ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

November 17, 2014

ကယ်တင်ခြင်းသတင်းကောင်း(၁၂)

ထာဝရလုံခြုံစိတ်ချမှုသည်
အပြစ်ပြုရန်“လိုင်စင်” ဖြစ်သလား။
ထာဝရလုံခြုံစိတ်ချမှုခံယူချက်ကြောင့်လူတွေက
ကယ်တင်ခြင်းစိတ်ချမှုရရှိသော်လည်း မိမိစိတ်ကြိုက်
အသက်ရှင်ကြသည်ကို တွေ့ရှိနိုင်သည်။ထိုသို့ဖြစ်ခြင်းသည် “အချက်အလက်များ”အားဖြင့်မှန်ကန် သော်လည်း
လက်တွေ့မှာမှန်ကန်မှုမရှိပေ။ သခင်ယေရှုရွေးနှုတ်
ကယ်တင်ခဲ့ပြီးသောသူများသည် အပြစ်တရားထဲတွင်
လုံးဝကျင်လည်တော့ကြမည်မဟုတ်ပေ။
ခရစ်ယာန်တစ်ဦးသည်မည်သို့အသက်ရှင်သင့်သည်ကို၎င်း၊
လူတစ်ဦးသည် မည်သို့ကယ်တင်ခြင်းရနိုင်သည်ကို၎င်း ကျွန်ုပ်တို့သည် သေချာစွာပိုင်းခြားသိမြင် နိုင်ရမည်ဖြစ်သည်။
ကယ်တင်ခြင်းသည် သခင်ယေရှုခရစ်တော်ကိုသာ
 ယုံကြည်ခြင်းအားဖြင့်၎င်း ကျေးဇူးတော်အားဖြင့်၎င်းရရှိသည်ကို သမ္မာကျမ်းစာထဲတွင် သေချာစွာဖော်ပြထားပါသည်
(ယောဟန် ၃း၁၆၊ ဧဖက် ၂း၈-၉၊ ယောဟန် ၁၄း၆)။
လူတစ်ဦးသည် သခင်ယေရှုခရစ်တော်ကို
မှန်ကန်စွာယုံကြည်လက်ခံခဲ့ပြီးနောက် ထိုသူသည်
ကယ် တင်ခြင်းရရှိပြီး၊ ထိုကယ်တင်ခြင်းသည်လည်း
လုံခြုံစိတ်ချမှုရှိသည်။ ယုံကြည်ခြင်းတစ်ခုတည်း
အားဖြင့်သာလျှင် ကယ်တင်ခြင်းမရပေ။ သို့သော်
ကယ်တင်ခြင်းရရှိသည်/မရရှိသည်ကို
 လုပ်ဆောင်ခြင်းအားဖြင့် ထင် ရှားသည်။
တမန်တော်ရှင်ပေါလုက ဂလာတိ ၃း၃ ထဲတွင်
ဤအကြောင်းနှင့်ပတ်သက်၍ဖော်ပြထားပါသည်။
သူက “ဤမျှလောက် ပညာမဲ့ကြသလော။ ၀ိညာဉ်တော်ကို
အမှီပြု၍လုပ်စရှိပြီးမှ၊ ဇာတိကိုအမှီပြု၍ပြီးစေ ကြသလော”
 ဟုမေးမြန်းခဲ့သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့်
ကယ်တင်ခြင်းရရှိလျှင် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းသည်
ယုံကြည်ခြင်းအားဖြင့် ပြသခဲ့၍ လုံခြုံမှုရှိသည်။
ကျွန်ုပ်တို့သည် ကြိုးပမ်းလုပ်ဆောင် ခြင်းအားဖြင့်
ကယ်တင်ခြင်းမရနိုင်ပေ။ ထိုကြောင့်ကျွန်ုပ်တို့သည်
ကျွန်ုပ်တို့၏ကယ်တင်ခြင်းကို မထိန်း သိမ်းနိုင်ကြပေ။
ဘုရားသခင်ကသာလျှင် ကျွန်ုပ်တို့၏ကယ်တင်ခြင်းကို
ထိန်းသိမ်းထားသည် (ယုဒ ၂၄)။ ဘုရားသခင်၏
လက်ျာတော်က ကျွန်ုပ်တို့ကိုခိုင်မာစွာ
စွဲကိုင်ထားပါသည် (ယောဟန် ၁၀း၂၈-၂၉)။
မည်သူ မည်ဝါကမှ ဘုရားသခင်၏မေတ္တာတော်နှင့်
ကျွန်ုပ်တို့ကို မခွဲခွါစေနိုင်ပေ (ရောမ ၈း၃၈-၃၉)။
 ထာဝရကယ်တင်ခြင်းစိတ်ချမှုရရှိခြင်းကို ငြင်းပယ်သော
သူများသည် ကောင်းသောအကျင့်ကိုကျင့်ခြင်းနှင့်
 ကြိုးပမ်းအားထုတ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ကယ်တင်ခြင်းကို
 စောင့်ထိန်းနိုင်သည်ဟု ယုံကြည်သောသူ များဖြစ်ကြသည်။
 ကျေးဇူးတော်အားဖြင့်သာလျှင် ကယ်တင်ခြင်းရရှိသည်။
 ခရစ်တော်၏ကောင်းမြတ်ခြင်း အားဖြင့်ကယ်တင်ခြင်းရရှိသည်။ ကျွန်ုပ်တို့၏ကောင်းမှုကုသိုလ်ကြောင့်မဟုတ်ပေ(ရောမ၄း၃-၈)။
ထိုသို့ ဖြစ်လျှင်ကျွန်ုပ်တို့သည် ဘုရားသခင်၏
နုတ်ကပတ်တရားတော်ကိုနာခံခြင်း၊ ကျွန်ုပ်တို့၏
ကယ်တင် ခြင်း စောင့်ထိန်းရန်အတွက်
 ကောင်းမွန်သောအသက်တာဖြင့်အသက်ရှင်ခြင်းတို့ကို
လိုအပ်သည်ဟုဖော်ပြ သောအခါ ကျွန်ုပ်တို့၏
အပြစ်အတွက် သခင်ယေရှု၏အသေခံခြင်းသည် မလုံလောက်ပေဟုပြောကြားကာ ကြွေးကြော်ခြင်းဖြစ်သည်။
သခင်ယေရှုအသေခံခြင်းသည် အတိတ်ကာလ၊ပစ္စုပ္ပန်ကာလနှင့်
အနာဂတ်ကာ လများတွင်ရှိသောကျွန်ုပ်တို့၏ပြစ်ကြွေး
အားလုံးပေးဆပ်ကျေအေးရန် လုံလောက်သည်။
သူ၏အသေခံခြင်းသည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းမရမှီ
အပြစ်များနှင့် ကယ်တင်ခြင်းရပြီးသောအပြစ်များအတွက်
 ပြစ်ကြွေး အားလုံးပေးဆပ်ရန်လုံလောက်သည်
(ရောမ ၅း၈၊ ၁ကော ၁၅း၃၊ ၂ကော ၅း၂၁)။
ထိုသို့ဆိုသော် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရရှိခဲ့ပြီးနောက်
 အပြစ်အားလုံးမိမိစိတ်ကြိုက်ပြုနိုင်သည်ကိုဆိုလိုသလော။
ထိုသို့မေးမြန်းခြင်းသည် မလွန်ဆိုးရွားသောမေးခွန်းဖြစ်သည်။
 အဘယ်ကြောင့်ဆိုသော် သမ္မာကျမ်းစာက စစ်မှန်သော
ခရစ်ယာန်များသည် “သူတို့နှစ်သက်မြတ်နိုး”သည့်အတိုင်း
အသက်မရှင်နိုင် ဟုအတည့်အလင်းဖော်ပြထားပါသည်။
ခရစ်ယာန်များသည် အသစ်သော ဖန်ဆင်းခြင်းခံရသော
သူများဖြစ် ကြသည်(၂ကော ၅း၁၇)။ ခရစ်ယာန်များသည်
ဝိညာဉ်တော်အသီးများကိုထုတ်လုပ်မည်ဖြစ်သည်(ဂလာ၅း၂၂-၂၃)။
ခရစ်ယာန်များသည် ဇာတိအသွေးအသားတပ်မက်ခြင်းအားဖြင့်
အသက်မရှင်ရပေ (ဂလာ ၅း၁၉-၂၁)။ ၁ယောဟန် ၃း၆-၉ထဲတွင်
ခရစ်ယာန်များသည် အပြစ်ပြုခြင်းဖြင့်အသက်မရှင်ရ
ဟုဖော်ပြထား သည်။ ကျေးဇူးတော်သည် အပြစ်ပြုရန်
အတွက်ဖြစ်သည်ဟု အလွဲသုံးစားပြုနေသောသူများအတွက်
တမန် တော်ရှင်ပေါလုက ဤသို့မိန့်ဆိုထားပါသည်။ “ထိုသို့မှန်လျှင်၊ အဘယ်သို့ပြောရမည်နည်း။ ကျေးဇူးတော် ပွါးများစေခြင်းငှါ
အပြစ်တရားကိုကျင့်၍ နေရမည်လော။ ထိုသို့မနေရ။
အပြစ်တရားမှ စုတေ့သောသူသည် ထိုတရား၌
အဘယ်သို့ရှင်ရဦးမည်နည်း” (ရောမ ၆း၁-၂)။
 ထာဝရကယ်တင်ခြင်းလုံခြုံစိတ်ချမှုသည် အပြစ်ပြုရန်အတွက်
 လိုင်စင်လက်မှတ်မဟုတ်ပေ။ ၄င်းသည် ခရစ်တော်ကို
ယုံကြည်သောသူများအတွက် ဘုရားသခင်၏မေတ္တာတော်ကို
 အာမခံခြင်း သိရှိခြင်းလုံခြုံမှု ပင်ဖြစ်သည်။
ဘုရားသခင်၏ပြီးပြည့်စုံသောကယ်တင်ခြင်းသိရှိ
နားလည်သဘောပေါက်ခြင်းသည် အပြစ်ပြု ရန်လိုင်စင်
မဟုတ်ကြောင်းကို ပြည့်စုံစွာဖော်ပြထားသည်။သခင်ယေရှု
 ခရစ်တော်ပေးဆပ်ပေးခဲ့သော တန်ဖိုး ကိုသိရှိသော
သူများသည် မိမိအသက်တာ၌အပြစ်ပြုခြင်းအားဖြင့်မည်သို့
အသက်ရှင်နိုင်မည်နည်း(ရောမ ၆း၁၅-၂၃)။
ဘုရားသခင်ကို ယုံကြည်သောသူများသည်
သူ၏နှိုင်းတု၍မရသောမေတ္တာတော်ကို ဘုရားသ ခင်၏
မျက်နှာပေါ်သို့ မည်သို့လွှင့်ပစ်နိုင်မည်နည်း။
ထာဝရလုံခြုံစိတ်ချမှုသည် အပြစ်ပြုနိုင်ရန်
လိုင်စင်ဖြစ်သည်ဟု ယုံကြည်သောသူများသည်
ထာဝရလုံခြုံစိတ်မျမှုမရသောသူများဖြစ်ကြသည်။
သူတို့သည် သခင် ယေရှုခရစ်တော်အားဖြင့် စစ်မှန်သော
ကယ်တင်ခြင်းမရသေးသောသူများဖြစ်ပေသည်။
 “ကိုယ်တော် ၌တည်နေသောသူမည်သည်ကား၊
 ဒုစရိုက်ကိုမပြုတတ်။ ဒုစရိုက်ကိုပြုတတ်သော
သူမည်သည်ကား၊ကိုယ် တော်ကိုမသိမမြင်ရသေး” (၁ယော ၃း၆)။

No comments:

Post a Comment