ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

November 13, 2017

သုံးပါးတစ်ဆူဖြစ်ခြင်း (TRINITY)

က။ အခြေပြုမှတ်တမ်းတင်သည့်အချက်
(The Statement of Doctrine)  
ဘုရားသခင် သည် တစ်ဆူတည်း ဖြစ်သော်ငြား လည်း 
ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော် 
တည်းဟူသော ပုဂ္ဂိုလ်သုံးပါး အနေဖြင့် ထင်ရှားဖော်ပြ နေပါသည်။ 
ပုဂ္ဂိုလ်သုံးပါး ဟုဆိုရာ၌ ကျွန်ုပ်တို့ လူသားတို့ နားလည်သော 
ပုဂ္ဂိုလ် သုံးဦး၊ သုံးယောက်ကို ဆိုလိုခြင်း မဟုတ်ပေ။ 
သုံးပါးအနေဖြင့် ထင်ရှား ဖော်ပြခြင်းဖြစ်ပြီး 
တစ်ဆူတည်းသာ ဖြစ်သည်။

အမှန်အားဖြင့် ဤအချက်သည် အလွန်နက်နဲလှပေသည်။ လူသားတို့၏ခွဲခြား ပိုင်းခြား တတ်သော ဆင်ခြင် ဥာဏ်အားဖြင့် 
စဉ်းစားပါက နားလည်ဖို့ရန် လွန်စွာ ခက်ခဲနေ ပါသည်။ 
မည်သို့ပင်ဖြစ်စေ၊ ဤသို့ ပုဂ္ဂိုလ်သုံးပါး အနေဖြင့် ထင်ရှားပါသော်လည်း တစ်ဆူတည်း သာဖြစ်ကြောင်း သမ္မာကျမ်းက ဖော်ပြထားပါသည်။ 
(က ၁း၂၆။ မ ၂၈း၁၉)။ 

ခ။ သမိုင်းအစဉ်အလာလက်ခံအတည်ပြုချက် 
(Historical Statements of Acceptance) 
သုံးပါတစ်ဆူ ဟူသော စကားလုံးသည် လက်တင်ဘာသာ Tranitas ဟူသော စကားလုံးမှ ပေါက်ဖွားလာကြောင်း တွေ့ရှိရပါသည်။ 
A D 240 မှစ၍ ပညာရှိကြီး တာတူလီယံ (Tertullian) စတင်အသုံးပြုခဲ့ကြောင်း တွေ့ရှိရပါသည်။ 
ဂရိလူမျိုးပညာရှင်ကြီး 
သီအိုဖိ လပ်စ် (Theophilus) ကလည်း ဂရိဘာသာအားဖြင့် 
Tnes ဟူ၍ သုံးစွဲခဲ့ရာမှ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော် တည်းဟူသော သုံးပါးတစ်ဆူအဖြစ် အခိုင်အမာ အသုံးပြု လာကြောင်း တွေ့ရှိရပါသည်။ ဤအချက်သည် နက်နဲသောအရာ ဖြစ်သည်။ 

ထို့ကြောင့် လူတို့၏ ကြံစည်ဥာဏ် အစွမ်း ပကားအားဖြင့် နားလည်၍ မရနိုင်ပါ။ သို့သော်ငြားလည်း ခရစ်ယာန်ဟူသမျှသည် ဤ အချက်၌ ငြင်းပယ်ရန် မရှိ၊ အလိုအလျောက် ခေတ်အဆက်ဆက် လက်ခံ ယုံကြည် ထားကြောင်း တွေ့ရှိရပါသည်။

ဂ။ သမ္မာကျမ်းစာမှသက်သေပြချက် 
(The Spiritual Proof) 
ဓမ္မဟောင်းကျမ်းကို လေ့လာသည့်အခါ ဘုရားသခင်၌ ပုဂ္ဂိုလ်
တစ်ပါးထက် ပိုနေကြောင်းတွေ့ရပါသည်။ ဘုရားသခင်သည် သုံးပါးဖြစ်ကြောင်းကို ဤကဲ့သို့ ဖော်ပြလေ့ရှိပါသည်။ “တဖန် 
ဘုရားသခင်က ငါတို့ ပုံသဏ္ဍာန်နှင့် အညီ တသဏ္ဍာန်တည်း လူကို ဖန်ဆင်းကြစို့” (က ၁း၂၆)။ အခြားလေ့လာရန် ကျမ်းပိုဒ်များ (က ၁၁း၇၊ ဟေရှာ ၄၈း၁၆၊ ၆၃း၁၀။ ၆၁း၁)။ ဓမ္မသစ်ကျမ်း၌ ပိုမို၍ နားလည်ရပါသည်။ 

အထူးသဖြင့် လောကီသားများကို အပြစ်မှ ကယ်လွှတ်စေခဲ့ခြင်း၊ သားတော်သည်လည်း သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားကို စေလွှတ်ခြင်း၊ သားတော်သည်လည်း သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားကို ဥပဇ္ဈယ် ဆရာအဖြစ် စေလွှတ်ခဲ့ခြင်း စသည့် အချက်များတို့၌ ကောင်းစွာနားလည် သဘောပေါက် ရပါသည်။ သေခြင်းကို အောင်မြင် လျက်ကောင်းကင်သို့ မတက်မီ ယေရှုခရစ် မိန့်မှာခဲ့သော စကားအားဖြင့်လည်း ခိုင်လုံစွာ သက်သေပြနိုင်သည်။ “သင်တို့သွား၍ လူမျိုးတကာတို့ကို 
ငါ့တပည့်ဖြစ်စေ လျက် ခမည်းတော်၊ သားတော်၊ 
သန့်ရှင်းသော ၀ိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့” ဟုဆိုလေသည် (မ ၂၈း၁၉)။ အခြားကျမ်းပိုဒ်များ 
(လု ၁း၃၅၊ ၃း၂၁၊ ၂၂။ ၁ကော ၁၂း၎-၆၊ 
၂ကော ၁၃း၁၄။ ၁ပေ ၁း၂)

Cults ယုံကြည်ခြင်း (၀ါ) အခြားသော ဧ၀ံဂေလိ

Aberrant Christianity
Audio Messages on the Kingdom of the Cults
Characteristics of a Cult
Cult: A Theological Definition
Cult or Cultic?
Leaving a Cult
Marks of a Cult
Patterns in the Cults
Why Is a Cult a Cult?

Cults ဆိုသည်မှာ

ကျွန်ုပ်တို့သည် မိမိတို့ယုံကြည်ရာဘာသာတရားကို လွတ်လပ်စွာရွေး
 ချယ်၍ ကိုးကွယ်ခွင့်ရှိ သော လူ့အဖွဲ့စည်းတွင် ယနေ့ အသက် 
ရှင်နေထိုင် ရသူများဖြစ်သည်။ ယုံကြည်ကိုးကွယ်မှုဘာသာ အယူဝါဒ 
တိုင်း၌ ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် လူသားချင်း စာနာထောက် ထားရေး၊ မေတ္တာ တရားအနှစ်သာရများရှိကြသည်။ 

သို့သော် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကသော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခု ကသော်လည်းကောင်း သူတို့သာလျှင် ဘုရား
သခင်၏ စစ်မှန်သော အမှုတော်ကို ဆောင်ရွက်သူများဖြစ်ကြောင်းနှင့် ခရစ်ယာန်အယူဝါဒ စစ်ကို ရထားသူများဖြစ်ကြောင်း ကြော်ငြာပြီး လက်ရှိအသင်းတော် များမှာ မှားယွင်းနေသည်ဟု တင်ပြပြောဆိုလာပါက သတိထားဖို့ လိုအပ်လာ သည်။ ထိုသူများသည် မူလယုံကြည်ချက် အယူဝါဒများကို ကိုယ်လိုရာစွဲပြီး အစွန်းရောက်တွေးခေါ် ခြင်းဖြင့် အစွန်းရောက် အယူဝါဒများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ 
 ယနေ့မြန်မာပြည်ရှိ ခရစ်ယာန်အသင်းတော်အချို့တွင် 
အစွန်းရောက် အယူဝါဒသွန်သင်မှု များရှိနေကြောင်းတွေ့ရသည်။
 နိုင်ငံခြားမှ အကူ အညီများကိုယူပြီး အသင်းတော်ဂိုဏ်း
ဂဏသစ်များ တည်ထောင် လာကြသည်။ 

၎င်းတို့ထဲတွင် အစွန်းရောက် ခရစ်ယာန်အဖွဲ့ 
အစည်းအချို့လည်း ရောနှောဝင်ရောက်လာသည်။ 
ထို့ပြင် အမျိုး မျိုးသော သွန်သင်မှုသြ၀ါဒများနှင့် အစွန်းရောက်ဝါဒ များသည်လည်း လက်ရှိအသင်းတော်များအတွင်းသို့ စိမ့်ဝင်ပျံ့နှံ့ဝင်ရောက်လျက်ရှိသည်။ 

ထိုအစွန်း ရောက်သွန်သင်မှုသြ၀ါဒများသည် ကျွန်ုပ်တို့ 
အသင်းတော် များကို များစွာ ဒုက္ခပေးလာနိုင်သည်။ 
ကျွန်ုပ်တို့သည် ခရစ်ယာန်တစ်ဦးအနေဖြင့် အစွန်းရောက်
ခရစ်ယာန် အဖွဲ့အစည်းများ၏ မှားယွင်းမှုပြဿနာများကို 
မည်ကဲ့သို့ ကိုင်တွယ်ဖြေ ရှင်းမည်နည်း။ 
ကျွန်ုပ်တို့ကိုယ်တိုင် ပရိယာယ်
 များလှသော လှည့်စား မှုနှင့် နူးညံ့
သိမ်မွေ့သောသွေးဆောင်ဖြားယောင်းမှု
 တို့ကို မည်ကဲ့ သို့ကိုင် တွယ်ရှောင်ရှားမည်နည်း။ 

အကယ်၍ ထိုသို့သော အစွန်းရောက် အယူဝါဒ၊ ဂိုဏ်းအဖွဲ့
အစည်းတစ်ခု ခုနှင့် ဆက်နွယ် ပတ်သက်သွားသည့် ကျွန်ုပ်တို့နှင့် ရင်းနှီးကျွမ်းဝင်သူတစ်ဦးအတွက် ကျွန်ုပ်တို့ ဘာလုပ်ပေးနိုင်သနည်း။ ထိုသို့သော အစွန်းရောက် ဂိုဏ်း အဖွဲ့ဝင်တစ်ဦးတစ်ယောက်ကို ကျွန်ုပ်တို့ မည်ကဲ့သို့ ဆက်ဆံမည်နည်း (သို့) မည်ကဲ့သို့ ကိုင်တွယ်မည်နည်း။ ယုံကြည်သူ ခရစ်ယာန်တိုင်း သည် အမှားနှင့် အမှန်ကိုခွဲခြားသိပြီး 
ပညာရှိစွာ ခရစ်ယာန် အသက်တာတွင် သမ္မာသတိဖြင့် လျှောက်လှမ်းအသက်ရှင်နိုင်ရန် အစွန်းရောက်အယူသီးတို့၏ ၀ါဒသဘောသဘာဝများကို တင်ပြ လိုက်ရခြင်းဖြစ်ပါသည်။ အစွန်းရောက်အယူသီးဂိုဏ်းဝါဒများကို အင်္ဂလိပ်လို (Cults) ဟုခေါ် သည်။ Cults ဟူသော စကားလုံးသည် ဝေါဟာရအဓိပါယ်များစွာရှိပြီး 
အထူးသဖြင့် ဘာသာရေးယုံကြည်ချက်၊ ကျင့်သုံးမှု
 နှင့်ပတ်သက်သော စနစ်ကြီးကို ခေါ်ဆိုခြင်းဖြစ်သည်။ 

ဤဝေါဟာရကို အဘိဓာန်ကျမ်းများတွင် (၁) စွဲလန်းယုံကြည်မှု (၂) ဘာသာ အယူဝါဒ ဆိုင်ရာသီးသန့်ကျင့်သုံးသော ဓလေ့စရိုက်စနစ် (၃) ပုဂ္ဂိုလ် တစ်ဦး သို့မဟုတ် အယူဝါဒတစ်ခုကို တန်းတန်းစွဲသက်ဝင်ယုံကြည်ခြင်း (၄) ယင်းသို့သော အယူဝါ ဒ ရှိသောလူတစ်စု သို့အဟုတ် အသင်းအဖွဲ့ တစ်ခု (၅) လွဲမှားသောတရားတော်နှင့် မကိုက်ညီ သော ဘာသာ အယူဝါဒ 
သို့မဟုတ် တတ္တိ၀ါဒ သို့မဟုတ် ယင်းဝါဒကို သက်ဝင် 
ယုံကြည်သူဟုဖော်ပြ ထားသည်။ 

Theology Content အရ Cults ဟူသည် အများလက်ခံထားသော အခြေခံအဖွဲ့အစည်း များ၏ ပြင်ပမှာရှိနေသော သီးခြားအုပ်စုကို ခေါ်ဆိုခြင်းဖြစ်သည်။ ၎င်းတို့သည် မူလယုံကြည်သူများ မှဖြာထွက်လာခဲ့ပြီး မူလဘာသာအယူဝါဒအပေါ် ကိုယ်လိုရာစွဲပြီး အစွန်းရောက်အတွေးအခေါ်များ သွတ်သွင်းကာ ပြန်လည်ပုံဖော်ထားသည့်ဂိုဏ်းဖြစ်သည်။ 
ထို့ကြောင့် သမိုင်းစဉ်လာ ခရစ်ယာန် ယုံ ကြည်ချက်များကို မလိုက်နာသောအုပ်စုကို အစွန်းရောက်ခရစ်ယာန်အဖွဲ့
အစည်းများ Cults ဟု သတ်မှတ်နိုင် သည်။

 Cults ကို နည်းအမျိုးမျိုးဖြင့် ဖွင့်ဆိုနိုင်သော်လည်း လွယ်ကူစွာ သတ်မှတ်ရလျှင် ဘုရား သခင်၏ သုံးပါးတစ်ဆူဖြစ်ခြင်း၊ ခရစ်တော် လူ့ဇာတိခံယူခြင်းစသည့် အရာများအပေါ်မူတည်ပြီး သတ်မှတ်နိုင် သည်။ အထူးသဖြင့် Cults များသည် အောသိုဒေါ့သွန်သင်မှုများကို ဆန့်ကျင်ပြစ်တင် ကြသူများဖြစ်သည်။ 

ဆရာကြီး Walter Martin က Cults ဟူသော စကားလုံးကို အဓိပါယ်ဖွင့်ဆို ရာတွင် “ခရစ်ယာန် အသင်းတော်၏ မူလယုံကြည်ချက်၊ ခံယူချက်များ၊ အထူးသဖြင့် ဘုရားသခင် သည် သခင်ယေရှုအားဖြင့် လူ့ဇာတိခံယူသည်ဟူသော ယုံကြည်ချက်အပေါ် 
လူတစ်ဦးတစ် ယောက်၏ မှားယွင်းစွာ အနက် ဖွင့်မှုကြောင့် အစွန်းရောက်သွားသောအဖွဲ့အစည်းဟု ခေါ်သည်။ 

အစွန်းရောက်ခရစ်ယာန်အဖွဲ့အစည်းများသည် သမ္မာကျမ်းဆိုင်ရာ ခရစ်ယာန်ယုံကြည်မှု များမှာ လမ်းလွဲမှားယွင်းခြင်း၊ သို့မဟုတ် ခရစ်ယာန်အသင်းတော်၏ သမိုင်းဝင်သွန်သင်မှုများကို ငြင်းပယ်ခြင်းပင်ဖြစ်သည်။ တမန်တော်ကြီးရှင်ပေါလုက ဤအရာသည် မှန်ကန်သော အသင်း တော်နှင့် ကမ္ဘာကြီးကို လှည့်စားဖို့ရန်အတွက် အားထုတ်ကြိုးပမ်းနေသော မှားယွင်းသော ခရစ် တော်နှင့် မှားယွင်းသော ဧ၀ံဂေလိတရားများသာ ဖြစ်သည်ဟု သတိပေးခဲ့သည်။ 

 World Books Encyclopedia ၌ Cults ဆိုသည်မှာ သက်ရှိ ထင်ရှားခေါင်းဆောင်တစ် ယောက်၏ သွန်သင်မှုအသစ် သို့မဟုတ် သမာရိုးကျမဟုတ်သော သွန်သင်မှုများအတွက် ပေးဆပ် သောသူ၊ သစ္စာရှိသောသူ၊ ဘာသာရေးအဖွဲ့အစည်းဖြစ်သည်။ 

Cults ဟူသော ဝေါဟာရအသုံး အနှုန်းသည် မည်သည့်ကိုးကွယ်ဝတ်ပြုမှုစနစ်ကိုမဆို ရည်ညွှန်းသည်။ နတ်ဘုရားများကို ကိုးကွယ် သောအုပ်စုများကိုပင် Cults ဟုခေါ်သည်။ ယနေ့အချိန်ခါတွင် Cults ဆိုသည်မှာ ထူးခြားဆန်းကြယ်သည့် အသစ်သော သွန်သင်မှုနှင့် ကျင့်သုံးမှုများကို စည်းရုံးနိုးဆော်သည့် သက်ရှိခေါင်းဆောင်နောက်လိုက်ခြင်းကို ဆိုလိုသည်။ 

ကျွမ်းကျင် သူများက ကမ္ဘာပေါ်တွင် Cults အဖွဲ့ပေါင်း 3000
 ကျော်ရှိသည် သက်လတ်ပိုင်း အများဆုံးဖြစ်ပြီး 
အသင်းသာ ၃ သန်းခန့်ရှိသည်ဟု ဆိုသည်။

 အစွန်းရောက်အယူသီးဂိုဏ်းဝါဒများပေါ်ပေါက်လာရသည့်အကြောင်းရင်းများ သိပံ္ပပညာနှင့် စက်မှု၌လျင်မြန်စွာတိုးတက်လာသော ယနေ့ခေတ်ကြီး တွင် ရုပ်ဝတ္ထုပိုင်း၌ အလွန်တိုးတက်လာသည်။ ရုပ်ဝတ္ထုပစ္စည်းများက လူ၏စိတ်ဆန္ဒကို ကျေနပ်မှုရှိအောင် မဖြည့်စွမ်း နိုင်သဖြင့် ရုပ်ဝတ္ထုများ အလွန် တိုးတက်နေသော်လည်း လူတို့၏စိတ်ဓာတ်ရေးရာတွင် လျော့ကျနေ သည်။ ထိုအခါ စိုးရိမ်မှု၊ မရောင့်ရဲမှု၊ မလုံခြုံမှုနှင့် အလို မပြည့်မှုများ တိုးပွားလာကြသည်။ ထို့ကြောင့် လူအများသည် အပြောင်းအလဲကို အားထားလာကြသည်။ မသေချာမရေရာသောအခြေအနေနှင့် လူသားများရင်ဆိုင် လာရသောအခါ သူတို့တွင် စိုးရိမ်ပူပန်မှုပေါ်ပေါက်လာသည်။ 
စိုးရိမ် ပူပန်မှုဒဏ်ကို သူတို့သည် 
မခံနိုင်၍ အားကိုးရာမဲ့အခြေ အနေမှ
 လွတ်မြောက်ရန်  ကြံဆောင်ကြသည်။ 

အားကိုးစရာတစ်ခုခုကို ရှာဖွေကြ သည်။ မိမိဥာဏ် ပညာနှင့် ဘ၀အတွေ့အကြုံကိုအသုံးပြုပြီး ပေါ်ပေါက်လာသော အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်အောင် ဆောင်ရွက်ခြင်း မပြုနိုင်သောအခါ စိတ်၏အေးချမ်း မှုမခံစား ရသည့် အခြေအနေဖြစ်လာ သည်။ သူတို့၏ မျှော်မှန်းချက်နှင့် လက်တွေ့ဘ၀တို့ကိုက်ညီမှုမရှိသောအခါ စိတ်ပိုင်းဆိုင်ရာ အကြပ်အတည်းနှင့် ရင်ဆိုင်ကြရပြီး ထွက်ပေါက် ရှာကြသည်။ 

ထာဝရမဟုတ်သည့်တိုင်အောင် တဒင်္ဂပေးနိုင်သည့် စိတ်ချမ်းသာမှုကို ရှာဖွေကာလာကြသည်။ လောကဒဏ်ကို နေ့စဉ်နှင့် အမျှခံစား လာရသောလူသားများအနေဖြင့် ထွက်ပေါက် လာကြခြင်းဖြစ် သည်။ လူ့အဖွဲ့အစည်းတစ်ခုတွင် လူမှာပြောင်းလဲမှုကြီး ပေါ်ပေါက်လာသော အခါတွင်လည်း ကောင်း၊ မိသားစုညီညွတ်မှုပြိုကွဲသောအခါတွင် လည်းကောင်း၊ အာဏာပိုင်များနှင့်သက်ဆိုင် သော အခက်အခဲ များပေါ်ပေါက်လာသောအခါတွင်လည်းကောင်း၊ အစွန်းရောက် အယူသီးဂိုဏ်း ၀ါဒများပေါ်ပေါက်လာတတ်သည်ဟု သုတေသီများက အကြောင်းပြကြသည်။ 

အစွန်းရောက်အသီးဂိုဏ်းဂဏာဝါဒများတွင် တွေ့ရလေ့ရှိ သည့်သွင်ပြင် လက္ခဏာများ အစွန်းရောက်ခရစ်ယာန်အဖွဲ့အစည်းများသည် ခရစ်တော်အပေါ် ယုံကြည်ချက်သဘော ထားများကို ငြင်းပယ်သောအဖွဲ့ အစည်း များဖြစ်သည်။ သူတို့သည်သာ စစ်မှန်သောခရစ်ယာန်များ ဖြစ်ကြောင်း ကြွေးကြော်ပြီး တဆက်တည်းမှာပင် ခရစ်တော်အပေါ် ယုံကြည် ချက်များကို ငြင်းဆို ကြသည်။ သူတို့သည် စစ်မှန်သောခရစ်ယာန် ယုံကြည်ချက်များအပေါ်တွင် ရပ်တည်နေသည်ဟု ဆိုသည်။ သူတို့သာစစ်မှန်သော ခရစ်ယာန်ပုံစံဖြစ်သည်ဟုကြွေးကြော်ကြသည်။ ယေဘုယျအားဖြင့် အောက်ဖော်ပြပါသွင်ပြင်လက္ခဏာရှိသည့် သွန်သင် မှုအုပ်စုဘာသာ ရေးအဖွဲ့အစည်းများကို အစွန်းရောက်အယူသီး ဂိုဏ်းဝါဒများ ဟုခေါ်ဆိုနိုင်သည်။ 

• ထက်မြက်သောခေါင်းဆောင်မှုရှိခြင်း
 • ကျမ်းစာအပိုရှိခြင်း (သို့) ကျမ်းစာအပြင်ဘက်မှ အခွင့်အာဏာ
 • သမ္မာကျမ်းစာကို အသစ်သောအနက်ဖွင့်ဆိုမှုရှိခြင်း 
• အသစ်သောသမ္မာတရားရှိခြင်း 
• ယေရှုခရစ်တော်ကို ဘုရားသခင်၏ သားတော်အဖြစ် ငြင်းပယ်ခြင်း 
(သို့) မပြည့်အ၀ အသိ အမှတ်မပြုခြင်း။ 
• ဘုရားကတိနှင့်ပတ်သက်၍ ကျမ်းစာပြင်ပမှ သွန်သင်ခြင်း (သုံးပါးတစ်ဆူ) 
• အကျင့်အားဖြင့်ကယ်တင်ခြင်း 
• မှားယွင်းသောပရောဖက် (မိစ္ဆာပရောဖက်) (က) ထက်မြက်သောခေါင်းဆောင်မှုရှိခြင်း ထူးခြားဆန်းကျယ်သော အသစ်သောသွန်သင်မှုများနှင့် ကျင့်သုံး မှုများကို စည်းရုံးလှုံ့ဆော် နေသည့် သက်ရှိခေါင်းဆောင်ရှိသည်။ ခေါင်းဆောင်များက သူတို့တွင် ဘာသာရေးဆိုင်ရာ အမှန် တရားများကို သီးသန့်ပိုင်ဆိုင်
ထားသောကြောင့် သူ၏အမိန့်ကို သစ္စာရှိရှိနှင့် အကြွင်းမဲ့နာခံဖို့ အသင်းသားများအားပြောဆိုသည်။ ဗဟိုဦးစီးစနစ်ကျင့်သုံးပြီး ဦးဆောင်သူများက သူတို့သည် ဘုရား သခင်ထံမှ အကြွင်းမဲ့ စေလွှတ်ခြင်းခံရသော တမန်တော် အဖြစ်ခံ ယူသည်။ 

ထိုကဲ့သို့သူတို့သည် ဘုရားသခင်နှင့် အခွင့် အထူး ဆက်သွယ်မှုရှိသောကြောင့် ဓမ္မအတွေးအခေါ်များကို ခေါင်းဆောင် ကိုယ်တိုင်နှုတ်တိုက် သွန်သင်ပေးရသည်။ တစ်ခါတစ်ရံ ခေါင်းဆောင် သည် သူ့ကိုယ်သူ ဘုရားလိုလိုသွန်သင်တတ်ပြီး ဘုရားသခင် ကိုတွေ့နိုင်ဖို့ ၀င်ပေါက်လမ်းကြောင်းမှာ သူသာဖြစ်ကြောင်း သွန်သင် သည်။ 

 ထို့ကြောင့် ခေါင်းဆောင်သည် မိမိအဖွဲ့အစည်းအပေါ်တွင် လွှမ်းမိုးနိုင်စွမ်းရှိလာသည်။ ထိုသို့ထက်မြက်သည့် ခေါင်းဆောင်မှုကြောင့် နောက်လိုက်များက ခေါင်းဆောင်အပေါ် လုံးဝမှီခိုယုံကြည်ပြီး အသက်ရှင်ပြုမူနေ ထိုင်ကြသည်။ အသင်းသားများသည်လည်း မိမိတို့ပိုင်ဆိုင် သော ကိုယ်ပိုင်ပစ္စည်းများကို မိမိအသင်းအဖွဲ့အတွက် ပေးလှူပါဝင်ကြသည်။ 

အကျင့်ပျက်သော မကောင်းသည့် ခေါင်းဆောင်များနှင့်
 တွေ့သောအခါ အကျိုးကျေးဇူးမှာ ပျက်စီးခြင်းပင်ဖြစ်သည်။ ထို့ကြောင့် အစွန်းရောက်ခရစ်ယာန်အဖွဲ့အစည်းများသည် ခေါင်းဆောင်ကို အခြေပြု ထားသည်။ ၎င်းတို့သည် ပုဂ္ဂိလိကသဘော၊ အနည်းစုသဘောကို ဆောင်သည်။ သို့သော် ဂိုဏ်းဝင် အရေအတွက်၊ ငွေကြေးနှင့် သြဇာအာဏာ တိုးပွားလာသောအခါ ဘာသာရေးဂိုဏ်း (Relagion) 
တစ်ခုအသွင်သို့ ကူးပြောင်းလာတတ်သည်။ (မောင်ဇလပ်ဖြူ)
(မောင်ဇလပ်ဖြူ)

July 27, 2017

Rev. (သိက္ခာတော်ရ)အကြောင်း

သမ္မာကျမ်းစာက သိက္ခာတော်ရ (Reverenced) ကိုလူတွေ 
အတွက်ဖော်ပြ မထားတော့ ဘိုးဧကတော့ လုံးဝသဘော မကျမိတာ အမှန်ပါ။ Reverence (သိက္ခာတော်ရ) ရဲ့ဇစ်မြစ်ဝေါဟာရ  Revere (ရိုသောလေးမြတ်သည်) လို့အနက်ရတဲ့ ဟေဗြဲစကားလုံးက
 “לְהַעֲרִיץ=” “yare” ကနေဆင်းသက် လာတာဖြစ်ပါတယ်။ 

အနက်ကို အတိအကျ ဖော်ရရင်တော့ “ကြောက်ရွံ့သည်၊ ရိုသေလေးမြတ်သည်၊ အရိုအသေပေးသည်” ဆိုပြီးအနက်ရပါတယ်။ 
Qual Stem ကဖြစ်ပါတယ်။ Qual Stem အတိုင်းအနက်ပြန် 
ရမယ်ဆိုရင် “ထိတ်လန့်ကြောက် ရွံ့သည်။ နက်နဲစွာအရိုသေအလေးအမြတ် ပေးပြုသည်” 
(to stand in awe, to have a deep respect or honor” လို့အနက်ရပါတယ်။ 
 (ဟေဗြဲမှာ Qual, Niphiel, Hiphiel, Piel… စသဖြင့်ရှိပြီး စကားလုံးတစ်ခုစီချင်းဟာ stem အလိုက် အဓိပ္ပါယ်မတူပါ)။ 

ဂရိစကားလုံးကျတော့ “phobe” ပြီး အဲဒီကနေ ကြောက်ရွံ့ခြင်းကို အနက်ဆောင်တဲ့ အင်္ဂလိပ်စကားလုံး phobia ကိုရလာတာဖြစ်တယ်။ phobe ရဲ့အနက်က “ကြောက်ရွံ့စေသည်၊ခြိမ်းခြောက်သည်၊ ထွက်ပြေး စေသည်၊ ကြောက်ရွံ့ ရိုသေလေးမြတ်သည်” ဆိုပြီးရှိ ပါတယ်။ ဒီစကားလုံးက ခရစ်တော်ကို သာဦးတည် ရည်ညွှန်းနော တာကို တွေ့ရတယ်။ မဿဲ ၁၀း၂၈ မှာ ခန္ဓာကိုယ်ကိုဖျက်ဆီးပြီး
စိတ်ဝိညာဉ်ကိုပါ ငရဲမှာ ချနိုင်သော အခွင့်ရှိကြောင်းဖော်ပြ ထားပါတယ်။ ဆိုလိုတာက ဘုရားသခင်ကို ဆက်ကပ်အပ်နှံကာနေထိုင်ခြင်းကို 
ဆိုလိုတာ ပဲဖြစ်ပါ တယ် (ဟေဗြဲ ၁၀း၃၁)။ 

လူကို Reverenced (သိက္ခာတော်ရ) ခေါ်သင့်သလား။ 
အထက်ပါ စကားလုံးတွေအရ reverence ဆိုတာသည် ကြောက်ရွံ့ မှုနှင့် ရိုသေလေးမြတ်ခြင်း၊ အလေး အမြတ်ထားခြင်း လို့အနက် ရတာကြောင့် သမ္မာကျမ်းစာမှာ ဘယ်လူသားကိုမှ ကြောက်ရွံ့ရိုသေဖို့ မသွန်သင်ပါဘူး။ လူအချင်းချင်းကို နက်နဲတဲ့ ရိုသေ သမှုပြုဖို့ ကိုလည်း မပြောထားပါ ဘူး။ အပြန်အလှန် ရိုသေလေးစားမှု၊ ကိုယ်နှင့် စပ်ဆိုင်သူကို ကိုယ်နှင့် 
အမျှချစ်ဖို့ ကိုပဲပြော ထားတာပါ။ သမ္မာကျမ်း စာတော်မြတ်မှာ ဘယ်အမှုတော်ဆောင် အစေခံကိုမှ သိက္ခာတော်ရ 
(Reverenced) တပ်မခေါ်ထား တာကိုတွေ့ရမှာပါ။ 

အဲဒီ Reverence ဆိုတာ King James Version မှာ ဘာသာပြန်ထား တာကတော့ ဘုရားသခင်အတွက် ဘဲ တစ်ကြိမ်တည်း သမ္မာကျမ်းစာ မှာတွေ့ရမှာ ပါ (ဆာလံ ၁၁၁း၉)။ ဆရာ ယုဒသန် က “…နာမတော် သည်သန့်ရှင်း၏။ ကြောက်ရွံ့ရိုသေဘွယ်ဖြစ်၏” လို့ဘာသာပြန် ထား ပါ တယ်။ ဘုရားသခင် တစ်ပါးတည်းသာလျှင် သိက္ခာတော်နှင့် ဂုဏ်နှင့် ထိုက်တန် သူဖြစ်ပါတယ်။ 

Reverence (သိက္ခာတော်ရ) အစဒီအခေါ်အဝေါ်ရဲ့ အစကို 
အတိအကျ မပြောနိုင်ပေမယ့် ခရစ် ယာန်ခေတ်ဦး ကာလ ဘာသာ 
တရားရဲ့ အဆုံးအမကို စွန့်ခွါ သူတွေက ရောမအာဏာပိုင်တို့ရဲ့ အသိအမှတ်ပြုတာကို လိုချင်လို့ မိမိ ကိုယ်ကို ပေးလေ့ပေးထရှိတယ် ဆိုပြီး website တစ်ခုမှာ ဖော်ပြဖူး ပါတယ်။ ခရစ်ယာန်ဆိုတဲ့ အမည်ကို ခံယူဖို့ငြင်းဆန်ပြီး မိမိကိုယ်ကို ခရစ်တော်နှင့် အစားထိုးကာ ဘုရားနေရာယူ သုံးထားတဲ့ အသုံး အနှုန်းဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုတော့ ဒီအသုံးအနှုန်းဟာ လူနှင့် လုံးဝ မထိုက်တန် တာတော့သေချာ ပါတယ်။

 Reverenced နှင့် ယနေ့အသင်းတော်များ 
 ယနေ့ အသင်းတော်တွေရဲ့ အုပ်ချုပ်မှု ဖွဲ့စည်းပုံတွေကတော့ သမ္မာကျမ်းစာရဲ့ ရှုထောင့်နှင့်လွဲနေတယ်လို့ မြင်မိ ပါတယ်။ ဘာလို့ လည်းဆိုတော့ သိက္ခာတော်ရတဲ့ သူတွေက ရာထူးတက် သွားတဲ့ သဘောရှိတယ်။ လစာလည်း ပိုတိုးတယ်လေ။ သိက္ခာတော်ရမှ ပြောရေးဆိုခွင့်၊ လုပ်ပိုင်ခွင့် အာဏာတွေရှိတယ်လေ။ သိက္ခာတော်ရမှ လူရာဝင် မလိုလို သတ်မှတ်ကြတယ်။ တကယ် တော့ အသင်းတော် တွေက Church politics ဆန်ဆန်သွားတော့ အာဏာနှင့် ပါဝါက 
အထက် စည်းမှာ အားပြိုင်နေတာ။ 

အဲဒီစနစ်က အရမ်းကို သမ္မာ ကျမ်းစာနှင့် ဆန့်ကျင်ဖက်
 ဖြစ်နေတယ်လေ။ အသင်းတော်တွေမှာ အလျားလိုက် 
ဆက်ဆံတဲ့စနစ် (Horizontal relationship system) မရှိတော့ဘူး။ 
Hierarchy system ကအသာစီးရနေတယ်။ 
အဲဒါကြောင့် အသင်းတော်တွေမှာ နှိမ့်ချခြင်းနှင့် အစေခံတဲ့ ခေါင်းဆောင်တွေ နည်းသည် ထက်နည်းလာတယ်။ 
အဲဒါကြောင့်ပါပဲ….. အခုတက် သစ်စလေးတွေ တောင် 

Reverenced လိုချင်နေတာကမဆန်းဘူးလေ။ 
ငါလည်း လက်တင် သိက္ခာရထားတယ် ဆိုတဲ့ ဂုဏ်လေးကလည်း လိုချင်စရာလေ။ တကယ်တော့ ပေးယူသူ အတူတူအနူနူတွေပါပဲ။ 
အဲဒီ Reverenced ကြီးကို ဘုရားကိုပြန်ပေးပြီး နှိမ့်ချခြင်းနှင့် တန်ဆာဆင်ကာ အမှုတော် မှာ ဆက်ကပ်ကြပါ စို့လို့ 
တိုက် တွန်းနှိုးဆော်ရင်း - Crd:Elijah

June 21, 2017

ကနဦးယုံကြည်သူများ ပထမနေ.ကို သခင်ဘုရားနေ.ဟု ခေါ်ကြသည်။

*What day did early Christians worship on ? 
ကနဦး ယုံကြည်သူများ ဘယ်နေ.၀တ်ပြုကြသလဲ
*The first day (Sunday) IS THE LORD'S DAY! ပထမတနင်္ဂနွေသည် သခင်ဘုရားနေ.ဟုတ်သလား

*Saturday (Sabbath) or First day?
 စနေနေ.သည် ဥပုဒ်နေ. လား၊ ပထမနေ.လား။ (၁)ကနဦးခရစ်ယာန်များသည်the first dayပထမနေ.
(Sunday) ၌ ၀တ်ပြုလေ.ရှိသည်။

(၂)တနင်္ဂနွေနေ. ၀တ်ပြုခြင်းကို တမန်တော်များမှ အစပြုသည်။ (၃)Lord’s Supper ပွဲတော်ဝတ်ကို ပထမနေ.တိုင်း ပြုလုပ်သည်။

 (၄)တနင်္ဂနွေ(Sunday)ကို သခင်ဘုရားနေ.LORD’S day ဟုသမုတ်၏။ (၅)ခရစ်တော် ရှင်ပြန်ထမြောက်ရာ သခင်ဘုရားနေ.ဟု ခေါ်ကြသည်။

 (၆)ပထမတနင်္ဂနွေနေ. ၀တ်ပြုခြင်းသည် ခရစ်တော် ရှင်ပြန်ထမြောက် ခြင်းအောက်မေ. ဖွယ်နေ.အဖြစ် ပြုလုပ်ခြင်းဖြစ် သည်။
(၇)မောရှေ မတိုင်မီ (အာဒံ၊နောဧ၊အာဗရာဟံ) Sabbath ဥပုဒ်နေ. ကျင်းပခြင်းမရှိ၊Sabbathသည် မောရှေမှတဆင်. လူအများကိုပေးသည်. ပထမဆုံး ပညတ်ဖြစ်သည်။

(၈) Augustine ဖေါ်ပြချက်အရ ခရစ်ယန်များသည် ပညတ်တော် ၁၀ ပါးရှိ ချိုးဖေါက်ခြင်းမှ ပဌိညာဉ်တရားသစ်အရ လွတ်မြောက်ခွင်. ရပြီ
(free to break the Sabbath )ဖြစ်ကြောင်း ဖေါ်ပြသည်။

(၉)ကနဦးယုံကြည်သူများသည် တနင်္ဂနွေနေ.အား
အနားပေးမည်. Sabbabh အဖြစ် မတွေးဖူးခဲ.ပါ။

(၁၀) 220AD ၌ Origen ၏ တနင်္ဂနွေသည် ခရစ်ယန်များ
အနား ယူမည်. a day of rest ဟု သတ်မှတ်ခြင်းသည်
 မှားယွင်းသော အယူဆဖြစ်သည်။

June 20, 2017

(စက္ကရာမင်းတူး၌ ခရစ်တော် မည်သို့ ကိန်းအောင်းတော်မူသနည်း)

(အောက်ပါအကြောင်းအရာများသည် နက်နဲသော အရာများဖြစ် သကဲ့သို့ စဉ်းစားတွေးခေါ် ရမည့်အရာ များဖြစ်သောကြောင့် လေးလေး 
နက်နက် သေသေချာချာ ထောက်ရှု စဉ်းစားရင်းဖြင့် ဖတ်စေ ချင်ပါ တယ်) 

 မစ္ဆားတရားတော်မြတ်၌ မုန့်နှင့် စပျစ်ရည်မှ ခရစ်တော်၏ အသားတော်နှင့် အသွေးတော် အဖြစ်သို့ မည်သို့မည်ပုံ ပြောင်းလဲ သွားသည် (သို့) ကိုယ်တော်မြတ် စက္ကရာမင်းတူး၌ ခရစ်တော်သခင် မည်သို့ 
ကိန်းအောင်း တော်မူသည် ဟူသော အကြောင်းအရာနှင့် စပ်လျဉ်း၍ အလယ်ရာစုနှစ်တွင် အသင်းတော်မှာ ထင်ပေါ်ကျော်ကြား 
ခဲ့သော အတွေးအခေါ်ပညာရှင်နှင့် ဓမ္မပညာရှင်ပါရဂူကြီး 
St. Thomas Aquinas၊ ပရိုတက်စတန် ပြုပြင်ရေး ရှေ့ဦးဆောင်အစပြုခဲ့ကြသော Martin Luther, Ulrich Zwingli နှင့် 
John Calvin တို့က အောက်ပါ အတိုင်း သွန်သင်ခဲ့ကြသည်။ 

 ၁။ Transubstantiation (St. Thomas Aquinas ၏ သွန်သင်ချက်) 
St. Thomas Aquinas သည် မစ္ဆားတရားတော်မြတ်၌ သာမန် မုန့်နှင့် စပျစ်ရည်မှ ခရစ်တော်၏ ခန္ဓာတော် (အသားတော်) နှင့် အသွေးတော် အဖြစ်သို့ ပြောင်းလဲသွားပုံကို ရှင်းပြရာတွင် ဂရိအတွေးအခေါ် ပညာရှင် Aristotle ၏ ဒဿနိကဗေဒ အတွေးအခေါ် (Philosophy) ကို အခြေခံခဲ့သည်။ ထို့ကြောင့် St. Thomas Aquinas ၏ ရှင်းလင်း 
ချက်ကို နားလည်နိုင်ရန် သူအဓိက အသုံးပြုခဲ့သော Aristotle ၏ အတွေး အခေါ်ဆိုင်ရာ စကားလုံးများကို ရှေးဦးစွာ နားလည်ရန် လို အပ်ပေသည်။ Aristotle ၏ ဒဿနိကဗေဒအရ အရာဝတ္ထု (မျက်စိဖြင့် မြင်နိုင်သော) 
တိုင်း၌ ၄င်းအရာဝတ္ထု၏ အဓိကကျသော ဇာတိ ပကတိအဖြစ် 
(Substance၊ ဥပမာ - လူ၊ ဆင်၊ စားပွဲ စသည်ဖြင့်) နှင့် ၄င်းအရာဝတ္ထုအပေါ်၌ တည်ရှိဖြစ်ပေါ်နေသော အရာများ 
(Accident၊ ဥပမာ - အရောင်အဆင်း၊ အရည်အသွေး၊ 
ရုပ်ရည်အသွင်အပြင် စသည်ဖြင့်) တို့ဖြင့် ဖွဲ့စည်းထားလေ့ရှိသည်။

 ထို့ကြောင့် မောင်ဖြူ၏ ဇာတိ (လူဖြစ်ခြင်း) သည် Substance ဖြစ်ပြီး သူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံ၊ စိတ်နေစိတ်ထား၊ ငယ်ရွယ်နိုပျိုခြင်း (သို့) အိုမင်းခြင်း၊ အသား အရောင် စသည့်အရာတို့ကို Accident ဟုခေါ်သည်။ ဤသို့ဖြင့် အရာဝတ္ထုတစ်ခု၏ ဇာတိပကတိ အဖြစ်ပြောင်းလဲခြင်း (Substantial change) ဆိုရာတွင် ၄င်းအရာ ၀တ္ထုသည် မိမိမူလဇာတိအဖြစ်မှ အခြားအရာဝတ္ထုတစ်ခု၏ ဇာတိ ပကတိအဖြစ်သို့ ပြောင်းလဲ
သွား ခြင်းကို ဆိုလိုသည်။ ဥပမာ - သဲနှင့် ဘိလပ်မြေမှ တိုက်(အဆောက်အဦး) အဖြစ် ပြောင်းလဲခြင်းမျိုးကို ဆိုလိုသည်။ 

ဤသို့ အရာဝတ္ထုတစ်ခုမှ အခြားအရာဝတ္ထုတစ်ခုသို့ ဇာတိအဖြစ် ပြောင်းလဲသွားရာ၌ ပထမအရာဝတ္ထု၏ မူလဇာတိအသွင် (Substantial form) ပြောင်းလဲသွားသော်လည်း ၄င်းဝတ္ထု၏ မူလဒြပ်ထု (Prime matter) သည် ဒုတိယအရာဝတ္ထုတွင် ဆက်လက် တည်ရှိနေသည်။ ဥပမာ - သဲနှင့် ဘိလပ်မြေမှ တိုက် (အဆောက်အဦး) အဖြစ် ပြောင်းလဲလာသောအခါ ၄င်းတိုက် (အဆောက်အဦး) တွင် သဲနှင့် ဘိလပ်မြေတို့၏ ဒြပ်ထုသည် ဆက်လက်၍ တည်ရှိနေသည်။ ထိုနည်းတူ ၄င်းအရာဝတ္ထု၏ ပြင်ပရုပ် အဆင်းသဏ္ဍာန်၊ ကိုယ်အင်္ဂါ ရပ်များနှင့် အရည်အသွေး စသည့် ပြောင်းလဲခြင်း (Accidental change) တွင်မူကား ဇာတိအဖြစ် ပြောင်းလဲသွားခြင်း မရှိဘဲ အချိန်ကာလ (သို့) အခြေအနေတစ်ခုခုအပေါ်မူတည်ပြီး
 ပြောင်းလဲ သွားခြင်းမျိုးကို ဆိုလိုသည်။ ဆိုကြပါစို့။ 

ကလေးတစ်ဦး ငယ်ဘ၀မှ လူကြီးဖြစ်လာသောအခါ ဇာတိ (လူအဖြစ်) ပြောင်းလဲခြင်း မရှိပေ။ အထက်ပါ ပြောင်းလဲခြင်း သီအိုရီအရ ပြောင်းလဲခြင်းဖြစ်ပေါ်တိုင်း အရာဝတ္ထုတစ်ခုတွင် ပြောင်းလဲသော အရာနှင့် ပြောင်းလဲ ခြင်းမရှိဘဲ ဆက်လက် တည်ရှိနေသောအရာ ဟူ၍ နှစ်မျိုးတည်ရှိစမြဲဖြစ်သည်။ St.Thomas Aquinas သည် ဤဒဿနိက အတွေး အခေါ်ဆိုင်ရာ ပြောင်းလဲခြင်း သီအိုရီကို အခြေခံ လျက် သာမန် မုန့်နှင့် စပျစ်ရည်မှ ခရစ်တော်၏ အသားတော်နှင့် အသွေးတော်အဖြစ် အမှန်တကယ် ပြောင်းလဲပုံ ကို ထုတ်ဖော်ရှင်းပြခဲ့သည်။ 
St. Thomas Aquinas သည် ကိုယ်တော်မြတ်ပြောင်းလဲခြင်း (Transubstantia - tion) နှင့် စပ်လျဉ်း၍ ရှင်းပြရာတွင် မစ္ဆားတရားတော်မြတ်၌ ရဟန်းတော်က ခရစ်တော်၏ 
မင်္ဂလာစကားတော်ကို ရွတ်ဆိုသောအခါ မုန့်နှင့် စပျစ်ရည်သည် ခရစ်တော်၏ ခန္ဓာတော် (အသားတော်) နှင့် အသွေးတော်အဖြစ်သို့ အမှန်စင်စစ် ပြောင်းလဲသွားသည်ဟု ဆိုခဲ့ သည်။ မုန့်နှင့်စပျစ်ရည်တို့သည် မိမိတို့ ဇာတိပကတိအဖြစ် လုံးဝ ပျောက်ကွယ်သွားပြီး ခရစ်တော်၏ ခန္ဓာတော် (Substance of Christ’s Body) နှင့် အသွေးတော် 
(Substance of Christ’s Blood) အဖြစ်သို့ ဇာတိအသွင်ရော ဒြပ်ထုပါ (Both Matter and Form) စင်စစ် ဧကန် ပြောင်းလဲ သွားသည်။ 

သို့ရာတွင် မုန့်နှင့် စပျစ်ရည်၏ အဆင်းသဏ္ဍာန်၊ အနံ့အရသာ၊ အရွယ်အစားစသည့် (Accident of bread and wine) မှာမူ ပြောင်းလဲခြင်း မရှိပေ။ သို့ဖြစ်၍ ခရစ်တော်သည် ကိုယ်တော်မြတ် စက္ကရာမင်တူးတွင် မိမိ ခန္ဓာတော် (အသားတော်) နှင့် အသွေးတော် ရုပ်ပုံသဏ္ဍာန်အားဖြင့် ကိန်းအောင်းတော်မူခြင်း မဟုတ်ဘဲ မုန့်နှင့် စပျစ်ရည် အဆင်းသဏ္ဍာန်အောက်၌ တည်ရှိတော် မူခြင်းဖြစ်သည်။ 

ဤသို့ဆိုရာတွင် ကိုယ်တော်မြတ် စက္ကရာမင် တူး (အသွေးတော်နှင့် အသားတော်)တွင် ခရစ်တော်၏ ဇာတိ အဖြစ်တော်သာ တည်ရှိပြီး သူ (ခရစ်တော်) ၏ (Substace of Christ’s Body) နှင့် ၄င်း ခန္ဓာတော်ပေါ်၌ ဖွဲ့စည်းထားသော ကိုယ်အင်္ဂါရပ်များ၊ ရုပ်အဆင်း သဏ္ဍာန်စသည့် သူ၏ဇာတိ (လူအဖြစ်) နှင့် ဆက်နွယ် နေသော အရာအားလုံး 
 (Accident of Christ) တို့ ခွဲခြား၍ မရနိုင်ချေ။ 

အချုပ်အားဖြင့် ဆိုရသော် “ဤသည်ကား ငါ၏ ခန္ဓာကိုယ်ဖြစ်၏” (၁ ကော် ၁၁း၂၄၊ မာတေး ၂၆း၂၆)၊ “ဤသည်ကား ငါ၏ အသွေးဖြစ်၏” ( ၁ ကော် ၁၁း၂၅၊ မာတေး ၂၆း၂၈) ဟူသော ခရစ်တော်၏ မင်္ဂလာစကား တော်မြတ်ကို ရဟန်းတော်သည် ရွတ်ဆိုသောအခါ မုန့် (Substance of Bread) သည် ခရစ်တော်၏ ခန္ဓာတော် (အသားတော် - Substance of Christ’s Body) အဖြစ်သို့ လည်းကောင်း၊ စပျစ်ရည် (substance of wine) သည် ခရစ်တော်၏ အသွေးတော် (Substance of Christ’s Blood) အဖြစ်သို့ လည်းကောင်း ပြောင်းလဲသွား သည်။ 

ဤသို့ မုန့်နှင့်စပျစ်ရည် အဆင်းသဏ္ဍာန်အောက်၌ ဖြစ်ပေါ်နေသောကြောင့် မုန့်နှင့် စပျစ်ရည်၏ ဖွဲ့စည်း ထားပုံ၊ အရောင် အဆင်း၊ အနံ့အရသာ စသည့် Accident ပြောင်းလဲသွားခြင်း မရှိပေ။ သို့ရာတွင် မုန့်နှင့် စပျစ်ရည်၏ ဇာတိ (မုန့်အဖြစ်၊ စပျစ်ရည်အဖြစ်) သည် လုံးဝ ပျောက်ကွယ်သွားပြီး ခရစ်တော်၏ အသားတော်နှင့် အသွေးတော်အဖြစ်သို့ ဧကန်စင်စစ် ပြောင်းလဲသွားသည်။ ဤသို့ မုန့်နှင့် စပျစ်ရည်မှ ကိုယ်တော်မြတ် (ခရစ် တော်၏ အသွေးတော်နှင့် အသားတော်) အဖြစ် ပြောင်းလဲခြင်း သီအိုရီကို သာမန် ဇာတိပြောင်း လဲခြင်းထက် သာလွန်ထူးကဲသော (သို့) နက်နဲဖွယ်သော ဇာတိ အဖြစ်ပြောင်းလဲခြင်း (Transubstantiation) ဟု ခေါ်ဆိုခြင်း ဖြစ်သည်။

 ၂။ Consubstantiation (Martin Luther ၏ သွန်သင်ချက်) ဂိုဏ်းကွဲခရစ်ယာန်ညီအစ်ကိုအသင်းတော်များ၏ ပထမရှေ့ပြေး ဖခင်ဖြစ်သော Martin Luther က မုန့်နှင့် စပျစ်ရည်တွင် သခင် ခရစ်တော် အမှန်တကယ်တည်ရှိကြောင်း ယုံကြည်ဝန်ခံခဲ့သည်။ သို့သော် သူသည် St. Thomas Aquinas ၏ Transubstantiation ရှင်းလင်းချက်အပေါ် သဘောတူခြင်း မရှိခဲ့ချေ။ Martin Luther သည် ကိုယ်တော်မြတ်၌ ခရစ်တော် တည်ရှိတော်မူခြင်းနှင့် ပတ်သက်၍ သင်ကြားရာတွင် ခရစ်တော်သည် မုန့်၏ မူလဇာတိအဖြစ် မပျောက် ကွယ်ဘဲ မုန့်၏အောက်၊ မုန့်၏ အထဲ၊ မုန့်နှင့်အတူ (In, With and Under the bread) 
ပူးတွဲလျက် တည်ရှိတော်မူပြီး မုန့်သည် ၄င်း၌ ခရစ်တော် ကိန်းအောင်းတော်မူခြင်းကြောင့် မိမိ၏ မူလဇာတိအဖြစ် 
ဆုံးရှုံးသွားခြင်း မရှိဟူ၍ သွန်သင်ခဲ့သည်။ ထို့ကြောင့် St. Thomas Aquinas ၏ “မုန့်ဇာတိအဖြစ်ပျောက်ကွယ် သွားပြီး ခရစ်တော်၏ ကိုယ်ခန္ဓာအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားသည်” 
ဟူသည့် သွန်သင်ချက်ကို ငြင်းဆိုခဲ့သည်။ 

ဤသို့ဖြင့် Martin Luther ၏ ကိုယ်တော်မြတ်၌ ခရစ်တော် 
တည်ရှိခြင်းနှင့် စပ်လျဉ်း၍ သွန်သင် ချက်ကို ဇာတိ အဖြစ်နှစ်ပါး ပူးတွဲတည်ရှိခြင်း (Consubstantiation) ဟု ခေါ်ဆိုနိုင်သည်။ Martin Luther သည် အသင်းတော်၏ ကိုယ်တော်မြတ်ပြောင်း လဲခြင်း ဆိုင်ရာ Transubstantiation သီအိုရီနှင့် စပ်လျဉ်း၍ ဝေဖန်ပြော ဆိုရာတွင် ၄င်းသီအိုရီသည် ဒဿနိကအတွေးအခေါ် အခြေခံသော St. Thomas Aquinas ၏ ကိုယ်ပိုင် တီထွင် ဖန်တီးမှု တစ်ရပ် သာဖြစ် သည်ဟု ဆိုခဲ့သည်။ ထို့အပြင် Martin Luther သည် St. Thomas Aquinas ၏ သွန်သင်ချက်အား ငြင်းဆိုရာတွင် သံပေါလ်လုကိုယ်တိုင် 
ပထမကော်ရိန်တု သြ၀ါဒစာ၌ “ငါတို့ဖဲ့သောမုန့်” 
( ၁ ကော် ၁၀း၁၆)၊ “လူတိုင်းကိုယ့်ကိုယ်ကို
 ဆေးကြောပြီးမှ မုန့်ကို စားစေ” ဟူ၍ 
ဆိုထားကြောင်း သူ၏ (Smalcald Article)
 ဆောင်းပါးတွင် ရေးသား ခဲ့သည်။ 

ဤသို့ဖြင့် Martin Luther သည် ကိုယ်တော်မြတ် (မုန့်) ၌ မုန့်၏ ဇာတိ (မုန့်အဖြစ်) ပျောက်ကွယ်သွားခြင်း မရှိဟူသော သူ၏ သွန်သင်ချက် မှန်ကန်ကြောင်း အခိုင်အမာ သက်သေထူ၍ ပြောဆို ခဲ့သည်။ 
Martin Luther ၏ အထက်ပါ မှားယွင်းသော သွန်သင်ချက်အား
 ပြန်လည် တုံ့ပြန်ရာတွင် Fr. William D. Lynn က သခင်ယေဇူးသည် နောက်ဆုံး ညစာစားပွဲတော်၌ မုန့်နှင့် စပျစ်ရည်ကို မိမိ ကိုယ်တော်မြတ် (အသား တော်နှင့် အသွေးတော်) အဖြစ် ဖန်ဆင်းသောအခါ 
“ဤအရာ၌ ငါ၏ ခန္ဓာကိုယ် (အသား) ပါဝင်သည်” ဟု 
မိန့်တော်မူသည် မဟုတ်၊ “ဤသည်ကား ငါ၏ ခန္ဓာကိုယ်ဖြစ်၏” 
ဟူ၍သာ မိန့်တော်မူခဲ့ကြောင်း ရှင်းပြချေပခဲ့ သည်။ ထို့ကြောင့် မစ္ဆား တရားတော်မြတ်၌ သခင်ခရစ်တော် ကျွန်ုပ်တို့အား ပေးသော 
အရာသည် သာမန် မုန့်နှင့် စပျစ်ရည်မဟုတ်၊ မိမိအသားတော်နှင့် အသွေးတော် စင်စစ်ဖြစ်တော်မူသည်။ ဤသွန်သင်ချက်သည်
 ရှေးကနဦး အသင်းတော် ဖခင်ကြီးများ၏ သွန်သင်ချက်များ၌ပင် တွေ့မြင်နိုင်သောကြောင့် အသင်းတော်၏ ခေတ်ကာလ အဆက်ဆက် ယုံကြည်ရာအချက် (Dogma) လည်းဖြစ်သည်။ 

ဤယုံကြည်ရာအချက်နှင့် စပ်လျဉ်း၍ ၄င်းဖခင် ကြီးများက ကိုယ်တော်မြတ် (မုန့်နှင့်စပျစ်ရည်) သည် မုန့်နှင့် စပျစ်ရည် အနံ့အရသာရှိသော်လည်း မုန့်နှင့် စပျစ်ရည်မဟုတ်၊ ခရစ်တော်မြွတ်ဆိုသည့်အတိုင်း သူ၏ အသားတော်နှင့် အသွေး တော်ဖြစ်သည် ဟူ၍ သွန်သင်ခဲ့ ကြသည်။ ထို့အပြင် “Transubstantiation” ဟူသော အသုံးအနှုန်းသည် ဒဿနိကအတွေးအခေါ်အပေါ် အခြေခံသော 
St. Thomas Aquinas ၏ ကိုယ်ပိုင်တီထွင်ကြံဆမှု 
မဟုတ်ဘဲ ဤစကားလုံးသည် St. Thomas Aquinas မတိုင်မီ
 နှစ်ပေါင်းများ စွာကပင် ကက်သလစ်အသင်းတော်တွင် စတင်အသုံးပြုနေပြီဖြစ်သည်။ ဤသို့ လက်ခံအသုံးပြုရခြင်းမှာ
 ခရစ်တော်၏ နှုတ်တော်ထွက် မင်္ဂလာ စကားတော်အားဖြင့် မုန့်နှင့်စပျစ်ရည်သည် ခရစ်တော်၏ အသွေး တော်နှင့် 
အသားတော်အဖြစ် (၄င်း မုန့်နှင့် စပျစ်ရည် အဆင်း 
သဏ္ဍာန် အောက်၌) အမှန် တကယ် ပြောင်းလဲ သွားသည်
ဟူသော အသင်း တော်၏ ယုံကြည်ရာအချက် (Dogma)ကို ရှင်းလင်းရာတွင် အထောက်အကူပြုသောကြောင့် သာဖြစ်ပြီး 
ဒဿနိက အတွေးအခေါ် အား အသင်းတော်၏ 
ယုံကြည်ရာအချက် အတွက် စံထားခြင်းလုံးဝ 
မဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 

၃။ Symbolic Presence (Ulrich Zwingli ၏ သွန်သင်ချက်) 
Ulrich Zwingli ကမူ ကိုယ်တော်မြတ်၌ (မုန့်နှင့် စပျစ်ရည် အဆင်းသဏ္ဍာန်အောက်၌) ခရစ်တော် အမှန်တကယ် တည်ရှိခြင်းကို ငြင်းပယ်ခဲ့သည်။ ၄င်းသွန်သင်ချက်နှင့် ပတ်သက်၍ မုန့်နှင့် စပျစ်ရည် သည် ခရစ်တော်၏ အသားတော်နှင့် အသွေးတော် ကိုယ်စား အသုံးပြုသောအရာများ (အမှတ်လက္ခဏာများ - Symbols) 
သာဖြစ်ပြီး အသားတော်နှင့် အသွေးတော်အဖြစ် အမှန်တကယ် ပြောင်းလဲခြင်း မရှိချေ။ သို့သော် လည်း မုန့်နှင့် စပျစ်ရည်ကို 
အသားတော်နှင့် အသွေးတော်ဟု မှတ်ယူကာ ယုံကြည်ခြင်းဖြင့် 
ပင့်ယူ သုံးဆောင်ကြ သောအခါ ၀ိညာဉ်တော် ခွန်အားကျေးဇူးရရှိကြသည်ဟု သွန်သင် ခဲ့သည်။ 

ထို့ကြောင့် Zwingli သည် “မုန့်နှင့် စပျစ်ရည်မှ ခရစ်တော်၏ 
အသားတော်နှင့် အသွေးတော် အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားသည်” ဟူသော St. Thomas Aquinas ၏ သွန်သင် ချက်ကိုသော်လည်းကောင်း၊ “ကိုယ်တော်မြတ် (မုန့်) ၌ ဇာတိအဖြစ်
 နှစ်ပါး (ခရစ်တော်နှင့် မုန့်) ပူးတွဲတည်ရှိသည်” ဟူသော 
Martin Luther ၏ သွန်သင်ချက်ကို သော်လည်းကောင်း 
လက်ခံခြင်းမရှိဘဲ လုံးဝ ငြင်းဆိုခဲ့သည်။ 

၎။ Dynamic Presence (John Calvin ၏ သွန်သင်ချက်) ကိုယ်တော်မြတ်စက္ကရာမင်တူး၌ ခရစ်တော်တည်ရှိ ကိန်းအောင်းတော် 
မူခြင်း သွန်သင်ချက်နှင့် စပ်လျဉ်း ၍ John Calvin သည် Martin Luther၊ Ulrich Zwingli တို့နှင့် အနည်းငယ်ကွဲပြားပြီး တမူထူးခြား သည်။ John Calvin က သွန်သင်သည်မှာ ခရစ်တော်၏ ခန္ဓာတော် သည် ကောင်းကင်ဘုံမှာ တည်ရှိတော်မူသောကြောင့် မုန့်နှင့်စပျစ်ရည်၌ အမှန်တကယ် ကိန်းအောင်း (တည်ရှိ) ရန် မဖြစ်နိုင်ချေ။ သို့သော် မုန့်နှင့် စပျစ်ရည်ကို ခရစ်တော်၏ အသွေးတော်နှင့် အသားတော် (ကိုယ်စား) 
အဖြစ် ပင့်ယူကြသောအခါ သန့်ရှင်းသော ၀ိညာဉ်တော်၏ 
ဘုန်းတန်ခိုးတော် အားဖြင့် ကျွန်ုပ်တို့သည် ခရစ်တော်နှင့် ပေါင်းစပ်ကြ သည်ဟု သွန်သင်ခဲ့သည်။ ဤအဖြစ်အခြေ အနေကို နေနှင့် ၄င်း၏ အလင်းရောင်ခြည်အားဖြင့် နှိုင်းယှဉ်ပြ ထားသည်။ 

 နေသည် မိုးကောင်းကင်တွင် တည်ရှိနေသော်လည်း သူ၏ အလင်း ရောင်ခြည်ကို ကမ္ဘာပေါ်သို့ ပို့ပေးနိုင်သည့်နည်းတူ ခရစ်တော် သည်လည်း မိမိကိုယ်ခန္ဓာတော်သည် ကောင်းကင်ဘုံ၌ တည်ရှိတော် မူနေရင်း သူ၏ အသား တော်နှင့် အသွေးတော် (ကိုယ်စား) အဖြစ် မုန့်နှင့် စပျစ်ရည်ကို ပင့်ယူသုံး ဆောင်သူတို့နှင့်အတူ ၀ိညာဉ်တော် အားဖြင့် ပေါင်းစပ်နိုင်သည်။ ဤနည်းဖြင့်သာ ကျွန်ုပ်တို့သည် ခရစ်တော်၏ အသွေးတော်နှင့် အသားတော်ကို အမှန်တကယ် ပင့်ယူကြ သည်ဟု John Calvin က သွန်သင်ခဲ့သည်။ မှတ်ချက်။ ။ St. Thomas Aquinas ၏ 
“ကိုယ်တော်မြတ် စက္ကရာမင်တူး၌ သခင်ခရစ်တော်ကိန်းအောင်း
 တော်မူခြင်း သွန် သင်ချက်” (သို့) “မုန့်နှင့် စပျစ်ရည်မှ ခရစ်တော်၏ အသားတော်နှင့် အသွေးတော် (၄င်း မုန့်နှင့် စပျစ်ရည် အဆင်းသဏ္ဍာန်အောက်၌) အဖြစ် အမှန်စင်စစ် ပြောင်းလဲသည်”
 ဟူသော သွန်သင်ချက်သည် ကက်သလစ်အသင်းတော်၏ (ရှေးကနေဦးအသင်းတော်မှစ၍) ခေတ် အဆက်ဆက် ယုံကြည်ရာအချက် (Dogma) ဖြစ်သည်။ Martin Luther၊ အထူးသဖြင့် Ulrich Zwingli နှင့် John Calvin တို့၏ သွန်သင်ချက် များကို ဂိုဏ်းကွဲညီ အစ်ကို 
အသင်းတော် (အများပိုင်း) တို့က ယုံကြည် လက်ခံနေကြဆဲဖြစ်သည်။ 

ယခုအခါ တွင်မူ အင်္ဂလီကန် အသင်းတော်နှင့် လူသရင် (Lutheran) အသင်းတော် တို့သည် “Transubstantiation” ဟူသော ကက်သလစ် အသုံးအနှုန်း (Term) အား လက်ခံခြင်း မရှိကြသော်ငြားလည်း၊ ၄င်း စကားလုံး၏ ဆိုလိုရင်း အနက်(Concept) ကိုမူ ယုံကြည် လက် ခံနေကြသည်။ ဤသို့ဆိုရခြင်းမှာ ၄င်းအသင်းတော်များသည် ကိုယ်တော်မြတ် စက္ကရာမင်တူး ၌ သခင်ခရစ်တော် အမှန်တကယ် တည်ရှိကြောင်းကို ကက်သလစ်ယုံကြည်ချက်နည်းတူ ယုံကြည် လက်ခံနေ ကြသည်ကို တွေ့မြင်နိုင်ပေသည်။ သို့ရာတွင် ဤအသင်း တော်များ အနေဖြင့် မစ္ဆားတရားပူဇော်ကျင်းပချိန် အတွင်း၌သာ (Only within Eucharistic Celebration) ခရစ်တော်သည် ကိုယ်တော်မြတ် မုန့်၌ တည်ရှိသည်ဟု ယုံကြည်ကြသောကြောင့် ကက်သလစ် အသင်းတော်တွင် ယုံကြည် ကျင့်သုံးလေ့ ရှိသော ဘုရားကျောင်း ဗိမာန် တော် (Tabernacle) (သို့) ကိုယ်တော်မြတ် ကျောင်းဆောင် (Adoration Chapel) များ၌ ကိုယ်တော်မြတ် သိမ်းဆည်းထားခြင်း (ဖျားနာသော ဘာသာဝင်များ ပင့်ယူရန်နှင့် ယုံကြည်သူ ခရစ်ယာန် အားလုံး ဖူးမျှော် ကိုးကွယ်ရန်) ကို ယုံကြည်လက်ခံခြင်း မရှိသေးသည် ကို တွေ့ရှိရသည်။ 

နိဂုံးချုပ်အားဖြင့် မည်သို့ပင်ဖြစ်စေကာမူ မစ္ဆား တရားတော်မြတ်တွင် ရဟန်းဘုန်းတော်ကြီးမှ “ဤသည်ကား ငါ၏ ခန္ဓာကိုယ်ဖြစ်၏”၊ “ဤသည်ကား ငါ၏ အသွေးဖြစ်၏” ဟူသော ခရစ်တော်၏ မင်္ဂလာ စကားတော်ကို ရွတ်ဆိုသည့် အခါတိုင်း “သာမန် မုန့်နှင့် စပျစ်ရည် တို့သည် ခရစ်တော်၏ အသားတော်နှင့် အသွေးတော် အဖြစ်သို့ အမှန်စင်စစ် ပြောင်းလဲသွားသည်” ဟူသော ကက်သလစ် အသင်းတော်၏ သွန်သင်ချက်သည် မမှား မယွင်းနိုင်သော ယုံကြည်ရာ အချက်
 (Dogma) ဖြစ်သည့်အလျောက် ယုံကြည်သူ ခရစ်ယာန် အားလုံး 
အကြွင်းမဲ့ ယုံကြည် လက်ခံ ရမည်ဖြစ် သည်။ “ငါ၏ အသားကို စား၍ ငါ၏ အသွေးကို သောက်သောသူသည် ထာဝရအသက်ကိုရ၏” 
(ယော ၆း၅၄)။ Copy: သုတမျိုးစေ့”၊ အမှတ်စဉ် (၅)

ငါ မသေခင်....

မသေခင် ကောင်းသော စကားများသာ ရွေးပြီး
ကောင်းသော အားပေးခြင်း တည်ဆောက်ခြင်း
အချင်းချင်း အကောင်းမြင် အပြုသဘောဆောင်ခြင်း
ချစ်စရာကောင်းသော ဧည်.၀တ်ပြုခြင်းရှိကြကုန်လော.

❖အစာရှောင်ခြင်းကို ဘယ်လိုအစပြုမလဲ❖

❖အဆင်.(၁)ရည်ရွယ်ချက်ထားပါ
(ဝိညာဉ်ရေးရာ၌အသစ်သောဖွင်.ပြခြင်း၊အနာငြိမ်းခြင်း၊ပြသနာ
အတွက် အဖြေရှာခြင်း ..စသဖြင်. (၂က၊၇း၁၄)

❖အဆင်.(၂) ဆုံးဖြတ်ချက်၊ဂတိထားပါ။
*တစ်နပ်၊တနေ.၊တပတ်၊ရက်၄၀လား ဆိုသည်.ဆုံးဖြတ်ချက်။
*ဘယ်လိုပုံစံ (ရေသာသောက်ခြင်း၊ ရေနှင်. ဖျော်ရည်)
*တနေ.ဘယ်နှစ်ကြိမ် ဝတ်ပြုခြင်းလုပ်မလဲ၊


❖ အဆင်.(၃)မိမိ ဝိညဉ်ရေး အခြေနေအတွက် ပြင်ဆင်မှု
*ဘုရားထံမှမိမိအပြစ်ရှိသမျှ ဖေါ်ပြရန် တောင်းခံ၊
*မိမိအပြစ်အားလုံးကို ဝန်ချပါ(၁ယော ၁း၉)
*တပါးသူကို ခွင်.လွတ်ခြင်းတောင်းခံ(လု၊၁၁း၎၊၁၇း၎)
*သန်.ရှင်းသောဝိညဉ် ဖြည်.ဖို.တောင်းခံပါ(၁ယော ၅း၁၄-၁၅)
*သင်.ဇာတိအားလုံးလက်မြောက်အရှုံးပေးပါ၊(ရော၊၁၂း၁-၂)
*ဘုရား၏ ဖြစ်ခြင်း(ကျေးဇူးတရား၊ချစ်ခြင်း၊တန်ခိုး၊နှိမ်.ချခြင်း၊သစ္စာ
ရှိခြင်းများကိုအောက်မေ.ပါ(ဆာ-48:9,10; 103:1-8. 11-13)
*စတာနဲ.ဘုရားထံမှ မြော်လင်.ခြင်းနှလုံးသားရှိပါ၊ဟေ ၁၁း၆
*စာတန်တိုက်ခိုက်မည်ဖြစ်၍လျော.မတွက်ပါနဲ.၊ ဂလာ၊၅း၁၆-၁၇


❖ အဆင်.(၄)သင်.ကိုယ်ခန္ဒာကျန်းမာရေး အခြေနေ။
*ချက်ချင်း အစာကိုရပ်ခြင်းမဟုတ်ပဲ နူးညံ.၊ ကြေလွယ်သောအစာစားခြင်း၊ အဆီများရှောင်ခြင်းကို ကြိုတင် ၂ ရက်ခန်.ပြုလုပ်ထားပါ။အစာရှောင်စဉ် ဆေးမစားရ၊အသင်.တင်.လေ.ကျင်.ခန်း တနေ. ၃မိုင် ခန်.လမ်းလျောက်
ပေးပါ။မူးဝေခြင်း၊ဆာခြင်း၊မောပန်းခြင်း ၂-၃ရက် 

ခက်ခဲစွာ ဖြတ်သန်း ပါလိမ်.မည်။

❖ အဆင်.(၅)အချိန်စာရင်းသေချာလုပ်ပါ။
မနက်ပိုင်း-(ချီးမွမ်းသီချင်းဖြင်. အစပြုပြီး သမ္မာကျမ်းဖတ်ပါ။
သန်.ရှင်းသော ဝိညဉ်အုပ်စိုးမှု ခံယူ ဖိတ်ခေါ်ပါ ဖိ၊၂း၁၃။
နေ.လည်ပိုင်း( ဆုတောင်းခြင်း နှင်. ကျမ်းစာဖတ်ခြင်း၊လမ်းလျောက်ရင်း အာရုံပြုခြင်း။ကိုယ်စားပြုဆုတောင်းခြင်းပြုလုပ်ပါ။)
ညနေပိုင်း-(အေးဆေးငြိမ်သက်စွာဘုရားမျက်နှာ ရှာချိန်၌

TV / Fb အသုံးပြုခြင်း ရှောင်ပါ။
*နံက်၅း၀၀ မှ ၈း၀၀ နာရီ(ရေ နှင်. သစ်သီးမျိုးစုံ ဖျော်ရည်၊)
*နံက်၁၀း၀၀ နာရီ (လတ်ဆတ်သော အသီးအရွက် ဖျော်ရည်)
*နေ.လည်၂း၀၀ မှ ၄း၀၀ နာရီ(ဆလတ်၊ မုန်ညင်းရွက်ဖျော်ရည်)
*ညနေ၆း၀၀ မှ ၈း၀၀ နာရီ(မုန်လာဥနီ ဖျော်ရည် ၊အာလူး၊မုန်ညင်း
စသည်များကို ဆားမထဲ.ပဲ အနဲငယ် ကျိုချက်၍ သောက်နိုင်သည်။


❖(၆)အစာရှောင်ခြင်း ပြီးသည်.အခါ ချက်ချင်း မာကျောသည်.အစာမစားရ၊ သစ်သီးပြုတ်ရည်၊ ဆန်ပြုတ်၊ထောပတ်သုပ် စားရမည်။ သင်သည် ရိုးသားစွာ အပြစ်နောင်တရ၍ ဘုရားမျက်နှာ ရှာခြင်းကြောင်. ဘုရားသခင် အတူရှိခြင်းသာ၍ စိတ်ချယုံကြည်မှု ရှိလာစေမည်။ ယော၊၁၄း၂၁

!!အစာရှောင်ရန် သင်.ကို ဘုရားဖိတ်ခေါ်ခြင်း(A CALL TO FAST)!!



 (၁)Fasting starts with the spiritual leaders.
ဝိညာဉ်ရေးရာ ဦးဆောင်မှုကို အစာရှောင်ခြင်းဖြင်. အစပြုသင်.သည်။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုတွင် အစာရှောင်ခြင်း၊
ငိုကြွေးမြည်တမ်းခြင်းနှင့်တကွ၊ 
စိတ်နှလုံးအကြွင်းမဲ့၊ ငါ့ထံသို့ပြန်လာကြလော့။

(၂)Fasting is not so much about food 
as it is about focus.
အစာရှောင်ခြင်းသည် အစားအစာအကြောင်း အဓိကမဟုတ်၊
မိမိဦးစားပေး၊မျက်မှောက် ပြုခြင်းသည်သာ အဓိကဖြစ်သည်။


(၃)Fasting is not so much about saying no to the 
body as it is about saying yes to the Spirit. 
အစာရှောင်ခြင်းသည် ဇာတိခန္ဒာ အကြောင်း များများပြောရန်
မဟုတ်-၀ိညဉ်ရေးရာ အကြောင်းဆင်ခြင် ပြောဆိုရန်ဖြစ်သည်။


(၄)Fasting is not about doing with-out, 
it is about looking within. 
အစာရှောင်ခြင်းသည် ပြင်ပသဏ္ဍန်မဟုတ်-
အတွင်းသဏ္ဍန်လုပ်ရပ်။

(၅)Fasting is an outward response to 
an inward attitude and cry of the soul. 
အစာရှောင်ခြင်းသည် ပြင်ပတုန်.ပြန်မှုမှ အတွင်း
တုန်.ပြန်မှု သဘောထားနှင်. ၀ိညဉ်ရေးရာ ဆာလောင်ခြင်းဖြစ်သည်။


(၆) Fasting is a call to return to God.
အစာရှောင်ခြင်းသည် ဘုရားထံ ပြန်လာရန် 

ဖိတ်ခေါ်ခြင်း။ယလ ၂း၁၃၊

(၇) Fasting is not about the externals.
အပြင်ပန်းသဏ္ဍန် ပြောင်းလဲခြင်း မဟုတ်ပါ- နှလုံးသား 

ယိုဖိတ်လျှက် ဘုရားထံတော်သို. ချည်းကပ်ခြင်းဖြစ်သည်။

(၈) Fasting is the response of a broken heart.
အစာရှောင်ခြင်းသည် ကျိုးပဲ.သောနှလုံးသားကိုတုန်.ပြန်ခြင်းဖြစ်သည်။ ယောလ-၂း၁၃- အဝတ်ကို မဆုတ်ဘဲ နှလုံးကို ဆုတ်လျက်၊သင်တို့၏
ဘုရားသခင် ထာဝရဘုရား ထံတော်သို့ ပြန်လာကြလော့။


(၉)Fasting is the humble response to

 immense responsibility.
လုံးလုံးလျားလျား နှိမ်.ချစွာ တုန်.ပြန်ခြင်း။
ယောလ-၂း ၁၇ ထာဝရဘုရား၏ အမှုတော်စောင့်၊ ယဇ်ပုရော 

ဟိတ်တို့သည် အိမ်တော်ဦးနှင့် ယဇ်ပလ္လင် စပ်ကြားမှာ 
ငိုကြွေးလျက်၊...အိုထာဝရဘုရား၊
ကိုယ်တော်၏ လူများကို သနားတော်မူပါ။
လုံးအကြွင်းမဲ့၊ ငါ့ထံသို့ပြန်လာကြလော့။


❖❖ သမ္မာကျမ်း၌ အစာရှောင်ဆုတောင်းသူများ အချို.❖❖


ယေရှုခရစ်-ရက်ပေါင်း ၄၀ အစာရှောင်ပြီးမှ 
သာသနာ အစပြုသည်။မာ ၄း၁-၁၀၊လု ၄း၁-၁၃၊ 
မောရှေ - ရက်ပေါင်း ၄၀ အစာရှောင်ခြင်းဖြင်. 
ပညတ်တော် ၁၀ ပါးခံယူ၊ထွက် ၃၀း၂၈၊ 
ဒံယေလ- ရက်ပေါင်း ၂၁ ရက်အစာရှောင်ခြင်းဖြင်. 
ဘုရားထံမှ ညာဏ်ပညာရ-ဒံ ၁၀း၃၊
 ❖Esther - ၃ ရက်အစာရှောင်ခြင်းဖြင်.
 ယုဒလူမျိုး လွတ်ခြင်းရ- ဧသထာ၊၄း၁၆၊ 
ဟာန - ခလေးရဖို. အစာမစားပဲ ဆုတောင်း ။ ၃ ရာ ၂ 
အိဇရ - ခလေးအတွက် အစာရှောင်ဆိုတောင်း။ အိဇရ- ၈း၂၁-၂၃ ရှင်ပေါလု- အစာရှောင်ခြင်းအသက်တာဖြင်. အမှုဆောင်။ တမ- ၉း၇-၉ 
ပေတရု- အစာရှောင်ခြင်းဖြင်. ဖွင်.ပြခြင်းခံရ။ တမ၊၁၀၊ ❖ယေဟောရှဖတ်- ၇န်သူတိုက်လှန်ခြင်းအတွက်
အစာရှောင် ဆုတောင်း၊ 2chro: 20:3 
ဧလိယ- နောက်မျိုးဆက်အတွက် ဖွင်.ပြခြင်း- 1king 19:8

❖ 24နာရီ အစာရှောင်ခြင်းမှ ၇သောအဖြေ(သို.မဟုတ်)


❖ Yum Kipur စစ်ပွဲမှ Great & Holy Land သို. (1963) =============================== ====
အိသရေလ (ယ္ခု အစ္စရေး)နိုင်ငံသည် လွန်ခဲ.သည်. ၁၉၆၃ ခုနှစ်တွင် အိမ်နီးချင်း မဟာမိတ် နိုင်ငံဖြစ်သော အီဂျစ်၊ ယော်ဒန်၊ ဆီးရီးယား စစ်တပ်များ၏ ၀ိုင်းရံပိတ်ဆို. တိုက်ခိုက်ခြင်း ဒဏ်ကြောင်. ဂျူးလူမျိုးနှင်. အိသရေလပြည်သည် ကမ္ဘာ.လူဦးရေနှင်. ကမ္ဘာ.မြေပုံမှ တိမ်ကော ပပျောက်လုဆဲဆဲ အခြေနေသို. ဆိုက်ရောက်ခဲ.သည်။ 

စစ်ပွဲပထမရက် အခြေနေအရ သူတို.နယ်မြေများစွာ ရန်သူ.လက်ထဲသို. ရောက်နေပြီ ဖြစ်သည်. အတွက် လက်မြောက်ကာ အရှုံးပေးရုံက လွဲပြီး ရွေးစရာလမ်း မရှိတော.ပါ။ စစ်ပွဲ နောက် တနေ.မှာတော. အစာလုံးဝ မစားပဲ တရားဇရပ်၌ ၂၄ နာရီ ထာဝရဘုရားထံသို. အပြစ်ဝန်ချကာ နှလုံးသား ဟစ်ကြွေးလျှက် ဆုတောင်းကြပြီးသည်. နောက်ပိုင်း စစ်ပွဲ တတိယနေ. ရောက်သော် လေထုတခုလုံးသည် ပြောင်းပြန်ဖြစ် သွားကာ အိစရေး လူမျိုးများအား မျက်နှာသာ ပေးလာပါတော.သည်။ 

ရန်သူ စစ်တပ်များ နောက်ဆုတ် ကျဆုံးသည်သာမက နဂိုမူလ ဆုံးရှုံး ခဲ.သော နယ်မြေထက်ပို၍ ကျယ်ပြန်.သော နယ်မြေ အသစ် များကို ပြန်လည် သိမ်းပိုက်နိုင်ခဲ.ကြောင်း “Yum Kipur War” မှ ကြီးကျယ်ခန်.ညားသည်. Holy Land ဖြစ်လာသည်။ အာမင်းးးး။
❖လူသည် အစာမစားပဲ ရက်(၄၀)နေနိုင်သည်။
❖လူသည် ရေမသောက်ပဲ (၃)ရက်နေနိုင်သည်။
❖လူသည် လေမရှူပဲ (၈)မိနစ် နေနိုင်သည်။သို.သော်-
❖လူသည် မြော်လင်.ချက်မရှိလျှင်(၁)စက္ကန်.မရှင်နိုင်ပါ။
❖မိမိကိုယ် suicide လုပ်သူအများစုသည် မျော်လင်.ချက်
❖ကုန်ဆုံးခြင်း၊အရှက်နှင်.အကြောက်တရားကြောင်.ဖြစ်၏။
❖လူကို ကိုးစားခြင်း အခြေနေပေါ်ရပ်တည်ပြီး မျော်လင်.ချက်
❖မပြည်.စုံသည်.အခါ ဘဝကိုအလွယ်ကူ၊အဆုံးစီရင်တတ်သည်။
❖မည်သူမဆို မိမိခန္ဒာကိုယ်သည် ဘုရားသခင်၏ဗိမာန်တော်
❖ဖြစ်သောကြောင်. လူ.အသက်သတ်ခြင်းသည် ဘုရားသခင်
❖မနှစ်သက်သည်.အရာဖြစ်သည်။(ထွက် ၂၀း၁၃-)
၁ကော ၃း၁၇၊အကြင်သူသည် ဘုရားသခင်၏ ဗိမာန်တော်ကို
ဖျက်ဆီး၏၊ထိုသူကိုဘုရားသခင် ဖျက်ဆီးတော်မူလိမ့်မည်။
ဟေ၊၅၄း၄၄ မစိုးရိမ်နှင့်။ ရှက်ကြောက်ခြင်း သို့မရောက်ရ၊၊
မျက်နှာ မပျက်နှင့်။ အရှက်ကွဲခြင်းမခံရ။ အသက်ငယ်စဉ်အခါ
ခံရသော ရှက်ကြောက်ခြင်းကို မေ့လျော့လိမ့်မည်။ မုတ်ဆိုးမဖြစ်၍
ခံရသော ကဲ့ရဲ့ခြင်းကို နောက်တဖန် မအောက်မေ့ရ။
သု ၂၃း၁၈-အကယ်စင်စစ် အမှု ဆုံးဖြတ်ချိန်သည် ရောက်လိမ့်မည်၊၊
သင်မြော်လင့်ခြင်း အကြောင်းမပျက်ရာ၊
ဆာ၊၂၅း၅ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်သော
ဘုရားသခင် ဖြစ်တော်မူ၏၊၊ ကိုယ်တော်ကို အစဉ်မြော်
လင့်လျက်နေပါ၏။
❖လူကိုမကိုးစားပဲ ထာဝရဘုရားအား ကိုးစားကြလော.❖

မျက်စိတမှိတ် လျှပ်တပျက်


❤ Twinkling of an eye = မျက်စိတမှိတ် ❖
လျှပ်တပျက်ဆိုတာ ဘယ်လောက်မြန်သလဲ
💜 မျက်စိ တမှိတ်အတွင်း ကျွန်တော် တို.သည် ~
💙 ဘယ်အရာမှ မသယ်ဆောင်နိုင်သော်လည်း ~
 💛 မျက်စိတမှိတ်အတွင်း အရာခပ်သိမ်းကို ~
 💚 ပြောင်းလဲစေနိုင်ပါသည်။
(We shall not be take in a twinkling.. 
But we shall all be change in a twinkling) 
မျက်စိတမှိတ်၏ အမြန်နှုံန်းသည် တစက္ကန်.ထက် အဆပေါင်း

သန်းသုံးသောင်းလျှင်မြန်ကြောင်းသိရသည်။ 
မျက်စိတမှိတ်ဆိုသည်မှာ အလင်းတန်းတခု ရှေ.မျက်လုံးအိမ်မှ နောက်မျက်လုံးအိမ်သို. ဖြတ်သန်းသည်.အလင်းပြန်နှုံန်းဖြစ်သည်။ မျက်စိအိမ် (22.6666667mm x 2=53.3333334 mm)ကို 
အလင်းတန်း ဖြတ်သန်းသည်.အကွာဝေးဟု နားလည်ရသည်။ 
 နေအလင်း၏ အမြန်နှုံန်း တနာရီ =186,000 m/h (သို.မဟုတ်) 
(186,000 x 5280 ft x 12 inch x 2.543 cm x 100 mm) 
= (299,792,458,000 mm/s)။ ❖ထို.ကြောင်. မျက်စိတမှိတ်၏ အမြန်နှုံန်းသည် တစက္ကန်.ထက်အဆ ပေါင်း (3000,000,000,00)မြန်ကြောင်း 
တွက်ချက်ခြင်းဖြင်.သိရသည်။ 

ထို.ကြောင်. ချီဆောင်ခြင်းသည် သင် ထင်ထားသည်ထက် အလွန် လျှင်မြန်သည်.ပြောင်းလဲခြင်းဖြင်. တခဏအတွင်း၌ ယုံကြည်သူ များကို ဧလိယကဲ.သို. (or) ခရစ်တော် အထက် ကောင်းကင်သို. ချီဆောင်ခြင်း ခံရသည်.အတိုင်း ရုတ်တရက် ချီဆောင်သွားမည် ဖြစ်သည်။ ❖၁ကော၊၁၅း၅၂-သို့သော်လည်း၊ နောက်ဆုံးသော
တန်ပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ 
ငါတို့ရှိသမျှသည် ပြောင်းလဲခြင်း သို့ ရောက် ရကြမည်။ 
ထိုတန်ပိုးမှုတ်ချိန် ရောက်သောအခါ သေလွန်သော 
သူတို့သည်၊ မပုပ် နိုင်သောအဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ 
မာသဲ-၂၄း၂၉-၃၁၊ ဗျာ-၂၀း၎-၆၊ ၁သက် ၄း၁၃-၁၈၊
မာကု-၁၃း၂၄-၂၇၊ တိတု-၂း၁၃၊ လု-၁၇း၂၇-၃၇၊
 ယော-၁၄း၃၊ ဒံ-၁၂း၁-၂။

💙❤ကျမ်းစာ၌ဖေါ်ပြသည်.ခရစ်တော်ပြန်လည်ကြွလာခြင်း❤💙


❖ကျမ်းစာတခုလုံး အပိုဒ်ငယ်(၂၅) လျှင် တကြိမ် ဖေါ်ပြသည်။ ❖ဓမ္မသစ်အခန်း(၂၆၀)၌ အကြိမ် ၃၁၈ထက်မနည်း နောက်ဆုံး
သောကာလ ခရစ်တော်ကြွလာခြင်းကို 
ရည်ညွှန်း၍ဖေါ်ပြထားသည်။ 

❖ ဓမ္မသစ်ကျမ်း၂၇အုပ်ရှိသည်.အနက် (၂၃)အုပ်၌ ဖေါ်ပြသည်။ ❖ဓမ္မဟောင်းရှိ နာမည်ကြီး ဘုရားသခင်၏လူ Job, Moses, David, Isaiah, Jeremiah, Daniel နှင်. Minor ပရောဖက်အားလုံးသည် ခရစ်တော်ကြွလာမည်. အကြောင်းကို ရေးသားကြသည်။ 

ခရစ်တော်ကိုယ်တိုင် ဒု-အကြိမ် 
သူပြန်လာမည်.အကြောင်း ၁၀ ကြိမ်ထက်
မနည်း ပြောခဲ.သည်။ 

❖သမ္မာသစ်ကျမ်းတခုထဲ၌ ခရစ်တော်ကြွလာခြင်းကို
 (Matt 19:28; 23:39 ; 24:3—25:46 ; Mark 13:24-37; Luke 12:35-48; 17:22-37 ; 18:8 ; 21:25-28 ; Acts 1:10-11; 15:16-18 ; Rom 11:25-27; 1 Cor 11:26; 2 Thess 1:7-10; 2:8 ; 2 Pet 3:3-4; Jude 1:14-15 ; Rev 1:7-8; 2:25-28 ; 16:15 ; 19:11-21 ; 22:20 ). ၌ဖေါ်ပြထားသည်။

 ❖ရှင်ပေတရု၊ရှင်ယောဟန်၊ရှင်လုကာ၊ရှင်မာကု နှင်. ရှင်ပေါလု
တို.လည်း ခရစ်တော် ပြန်လည် ကြွလာခြင်းကို ယုံကြည်မြော်လင်.ကြသည်.အတွက် သင်နှင်.အကျွန်ုပ်လည်း
စိတ်ချစွာ မြော်လင်.လျှက်အသက်ရှင် ကြရအောင်။။

!❖ ချီဆောင်ခြင်း နှင်.ခရစ်တော် ဒု-ကြွလာခြင်းမတူညီသော(၁၅)ချက်❖!


Rapture ချီဆောင်ခြင်း။ 
(၁) ယေရှုသည်အသင်းတော်/သူတိုးသမီးအတွက် ဘေးဒါဏ်ကြီး 
     ကာလ မတိုင်ခင်ကြွလာမည်။1Thess 1:10, 4:14-17, 5:9; 
(၂) ယုံကြည်သူများသာ အမှတ်တမဲ.တိမ်တိုက်ထဲသို.ဖမ်းဆုတ်မည်။ 
    - 1Thess 4:13-18;Mat 5:8, John 11:40, Heb 9:28 (၃)ယုံကြည်သူအရင်ချီဆောင်ပြီး မယုံကြည်သူအတွက် တံခါးပိတ်မည်။ 
     Mat 25:1-13; Rev 3:8-10; Rev 4:1, 1Thess 4:13-18 (၄)ကောင်းကင်အဖနှုင်.အတူ ကောင်းကင်ဘုံ၌ ထာဝရနေရန်။ 
     2 Cor 11:2; Rev 19:6-9 
(၅)အပြစ်သားဟူသမျှ ဘေးဒဏ်ကြီး၌ ထုတ်ဖေါ်ရန်။ 2Thess 2 
(၆) မျက်စိတမှိတ်၊ လျှပ်တပျက်အတွင်း ဖြစ်မည်။ 1Cor 15:52 (၇)ယုံကြည်သူများ တခဏခြင်း ပြောင်းလဲကြမည်။ Mat 22:30; 
     1Cor 15:52; 1John 3:2 
(၈)ခရစ်တော်၌ သေလွန်သူများအဖို. ကြွေးကြော်ခြင်းအသံနှင်.
    တံပိုး မှုတ်သံဖြင်. ကြွလာမည်။ 1Thess 4:16 
(၉)သန်.ရှင်းသူတို.အား မပုပ်နိုင်သော အဖြစ်သို. အုပ်စိုးခြင်းနေရာ၌ 
    ခန်. အပ်မည်။1Cor-15:51-54; 1Thess 4:13-18 (၁၀)သူခိုးကဲ.သို. 
     ညအချိန်၌ ပေါ်လာမည်၊မည်သူမျှ မသိရ၊1Thess 5: 4-6 ; Rev 3:3 (၁၁)ဂျူးထုံးစံအရ မင်္ဂလာဆောင်နှစ်ဦး ပြန်ပေါင်းခြင်းကို ၇ ရက်အစ၌ 
     ပွဲလုပ်သကဲ.သို.- Gen 29:22-28, Judges 14:1-18 (၁၂)ယေရှု၌အိပ်ပျော်သောသူခန္ဒာအသစ်ဖြင်.ထမြောက်မည်။
    1Thess 4:14-16
 (၁၃)ယေရှုသည် အမျက်တော်မှ ကယ်တင်ရှင်အဖြစ် ကြွလာမည်၊ 
     Luke 21:36; Rom 5:9; 1Thess 1:10, 5:9; Rev 3:10 (၁၄)အသင်းတော် (သို.)ရွေးနုတ်သူ အတွက်သာ။ 1 Thess 4:14-17 (၁၅)မြော်လင်.ခြင်း ပြည်.စုံစေမည်.သတင်းအဖြစ်ကြွလာမည် - 
     1Thess 4:18; Titus 2:13; 1John 3:3 !

❖!ဒုတိယအကြိမ်ကြွလာခြင်းSecond coming! 
(၁) ယေရှုအသင်းတော်/သူတိုးသမီး နှင်.အတူ ဘေးဒါဏ်ကြီး
    ကာလ  ပြီးမှကြွလာမည်။ Zech 14:5; Col 3:4; Rev 19:7-8,14,  
     21:9-10; (၂)မြေကြီး၌ကိုယ်တိုင်ခြေချသည်ကိုလူတိုင်း၊မယုံကြည်သူပင်လျှင်
    မြင်  ရမည်။ Zech 14:4; Rev 19:11-21, Rev 1:7, Zech 12:10, (၃)ဖြောင်.မတ်သူချန်ထား၍မယုံကြည်သူ(တောပင်)ကို အရင်ရွေးမည်။ 
    Mat 13:28-30 
(၄)ဤမြေကြီး၌တရားစီရင်ပြီး နိုင်ငံတော် တည်ရန်၊ Zech 14:3-4; 
(၅)စာတန်အား အနက်ဆုံးတွင်းသို. ချရန်၊ Rev 20:1-7 (၆)ယေရှုဆလင်ထိတိုင် စစ်ဖြစ်မည်၊ Isa 63:1-3, Rev 16:16, (၇)လူများစွာ မွေးခြင်း သေခြင်းရှိမည်၊သို.သော် ချီဆောင်ခြင်း
    ကဲ.သို. ခန္ဒာပြောင်းလဲခြင်းသို. မရောက်။ . Isa 65:20 (၈)ဟစ်ကြွေးသံကြားမည်မဟုတ်၊ Rev.19:11-21 (၉)မာတုရအသေခံများနှင်.သန်.ရှင်းသူတို.သည် နေ.ညမပျက်ထာဝရ ဘုရားကို ချီးမွမ်းမည်။ Rev 7:15, Rev 20:4-6 (၁၀)ဘေးဒဏ်ကြီးပြီး ၇နှစ်မှ ဖြစ်မည်၊Dan 9:24-27,12:11-12; Rev 11:2 (၁၁) ဂျူးထုံးစံ မင်္ဂလာပွဲအား ၇ရက်စေ.ပြီး မှပွဲလုပ်သကဲ.သို. မင်္ဂလာ ဆောင်ရန် ပြန်ကြွလာမည်။ Luke 12:36; Rev 19 (၁၂)ယေရှုနှင်.အတူယုံကြည်သူများမြင်းဖြူစီး၍ကြွလာမည်၊Rev19:11-21 (၁၃)ယေရှုခရစ်သည် အမျက်ဒေါသဖြင်.ကြွလာမည်၊Rev 19:11 (၁၄)အိသရေလနှင်.တပါးအမျိုးသားများကယ်တင်ရန်၊Rom -11:25-27 (၁၅)တရားစီရင်ရန်ကြွလာမည်၊Joel3:12-16; Amos 5:18; Mal 4:5; (https://www.communitybaptistnz.com/biblestudy)မှ ပြန်ဆို သည်။

April 20, 2016

သားအဖ၃ယောက်၏ နောက်ဆုံးသောကာလ အပေါ် အမြင်။


 ဝိညာဉ်ဖခင်ကြီး Billy Graham နှင်. သူ.သမီး Anne ၊ သား Franklin တို.၏ နောက်ဆုံးသော ကာလအပေါ် ဤသို. ဆွေးနွေးပြီး ယုံကြည်သူများအား သမ္မာသတိရှိဖို. သတိပေးကြပါသည်။

Billy Graham : များစွာသော ယုံကြည်သူများသည် စာတန်အား တိုက်မည်.အစား လျှမ်းတောက်ထယ်ဝါမှုကိုမက်မော နေကြသည်၊ရွှန်းလက်တောက်ပထယ်ဝါ နေမည်.အချိန်
မဟုတ်တော.ဘူး၊ အသင်းတော်မျာစွာသည် လှည်.စားခြင်း နောက်သို.လိုက်ပြီး၊သမ္မာတရားမှ သွေဖယ်လမ်းလွဲ နေကြပြီ။
ဒါဟာ နောက်ဆုံး သောနေ.ရက်ကာလ၏ နိမိတ်ပဲ။

Anne Graham :အမေရိကားနဲ.ကမ္ဘာကြီးသည် ညစ်ညူးး ရှုပ်ထွေးခြင်းဖြင်.ပြည်.နေ ပြီး၊ဘုရားကောင်းကြီးနှင်. မျက်နှာသာပေးခြင်းမှလွဲနေပြီ်။အပုတပြင်း ဆုတောင်းရမည်. အချိန်ဖြစ်တယ်။ဘုရားသခင်အမျက်တော် တရားစီရင်ခြင်း မကြာခင်လာတော.မယ်ဆိုတာ သတိထားသင်.သည်။ ဘုရားအမျက်တော်အား အဘယ်သူ ခံနိုင်မည်နည်း။

 Franklin Graham: နုတ်ကပတ်တော် မနာခံခြင်းအပြစ်
 ကြီးစိုးနေပြီ၊ လူတွေ မနိုးကြားပဲ သမ္မာတရားဖက်သို.
 ပြန်မလှည်.မှာကို အရမ်းစိုးရိမ်တယ်။
ဘာ.ကြောင်.လဲ ဆိုတော. “အဆုံးသို.ရောက်လုနီးပြီ”။

Mother’s Day” မိခင်များနေ. ကျင်းပသည်.အခါ "


- ရိုးရာTraditional ဆန်သော ဘုရားကျောင်း၌ အထူးနေ.အဖြစ် ကျင်းပဂုဏ်ပြု သည်.အခါ မိခင်-ဖခင်များသည် ဆင်နီးပါးကြီးသည်.နေ.ဖြစ်ပြီး ထိုအချိန်၌ ဝိညဉ်တော်ဘုရား
အလွန် မျက်နှာငယ်၍နေရာမရှိ “Recognizing there's
no place God isn't”သည်.နေ.ဖြစ်သည်ဟု ဝိညာဉ်ဖခင်
ဆရာကြီးတပါး ရေးသားထားပါသည်။

ဤသို.ကျင်းပခြင်း အတွေးခေါ်သည် ရှေးဟောင်း ဂရိတ်၊
နတ်ဘုရား မိခင် Rhea အား ဂုဏ်ပြုသည်.ဓလေ.၊
ဒဗာဟီရဝါဒီ နှင်. Adultery, Pagan traditions ဖြစ်သည်ဟု အခိုင်မာပြောဆိုသည်.Theologianများစွာ ရှိသည်။

1600s ကနဦး အင်္ဂလန် ခရစ်ယန်များသည် ယေရှုမိခင် မာရိအားဂုဏ်ပြုသည်.နေ. ပြုလုပ်ခဲ.ကြသည်။ တော၊၅း၁၆၊သင်၏မိဘကိုရိုသေစွာပြုလော့။ ဧ၊၆း၃ မိဘကို ရိုသေစွာပြုလော့”။Church Pulpit တွင်Honorလုပ်ခြင်းထက် အခြားတနည်းနည်းဖြင်.သာပြုလုပ်ကာ မိခင်များ
အားနေ.ရက်တိုင်းမှာ ချစ်၍ ရိုသေဖို. သမ္မာတရားက
 သွန်သင်ခြင်း ဖြစ်သည်။

“Love you yr mother Not just today,but everyday" အသင်းတော်တနှစ်တာ ပြက္ခဒိန်၌ အထူးနေ.(၃၅-၄၀)
ရှိပြီး ၅၂ ပတ်တွင် (10)ရက်ခန်.သာ ကျန်တော.သည်။နောက်အနှစ်(၂၀)တွင်(၅၂)ပတ်လုံး ဒမြတိုက်ယူကြတော.မလား ရင်လေးမိသည်။

ဆရာကြီးယုဒသန်သာ အသက်ရှင်သေးရင် ဘယ်လောက်စိတ်ပျက်လေသလဲ၊ ဤလောက၌ မည်သည်.Honorလုပ်ခြင်း၊ မျက်နှာသာဂုဏ်ပြုခြင်းမှ သူမလိုလားပဲ၊သူ.အလောင်းပင်လျှင် ပင်လယ်၌ မျောချခဲ.
ရခြင်းသည် ကောင်းကင် ဘုံအဖ၏ ဂုဏ်ပြုခြင်းကိုသာ၍နှစ်သက် ခြင်းကြောင်.ဖြစ်သည်။ (Judson Sunday, Carson Sunday,
Mission Sunday, Church birthday,Earthday
Sunday,Boxing Sundayစသဖြင်.....)

ငရဲကျထိုက်သည်.အမှား၊အပြစ်ဖြစ်သည်ဟုမဆိုလိုပါ။
သို.သော်... တနင်္ဂနွေနေ.သည် သခင်ဘုရားနေ.ဖြစ်ပြီး၊ဘယ်သူ.ဘယ်သူ၏နေ.မှ မဟုတ်၊ယေရှုခရစ်ရှင်ပြန်ထမြောက်တော်မူသော
 နေ.ဖြစ်သောကြောင်. ထိုယေရှုသာလျှင် Honorထိုက်သူ၊ဂုဏ်ပြုချီးမွမ်းခြင်းအလုံးစုံကို
ခံထိုက်သောသူ ဖြစ်ပါသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ခံယူချက်-ယုံကြည်ချက်ကွဲလွဲပါက forget it,မေ.လိုက်ပါ
(ရော၊၁၄း ၅ လူတိုင်းမိမိစိတ်သဘောကျပါစေ)

December 11, 2015

("ယေရှုခရစ်၏ဆွေစဉ်မျိုးဆက်စာရင်း")

 မြန်မာပြည်ခရစ်ယန်အားလုံးနီးပါးက ခရစ်စမတ်ကျရင်ပျော်မယ်၊ နှစ်သစ်ကျတော.နောင်တဖြင်. ဆက်ကပ်၊ပြီးရင် ကားတိုင်တင်မယ်၊ထမြောက်ပြီးရင်၊ ပင်တီကုတေ sermon ကြားပြီး 
အဲဒီ သံသရာလည်စက်ဝိုင်းမှာပဲ ပတ်ချာလည်ပြီး ကားတိုင်ဒီဘက်ကို ရောက်မလာနိုင်တာကို ဆင်ခြင် မိတယ်။နေ.တိုင်း ခရစ်တော်မွေးပြီး နေ.တိုင်း ငါ..ငါ…ငါ… ဆိုတာသေရမှာဖြစ်တယ်။ 
တရားဟောချက်လဲ မိုက်ခရိုဝေ.ဖ်ထဲနွေးပြီး ပြန်ကျွေးလေ.ရှိတယ်။ ခရစ်တော်မွေးမယ် ဆိုတာကို သိပေမဲ. ဘုရားဖွင်.ပြချက်မကြားတဲ. မာလခိမှရှင်မာသဲစပ်ကြား ယုံကြည်သူတွေလို ဖြစ်နေပြီ လားလို. အောက်မေ .ပြီး ထိုအချိန်မှာမှခရစ်တော်မွေးဖွါးခဲ.သလို ဒု-အကြိမ်ကြွ လာဖို. တကယ် နီးပြီပဲဆိုတာကို ပိုမိုနားလည်ရတယ်။ လူတချို. ကိုယ်.အမျိုး ကိုမေးရင် ဆိုက်ကားဆရာဆိုရင်တော. လုံးဝ မပြောချင်ဘူး။

 ဟိုးးးးးးအဝေးကြီး ဗိုလ်မှူး၊ဒေါက်တာ ဟာ ငါ.အမျိုးသမီးရဲ. 
သူငယ်ချင်း စသဖြင်. ဘာမှမဆိုင်တာကို ကြွားဖြစ်အောင် ဝါကြွား တတ်ကြတယ်။ယေရှု ရဲ. အမျိုးစာရင်းထဲမှာ ဂျူး လူမျိုးတွေ ရွံမုန်းပြီး ပြည်.တန်ဆာဟု လူတိုင်း သိတဲ. တာမာ၊ရာခတ်၊ဗါရှဲဘတ်နဲ ဂျူးတွေရန်သူMob လူမျိုးမှဆင်းသက်သူ Ruth လဲပါတယ်။ 
ဂျူး သမိုင်းမှာ မိန်းခလေးဆိုတာ ဘယ်တော.မှစာရင်းရေတွက်လေ.မရှိဘူး။ 

ဘာ. ကြောင်. နာမယ်ကြီး စာရာ၊ရေဗက်ခါ၊နောမိ၊ရာခေလတို.ကို ထည်.ရင်တောင် တော်သေးတယ်။ ယောကျာင်္း တွေကြည်. .ပြန်တော. မိန်းမကို ငါ.မိန်းမပါလို.မပြောရဲတဲ. အာဗရာဟမ်၊ အိရှက် အပြင် လိမ်လည် လှည်.ဖျား သူယာဂုတ် လဲတွေ.ရတယ်။ အိသရေလဘုရင်မှာ အသက်ငယ်ဆုံး ၁၂နှစ်ဖြင်. ၄၅နှစ်လုံးလုံး ဘုရင်ဖြစ်ပြီး အဆိုးဆုံးသတ်မှတ်ခံသူ မနာရှေ လဲပါပြန်တာကို တွေ.ရတယ်။Why?
 ဆိုတာ တွေးဘူးရဲ.လား။ရှင်မာသဲ (၁း၁-၁၇)သည် ထိုအချိန်တုန်းက အကြီးကဲများဖြစ်သော ဆာဒူကဲ၊ ဖါ၇ိရှဲများ၏ မိမိ လုပ်ဆောင်ခြင်းဖြင်. သန်.ရှင်းဖြောင်.မတ်ပြီး သူတပါးကို တရား စီရင် တတ်သော ငါ..ငါ...ဆိုသည်. အတွေး အခေါ်ဟောင်းကို တော်လှန် သည်.အနေဖြင်. ယေရှု ၏ ဆွေစဉ် မျိုး ဆက် သည် သန်.ရှင်းစုံလင်သော 
Clean Family Roots မှ မဟုတ်ကြောင်း၊ အပြစ် 
သားများ၏အဆွေနှင်. အပြစ်သားများကို ရှာရန်
 မွေးဖွါးလာခြင်းဖြစ် ကြောင်း
သိမှတ်စေရန် ရေးခြင်း ဖြစ် သည်။

ထို.ကြောင်. မိမိ၏မစုံလင် မပြည်.စုံခြင်း အတိတ်က
 ဖြစ်သမျှ အလုံး စုံသည် ယေရှု နှင်. တွေ.သည်.နေ.မှာ အဆုံးသတ်ပြီဖြစ်ကြောင်း၊ထိုအချိန်မှစပြီး သင်သည် 
လူသစ်(၂ကော ၁၅း၁၇) ဖြစ်ပြီဖြစ်ကြောင်း သင်ခန်းစာယူဖို.
 ဝေမျှ လိုက် ပါသည်။

အခန်းလွတ် ရှိသေးလားးး?

ကျွန်တော်ငယ်ငယ်တုန်းက ခရစ်စမတ် ပြဇာတ်မှာ ပထမဆုံးပါဝင်သရုပ်ဆောင်တဲ.နေရာ သည် "အခန်းလွတ်မရှိတော.ပါ" ဆိုသည်.နေရာဖြစ်သည်အတွက် ဘာမှ ပြင်ဆင်စရာမရှိပါ။ တခုပြီးတခုပြီးလို. မာရိနှင်.သောသပ် ခဗျာ ဟော်တည်ခန်းမှ ပြန်ထွက်သွားသည်ကို စိတ်မကောင်းခြင်းများစွာဖြင်. ကြည်.ရုံကလွဲပြီး ထိုအချိန်က ဘာမှမခံစားချက်မရှိပဲ ပါဝင်လိုက်ခဲ.ရသည်ကို ပြန်လည်တွေးမိသည်။ ၂၀၁၄ ခရစ်စမတ်ရောက်ဖို. ရက်ပိုင်းပဲလိုတော.ပေမဲ. ယနေ.ခရစ်ယန်တွေ အေးတိ အေးစက်နေနိုင်လွန်းကြသည်ကို အားမလိုအားမရဖြစ်မိသည်။ မယုံကြည်သူတွေပင် ပို၍တက်ကြွပြီး သူတို.အရောင်းသွက်ဖို.Promotion တွေပေး၊ကြော်ငြာတွေပို.၊စာတိုက်မှာ အလုပ်အရှုပ်ဆုံးလဖြစ်သည်။ ကိုယ်.မြန်မာခရစ်ယန်တွေကတော. နှစ်တိုင်း အစား၊သောက်ကောင်းပြင်ဆင် မှုကလွဲရင် ဘာတိုးတက်မှု မှ လုံးဝမရှိ။ တချို.ကတော. ခရစ်စမတ်အမှီ အဝတ်လှလှ၊ဆံပင်ပုံစံသစ်၊ အိမ်သစ်၊ကားသစ်တွေနဲ.ကြိုဆို ပြင်ဆင်ကြလိမ်.မယ်။ ဥရောပကတော. ဒီဇင်ဘာလသည် အငြိမ်းချမ်းဆုံးနေလိုသော ဓလေ.ရှိသော်လည်း မနေ.က ခရူးဆိတ်စစ်ပွဲကို ဆွပေးသော ဘာသာရေး စစ်ပွဲအသွင်ဆောင်သော ခရစ်တော်မွေးဖွါးခြင်းကို ဂျာမဏီနိုင်ငံတွင် အိုးမဲသုတ်မည်. သိုးမည်းတွေရဲ. ချီတက်မှု လူသောင်းချီပြီးပြု လုပ်ခဲ.ကြတယ်။ ပါကိစ္စတန်မှာလည်းမနေ.က အပြစ်မရှိသော ကျောင်းသူ၊သား ၁၄၀ကျော် တာလီဘန်ချက်ဖြင်. အသက်ဆုံးခဲ.ရှာပြီ။ငြိမ်းချမ်းရေးကို ဆန်.ကျင်သော သားရဲ၏ ဖက်တော်သားတွေဖြစ်တယ်။ တနေ.ကလည်း Austalia စားသောက်ဆိုင် တိုက်ခိုက်မှု ကြောင်. ခရစ်စမတ်မျော်လင်.သူတွေ ဘဝဆုံးခဲ.ပြီ။ မိသားစုမှာတွင်ပင်လျှင် ချစ်ခြင်းမရှိတော.သောခေတ်ဖြစ်သည်.နည်းတူ B.William ၃၃နှစ်ဟာ မိန်းမနှင်.သမီး၂ဦးကို သေနတ်ဖြင်. ပစ်သတ်ခြင်းထက်မိုက်သူ ဘယ်သူရှိတော.မည်နည်း။ ချစ်သော ညီအစ်ကိုများအားလုံး...မိမိ၏ စိတ်နှလုံးကို သေချာ စစ်ဆေးပါက အထက်ပါ တခုမဟုတ်တခုမှာ ပါကြမှာပါ။မြောက်များစွာသော လူတွေက ဘာအလုပ်လုပ်မယ်ဆိုတဲ. လောကအရာက မိမိစိတ်နှလုံးအပြည်. နေရာယူ ထားတယ်။ တချို.က မာန်မာနထောင်လွှားခြင်းနှင်. ဇာတိသွေးသက်သေ ငါ.တို.လူမျိုး၊ငါတို.ဂိုဏ်း၊ငါတို.ဓလေ.၊ငါတို.ယဉ်ကျေးမှု က အခန်းပြည်.နေရာယူထားတယ်။ အိမ်ထောင်မိသားစုနှင်.အဖွဲ.စည်းတိုင်းမှာ တယောက်နဲ.တယောက် အပြန်လှန် လေးစားမှုမရှိ၊သားသမီးက မိဘ မရိုသေသလို အသက်ငယ်သောသူက ကိုယ်.ထက်လူကြီးလဲ ကြိုက်သလိုဝေဖန်ပြောဆိုပြီး (Respect each-other) လုံးဝမရှိသော လူနေမှု ပုံစံက လွမ်းမိုးပြီး ငါသိဆုံး၊ငါအတတ်ဆုံးဆိုပြီး တကယ်တမ်း သူဘာမှမသိတာကို သူ.ကိုသူမသိတော.လောက်အောင် စိတ်တွေဖေါက်ပြန် နေကြပြီ။ ခရစ်မတ်ကို နှစ်တိုင်းကျင်းပနေပေမဲ. အချင်းချင်း ချစ်ခြင်း လုံးဝ(လုံးဝ) မရှိ။ခွဲခြားမှု၊၊မုန်းတီးမှု နဲ. နှလုံးသားပိုင်ရှင်များအတွက် ခရစ်စမတ် ကျင်းပခြင်းသည်..."အခန်းလွတ်မရှိပါ" ကယ်တင်ရှင်ကို မောင်းနှင်သော သူများသာဖြစ်ကြောင်း။ ခရစ်တော်(ဘုရား၏သား) ကိုယ်တိုင် ကောင်းကင်ဘုံကို ထားခဲ.ပြီးအသက်စွန်.ခဲ.တယ်။ သိုးထိန်းတွေ သူတို.အသက်မွေးဝမ်းကျောင်းပြုသော သိုး ကိုထားခဲ.တယ်။ မာကု ပညာရှင်များ မူလ လမ်းဟောင်းကို ထားခဲ.ပြီး လမ်းသစ်လိုက်ခဲ.သလိုပဲ မိမိ၌ ဘုရားမကြိုက်မနှစ်သက်သောအရာ အားလုံး ဆုတောင်း ခြင်းဖြင်. ဖယ်ရှားကာ သန်.ရှင်းသောဝိညဉ်တော် မစခြင်းဖြင်. ခရစ်တော်အတွက် နေရာပေးနိုင်သူ များဖြစ်ကြပါစေ။