ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

December 9, 2014

""....ခရစ်စမတ်သတင်းကောင်း...""



နှစ်စဉ်-နှစ်တိုင်း ဆောင်းဝင်ပြီဆိုသည်နှင့် လူသားအားလုံးသည် ခရစ်စမတ်ရာသီကို မျှော်တတ်ကြသည်။ ခရစ်စမတ်ကာလသည် လှပသော ဆောင်းနှင်းပွင့်လေးများ တဖွဲဖွဲကျနေသည့်ညချမ်းအခါမှာ ယေရှုခရစ်ဖွားမြင်ခဲ့သည့် အချိန်ကာလလေးကို ပြန်လည်အောက်မေ့ရန်အလိုငှာ ကျင်းပကြခြင်းဖြစ်သည်။ ကျွန်ုပ်တို့လူသားများသည် အကြိမ်ဘယ်လောက်မြောက်ဆိုကာ မွေးနေ့များ ကျင်းပလေ့ရှိသော်လည်း ခရစ်စမတ်သည် ထိုမွေးနေ့များ ကျင်းပပုံနှင့်မတူပါ။ တစ်နှစ်ထက်တစ်နှစ်တိုးသွားသော ငွေရတု၊ စိန်ရတု၊ နှစ်ပတ်လည် အထိမ်း အမှတ်နေ့များ ကျင်းပပုံနှင့်လည်း မတူပါ။ သခင်ယေရှု၏ ဘယ်နှစ်ကြိမ်မြောက် မွေးနေ့ဟု မရှိပါ။ ဖွားမြင်ခဲ့သည့် အချိန်ကာလလေးကိုသာ ပြန်လည်အောက် မေ့ခြင်းအထိမ်းအမှတ်နဲ့သာကျင်းပကြခြင်းဖြစ်သည်။ Christmas ဟူသောစကားလုံးသည် Christes Moesse ဟူသော စကားလုံးမှ ဆင်း သက်လာပြီး အေဒီ ၁၀၀၀ နောက်ပိုင်းတွင် စတင်အသုံးပြုခြင်းဖြစ်သည်။ အဓိပ္ပာယ် မှာ “ခရစ်တော်၏လူစု”ဖြစ်၏။ ခရစ်စမတ်ဟူသည် “ခရစ်တော်၏ မွေး ဖွားခြင်း”ဟု အဓိပ္ပာယ်ရ သည်။ အေဒီ ၄၀၀ မတိုင်မီကတော့ ခရစ်စမတ်နေ့ကို အတိအကျ သတ် မှတ်ခြင်းမရှိခဲ့ပေ။ ဇန်န၀ါရီ ၆ ရက်၊မတ် ၂၅ ရက်၊ ဒီဇင်ဘာ ၂၅ ရက်စသဖြင့် အသီး သီးကျင်းပခဲ့သည်။ အေဒီ ၁၈၀ ၌ ဟစ်ပိုလီတပ်က ဒီဇင်ဘာ၂၅၊ ဗုဒ္ဓဟူးနေ့ဟု ဖော်ပြ ခဲ့ပြီး ကွန်စတင်တိုင်း ဧကရောက်ဘုရင်ကြီးစိုးသောကာလ အေဒီ ၃၂၀ တွင် ရောမ မြို့ ရှိအသင်းတော်များ၌ ဒီဇင်ဘာ ၂၅ ကို သတ်မှတ်ခဲ့သည်။ အေဒီ ၃၅၄ တွင် ဖီလို ကယ်လပ်၏ ပြက္ခဒိန်၌ ဒီဇင်ဘာ ၂၅၊ သောကြာနေ့ဟု ဖော်ပြခဲ့သည်။ ဆီးရီးယားနှင့်အာမေးနီးယား နိုင်ငံတို့မှလွဲ၍ နိုင်ငံအသီးသီးတွင် ဒီဇင်ဘာ ၂၅ ဟု သတ်မှတ်ခဲ့ကြပြီး ယခုအခါ အနောက်နိုင်ငံတချို့တွင် ဇန်န၀ါရီ ၆ ရက်နေ့ကို ခရစ် စမတ်နေ့အဖြစ် ယနေ့တိုင် ကျင်းပဆဲဟုသိရသည်။ ခရစ်ယာန်ဘာသာဝင်များက ခရစ်စမတ်ကို Christmas ဟုရေးခြင်းကိုသာ လက်ခံ ကြပြီး X’mas ဟု အလွယ် ရေး ခြင်းကို နှစ်သက်လက်ခံခြင်းမရှိပါ။ ခရစ်စမတ်ကာလရောက်ပြီဆိုသည်နှင့် လူငယ်များပျော်ကြသည်။ အသင်းတော်မှ သူငယ်ချင်းများနှင့် ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းဖို့ အသင့်ဖြစ် နေကြ သည်။ အပေါင်းအသင်းများစုဝေးကာ ခင်ရာမင်ရာအိမ်များဆီသို့ အလှည့်ကျ တေး သီချင်းများသီဆိုရင်း ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပွဲများလုပ်ကြသလို၊ ခရစ် စမတ် ညချမ်းမှာ ယေရှုခရစ်တော်မွေးဖွားရာကို သတိရစေခြင်းအလို့ငှာ ပြဇာတ် ကပြချင်း များ၊ သီချင်းဆိုပြိုင်ပွဲများ ပြုလုပ်လေ့ရှိကြသည်။ အိမ်တိုင်းမှာ ခရစ်စမတ် သစ်ပင် လေးများ အလှဆင် ချိတ်ဆွဲလေ့ရှိကြသည်။ ခရစ်စမတ်သစ်ပင်လေးများဖြစ်ပေါ်လာပုံကို အချို့က ရှေးရောမအင်ပါယာရှိ Saturanalia လူမျိုးများ၏ ရိုးရာနတ်ပွဲမှာ အသုံးပြုခဲ့သည့် အမြဲစိမ်း သစ်ပင်မှ စတင် သည်ဟုဆိုပြီး အချို့က မြောက်ပိုင်းဥရောပရှိ သစ်ပင်ကိုးကွယ်သည့် Druid လူမျိုး များက အစပြုခဲ့သည်ဟု ဆိုသည်။ ပထမဆုံး ခရစ်စမတ်သစ်ပင်ကို ၁၆၀၄ ခုနှစ်တွင် ဂျာမန်လူမျိုးများ က စတင် အသုံး ပြုခဲ့ကြောင်း သိရှိရပြီး ပြဇာတ်ပြရန် ပြင်ဆင်သည့် အခါ အသုံးပြုလေ့ရှိသည်ကိုတွေ့ရသည်။ ပရဒိသုဘုံ သစ်ပင်ဟုခေါ်ဆိုကာ ယင်းသည် ဧဒင်ဥယျာဉ်ကို ပြသခြင်းဖြစ်သည်ဟု ဆိုသည်။ ပြဇာတ်ကပြပြီး သည့်အခါ အိမ်တွင်အလှပြင်ဆင်ရာ၌ အသုံးပြု လေ့ရှိ သည်။ မည်သို့ဖြစ်စေ ခရစ်စမတ်သစ်ပင်သည် တြိဂံအသွင် အခြေကြီးမားလျက် အပေါ်သို့ကျဉ်းမြောင်းသွားကာ အဖျားချွန်းလျက် ထိပ်ဆုံးတွင် ကြယ်တစ်စင်းပုံ ရှိရပါမည်။ ထိုကြယ်သည် ဗက်လင်ကြယ်ကို ဖော်ဆောင်ခြင်း ဖြစ်ကာ ခရစ်တော် မွေးဖွားရာ ဗက်လင်မြို့ကို ညွှ့န်ပြသော နိမိတ် လက္ခဏာလည်းဖြစ်၍ လွန်စွာ အရေးကြီးလှ၏။ ခရစ်စမတ်သစ်ပင် ပတ်လည်တွင် လက်ဆောင်ထုပ်များ စုပုံချိတ်ဆွဲနိုင်သော်လည်း အဓိပ္ပာယ်မဲ့ မဖြစ်စေရပါ။ ခေတ်မီစွာ မည်မျှပင် တီထွင်ဆန်းသစ်လျက် ပြိုးပြိုး ပြက် ပြက် ချိတ်ဆွဲစေကာမူ ထိပ်ဦးအဖျားတွင် ကြယ်တစ်စင်းမရှိလျှင် ထိုခရစ်စမတ် သစ် ပင်သည် အတုအယောင် ခရစ်စမတ်သစ်ပင်သာ ဖြစ်ပေမည်။ ခရစ်စမတ်နေ့မရောက်ခင်ကတည်းက ကြိုတင်ပြီးတော့ ခရစ်တော်မွေးဖွားရာကို သတိရအောက်မေ့ခြင်းအထိမ်းအမှတ်အဖြစ် ရပ်ဝေးနေ အပေါင်းအသင်း မိတ်ဆွေ များက မိဘမောင်ဖွားများနှင့် ဆွေးမျိုးမိတ်သင်္ဂများဆီသို့ အထိမ်းအမှတ်ကဒ်များ ပေးပို့ကြသည်။ ချစ်ခင်သူများအား စာတိုက်မှ ပေးပို့ခြင်းရှိသလို အင်တာနက် သုံးစွဲ သူများက အသင့်လုပ်ပြီး ကတ်ပြားပုံစံအမျိုးမျိုး Download လုပ်ယူပြီး ဆုတောင်း စာသားများ ရိုက်နှိပ်ကာ အီးမေးလ်စနစ်ဖြင့် မြန်ဆန်စွာပေးပို့နိုင်ပါပြီ။ ဒါ့ထက် နည်းပညာ ပိုမို ကျွမ်းကျင်သူများကတော့ ဒီဇိုင်းဆော့ဖ်ဝဲလ်များ၊ အင်နီ မေးရှင်းများအသုံးပြုကာ ကိုယ်တိုင် တီထွင် ဖန်တီးထားသည့် ၊ တစ်ကမ္ဘာလုံး မည်သူနှင့်မျှ မတူသည့် ကိုယ်ပိုင်ခရစ်စမတ်ကတ်ဆန်းဆန်းလေးများ ပြုလုပ်ကာ အင်တာနက်မှတစ်ဆင့် အပြန်အလှန်ပေးပို့နိုင်ပြီဖြစ်သည်။ ခရစ်စမတ်ကဒ်များ ဝေငှသည့်အလေ့အထပေါ်ပေါက်လာရခြင်းမှာ ၁၈၄၂ ခုနှစ်က ပန်းချီဆရာကြီး Egley သည် ခရစ်တော်မွေးဖွားခြင်းသတင်းကောင်းကို ဝေငှသည့် အနေဖြင့် ကတ်ပြား များပေါ်တွင် မွေးဖွားခြင်းဆိုင်ရာ ရုပ်ပုံများရေးဆွဲကာ သူ၏မိတ်ဆွေ အယောက် ၁၀၀ ထံ ပေးပို့ရာက စတင်ခဲ့ခြင်းဖြစ်သည်။ ၁၈၄၉ ခုနှစ်တွင် Sir Henry Cole ဆိုသူက ပန်းချီပညာရှင်တစ်ဦးဖြစ်သူ John C. Horsely ကို အခကြေး ငွေပေး၍ ရေးဆွဲစေကာ ခရစ်စမတ်ကတ်ဟု အမည် ပေးခဲ့ သည်။ ၄င်းကတ်များကို ၁၈၇၅ ခုနှစ် အမေရိကန်နိုင်ငံတွင် စတင်သုံး စွဲခဲ့ကြသည်။ ၁၈၀၀ ပြည့်လွန်နှစ် အစောပိုင်းကာလများကမူ ယနေ့ခေတ်ကဲ့သို့ ခရစ်စမတ် ကတ်များအလွယ်တကူ ပေးပို့နိုင် ခြင်းမရှိ ခဲ့ပေ။ ယနေ့တွင် နှစ်စဉ် ဒီဇင်ဘာရောက် တိုင်း ခရစ်စမတ်ကတ်များတွင် ဆုတောင်းလွှာများ ရေးလျက် တစ်ဦးနှင့်တစ်ဦး အပြန် အလှန်ပေးပို့သည့်ဓလေ့ထွန်း ကားကျယ်ပြန့်ခဲ့ လေပြီဖြစ်သည်။ ခရစ်စမတ်ကာလမှာ မေ့လျော့ပြီးချန်ထားခဲ့လို့ မရသည့် အရာသည် စန်တာ ကလော့စ် (Santa Claus) လို့အများဆုံးခေါ်ဝေါ်သုံးနှုန်းကြပြီး ခရစ်စမတ်ဖိုးဖိုးကြီးဟု ကလေးများက ခေါ်ကြသည့် လက်ဆောင်ပစ္စည်းထုတ်ကြီး ပခုံးပေါ်ထမ်းပြီး မှုတ် ဆိတ်မွှေးဖွားဖွားဖြင့် ကလေးများကြားသွားလေနေသည့် အနီ ရောင်အဝတ် အစား ဝတ် ပုပု၀၀လူကြီးပဲဖြစ်သည်။ Santa Claus ဆိုသည့်အသုံးအနှုန်းသည် သူတော် စင်နိကောလပ်စ်၊ စိန့်နိကောလပ်စ်(St. Nickolas)မှ ဆင်းသက်လာ၍ Saint Nicko -las မှတစ်ဆင့် Sinter Klaus ဖြစ်လာကာ နောက်ဆုံးတွင် Santa Claus ဖြစ်လာ ခြင်းဖြစ်သည်ဟု ဆိုကြသည်။ နယူးယောက်တွင် နှစ်ပေါင်းများစွာက အခြေချနေထိုင်ခဲ့သော ဒတ်ခ်ျလူမျိုးတို့က စတင်ခေါ်ဝေါ် ခြင်းဖြစ်သည်ဟုသိရပြန်သည်။ သူတော်စင်နိကောလပ်စ်သည် က လေးသူငယ်များအား လက်ဆောင်ပစ္စည်းများ ဆောင်ကြဉ်းပေးလာသူဖြစ်သည်ဟု ဒတ်ခ်ျတို့က ယုံကြည်ကြကာ ဒီဇင်ဘာ ၆ ရက်နေ့ တိုင်း ကရုဏာမေတ္တာတော်ရှင်ကို ဂုဏ်ပြုလျက် ပွဲတော်လုပ်ကြသည်။ ဒတ်ခ်ျတို့၏ သူတော်စင်ပွဲတော်မှာ ခရစ်စမတ် ချိန်ခါနှင့် တစ်လတည်း ဖြစ်၍ သူတော်စင်အဘိုးအိုက လက်ဆောင်ပစ္စည်းများ သယ် ဆောင်လာသည်ဟု ယူဆကာ ခရစ်စမတ်ချိန်ခါတွင် ပုပု၀၀၊ မုတ်ဆိတ် ဖြူဖြူ၊ သိုး မွေးဝတ်စုံ အနီရဲရဲ ဆင်မြန်းထားသည့် ခရစ်စမတ်ဘိုးဘိုး ပေါ်လာခြင်း ဖြစ်သည်။ ယနေ့ လူအများမြင်တွေ့ နေကြရသော စန်တာကလော့စ်ရုပ်သွင်မှာ ဂျာမနီ နိုင်ငံ သား တောင်ပိုင်း ဘာဗေးရီးယားပြည်နယ်မှာ မွေးဖွားသည့် အမေရိကန် နိုင်ငံ သား သောမတ်စ် နတ်စ်ထ် ဆိုသူ ပန်းချီဆရာက ပုံဖော်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ သူ ငယ်စဉ် က အိမ်နီးချင်း ပုပု၀၀ အဘိုးအိုတစ်ဦး ပြုံးရွှင်သော မျက်နှာဖြင့် ကလေးများကို လက်ဆောင် လိုက်ပေးသည်ကို မြင်ယောင်ကာ ကရုဏာအပြည့်နှင့် ပုပု၀၀ အဘိုးအို ပုံရေးဆွဲခဲ့သည်ဟု ဆိုသည်။ သို့နှင့် ခရစ်စမတ်ရောက်တိုင်း အထူးချစ်ခင်စွာ လက် ဆောင်ပေးသည်ဆိုသော စန်တာကလော့စ်ကို ကလေးများက အားကိုးတကြီး မျှော်ကြသည်။ အနောက်နိုင်ငံများတွင် ကလေးများက စာတိုက်သို့ စာများ ပေးပို့ကာ စန်တာကလော့စ်ထံ လိုချင်တာများ တောင်းကြသည်။ အီးမေးလ်များဖြင့်လည်း စန်တာကလော့စ်ထံ စာများပေးပို့ကြသည်။ လိမ္မာသည့် ကလေးများကိုသာ စန်တာဘိုးဘိုးက ချစ်သည်ဟု မိဘများက ပြောဆိုသွန်သင်ထား၍ ကလေးများက စာများထဲတွင် သူတို့မည်မျှလိမ္မာကြောင်း၊ မည်မျှ မိဘကို ကူညီ လုပ်ကိုင်ပေး ကြောင်း သူတို့အရည်အသွေးများကို ဖော်ပြကာ သူတို့လိုချင်တာ တောင်းခံကြ သည်ဆို၏။ စာတိုက်ဝန်ထမ်း အင်တာနက်ဝန်ထမ်း ဗော်လန်တီယာများက ခရစ်စမတ်ချိန်ခါတွင် ကလေးများပျော်ရွှင်အောင် စာများ ပြန်ရေးပေးကြသည်ဆို၏။ မိဘများကလည်း ဘိုးဘိုးစန်တာ ပေးသွားသည်ဆိုကာ လက်ဆောင်ပစ္စည်းများကို ကလေးများ အိပ်ချိန်မှာ တိတ်တခိုးပေးလေ့ရှိသည်။ ခရစ်စမတ်ချိန်ခါ တွင် ကလေးများ အထူးပင် လိမ္မာယဉ်ကျေးစွာ နေထိုင်လေ့ရှိပြီး သူတို့ အနှစ် သက်ဆုံး လူကို ဆန္ဒမဲခွဲ ကောက်ခံပါက စန်တာကလော့စ် မှတစ်ပါး အခြား လူမရှိပါချေ။ စန်တာကလော့စ်သည် ကလေးတို့၏ဇာတ်လိုက်၊ မျှော်လင့်ခြင်းတစ်ခုဖြစ်သလို အနာဂတ်လည်း ဖြစ်သည်။ စန်တာ ကလော့စ် တကယ်မရှိဟု မည်မျှဆိုဆို ယနေ့ တိုင် ခရစ်စမတ်ရောက်လေတိုင်း ကလေးတို့သည် စန်တာကလော့စ်ကို အားကိုး တကြီး မျှော်လင့်မိကြမြဲပင်။ သို့နှင့် ခရစ်စမတ်အခါသမယမှာ လှပစွာ တန်ဆာဆင်ထားသော ခရစ်စမတ် သစ်ပင် နှင့် ခရစ်စမတ်ဖယောင်းတိုင်များ ထွန်းညှိထားသည့် ညချမ်းအခါသမယမှာ သာယာ ချိုမြိန်စွာ လွင့်ပျံလာသော ဂုဏ်ကျေးဇူးတော် ချီးမွမ်းသော ဓမ္မတေးသံသာများ ပျံ့လွင့်နေသည့် အချိန်မှာ စန်တာကလော့ဖိုးဖိုးဆီက ရရှိသော လက်ဆောင်များနှင့် ပေါင်းစပ်လိုက်သည်နှင့် ပျော်ရွှင်ဖွယ်ကောင်းသာ ခရစ်စမတ်အချိန်အဖြစ် ပြည့်စုံ သွားပါတော့သည်။ အားလုံးပဲ ဘုရားသခင်ကောင်းချီးပေးပါစေ။

No comments:

Post a Comment