ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

August 20, 2019

1940 နောက်ပိုင်းဖြစ်လာတဲ့ နိမိတ်လက္ခဏာ ၄၀ ( 30 - 40)

၃၀။ World population shall greatly increase ကမ္ဘာ့လူဦးရေအလွန်များပြားလာပါတယ်။ နောက်ဆုံးသော
ကာလမှာ လူ သန်းပေါင်း၂၀၀ ပါတဲ့ စစ်တပ်ကြီးအကြောင်း ဗျာဒိတ်ကျမ်းမှာရေးထားပါတယ်။ (ဗျာ ၉း၁၆)။ ဒီစစ်တပ်ကြီးဟာ ဥဖရက်မြစ်အလွန်က ချီတက်လာမယ်။ တရုပ်ပြည်ဖြစ်ပါတယ်။ 
လူသား သုံးပုံတစ်ပုံသေကြမယ်။ လွန်ခဲ့တဲ့ နှစ်၂၀၀၀ ပရောဖက်ပြု
စဉ်က သန်း၂၀၀ စစ်တပ်ကြီးဆိုတာ မဖြစ်နိုင်ပါဘူး။

အခုချိန်မှာ တရုပ်ပြည်ကြီးက လူဥိးရေသန်းပေါင်း ၁၃၀၀ ရှိနေတဲ့
အတွက် ကျမ်းစာအတိုင်း လူသန်း၂၀၀ စစ်တပ်ကြီးဆိုတာ ဖြစ်နိုင်နေပါပြီ။ တရုပ်ပြည်တစ်ခုထဲ စစ်သည် သန်း၂၈၀ ရနိုင်ပြီဖြစ်ပါတယ်။ 
တကမ္ဘာလုံး လူဥိးရေ ၁၈၀၀ခုနှစ်က သန်း၁ထောင်ပဲ ရှိနေပေမဲ့ တမုဟုတ်ခြင်း ၂၀၀၀ခုနှစ်မှာ သန်းပေါင်း ၇၀၀၀ ရှိသွားပါပြီ။ 
၃၁။ Earth Quake
 မြေငလျင်ကြီးများ အလွန်များပြားပါတယ် 
(မသဲ ၂၄း၇)။ အလွန်ကြီးမားတဲ့ မြေငလျင်ကြီးတွေ ၁၉၀၀ နောက်
ပိုင်းမှာ တကမ္ဘာလုံး မကြုံစဖူး ဖြစ်ပွားလာပြီး၊ မြို့ကြီးများ၊ နိုင်ငံများ မြေငလျင်အောက် ကျဆုံးရပါတယ်။ ၁၉၉၁ ခုမှာပဲ မြေငလျှင် ၁၅ခု
 ပြင်းအား ရစ်ချတာစကေး ၇.၁ အထက်လှုပ်ပါတယ်။

Australian Seismic Center အချက်အလက်အရ နေ့တိုင်း 
ငလျှင် ၁၀၀ခု လှုပ်နေ ပါတယ်။ ၇၅% ငလျှင်များက 
ရစ်ချတာစကေး ၃ ရှိပြီး ၂၅% ကတော့ ၄ ထက်များ ပါတယ်။ 
ပင်လယ်ပြင်က မြေငလျှင်ကြောင့် စူနာမီလှိုင်းလုံးများ ဖြစ်ပေါ်လာမှု 
မကြာ ခဏဖြစ်လာပါတယ်။

 ၃၂။ Concerns the state of marriage  
လက်ထပ်မဂ်လာ ဆိုတာယောင်္ကျားမိန်းမ တို့အတွက် 
ဘုရားသခင်က လူသား တွေကို ဂုဏ်ပြုပေးအပ်ခဲ့တာပါ။ ဒါကို လူများစွာတို့က ဂရုမစိုက်ဖြစ်ကြမယ် (၁တိ၎း၃)။ ရိုမင်ကာသိုလစ်ခရစ်ယန်များမှာ သင်းအုပ်၊ သီလရှင် 
အများအပြားဟာ လက်ထပ်ခြင်း တားမြစ်ခံရတော့ အချို့သော လိင်နဲ့ဆိုင်တဲ့ ပြသနာ များ ဖြစ်ပေါ်လာပါတယ်။ သခင်ခရစ်တော်
ကိုယ်တိုင် နောက်ဆုံးကာလမှာ ဒီလိုဖြစ်လာ မယ်လို့ ပြောပါတယ်။

 အဆိုးဆုံးကတော့ လိင်တူ လက်ထပ် ပေါင်းသင်းခွင့်ကို တရားဝင်ပေးအပ်လာဖြင်း ဖြစ်ပါတယ်။ လူတွေ အကျင့်စရိုက်ဆိုး တိုးပွားများပြားလာမယ်၊ ဆုံးမပြစ်ဒဏ်ပေးမယ်။ (ဟေ ၁၃း၁၁၊ ဟေ ၂၆း၂၁)။ ဘုရားသခင်၊ ကျမ်းစာ၊ အသင်းတော် များနဲ့မနေတော့ပဲ ယနေ့ခေတ်ကာလ လူတွေရဲ့ စာရိတ္တတွေ ပျက်ပြားလာကြမယ်။ နောက်ဆုံးကာလ ရောက်နေပြီဖြစ် ပါတယ် (၂တိ၃း၁-၅)။ ကိုယ်ကျိုးကြည့်ခြင်း၊ ၀ါကြွားခြင်း၊ လောဘကြီးခြင်း။ ကျေးဇူးကန်းခြင်း၊ ကလေးဖျက်ချခြင်း၊ မတရားသောမေထုန်၊ အကြမ်းဖက်ခြင်း။ 
မူးယစ်ဆေးဝါး၊ လောကဇိမ်ခံခြင်း တီဗွီ၊ မိုဘိုင်းဖုန်း၊ အားကစား၊ 
အလှပ ..တွေနဲ့အချိန်ကုန်နေမယ်။ 

 ၃၃။ Prediction of rampant sexual immorality 
မတရားသောမေထုန်၊ လိင်မှုပြသနာများ၊ အဓမ္မမှု၊ သက်ငယ်မုဒိမ်း၊ အိမ်ထောင် ရေးဖောက်ပြန်မှုများစွာ ဆိုးညစ်တဲ့နှလုံးသား ကျူးလွန်လာပါမယ်။ လွန်ခဲ့တဲ့ ဘယ်သောခါမှ ညစ်ညမ်းဓါတ်ပုံ၊ 
ဗွီဒီယိုများစွာ အခုခေတ် မိုဘိုင်းဖုန်း၊ တီဗွီ၊ ဗွီဒီယိုများမှာ အလွယ်တကူ ရရှိနေပါပြီ။ ဒါကြောင့် လိင်ပိုင်းဆိုင်ရာ စာရိတ္တပျက်ပြားမှု၊ ရာဇ၀တ်မှုများစွာ မကြုံစဖူး ဖြစ်ပွားနေပါတယ်။ AIDS (သန်းပေါင်း၃၀သေဆုံး)၊ ဆစ်ဖလစ်ရောဂါ၊ ဟိုက်ပါတက်တစ်ဘီ၊ စီ၊ တီဘီ (၃သန်းသေဆုံး)၊ 
ငှက်ဖျား၊ ပိုလီယို၊ တိုက်ဖွိုက်၊ ကင်ဆာ၊ အိပ်မပျော်တဲ့ရောဂါ၊ ပါကစ်ဆင်ရောဂါ၊ မက်ကောင်းရောဂါ၊ နှလုံးရောဂါ အလွန်များပြားတဲ့ ရောဂါများ ဒီခေတ်ကာလထဲမှာ ဖြစ်နေပါတယ်။ 

၃၄။ Wickedness will increase. inordinate self-love 
လူတွေအကျင့်စရိုက်ဆိုး တိုးပွားများပြားလာမယ်၊ ဆုံးမပြစ်ဒဏ်ပေးမယ်။ (ဟေ ၁၃း၁၁၊ ဟေ ၂၆း၂၁)။ ဘုရားသခင်၊ကျမ်းစာ၊ အသင်းတော် များနဲ့မနေတော့ပဲ ယနေ့ခေတ်ကာလ လူတွေရဲ့ စာရိတ္တတွေ ပျက်ပြားလာကြမယ်။ နောက်ဆုံးကာလ ရောက်နေပြီဖြစ်ပါတယ် (၂တိ၃း၁-၅)။ မိမိကိုယ်ကျိုးကြည့်ခြင်း၊၀ါကြွားခြင်း၊ လောဘကြီးခြင်း။
  ကျေးဇူးကန်းခြင်း၊ ကလေးဖျက်ချခြင်း၊ မတရားသောမေထုန်၊ အကြမ်းဖက်ခြင်း။ မူးယစ်ဆေးဝါး၊ လောကဇိမ်ခံခြင်း တီဗွီ၊ မိုဘိုင်းဖုန်း၊ အားကစား၊ အလှပ ..တွေနဲ့အချိန်ကုန်နေမယ်။ 

၃၅။ Worldwide Persecution of Christian. 
တကမ္ဘာလုံး ခရစ်တော်နောက်လိုက်များ ညှင်းပမ်း၊သတ်ဖြတ်ခြင်း 
ခံရမယ်။ အခုရာစုနှစ်အတွင်း သတ်ဖြတ်ခြင်းခံရသူများ အရေ
အတွက်ဟာ လွန်ခဲ့တဲ့ရာစု နှစ်အားလုံးမှာ သတ်ဖြတ်ခံရတာထက် ပိုများပြားပါတယ်။ မာတုရ ခရစ်ယန်များစွာ အရှေ့အယ်ပိုင်းနိုင်ငံများ၊ အာဖရိကနိုင်ဂျီးရီးယား၊ အာရှ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ မြောက်ကိုးရီးယားတွေမှာ မတရားစွပ်စွဲ၊ ညှင်ပမ်းနှိပ်စက်၊ 
သတ်ဖြတ်ခံ နေရပါတယ်။ IS လို့ခေါ်တဲ့ မွတ်ဆလင်အကြမ်းဖက်အုပ်စု ဆီးရီးယား၊ အီရတ်၊ လစ်ဗျားနိုင်ငံများက စတင်ပေါ်ပေါက်လာပြီး၊ အရှေ့အလယ်ပိုင်းနိုင်ငံများက ခရစ်ယန်များကို ခေါင်းဖြတ်၊ သတ်ဖြတ်နေကြပါတယ်။ တကမ္ဘာလုံး ဥရောပ၊အမေရိက မြို့ကြီး
များစွာမှာ နယူးယောက် 9/11 အပါအ၀င်၊ အကြမ်းဖက် 
ဗုံးဖောက်ခွဲခြင်း အသေခံသတ်ဖြတ်ခြင်း များစွာ ပြုလုပ်နေပါတယ်။ 

 ၃၆။ False religions and deceivers shall increase လွဲမှားသောကိုးကွယ်မှုများ၊ မိစ္ဆာပရောဖက် ဆရာများစွာပေါ်လာပါမယ် (မသဲ ၂၄း၃-၅။ ငါဟာခရစ်တော်ဖြစ်တယ်လို့ ပြောနေတဲ့လူတွေများစွာ တွေ့နေရပါတယ်။ ဒီကနေ့မှာ လွဲမှားတဲ့ဓမ္မဆရာ (မိစ္ဆာဆရာ) cluts ၃၀၀၀ လောက်ရှိနေပါတယ်။ အဲဒီအဖွဲ့အစည်းတွေက သမ္မာကျမ်းစာကို အယောင်ပြထားပြီး သူတို့ရေးထားတဲ့ စာအုပ်များကို အခြေခံထားတဲ့ လွဲမှားသောကိုးကွယ်မှုများဖြစ်ပါတယ်။ ခရစ်တော်ဟာကယ်တင်ရှင် လို့ဟောပြောရမဲ့အစား ကျင့်ထုံးနဲ့အကျင့်ကိုဦးစား ပေးတဲ့ လွဲမှားတဲ့ ကိုးကွယ်မှုနဲ့လွဲမှာတဲ့ဆရာများစွာ ပေါ်နေပါပြီ။ 

၃၇။ Church practice the forbidden in the Bible 
 ယေရုဆလင်မြို့။ နောက်ဆုံးသောကာလ ယေရှုကြွလာမဲ့နေရာက ယေရှုဆလင်မြို့ဖြစ် ပါတယ်။ ဒါပေမဲ့ လွဲမှားသောသွန်သင်ချက်များက တခြားနေရာ (ရောမမြို့၊ ဗာတီကန်) စသဖြင့် ပြောနေကြပါတယ်။ ပညတ်တော်(၁၀)ပါးကိုလည်း အရေးမထားကြတော့ပါ။ အခုခေတ် ခရစ်ယာန်အသင်းတော်ကြီးများက ဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုခြင်း၊ နှုတ်ကပတ်တော်(ကျမ်းစာ)လေ့လာခြင်း များကို ဦးထိပ်ထားရမဲ့အစား၊ လူမှုရေး၊ လူမျိုးရေး၊ ပွဲလမ်းသဘင်များ၊ ယောဂီတရားထိုင်ခြင်း၊ ချမ်းသာကျမ်းမာခြင်း စတဲ့ အလေ့အကျင့်များကို ပိုဦးစားပေးလာနေကြပါတယ်။ ယေရှုဆလင်မြို့နဲ့ 
ဂျူးလူမျိုးများအတွက် ဘုရားသခင်ရဲ့ သနားဂရုဏာ
 တဖန်ခံစားဖို့ ဆုတောင်းပေးရပါမယ်။ 

 ၃၈။ Many Muslim nations shall oppose Israel 
မွတ်ဆလင်နိုင်ငံများက ရုရှားဦးဆောင်ပြီး၊ အစ္စရေးကို
တိုက်ခိုက်ပါမယ်။ (ဧဇရ ၃၈း ၅-၆၊ ၁၃)။ ဒီအဖြစ်
အပျက်ကတော့ အစ္စရေးနိုင်ငံ စတင်တည်ထောင်တဲ့နှစ် လွတ်လပ်ရေး
စစ်ပွဲ ၁၉၄၈၊ ဆိုင်းနိုင်းစစ်ပွဲ ၁၉၅၈၊ ၆ရက်စစ်ပွဲ ၁၉၆၇၊ ယွန်ကပူးစစ်ပွဲ 
၁၉၇၃ များကို ရုရှားကူညီမှုနဲ့ မွတ်ဆလင်နိုင်ငံများနဲ့တိုက်ခိုက်ရင်၊ ယေရုဆလင်မြို့တော်ကို ၁၉၆၇ စစ်ပွဲမှာ အပြီးသိမ်းပိုက်နိုင်ခဲ့ပါတယ်။ စစ်ပွဲတိုင်း အနီုင်ရခဲ့ပါတယ်။ အခု နောက်ဆုံး စစ်ပွဲကြီး အာမဂဒုန်စစ်ပွဲ မှာတော့ အစ္စရေးဘက်က၊ အမေရိကန်၊ဗြိတိန်၊ ဆော်ဒီအာရေဗျ တို့ကူညီကြပြီး၊ အန္တီခရစ် ဘက်က မြောက်ဖက်က အီးယူ၊ ရုရှား၊ အီရန်တို့တိုက်ခိုက်ကြမယ်၊ စစ်ရှုံးတဲ့အခါ အရှေ့ဘက်က 
တရုပ်ပြည်နဲ့ဂျပန် မဟာမိတ်စစ်တပ်ကြီး သန်း၂၀၀ တို့က 
ယူးဖရိတ်မြစ်ကို ပိတ်ပြီး လာရောက် စစ်ပွဲကြီးတိုက်ကြရပါမယ်။ အာမဂဒုန်စစ်ပွဲကြီးဖြစ်ပါတယ်။ (ဗျာဒိတ် ၁၆း၁၂) 

၃၉း Babylon emerge as a prominent force or city နောက်ဆုံးကာလမှာ ဘေဘီလုန်ပြန်လည်တန်ခိုးကြီးလာခြင်း (ဗျာဒိတ်)။ ကျမ်းစာ ပညာရှင်များကတော့ အီရတ်နိုင်ငံမှာ ဆဒန်ဟူစိန် ရေနံကြွယ်ဝခြင်း၊ စစ်အင် အားကြီးခြင်း၊ အမေရိကန်နဲ့စစ်ပြိုင်ခြင်း
 တွေကို ဘေဘီလုန်မြို့တော် တန်ခိုးပြန်လည်ကြီးထွားလာခြင်းနဲ့ ဖေါ်ပြပါတယ်။ ဒါကြောင့် ဘေဘီလုန် (သို့မဟုတ်) ဆော်ဒီအာရေဗျမြို့တော်မက္ကာ (သို့မဟုတ်) အီတလီ
နိုင်ငံရောမမြို့တော် တို့ကိုလည်း ရည်ညွန်းကြပါတယ်။ 

 ၄၀။ Mockery of the Second Coming 
အဆုံးသတ်အချက်ကတော့ လူတွေပေါ့ပေါ့ဆဆ နေထိုင် စားသောက်၊ပြက်ယယ်ပြု ပြောဆိုကြခြင်းဖြစ်ပါတယ် (၂ပေ၃း၂-၁၃)။ နောက်ဆုံးကာလ ရောက်လုပြိ၊ ရောက်နေပြီ သတိပေးလဲ၊ အေးပါ၊ နှစ်၂ထောင်ကတည်းက ရောက်တော့မယ် ပြောကြတာပဲ လို့၊ 
ဂရုမစိုက် နေထိုင်သွားသူများ အတွက် မျက်ရည်နဲ့အနွံ့တာ ထားပြီး အဆင်သင့်ပြင်ထားဖို့ ပြောရပါမယ်။ တယောက်ရရင် တယောက်ကို မေတ္တာနဲ့ ဆွဲခေါ်ရပါမယ်။ မိမိ မိတ်ဆွေတွေကို “ခရစ်တော် ဒုတိယအကြိမ်ကြွ လာခြင်းအတွက် အသင့်ဖြစ်ပြီလား” ..လို့
 မေးရပါမယ်။ သူတို့က မသိဘူး၊ မဖြစ်သေးဘူး ..လို့
အဖြေပေးရင်၊ သူတို့ကို သတင်းကောင်းပြောပြရပါမယ်။ 
သူတို့အတွက် ၀န်တာထားပြီး၊ နောက်ဆုံးသောကာလမှာ ဘေးဒဏ်ကြီးတွေ မခံစားစေဖို့ ဆုတောင်း၊ ဖိတ်ခေါ်ရပါမယ်။

(”Christine Darg )   Crd; Muran


No comments:

Post a Comment