ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

August 31, 2019

သမ္မာကျမ်းကပြောသော သရဖူ(၅)မျိုး။

ကျမ်းစာကို လေ့လာကြည့်သောအခါ ယုံကြည်သူများအတွက် ပြင်ဆင်ထားသော သရဖူ (၅)မျိုးကို ဖေါ်ပြထားသည်။ 
ဤနေရာတွင် သရဖူ ဆိုရာ၌ ကျွန်တော်တို့ ပြောဆိုနေကြသော ကယ်တင်ခြင်းကို ဆိုလိုခြင်းမဟုတ်ပါ။ ကယ်တင်ခြင်းရရန် 
တစ်စုံတစ်ရာ ကြိုးစားအားထုတ်ရန် မလိုအပ်ပါ။

သို့သော်လည်းလေ......
သရဖူ ရရန်အတွက် အသက်တာထဲတွင် တစ်စုံတစ်ရာ ကြိုးစား အားထုတ်ပြီး အဖိုးအခပေးရမည်။ သရဖူ တစ်မျိုး စီတွင် 
ယုံကြည်သူများ၏ အကျင့် (သို့) လုပ်ဆောင်မှုများကို အခြေခံ၍ 
ခရစ်တော်၏ တရားပလ္လင်တွင် ထိုအရာများကို ပေးဆပ်ရမည်။

 ထိုတရားပလ္လင်ကို ဘီးမား တရားပလ္လင် (Bema Seat) ဟူ၍လည်း ခေါ်ဆိုပါသည်။ အကြောင်းမူကား ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာကျင့်သော အကျင့် ကောင်းမကောင်း ရှိ သည့်အတိုင်း အကျိုးအပြစ်ကို အသီးအသီးခံခြင်းငှါ ခရစ်တော်၏ တရားပလ္လင်ရှေ့တွင်
 ပေါ်လာရမည်။ (၂ကော ၅း၁၀) 

|1| အသက်သရဖူ || 
ဤအမျိုးအစားသည် ခရစ်တော်အတွက် အသက်ပင် ပေးဆပ်ရန် ၀န်မလေးသောသူများ အတွက် ဖြစ်သည်။ မာတုရများနှင့် မာတုရများကဲ့သို့ပင် ခရစ်တော်အတွက် အသက်ပေးထားသူများသာ ရရှိနိုင်သော သရဖူဖြစ်သည်။ 
အတွက်ဖြစ်ပြီး ကျမ်းစာထဲ တွင် (၂)ကြိမ်တိုင်တိုင် ဖေါ်ပြပါသည်။ စုံစမ်းနှောင့်ယှက်ခြင်းကို သီးခံသောသူသည် မင်္ဂလာရှိ၏။ 
 အကြောင်းမူကား စစ်ကြော စုံစမ်းခြင်းကို ခံပြီးမှ ဘုရားသခင် ချစ်သောသူတို့အား ကတိထားတော်မူသော အသက် 
သရဖူကို ရလိမ့်မည်။ (ယာကုတ် ၁း၁၂)  

အထက်ပါ ကျမ်းပိုဒ်တွင် ဖေါ်ပြထားသော စုံစမ်းနှောင့်ယှက်ခြင်း 
ဆိုသော စကားလုံးသည် အလွန်ကျယ်ပြန့်ပါ သည်။ တခါတစ်ရံ အလွန် ဆိုးညစ်သော စကားလုံးများကို ကိုယ်စားပြုသည်။ လူ့အသတ်သတ်ရန် စုံစမ်း သွေးဆောင်ခံရသည်။ သူ့မယားကို ပြစ်မှားရန် စုံစမ်းနှောင့်ယှက်ခြင်း ခံရသည်။ တစ်ခါတစ်ရံတွင် ထိုစကားလုံးသည် ဘုရားသခင်၏ စစ်ဆေးစုံစမ်းခြင်းကိုလည်း ရည်ညွှန်းတတ်ပါသည်။

 မည်သို့ပင်ဖြစ်စေ ယုံကြည်ခြင်းကြီးသူ (ဘုရားသခင်ကို ကိုးစားရာတွင် အမြင့်ဆုံး အနေအထားတွင် ရှိနေသူ) များအတွက်တော့ ထိုစုံစမ်းနှောင့်ယှက်ခြင်း ဆိုသည်ကို အပြစ်မြင် ကြောက်ရွံ့လေ့ မရှိပါ။ သင်သီးခံရမည့်အရာ တစ်စုံတစ်ခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်းကို ခံရမည့်အကြောင်း မာန်နတ် သည် သင်တို့တွင်အချို့ကို ထောင်ထဲ၌လှောင်ထား၍ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲ 
ဒုက္ခ ခံကြရမည်။ သေသည့် တိုင်အောင် သစ္စာစောင့်လော့။ 
သို့ဖြစ်လျှင် အသက်သရဖူကို ငါပေးမည်။ (ဗျာဒိတ် ၂း၁၀)

ဤနေရာတွင် မြန်မာဘာသာသို့ ပြန်ဆိုရာတွင် သေသည့်တိုင်အောင် 
(until death) ဟူ၍ ဘာသာပြန် ဆိုထားပါသည်။ မူရင်းတွင် သေခြင်းသို့ ဦးတည်သည်တိုင် (unto death) ဖြစ်ပါသည်။ မိမိပြောသည့် စကားကို ပြန်လည် ရုတ်သိမ်းမှုမပြု။ မာတုရ အဖြစ်အသေခံရမည့် အခြေအနေကြုံသည့်တိုင် သစ္စာရှိနေ ခြင်း ဖြစ်ပါသည်။ 

သူတို့ပြောပြီးစကားကို ပြန်လည် ရုတ်သိမ်းခဲ့ပါလျှင် ထိုသရဖူကို ဆုံးရှုံးမည်သာ ဖြစ် သည်။ ဤကျမ်းပိုဒ်၏ အဓိက ပြောချင်သော 
သူများမှာ “ဘေးဒါဏ်ကြီး ကာလ”တွင် ကြှုံတွေ့ရမည့် သူများ ကို 
ရည်ရွယ်၍ ဖော်ပြပါသည်။ အထက်ပါ ကျမ်းပိုဒ် နှစ်ပိုဒ်စလုံးသည် ခရစ်တော်ကို မျှော်လင့်ခြင်း၊ ယုံကြည်ခြင်း၊ ကိုးစားခြင်း တို့ကို 
အခြေခံပြီး မှ ရရှိခံစားနိုင်သည့် သရဖူအမျိုးအစားဖြစ်သည်။

မည်မျှပင် စုံစမ်းနှောင့်ယှက်ခြင်းတို့နှင့် တွေ့လာစေကာမူ၊ နောက်ဆုံး အသက်အန္တရာယ် သေဆုံးနိုင်သည့် အန္တရာယ်နှင့် တွေ့ကြုံသည့်တိုင် ခရစ်တော်အပေါ်တွင် စိတ်ထားလုံးဝ ပြောင်းလဲမှု မရှိသော သူများ အတွက်ဖြစ်သည်။ ပလ္လင်များကိုလည်း ငါမြင်၏။ ပလ္လင်ပေါ်မှာ ထိုင်သောသူတို့သည် တရားစီရင်ရသော အ ခွင့်ကို ရကြ၏။

သားရဲနှင့် သူ၏ ရုပ်တုကို မကိုးကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို 
နဖူး၌ မခံ၊ လက်၌မခံဘဲနေ၍ ယေရှု၏ သက်သေခံတော်မူချက်နှင့် နှုတ်ခပတ်တော်တို့ကြောင့် လည် ပင်းကို ဖြတ်ခြင်း ခံရသော ၀ိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက်ရှင်၍ နှစ်တစ် ထောင်ပတ်လုံး
 ခရစ်တော်နှင့် အတူ စိုးစံရကြ၏။ (ဗျာဒိတ် ၂၀း၎)

|| 2 || ဘုန်းကြီးသော ပန်းဦးရစ်သရဖူ || 
ဤအမျိုးအစားမှာ သိုးထိန်းအကြီး ပေါ်ထွန်တော်မူသော 
ကာလ၌ သင်းအုပ်ဆရာများ၊ (Pastor and Elder) ကို ပေးမည့် သရဖူအမျိုးအစားဖြစ်သည်။ သို့သော် ငွေအတွက် အစေခံသောသူ 
(သို့) ဘုရား သခင်ပေးသော အမွေထက် ပိုမိုပြီး အခြားအရာများကို တပ်မက်သောသူများ မပါဝင်ပါ။ Dr. Joe Temple ဆိုသော သင်းအုပ်ဆရာကြီး တစ်ဦက သင်းအုပ်များအတွက် သရဖူ ဟူ၍ 
မခေါ်စေချင် ကြောင်း ပြောခဲ့ပြီး ကျမ်းစာ ဖေါ်ပြချက်အရ သိုးထိန်း အကြီးထံမှ သရဖူ ဟူ၍သာ ခေါ်ဆိုလိုကြောင်း ပြောကြားခဲ့သည်။ ဆိုလိုသည်မှာ သင်အုပ်ဆရာများအတွက် သီးသန့်သာမဟုတ်။ 

အချို့မှာ သင်းအုပ်ဆရာ ဟု တရားဝင်ခန့်ထားခြင်း မရှိသော်လည်း သင်းအုပ်ဆရာ လုပ်ဆောင်သော အလုပ်များ ကို ကြိုးစား
ဆောင်ရွက်သောသူ အများရှိကြသည်။ တနည်းအားဖြင့် 
ဘုရားသခင်၏ သိုးစုကို ၀န်တာရှိရှိ ထိန်းသိမ်းစောင့်ရှောက်သော 
သူတိုင်း ထိုသရဖူကို ရှိနိုင်သည်။ သင်တို့နှင့် အတူရှိသော 
ဘုရားသခင်၏ သိုးစုကို ထိန်းခြင်းအမှုမှာ အနိုင်ထိန်းရသော ကြောင့် မဟုတ်။ မစင်ကြယ်သော စီးပွားကို တပ်မက်သောကြောင့်မဟုတ်ဘဲ အလိုလို စေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်း ကြလော့။ 

အသီးအသီး အုပ်သော အသင်းတော်တို့ကို အာဏာထား၍ ပြုသည်မဟုတ်ဘဲ သိုးတော်စု ရှေ့မှာ ပုံသက်သေကို ပြသောသူ
 ဖြစ်ကြ လော့။ သို့ဖြစ်လျှင် သိုးထိန်းအကြီး ပေါ်ထွန်တော်မူသောအခါ 
သင်တို့သည် မညိုးနွမ်း တတ်သော ဘုန်းကြီးသော ပန်းဦးရစ်
သရဖူကို ခံရလိမ့်မည်။ (၁ပေ ၅း၂-၎

ဤလောကတွင် အသက်ရှင်စဉ်အခါ သင်းအုပ်ဆရာများသည် အကြိမ်ပေါင်းမြောက်များစွာ ကဲ့ရဲ့ခြင်းများ၊ အပြစ်တင်ခြင်းများနှင့် လစ်လျူရှုခြင်းများကို ခံရသည်။ သို့သော် ညီအကိုတော် လုပ်ဖော်ဆောင်ဖက် သင်း အုပ်ဆရာများကို အားပေးချင်ပါသည်။ ကျွန်တော်တို့သည် အိမ်တော်သို့ မရောက်ကြသေးပါ။ 

အိမ်တော်သို့ ရောက်သော အခါ ခရစ်တော်က အပြုံးမျက်နှာနှင့် “သာဓုသစ္စာရှိသော ငယ်သားကောင်း” ဟူ၍ ၀မ်းမြောက်ဝမ်းသာ ဆီးကြိုနေမည်ကို မျှော်လင့်ရင်း အမှုတော်ထဲမှာ ဆက်လက် ချီတက် လျှောက်လှမ်းရန် အားပေး တိုက်တွန်းလိုပါသည်။ 

3 || ၀မ်းမြောက်ခြင်း သရဖူ || 
ဤသရဖူသည် ဧ၀ံဂေလိ (ကယ်တင်ခြင်း သတင်းကောင်း)ကို ဟောပြောသူများအတွက် ဖြစ်သည်။ ဧ၀ံဂေလိ ဟောပြောသူဆိုရာတွင် သင်းအုပ်ဆရာများကိုသာ ရည်ညွှန်းပြောဆိုခြင်းမဟုတ်ပါ။ အမှုတော် ဆောင်များတင်သာမဟုတ်ပါ။ အယုတ်၊ အလတ်၊ အမြတ်မရွှေး၊ ကလေး၊ လူကြီးမရွှေး ဟောပြောသူတိုင်း ရနိုင်သော အခွင့်အရေးရှိပါသည်။ ဘုရားသခင်သည် လောက လူသားများ၏ အသက်ဝိညာဉ်ကို ဤစင်္ကြာဝဠာကြီးထက် ပိုမိုတန်ဘိုး ထားပါသည်။ 

ထိုဝိညာဉ်များကို ခရစ်တော်ထံ ပို့ဆောင်ပေး ခြင်းအားဖြင့် ခရစ်တော် ဒုတိယအကြိမ် ပြန်လည် ကြွချီလာသောအခါ ထိုအရာတို့သည် ကျွန်တော်တို့၏ ၀မ်းမြောက်ခြင်း ဖြစ်လိမ့်မည်။ ငါတို့ မျှော်လင့်ခြင်း အကြောင်း၊ ၀မ်းမြောက်ခြင်းအကြောင်း၊ ၀ါကြွားခြင်း၏ ဦးရစ်သရဖူ ကား၊ အဘယ်သို့ သော အကြောင်းအရာနည်း။ ငါတို့သခင်ယေရှုခရစ် ကြွလာတော်မူ သောအခါ ရှေ့တော်၌ သင်တို့သည် ထိုသို့သော အကြောင်းအရာဖြစ်ကြသည် မဟုတ် လော။ သင်တို့သည် ငါတို့၏ ဘုန်းအသရေ၊ ငါတို့၏ ငါတို့ ၏ ၀မ်းမြောက်ခြင်း အကြောင်း ဖြစ်ကြသတည်း။ (၁သက် ၂း၁၉-၂၀) 

ထို့ကြောင့် ငါဝမ်းမြောက်ခြင်းအကြောင်း၊ ငါ့ဦးရစ်သရဖူ တည်းဟူသော ငါချစ်၍ အလွန် လွမ်းသော ညီအ ကိုတို့၊ ငါဆိုခဲ့ပြီးသည့်အတိုင်း သခင်ဘုရား၌ တည်နေကြလော့၊ ငါ့ချစ်သူတို့။ (ဖိလ္လိပိ ၄း၁

ဓမ္မဟောင်းကျမ်းတွင် ဒံယေလက ထိုအကြောင်းကို 
တင်စားပြောဆိုခဲ့သော ကျမ်းပိုဒ်တခု ရှိပါသည်။ ထို ကျမ်းပိုဒ်က ပညာရှိသောသူတို့သည်လည်း ကောင်းကင်အရောင်မျက်နှာကျက်၏ အရောင်အ၀ါကဲ့သို့ လည်းကောင်း၊ လူများတို့ကို ဖြောင့်မက်ခြင်း တရားလမ်းထဲသို့ သွင်းသောလူတို့သည် လည်း ကြယ်များကဲ့သို့ လည်း ကောင်း အစဉ်ထွန်းလင်ကြလိမ့်မည်။ (ဒံယေလ ၁၂း၃) 

ကျွန်တော်တို့သည် ပျောက်ဆုံးဝိညာဉ်များကို ခရစ်တော်ထံ များများပို့ဆောင်နိုင်လေလေ ကျွန်တော်တို့၏ သရဖူတွင် ကျောက်မြတ်ကြယ်ကလေးများ ပိုမိုများလေလေ ဖြစ်ပါမည်။ 
ထို့ကြောင့် ခရစ်တော် တန်ဘိုး ထားသော ၀ိညာဉ်များကို ခရစ်တော်ထံ ပို့ဆောင်နိုင်ရန် ကြိုးစားအားထုပ်ဘို့ တိုက်တွန်းနိုးဆော် လိုပါ သည်။

 || 4 || မညိုးနွမ်းတတ်သော ပန်းဦးရစ် 
ဤသရဖူသည် အောင်မြင်သောသူတို့၏ ရရှိမည့် ဦးရစ်ဖြစ်သည်။ မိမိကိုယ်ခန္ဓာကို ထိန်းသိမ်းနိုင်သူများ၊ အထူးသဖြင့် တပ်မက်မှုများကို ရှောင်လွှဲနိုင်သောသူများအတွက် ဖြစ်သည်။ မိမိကိုယ်ကို မိမိ လောက၏ ပျော်ရွှင်မှု၊ တတ်မက်မှုတို့ ခံစားချင်သော မိမိကိုယ်ခန္ဓာ၏ တောင်းဆိုမှုတို့ကို ပယ်ရှားကာ အသက်ရှင် သော သူများအတွက်ဖြစ်သည်။ု မည်သူမဆို လွတ်လပ်စွာ ဆုံးဖြတ်လုပ်ဆောင်နိုင်ကြသည်။ သို့သော် မိမိ
ကိုယ်ခန္ဓာ၏ စိတ်အလိုသို့ မလိုက်ဘဲ အရာရာတွင် ဇာတိကို 
ချုပ်တည်း အသက်ရှင်သော သူများအတွက် ထိုသရဖူကို ရရှိနိုင်သည်။ 

မြေတလင်း၌ ပြိုင်၍ ပြေးကြသော သူအပေါင်းတို့သည် ပြိုင်၍ပြေးကြသော်လည်း တစ် ယောက်တည်းသာလျှင် ဆုကိုရ သည်ဟု သင်တို့မသိကြသလော။ ဆုကို ရမည့်အကြောင်း ပြေးကြလော့။ 
ပွဲ၌ပြိုင်၍ အချင်းချင်း တိုက်သောသူမည်သည်ကား အရာရာ၌ တပ်မက် ခြင်းကို ချူပ်တည်းတတ်၏။ ထိုသူတို့သည် ညိုးနွမ်းပျက်စီး
တတ်သော ပန်းဦးရစ်ကို ရခြင်း အလို့ငှါ ပြုကြ၏။ 

ငါတို့မူကား မညိုးနွမ်းမပျက်စီးတတ်သော ပန်းဦးရစ်ကို ရခြင်း အလိုငှါ ပြုကြ၏။ ထို့ကြောင့် ငါပြေးသောအခါ အမှတ်တမဲ့ ပြေးသည်မဟုတ်။ လက်ပွေ့သတ် သောအခါ အာကာသ ကောင်းကင်ကိုသာ ထိုး၍ သတ်သည်မဟုတ်။ သူတစ်ပါးကို ဆုံးမ ပြီးမှ ကိုယ်တိုင်ရှုံးသူ မဖြစ်ရမည့် အကြောင်း ကိုယ်ကို ထိုး၍ နှိပ်စက်လေ့ရှိ၏။ (၁ကော ၉း၂၄-၂၇) 

 ကျွန်တော်တို့သည် ခရစ်တော်ပြန်ကြွလာသောအခါ ရှက်ရသောသူ မဖြစ်မည့်အကြောင်း ကျွန်တော်တို့၏ ခန္ဓာကို ထိန်းသိမ်းစောင့်ရှောက်ကာ ခရစ်တော်ပေးမည့် မညိုးနွမ်းတတ်သော ပန်းဦးရစ်ကို ရရှိသောသူ များအဖြစ် အသက်ရှင် သင့်သည်။ တမန်တော်ကြီး ရှင်ယောဟန်ကလည်း သူရေးသော သြ၀ါဒစာထဲတွင် အောက်ပါကျမ်းပိုဒ်ကို ထပ်မံရေး သား ထားပြန် ပါသည်။ ချစ်သားတို့ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ ငါတို့သည် အထံတော်သို့
 ရောက်လျှင် ရဲရင့်သော အခွင့်ရှိ၍ရှက်ကြောက်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း သား တော်၌ တည်နေကြလော့။ (၁ယော ၂း၂၈) 

|| 5 || ဓမ္မ သရဖူ (သို့) ဖြောင့်မက်ခြင်း သရဖူ 
ဤသရဖူ အမျိုးအစားသည် ခရစ်တော်၏ ပေါ်ထွန်းခြင်းကို မျှော်လင့်တောင့်တသူတိုင်း ရရှိနိုင်သည့် သရဖူ ဖြစ်သည်။ ထိုနေ့ရက်တွင် ပေးတော်မူမည် ဖြစ်သည်။ သရဖူ (၅)မျိုးထဲတွင် အလွယ်ကူဆုံး 
ရရှိနိုင်သော သရဖူအမျိုးအစားဖြစ်သည်။ မည်သူမဆို ရရှိနိုင်သော အခွင့်အရေးရှိနေသည်။ ကောင်းစွာသော တိုက်လှန်ခြင်းကို 
ငါပြုပြီ၊ ပြေးရသော လမ်းကို အဆုံးတိုင်အောင် ငါပြေး ပြီ။ 

ယုံကြည်ခြင်း တရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် 
ငါ့အဖို့ သိုထား လျှက် ရှိပြီ၊ ထိုနေ့ရက်၌ တရားသဖြင့် စီရင်တော်မူသောသူ တည်းဟူသော သခင်ဘုရား သည် ထိုသရဖူကို ငါ၌ အပ်ပေးတော်မူပြီ၊ ထိုမျှမက ပေါ်ထွန်းတော်မူခြင်းကို တောင့်တ သော သူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။ (၂တိ ၄း၆-၈) 

အထက်ပါ ကျမ်းပိုဒ်တွင် တမန်တော် ရှင်ပေါလုက ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ” ဟုဆိုရာတွင် သူအသက်တာတွင် 
ဇာတိ၏ တောင်းဆိုချက်များကို ခက်ခဲစွာ တော်လှန်ခဲ့ရသည်။ “တိုက်လှန်ခြင်းကို ငါပြုပြီ”ဟု ပြောဆိုရာတွင် ထိုအသုံး အနှုံးမှာ စစ်သားတစ်ယောက်က တိုက်ပွဲတွင် ပြောဆိုသော စကားနှင့်တူသည်။ နောက်တစ်ခုမှာ “ပြေးရသော လမ်းကို အဆုံးတိုင်အောင် ငါပြေးပြီ” ဆိုရာတွင် အပြေးသမားတစ်ယောက် ပြောဆိုသည့် ပုံစံမျိုးဖြစ်သည်။ 

ခရစ်ယာန်တစ်ဦးအတွက် နေ့စဉ်အသက်တာအတွက် မာရ သွန်ပြိုင်ပွဲ ဖြစ်ကြောင်း ယခင်က ရေးသားခဲ့ပြီးသော Post တွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ ယုံကြည်ခြင်း တရားကို ငါစောင့်ရှောက်ြပီ ဆိုရာတွင် စောင့်ရှောက် (kept)ဆိုသော စကားလုံးသည် လုံခြုံရေးသမားများ အသုံးပြုသော စကားလုံး ဖြစ်ပြီး သူစောင့်ရှောက်ရသော ပစ္စည်များကို ဂ
ရုစိုက်ရမည် ဖြစ်သည်။ 

အထက်က ပြောဆိုခဲ့သော စကားလုံးများကို ခြုံငုံလေ့လာ ကြည့်သော် ရှင်ပေါလု ဘ၀အသက်တာတွင် သူလုပ်ဆောင်ရမည့် အငန်းအတာ တာဝန်များကို ပြီးဆုံးပြီ ဖြစ်သည်။ ထိုကြောင့် ခရစ်တော် ပြန်လာသော နေ့ရက်တွင် ရရှိမည့် ဆုသရဖူကို သေချာပေါက် ရရှိခံစားမည်ကို 
သိရှိပြီး ဖြစ်သည်။ သူအတွက် ထိုနေ့ကိုသာ မျှော်လင့်နေတော့သည်။ 

မည်သည့် အခြေအနေကိုမျှ စဉ်းစားစရာမလို။ အသက်တာတွင် မည်သည့်အရာများကို ကျော်ဖြတ်ရသည်ဖြစ်စေ သူအတွက် ဆုသရဖူ အတွက် မျှော်လင့်ပြီး၊ ရရှိပြီး၊ ခံစားပြီး ဖြစ်သောကြောင့် ခရစ်တော်ပြန်လာမည့် နေ့ရက်ကို မျှော်လင့် တောင့်တနေသည်။ ပတ်မုကျွန်းတွင် တမန်တော် ရှင်ယောဟန်က ဆုတောင်းခဲ့သည်။ ထိုဆုတောင်းချက်တွင် သခင်ယေရှု ကြွလာတော်မူပါ။ (ဗျာဒိတ် ၂၂း၂၁)

|| ကောင်းကင်ဘုံနှင့် နိဗာန်ဘုံ၏ ခြားနားချက်များ ||

၁။-----|| ကောင်းကင်ဘုံ  VS  နိဗာန်ဘုံ မတူကြပေ။ 
၂----|| နိဗာန်ဘုံသည် တပ်မက်မှုချုပ်ငြိမ်းရာ နေရာဖြစ်ပြီး၊
မည်သည့် အရာမျှမရှိတော့သည့် နေရာဖြစ်သည်ဟုလည်း ဆိုသည်။  

||ကောင်းကင်ဘုံသည် မည်သည့်အရာမျှ မရှိတော့သည် နေရာမဟုတ်ဘဲ ဘုရားသခင်စံမြန်တော်မူရာ၊ မြတ်စွာသော ဘုရားနှင့် အတုနေရမည့် ထာဝဘုံဖြစ်သည်။ အိုခြင်း၊ နာခြင်း၊ မုန်းတီးခြင်း၊ ဆင်းရဲပင်ပန်းခြင်း၊ မျက်ရည်ကျခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အနိုင်ကျင့်ခြင်း မရှိတော့
ရုံသာမက လိုလေသေးမရှိ ပြည့်စုံစွာ ရရှိခံစားသော
 နေရာဖြစ်သည်။(ဗျာဒိတ် ၂၁း၁-၅)

 “တဖန်တုံး ယေရှုက၊ သင်တို့စိတ်နှလုံး ပူပန်ခြင်းမရှိစေနှင့်။ 
ဘုရားသခင်ကို ယုံကြည်လော့။ ငါ့ကိုလည်း ယုံကြည်လော့။ 
ငါ့အဘ အိမ်တော်၌ နေစရာအခန်အများရှိ၏။ သို့မဟုတ်လျှင် 
မဟုတ်ကြောင်း ငါမပြောဘဲမနေ၊သင်တို့ နေစရာ 
အရပ်ကိုပြင်ဆင်ခြင်းငှါ ငါသွားရ၏။ 
ငါသည် သွား၍ သင်တို့နေစရာ အရပ်ကို ပြင်ဆင်ပြီးမှ 
တဖန်ပြန်လာ၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ 
သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်”  ယောဟန် ၁၄း၁-၃  
ဟု သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။ 

 “ယာယီတဲဖြစ်သော ငါတို့မြေအိမ်သည်ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူလက်ဖြင့်မလုပ်ဘဲ၊ ဘုရားသခင် ဖန်းဆင်းတော်မူသော 
နိစ္စအိမ်ရှိကြောင်းကို ငါတို့သိကြ၏။ ငါတို့သည် မြေအိမ်၌ရှိစဉ်တွင်။ ညည်းတွားမြည်တမ်း လျှက် နေကြ၏။ ထိုသို့ဝင်စာလျှင်
 နေရာမဲ့ဖြစ်မည်မဟုတ်” ၂ကော၅း၁-၃ ဟု လာသတည်း။ 

၃||----|| နိဗာန်ဘုံသို့ ရောက်ရန် သုံးဆယ့်တစ်ဘုံအတွင်း လည်ပတ်မှုမှ လွတ်မြောက်ပြီး၊ နောက်ဆုံးလည်ပတ်မှုအနေဖြင့် ထိုဘုံသို့ ရောက်ရ
သည်ဟု ဆိုသည်။ ကောင်းကင်ဘုံသို့ရောက်ရန်မှာ လူ့ဘ၀တွင်
 ယေရှုဘုရားကို ယုံကြည်လက်ခံ၍ ကိုးကွယ်ပါက
 သေလျှင်သေချင်း ပါရဒိသုဘုံသို့ 
ဝင်းစားရသည်။ (လုကာ၁၆း၁၉-၃၄) 

သက်သေသာဓကဖြင့်ပြရသော် လက်ဝါးကပ်တိုင်တွင်
 ယေရှုဘုရားနှင့်အတူ အသေခံခဲ့သော သူခိုးဓါးမြ တစ်ယောက်သည် လက်ဝါးကပ်တိုင်၌ ယေရှုဘုရားကို ယုံကြည်လက်ခံခဲ့ရာ ယေရှုဘုရားက ယနေ့တွင် ငါနှင့်အတူ ပါရဒိသုဘုံ(ကောင်ကင်နိုင်ငံ)၌ 
ဆုံဆည်းကြမည်ဟု ဂတိပေးလိုက်ပါသည်။ 

၎.....|| နိဗာန်ဘုံသို့ရောက်ရန် လူကကြိုးစားကျင့်ကြံအားထုတ် 
ဖန်တီး၍ရသည်ဟု ဆိုသည်။ ကောင်းကင် နိုင်ငံတော်သို့ ရောက်ရန် 
လူကကြိုးစား၊ ကျင့်ကြံအားထုတ်၍ မရပေ။ အဘယ့်ကြောင့်ဆိုသော် 
ကုသိုလ်က တစ်ပဲ၊ ငရဲက တစ်ပိဿာ ဖြစ်နေပါသည်။ 

 ဟေရှာယ၆၄း၆ ပြုဘူးသမျှသော ကောင်းမှုကုသိုလ်သည် ညစ်သော
အ၀တ်နှင့်တူကြပါ၏။ အကျွန်ုပ်တို့ ရှိသမျှသည် သစ်ရွက်ကဲ့သို့ ညိုးနွမ်းလျက်ရှိ၍ကိုယ်အပြစ်တို့သည် လေကဲ့သို့ 
အကျွန်ုပ်တို့ကို တိုက်သွားပါပြီ။ 

ဆာလံ၆၂း၉ “အကယ်စင်စစ် ယုတ်ညံ့သောသူတို့သည် အနတ္တ၊ 
အသရေရှိသော သူတို့သည် မုသာဖြစ်ကြ၏။ (အသရေရှိသော 
သူတို့သည် မုသာဖြစ်ကြ၏) ချိန်ခွင်နှင့် ချိန်စစ်လျှင် ထိုသူအပေါင်း
တို့သည် အနတ္တထက် သာ၍ ပေါ့ကြ၏” ဟု သမ္မာကျမ်းစာလာသတည်း။ 
သို့ဖြစ်၍ ကောင်းကင်ဘုံသို့ ရောက်ရန်မှာ- ယောဟန်၁၄း၆၏ “ယေရှုက 
ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ” ဟု 
အတိအလင်းဖော်ပြထားပါသည်။ (၂ကော ၅း၁-၄၊ ယောဟန် ၁၄း၁-၃) 

၅||....|| နိဗာန်ဘုံသည်ဖြစ်ပေါ်တည်ရှိခြင်းမှ မည်သည့်အရာမျှ
မရှိခြင်းသို့ သွားရသည်ဟု ဆိုသည်။ ကောင်းကင်သည်ဖြစ်ပေါ်
တည်ရှိသော ယာယီလောကမှ ထာဝရတည်မြဲသော ကောင်းကင်နိုင်ငံတော်သို့သွား ရသည်။ 

ဗျာဒိတ် ၂၂း၅ “ထိုမြို့၌ ညမရှိရ။ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်းအလိုမရှိ။ အကြောင်းမူကား ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ နေရောင်ခြည်ကိုလွတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံကြလတံ့” ဟု 
သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။ 

၆||.....|| နိဗာန်သို့ရောက်ရန် သုံးဆယ့်တစ်ဘုံအတွင်း လည်ပတ်မှုမှလွတ်မြောက်ပြီး၊ နောက်ဆုံးလည်ပတ်မှု အနေဖြင့် ထိုဘုံသို့ရောက်ခြင်းဖြစ်သည်ဟု ဆိုပါသည်။ ထို့ကြောင့် ထိုဘုံသို
့ရောက်ရန် အလွန်တရားကြာ ညောင်းဘွယ်ရာရှိပါသည်။ 

သို့သော် ကောင်းကင်ဘုံသို့ရောက်ရန်မှာ ယနေ့လည်းဖြစ်နိုင်သည်၊ မနက်ဖြန်လည်း ဖြစ်နိုင်သည်။ ကွေးသောလက်မဆန့်မှီ၊ ဆန့်သောလက် 
မကွေးမှီ ပင်ရောက်နိုင်ပါသည်။ ခရစ်တော်ကို ကိုးကွယ်ယုံကြည်သော
သူများအဖို့ အသက်ထွက်လျင်ထွက်ချင်း ရောက်နိုင်ကြောင်း 
သမ္မာကျမ်းစာတွင် အတိအလင်းဖော်ပြထားပါသည်။

 ၂ကော၆း၂ “ဗျာဒိတ်တော်အချက်ဟူမူကား၊ နှစ်သက်ဘွယ်သော အချိန်၌သင်၏စကားကို ငါနားထောင်ပြီ။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကိုငါမစပြီဟု လာသည်နှင့်အညီ ယခုပင် နှစ်သက်ဘွယ်သော 
အချိန်ဖြစ်၏။ ယခုပင် ကယ်တင်ရာနေ့ရက်ကာလဖြစ်၏” ဟု 
သမ္မာကျမ်းစာ၌ ဖော်ပြထားပါသည်။ 

၇||....|| နိဗာန်ဘုံသို့ရောက်ရန်မှာ အလှူဒါနအနည်းနှင့်အများ ပါဝင်ခြင်းအားဖြင့်ရောက်နိုင်သည်ဟု ဆိုသည်။ ကောင်းကင်ဘုံသို
့ရောက်ရန်မှာ အလှူဒါန ကျပ်ငွေ သိန်း၊ သန်း၊ ကဋေချီ၍ ပေးကမ်းသော်လည်း မရောက်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်နိုင်ငံတော်သည် 
တန်ဖိုး အလွန်ကြီးမားလွန်းလှပါသဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ 
ဝယ်၍မရဘဲ ယေရှုဘုရား၏ အသွေးတော်မြတ် တစ်ပါးတည်းသာ ၀ယ်ပေး၍ရကြောင်း သမ္မာကျမ်းစာတော်မြတ်တွင် အတိအလင်းဖော်ပြထားပါသည်။

 (မာကု၈း၃၆-၃၇) ဟေဗြဲ၉း၂၂ (ခရစ်တော်၏) အသွေးမသွန်းလောင်းဘဲ အပြစ်လွတ်ခြင်းမရှိဟု သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။ 
ဧဖက် ၂း၈-၉ ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင်၏ သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူ ခြင်းသို့ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ၀ါကြွားစရာအခွင့်မရှိ သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။

 မိတ်ဆွေစဉ်းစားရမည်မှာ လောက၌ ဒွန်တွဲလျှက်ဆန့်ကျင်ဘက် သဘောတရားများ ဧကန်အမှန်ရှိပါ သည်။ 
ဥပမာ – အဖြူလိုလျှင် အမဲရှိသည်။ 
အဆိုးလိုလျှင် အကောင်းရှိသည်။ 
အမှောင်ရှိလျှင် အလင်းရှိသည်။
 သေခြင်းရှိလျှင် ရှင်ပြန်ထမြောက်ခြင်းရှိသည်။ 
သင်္ခါရလောကရှိလျင် ထာဝရကောင်းကင်နိုင်ငံရှိသည်။ 
ထာဝရငရဲမီးအိုင်ရှိလျှင် ထာဝရ သုခချမ်းသာရှိသည်။ 
အစစ်ရှိလျှင် အတုရှိသည်။ 

ဤအဖြစ်အမှန်များကို ဆန့်ကျင်ကျောခိုင်း၍ မရပေ။
 ယောဟန်၆း၄၇ ယေရှုဘုရားက “ငါအမှန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏” ဟု ဆိုသတည်း။
 ယောဟန် ၁၁း၂၅ “ယေရှုက ထမြောက်ခြင်းအကြောင်း အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်ပြန်ထမြောက်ရမည်” ဟု မိန့်တော်မူ၏။ 

ဗျာဒိတ်၂၀း၁၀ “မာရ်နတ်ကို၊ သားရဲ(၀ိညာဉ်ဆိုး)နှင့် မိစ္ဆာပရောဖက်ရှိရာ ကန့်နှင့်ရောနေသော မီးအိုင်ထဲသို့ ချပစ်လျှင် ထိုသူတို့သည် နေ့ညမပြတ် ကမ္ဘာအဆက်ဆက် (ကမ္ဘာအဆက်ဆက်)ပြင်းစွာသော ဝေဒနာကို 
ခံရကြလတံ့” ဟု သမ္မာကျမ်းစာတွင်ဖော်ပြထားပါသည်။ ထာဝရသုခချမ်းသာခြင်းရှိသကဲ့သို့ ထာဝရညှင်းဆဲနှိပ်စက်ခြင်း 
လည်းရှိကြောင်း သမ္မာကျမ်းစာတွင် သတိပေး ဖော်ပြထားပါသည်။ 

 ယောဟန်၈း၁၂ “တဖန်တုံး ယေရှုက ငါသည်ဤလောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားအလာ။ 
အသက်၏ အလင်းကို ရလိမ့်မည်” ဟု မိန့်ဆိုထားပါသည်။ 
(by Dr.Alvin A.low/shwe canaan)

August 20, 2019

|| ၁၉၄၀ နောက်ပိုင်း နိမိတ်လက္ခဏာ -၄၀ပြည်.စုံခြင်း (1-10)

 သတိနဲ့အသင့်ရှိကြပါ။ နောက်ဆုံးသောကာလ၊ ယေရှု ဆိုတဲ့ ကယ်တင်ရှင်မေရှိယ ဂတိတော်အတိုင်း ပြန်လာချိန် အလွန်နီးနေပြီး 
ဆိုတာ အောက်ဖော်ပြပါ နမိတ်ကြီး (၄၀) နဲ့ ပြနေပါတယ်။ 
 ကျမ်းစာထဲမှာ ရေးထားတာတွေ တကယ်ဖြစ်နေပါပြီ။ပထမအကြိမ် ကြွလာတုန်းက လူအများမသိကြသလို ဒုတိယ အကြိမ်ကြွလာချိန်လည်း သတိမမူဖြစ်ကြမှာပါ။နိမိတ်လက္ခဏာ ၄၀ ကို ဆင်ခြင်၊ဖတ်ရှုခြင်း 
အားဖြင့် ကျွင်္နုပ်တို့ နှလုံးသားမှ အသင့် သတိရှိပါစေ။ 
 ၁။ False religions and deceivers shall increase.
 မိစ္ဆာပရောဖက်၊ လွဲမှားသောဆရာများစွာ ပေါ်လာပြီး ဘုရားသခင်ကို ငြင်းပယ်ဖို့ ဟောပြောကြပါမယ် (မသဲ ၂၄း၃၃)။ အခုခေတ်မှာ 
နာမည်ကျော် ဘုရားမဲ့ဝါဒီ မီဒီယာ စကားပြောကောင်းသူများပေါ်လာပြီး၊ ဘုရားသခင်နဲ့ကျမ်းစာနဲ့ ဝေးစေအောင်ဆွဲဆောင်ပြောကြပါတယ်။ ဘာသာရေးခေါင်းဆောင်များက ဘာမှပြန်မပြောပဲနေကြပါမယ်။ 
ဒါပေမဲ့ ဘုရားသခင်ကတော့ ငြိမ်နေမယ်မဟုတ်ပါဘူး။ 
 ၂။ Good News of Jesus will be preached to all nations ကောင်းကင်မှဂြိုလ်တု။ ဧ၀ံဂေလိတရားကို တကမ္ဘာလုံး ကြားအောင်၊ တရားစီရင်မဲ့နေ့ရောက်လာပြီး ဆိုတဲ့အကြောင်း ကောင်းကင်တမန်က ကြိးသောအသံနဲ့ကောင်းကင်အလယ်မှာ ၀ဲလျှက်နေတယ် (ဗျာဒိတ်၁၄း၆)။ ကောင်းကင်တမန် ဆိုတာ ကောင်းကင်မှာရှိတဲ့ ဂြိုလ်တု ဖြစ်ကြောင်း၊ ဧ၀ံဂေလိတရား၊ သတင်းကောင်းဖြစ်တဲ့ အပြစ်တွေလွှတ်ပေး၊ ကယ်တင်ခြင်းဟာ ယေရှုဖြစ်ကြောင်းကို တကမ္ဘာလုံးကြားအောင် ပြောခဲ့ပြီး။သမ္မာကျမ်းစာကို ဘာသာပေါင်း ၂၄၀၀ နဲ့ ဘာသာပြန်ခဲ့ပြီးပါပြီ။ 
ဒါဟာ တကမ္ဘာလုံး လူဦးရေနဲ့ ၉၀% ကြားပြီဖြစ်ပါတယ်။ 
၃။ Born of Isreal after 1900 years. 
အကြီးဆုံးလက္ခဏာ၊ အစ္စရေးနိုင်ငံပေါ်လာခြင်း။ ပရောဖက်များစွာ နမိတ်ပြခဲ့ပါတယ်။ ဟေရှာယ ၁၁း၁၁၊ ဧဇရ ၃၇၊ ၃၈၊ ၃၉ နဲ့ လုကာ၂၁ တွေမှာ နောက်ဆုံးသော ကာလအချိန်မှာ ဂျူးလူမျိုးများ တဖန်ပြန်လည်စုစည်းကြမယ်လို့ ရေးထားပါတယ်။ ဂျူးလူမျိုးများ ယေရုဆလင်မြို့က နှင်ထုတ်ခြင်းခံရပြီး နှစ်ပေါင်း ၁၉၀၀ ကြာခဲ့ပြီး ရုတ်တရက် ဟေရှာယ ၆၆း၈ အတိုင်း ၁၉၄၈ခုနှစ် မေလ ၁၄ရက်မှာ နိုင်ငံဖြစ်လာ ပါတယ်။ ဥရောပ၊ အာရှ ၊ အမေရိက နိုင်ငံများစွာက ဂျူးလူမျိုးတွေ ပြန်လာကြပါတယ်။ ရုရှားနိုင်ငံက ၁သန်း အပါအ၀င်ဖြစ်ပါတယ်။ 
၎။ All against the Isreal 
အစ္စရေးနိုင်ငံဟာ နှစ်၂ထောင်နီးပါးအကြာ တဖန်ပြန်လည်ထူထောင်လာနိုင်ပါတယ်။ နိုင်ငံပေါင်းများစွာက အစ္စရေးနိုင်ငံသစ်ကို တားမြစ်၊ နှောက်ရှက်ကြပါတယ်။ အခု ကုလသမဂ္ဂ ဆုံးဖြတ်ချက် Resolution များရဲ့ ၆၀% က အစ္စရေးကို ဆန့်ကျင် ချမှတ်ထားဆဲ ဖြစ်ပါတယ်။ မွတ်ဆလင်နိုင်ငံ ၅၀ နဲ့ ရုရှား၊ တရုပ်၊ အီးယူ တို့က အစ္စရေးကို ဆန့်ကျင်နေကြပါတယ်။ ပရောဖက် ယောလ၊ အာမုတ်၊ ဟေရှာယ တို့ရေးခဲ့တဲ့အတိုင်း စပျစ်နဲ့သီးပင်များ စိုက်ပျိုးကြတဲ့အတွက် သစ်ပင်ပေါင်း ၁၉၀၀ ဘီလျံအစ္စရေးနိုင်ငံသစ်မှာ စိုက်ပျိုးပြီးခဲ့ပါပြီ။ 
၅။ Modern Israel Language 
၁၉ ရာစု ဂျူးလူမျိုးရေး ၀ါဒီတယောက်ဖြစ်တဲ့ Eliezer Ben Yehuda ဆိုသူက ရှေးဟောင်း ဟီဘရူးဘာသာကို ခေတ်သစ်ဟီဘရူး စာပေအဖြစ် အဘိဓါန်ကို သူတစ်ယောက်တည်း ပြုစုထုတ်ဝေနိုင်ခဲ့ပါတယ်။ ဒါက အစ္စရေးစာပေနဲ့စကားကို တလုံးတ၀တည်း ဖြစ်စေတဲ့ 
လုပ်ရပ်ကြီးတစ်ခုပါ။
 ၆။ Jerusalem City
 ယေရုဆလင်မြို့တော် အကြောင်းဖြစ်ပါတယ်။ တနေ့မှာ အစ္စရေး
လူမျိုးတွေ ပြန်လည်သိမ်းပိုက်နိုင်မယ်လို့ ကျမ်းစာမှာရေးထားပါတယ် (လုကာ ၂၁း၂၄)။ အေဒီ၇၀ ကတည်းက ယေရုဆလင်မြို့ကို လူမျိုးခြားတွေက အုပ်စိုးခဲ့ပါတယ်။ ၁၉၆၇ အာရပ်-အစ္စရေး ၆ရက်
 စစ်ပွဲမှာ အစ္စရေးတွေ ယေရုဆလင်မြို့တော်ကို ပြန်သိမ်းပိုက်နို
င်ခဲ့ပါတယ်။ ကုလသမဂ္ဂ၊ ဗာတီကင်ပုပ်ရဟန်းမင်းနဲ့ နိုင်ငံကြီးတွေက ယေရုဆလင်မြို့တော်ကို အပြည်ပြည် ဆိုင်ရာမြို့တော်အဖြစ် သတ်မှတ်လိုပေမဲ့ ဘုရားသခင်က ခွင့်မပြုပါ။ အစ္စရေးတွေက ယေရှုဆလင်မြို့ကို သူတို့မြို့တော်
အဖြစ် ကြေညာခဲ့ပါတယ်။ 
 ၇။ Persecution of Israel People 
အစ္စရေးလူမျိုးများလောက် ညှင်ပမ်းနှိပ်စက်၊ သတ်ဖြတ်ခံရတာ 
ကမ္ဘာမှာ ဘယ်လူမျိုးမှ မရှိပါဘူး။ ဟစ်တလာ က မျိုးပြုတ်အောင် သတ်ဖြတ်ခဲ့တယ်။ အန္တီခရစ် ပေါ်လာရင် ဘေးဒဏ်ကြီး ကာလမှာ အစ္စရေးတွေကို ဖျက်ဆီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါပေမဲ့ မရပါဘူး။ ဘုရားသခင်စောင့်ရှောက်ထားလို့ပါ။ ကုလသမဂ္ဂဆုံးဖြတ်ချက် အချက်ပေါင်း၇၀၀ မှာ 
အချက်၄၅၀ က အစ္စရေးကို ရှုံ့ချထားပါတယ်။ 
၈။ Psalm 83, Neighbor country will against Israel 
ဆာလံ ၈၃ မှာ အစ္စရေးနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံအားလုံးဟာ 
တညီတညွတ်ထဲ အစ္စရေးကို ဆန့်ကျင်ကြမယ်လို့ ရေးထားပါတယ်။ ဒီကနေ့ တကယ် ကျမ်းစာအတိုင်း ဖြစ်နေပါတယ်။ 
 ၉။ Israel shall be militarily superior to Egypt. ကျမ်းစာဖြစ်ရပ်မှန်ကတော့ အစ္စရေးရဲ့ သဘာဝလွန်လက်ရှိအခြေအနေပါ။ ၁၉၄၈ အစ္စရေးနိုင်ငံ စတည်ထောင်ပြီးနောက် စစ်ပွဲကြီး၃ခု နဲ့ စစ်ပွဲငယ်များမှာ အင်အားခြင်းမမျှမတ အီဂျစ်နဲ့အာရပ်နိုင်ငံများစွာက တိုက်ခိုက်ချေမှုန်းခံရပါပေမဲ့ စစ်ပွဲတိုင်းကို အစ္စရေးတွေ အနိုင်ရရှိခဲ့ပါတယ်။ အနာဂါတ်စစ်ပွဲမှာ အစ္စရေးကို ချေးမှုန်းခံရမယ်ဆိုရင်တောင် 
ဘုရားသခင်က ကယ်တင်မှာဖြစ်ပါတယ်။ 
 10 ။ Israel will be a land of unwalled villages. 
ကျမ်းစာအရ အစ္စရေးနိုင်ငံကို နိုင်ငံတကာက ပိုင်းခြားမယ်လို့ဆိုပါတယ် (ယောလ ၃း၂၊ ဒံယေလ ၁၁း၃၉)။ ၁၉၄၇ ခုနှစ် ကုလသမဂ္ဂ ဆုံးဖြတ်ချက် ၁၈၁ ထုတ်ပြန်ပြီး၊ အစ္စရေးမြေကို ခွဲပြီး ပါလက်စတိုင်းနိုင်ငံ ထူထောင်ပေးပါတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နိုင်ငံကို ခွဲခြမ်းလို့မရပါဘူး။ ယေရုဆလင်မြို့တော်မှာလဲ မွတ်ဆလင်တို့ရဲ့ ဗလီ Doom of the Rock နံရံနဲ့ ပိုင်းခြားထားခြင်းခံရပါတယ် (ဧဇရ ၃၈း၁၁)။ တံတိုင်းနဲ့ကာထားပေမဲ့ အခုခေတ်ကာလ လေကြောင်းလက်နက်များကြားမှာ တံတိုင်းနဲ့ကာကွယ်လို့မရတော့ပါ။

၁၉၄၀ နောက်ပိုင်းဖြစ်လာတဲ့ နိမိတ်လက္ခဏာ-၄၀(11 - 29)

၁၁။ Jerusalem’s East Gate will be shut. 
 ယေရုဆလင်မြို့ရဲ့ အရှေဖက်တံခါးကို ကြည့်ပါ။ ဒီတံခါးက အမြဲပိတ်ထားပါတယ်။ကျမ်းစာအရ မေရှိယပြန်မလာမချင်း 
ဒီတံခါး (Golden Gate)က ပိတ်နေမှာပဲဖြစ်ပါတယ်(ဧဇရ ၄၄း၁-၃)။ 
၁၂။ No king until Jesus returns  
အစ္စရေးနိုင်ငံကို ပြန်လာတဲ့ ဂျူးလူမျိုးတွေမှာ ယေရှုဒုတိယ
အကြိမ် ကြွလာချိန်ထိအောင် ဘုရင်မရှိပါ (ဟောရှေ ၃း၎-၅)။ အမှန်တကယ်တော့ အစ္စရေးတွေမှာ ဘုရင်မရှိတာ နှစ်ပေါင်း ၂၅၀၀ ကျော်ပါပြီ။ လက်ရှိ အစ္စရေးနိုင်ငံကို ပါတီစုံဒီမိုကရေစီနဲ့ အုပ်ချုပ်နေပါတယ်။ 
 ၁၃။ The ancient Jewish Temple will be rebuilt 
 ရှေးဟောင်း အစ္စရေးဗိမာန်တော်ကို ပြန်လည်တည်ဆောက်ပါမယ်။ ဒံယေလ၊ ယေရှု နဲ့ တမန်တော်ပေါလု၊ ယောဟန် တို့ပတတိယ
ဗိမာန်တော် ဆောက်မယ်၊ ပရောဖက်ပြုထားပါတယ်။ အစ္စရေးဘက်ခြမ်း ယေရှုဆလင်ဗိမာန်မှာ ပစ္စည်းများ ပြင်ဆင်ထားပြီး၊ ယာဇ်မရောဟိတ် သင်တန်းများ ပေးနေကြပါပြီ။ ဗိမာန်တည်ဆောက်ပြီးရင် နောက်ဆုံး
ကာလ အာမဂါဒုန်စစ်ပွဲဖြစ်ပါတော့မယ်။ 
၁၄။ အီရန် (ကျမ်းစာမှာ ပါရှန်နိုင်ငံ) ကို အစ္စရေးနိုင်ငံပြန်
ထူထောင်ရာမှာ ပြသနာလုပ်မဲ့ နိုင်ငံလို့ ကျမ်းစာမှာရေးထား
ပါတယ် (ဧဇရ ၃၈)။ အခု ၂၀၁၇ ခုနှစ်မှာလဲ အီရန်နိုင်ငံက အကြမ်းဖက်သမားအုပ်စုကို အားပေးနေပါတယ်။ မွတ်ဆလင်
တို့ရဲ့ ကိုရမ်ကျမ်းမှာလဲ သန့်ရှင်းသော
စစ်ပွဲ Jihad တိုက်ကြဖို့ ရေးထားပါတယ်။ 
၁၅။ Turkey will also join in the attack on Israel 
 တူရကီနိုင်ငံလည်း အစ္စရေးကို တိုက်ခိုက်တဲ့ နိုင်ငံအဖွဲ့နဲ့ ပူးပေါင်း
ပါမယ် (ဧဇရ ၃၈)။ ၂၀၀၂ တုန်းကလည်း အစ္စရေးကို တိုက်ခိုက်ပါတယ်။ ၂၀၀၇ မှာ တူရကီက အစ္စလမ်ဝါဒီ သမ္မတကို ရွေးချယ်တင်မြှောက်ပါတယ်။ ဟစ်တလာရဲ့ လူမျိုးရေးဝါဒ စာအုပ်ကလည်း တူရကီနိုင်ငံမှာ ရောင်းကောင်းနေပါတယ်။ ဥရောပဘုံဈေး အီးယူအဖွဲ့ကို ဗျာဒိတ်ကျမ်းအတိုင်း ၁၀နိုင်ငံနဲ့ စတင်ခဲ့ပေမဲ့ ၂၀၁၇ မှာ နိုင်ငံပေါင်း၃၀လောက် ဖြစ်လာပြီ၊ တူရကီနိုင်ငံကိုပါ လက်ခံဖို့ 
စဉ်းစားနေပြီ ဖြစ်ပါတယ်။ နောင်တချိန် အီးယူ က အစ္စရေးကို 
တိုက်ခိုက်မဲ့ နမိတ်လက္ခဏာနဲ့ တူရကီ အီးယူဝင်ဖို့လုပ်နေတာ၊ နောက်ဆုံးကာလအချိန် ဖြစ်နေပါတယ်။ 
 ၁၆။ The Middle East Peace Process 
အရှေ့အလယ်ပိုင်းနဲ့ ကမ္ဘာငြိမ်းချမ်းရေး အော်ဟစ်နေကြပါတယ် (၁သက်၅း၃)။ ငြိမ်းချမ်းရေးနိုဘယ်ဆုပေးပြီး၊ ကမ္ဘာ့ ကုလသမဂ္ဂ 
ကလည်း ငြိမ်းချမ်းရေးကို အထူးကြိုးပမ်းနေပါတယ်။ . 
 ၁၇။ Damascus, the capital of Syria; it will be destroyed ဆီးရီးယားနိုင်ငံမြို့တော်ဒမတ်စကပ်ဖျက်ဆိးခံရမယ်။
(ဟေရှာရ ၁၇း ၁၊ ၁၄)။ လက်ရှိ ဒမတ်စကပ်မြို့တော်ဟာ အကြမ်းဖက်သမားတွေနဲ့ တော်တော်ရှုပ်ထွေးနေပြီ ဖြစ်ပြီး ပျက်စီးမဲ့အခြေအနေ ရောက်နေပါပြီ။ 
၁၈။ Satellite television Telephones 
ယနေ့ ကမ္ဘာ့ တယ်လီဖုန်းဆက်သွယ်ရေး စနစ်ဟာ ကွန်ပြူတာ၊ တယ်လီဗွီး၇ှင်း၊ ကမ္ဘာပတ်ဂြိုလ်တုများ၊ မိုဘိုင်းဖုန်း၊ တက်ပလက် တိုးကက်နေပါတယ် (ဗျာဒိတ် ၁၁း၉-၁၀၊ ဗျာဒိတ် ၁၇း၈)။ ရှင်ယောဟန်ဗျာဒိတ်အတိုင်း အလင်းအလျှင်နဲ့ ဆက်သွယ်နေကြပါပြီ။
  ၁၉။ The human species will be capable of destroying all life လူသားမျိုးနွယ်တွေဟာ သက်ရှိအားလုံးကို ဖျက်ဆီးပစ်လိုက်
နိုင်တဲ့ စွမ်းအားကြီးကို ပိုင်ဆိုင်ပါတယ် (မသဲ ၂၄း၂၂)။ 
သမရိုးကျ ဒါး၊ လှံ၊ လေးမြှား၊ သေနပ် တွေကနေ ညူကလီယာ၊ ဇီဝလက်နက်၊ ဓါတုလက်နက်တွေ ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ ညူကလီယာလက်နက်ကို ဇာခရိ ၁၄း၁၂ မှာ ပုံဖေါ်ပြထားပါတယ်။ ဘုရားသခင်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကတည်းက ညူထရွန်ဗုံးက အားလုံးကို အရည်ပျော်သွား စေပါမယ်။ ဒုံးပျံနဲ့ ဒုံပျံပစ်စင် လက်နက်များတီထွင်ကြပါတယ် (ဗျာဒိတ် ၉း၁၇-၁၉)။ 

ကျမ်းစာမှာပါတဲ့ ခံတွင်းထဲက ကန့်၊ မီးလျှံ ၊ မီးခိုး ထွက်ကြ၏ ဆိုတာ 
ဒုံးပျံ လက်နက်များ ဖြစ်ပါတယ်။ ညူကလီယား နဲ့ ဇီဝလက်နက်ကြီးများ တီထွင် ထုတ်လုပ်ကြမယ် (ဗျာဒိတ် ၁၁း၁၈၊ မသဲ ၂၄း၂၁-၂၂)။ 
အနုမြူဗုံးကို တီထွင်ပြီး အခု၂၀၁၇ မှာ ညူကလီယားဗုံးများဟာ အလွန်ကြောက်မက်ဖွယ်၊ တတိယ ကမ္ဘာစစ်ဖြစ်ရင် တမဟုတ်ချင်း လူသန်း၅၀၀ သေဆုံးမှာဖြစ်ပြီး၊ လူပေါင်း သန်း၄၀၀၀ ကတော့ ပြင်းပြနာကြင်စွာနဲ့သေကြမှာဖြစ်ပါတယ်။ 
 ၂၀။ Chaotic Weather 
ကဗြောင်းကဗြန်ရာသီဥတုဖြစ်ခြင်းက အသစ်အဆန်းမဟုတ်တော့ပါ 
(လုကာ ၂၁း၂၅)။ နောက်ဆုံးကာလမှာ ဆူနာမီ၊ လှိုင်းကြီးတွေ ဖြစ်မယ်လို့ဆိုပါတယ်။ ဆူနာမီလှိုင်းလုံးကြီးများဟာ ပင်လယ်အောက် မြေငလျင်နဲ့စွမ်းအားကြီးများကြောင့် ဖြစ်ပေါ်လာပြိး၊၁၉၀၀ နောက်
ပိုင်းမှာ မြေငလျင်အလွန်များပြားလာသလို ဆူနာမီလှိုင်းလုံးများလဲ ယခင်ရာစုများထက် အလွန့်အလွန်များပြားလာတာကို တွေ့ရပါတယ်။ ရာသီဥတု ပူပြင်းခြင်း၊ အိုဇုန်းလွှာပေါက်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်း
များစွာ မကြုံစဖူး ဖြစ်ပွားနေပါတယ်။ 
၂၁။ Europe will eventually dominate the world
 ဒံယေလကျမ်းစာအရ ဥရောပတိုက်တစည်းတလုံးတည်း ရောမအင်ပါယာခေတ်ပြီးတဲ့နောက်၊ နောက်ဆုံးကာလအချိန် ဥရောပတိုက်နိုင်ငံများ ပြန်လည်တစည်းတလုံးတည်း ဖြစ်လာမယ် ရေးထားပါတယ်။ အီးယူ ဥရောပယူနီယံ အဖွဲ့ကြိး ပေါ်ပေါက်လာပြီး၊ ပါလီမာန်၊ တရားရုံ၊ ငွေစက္ကူ တွေအပြင် ခရီးသွားဗီဇာပါ 
မလိုတော့တဲ့ အခြေအနေဖြစ်လာပါတယ်။ ဒါက ယေရှု ဒုတိယအကြိမ်ကြွလာမယ် ဆိုတဲ့ ထင်ရှားတဲ့ 
ပရောဖက်ပြုမှု မှန်ကန်လာခြင်းဖြစ်ပါတယ်။ 
၂၂။ The violent murder 
သခင်ယေရှုက ပြောခဲ့ပါတယ်။ စစ်ပွဲ နဲ့ အကြမ်းဖက်မှု
သတ်ဖြတ်မှုတွေ အမြောက်အများ ဒီကမ္ဘာကြီးမှာ ဖြစ်မယ်လို့ 
ဆိုပါတယ်။ ယနေ့ကာလမှာ ဒါဇင်ပေါင်းများစွာသော 
စစ်ပွဲများ ဖြစ်နေပြီး၊ မမွေးသေးတဲ့ ကလေးငယ်များကို သတ်ဖြတ်
ပစ်မှုဟာ အလွန်များပြားနေပါတယ်။ အချက်အလက်များအရ 
၄၆သန်းသော ကလေးငယ်များ သန္ဓေဖျက်ချခြင်း ခံနေရပါတယ်။ 
၂၃။ Travel shall increase in the time of the end
 နောက်ဆုံးကာလမှာ လူသားတွေ ခရီးများစွာသွားလာကြမယ် 
(ဒံယေလ ၁၂း၎)။ သင်္ဘော၊ မော်တော်ကား၊ လေယာဉ်ပျံ တီထွင်မှု
များကနေ လူသားတွေ ကမ္ဘာအနှံ့သွားလာနိုင်လာတယ်။ 
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ တုန်းက မြင်း၊နွား တွေနဲ့ပဲ သွားလာ
ရာကနေ ၁၇ရာစု စက်မှုတော်လှန်ရေးကြောင့် စက်များတီထွင်
လာပြီး၊ အခုခေတ်မှာ လေယဉ်ပျံတွေနဲ့ လူသားတွေ အလွန်ခရီးသွားနိုင်နေပြီ ဖြစ်ပါတယ်။ 
၂၄။ Knowledge shall increase in the time of the end နောက်ဆုံးကာလမှာ လူသားတွေရဲ့ ဗဟုသုတ အလွန်ကြွယ်ဝလာမယ် (ဒံယေလ ၁၂း၎)။ ၂၀ရာစုမှာ သိပ္ပံပညာ၊ နည်းပညာ၊ တီထွင်မှုတွေ မြောက်များစွာ ဖြစ်လာပါတယ်။ မော်တော်ကား၊ လျှပ်စစ်၊ အီလက်
ထရွန်းနစ်၊ ကွန်ပြူတာ၊ ညူကလီယာစွမ်းအင်၊ ဂြိုလ်တု၊ အာကာသခရီး၊ တယ်လီဖုန်း၊ အင်တာနက်၊ မိုဘိုင်း၊ တီဗွီ၊ ဂျက်လေယာဉ်ခရီး၊
 ဆေးပညာ၊ ကြောက်မက်ဖွယ်လက်နက်များ နဲ့ မူးယစ်ဆေး
မျိုးစုံ၊ ရောဂါများစွာ ဖြစ်လာပါတယ်။ 
၂၅။ A mark on their right hand or on their forehead 
လူများရဲ့ ညာဖက်လက်ဖမိုး နဲ့ နဖူး တွေမှာ တံဆိပ်ခပ်ခြင်းလုပ်ကြမယ် (ဒံယေလ ၁၃း၂၆)။ လူတွေဟာ တက်တူးထိုးခြင်း၊ နားဖောက်ခြင်း၊ အသားအရေပေါ်အမှတ်အသားများ လုပ်လာကြပါတယ်။ 
ကမ္ဘာသမိုင်းမှာ ပထမဆုံး ဘားကုတ်လို ကုန်တံဆိပ်အမှတ်သား နည်းပညာပေါ်လာပါတယ်။ ကမ္ဘာ့ နိုင်ငံအစိုးရတိုင်းက မိမိတိုင်းပြည်
များကို တညီတညွတ်တည်း ဖြစ်လိုပြီး၊ တနိုင်ငံနဲ့တနိုင်ငံ ငွေကြေး၊ ဘဏ်လုပ်ငန်းများကို ထိန်းချုပ်ဖို့လိုလာပါတယ်။ ကွန်ပြူတာ 
နည်းပညာနဲ့ ချစ်ပ် ဆိုတဲ့ အပြားလေးတွေကို ညာလက်ဖမိုး နဲ့ 
နဖူး နေ၇ာများမှာထည့်သွင်းခြင်းက အသင့်လျော်ဆုံးနေရာ
 ဖြစ်တယ် ဆိုပါတယ်။ 
၂၆။ Pestilence and Diseases shall increase 
ကာလနာများပြားခြင်း ဖြစ်လာပါတယ် (မသဲ ၂၄း၇)။ ဗိုင်းယပ်စ် 
များကြောင့် ရောဂါများစွာဖြစ်လာပြီး လူသန်းပေါင်းများစွာ သေကြေကြပါတယ်။ AIDS (သန်းပေါင်း၃၀သေဆုံး)၊ဆစ်ဖလစ်ရောဂါ၊ ဟိုက်ပါတက်တစ်ဘီ၊ စီ၊ တီဘီ (၃သန်းသေဆုံး)၊ ငှက်ဖျား၊ပိုလီယို၊ တိုက်ဖွိုက်၊ ကင်ဆာ၊ အိပ်မပျော်တဲ့ရောဂါ၊ ပါကစ်ဆင်ရောဂါ၊ မက်ကောင်းရောဂါ၊ နှလုံးရောဂါ အလွန်များပြားတဲ့ ရောဂါများ ဒီခေတ်ကာလထဲမှာ ဖြစ်နေပါတယ်။ ဆယ်စုနှစ်အနည်းငယ်က သိပ္ပံပညာရှင်များက ဆေးပညာအားဖြင့် ရောဂါအားလုံးကို ကုသပျောက်ကင်းနိုင်တော့မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆေးပညာအလွန်တိုးတက်လာသလို ကြောက်မက်ဖွယ်ရောဂါ၊ ဗိုင်းရပ်စ်တွေလည်း အလွန်များပြားလာတာ နောက်ဆုံးကာလပါပဲ။ ကူးစက်တတ်တဲ့ရောဂါများမှာ မူးရစ်ဆေးကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတွေက အများဆုံးပါ။ 
 ၂ရ။ Famines shall increase.  
အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း ဖြစ်လာပါမယ် (မသဲ၂၄း၇။ 
လုကာ ၂၁း၁၁။ ဗျာဒိတ် ၆)။ အစာငတ်မွတ်ခေါင်းပါးမှုတွေဖြစ်ရခြင်းက မိုးခေါင်ခြင်း၊ ရေဘေး၊ စိုက်ပျိုးရေးမအောင်မြင်မှု။ ပိုးမွှား၊ ကာလနာ၊ ရောဂါများပြားခြင်းတွေကြောင့် ဖြစ်ပါတယ်။လက်ရှိကမ္ဘာမှာလူဦးရေ သန်းပေါင်း၈၀၀ အလွန်ဆင်းရဲမွဲတေပြီး အစာမလုံလောက် ငတ်မွတ်နေကြပါတယ်။ အာဖရိကနိုင်ငံများစွာ၊ မြောက်ကိုးရိးယား၊ အာဖဂန်နစ္စတန် တို့ဖြစ်ပါတယ်။ 
၂၈။ Blood Moon 
လအနီရောင် ဖြစ်ရပ်ကြီးက ၂၀၁၄ခုနှစ် ဧပြီလမှာ ဖြစ်ပေါ်ခဲ့ပါတယ် 
(လုကာ ၂း၂၀၊ ဗျာဒိတ် ၂၁း၁၁) ။ ၄ကြိမ်ဖြစ်ပေါ်ခဲ့ပါတယ်။ 
 ဒါက နောက်ဆုံးကာလ နီးနေကြောင်း ဘုရားသခင်ရဲ့ ကောင်းကင်မှာ ပြသတဲ့ သင်္ကေတကြီး ဖြစ်ပါတယ်။ 
၂၉။ A solar eclipse will come 
 လအနီရောင်ဖြစ်ခြင်း များဖြစ်ပေါ်ပြီး ကြားကာလမှာ နေကြပ်မယ်လို့ ဗျာဒိတ်ကျမ်းမှာ ရေးထားပါတယ်။ ၂၀၁၄ ဧပြီ ၁၅၊ အောက်တိုဘာ ၈ နှစ်ခါလအနီရောင်ဖြစ်ပေါ်ပြီး ၂၀၁၅ မတ်၂၀ မှာ နေကြပ်ပါတယ်။ နောက် ဧပြီ၎၊ စက်တင်ဘာ၂၈ တို့မှာ လအနီရောင် ဆက်လက်ဖြစ်ပေါ်ပါတယ်။

1940 နောက်ပိုင်းဖြစ်လာတဲ့ နိမိတ်လက္ခဏာ ၄၀ ( 30 - 40)

၃၀။ World population shall greatly increase ကမ္ဘာ့လူဦးရေအလွန်များပြားလာပါတယ်။ နောက်ဆုံးသော
ကာလမှာ လူ သန်းပေါင်း၂၀၀ ပါတဲ့ စစ်တပ်ကြီးအကြောင်း ဗျာဒိတ်ကျမ်းမှာရေးထားပါတယ်။ (ဗျာ ၉း၁၆)။ ဒီစစ်တပ်ကြီးဟာ ဥဖရက်မြစ်အလွန်က ချီတက်လာမယ်။ တရုပ်ပြည်ဖြစ်ပါတယ်။ 
လူသား သုံးပုံတစ်ပုံသေကြမယ်။ လွန်ခဲ့တဲ့ နှစ်၂၀၀၀ ပရောဖက်ပြု
စဉ်က သန်း၂၀၀ စစ်တပ်ကြီးဆိုတာ မဖြစ်နိုင်ပါဘူး။

အခုချိန်မှာ တရုပ်ပြည်ကြီးက လူဥိးရေသန်းပေါင်း ၁၃၀၀ ရှိနေတဲ့
အတွက် ကျမ်းစာအတိုင်း လူသန်း၂၀၀ စစ်တပ်ကြီးဆိုတာ ဖြစ်နိုင်နေပါပြီ။ တရုပ်ပြည်တစ်ခုထဲ စစ်သည် သန်း၂၈၀ ရနိုင်ပြီဖြစ်ပါတယ်။ 
တကမ္ဘာလုံး လူဥိးရေ ၁၈၀၀ခုနှစ်က သန်း၁ထောင်ပဲ ရှိနေပေမဲ့ တမုဟုတ်ခြင်း ၂၀၀၀ခုနှစ်မှာ သန်းပေါင်း ၇၀၀၀ ရှိသွားပါပြီ။ 
၃၁။ Earth Quake
 မြေငလျင်ကြီးများ အလွန်များပြားပါတယ် 
(မသဲ ၂၄း၇)။ အလွန်ကြီးမားတဲ့ မြေငလျင်ကြီးတွေ ၁၉၀၀ နောက်
ပိုင်းမှာ တကမ္ဘာလုံး မကြုံစဖူး ဖြစ်ပွားလာပြီး၊ မြို့ကြီးများ၊ နိုင်ငံများ မြေငလျင်အောက် ကျဆုံးရပါတယ်။ ၁၉၉၁ ခုမှာပဲ မြေငလျှင် ၁၅ခု
 ပြင်းအား ရစ်ချတာစကေး ၇.၁ အထက်လှုပ်ပါတယ်။

Australian Seismic Center အချက်အလက်အရ နေ့တိုင်း 
ငလျှင် ၁၀၀ခု လှုပ်နေ ပါတယ်။ ၇၅% ငလျှင်များက 
ရစ်ချတာစကေး ၃ ရှိပြီး ၂၅% ကတော့ ၄ ထက်များ ပါတယ်။ 
ပင်လယ်ပြင်က မြေငလျှင်ကြောင့် စူနာမီလှိုင်းလုံးများ ဖြစ်ပေါ်လာမှု 
မကြာ ခဏဖြစ်လာပါတယ်။

 ၃၂။ Concerns the state of marriage  
လက်ထပ်မဂ်လာ ဆိုတာယောင်္ကျားမိန်းမ တို့အတွက် 
ဘုရားသခင်က လူသား တွေကို ဂုဏ်ပြုပေးအပ်ခဲ့တာပါ။ ဒါကို လူများစွာတို့က ဂရုမစိုက်ဖြစ်ကြမယ် (၁တိ၎း၃)။ ရိုမင်ကာသိုလစ်ခရစ်ယန်များမှာ သင်းအုပ်၊ သီလရှင် 
အများအပြားဟာ လက်ထပ်ခြင်း တားမြစ်ခံရတော့ အချို့သော လိင်နဲ့ဆိုင်တဲ့ ပြသနာ များ ဖြစ်ပေါ်လာပါတယ်။ သခင်ခရစ်တော်
ကိုယ်တိုင် နောက်ဆုံးကာလမှာ ဒီလိုဖြစ်လာ မယ်လို့ ပြောပါတယ်။

 အဆိုးဆုံးကတော့ လိင်တူ လက်ထပ် ပေါင်းသင်းခွင့်ကို တရားဝင်ပေးအပ်လာဖြင်း ဖြစ်ပါတယ်။ လူတွေ အကျင့်စရိုက်ဆိုး တိုးပွားများပြားလာမယ်၊ ဆုံးမပြစ်ဒဏ်ပေးမယ်။ (ဟေ ၁၃း၁၁၊ ဟေ ၂၆း၂၁)။ ဘုရားသခင်၊ ကျမ်းစာ၊ အသင်းတော် များနဲ့မနေတော့ပဲ ယနေ့ခေတ်ကာလ လူတွေရဲ့ စာရိတ္တတွေ ပျက်ပြားလာကြမယ်။ နောက်ဆုံးကာလ ရောက်နေပြီဖြစ် ပါတယ် (၂တိ၃း၁-၅)။ ကိုယ်ကျိုးကြည့်ခြင်း၊ ၀ါကြွားခြင်း၊ လောဘကြီးခြင်း။ ကျေးဇူးကန်းခြင်း၊ ကလေးဖျက်ချခြင်း၊ မတရားသောမေထုန်၊ အကြမ်းဖက်ခြင်း။ 
မူးယစ်ဆေးဝါး၊ လောကဇိမ်ခံခြင်း တီဗွီ၊ မိုဘိုင်းဖုန်း၊ အားကစား၊ 
အလှပ ..တွေနဲ့အချိန်ကုန်နေမယ်။ 

 ၃၃။ Prediction of rampant sexual immorality 
မတရားသောမေထုန်၊ လိင်မှုပြသနာများ၊ အဓမ္မမှု၊ သက်ငယ်မုဒိမ်း၊ အိမ်ထောင် ရေးဖောက်ပြန်မှုများစွာ ဆိုးညစ်တဲ့နှလုံးသား ကျူးလွန်လာပါမယ်။ လွန်ခဲ့တဲ့ ဘယ်သောခါမှ ညစ်ညမ်းဓါတ်ပုံ၊ 
ဗွီဒီယိုများစွာ အခုခေတ် မိုဘိုင်းဖုန်း၊ တီဗွီ၊ ဗွီဒီယိုများမှာ အလွယ်တကူ ရရှိနေပါပြီ။ ဒါကြောင့် လိင်ပိုင်းဆိုင်ရာ စာရိတ္တပျက်ပြားမှု၊ ရာဇ၀တ်မှုများစွာ မကြုံစဖူး ဖြစ်ပွားနေပါတယ်။ AIDS (သန်းပေါင်း၃၀သေဆုံး)၊ ဆစ်ဖလစ်ရောဂါ၊ ဟိုက်ပါတက်တစ်ဘီ၊ စီ၊ တီဘီ (၃သန်းသေဆုံး)၊ 
ငှက်ဖျား၊ ပိုလီယို၊ တိုက်ဖွိုက်၊ ကင်ဆာ၊ အိပ်မပျော်တဲ့ရောဂါ၊ ပါကစ်ဆင်ရောဂါ၊ မက်ကောင်းရောဂါ၊ နှလုံးရောဂါ အလွန်များပြားတဲ့ ရောဂါများ ဒီခေတ်ကာလထဲမှာ ဖြစ်နေပါတယ်။ 

၃၄။ Wickedness will increase. inordinate self-love 
လူတွေအကျင့်စရိုက်ဆိုး တိုးပွားများပြားလာမယ်၊ ဆုံးမပြစ်ဒဏ်ပေးမယ်။ (ဟေ ၁၃း၁၁၊ ဟေ ၂၆း၂၁)။ ဘုရားသခင်၊ကျမ်းစာ၊ အသင်းတော် များနဲ့မနေတော့ပဲ ယနေ့ခေတ်ကာလ လူတွေရဲ့ စာရိတ္တတွေ ပျက်ပြားလာကြမယ်။ နောက်ဆုံးကာလ ရောက်နေပြီဖြစ်ပါတယ် (၂တိ၃း၁-၅)။ မိမိကိုယ်ကျိုးကြည့်ခြင်း၊၀ါကြွားခြင်း၊ လောဘကြီးခြင်း။
  ကျေးဇူးကန်းခြင်း၊ ကလေးဖျက်ချခြင်း၊ မတရားသောမေထုန်၊ အကြမ်းဖက်ခြင်း။ မူးယစ်ဆေးဝါး၊ လောကဇိမ်ခံခြင်း တီဗွီ၊ မိုဘိုင်းဖုန်း၊ အားကစား၊ အလှပ ..တွေနဲ့အချိန်ကုန်နေမယ်။ 

၃၅။ Worldwide Persecution of Christian. 
တကမ္ဘာလုံး ခရစ်တော်နောက်လိုက်များ ညှင်းပမ်း၊သတ်ဖြတ်ခြင်း 
ခံရမယ်။ အခုရာစုနှစ်အတွင်း သတ်ဖြတ်ခြင်းခံရသူများ အရေ
အတွက်ဟာ လွန်ခဲ့တဲ့ရာစု နှစ်အားလုံးမှာ သတ်ဖြတ်ခံရတာထက် ပိုများပြားပါတယ်။ မာတုရ ခရစ်ယန်များစွာ အရှေ့အယ်ပိုင်းနိုင်ငံများ၊ အာဖရိကနိုင်ဂျီးရီးယား၊ အာရှ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ မြောက်ကိုးရီးယားတွေမှာ မတရားစွပ်စွဲ၊ ညှင်ပမ်းနှိပ်စက်၊ 
သတ်ဖြတ်ခံ နေရပါတယ်။ IS လို့ခေါ်တဲ့ မွတ်ဆလင်အကြမ်းဖက်အုပ်စု ဆီးရီးယား၊ အီရတ်၊ လစ်ဗျားနိုင်ငံများက စတင်ပေါ်ပေါက်လာပြီး၊ အရှေ့အလယ်ပိုင်းနိုင်ငံများက ခရစ်ယန်များကို ခေါင်းဖြတ်၊ သတ်ဖြတ်နေကြပါတယ်။ တကမ္ဘာလုံး ဥရောပ၊အမေရိက မြို့ကြီး
များစွာမှာ နယူးယောက် 9/11 အပါအ၀င်၊ အကြမ်းဖက် 
ဗုံးဖောက်ခွဲခြင်း အသေခံသတ်ဖြတ်ခြင်း များစွာ ပြုလုပ်နေပါတယ်။ 

 ၃၆။ False religions and deceivers shall increase လွဲမှားသောကိုးကွယ်မှုများ၊ မိစ္ဆာပရောဖက် ဆရာများစွာပေါ်လာပါမယ် (မသဲ ၂၄း၃-၅။ ငါဟာခရစ်တော်ဖြစ်တယ်လို့ ပြောနေတဲ့လူတွေများစွာ တွေ့နေရပါတယ်။ ဒီကနေ့မှာ လွဲမှားတဲ့ဓမ္မဆရာ (မိစ္ဆာဆရာ) cluts ၃၀၀၀ လောက်ရှိနေပါတယ်။ အဲဒီအဖွဲ့အစည်းတွေက သမ္မာကျမ်းစာကို အယောင်ပြထားပြီး သူတို့ရေးထားတဲ့ စာအုပ်များကို အခြေခံထားတဲ့ လွဲမှားသောကိုးကွယ်မှုများဖြစ်ပါတယ်။ ခရစ်တော်ဟာကယ်တင်ရှင် လို့ဟောပြောရမဲ့အစား ကျင့်ထုံးနဲ့အကျင့်ကိုဦးစား ပေးတဲ့ လွဲမှားတဲ့ ကိုးကွယ်မှုနဲ့လွဲမှာတဲ့ဆရာများစွာ ပေါ်နေပါပြီ။ 

၃၇။ Church practice the forbidden in the Bible 
 ယေရုဆလင်မြို့။ နောက်ဆုံးသောကာလ ယေရှုကြွလာမဲ့နေရာက ယေရှုဆလင်မြို့ဖြစ် ပါတယ်။ ဒါပေမဲ့ လွဲမှားသောသွန်သင်ချက်များက တခြားနေရာ (ရောမမြို့၊ ဗာတီကန်) စသဖြင့် ပြောနေကြပါတယ်။ ပညတ်တော်(၁၀)ပါးကိုလည်း အရေးမထားကြတော့ပါ။ အခုခေတ် ခရစ်ယာန်အသင်းတော်ကြီးများက ဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုခြင်း၊ နှုတ်ကပတ်တော်(ကျမ်းစာ)လေ့လာခြင်း များကို ဦးထိပ်ထားရမဲ့အစား၊ လူမှုရေး၊ လူမျိုးရေး၊ ပွဲလမ်းသဘင်များ၊ ယောဂီတရားထိုင်ခြင်း၊ ချမ်းသာကျမ်းမာခြင်း စတဲ့ အလေ့အကျင့်များကို ပိုဦးစားပေးလာနေကြပါတယ်။ ယေရှုဆလင်မြို့နဲ့ 
ဂျူးလူမျိုးများအတွက် ဘုရားသခင်ရဲ့ သနားဂရုဏာ
 တဖန်ခံစားဖို့ ဆုတောင်းပေးရပါမယ်။ 

 ၃၈။ Many Muslim nations shall oppose Israel 
မွတ်ဆလင်နိုင်ငံများက ရုရှားဦးဆောင်ပြီး၊ အစ္စရေးကို
တိုက်ခိုက်ပါမယ်။ (ဧဇရ ၃၈း ၅-၆၊ ၁၃)။ ဒီအဖြစ်
အပျက်ကတော့ အစ္စရေးနိုင်ငံ စတင်တည်ထောင်တဲ့နှစ် လွတ်လပ်ရေး
စစ်ပွဲ ၁၉၄၈၊ ဆိုင်းနိုင်းစစ်ပွဲ ၁၉၅၈၊ ၆ရက်စစ်ပွဲ ၁၉၆၇၊ ယွန်ကပူးစစ်ပွဲ 
၁၉၇၃ များကို ရုရှားကူညီမှုနဲ့ မွတ်ဆလင်နိုင်ငံများနဲ့တိုက်ခိုက်ရင်၊ ယေရုဆလင်မြို့တော်ကို ၁၉၆၇ စစ်ပွဲမှာ အပြီးသိမ်းပိုက်နိုင်ခဲ့ပါတယ်။ စစ်ပွဲတိုင်း အနီုင်ရခဲ့ပါတယ်။ အခု နောက်ဆုံး စစ်ပွဲကြီး အာမဂဒုန်စစ်ပွဲ မှာတော့ အစ္စရေးဘက်က၊ အမေရိကန်၊ဗြိတိန်၊ ဆော်ဒီအာရေဗျ တို့ကူညီကြပြီး၊ အန္တီခရစ် ဘက်က မြောက်ဖက်က အီးယူ၊ ရုရှား၊ အီရန်တို့တိုက်ခိုက်ကြမယ်၊ စစ်ရှုံးတဲ့အခါ အရှေ့ဘက်က 
တရုပ်ပြည်နဲ့ဂျပန် မဟာမိတ်စစ်တပ်ကြီး သန်း၂၀၀ တို့က 
ယူးဖရိတ်မြစ်ကို ပိတ်ပြီး လာရောက် စစ်ပွဲကြီးတိုက်ကြရပါမယ်။ အာမဂဒုန်စစ်ပွဲကြီးဖြစ်ပါတယ်။ (ဗျာဒိတ် ၁၆း၁၂) 

၃၉း Babylon emerge as a prominent force or city နောက်ဆုံးကာလမှာ ဘေဘီလုန်ပြန်လည်တန်ခိုးကြီးလာခြင်း (ဗျာဒိတ်)။ ကျမ်းစာ ပညာရှင်များကတော့ အီရတ်နိုင်ငံမှာ ဆဒန်ဟူစိန် ရေနံကြွယ်ဝခြင်း၊ စစ်အင် အားကြီးခြင်း၊ အမေရိကန်နဲ့စစ်ပြိုင်ခြင်း
 တွေကို ဘေဘီလုန်မြို့တော် တန်ခိုးပြန်လည်ကြီးထွားလာခြင်းနဲ့ ဖေါ်ပြပါတယ်။ ဒါကြောင့် ဘေဘီလုန် (သို့မဟုတ်) ဆော်ဒီအာရေဗျမြို့တော်မက္ကာ (သို့မဟုတ်) အီတလီ
နိုင်ငံရောမမြို့တော် တို့ကိုလည်း ရည်ညွန်းကြပါတယ်။ 

 ၄၀။ Mockery of the Second Coming 
အဆုံးသတ်အချက်ကတော့ လူတွေပေါ့ပေါ့ဆဆ နေထိုင် စားသောက်၊ပြက်ယယ်ပြု ပြောဆိုကြခြင်းဖြစ်ပါတယ် (၂ပေ၃း၂-၁၃)။ နောက်ဆုံးကာလ ရောက်လုပြိ၊ ရောက်နေပြီ သတိပေးလဲ၊ အေးပါ၊ နှစ်၂ထောင်ကတည်းက ရောက်တော့မယ် ပြောကြတာပဲ လို့၊ 
ဂရုမစိုက် နေထိုင်သွားသူများ အတွက် မျက်ရည်နဲ့အနွံ့တာ ထားပြီး အဆင်သင့်ပြင်ထားဖို့ ပြောရပါမယ်။ တယောက်ရရင် တယောက်ကို မေတ္တာနဲ့ ဆွဲခေါ်ရပါမယ်။ မိမိ မိတ်ဆွေတွေကို “ခရစ်တော် ဒုတိယအကြိမ်ကြွ လာခြင်းအတွက် အသင့်ဖြစ်ပြီလား” ..လို့
 မေးရပါမယ်။ သူတို့က မသိဘူး၊ မဖြစ်သေးဘူး ..လို့
အဖြေပေးရင်၊ သူတို့ကို သတင်းကောင်းပြောပြရပါမယ်။ 
သူတို့အတွက် ၀န်တာထားပြီး၊ နောက်ဆုံးသောကာလမှာ ဘေးဒဏ်ကြီးတွေ မခံစားစေဖို့ ဆုတောင်း၊ ဖိတ်ခေါ်ရပါမယ်။

(”Christine Darg )   Crd; Muran


August 13, 2019

( ဘုရားသ္ခင်သည် ဂတိတော်အရာ၌ နှေးတော်မမူပါ )

Greek စကားRev 22:12 `Soon” သည် နောက်မကျပဲ 
without delay, quickly, at once အလျှင်မြန် ချက်ချင်း ဟူ၍ အဓိပယ်ရသည်။ ကနဦး ယုံကြည်သူများသည် ယေရှုခရစ်သည် သုတို.အသက်ရှင်စဉ်၌ပင် ကြွလာမည်ဟု ယုံကြည်မျော်လင်.
ခဲ.ကြသော်လည်း သူတို. ယုံကြည်သည်. အတိုင်း ကြွမလာသည်. 
အခါ ဂတိတော်ပျက်သည်ဟု ထင်မှတ်ကြသည်။ 

သို.သော် ဘုရားသခင်သည် ဂတိပျက်သောဘုရားမဟုတ်ကြောင်း 
ကျမ်းစာ၌ အတိလင်းဖေါ်ပြထားသည်။ ၂ပေ ၃း၃ရှေ့ဦးစွာ သိမှတ်
အပ်သော အရာဟူမူကား၊ နောက်ဆုံးသော ကာလ၌ ပြက်ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့တပ်မက်ခြင်း
အတိုင်း ကျင့်နေ၍၊ ၄ သခင်ဘုရားကြွလာမည်ဟူသော 
ဂတိတော်သည် အဘယ်မှာရှိသနည်း။ 

 ဘိုးဘေးများအိပ်ပျော်သည်နောက်၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းစကဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြ၏ ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့် တကွပေါ်လာ ကြလိမ့်မည်။ ချစ်သူတို့၊ ထာဝရဘုရားမှာ ကာလ
တရက်သည်၊ အနှစ်တထောင် ကဲ့သို့၎င်း၊ အနှစ်တထောင်သည်
တရက် ကဲ့သို့၎င်း ဖြစ်သည်အရာတခုကို မမေ့လျော့ကြနှင့်။ လူအချို့တို့သည်၊ နှေးခြင်းကို မှတ်သည်အတိုင်း၊ 
ထာဝရဘုရားသည် ဂတိတော်အရာမှာ နှေးတော်မမူ။

ငါတို့တွင် အဘယ်သူမျှ မပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တ
ရစေခြင်းငှါ အလိုတော်ရှိ၍၊ ငါတို့ကိုသည်းခံတော်မူ၏။ 
သူခိုးသည်ညဥ့်အခါ လာသကဲ့သို့၊ ထာဝရဘုရား၏ နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုဃ်းကောင်းကင်သည် ကြီးစွာသော 
အသံနှင့်တကွ ပျောက်သွားလိမ့်မည်။

 လောကဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။
 မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာပြုလုပ်သမျှသော 
အရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။ (2 Pet. 3:8-10) 
သခင် ယေရှုကိုယ်တိုင် လုကာ ၂၁း၃၄-၃၆၊ မာသဲ ၂၄း ၄၂ သင်တို့အရှင်သည်အဘယ်အချိန်နာရီ၌ရောက်လာမည်ကို
သင်တို့မသိ သောကြောင့်စောင့်နေကြလော့။ 
သူခိုးလာမည် အချိန်နာရီကို အိမ်ရှင်သိရလျှင်၊ မိမိအိမ်ကိုမထွင်းမဖောက်စေခြင်းငှါ စောင့်နေလိမ့် 
မည်ကိုသင်တို့သိကြ၏။ 

ထိုကြောင့် သင်တို့သည်ပြင်ဆင်လျက် နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။ ရှင်ပေါလုက -၁ သက် ၅း၁ ညီအစ်ကိုတို့၊ ကပ်ကာလအချိန်များကို သင်တို့အား ရေး၍ပေးလိုက်စရာအကြောင်းမရှိ။ 
၂ အဘယ် ကြောင့်နည်း ဟူမူကား၊ သူခိုးသည် ညဥ့်အခါ
လာသကဲ့သို့၊ သခင်ဘုရား၏နေ့ရက်သည် လာလိမ့်မည်ကို 
သင်တို့ သည် သေချာစွာသိကြ၏။ 

ဗျာ၊ ၁၆း၁၆ အသံတော်ကား၊ သူခိုးကဲ့သို့ငါလာ၏။ 
အဝတ်အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာအကြောင်းမရှိစေခြင်းငှါ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကိုစောင့်သောသူသည် မင်္ဂလာရှိ၏” 
ခရစ်တော် အချိန်မရွေး ပြန်လာနိုင်ကြောင်း အစဉ်သင်.
 ဖြစ်ကြရန် တိုက်တွန်းအပ်ပါသည်။