်ရန် ကတိပေး ခဲ့သည်။ ထို့နောက်ယေရူ သည် ပေတရုအား ကောင်းကင်နိုင်ငံတော်၏ သော့တို့ကို လည်းပေးရန် ကတိပေးခဲ့သည်။ ( မသဲ ၁၆း၁၆-၁၉ )။ ဤကျမ်းချက် တွင် ယေရူ က “အသင်းတော်” နှင့် “နိုင်ငံတော်” သည် အတူတူသုံးနှုန်း ပြော ဆိုကြောင်းရှင်းလင်းပါသည်။

 နှစ်ပေါင်းအတန်ကြာလာ သောအခါ တမန်တော် ပေါလု က ကောလောသဲ မြို့၌ရှိသော ခရစ်တော်၏ အသင်းတော် ကို ပြောဆိုရာတွင် “ ချစ်တော်မူသော သားတော်၏ နိုင်ငံတော်ထဲသို့ သွင်းတော်မူ၏” ( ကောလောသဲ ၁း၁၃ ) ဟု ပြောဆိုပါသည်။ ထိုသို့် အသင်းတော် နှင့် နိုင်ငံတော်သည် အတူတူ ဖြစ်သောကြောင့် ထိုအထဲသို့ဝင် ရောက်နိုင်ရန် လမ်းခရီးလည်း တစ်ခု တည်း သာ ရှိပါသည်။ လူတယောက် သည် နိုင်ငံတော်ထဲသို့ ရောက်ရှိ နေလျှင် ထိုသူသည် အသင်းတော်၏ အသင်းဝင်တယောက် ဖြစ်ပါသည်။ 
  
အစပိုင်းတွင် ယေရူ က နိကောဒင်အား မိန့်ဆို သည်မှာ “ဒုတိယ မွေးခြင်းကို မခံသော သူမည် သည်ကား ဘုရားသခင်၏နိုင်ငံတော် ကို မမြင်ရ ဟု ပြန်၍မိန့် တော် မူ၏” ဤသို့ မိန့်ဆို ခြင်းအားဖြင့် လူ တယောက်သည် ဒုတိယမွေးခြင်း အားဖြင့်သာ လျှင် နိုင်ငံတော်၏ ဝမ်းမြောက်ခြင်း ကောင်းကြီး မင်္ဂလာကို ခံစားနိုင်မည် ဖြစ် သည်။
ယေရူက လူတယောက် သည် (၁ ) ရေ ( ၂ ) ဝိညာဉ်တော် အားဖြင် မွေးဖွားရမည်ဟု မိန့်ဆို သည်။ လူတယောက် မွေးဖွားနိုင်ရန် အရာနှစ်ခုတို့ သည် မရှိမဖြစ်လိုအပ်သည်။ 

( ၁ ) မျိုးစေ့ကြဲမည့် ဖခင် (၂ ) မွေးဖွား ပေးမည့် မိခင် တို့ဖြစ်သည်။ ယေရူက ဘုရားသခင်၏မိသားစု ဖြစ်သော ဘုရားသခင်၏ နိုင်ငံတော် ထဲ သို့ ဝိညာဉ်ရေးရာ မွေးဖွားခြင်း ကို ရှင်းပြရာတွင် လူ့ဘဝ၏ မိသားစုတစ်စု ထဲသို့ ဇာတိ မွေးဖွားခြင်းကို အသုံးပြု သည်။
ဒုတိယမွေးခြင်း၌ သန့်ရှင်း သောဝိညာဉ်တော်သည် မျိုးစေ့ကြဲ သည်။ မျိုးစေ့သည် ဘုရားသခင်၏ နုတ်ကပတ်တော်ဖြစ်သည်။ 
ဤ စကား လုံးများကို မှတ်ထားကြပါစို့။ 
“ နိမ္မိတ သတ္တဝါတို့တွင် ငါတို့သည် အဦးသီးသောအသီး ကဲ့သို့ ဖြစ်စေ ခြင်းငှါ သမ္မာတရား စကားအားဖြင့် မိမိအလိုတော်အတိုင်း ငါတို့ကို ဖြစ် ဘွားစေတော်မူ ၏” ( ယာကုပ် ၁း ၁၈ )။ နောက်တဖန် ဤကျမ်းချက် ကိုလည်း ဖတ်ရူကြပါစို့။ “ သင်တို့ သည် ဖောက်ပြန် ပျက်စီးတတ်သော မျိုးစေ့ အားဖြင့်ဖြစ်ဘွားသည်မ ဟုတ်။ မဖောက်ပြန်မပျက်စီး တတ်သော မျိုးစေ့ တည်း ဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူ သော ဘုရားသခင်၏ နှတ်ကပတ်တော် အားဖြင့် ဖြစ်ဘွားသောကြောင့်၊ ညီအစ်ကိုများကို ချစ်ယောင် မဆောင် အမှန်ချစ်ခြင်း အလို့ငှါ စိတ်ထဲမှာ သမ္မာတရားကို နားထောင်လျှက်၊ ကိုယ်စိတ် နှလုံးကို စင်ကြယ်စေပြီး သည်နှင့်အညီ၊ 
စင်ကြယ်သော စိတ်နှင့် အချင်းချင်း အားကြီးသော ချစ်ခြင်းမေတ္တာ ရှိကြလော့” (၁ပေ ၁း၂၂-၂၃ )။
ဘုရားသခင်၏နှတ်ကပတ်တော်သည် ဝိညာဉ်တော်၏ 
ဓားဖြစ်သည် ( ဧဖက် ၆း၁၇ )။ လူ့စိတ်ထဲတွင် ယုံကြည် ဖြစ်ထွန်းစေရန် သန့်ရှင်း သောဝိညာဉ်တော်သည် ဤနှတ်ကပတ်တော် ကို အသုံးပြု သည်။ “သို့ဖြစ်၍ ယုံကြည်ခြင်း သည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည် လည်း ဘုရားသခင် ၏ စကားတော်အားဖြင့်ဖြစ်၏ 
( ရောမ ၁၀း၁၇ )။ ထို့ကြောင့် ဘုရားသခင်၏ နှတ်ကပတ်တော် ကို ဟောပြော သောအခါ သန့်ရှင်းသောဝိညာဉ်တော် သည် အပြစ်သား၏ နှလုံးသားထဲသို့ ယုံကြည်ခြင်းကို ဖြစ်ထွန်း စေသည်။
 ထို့ကြောင့် လူတယောက်သည် နှတ်ကပတ်တော်ကို ကြား၍ ယုံကြည် သောအခါ သန့်ရှင်းသောဝိညာဉ်တော် ၏ သားဟု ခေါ်ဆိုနိုင်ပါသည်။
သို့သော် ရေနှင့် မွေးဖွား ခြင်းကား အဘယ်သို့နည်း။

ဤသည် ဗတ္တိဇံခံခြင်းအားဖြင့် ဖြစ်သည်။ လူတယောက်သည် ဘုရားသခင်၏ နှတ်ကပတ်တော်ကို ကြား၍ ယုံကြည် သောအခါ ထိုသူ သည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ် တော် ၏ နာမ၌ ရေထဲတွင် ဗတ္တိဇံခံခြင်းအား ဖြင့် နှတ်ကပတ်တော် ကို နာခံသည် 
(မသဲ ၂၈း၁၉-၂၀ )။ဤဗတ္တိဇံသည် ရေထဲ ၌ သင်္ဂြိုလ်ခြင်းဖြစ်သည်
( ရောမ ၆း၎ ; ကောလောသဲ ၂း၁၂ )။ 
ဤဗတ္တိဇံသည် အပြစ်မှ ဖြေလွှတ်ခြင်း 
( ခွင့်လွှတ်ခြင်း )အတွက် ဖြစ်သည် ( တမန်တော် ၂း၃၈; ၂၂း၁၆ )။ ယုံကြည်သူတယောက်သည် ဗတ္တိဇံခံခြင်းအားဖြင့် ခရစ်တော်၏ ခန္ဓာကိုယ်ထဲ သို့ ထည့်သွင်းခြင်းခံ ရသည် ( ၁ကော ၁၂း၁၃ )။ 
ထို ခန္ဓာကိုယ်သည် ဘုရားသခင်၏ နိုင်ငံတော် ဖြစ်သော အသင်းတော်ဖြစ် သည် ( ကောလောသဲ ၁း၁၈ )။

ခရစ်ယာန်တယောက် ဖြစ်ရန် ဒုတိယ မွေးခြင်းသည် မရှိမဖြစ် လိုအပ်ကြောင်း ကျွန်တော် တို့ သိခဲ့ပါပြီ။ လူတယောက် သည် ဒုတိယမွေးခြင်းကို ခံရလျှင် ထိုသူသည် ဘုရားသခင်၏ နိုင်ငံတော် ဖြစ်သော အသင်းတော် ထဲသို့ အလိုအလျှောက် ရောက်ရှိနေပါသည်။ သန့်ရှင်းသောဝိညာဉ်တော် သည် နှတ်ကပတ်တော်ကို လူ့နှလုံးသားထဲ တွင် ဖွင့်ပြတော်မူ၍ ယုံကြည်ခြင်း ကို ဖြစ်ထွန်းစေပြီး ထိုယုံကြည်သူသည် အပြစ် လွှတ်ခြင်းရရန် ဗတ္တိဇံခံခြင်း အား ဖြင့် တုံ့ပြန်သောအခါ ထိုသူသည် ဒုတိယမွေးခြင်းကို ခံရပါသည်။ 
ထို သူသည် ရေနှင့်ဝိညာဉ်တော် အားဖြင့် မွေးခြင်းခံသော ကြောင့် နိုင်ငံတော်ထဲသို့ ရောက်ရှိနေ ပြီဖြစ် သည်။
ခရစ်တော်၌ ချစ်သော မိတ်ဆွေ၊ သင်သည် အဘယ်သို့နည်း။ 
သင် သည် ကယ်တင်ခြင်း သို့ရောက်ပြီ လား။ သင်သည် ဘုရားသခင် ၏ နိုင်ငံတော်ထဲသို့ ရောက်ရှိ နေပြီလား။ သင်သည် ရေနှင့် ဝိညာဉ်တော အားဖြင့် ဒုတိယမွေးခြင်း ခံပြီလား။ ဤအရာများကို 
သင်၌ မရှိသေးပါက၊ သင်သည် ထာဝရအတွက် မျှော်လင့် ချက် မရသေးပါ။ ကယ်တင်ခြင်း သည် သင့်အတွက် ဖြစ်ရန် ယနေ့၌ပင် ဘုရားသခင် ၏နှတ်ကပတ်တော်ကို ယုံကြည် ပြီး ဗတ္တိဇံခံပါ။ “သင်တို့သည် လောကီနိုင်ငံ အရပ်ရပ်ရှိ သမျှသို့ သွား၍ ဝေနေယျ သတ္တဝါအပေါင်း တို့အား ဧဝံဂေလိ တရားကို ဟောကြလော့။ ယုံကြည်၍ ဗတ္တိဇံကို ခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည် သောသူမူ ကား အပြစ်စီရင် ခြင်းကို ခံရလတံ့။” ( မာကု ၁၆း၁၅-၁၆ )။

No comments:

Post a Comment