ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

July 2, 2019

၃။ဘေးဒဏ်ကြီးကာလနှင့် ဒံယေလ၏ ခုနှစ် မြောက်သီတင်း

ခရစ်တော်သည် ယော ၁၆း၃၃ တွင် ကပ်ကာလအဆုံး၌ ဘေးဒဏ်ကြီး ကာလကို ကတိပြုထားသည့် အတိုင်း၎င်း အသင်းတော်သည် 
စပိန်ပြည်တွင် နှိပ်ကွပ်စဉ်က၎င်း၊ အမှောင်ခေတ်တွင်၎င်း၊
 ကြီးစွာသော ညှင်းဆဲခြင်း ကိုခံရပြီးဖြစ်၍ မြောက်မြားစွာသော 
လူတို့သည် အသင်းတော်၌ မကြုံဘူသော ဘေးကြီး ကျရောက်လိမ့်မည့် အရေးကို ငြင်းပယ်လိုကြပါသည်။ 
သို့ရာတွင် လွန်ခဲ့သော အချိန်၌ ကျရောက်ခဲ့သော
 ဘေးဒဏ်များနှင့် မနှိုင်းယှဉ်သာသော၊
 နှုတ်ဖြင့် စာဖြင့် ပြောပြ၍ မရလောက်အောင် ခက်ခဲသော မကြုံစဘူး 
အခက်အခဲသည် ဤကမ္ဘာပေါ်သို့ ကျရောက်ဦးမည် ဖြစ်ပါသည်။ 
ဒံ ၁၂း၁။ ယော ၃၀း၇။ မ ၂၄း၁၅-၂ ၁။ ၂၉ နှင့် ဗျာ ၇း၁၄ ကိုဖတ်ပါ။ 
က။ မည်သည့်အချိန်တွင်အစပြုသနည်း။ 
(၁) အသင်းတော်ကို ချီဆောင်ပြီး ဆီးတားထားသော 
ဝိညာဉ်ဖြစ်သည့် သန့်ရှင်းသော ၀ိညာဉ်တော်ကို 
ရုပ်သိမ်း ပြီး နောက် ၂ သက် ၂း၁-၈။ 
(၂) သခင်ဘုရားသည် ဘုန်းတန်ခိုးအာနုဘော်ဖြင့်
 ကြွလာ တော်မမူမီ။ မ ၂၄း၂၉။ 
(၃) ဒံယေလ၏ ခုနှစ်ဆယ်ခုမြောက်သီတင်း
အစပြုသော အချိန် ဒံ ၉း၂၇။ (ဒံ ၉း၂၀-၂၇ ဖတ်) 
(က) သီတင်းပတ် တစ်ပတ်ကို တစ်နှစ်နှင့်
ဆက်၍ပြောသည်မှာ အစဉ်အလာ ဖြစ်သည်။ 
က၊ ၂၉း၂၇။ ဒံ၊ ၉း၂၈-၃၀။ 
(ခ) သီတင်း(၆၉) ပတ် ကြာသောအခါ မေရှိယသည် သတ်ဖြတ်ခြင်း 
ခံရမည်။ ယေရုရှလင်မြို့ ဖျက်ဆီးခြင်း ခံရမည်။(အေဒီ ၇၀)။ 
တနည်းအားဖြင့် ဒံယေလ မြင်သော သီတင်း ၆၉ နှင့် ၇၀ 
အကြာတွင် ကြား ကာလ ရှိလိမ့်မည်။ 
(ဂ) သီတင်းပတ်သည် ဣသရေလလူတို့နှင့် အန္တိခရစ် 
ချုပ်ဆိုသော စာချုပ် အားဖြင့် အစပြု မည်။ သုံးနှစ်ခွဲ ကြာ သောအခါ ထိုစာချုပ်ပျက်မည်။ ကျန် သုံး နှစ်ခွဲနှစ်သည် 
“ဘေးဒဏ်ကြီးကာလ” ဖြစ် သည်။ မ ၂၄း၁၅ တွင် ဖော်ပြထားလျက် ပြည့်စုံခြင်းမရှိသေးပါ။ ခရစ်တော်သည်ည်း
 နောင်တွင်ဖြစ်မည့် အရာ ဟု ဖော်ပြထား ပါ သည်။ 

 ခ။ ဘေးဒဏ်ကြီးကာလ၏ အဓိကလက္ခဏာများ။ 
(၁) အမျက်တော်ဖလားကို သွန်းလောင်းရာကာလဖြစ်သည်။ 
 (က) ဣသရေလအပေါ် စာတန်၏အမျက်။ ဗျာ ၁၂း၉၊ ၁၂၊ ၁၃၊ ဗျာ၁၃း၇။ (ခ) ခရစ်တော်၏ အမျက်တော်။ ဗျာ ၆း၁၆၊ ၁၇ သိုးသငယ်၏ အမျက်တော်။ (ဂ) ဘုရားမဲ့သော သူတို့အပေါ်ခမည်းတော်၏ အမျက်။ ခရစ်တော်ကို ငြင်းပယ်၍ သားရဲ၏ အမှတ်တံဆိပ်ကို ခံသောသူတို့အပေါ် ထွက်သောအမျက်။ ဗျာ ၁၄း၉-၁၁။ ၁၅း၇။ ၁၆း၁-၁၂။ လု ၂၁း ၂၄။ 
(၂) လူမျိုးနိုင်ငံများနှင့် ဣသရေလလူမျိုးအပေါ် တရားစီရင်သော အချိန်ဖြစ် ပါသည်။ ယေဇ ၂၀း၃၇၊ ၃၈။ ဗျာ ၃း၁၀။ ၁၄း၇။ ၁၆း၁။ မ ၂၅း၃၁၊ ၄၆။ 
(၃) သားရဲနှင့် မိစ္ဆာပရေဖက်တို့သည် ကြောက်မက်ဘွယ်ရာ
 ကြမ်းတမ်းစွာ အုပ်ချုပ်သော ကာလ ဖြစ်သည်။
 ဗျာ ၁၃း၁-၁၀။ (၅း၅း၇) ဗျာ၊ ၁၃း၁၁-၁၈ (၁၄-၁၆-၁၇) 
၎) နတ်ဆိုး၏ လှုပ်ရှားမှု ပြန့်ပွားနေသောကာလဖြစ်သည်။ ဗျာ ၁၆း၁၃-၁၄။ (၅) လူုတို့ခံစားနေရသော ဝေဒနာ၊ ဆင်းရဲခြင်း၊ ပျက်စီခြင်းတို့သည်
 ရေတွက် တိုင်းတာ၊ ပြောဆို၍ မရသော ကာလ ဖြစ်လိမ့်မည်။ 
(က) လူသားသည် နေ၏ လောင်မြိုက်ခြင်းကြောင့် အပူလောင်ခြင်း၊
 အံသွား ခဲတြိတ်ခြင်း၊ ညည်းတွားခြင်း၊ သေရန် 
ဆုတောင်းခြင်းများ ပြုကြလိမ့်မည်။ ဗျာ ၆း၁၂။ 
(ဃ) သစ်ပင်မြက်ပင်တို့၏ သုံးစုတစ်ခုသည်
 လောင်ကျွမ်းလိမ့်မည်။ ဗျာ ၈း၇။ ပင်လယ်ရေ သုံးစုတစ်စုသည် 
လူသေ၏ သွေးကဲ့သို့ဖြစ်လိမ့်မည်။ ဗျာ ၈း၈။ ၁၆း၃။ ဂ။ 

 ဤဘေးဒဏ်ကြီးများ၏ အဓိကရည်ရွယ်ချက်များ။ 
(၁) ဣသရေလလူတို့အား ဆုံးမ၍ မေရှိယအတွက် ပြင်ဆင်ရန်ဖြစ်ပေါ်သည်။ ယေဇ ၂၀း၃၇၊ ၃၈။ ယေ ၃၀း၇ တွင် ဤကာလသည် ယာကုပ်အမျိုး၌ အမှု ရောက် သောနေ့ ဟုဖော်ပြထားပါသည်။ 
(၂) ခရစ်တော်ကို ငြင်းပယ်လျက် သားရဲ၏ အမှတ်တံဆိပ်ကို 
ခံယူသော တစ်ပါး အမျိုးသား တို့ အား ဒဏ်ပေးသော ကာလဖြစ်သည်။ 
ဗျာ ၁၆း၂။ ယောလ ၁၄း၃။ မိက္ခာ ၅း၁၅။ 
(၃) တစ်ပါးအမျိုးသားတို့၏ ကာလကို အဆုံးသတ်ရန် ဖြစ်ပါ သည်။ 
လု ၂၁း၂၄။ တ ၁၅း၁၄-၁၆။ 

ဃ။ မည်မျှကြာပါမည်နည်း။ 
(၁) ဒံယေလ၏ သီတင်း (၇၀)။ ဒံ ၉း၂၀-၂၇။ ၇ နှစ်တစ်ပတ်ဖြင့်ေ
ရတွက် ခြင်းဖြစ်ပါသည်။ “မင်း” သည် ဣသရေလ လူတို့နှင့် ပဋိညာဉ်ချုပ်ဆိုခြင်းဖြင့် အစပြုခဲ့သည်။ ထိုကာလကို သီတင်းတစ်ပတ်ဖြင့် အတည် ပြုပါသည်။ ထို့ကြောင့် နှစ်ဖြင့် ရေတွက်သော သီတင်းဖြစ်ပါသည်။ (၂) ဘေးဒဏ်ကြီးကာလသည် ဒံယေလ၏ သီတင်း ၇၀ ၏ အဆုံးပိုင်း တစ်ဝက် တွင် ဤလောကသို့ ၀င်ရောက် လာမည် ဖြစ်ပါသည်။ 
(က) ထို ၇ နှစ်အလယ်တွင် “မင်း” သည် ဣသရေလ
လူတို့နှင့်ပြုထားသော ပဋိ ညာဉ်ကို ဖျက်၍ ဗိမာန်တော်ကို 
ညစ်ညမ်းစေပြီး။ ယေရုရျှလင်မြို့တွင် မိမိ ကိုယ်မိမိ
ဘုရားအဖြစ် တည်ထောင်သည်။ 
ဒံ ၉း၂၇။ ၁၁း၃၇။ မ ၂၄း၁၅-၂၂။ ၂ သက် ၂း၉။ 
 (ခ) ထို သုံးနှစ်ခွဲနှစ်ကာလကို သုံးမျိုးခေါ်ဝေါ်ထားပါသည်။ 
 ၁။ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်- ဒံ ၁၂း၇၊ ဗျာ ၁၂း၁၄။ 
၂။ လလေးဆယ်နှစ်ပတ်လုံး ဗျာ ၁၁း၂။ ၁၃း၅။ ၃။ ရက်ပေါင်းတစ်ထောင်နှစ်ရာခြောက်ဆယ်။ ဗျာ ၁၂း၆၅။ 
(ဂ) အာမဂေဒုံစစ်ပွဲကြီးဖြင့် အမြင့်ဆုံးအဆင့်သို့ ရောက်မည်။ ခရစ်တော်သည် ဘုန်းတန်ခိုး တော်ဖြင့် ကြွာလခြင်း နှင့် ဆက်ပါမည်။

No comments:

Post a Comment