ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !
November 27, 2014
ကျွနုပ်အပြစ်အားလုံးကို မည်သို့ ခွင့်လွှတ်နိုင်မည်နည်း?
အပြစ်အားလုံးကို မည်သို့ ခွင့်လွှတ်နိုင်မည်နည်း?
 စာ၊ ၁၃း၃၈ “ထို့ကြောင့် ညီအစ်ကိုတို့၊ ထိုသခင်၏
 ကျေးဇူးတော်ကြောင့် အပြစ်လွှတ်ခြင်း တရားကိုကို
သင်တို့အား ဟောကြားခဲ့သည်ကို သိမှတ်ကြလော့”။
 ခွင့်လွှတ်ခြင်းသည် အဘယ်နည်း? အဘယ်ကြောင့်
ကျွန်ုပ်တို့သည် အပြစ်လွတ်ခြင်းတရားကို လိုအပ်သနည်း? “ခွင့်လွှတ်ခြင်း”အဓိပ္ပါယ်သည် တောက်ပြောင်သန့်ရှင်းရန်
 ဆေးကြောပေးခြင်း၊ကျေးဇူးဂရုဏာသက်ရောက်ခြင်းဖြင့်
ခွင့်လွှတ်ခြင်း၊ အကြွေးစာရင်းမှပယ်ဖျက်ခြင်းမျိုးဖြစ်သည်။
ကျွန်ုပ်တို့သည် လူတစ်စုံတစ်ယောက်အပေါ်တွင်
အပြစ်ပြုမိသော အခါ ထိုသူနှင့် ပြန်လည်သင့်မြတ်၍
မိတ်သဟာရဖွဲ့နိုင်ရန် သူတို့၏ ခွင့်လွှတ်ခြင်းကို
ကျွန်ုပ်တို့ လိုအပ်သည်။ ထိုခွင့်လွှတ် ခြင်းသည် ထိုက်တန်သူ
တစ်ဦးပေါ်တွင် ပေးအပ်သော အရာမဟုတ်ပေ။ မည်သူကမှ
 ခွင့်လွှတ်ရန် မထိုက်တန်ပေ။ ခွင့်လွှတ် ခြင်းသည်
ချစ်ခြင်းမေတ္တ၊ ဂရုဏာတရားနှင့် သစ္စာတရားတို့၏
လုပ်ဆောင်မှုပင်ဖြစ်သည်။ ခွင့်လွှတ်ခြင်းသည် ဆန့်ကျင်
ပုန်ကန်မှုပြုသောသူအား ပြန်လည်မတုံ့ပြန်ရန်
ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ မိတ်ဆွေအပေါ် သူတို့ပြုခဲ့သော အမှားတို့ကို ပြန်လည်လက်စားမချေခြင်းပင်ဖြစ်သည်။
 ကျွန်ုပ်တို့အားလုံးတို့သည် ဘုရားသခင်ထံမှလာသော
ခွင့်လွှတ်ခြင်းကို လိုအပ်ကြောင်းကိုသမ္မာကျမ်းစာက
 ဖော်ပြ ခဲ့သည်။ကျွန်ုပ်တို့အားလုံးတို့သည်အပြစ်ဒုစရိုက်ကို
 ပြုခဲ့ကြပြီ။ဒေသနာကျမ်း ၇း၂၀က“အပြစ်မပါပဲကောင်းသော
အကျင့် ကိုကျင့်သောသူတော်ကောင်းတစုံတစ်ယောက်မျှ
 မြေကြီးပေါ်မှာမရှိ။”ဟုဖော်ပြထားပါသည်။၁ယော၊ ၁း၈ က
 “ကိုယ်အပြစ် မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ့်ကိုကိုယ်
လှည့်ဖြားကြ၏။ငါတို့၌သစ္စာတရားမရှိ”ဟု ပြောထားပါသည်။
အပြစ်ဟူသမျှသည်ဘုရားသခင်ကိုဆန့်ကျင်ပုန်ကန်သည်
 (ဆ၊၅၁း၎)။ ကျွန်ုပ်တို့သည် အပြစ်ရှိကြသောကြောင့်
ဘုရားသခင်၏ခွင့်လွှတ်ခြင်းတရားကိုကျွန်ုပ်တို့လိုအပ်သည်။
ကျွန်ုပ်တို့သည် လွှတ်ငြိမ်းခြင်းအခွင့်မရလျှင် ထိုအပြစ်ကြောင့်
ငရဲမီးအိုင်ထဲ၌ထာဝရကာလ ဒုက္ခဆင်းရဲခြင်းကို
ခံစားရပါလိမ့်မည်။ (မ၊ ၂၅း၄၆၊ ယော၊၃း၃၆) ခွင့်လွှတ်ခြင်း -
ဝမ်းမြောက်စရာသတင်းကောင်းတစ်ခုသည်ဘုရားသခင်သည်
ချစ်ခြင်းမေတ္တာ၊ ဂရုဏာတရားနှင့်ပြည့်စုံတော်မူသော
ဘုရားသခင်ဖြစ်သည်။ သူက ကျွန်ုပ်တို့၏အပြစ်တို့ကို
ခွင့်လွှတ်ရန်အတွက် အလိုတော်ရှိသည်။ ၂ပေ၊၂း၉ ထဲတွင်
“ … ထာဝရဘုရားသည် ကတိတော်အရာမှာ နှေးတော်မမူ။
ငါတို့တွင် အဘယ်သူမျှ မပျက်ဆီးဘဲ၊ ရှိသမျှတို့သည်
 နောင်တရစေ ခြင်းငှာ အလိုတော်ရှိ၍ ငါတို့ကို
သည်းခံတော်မူ၏” ဟုဖော်ပြထားသည်။ ဘုရားသခင်သည်
ကျွန်ုပ်တို့ကို ခွင့်လွှတ်ရန် အလို တော်ရှိသည်။ ထို့ကြောင့်
ကျွန်ုပ်တို့သည် လွတ်ငြိမ်းခြင်းအခွင့်ရရှိရန် သူက ပြင်ဆင်ပေးထားခဲ့သည်။ ကျွန်ုပ်တို့၏အပြစ်များအတွက် တစ်ခုတည်းသော တရားစီရင်ခြင်းသည် သေခြင်းဖြစ်သည်။ ရောမ၊ ၆း၂၃ အစောပိုင်း တွင် “အပြစ်၏အခကား သေခြင်းပေတည်း”ဟု ဖော်ပြထားသည်။ ထာဝရသေခြင်းသည် ကျွန်ုပ်တို့၏အပြစ်တရား၏ အကျိုး သက်ရောက်မှုပင်ဖြစ်သည်။ သခင်ယေရှုသည် ဘုရားသခင်၏အစီအစဉ်အတိုင်း လူ့ဇာတိကိုခံယူခဲ့ပါသည် (ယော၊၁း၁၊၁၄)။ သခင်ယေရှုသည် ကားတိုင်ပေါ်တွင် အသေခံ၍ ၄င်းအားဖြင့် ကျွန်ုပ်တို့နှင့်ထိုက်တန်သော တရားစီရင်ခြင်း သေဒဏ်ကို သူ ယူဆောင်သွားခဲ့သည်။ (၂ကော၊၅း၂၁)ထဲတွင် “အဘယ်ကြောင့်နည်းဟူမူကား ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သော သူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့ တော်၌ ဖြောင့်မတ်သောသူဖြစ်မည် အကြောင်းတည်း” ဟု ဖော်ပြထားပါသည်။ သခင်ယေရှုသည် ကားတိုင်တော်ပေါ်တွင် အသေခံ၍ ကျွန်ုပ်တို့နှင့်ထိုက်တန်သော ကျိန်ခြင်းတို့ကို သူသည် ယူဆောင်သွားခဲ့သည်။ ဘုရားသခင်၏မျက်မှောက်၌ လောကီသား အားလုံးတို့၏ အပြစ်ဟူသမျှတို့ကို သခင်ယေရှု၏အသေခံခြင်းအားဖြင့် လွတ်ငြိမ်းခြင်းအခွင့်ရရှိကြသည်။ ၁ယော၊ ၂း၂ထဲတွင် “ထိုသခင်သည် ငါတို့၏ အပြစ်မက၊ လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်း ဖြစ်တော်မူ၏”ဟုဖော်ပြထားသည်။သခင်ယေရှုသည် သေခြင်းမှထမြောက်ခဲ့၍ သူ၏အပြစ်တရားနှင့် သေခြင်းတရားပေါ်တွင် အောင်မြင်ခြင်းရရှိကြောင်းကြွေးကြော်ခဲ့ပါသည်(၁ကော၊၁၅း၁-၂၈)။ဘုရားသခင် ဘုန်းကြီးပါစေ။ သခင်ယေရှုအသေခံခြင်းနှင့် ပြန်လည် ထမြောက်ခြင်းအားဖြင့် ရောမ၊ ၆း၂၃ နောက်ပိုင်းတွင် ဖော်ပြသော အကြောင်းအရာတို့သည် မှန်ကန်သည်။” ……… ဘုရား သခင်ပေးတော်မူသော ကျေးဇူးတော်ကား ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း”။ မိတ်ဆွေသည် အပြစ်တရားမှ လွှတ်ငြိမ်းခြင်းအခွင့်ရယူလိုသလော? မိတ်ဆွေသည် မိမိဒုစရိုက်နွံထဲမှ မရုန်းထွက်နိုင် ဟု မိမိကိုယ်ကို ခံစားပါသလော? မိတ်ဆွေသည် သခင်ယေရှုခရစ်တော်ကို မိမိကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံလျှင် အပြစ်တရားအုပ်စိုးမှု နွံထဲမှ လွတ်မြောက်ခြင်းအခွင့်ရရှိမည်ဖြစ်ပါသည်။ ဧဖက်၊ ၁း၇ ထဲတွင် “ခပ်သိမ်းသော သတိပညာ တော်နှင့်လျော်ညီစွာ ငါတို့၌ အတိုင်းထက်အလွတ်များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံနှင့်အညီ၊ ထိုသားတော် ၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည် ခံရကြ၏”ဟု ဖော်ပြ ထားသည်။ သခင်ယေရှုက ကျွန်ုပ်တို့၏အပြစ်ကြွေးအားလုံးတို့ကို ပေးဆပ်ခဲ့သောကြောင့် ကျွန်ုပ်တို့သည် အပြစ်လွတ်ခြင်း အခွင့်ရရှိသည်။ မိတ်ဆွေလုပ်ဆောင်ရမည့်အရာသည် သခင်ယေရှုအားဖြင့် မိတ်ဆွေအပြစ်များကို လွှတ်ခြင်းအခွင့်ရရှိရန် ဘုရားသခင်ထံတောင်းလျှောက်ခြင်း၊ သခင်ယေရှုသည် မိတ်ဆွေ၏ လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် အသေခံသည်ဟု ယုံကြည် ခြင်းတို့ဖြစ်သည်။သို့ပြုလျှင်ဘုရားသခင်က မိတ်ဆွေကို ခွင့်လွှတ်ပါလိမ့်မည်။ ယောဟန်၊ ၃း၃၆-၁၇ ထဲတွင် အံ့သြဘွယ်ကောင်းသော သတင်းကို ဖော်ပြထားပါသည်။ “ဘုရားသခင်၏ သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်ဆီးခြင်းသို့မရောက်၊ထာဝရအသက်ကိုရစေခြင်းငှာ၊ဘုရားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီ သားတို့ကိုချစ်တော်မူ၏။ လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ ဘုရားသခင်သည် သားတော်ကိုဤလောကသို့ စေလွှတ် တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ်တော်မူ ၏”။ ခွင့်လွှတ်ခြင်းတရား - ၄င်းကို အမှန်ရရှိရန် လွယ်ကူပါသလား? ဟုတ်ပါသည်။ လွယ်ကူပါသည်။ ဘုရားသခင်ထံမှ အပြစ်လွှတ်ခြင်းအခွင့်ရရှိရန် ကျွန်ုပ်တို့သည် ကြိုးပမ်းလုပ်ဆောင် မှုဖြင့်မရနိုင်ပေ။ အပြစ်လွှတ်ခြင်းအခွင့်ကို ဘုရားသခင်၏ကျေးဇူးတော်နှင့် ဂရုဏာတရားတော်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ရရှိနိုင်ပါသည်။ မိတ်ဆွေသည် သခင်ယေရှုခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ်လက်ခံလို၍ ဘုရားသခင်ထံမှ အပြစ်လွတ်ငြိမ်းခြင်းအခွင့်ရယူလိုလျှင် မိတ်ဆွေသည် ဤသို့ဆုတောင်းနိုင်သည်။ ယုံကြည်ခြင်းမရှိပဲ ဆုတောင်းခြင်းအားဖြင့် ဖြစ်စေ၊ အခြားသောဆုတောင်းခြင်းအားဖြင့် ကယ်တင်ခြင်းမရနိုင်ပေ။ သခင်ယေရှုခရစ်တော်ကို ယုံကြည်ကိုးစားခြင်းအား ဖြင့် ကျွန်ုပ်တို့သည် အပြစ်လွှတ်ခြင်း အခွင့်ရရှိနိုင်သည်။ ဤဆုတောင်းခြင်းသည် ကျွန်ုပ်တို့ ဘုရားသခင်ကိုယုံကြည်ကြောင်း ကို သူ့ထံရင်ဖွင့်ပြောဆိုခြင်းနှင့် ကျွန်ုပ်တို့၏အပြစ်လွှတ်ခြင်းအတွက် သူပြင်ဆင်ပေးခြင်းအပေါ် သူ့ကိုကျေးဇူးတင်စကားပြော ခြင်းဖြစ်သည်။ “ကိုယ်တော်ရှင်၊ ကျွန်ုပ်သည် ကိုယ်တော့်ကိုပြစ်မှား၍ အပြစ်ဒဏ်ခံထိုက်သူဖြစ်ကြောင်း ကျွန်ုပ်သိရှိပါ၏။ သို့ သော် သခင်ယေရှုခရစ်တော်က ကျွန်ုပ်နှင့်ထိုက်တန်သောအပြစ်ဒဏ်အတွက် အသေခံခဲ့သောကြောင့် ကျွန်ုပ်သည် မိမိအပြစ်နွံထဲမှ လွတ်မြောက်၍ ကယ်တင်ခြင်းရရှိရန် ကိုယ်တော့်ကို ကျွန်ုပ်ယုံကြည်ပါ၏။ ကိုယ်တော်၏ အံ့သြဘွယ်ကောင်း သော ကျေးဇူးတော်နှင့် ခွင့်လွှတ်ခြင်းတရားအတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါ၏! အာမင်!”
No comments:
Post a Comment