ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

November 26, 2014

(နောက်ဆုံးသောအချိန်၌ ဖြစ်ပျက်မည်.အရာများ)

  နောက်ဆုံးသောအချိန်နှင့်ပတ်သက်၍ သမ္မာကျမ်းစာထဲတွင် ပြောကြာချက်အမြားအပြား ရှိသည်။ သမ္မာကျမ်းစာတစ်အုပ်လုံးတွင်ရှိသော ကျမ်းစာအုပ်များသည် အများအားဖြင့် နောက်ဆုံး ချိန်များကို ဖော်ပြထားပါသည်။ ထိုပရောဖက်များအားလုံးကို အကောင်အထည်ဖော်ခြင်းနှင့် အသိ အမှတ်ပြုခြင်းသည် အလွန်ခက်ခဲသည်။ အောက်တွင်ဖော်ပြထားသော အချက်အလက်အချို့တို့ သည် သမ္မာကျမ်းစာထဲတွင် နောက်ဆုံးချိန်များနှင့်ပတ်သက်၍ သမ္မာကျမ်းစာထဲတွင် ဖော်ပြထား သည့်အတိုင်း အကျဉ်းချုံး၍ဖော်ပြထားခြင်းဖြစ်သည်။ ချီဆောင်ခြင်း အချိန်တွင် ခရစ်တော်က ဒုတိယမွေးခြင်းကိုခံယူသော ယုံကြည်သူအားလုံးကို ဤလောကမှ ဖယ်ရှားပါလိမ့်မည် (၁သက် ၄း၁၃-၁၈၊ ၁ကော ၁၅း၅၁-၅၄)။ခရစ်တော်၏တရားစီ ရင်ခြင်းပလ္လင်တော်တွင် ယုံကြည်သူများသည် ဤလောကတွင် အသက်ရှင်စဉ်တွင် လုပ်ဆောင်ခဲ့ သောကောင်းမှုကုသိုလ်များနှင့် သစ္စာရှိခြင်းအတွက် ဆုပေး/ဒဏ်ပေးစနစ်ရှိမည်ဖြစ်သည်။ သို့သော် ထိုတရားစီရင်ခြင်းသည် ထာဝရကာလအတွက် မဟုတ်ပေ။ သူတို့၏နာခံခြင်းနှင့် လုပ်ဆောင်ချက် များအတွက်သာ တရားစီရင်ခြင်း ဖြစ်သည် ( ၁ကော ၃း၁၁-၁၅၊ ၂ကော ၅း၁၀)။ အန္တီခရစ် ( တောသားရဲ) သည် တန်ခိုးအာဏာရရှိလာပြီး၊ ဣသရေလလူမျိုးများနှင့်ခုနစ်နှစ် အတွက်ပဋိဥာဉ်စာချုပ်ချုပ်ဆိုလိမ့်မည် (ဒံယေလ ၉း၂၇)။ ထိုခုနစ်နှစ်ကာလကို “ဘေးဒဏ်ကြီး ကာလ” ဟု သိရသည်။ ဘေးဒဏ်ကြီးကာလတွင် ထိတ်လန့်စရာကောင်းသောစစ်ပွဲများ၊ အစာရေ စာခေါင်းပါးမှုများ၊ ကာလနာဘေးများနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်လာပါလိမ့်မည်။ ဘုရားသခင်က အပြစ်တရားပြုသောသူများ၊ ဆိုးသွမ်းသောသူများနှင့် ကောက်ကျစ်သောသူများ အပေါ် သူ၏အမျက်ဒေါသကို သွန်းလောင်းမည်ဖြစ်သည်။ ဘေးဒဏ်ကြီးကာလသည် Apocalypse ခေါ်မြင်းစီးယောင်္ကျားလေးယောက်ပေါ်လာသောအချိန်နှင့် တရားစီရင်ခြင်း တံဆိပ်၊ တံပိုးနှင့် ခွက်ဖလား ခုနစ်ခုသွန်းလောင်းသောအချိန်တွင် အဆုံးသတ်ပါလိမ့်မည်။ ခုနစ်နှစ်မှ သုံးနှစ်ခွဲအတောအတွင်း၊ အန္တီခရစ်သည် ဣသရေလလူမျိုးများနှင့် ငြိမ်းချမ်းရေးပဋိ ညာဉ်စာချုပ်ချုပ်ဆိုပြီး၊ ထိုစာချုပ်ကို ချိုးဖောက်ကာ စစ်ပွဲဆင်နွှဲပါလိမ့်မည်။ အန္တီခရစ်က “အလွန် ညစ်ညမ်းသော လုပ်ဆောင်မှု” တစ်ခုကို ပြုပါလိမ့်မည်။ သူသည် မိမိရုပ်ပုံကို ယေရုရှလင်မြို့ဗိမာန် တော်ထဲတွင် တည်ဆောက်ကာ လူတွေ့ကိုကိုးကွယ်စေပါလိမ့်မည်( ဒံယေလ ၉း၂၇။ ၂သက် ၂း၃-၁၀)။ ထိုဗိမာန်တော်သည် ပြန်လည်တည်ဆောက်ရမည့်ဗိမာန်တော်ဖြစ်သည်။ ခုနစ်နှစ်မှ နောက် ဆုံးသုံးနှစ်ခွဲသည် “ကြီးမားသော ဘေးဒဏ်ကြီးကာလ” (ဗျာဒိတ် ၇း၁၄) နှင့် “ယာကုပ်၏အမျိုး၌ အမှုရောက်သောနေ့ရက်” (ယေရမိ ၃၀း၇) ဟု သိရသည်။ ဘေးဒဏ်ကြီးကာလခုနစ်နှစ်ကုန်ဆုံးသွားသောအချိန်တွင် အန္တီခရစ်သည် ယေရုရှလင်မြို့တွင် နောက်ဆုံးသောစစ်ပွဲဆင်နွဲပါလိမ့်မည်။ ၄င်းကို အမေဂဒုန်စစ်ပွဲဟု သိရသည်။ ခရစ်တော်သည် တ ဖန်ပြန်လာ၍ အန္တီခရစ်နှင့်၎င်း၏စစ်ဗိုလ်များကို ဖျက်ဆီးပါလိမ့်မည်။ သူတို့ကို ငရဲမီးအိုင်ထဲသို့ပစ် ချပါလိမ့်မည် (ဗျာဒိတ် ၁၉း၁၁-၂၁)။ ထိုနောက်ခရစ်တော်က စာတန်ကို ချည်နှောင်၍ အနှစ်တစ် ထောင်အတွင်း အဆုံးမရှိသောတွင်းထဲသို့ ပစ်ချမည်ဖြစ်သည်။ သူသည် ဤလောကတွင် သူ၏နိုင်ငံအနှစ် တစ်ထောင်ကို အုပ်စိုးပါလိမ့်မည် (ဗျာဒိတ် ၂၀း၁-၆)။ အနှစ်တစ်ထောင်ကုန်ဆုံးသွားခဲ့ပြီးနောက် စာတန်ကို ပြန်လည်လွှတ်ခဲ့ပြီး၊ သူသည် တဖန်ရှုံးနှိမ့် ကာ ငရဲမီးအိုင်ထဲတွင် ထာဝရပစ်ချခြင်းကိုခံရပါလိမ့်မည် (ဗျာဒိတ် ၂၀း၇-၁၀)။ ခရစ်တော်က ကြီး မားသော ပလ္လင်တော်ပေါ်တွင် မယုံကြည်သူများကို တရားစီရင်၍ (ဗျာဒိတ် ၂၀း၁၀-၁၅) သူတို့ကို ငရဲမီးအိုင်ထဲသို့ ပစ်ချပါလိမ့်မည်။ ထိုနောက်ခရစ်တော်က ယုံကြည်သူများထာဝရစိုးစံမည့်နေရာ ကောင်းကင်သစ်နှင့်မြေကြီးသစ်၊ ယေရုရှလင်မြို့သစ်မှ ယုံကြည်သူများကို ကြိုဆိုပါလိမ့်မည်။ အပြစ်၊ ၀မ်းနည်းခြင်း၊ သေခြင်းရှိတော့မည်မဟုတ်ပေ။(ဗျာဒိတ် ၂၁-၂၂)။

No comments:

Post a Comment