ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

August 20, 2019

၁၉၄၀ နောက်ပိုင်းဖြစ်လာတဲ့ နိမိတ်လက္ခဏာ-၄၀(11 - 29)

၁၁။ Jerusalem’s East Gate will be shut. 
 ယေရုဆလင်မြို့ရဲ့ အရှေဖက်တံခါးကို ကြည့်ပါ။ ဒီတံခါးက အမြဲပိတ်ထားပါတယ်။ကျမ်းစာအရ မေရှိယပြန်မလာမချင်း 
ဒီတံခါး (Golden Gate)က ပိတ်နေမှာပဲဖြစ်ပါတယ်(ဧဇရ ၄၄း၁-၃)။ 
၁၂။ No king until Jesus returns  
အစ္စရေးနိုင်ငံကို ပြန်လာတဲ့ ဂျူးလူမျိုးတွေမှာ ယေရှုဒုတိယ
အကြိမ် ကြွလာချိန်ထိအောင် ဘုရင်မရှိပါ (ဟောရှေ ၃း၎-၅)။ အမှန်တကယ်တော့ အစ္စရေးတွေမှာ ဘုရင်မရှိတာ နှစ်ပေါင်း ၂၅၀၀ ကျော်ပါပြီ။ လက်ရှိ အစ္စရေးနိုင်ငံကို ပါတီစုံဒီမိုကရေစီနဲ့ အုပ်ချုပ်နေပါတယ်။ 
 ၁၃။ The ancient Jewish Temple will be rebuilt 
 ရှေးဟောင်း အစ္စရေးဗိမာန်တော်ကို ပြန်လည်တည်ဆောက်ပါမယ်။ ဒံယေလ၊ ယေရှု နဲ့ တမန်တော်ပေါလု၊ ယောဟန် တို့ပတတိယ
ဗိမာန်တော် ဆောက်မယ်၊ ပရောဖက်ပြုထားပါတယ်။ အစ္စရေးဘက်ခြမ်း ယေရှုဆလင်ဗိမာန်မှာ ပစ္စည်းများ ပြင်ဆင်ထားပြီး၊ ယာဇ်မရောဟိတ် သင်တန်းများ ပေးနေကြပါပြီ။ ဗိမာန်တည်ဆောက်ပြီးရင် နောက်ဆုံး
ကာလ အာမဂါဒုန်စစ်ပွဲဖြစ်ပါတော့မယ်။ 
၁၄။ အီရန် (ကျမ်းစာမှာ ပါရှန်နိုင်ငံ) ကို အစ္စရေးနိုင်ငံပြန်
ထူထောင်ရာမှာ ပြသနာလုပ်မဲ့ နိုင်ငံလို့ ကျမ်းစာမှာရေးထား
ပါတယ် (ဧဇရ ၃၈)။ အခု ၂၀၁၇ ခုနှစ်မှာလဲ အီရန်နိုင်ငံက အကြမ်းဖက်သမားအုပ်စုကို အားပေးနေပါတယ်။ မွတ်ဆလင်
တို့ရဲ့ ကိုရမ်ကျမ်းမှာလဲ သန့်ရှင်းသော
စစ်ပွဲ Jihad တိုက်ကြဖို့ ရေးထားပါတယ်။ 
၁၅။ Turkey will also join in the attack on Israel 
 တူရကီနိုင်ငံလည်း အစ္စရေးကို တိုက်ခိုက်တဲ့ နိုင်ငံအဖွဲ့နဲ့ ပူးပေါင်း
ပါမယ် (ဧဇရ ၃၈)။ ၂၀၀၂ တုန်းကလည်း အစ္စရေးကို တိုက်ခိုက်ပါတယ်။ ၂၀၀၇ မှာ တူရကီက အစ္စလမ်ဝါဒီ သမ္မတကို ရွေးချယ်တင်မြှောက်ပါတယ်။ ဟစ်တလာရဲ့ လူမျိုးရေးဝါဒ စာအုပ်ကလည်း တူရကီနိုင်ငံမှာ ရောင်းကောင်းနေပါတယ်။ ဥရောပဘုံဈေး အီးယူအဖွဲ့ကို ဗျာဒိတ်ကျမ်းအတိုင်း ၁၀နိုင်ငံနဲ့ စတင်ခဲ့ပေမဲ့ ၂၀၁၇ မှာ နိုင်ငံပေါင်း၃၀လောက် ဖြစ်လာပြီ၊ တူရကီနိုင်ငံကိုပါ လက်ခံဖို့ 
စဉ်းစားနေပြီ ဖြစ်ပါတယ်။ နောင်တချိန် အီးယူ က အစ္စရေးကို 
တိုက်ခိုက်မဲ့ နမိတ်လက္ခဏာနဲ့ တူရကီ အီးယူဝင်ဖို့လုပ်နေတာ၊ နောက်ဆုံးကာလအချိန် ဖြစ်နေပါတယ်။ 
 ၁၆။ The Middle East Peace Process 
အရှေ့အလယ်ပိုင်းနဲ့ ကမ္ဘာငြိမ်းချမ်းရေး အော်ဟစ်နေကြပါတယ် (၁သက်၅း၃)။ ငြိမ်းချမ်းရေးနိုဘယ်ဆုပေးပြီး၊ ကမ္ဘာ့ ကုလသမဂ္ဂ 
ကလည်း ငြိမ်းချမ်းရေးကို အထူးကြိုးပမ်းနေပါတယ်။ . 
 ၁၇။ Damascus, the capital of Syria; it will be destroyed ဆီးရီးယားနိုင်ငံမြို့တော်ဒမတ်စကပ်ဖျက်ဆိးခံရမယ်။
(ဟေရှာရ ၁၇း ၁၊ ၁၄)။ လက်ရှိ ဒမတ်စကပ်မြို့တော်ဟာ အကြမ်းဖက်သမားတွေနဲ့ တော်တော်ရှုပ်ထွေးနေပြီ ဖြစ်ပြီး ပျက်စီးမဲ့အခြေအနေ ရောက်နေပါပြီ။ 
၁၈။ Satellite television Telephones 
ယနေ့ ကမ္ဘာ့ တယ်လီဖုန်းဆက်သွယ်ရေး စနစ်ဟာ ကွန်ပြူတာ၊ တယ်လီဗွီး၇ှင်း၊ ကမ္ဘာပတ်ဂြိုလ်တုများ၊ မိုဘိုင်းဖုန်း၊ တက်ပလက် တိုးကက်နေပါတယ် (ဗျာဒိတ် ၁၁း၉-၁၀၊ ဗျာဒိတ် ၁၇း၈)။ ရှင်ယောဟန်ဗျာဒိတ်အတိုင်း အလင်းအလျှင်နဲ့ ဆက်သွယ်နေကြပါပြီ။
  ၁၉။ The human species will be capable of destroying all life လူသားမျိုးနွယ်တွေဟာ သက်ရှိအားလုံးကို ဖျက်ဆီးပစ်လိုက်
နိုင်တဲ့ စွမ်းအားကြီးကို ပိုင်ဆိုင်ပါတယ် (မသဲ ၂၄း၂၂)။ 
သမရိုးကျ ဒါး၊ လှံ၊ လေးမြှား၊ သေနပ် တွေကနေ ညူကလီယာ၊ ဇီဝလက်နက်၊ ဓါတုလက်နက်တွေ ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ ညူကလီယာလက်နက်ကို ဇာခရိ ၁၄း၁၂ မှာ ပုံဖေါ်ပြထားပါတယ်။ ဘုရားသခင်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကတည်းက ညူထရွန်ဗုံးက အားလုံးကို အရည်ပျော်သွား စေပါမယ်။ ဒုံးပျံနဲ့ ဒုံပျံပစ်စင် လက်နက်များတီထွင်ကြပါတယ် (ဗျာဒိတ် ၉း၁၇-၁၉)။ 

ကျမ်းစာမှာပါတဲ့ ခံတွင်းထဲက ကန့်၊ မီးလျှံ ၊ မီးခိုး ထွက်ကြ၏ ဆိုတာ 
ဒုံးပျံ လက်နက်များ ဖြစ်ပါတယ်။ ညူကလီယား နဲ့ ဇီဝလက်နက်ကြီးများ တီထွင် ထုတ်လုပ်ကြမယ် (ဗျာဒိတ် ၁၁း၁၈၊ မသဲ ၂၄း၂၁-၂၂)။ 
အနုမြူဗုံးကို တီထွင်ပြီး အခု၂၀၁၇ မှာ ညူကလီယားဗုံးများဟာ အလွန်ကြောက်မက်ဖွယ်၊ တတိယ ကမ္ဘာစစ်ဖြစ်ရင် တမဟုတ်ချင်း လူသန်း၅၀၀ သေဆုံးမှာဖြစ်ပြီး၊ လူပေါင်း သန်း၄၀၀၀ ကတော့ ပြင်းပြနာကြင်စွာနဲ့သေကြမှာဖြစ်ပါတယ်။ 
 ၂၀။ Chaotic Weather 
ကဗြောင်းကဗြန်ရာသီဥတုဖြစ်ခြင်းက အသစ်အဆန်းမဟုတ်တော့ပါ 
(လုကာ ၂၁း၂၅)။ နောက်ဆုံးကာလမှာ ဆူနာမီ၊ လှိုင်းကြီးတွေ ဖြစ်မယ်လို့ဆိုပါတယ်။ ဆူနာမီလှိုင်းလုံးကြီးများဟာ ပင်လယ်အောက် မြေငလျင်နဲ့စွမ်းအားကြီးများကြောင့် ဖြစ်ပေါ်လာပြိး၊၁၉၀၀ နောက်
ပိုင်းမှာ မြေငလျင်အလွန်များပြားလာသလို ဆူနာမီလှိုင်းလုံးများလဲ ယခင်ရာစုများထက် အလွန့်အလွန်များပြားလာတာကို တွေ့ရပါတယ်။ ရာသီဥတု ပူပြင်းခြင်း၊ အိုဇုန်းလွှာပေါက်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်း
များစွာ မကြုံစဖူး ဖြစ်ပွားနေပါတယ်။ 
၂၁။ Europe will eventually dominate the world
 ဒံယေလကျမ်းစာအရ ဥရောပတိုက်တစည်းတလုံးတည်း ရောမအင်ပါယာခေတ်ပြီးတဲ့နောက်၊ နောက်ဆုံးကာလအချိန် ဥရောပတိုက်နိုင်ငံများ ပြန်လည်တစည်းတလုံးတည်း ဖြစ်လာမယ် ရေးထားပါတယ်။ အီးယူ ဥရောပယူနီယံ အဖွဲ့ကြိး ပေါ်ပေါက်လာပြီး၊ ပါလီမာန်၊ တရားရုံ၊ ငွေစက္ကူ တွေအပြင် ခရီးသွားဗီဇာပါ 
မလိုတော့တဲ့ အခြေအနေဖြစ်လာပါတယ်။ ဒါက ယေရှု ဒုတိယအကြိမ်ကြွလာမယ် ဆိုတဲ့ ထင်ရှားတဲ့ 
ပရောဖက်ပြုမှု မှန်ကန်လာခြင်းဖြစ်ပါတယ်။ 
၂၂။ The violent murder 
သခင်ယေရှုက ပြောခဲ့ပါတယ်။ စစ်ပွဲ နဲ့ အကြမ်းဖက်မှု
သတ်ဖြတ်မှုတွေ အမြောက်အများ ဒီကမ္ဘာကြီးမှာ ဖြစ်မယ်လို့ 
ဆိုပါတယ်။ ယနေ့ကာလမှာ ဒါဇင်ပေါင်းများစွာသော 
စစ်ပွဲများ ဖြစ်နေပြီး၊ မမွေးသေးတဲ့ ကလေးငယ်များကို သတ်ဖြတ်
ပစ်မှုဟာ အလွန်များပြားနေပါတယ်။ အချက်အလက်များအရ 
၄၆သန်းသော ကလေးငယ်များ သန္ဓေဖျက်ချခြင်း ခံနေရပါတယ်။ 
၂၃။ Travel shall increase in the time of the end
 နောက်ဆုံးကာလမှာ လူသားတွေ ခရီးများစွာသွားလာကြမယ် 
(ဒံယေလ ၁၂း၎)။ သင်္ဘော၊ မော်တော်ကား၊ လေယာဉ်ပျံ တီထွင်မှု
များကနေ လူသားတွေ ကမ္ဘာအနှံ့သွားလာနိုင်လာတယ်။ 
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ တုန်းက မြင်း၊နွား တွေနဲ့ပဲ သွားလာ
ရာကနေ ၁၇ရာစု စက်မှုတော်လှန်ရေးကြောင့် စက်များတီထွင်
လာပြီး၊ အခုခေတ်မှာ လေယဉ်ပျံတွေနဲ့ လူသားတွေ အလွန်ခရီးသွားနိုင်နေပြီ ဖြစ်ပါတယ်။ 
၂၄။ Knowledge shall increase in the time of the end နောက်ဆုံးကာလမှာ လူသားတွေရဲ့ ဗဟုသုတ အလွန်ကြွယ်ဝလာမယ် (ဒံယေလ ၁၂း၎)။ ၂၀ရာစုမှာ သိပ္ပံပညာ၊ နည်းပညာ၊ တီထွင်မှုတွေ မြောက်များစွာ ဖြစ်လာပါတယ်။ မော်တော်ကား၊ လျှပ်စစ်၊ အီလက်
ထရွန်းနစ်၊ ကွန်ပြူတာ၊ ညူကလီယာစွမ်းအင်၊ ဂြိုလ်တု၊ အာကာသခရီး၊ တယ်လီဖုန်း၊ အင်တာနက်၊ မိုဘိုင်း၊ တီဗွီ၊ ဂျက်လေယာဉ်ခရီး၊
 ဆေးပညာ၊ ကြောက်မက်ဖွယ်လက်နက်များ နဲ့ မူးယစ်ဆေး
မျိုးစုံ၊ ရောဂါများစွာ ဖြစ်လာပါတယ်။ 
၂၅။ A mark on their right hand or on their forehead 
လူများရဲ့ ညာဖက်လက်ဖမိုး နဲ့ နဖူး တွေမှာ တံဆိပ်ခပ်ခြင်းလုပ်ကြမယ် (ဒံယေလ ၁၃း၂၆)။ လူတွေဟာ တက်တူးထိုးခြင်း၊ နားဖောက်ခြင်း၊ အသားအရေပေါ်အမှတ်အသားများ လုပ်လာကြပါတယ်။ 
ကမ္ဘာသမိုင်းမှာ ပထမဆုံး ဘားကုတ်လို ကုန်တံဆိပ်အမှတ်သား နည်းပညာပေါ်လာပါတယ်။ ကမ္ဘာ့ နိုင်ငံအစိုးရတိုင်းက မိမိတိုင်းပြည်
များကို တညီတညွတ်တည်း ဖြစ်လိုပြီး၊ တနိုင်ငံနဲ့တနိုင်ငံ ငွေကြေး၊ ဘဏ်လုပ်ငန်းများကို ထိန်းချုပ်ဖို့လိုလာပါတယ်။ ကွန်ပြူတာ 
နည်းပညာနဲ့ ချစ်ပ် ဆိုတဲ့ အပြားလေးတွေကို ညာလက်ဖမိုး နဲ့ 
နဖူး နေ၇ာများမှာထည့်သွင်းခြင်းက အသင့်လျော်ဆုံးနေရာ
 ဖြစ်တယ် ဆိုပါတယ်။ 
၂၆။ Pestilence and Diseases shall increase 
ကာလနာများပြားခြင်း ဖြစ်လာပါတယ် (မသဲ ၂၄း၇)။ ဗိုင်းယပ်စ် 
များကြောင့် ရောဂါများစွာဖြစ်လာပြီး လူသန်းပေါင်းများစွာ သေကြေကြပါတယ်။ AIDS (သန်းပေါင်း၃၀သေဆုံး)၊ဆစ်ဖလစ်ရောဂါ၊ ဟိုက်ပါတက်တစ်ဘီ၊ စီ၊ တီဘီ (၃သန်းသေဆုံး)၊ ငှက်ဖျား၊ပိုလီယို၊ တိုက်ဖွိုက်၊ ကင်ဆာ၊ အိပ်မပျော်တဲ့ရောဂါ၊ ပါကစ်ဆင်ရောဂါ၊ မက်ကောင်းရောဂါ၊ နှလုံးရောဂါ အလွန်များပြားတဲ့ ရောဂါများ ဒီခေတ်ကာလထဲမှာ ဖြစ်နေပါတယ်။ ဆယ်စုနှစ်အနည်းငယ်က သိပ္ပံပညာရှင်များက ဆေးပညာအားဖြင့် ရောဂါအားလုံးကို ကုသပျောက်ကင်းနိုင်တော့မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆေးပညာအလွန်တိုးတက်လာသလို ကြောက်မက်ဖွယ်ရောဂါ၊ ဗိုင်းရပ်စ်တွေလည်း အလွန်များပြားလာတာ နောက်ဆုံးကာလပါပဲ။ ကူးစက်တတ်တဲ့ရောဂါများမှာ မူးရစ်ဆေးကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတွေက အများဆုံးပါ။ 
 ၂ရ။ Famines shall increase.  
အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း ဖြစ်လာပါမယ် (မသဲ၂၄း၇။ 
လုကာ ၂၁း၁၁။ ဗျာဒိတ် ၆)။ အစာငတ်မွတ်ခေါင်းပါးမှုတွေဖြစ်ရခြင်းက မိုးခေါင်ခြင်း၊ ရေဘေး၊ စိုက်ပျိုးရေးမအောင်မြင်မှု။ ပိုးမွှား၊ ကာလနာ၊ ရောဂါများပြားခြင်းတွေကြောင့် ဖြစ်ပါတယ်။လက်ရှိကမ္ဘာမှာလူဦးရေ သန်းပေါင်း၈၀၀ အလွန်ဆင်းရဲမွဲတေပြီး အစာမလုံလောက် ငတ်မွတ်နေကြပါတယ်။ အာဖရိကနိုင်ငံများစွာ၊ မြောက်ကိုးရိးယား၊ အာဖဂန်နစ္စတန် တို့ဖြစ်ပါတယ်။ 
၂၈။ Blood Moon 
လအနီရောင် ဖြစ်ရပ်ကြီးက ၂၀၁၄ခုနှစ် ဧပြီလမှာ ဖြစ်ပေါ်ခဲ့ပါတယ် 
(လုကာ ၂း၂၀၊ ဗျာဒိတ် ၂၁း၁၁) ။ ၄ကြိမ်ဖြစ်ပေါ်ခဲ့ပါတယ်။ 
 ဒါက နောက်ဆုံးကာလ နီးနေကြောင်း ဘုရားသခင်ရဲ့ ကောင်းကင်မှာ ပြသတဲ့ သင်္ကေတကြီး ဖြစ်ပါတယ်။ 
၂၉။ A solar eclipse will come 
 လအနီရောင်ဖြစ်ခြင်း များဖြစ်ပေါ်ပြီး ကြားကာလမှာ နေကြပ်မယ်လို့ ဗျာဒိတ်ကျမ်းမှာ ရေးထားပါတယ်။ ၂၀၁၄ ဧပြီ ၁၅၊ အောက်တိုဘာ ၈ နှစ်ခါလအနီရောင်ဖြစ်ပေါ်ပြီး ၂၀၁၅ မတ်၂၀ မှာ နေကြပ်ပါတယ်။ နောက် ဧပြီ၎၊ စက်တင်ဘာ၂၈ တို့မှာ လအနီရောင် ဆက်လက်ဖြစ်ပေါ်ပါတယ်။

No comments:

Post a Comment