ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

July 2, 2019

၎။ အာမဂေဒုန်စစ်ပွဲကြီး

ခရစ်တော်သည်လည်းကောင်း၊ ဒံယေလသည် လည်းကောင်း၊ 
ကမ္ဘာတွင် စစ်ရိပ်ငွေ့ အမြဲသန်း နေမည်ဖြစ်ကြောင်း ကြိုတင်ဟောပြောထားပါသည်။ ဒံ ၉း၂၆။ မ ၂၄း၆-၈။ 
ထို့အပြင် ယခုခေတ်ကာလသည် အာမဂေဒုတ်စစ်ပွဲကြီးဖြင့် ဘေးဒဏ်ကြီးကာလဖြင့် အဆုံးသတ်လျက်ဖြစ် ကြောင်း 
သမ္မာကျမ်းစာက သွန်သင်ထားပါသည်။ 
က။ အာမဂေဒုန်ဆိုသ့ည်မှာ အဘယ်နည်း။ 
(၁) နတ်ဆိုး၏ ၀ိညာဉ်သည် စာတန်၏ ညစ်ညူးသော ၀ိညာဉ်သုံးပါးဖြစ်သော နဂါး၊ သားရဲ၊ မိစ္ဆာပရောဖက်တို့ စုပေါင်း၍ မြေကြီးသာအပေါင်းတို့အား စစ်တိုက်ခြင်းငှာ စုရုံးသော 
အချိန် ဖြစ်ပါ သည်။ ဗျာ ၁၆း၁၃-၁၆။
 (၂) တစ်ကမ္ဘာလုံးပါဝင်သည်။ ဗျာ ၁၆း၁၄။ 
 (၃) အနန္တတန်ခိုးရှင်၏ နေ့ရက်ဟုခေါ်ပါသည်။ 
(၄) အငယ် “၁၄” တွင် “စစ်တိုက်ခြင်းငှာ စုရုံးသည်”ဟူသော 
စကားသည် စစ်ပွဲတစ်ခါတိုက်ခြင်း မဟုတ်ပဲ နယ်မြေ အပိုင်
ရယူရေးအပြီး တိုက်ခိုက် ရေးဖြစ် ပါသည်။ 
 (၅) ထိုနေ့သည် လူမျိုးများအပေါ်သခင်ဘုရား၏ 
အမျက်တော် နေ့ဖြစ်ပါမည်။ 
(က) ဣသရေလလူမျိုးအပေါ် ဆက်ဆံမှုအတွက်
 ယောလ ၃း၂။ ၁၂။ မ ၂၅း၃၂။ 
 (ခ) သူတို့၏ အပြစ်များအတွက်။ ဟေရှာ ၂၆း၂၁။ ၃၄း၂-၃၊ ၈။ ခ။ အာမေဂေဒုန် အဘယ်မှာ ရှိသနည်း။ 
(၁) ထိုစကားလုံးသည် အမှန်မှာ အာမေဂေဒုန်တောင် Mountain of Megiddo ဖြစ်ပါသည်။ ပါလက် စတိုင်းဒေသ၊ မြောက်အလယ်အရပ်၊ ယောဒန်မြစ် အနောက်ဘက်၊ နာဇရက်မြို့၏ အနောက်ဘယ်ဆယ်မိုင်။ မြေထဲပင်လယ်ကမ်းခြေမှ ၁၅ မိုင်အကွာနေရာဖြစ်သည်။ 
Jezreel လွင်ပြင်၏ မြောက်ပိုင်းတွင် တည်ရှိသည်။ 
 (၂) ဤအရပ်ဒေသသည် စစ်ပွဲကြီးများစွာ တိုက်ခဲ့သော ဒေသဖြစ်ပါသည်။ (က) ဒေဗောရနှင့်ဗက်ရက်တို့ ကာနန်လူတို့ကို 
အပြတ်တိုက်ခဲ့ သောနေရာ။ တရား ၄-၅။ 
 (ခ) ဂိဒေါင်သည် မိဒျန်လူတို့ကို အနိုင်တိုက်ခဲ့သော နေရာ။ တရား ၇။ 
 (ဂ) ဖိလိတ္တိလူတို့သည် ရေုာလုအား သတ်သောနေရာ။ ၁ ရာ ၃၁း၈။ 
(ဃ) အဟိယကို ယေဟု သတ်သောနေရာ။ 
(င) ယောရှိမင်းကြီးအား အီဂျစ်လူတို့ သတ်သောနေရာ။ ၄ ရာ ၂၃း၂၉။ (၃)ပါလက်စတိုင်းဒေသ နေရာအားလုံးတို့သည် ဤစစ်ပွဲတွင် ပါဝင်ကြမည်ဖြစ် ကြောင်း ကျမ်းစာက ဖော်ပြထားပါ သည်။ 
(က)ဇာခရိ ၁၂း၂-၁၁ အရ ယေရုရှလင်မြို့သည် ၀ိုင်းထားမည်။ 
တိုက်ပွဲ၏ ဗဟို ချက်သည် အာမေဂေဒုန်၏ တောင်ဘက်တွင်ဖြစ်နိုင်ပါသည်။ 
(ခ)ဗျာ ၁၄း၁၄-၂၀။ အသွေးသည် တစ်ဆယ်ခြောက် 
ယူဇနာခရီး တစ်လျှောက် ၁၈၂ မိုင်ကျော်၌ မြင်းဇက်ကြိုး ကို မှီသည့်တိုင်အောင်ရှိသဖြင့် ဣသရေလပြည်တစ် ပြည်စာ ဖြစ်ပါသည်။ 
 (ဂ) စစ်ပွဲကြီးထဲတွင် ပါဝင်သောအချက်များ။ 
(၁)သားရဲ သို့မဟုတ် အန္တိခရစ်သည် ဣသလေလူတို့နှင့် 
စာချုပ်ချုပ်ဆိုလျက် အတုအယောင် လုံခြုံမှုကို ရရှိ စေသည်။ 
ဒံ ၉း၂၇။ ယေဇ ၃၈း၈၊ ၁၁၊ ၁၄။ 
(၂) ရုရှားက သားရဲဘက် ပါဝင်ပတ်သက်မည်ဟု ယုံကြည်လျက်။ 
ပါလက် စတိုင်တစ်ဖက်တွင် ရပ်တည်သည်။ ယေဇ ၃၈း၁-၆။ 
လုယူရန် (အငယ် ၈၂) ပင်လယ်သေ၏ ချမ်းသာကို လုယူရန် ဖြစ်နိုင်သည်။ (၃) ဘုရားသခင်သည် ကောင်းကင်မှ မီးမိုးကို 
ရုရှားတပ်ကြီးအပေါ်သို့ ကျစေသည်။ (အငယ် ၂၂)၊ 
ရုရှား၏ မေးတွင် သံချိတ်နှင့် ချိတ်သည်။ (အငယ် ၄)၊ 
ရုရှားကို ဣသရေလ တောင်များ ပေါ်တွင် ရှိက်ချသည်။ (၃၉း၂) 
တပ်ကြီး၏ ခြောက်စု တစ်စုချန်ခဲ့၍ ပြန်လည်ထွက်ခဲ့သည်။ 
ဤအချိန်တွင် ဘုရားသခင်၏ အောင်မြင်မှုကို မြင်ရသောကြောင့် ရွေးကောက် တော်မူသော ယုဒလူ တစ်သိန်း လေးသောင်း လေးထောင်တို့၏ သာသနာကြောင့် သန်းပေါင်းများစွာတို့သည် 
ဘုရားသခင် ဘက် သို့ ပြောင်း လဲလာကြသည်။  
ဗျာ ၇း၃-၄၊ ၁၄။ ယေဇ ၃၈း၂၃။ ၃၉း၂၂။ 
(၄) ရုရှား၏ ဆုံးရှုံးမှုကြောင့် အားယူကာ နိုင်ငံတကာတပ်များသည် အန္တိခရစ်၏ အုပ်ချုပ်မှုအောက်သို့ ပါလက် စတိုင်း တွင် 
စုဝေးလာကြသည်။ မြောက်အရပ်၊ အရှေ့အရပ်နှင့် တောင်ရှင်ဘုရင်တို့ပါဝင်ကြသည်။ ဒံ ၁၁း၄၀-၄၅။ 
 (က) စစ်ပွဲ့ဖြစ်ပွားရန် နတ်ဆိုး၏ ၀ိညာဉ်က သွေးဆောင်သည်။ ဗျာ ၁၆း၁၄။ 
 (ခ) ဣသရေလနိုင်ငံကို ရယူရန် ကမ္ဘာ့နိုင်ငံများပါဝင်
တိုက်ခိုက်ကြသည်။ ဇာခရိ ၁၂း၂-၃။ ၁၄း၃။ 
(၅) အရှေ့ဘက်မှ ၂ သန်းပါဝင်သော တပ်ကြီး ချီတက်လာသည်။ (တရုတ်ဖြစ် မည်လော) ဥဖရတ်မြစ်သည် 
ခန်းခြောက်လျက် တပ်သားတို့သည် စစ်ပွဲထဲသို့ ၀င်ကြ၏။ 
ဗျာ ၉း၁၄-၁၆။ ၁၆း၁၂။ 
မှတ်ချက်။ အန္တိခရစ်သည် ပါလက်စတိုင်သို့ ၀င်သောအခါ ဣသရေလ နှင့်ပြုထားသော ပဋိညာဉ်ကို ဖျက်သည်။ ဒံ ၉း၂၇။ “ရွ့ရှာဘွယ်သော ဖျက်ဆီးခြင်းကို ခရစ်တော်
မိန့်ကြားခဲ့သကဲ့သို့ ပြုသည်။ မ ၂၄း၁၅။ 
ဤ အချိန်သည် “ဘေးဒဏ် ကြီးကာလ”ဟု ခေါ်ဆိုသော
ကာလဖြစ်ပါသည်။ လေ့လာပြီးဖြစ်ပါသည်။ မ ၂၄း၂၁။ 
(၆) ကြောက်မက်ဘွယ်စစ်ပွဲကြီးအဆုံးတွင် ကောင်းကင်၌ လူသား၏ 
အမှတ် လက္ခဏာ ပေါ် လာသည်။ မ ၂၄း၂၉-၃၀။ 
ဤလက္ခဏာများသည် မည်သို့ဖြစ် ကြောင်း ဖော်ပြ မထားပါ။ 
(၇) သို့ရာတွင် သားရဲအနေဖြင့် ထိုလက္ခဏာသည် ဘုန်းတန်ခိုးအား
 နုဘော် တော်ဖြင့် ခရစ် တော် ကြွလာ တော်မူခြင်းဖြစ်ကြောင်း သိရှိသည်။ 
ထို့ကြောင့် သူ့အင်အား ရှိသမျှကို ခရစ်တော် ဘက် သို့ လှည့်၍တိုက်ခိုက် သည်။ ခရစ်တော် သည် ထိုစစ်တပ်ကို ချေဖျက်၍ အန္တိခရစ်နှင့်သူ၏ မိစ္ဆာပရောဖက်တို့အား မီးအိုင်ထဲသို့ ပစ်ချသည်။ ထို့နောက်ယေရုရှလင်မြို့ တွင် ရာဇပလ္လင် ထူထောင်သည်။ ဗျာ ၁၉း ၁၁-၂၁

No comments:

Post a Comment