ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

August 20, 2019

|| ၁၉၄၀ နောက်ပိုင်း နိမိတ်လက္ခဏာ -၄၀ပြည်.စုံခြင်း (1-10)

 သတိနဲ့အသင့်ရှိကြပါ။ နောက်ဆုံးသောကာလ၊ ယေရှု ဆိုတဲ့ ကယ်တင်ရှင်မေရှိယ ဂတိတော်အတိုင်း ပြန်လာချိန် အလွန်နီးနေပြီး 
ဆိုတာ အောက်ဖော်ပြပါ နမိတ်ကြီး (၄၀) နဲ့ ပြနေပါတယ်။ 
 ကျမ်းစာထဲမှာ ရေးထားတာတွေ တကယ်ဖြစ်နေပါပြီ။ပထမအကြိမ် ကြွလာတုန်းက လူအများမသိကြသလို ဒုတိယ အကြိမ်ကြွလာချိန်လည်း သတိမမူဖြစ်ကြမှာပါ။နိမိတ်လက္ခဏာ ၄၀ ကို ဆင်ခြင်၊ဖတ်ရှုခြင်း 
အားဖြင့် ကျွင်္နုပ်တို့ နှလုံးသားမှ အသင့် သတိရှိပါစေ။ 
 ၁။ False religions and deceivers shall increase.
 မိစ္ဆာပရောဖက်၊ လွဲမှားသောဆရာများစွာ ပေါ်လာပြီး ဘုရားသခင်ကို ငြင်းပယ်ဖို့ ဟောပြောကြပါမယ် (မသဲ ၂၄း၃၃)။ အခုခေတ်မှာ 
နာမည်ကျော် ဘုရားမဲ့ဝါဒီ မီဒီယာ စကားပြောကောင်းသူများပေါ်လာပြီး၊ ဘုရားသခင်နဲ့ကျမ်းစာနဲ့ ဝေးစေအောင်ဆွဲဆောင်ပြောကြပါတယ်။ ဘာသာရေးခေါင်းဆောင်များက ဘာမှပြန်မပြောပဲနေကြပါမယ်။ 
ဒါပေမဲ့ ဘုရားသခင်ကတော့ ငြိမ်နေမယ်မဟုတ်ပါဘူး။ 
 ၂။ Good News of Jesus will be preached to all nations ကောင်းကင်မှဂြိုလ်တု။ ဧ၀ံဂေလိတရားကို တကမ္ဘာလုံး ကြားအောင်၊ တရားစီရင်မဲ့နေ့ရောက်လာပြီး ဆိုတဲ့အကြောင်း ကောင်းကင်တမန်က ကြိးသောအသံနဲ့ကောင်းကင်အလယ်မှာ ၀ဲလျှက်နေတယ် (ဗျာဒိတ်၁၄း၆)။ ကောင်းကင်တမန် ဆိုတာ ကောင်းကင်မှာရှိတဲ့ ဂြိုလ်တု ဖြစ်ကြောင်း၊ ဧ၀ံဂေလိတရား၊ သတင်းကောင်းဖြစ်တဲ့ အပြစ်တွေလွှတ်ပေး၊ ကယ်တင်ခြင်းဟာ ယေရှုဖြစ်ကြောင်းကို တကမ္ဘာလုံးကြားအောင် ပြောခဲ့ပြီး။သမ္မာကျမ်းစာကို ဘာသာပေါင်း ၂၄၀၀ နဲ့ ဘာသာပြန်ခဲ့ပြီးပါပြီ။ 
ဒါဟာ တကမ္ဘာလုံး လူဦးရေနဲ့ ၉၀% ကြားပြီဖြစ်ပါတယ်။ 
၃။ Born of Isreal after 1900 years. 
အကြီးဆုံးလက္ခဏာ၊ အစ္စရေးနိုင်ငံပေါ်လာခြင်း။ ပရောဖက်များစွာ နမိတ်ပြခဲ့ပါတယ်။ ဟေရှာယ ၁၁း၁၁၊ ဧဇရ ၃၇၊ ၃၈၊ ၃၉ နဲ့ လုကာ၂၁ တွေမှာ နောက်ဆုံးသော ကာလအချိန်မှာ ဂျူးလူမျိုးများ တဖန်ပြန်လည်စုစည်းကြမယ်လို့ ရေးထားပါတယ်။ ဂျူးလူမျိုးများ ယေရုဆလင်မြို့က နှင်ထုတ်ခြင်းခံရပြီး နှစ်ပေါင်း ၁၉၀၀ ကြာခဲ့ပြီး ရုတ်တရက် ဟေရှာယ ၆၆း၈ အတိုင်း ၁၉၄၈ခုနှစ် မေလ ၁၄ရက်မှာ နိုင်ငံဖြစ်လာ ပါတယ်။ ဥရောပ၊ အာရှ ၊ အမေရိက နိုင်ငံများစွာက ဂျူးလူမျိုးတွေ ပြန်လာကြပါတယ်။ ရုရှားနိုင်ငံက ၁သန်း အပါအ၀င်ဖြစ်ပါတယ်။ 
၎။ All against the Isreal 
အစ္စရေးနိုင်ငံဟာ နှစ်၂ထောင်နီးပါးအကြာ တဖန်ပြန်လည်ထူထောင်လာနိုင်ပါတယ်။ နိုင်ငံပေါင်းများစွာက အစ္စရေးနိုင်ငံသစ်ကို တားမြစ်၊ နှောက်ရှက်ကြပါတယ်။ အခု ကုလသမဂ္ဂ ဆုံးဖြတ်ချက် Resolution များရဲ့ ၆၀% က အစ္စရေးကို ဆန့်ကျင် ချမှတ်ထားဆဲ ဖြစ်ပါတယ်။ မွတ်ဆလင်နိုင်ငံ ၅၀ နဲ့ ရုရှား၊ တရုပ်၊ အီးယူ တို့က အစ္စရေးကို ဆန့်ကျင်နေကြပါတယ်။ ပရောဖက် ယောလ၊ အာမုတ်၊ ဟေရှာယ တို့ရေးခဲ့တဲ့အတိုင်း စပျစ်နဲ့သီးပင်များ စိုက်ပျိုးကြတဲ့အတွက် သစ်ပင်ပေါင်း ၁၉၀၀ ဘီလျံအစ္စရေးနိုင်ငံသစ်မှာ စိုက်ပျိုးပြီးခဲ့ပါပြီ။ 
၅။ Modern Israel Language 
၁၉ ရာစု ဂျူးလူမျိုးရေး ၀ါဒီတယောက်ဖြစ်တဲ့ Eliezer Ben Yehuda ဆိုသူက ရှေးဟောင်း ဟီဘရူးဘာသာကို ခေတ်သစ်ဟီဘရူး စာပေအဖြစ် အဘိဓါန်ကို သူတစ်ယောက်တည်း ပြုစုထုတ်ဝေနိုင်ခဲ့ပါတယ်။ ဒါက အစ္စရေးစာပေနဲ့စကားကို တလုံးတ၀တည်း ဖြစ်စေတဲ့ 
လုပ်ရပ်ကြီးတစ်ခုပါ။
 ၆။ Jerusalem City
 ယေရုဆလင်မြို့တော် အကြောင်းဖြစ်ပါတယ်။ တနေ့မှာ အစ္စရေး
လူမျိုးတွေ ပြန်လည်သိမ်းပိုက်နိုင်မယ်လို့ ကျမ်းစာမှာရေးထားပါတယ် (လုကာ ၂၁း၂၄)။ အေဒီ၇၀ ကတည်းက ယေရုဆလင်မြို့ကို လူမျိုးခြားတွေက အုပ်စိုးခဲ့ပါတယ်။ ၁၉၆၇ အာရပ်-အစ္စရေး ၆ရက်
 စစ်ပွဲမှာ အစ္စရေးတွေ ယေရုဆလင်မြို့တော်ကို ပြန်သိမ်းပိုက်နို
င်ခဲ့ပါတယ်။ ကုလသမဂ္ဂ၊ ဗာတီကင်ပုပ်ရဟန်းမင်းနဲ့ နိုင်ငံကြီးတွေက ယေရုဆလင်မြို့တော်ကို အပြည်ပြည် ဆိုင်ရာမြို့တော်အဖြစ် သတ်မှတ်လိုပေမဲ့ ဘုရားသခင်က ခွင့်မပြုပါ။ အစ္စရေးတွေက ယေရှုဆလင်မြို့ကို သူတို့မြို့တော်
အဖြစ် ကြေညာခဲ့ပါတယ်။ 
 ၇။ Persecution of Israel People 
အစ္စရေးလူမျိုးများလောက် ညှင်ပမ်းနှိပ်စက်၊ သတ်ဖြတ်ခံရတာ 
ကမ္ဘာမှာ ဘယ်လူမျိုးမှ မရှိပါဘူး။ ဟစ်တလာ က မျိုးပြုတ်အောင် သတ်ဖြတ်ခဲ့တယ်။ အန္တီခရစ် ပေါ်လာရင် ဘေးဒဏ်ကြီး ကာလမှာ အစ္စရေးတွေကို ဖျက်ဆီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါပေမဲ့ မရပါဘူး။ ဘုရားသခင်စောင့်ရှောက်ထားလို့ပါ။ ကုလသမဂ္ဂဆုံးဖြတ်ချက် အချက်ပေါင်း၇၀၀ မှာ 
အချက်၄၅၀ က အစ္စရေးကို ရှုံ့ချထားပါတယ်။ 
၈။ Psalm 83, Neighbor country will against Israel 
ဆာလံ ၈၃ မှာ အစ္စရေးနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံအားလုံးဟာ 
တညီတညွတ်ထဲ အစ္စရေးကို ဆန့်ကျင်ကြမယ်လို့ ရေးထားပါတယ်။ ဒီကနေ့ တကယ် ကျမ်းစာအတိုင်း ဖြစ်နေပါတယ်။ 
 ၉။ Israel shall be militarily superior to Egypt. ကျမ်းစာဖြစ်ရပ်မှန်ကတော့ အစ္စရေးရဲ့ သဘာဝလွန်လက်ရှိအခြေအနေပါ။ ၁၉၄၈ အစ္စရေးနိုင်ငံ စတည်ထောင်ပြီးနောက် စစ်ပွဲကြီး၃ခု နဲ့ စစ်ပွဲငယ်များမှာ အင်အားခြင်းမမျှမတ အီဂျစ်နဲ့အာရပ်နိုင်ငံများစွာက တိုက်ခိုက်ချေမှုန်းခံရပါပေမဲ့ စစ်ပွဲတိုင်းကို အစ္စရေးတွေ အနိုင်ရရှိခဲ့ပါတယ်။ အနာဂါတ်စစ်ပွဲမှာ အစ္စရေးကို ချေးမှုန်းခံရမယ်ဆိုရင်တောင် 
ဘုရားသခင်က ကယ်တင်မှာဖြစ်ပါတယ်။ 
 10 ။ Israel will be a land of unwalled villages. 
ကျမ်းစာအရ အစ္စရေးနိုင်ငံကို နိုင်ငံတကာက ပိုင်းခြားမယ်လို့ဆိုပါတယ် (ယောလ ၃း၂၊ ဒံယေလ ၁၁း၃၉)။ ၁၉၄၇ ခုနှစ် ကုလသမဂ္ဂ ဆုံးဖြတ်ချက် ၁၈၁ ထုတ်ပြန်ပြီး၊ အစ္စရေးမြေကို ခွဲပြီး ပါလက်စတိုင်းနိုင်ငံ ထူထောင်ပေးပါတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နိုင်ငံကို ခွဲခြမ်းလို့မရပါဘူး။ ယေရုဆလင်မြို့တော်မှာလဲ မွတ်ဆလင်တို့ရဲ့ ဗလီ Doom of the Rock နံရံနဲ့ ပိုင်းခြားထားခြင်းခံရပါတယ် (ဧဇရ ၃၈း၁၁)။ တံတိုင်းနဲ့ကာထားပေမဲ့ အခုခေတ်ကာလ လေကြောင်းလက်နက်များကြားမှာ တံတိုင်းနဲ့ကာကွယ်လို့မရတော့ပါ။

No comments:

Post a Comment