ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

November 19, 2014

ကယ်တင်ခြင်းသတင်းကောင်း(၁၆)

လူသားအားလုံး ကယ်တင်ခြင်းရရှိခြင်းသည်
သမ္မာကျမ်းစာဖော်ပြချက်နှင့် ညီညွှတ်သလား??
 လူသားအားလုံး ကယ်တင်ခြင်းရရှိခြင်းသည်
ကမ္ဘာပေါ်မှာရှိသောလူသားအားလုံးတစ်ယောက်မကျန်
ကယ်တင်ခြင်းရရှိသည်ဟုယုံကြည်ခြင်း ဖြစ်သည်။
ယနေ့ကမ္ဘာပေါ်မှာလူသားအားလုံးကယ်တင်ခြင်းရရှိခြင်းကို
 စွဲကိုင်သူများစွာရှိပြီးလူသားအားလုံးသည်ကောင်းကင်
နိုင်ငံတော်သို့ ၀င်စားကြလိမ့်မည်ဟုယုံကြည်ကြသည်။
ငရဲမီးအိုင်ထဲမှာတသက်လုံးဆင်းရဲ ဒုက္ခခံရမည်တွေးတောခြင်းက သမ္မာကျမ်းစာသွန်သင်ချက်အချို့များကို ငြင်းပယ်ထားသည်။
သူတို့ကဘုရားသခင်၏ မေတ္တာတော်နှင့် ဂရုဏာတော်ကို
အလွန်အကျွံ အထူးပြုထားသည်။ဘုရားသခင်၏
 ဖြောင့်မတ်ခြင်းတရားနှုင့်တရားမျှသမှုကိုလျစ်လျူရှုထားကြသည်။
 ထိုကြောင့် ဘုရားသခင်သည် လူသားအားလုံးအပေါ်
ဂရုဏာတရားရှိလိမ့်မည်ဟုယုံကြည်ကြခြင်း ဖြစ်သည်။
သို့သော် သမ္မာကျမ်းစာက အချို့သောသူများသည် ငရဲမီးအိုင်မှာ
 ထာဝရနေရမည်ဟု သွန်သင်ထားသည်။ ပထမနေဖြင့်၊
ကယ်တင်ခြင်းမရရှိသောသူများသည် ငရဲမီးအိုင်မှာ
ထာဝရနေရမည်ဟုသမ္မာကျမ်းစာကတိကျစွာဖော်ပြထားသည်။ ကယ်တင်ခြင်းရရှိသောသူများသည်ကောင်းကင်နိုင်ငံတော်မှာ
 ထာဝရနေသလို ကယ်တင်ခြင်းမရသေးသော သူများသည်
ငရဲထဲမှာ ထာဝရနေရမည်ဟု သခင်ယေရှုကိုယ်တိုင်က
 ပြောခဲ့သည်။ မဿဲ ၂၅း၄၆ထဲတွင် "ထိုသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့၎င်း၊ ဖြောင့်မတ်သောသူတို့မူကား၊
ထာဝရအသက်ရှင်ရာသို့၎င်း၊သွားရကြလတံ့ဟုမိန့်တော်မူ၏"
ဟုဖော်ပြထားသည်။ ဤကျမ်းပိုဒ်အရ၊ကယ်တင်ခြင်း မရသောသူများ၏ ပြစ်ဒဏ်ခံခြင်းသည်ဖြောင့်မတ်သောသူများ၏
 ကောင်းကင်နိုင်ငံတော်နေသည့်ကာလပတ်လုံးဖြစ်သည်ဟု
 သိရသည်။ အချို့သောသူများက ငရဲထဲသို့ ရောက်သော
သူများသည်လုံးဝပျောက်ကွယ်သွားမည်ဟုယုံကြည်ကြသည်။
သို့သော် သခင်ယေရှုကိုယ်တိုင်က ထာဝရ နေရမည်ဟု
 ပြောခဲ့သည်။ မဿဲ ၂၅း၄၁ နှင့် မာကု ၉း၄၄ ထဲတွင်
ငရဲမီးအိုင်သည် "ထာဝရမီးအိုင်" နှင့် "လုံးဝမငြိမ်းသတ်
 နိုင်သောမီးအိုင်"ဟု ဖော်ပြထားသည်။
 ဤမငြိမ်းနိုင်သောမီးအိုင်ကိုမည်ကဲ့သို့ ရှောင်ရှားနိုင်မည်နည်း။
 မြောက်များစွာသောလူများက လမ်းအားလုံး-
ဘာသာတရားအားလုံးနှင့်ယုံကြည်မှုအားလုံးတို့က
 ကောင်းကင်နိုင်ငံတော်သို့ ပို့ဆောင်ပေးသည်ဟု
ယုံကြည်ကြ သည်။ သူတိုပက ဘုရားသခင်သည်
 မေတ္တာတရားနှင့်၎င်း၊ ဂရုဏာတရားနှင့်၎င်း ပြည့်စုံသဖြင့်
လူသားအားလုံး ကောင်းကင်နိုင်ငံတော်သို့ ပို့ဆောင်လိမ့်မည်ဟု
 ယုံကြည်ကြသည်။ဘုရားသခင်သည် မေတ္တာ၊ဂရုဏာတော်နှင့်
အမှန် ပြည့်စုံသည်။ထိုကြောင့် သူက တပါးတည်းသော
သားတော်သခင်ယေရှုကို ကျွန်ုပ်တို့အတွက် ကားတိုင်ပေါ်မှာ
အသေခံရန် ဤလောကသို့စေလွှတ်ခဲ့သည်။ သခင်ယေရှု
ခရစ်တော်သည် ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်နိုင်သော
 တံခါးဖြစ်သည်။တမန်၎း၁၂က"ထိုသခင်၏နာမတော်မှတပါး
 ငါတို့ကို ကယ်တင်နိုင်သော နာမတစံတခုမျှ ကောင်းကင်အောက်
 လူတို့တွင်မပေါ်မရှိဟု ပေတရုသည်ထိုသူတို့အား မြွက်ဆို၏"ဟု
 ဖော်ပြထားသည်။ "ဘုရားသခင်တဆူတည်းရှိတော်မူ၏။
 ဘုရား သခင်နှင့်လူတို့၏စပ်ကြားမှာ၊ လူဖြစ်သော
 ယေရှုခရစ်တည်းဟူသောအာမခံတဦးတည်းရှိ၏"(၁တိ၂း၅)။
 ယောဟန် ၁၄း၆ထဲတွင် သခင်ယေရှုက
"ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။
အသက်လည်း ဖြစ်၏။ငါ့ကိုအမှီမပြုလျှင် ခမည်းတော်ထံသို့
အဘယ်သူမျှမရောက်ရ"ဟု ဖော်ပြထားသည်။
 ယောဟန်၃း၁၆ထဲတွင်"ဘုရားသခင်၏သားတော်ကို
ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်။
 ထာဝရအသက်ကို ရစေခြင်းငှါဘုရားသခင်သည်မိမိ၌
တပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင်
လောကီသားတို့ကို ချစ်တော်မူ၏"ဟု ဖော်ပြထားသည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏သားတော်ကို မရွေးလျှင်
 ကယ်တင်ခြင်းရရှိနိုင်သောနည်းလမ်းတစ်ခုမျှ
မရှိတော့ပါ(ယောဟန် ၃း၁၆၊ ၁၈၊ ၃၆)။ဤကျမ်းပိုဒ်များအရ လူသားအားလုံးအလိုအလျောက်ကယ်တင်ခြင်းရရှိခြင်း
ယုံကြည်ချက်သည်သမ္မာကျမ်းစာဖော်ပြချက် နှင့်ညီညွတ်မှုမရှိပါ။ လူသားအားလုံးကယ်တင်ခြင်းအလိုအလျောက်ရရှိခြင်းသည်
သမ္မာကျမ်းစာသွန်သင်ချက်နှင့်ဆန့်ကျင် သည်။
လူပေါင်းများစွာတို့က ခရစ်ယာန်များသည် သည်းခံ
ခွင့်လွတ်ခြင်းမရှိ "အမြင်ကျဉ်း"သည်ဟုစွက်စွဲကြသည်။
ဤစကားများသည် သခင်ယေရှုခရစ်တော်ကိုယ်တိုင်
 ပြောခဲ့သောစကားဖြစ်သည်ကို သိရှိခြင်းသည်
အရေးကြီးသည်။ ခရစ်ယာန်များသည် ဤခံယူချက်များကို
သူတို့ကိုယ်တိုင် တီထွင်သောအရာမဟုတ်ပါ။ခရစ်ယာန်များသည်
သခင်ယေရှု ပြောခဲ့သောအရာပေါ်မှာ စတင်ခြင်းဖြစ်သည်။
လူတွေက သူတို့၏အပြစ်များနှင့်မရင်ဆိုင်လိုခြင်း၊သခင်ယေရှုကို သူတို့၏ကယ်တင်ရှင်အဖြစ်မ၀န်ခံလိုခြင်းကြောင့်
 ဤစကားများကို ငြင်းပယ်ကြခြင်း ဖြစ်သည်။သားတော်
သခင်ယေရှုအားဖြင့် ကယ်တင်ခြင်းအတွက် ဘုရားသခင်
 ပြင်ဆင်ပေးထားသောအရာကို ငြင်းပယ်သော သူများသည်
ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့်တရားဖြောင့်မတ်ခြင်းကို
အထင်သေးသောသူများဖြစ်ကြပြီး၊ သခင်ယေရှုသည်
သူတို့ကိုယ်စား အသေခံရန်လိုအပ်မှုကို
မထီမဲ့မြင်ပြုသောသူများဖြစ်ကြသည်။

No comments:

Post a Comment