ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

December 10, 2014

ကျောက်ခဲများ ကြွေးကြော်ခြင်း/ခရစ်စမတ်သူရဲကောင်းနှင်. ထူးမြတ်သော ဖွားမြင်ခြင်း

 ကျောက်ခဲများ ကြွေးကြော်ခြင်း(လု၁၉း၂၈-၄၀)
 ယေရှုကလည်း ငါဆိုသည်ကား ဤသူတို့သည် တိတ်ဆိတ်စွာ နေလျှင် ကျောက်ခဲတို့သည် ချက်ခြင်း ကြွေးကြော်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ လု ၁၉း၄၀ ခရစ်စမတ်သည် တစ်နှစ်ထက်တစ်နှစ် ပို၍ စီးပွားရေးဆန်လာကြောင်း တွေ့လာရသည်။ ခရစ်ယာန်အများစုရှိသည့်နိုင်ငံများမှာ မိမိကိုယ်ကို ခရစ်ယာန်ဟု ခေါ်ဆိုသူများအတွက် ခရစ်စမတ် သည် ၀တ်ပြုကိုးကွယ်ခြင်းထက် ဈေးဝယ်သည့် ကာလဖြစ်လာသည်။ လက်ဆောင်များဝယ်ရန်၊ ပျော်ပွဲရွှင်ပွဲအတွက်ပြင်ဆင်ရန် စိတ်စော စိတ်မော လျက် ဘုရားသခင်၏တစ်ပါးတည်း သားတော် ကယ်တင်ရှင် ယေရှုခရစ်တော် မွေးဖွားလာသည့် အဓိကအကြောင်းရင်းကို အာရုံစိုက်ရန် ပို၍ခက်ခဲ လာသည်။ သို့ရာတွင် နှစ်စဉ်စီးပွားရေးဆန်သော ကုန်တိုက်ကြီးများမှ ဓမ္မသီချင်းသံများကိုလည်း ကြားရ၏။ လူသွားလူလာရှုပ်ထွေးသော နေရာများမှ “လောက၀မ်းမြောက် ဘုရားကြွလာ၊ မြေကြီးဘုရင်ခံယူ၊ နှလုံးခပ်သိမ်းနေရာပြင်ထား၊ ကမ္ဘာမြေမိုးအေးကျူး” ဟူ၍ကြားရစဉ်၊ သူကိုချီးမွမ်းကြသူများအား တိတ်ဆိတ်စွာနေခိုင်းရန် ဖာရိရှဲများက သခင်ယေရှုအား ပြောခိုင်းသည့်အကြောင်းကို စဉ်းစားမိသည်။ “ယေရှုကလည်း ငါဆိုသည်ကား ဤသူ တို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ခြင်းကြွေးကြော်ကြလိမ့်မည် ဟု မိန့်တော်မူ၏” (လုကာ ၁၉း၄၀)။ ခရစ်စမတ်ကာလတွင် ကျောက်ခဲများကြွေးကြော်ကြသံကို ကျွန်ုပ်တို့ကြား နေ ရသည်။ ကွယ်လွန်ပြီးဖြစ်သည့် ရှေးခရစ်ယာန်များရေးသားခဲ့သည့် ခရစ်စမတ် သီချင်းဟောင်းများကို ၀ိညာဉ်ရေး၌ အသေဖြစ်လျက် ဘုရားသခင်နှင့်ဝေးကွာနေကြ သူများကပင် သီဆိုကြသည်။ ခရစ်စမတ်၏စစ်မှန်သောသတင်းကောင်းကို ဖျောက်ဖျက် ရန် လူတို့ မည်သို့ပင်လုပ်ဆောင်ကြလည်း မအောင်မြင်ကြောင်း ၎င်းအချက်က သတိရ စေသည်။ ခရစ်တော်ကြွလာခြင်း ခရစ်စမတ်သတင်းကောင်းကို စီးပွားရေးဆန်ခြင်း သဘောက ကမောက်ကမဖြစ်အောင် ခြိမ်းခြောက်နေသော်လည်း ဘုရားသခင်က သူ၏ သတင်းကောင်းကို ထုတ်ဖော်ရန် ကြွလာခဲ့သည်။ နောက်နောင် အပြစ်ဒုက္ခမပွား၊ ဆူးပင်မနှောင့်ယှက်ပြီ၊ အမင်္ဂလာမှ မင်္ဂလာ ထုတ်ဖော်အောင် ကြွလာသည်။ ခရစ်စမတ်တွင် ခရစ်တော်ကို ဖယ်ထုတ်ခြင်းသည် ပင်လယ်ဒီရေကို နောက်ပြန်ဆွဲသကဲ့သို့ အချည်းနှီးသာဖြစ်သည်။

ခရစ်စမတ်သူရဲကောင်း နောက်တစ်ယောက်(မ ၁း၁၈-၂၅) သူ၏ခင်ပွန်းယောသပ်သည် သူတော်ကောင်းဖြစ်၍ မာရိအသရေကို မပျက်စေချင်သော ကြောင့် တိတ်ဆိတ်စွာ စွန့်ပယ်မည် ဟု အကြံရှိ၏။ ခရစ်စမတ်ဇာတ်လမ်းတွင် ယောသပ်၏အခန်းကဏ္ဍသည် အရေးပါကြောင်း ကျွန်တော့် ဘ၀တစ်လျှောက်လုံး သတိမပြုမိခဲ့ပါ။ သို့သော် ကျွန်တော်ကိုယ်တိုင် ခင်ပွန်းနှင့် ဖခင်တစ်ယောက် ဖြစ်လာခဲ့ပြီးနောက် ယောသပ်၏နူးညံ့သိမ်မွေ့သော စိတ်ထားနှင့် မြင့်မြတ်သောကိုယ်ကျင့်တရားကို အလွန်လေးစားခဲ့သည်။ မာရိ ကိုယ်ဝန်ရှိလာပုံကို မသိမီကပင် ဖောက်ပြား၍သစ္စာမဲ့မှုဟု ထင်ရသည့် ကိစ္စအတွက် သူမကို အရှက်မခွဲ၊ အပြစ်မပေးဟု ယောသပ် စိတ်ဆုံးဖြတ်ထားခဲ့သည် (မ ၁း၁၉)။ ကောင်းကင်တမန်က သူ့ကို့ မိန့်ကြား သည့်အတိုင်း ယောသပ် နာခံလုပ်ဆောင်ခဲ့သည် သာမက (း၂၄)၊ ခရစ်တော်မွေးဖွားပြီးသည့်အချိန် ထိတိုင် ဇနီးဖြစ်သူ မာရိနှင့်ရုပ်ပိုင်းနှီးနှောစပ်ယှက်မှုမရှိ၊ စောင့်ထိန်းနိုင်ခဲ့၍ (း၂၅) သူ၏နာခံမှုနှင့်နှိမ့်ချမှုကို ကျွန်တော်အလွန်အံ့ဩမိသည်။ ထို့ပြင် ယေရှုကို ကာကွယ်ရန် လိုလိုလားလားနှင့် အိမ်မှထွက်ခွာခဲ့ရသည် (မ ၂း၁၃-၂၃)။ ယေရှုကို ကျွေးမွေးပြုစုစောင့်ရှောက်ရန် မဖြစ်မနေ သူတို့တာဝန်ယူရမည်ဟု သိလိုက်ရစဉ် ယောသပ်နှင့်မာရိတို့ခံစားရမည့် ဖိစီးမှုဒဏ်ကို စိတ်ကူးကြည့်လိုက်ပါ။ နေ့ရက်အချိန်တိုင်းတွင် ဘုရားသားတော်အတူရှိလျှက် သူ့မျက်မှောက်၌ သန့်ရှင်းခြင်းဖြင့် ရှင်သန်ရန် မပြတ်ခေါ်တော်မူခြင်းခံရ၍ ခံစားရသည့် စိတ်ရှုပ်ထွေးမှုနှင့် စိတ်ဖိစီးမှုဒဏ်များ ကိုလည်း စိတ်ကူးကြည့်လိုက်ပါ။ သို့သော် ယောသပ်သည် ထိုထူးမြတ်သောတာဝန် အတွက် ထာဝရဘုရား၏ယုံကြည်စိတ်ချမှုကို အကြွင်းမဲ့ခံရသူတစ်ဦးပေ။ မိမိ၏သားသမီး များကို ပြုစုပျိုးထောင်သည်ဖြစ်စေ၊ အခြားသူများ ယုံကြည်စွာ အပ်နှံထားသော ကလေး များကို ယခုပြုစုပျိုးထောင်သည်ဖြစ်စေ၊ ၎င်းသည် ကျွန်တော်တို့ အတုယူရမည့် အံ့ဖွယ် စံနမူနာတစ်ခုပင်ဖြစ်သည်။ အဘဘုရား၊ ကိုယ်တော်၏ဉာဏ်တော်သည် အကန့်အသတ်ရှိသော ကျွန်ုပ်တို့၏ သိနားလည်မှုထက် ပိုမိုသာလွန်ပေ။ ကျွန်ုပ်တို့အတွက် ကိုယ်တော်၏ ထူးမြတ်သော အကြံအစည်တော်ကို ဖော်ဆောင်ရန် အဘဘုရားသခင်အား ကိုးစားနိုင်သောကြောင့် ကျေးဇူးတင်ပါ၏။စစ်မှန်သောအစေခံခြင်း၏လျှို့ဝှက်ချက်မှာ ဘုရားသခင် သင့်ကို ထားသည့်နေရာ၌ အကြွင်းမဲ့သစ္စာရှိခြင်းဖြစ်သည်။  

ထူးမြတ်သောဖွားမြင်ခြင်း ( ဟေရှာ ၇း၁၀-၁၅)
ကြည့်ရှုလော့။ သတို့သမီးကညာ သည် ပဋိသန္ဓေစွဲယူ၍ သား ယောကျာ်းကို ဖွားမြင်လတံ့။ ထိုသားကို ဧမာနွေလ အမည်ဖြင့် မှည့် ရလတံ့။ သမ္မာကျမ်းစာ၌ သားဦး ယောက်ျားလေးများ မွေးဖွားခြင်းက ထူးခြားအရေးပါသည်။ ကာဣန သည် ဘုရားသခင်၏ဖန်ဆင်းခြင်းအမှု အပြီးတွင် ပထမဆုံးမွေးဖွားသော သားဦးဖြစ်သည်။ ဣဇက် သည် ဣသရေလလူတို့၏အနာဂတ် မျှော်လင့်ချက်အဖြစ် မွေးဖွားလာသည်။ မိခင်တစ်ဦးက ဘုရား သခင်ထံ စိတ်အားထက်သန်စွာ ဆုတောင်းခဲ့၍ ရလဒ်အဖြစ် ရှမွေလလေး မွေးဖွားလာသည်။ သူတို့အားလုံးမှာ အလွန်အရေးပါသည်။ ၎င်းတို့ကို ၀မ်းမြောက်စွာ မျှော်လင့်စောင့်စားခဲ့ကြသည်။ သမိုင်းမှတ်တမ်း ရေးထိုးသူများက ၎င်းတို့၏ မွေးဖွားခြင်းကို တိကျစွာဖော်ပြသည်။ ကျမ်းစာ၌ ၎င်းတို့တစ်ဦးချင်းစီ၏ မွေးဖွားခြင်းနှင့်ပတ်သက်၍ “မိခင်သည် ပဋိသန္ဓေယူ၍ သားယောက်ျားကို ဖွားမြင်ခဲ့ကြောင်း” (က ၄း၁၊ ၂၁း၂-၃၊ ၁ ရာ ၁း၂၀) တွေ့ရသည်။ ယခုတွင် နောက်ထပ်သားယောက်ျားလေးတစ်ဦးမွေးဖွားခြင်းအကြောင်းကို စဉ်းစားဆင်ခြင်ကြပါစို့။ ထိုဖွားမြင်တော်မူခြင်းအကြောင်းကို ပို၍ အသေးစိတ်တိကျစွာ ဖော်ပြထားသည်။ သခင်ယေရှု၏ဖွားမြင်ခြင်းအကြောင်း ရှင်းလင်းသေချာစွာ ဖော်ပြရာ၌ စကားလုံးအနည်းငယ်မျှဖြင့် မလုံလောက်ပါ။ မိ ၅း၂ ၌ သခင်ယေရှုမွေးဖွားမည့်အရပ်သည် ဗက်လင်မြို့ဖြစ်ကြောင်း ဖော်ပြထားသည်။ ဟေရှာ ၇း၁၄တွင် သူ၏မိခင်သည် အပျိုစင် တစ်ဦးဖြစ်လိမ့်မည်။ ကိုယ်တော်သည် လူတို့အား အပြစ်မှကယ်တင်ရန် ကြွလာခဲ့ခြင်း ဖြစ်ကြောင်း ဟေရှာယ အခန်းကြီး (၅၃) တစ်ခုလုံး၌ ဖော်ပြထားသည်။ ကိုယ်တော်၏အမည်သည် မည်သို့ဖြစ်လိမ့်မည်၊ ဤသို့ခေါ်ရသည့် အကြောင်းရင်း (မ ၁း၂၁)၊ ကြိုတင်ပရောဖက်ပြုချက်များ ပြည့်စုံစေသည့် သခင်ယေရှု မွေးဖွားခဲ့သည့်နေရာ (မ ၂း၆)၊ ကိုယ်တော်၏မိခင်နှင့်ဖခင်တို့သည် ဘုရား၏ အကြံအစည် တော်၌ ပါဝင်ပတ်သက်ခဲ့ပုံ (မ ၁း၁၆) စသည်တို့ကို ဓမ္မသစ်ကျမ်း၌ ဆက်လက်ဖော်ပြ ထားသည်။ သခင်ယေရှု၏မွေးဖွားခြင်းက အထွတ်ဖြစ်သည်။ ကိုယ်တော်ကြွလာခြင်းက လောကကို ပြောင်းလဲစေပြီး ကျွန်ုပ်တို့၏အသက်တာကိုလည်း ပြောင်းလဲစေနိုင်သည်။ ကိုယ်တော်အား ချီးမြှောက်ကြပါစို့။ အလင်းအသက်စည်းစိမ်မျိုး၊ ဘေးဒဏ်ပေါင်းကင်းရှင်းတန်ခိုး ပေးပိုင်ရှင်သခင်မြတ်သည် လူ့ထာဝရသက်တည်ကြည် ရစိမ့်သောငှာ ကောင်းကင်မှ ဆင်းသက်သည်းခံ ဖွားမြင်ရ။ ခရစ်တော်သည် အကြီးမြတ်ဆုံးလက်ဆောင်ဖြစ်ကြောင်း လူသားတို့ သိမှတ်လက်ခံကြသည်။

No comments:

Post a Comment