ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

July 2, 2019

၂။ အန္တီခရစ်။

“ဒုစရိုက်လူ” “ပျက်စီးခြင်း၏သား” သည် အသင်းတော်အား 
ချီဆောင်ခြင်း မပြုမီကာလတွင် ထင်ရှား ပေါ်ထွက်လာခြင်း 
မရှိသေးသည်ကို သတိပြုရပါမည်။ ၂ သက် ၂း၁-၃၊ 
“ဆီတားသောသူ” သို့မဟုတ် “တားဆီးသော သူ” 
(သန့်ရှင်း သောဝိ ညာဉ်တော်)သည် လောကမှ ရုပ်သိမ်းပြီးသောအခါ ပေါ်လာ မည်ဖြစ်သည်။ ၂ သက် ၂း၆-၈။ 
ကမ္ဘာတွင် ယခုမြင်ရသော ခေါင်းဆောင်ကြီးများအား 
အန္တိခရစ်ဖြစ်သည်ဟု သတ်မှတ်ခြင်း အားလုံး သည် မိုက်မဲမှုသာ ဖြစ်ပါသည်။ ခရစ်ယာန်များသည် ခရစ်တော်ပေါ်လာခြင်းကို စောင့်မျှော်ရမည်ဖြစ်ပါသည်။ အန္တိခရစ် ပေါ်လာခြင်းကို
 စောင့်မျှော်ရမည် မဟုတ်ပါ။ 
က။ ငွေကြေးစနစ်အရသော်၎င်း၊ ကိန်းဂဏန်အရ၄င်း၊ 
လူမှုရေးအရ၄င်း၊ ဘာသာစကား အရ၄င်း၊ နိုင်ငံရေးအရ၄င်း 
ကမ္ဘာကြီးသည် ကမ္ဘာ့အစိုးရပေါ်ပေါက်လာရေးအတွက် 
လျင်မြန်စွာ ဦးတည်လျက်ရှိ ပါသည်။ ထိုအစိုးရကို အာဏာရှင်
တစ်ဦးက အာဏာ သိမ်းခြင်းကို သမ္မာကျမ်းစာတွင် “သားရဲ” သို့မဟုတ် အန္တိခရစ် ဟု ခေါ်ထားပါသည်။ 

 ခ။ ထိုသူ အမှန်ရှိကြောင်း အထောက်အထား။ 
ထိုသူသည် အမှန်ပင် ရှိကြောင်းကို သမ္မာကျမ်းစာထဲ၌ ဓမ္မဟောင်းကျမ်း၊ ဓမ္မသစ် ကျမ်းတို့ တွင် အထပ်ထပ် အမည် အမျိုးမျိုးဖြင့် ခေါ်လျက် အတည်ပြုထားပါသည်။ ၁။ ဓမ္မဟောင်းကျမ်းတွင် 
က။ နောက်မှလာသောသခင်။ ဒံယေလ ၉း၂၆။ 
ခ။ ရွံ့ရှာဘွယ်သောအရာ။ ဒံယေလ ၉း၂၇။ 
ဂ။ ချိုငယ်။ ဒံယေလ ၇း၂၈။ ဃ။ ရဲရင့်သောမင်းကြီး ဒံ ၈း၂၄။ 
င။ အောင်မြင်သော အရှင်ဘုရင်။ ဒံ ၁၁း၃၆။ 
စ။ အရှုရိလူ။ ဟေရှား ၁၀း၅-၁၂။ 
ဆ။ ဗာဗုလုန်ရှင်ဘုရာင်။ ဟေရှာ၊ ၁၄း၎။ 
ဇ။ မိုက်သောသိုးထိန်း။ ဇာခရိ ၁၁း၁၅။ 
၂။ ဓမ္မသစ်ကျမ်းတွင်- 
(က) ဒုစရိုက်လူ - ၂ သက် ၂း၃။ (ခ) ပျက်စီးခြင်း၏ သား ၂သက် ၂း၃။ 
 (ဂ) အဓမ္မလူ ၂ သက်၂း၈။ (ဃ) ဖျက်စီးတတ်သော ရွံရှာဘွယ်အရာ။ မ ၂၄း၁၅။ (င) အန္တိခရစ်။ ၁ ယော ၂း၁၈-၂၂။ (စ) သားရဲ။ ဗျာ ၁၃း၈-၁၀။ 
 ဂ။ မည်သည့်အချိန်တွင် ပေါ်လာမည်နည်း။ 
(၁) အဆုံးစွန်သောကာလ (ဣသရေလလူ့သမိုင်း) ဒံ ၈း၂၃။ 
(၂) ရောမအင်ပါယာဟောင်းကို ပြန်လည်
ထူထောင်ပြီးနောက်။ ဒံ ၇း၇-၈။ ဗျာ ၁၃း၁-၂။ 
(၃) ဒံယေလ၏ ခုနှစ်ဆယ်မြောက်သီတင်းကိုလည်း 
သူသည် ခေါ်ဆောင် လာမည်ဖြစ်သည်။ ထိုစဉ် သူသည် 
ဣသရေလလူ တို့၏ မိတ်ဆွေအဖြစ် ဟန်ဆောင် မည်ဖြစ်သည်။ ဒံ ၉း၂၇။ (၄) အသင်းတော်ချီဆောင်ပြီးနောက်မှ 
ထွက်ပေါ်လာမည်ဖြစ်ပါသည်။ ၂ သက် ၂း၁-၃။ 
ဆီးတားသော သူ အား ဖယ်ရှား ပြီးမှသာ ပေါ်လာနိုင်မည်ဖြစ်
ပါသည်။ ၂ သက် ၂း၆-၇။ 

 ဃ။ မည်သည့်အရပ်ကလာပါသနည်း။ 
(၁) ရောမအင်ပါယာဟောင်းကို ပြန်လည်ထူထောင်ထားသော နိုင်ငံတစ်နိုင်ငံမှ လာမည်ဖြစ်ပါသည်။ ဒံ ၇း၈။ မ၊၂၄း၂၅။ ထိုသူသည်တစ်ပါးအမျိုးသားထဲမှ ဖြစ်မည် ဟု အချို့က ယုံကြည်ထားပါသည်။ ဒံ ၁၁း၃၈။ ဒံ ၇း၈ သည် ဆီးရီးယားနိုင်ငံ ကို အုပ်ချုပ်ခဲ့သော Antiochous Epiphanes (၁၇၅-၁၆၃ ဘီစီ) ကဲ့သို့ဖြစ်နိုင်ပါသည်။ သူသည် ယုဒလူတို့ကို မုန်းသူ ဖြစ်ပြီး 
သူတို့၏ ဗိမာန်တော်ကို ဖျက်ဆီခဲ့ ပါသည် 
င။ သူ၏ အရည်အချင်းနှင့်စရိုက်များနှင့်ပတ်သက်၍ 
 (၁) သူသည် လူတို့၏ စိတ်ကူ ယဉ်သက်သက်ဖြစ်မည်။ 
(၂) အလွန်ဘ၀င်မြင့်သောသူဖြစ်မည်။ ဒံ ၁၁း၃၇။ 
သူတကာတို့ထက် ကိုယ်ကို ချီးမြှောက် လိမ့်မည်။ 
(၃) ဘုရားတရားမရှိသူ၊ ဘုရားရိုသေမှုကင်းမဲ့သူ ဖြစ်မည်။ 
မိမိကို မိမိဘုရားအရာ၌ တင်မည်။ ၂ သက် ၂း၎။ ဒံ ၁၁း၃၆-၃၉။ 
ဘုရားတို့၏ ဘုရားတို့ကို ဆန့်ကျင်ဘက်ပြု၍ တစ်ပါးသော 
ဘုရားများကို ပမာဏမပြု။ 
(၄) အံ့ဘွယ်သောစကားကို ပြောလိမ့်မည်။ (ဒံ ၈း၂၅) 
စကားပြော အလွန် ကောင်းလိမ့်မည်။ အလွန်သွေး ဆောင် 
တတ်လိမ့်မည်။ ဒံ ၇း၈။ သူသည် လိမ္မာစွာပြု သဖြင့် 
အလွန် သွေးဆောင် တတ်လိမ့်မည်။ ဒံ ၇း၈။ သူသည် လိမ္မာစွာ ပြုသဖြင့်။ မုသားလည်း အောင်မြင်လိမ့်မည်။ မိတ်သဟာယဖွဲ့သောအားဖြင့် ဖျက်ဆီး၍။ ၂ သက် ၂း၉ ကို လည်းဖတ်ပါ။ 
(၅) သူသည် မုသာကို ပြောသူ လှည့်စားသူ ဖြစ်လိမ့်မည်။ ၂သက် ၂း၉-၁၀။ မုသာနှင့် စပ်ဆိုင်သော ထူးဆန်း သောတန်ခိုး ၊နိမိတ်လက္ခာဏာ၊ အံ့ဘွယ်သော အမှုအမျိုးမျိုးနှင့် ၎င်း၊ မတရားသောလှည့်ဖျားခြင်း အမျိုးမျိုးနှင့် ၄င်း လာလိမ့်မည်။ မှတ်ချက်။ ယနေ့တွင်ပင် 
အယောင်ဆောင် ဘာသာရေးခေါင်းဆောင်များ၏ လူ့အကြံ
အဖန် လှည့်စားမှုဖြစ်သော ခေတ်သစ် လှုပ်ရှားမှုများဖြင့် သန်းပေါင်း 
များစွာ ကို အလွယ်တကူ လှည့်စားသည်ကို ပိုသတိပြုပါ။ 
(၆) သူသည် စာတန်၏ ပညာ၊ အုပ်ချုပ်မှုနှင့်တန်ခိုးအာဏာဖြင့် လှုပ်ရှားလိမ့်မည်။ ၂ သက် ၂း၉။ “စာတန်ပြုပြင်သော အားဖြင့်။ ဗျာ ၁၃း၎ သားရဲ၌ အာဏာစက်ကို ပေးသော နဂါး (စာတန်) ကို ကိုးကွယ်ကြ၏။ ထိုသူသည် စိတ်ဆန္ဒအတွေးအခေါ် အလွန်လိမ္မာ၍ လူတို့က သူ့အား နား မလည် နိုင်ခြင်း၊ လှည့်ဖျားခြင်း၊ ထက်မြက် သွက်လက်ခြင်း၊ စာတန်ကိုယ်တိုင်၌ ရှိသော အရည်အချင်းများနှင့် ပြည့်စုံလိမ့်မည်။

စ။ သူ၏ အာဏာအကျယ်အ၀န်း 
(၁) သူသည် ဥပဒေနှင့်ဓလေ့ထုံးစံကို ပြောင်းလဲစေနိုင်သော 
တန်ခိုးအာဏာ ရှိလိမ့်မည်။ ဒံ ၂၅ 
(၂) ကမ္ဘာစီးပွားရေးကို လုံးဝအုပ်စိုးလိမ့်မည်။ ဗျာ ၁၃း၁၆-၁၇။ 
(၃) ဘာသာရေးအပေါ်တွင် လုံးဝ ချုပ်ကိုင်လိမ့်မည်။ ဗျာ ၁း၃။ ထာဝရတရားကို ဂရုမပြု၊ နာမတော်ကို ရှုတ်ချ၍ မိမိကိုယ်ကို ချီးမြှောက်လျက်၊ ရုပ်တုကို ပြုလုပ်ပြီး ကိုးကွယ်စေသည်။
 ၂ သက် ၂း၎ နှင့် ဒံ ၁၁း၃၆ ကိုဖတ်ပါ။ 
(၄) ပြည့်တန်ဆာအမည်ရှိသော အတုအယောင် ဘာသာရေးစနစ်၏ 
အကူ အညီဖြင့် သူသည်အာဏာကို ရယူ သည်။ ထိုစံနစ်သည် 
သူ့အား စိုးမိုးရန် ကြိုးစား သည်။ ထိုအခါသူသည် စနစ်ကို ဖျက်ဆီးသည်။ 
ဗျာ ၁၇း၃။ ၁၆း၁၇။ ၅) သူ၏ တန်ခိုသည် မေရှိယနှင့် ယုဒလူ
တို့ကိုသာ ရည်ညွန်းနေလိမ့်မည်။ 
ဆ။ သူ၏ ကျဆုံးခြင်း၊ ပျက်စီးခြင်းနှင့် နောက်ဆုံးခရီး။ 
(၁) ထိုသူသည် ကြောက်မက်ဘွယ် ကြမ်းတမ်းစွာအုပ်ချုပ်သော ကာလသည် ဘေးဒဏ်ကြီးကလာတွင် သုံးနှစ်ခွဲကြာ လိမ့်မည်။ ဗျာ ၁၃း၅ (၂) ဘေးဒဏ်ကြီးကာလ၏ အဆုံးတွင် စုစည်းထားသော 
တပ်ကြီးများ သိမ်းပိုက် ၀ိုင်းရံချီ တက်ကြလိမ့်မည်။ ဇာခရိ ၁၄း၂။ 
(၃) အာမဂေဒုန်စစ်ပွဲကြီးကို စတင်တိုက်ခိုက်သည်။ ဗျာ ၁၆း၁၃-၁၆။ 
ထိုစဉ် ခရစ်တော်သည် ကောင်းကင် တပ်ကြီး ကို ခေါ်ဆောင်လျက် သားရဲနှင့် သားရဲ၏ လူတို့အား စစ်တိုက်မည်။ 
သားရဲ၏တန်ခိုးကို ချိုးဖဲ့မည်။ ဗျာ ၁၉း၁၅-၁၉။ ၂ သက် ၂း၈။ 
(၄) သားရဲကိုဖမ်း၍ မီးအိုင်ထဲသို့ ချပစ်လေ၏။ ဗျာ၊ ၁၉း၂၀။

No comments:

Post a Comment