ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !
November 30, 2014
"၀ိညာဉ်ဆိုင်ရာ ဥပဒေသလေးခု "
ဝိညာဉ်ပိုင်းဆိုင်ရာဥပဒေသလေးခုတို့သည်သခင်ယေရှု
ခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် ရရှိနိုင် သောကယ်တင်ခြင်း
တရားပိုင်းဆိုင်ရာသတင်းကောင်းသက်သေခံဝေမျှသော
 နည်းဗျူဟာများဖြစ်ပါသည်။ဤအချက် လေးခုတို့ကိုဝေမျှခြင်းအားဖြင့် ကယ်တင်ခြင်းသတင်းကောင်းအတွက် အရေးပါသောအချက် အလက်တို့ကို ဝေမျှပေး နိုင်သောနည်းလမ်းဖြစ်သည်။ 
ဘုရားသခင်က မိတ်ဆွေကို ချစ်၍မိတ်ဆွေ အတွက်
အံ့သြဖွယ်ကောင်းသော အကြံအစည်တစ်ခုရှိသည်ဟူ၍ဖြစ်သည်။
 ယောဟန်၃း၁၆ထဲတွင် “ဘုရားသခင်၏ သားတော်ကို 
ယုံ ကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ 
ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါး တည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကို ချစ်တော်မူ၏။”ဟုဖော်ပြထားပါသည်။ယောဟန်၁၀း၁၀ ထဲတွင် သခင်ယေရှု၏ဤလောကသို့ကြွလာခြင်းအကြောင်းကို
 ဖော်ပြထားပါသည်။ ၄င်းမှာ “သိုးတို့သည် အသက်လွှတ်ရုံမျှမက 
အထူးသဖြင့် အသက်နှင့်ပြည့်စုံစေခြင်းငှာ ငါလာသတည်း” ဖြစ်သည်။ 
ဘုရား သခင်၏မေတ္တာတော်မခံစားနိုင်ရန် မည်သည့်အရာက
တားဆီးထားသနည်း။ ထာဝရအသက်မရရှိနိုင်ရန် မည်သည့် 
အရာကတားဆီးပါသနည်း။ ၀ိညာဉ်ပိုင်းဆိုင်ရာဥပဒေသလေးခုထဲမှ
 ဒုတိယမြောက်အချက်သည် လူသားအားလုံးသည် 
အပြစ်ညစ်စွန်း ကြသောကြောင့် ဘုရားသခင်နှင့်ခွဲခွာခဲ့ကြပါသည်။ 
ထို့ကြောင့် ကျွန်ုပ်တို့အတွက် ဘုရားသခင်ပြင်ဆင်ထားသော 
အံ့သြဖွယ်ကောင်းသောအကြံအစည်တော်ကို ကျွန်ုပ်တို့မသိနိုင်ပေ။ 
ဤအကြောင်းအရာကို ရောမ ၃း၂၃ ထဲတွင် သေချာစွာတွေ့နိုင်ပါသည်။ 
“အဘယ့်ကြောင့်နည်းဟူမူကား လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင်၏ရှေ့ တော်၌အသားရေပျက်ကြပြီး ရောမ ၆း၂၃ ထဲတွင်
 အပြစ်တရား၏ ကွင်းဆက်အကျိုးသက်ရောက်မှုတို့ကိုဖော်ပြထားပါသည်။
 “အပြစ်တရား၏ အခကားသေခြင်းပေတည်း။ ဘုရားသခင်ပေးတော်
မူသော ဆုကျေးဇူးတော်ကား ငါတို့သခင် ယေရှုခရစ်အားဖြင့် 
ထာဝရအသက်ပေတည်း” လူဇာတိခံယူသော ဘုရားသခင်က 
ကျွန်ုပ်တို့သည် သူနှင့်အတူမိတ်သ ဟာရဖွဲ့ရန် ရည်ရွယ်၍ 
ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ သို့သော်လူသားအားလုံးတို့သည် 
အပြစ်ဒုစရိုက်ပြု၍အပြစ်သားများ ဖြစ်ကြသောကြောင့်ဘုရားသခင်နှင့်
ခွဲခွာခဲ့ရသည်။ဘုရားသခင်ကြံစည်တော်ဖြစ်လာသူနှင့်အတူ 
မိတ်သဟာရဖွဲ့ခြင်းကိုကျွန်ုပ်တို့သည်
ပျက်စီးစေခဲ့ပါသည်။မည်သို့ဖြေရှင်းရမည်နည်း။ 
ဝိညာဉ်ပိုင်းဆိုင်ရာဥပဒေသလေးခုမှ သုံးခုမြောက်အချက်သည် 
ကျွန်ုပ်တို့သည် မိမိ အပြစ်မှ လွှတ်ခြင်းအခွင့်ရရှိရန်ဘုရားသခင်ပြင်
ဆင်ပေးထားသော ပုဂ္ဂိုလ်သည်သခင်ယေရှုခရစ်တော်ဖြစ်ပါသည်။
 ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့သည် အပြစ်ဖြေလွှတ်ခြင်းရရှိကာ 
ဘုရားသခင်နှင့် စစ်မှန်သော မိတ်သဟာရဖွဲ့ခြင်းအခွင့်ကို
 ပြန်လည်ရယူနိုင် ပါသည်။ ရောမ ၅း၈ထဲတွင် “ငါတို့သည် 
အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူ
သည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်
ချစ်တော်မူသည်ကို ထင်ရှားစွာပြတော်မူ၏” ဟုဖော်ပြထားသည်။
 ၁ကော၊ ၁၅း၃-၄ ထဲတွင် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရရှိနိုင်ရန် သခင်ယေရှုကိုသိကျွမ်းခြင်းနှင့်ယုံကြည်ခြင်းလိုအပ်သည်
ဟုဖော်ပြထားသည်။” ခရစ်တော်သည်ကျမ်းစာလာသည့် 
အတိုင်း ငါတို့အပြစ်ကြောင့်အသေခံတော်မူ၏။ သဂြိုလ်ပြီးမှ
 ကျမ်းစာလာသည့်အတိုင်း သုံးရက်မြောက်သောနေ့၌ 
ထမြောက်တော်မူ၏………..“ယောဟန်၁၄း၆ထဲတွင်
သခင်ယေရှုသာလျှင် ကယ်တင်ခြင်းလမ်းသို့ပို့ဆောင်
 ပေးနိုင်သော လမ်းခရီးဖြစ်ကြောင်း သူကိုယ်တိုင်ဖော်ပြထား ပါသည်။ “ငါသည်လမ်းခရီးဖြစ်၏။သမ္မာတရားလည်းဖြစ်၏။
အသက်လည်းဖြစ်၏။ငါကိုအမှီမပြုလျှင် အဘယ်သူမျှ 
ခမည်းတော်ထံသို့မရောက်ရ။“ကျွန်ုပ်သည်ဤအံ့သြဖွယ်ကောင်းသော 
ကယ်တင်ခြင်းဆုကျေးဇူးတော်ကို မည်သို့ရရှိ နိုင်မည်နည်း။ ၀ိညာဉ်ပိုင်းဆိုင်ရာဥပဒေသလေးခုမှ လေးခုမြောက်အချက်သည်
 “ဘုရားသခင်၏အံ့သြဖွယ်ကောင်းသော ဆု ကျေးဇူးတော်ကို
 ရရှိနိုင်ရန်နှင့် ကျွန်ုပ်တို့၏အသက်တာ၌ ဘုရားသခင်၏
အကြံအစည်တော်တို့ကို သိရှိနိုင်ရန်နှင့် ကျွန်ုပ် တို့သည်
 ယေရှုခရစ်တော်ကိုကယ်တင်ရှင်အဖြစ်လက်ခံ
ယုံကြည်ရမည်ဟူသောအချက်ဖြစ်သည်။ “ယောဟန် ၁း၁၂ထဲတွင်ဤအကြောင်းနှင့်ပတ်သက်၍ကျွန်ုပ်တို့အတွက်ဖော်ပြ
ထားပါသည်။ထိုသူကိုလက်ခံသမျှသော သူတည်း ဟူသော 
ကိုယ်တော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏
သားတော်ဖြစ်ရသောအခွင့်ကိုပေးတော်မူ၏” တမန်တော် ၁၆း၃၁
 ထဲတွင်လည်း ဤအကြောင်းကို တိကျစွာဖော်ပြထားပါသည်။
 “သခင်ယေရှုခရစ်ကို ယုံကြည်လော့၊ ယုံကြည်လျှင် သင်နှင့်သင်၏
 အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ 
ကျွန်ုပ်တို့သည် ကျေးဇူးတော်ကြောင့်သာလျှင်ယုံကြည်ခြင်းအားဖြင့်
သာလျှင် သခင်ယေရှုခရစ်တော်အားဖြင့်သာလျှင် ကယ်တင်ခြင်း 
သို့ရောက်ရှိခြင်းဖြစ်သည် (ဧဖက် ၂း၈-၉)။ မိတ်ဆွေသည် 
သခင်ယေရှုခရစ်တော်ကို မိမိကယ်တင်ရှုင် 
အဖြစ်ယုံကြည်လက်ခံလိုလျှင် ဘုရားသခင်ထံသို့ ဤစကားလုံးတို့ကို
ရင်ဖွင့်၍ မြွက်ဆိုပါ။ ယုံကြည်ခြင်းမရှိပဲ ဤစကားလုံးတို့ကို
 မြွက်ဆိုခြင်းက ကယ်တင်ခြင်းစိတ်ချမှု မပေးနိုင်ပေ။ သို့သော် သခင်ယေရှုခရစ်တော်၏အလိုတော်ကိုယုံကြည်ကိုးစားမှသာ
 ကယ်တင်ခြင်းရရှိမည်ဖြစ်သည်။ ဤဆုတောင်းခြင်းသည် မိတ်ဆွေကဘုရားသခင်ကိုယုံကြည်ကိုးစားကြောင်းကိုဖေါ်ပြခြင်းနှင့်
 သူပြင်ဆင်ပေးထားသော ကယ်တင် ခြင်းတရားအတွက် ကိုယ်တော်ကို ကျေးဇူးတင်စကားပြောခြင်းဖြစ်သည်။
 “ဘုရားသခင် ကျွန်ုပ်သည် ကိုယ်တော့်ကို ပြစ်မှားကြောင်းနှင့် 
ထိုအပြစ်တရားအတွက် တရားစီရင်ခြင်းပြစ်ဒဏ်ကို ကျွန်ုပ်သည် ခံထိုက်ကြောင်းကျွန်ုပ်သိပါ၏။ကျွန်ုပ်မထိုက်သောပြစ်ကြွေးအားလုံးကို
သခင်ယေရှုခရစ်တော်က ယူဆောင်သွား ခဲ့သောကြောင့်ကျွန်ုပ်သည် သခင် ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်လွှတ်ခြင်းအခွင့်ရပါ၏။ 
ကျွန်ုပ်သည် အပြစ်ဒုစရိုက်နွံမှရုန်းထွက်၍ကယ်တင်ခြင်းရရှိရန်
ကိုယ်တော်ကိုယုံကြည်ကိုးစားပါ၏။ ကိုယ်တော်၏အံ့သြဖွယ်
 ကောင်းသော ကျေးဇူးတော်တရားနှင့် ခွင့်လွှတ်ခြင်းတရား၊ 
ထာဝရအသက်ဆုကျေးဇူးတော်အတွက် ကိုယ်တော်ကို
 ကျေးဇူတင်ပါ၏!အာမင်!
No comments:
Post a Comment