ကျွန်တော်ငယ်ငယ်တုန်းက ခရစ်စမတ် ပြဇာတ်မှာ ပထမဆုံးပါဝင်သရုပ်ဆောင်တဲ.နေရာ သည် "အခန်းလွတ်မရှိတော.ပါ" ဆိုသည်.နေရာဖြစ်သည်အတွက် ဘာမှ ပြင်ဆင်စရာမရှိပါ။
တခုပြီးတခုပြီးလို. မာရိနှင်.သောသပ် ခဗျာ ဟော်တည်ခန်းမှ ပြန်ထွက်သွားသည်ကို စိတ်မကောင်းခြင်းများစွာဖြင်. ကြည်.ရုံကလွဲပြီး ထိုအချိန်က ဘာမှမခံစားချက်မရှိပဲ ပါဝင်လိုက်ခဲ.ရသည်ကို ပြန်လည်တွေးမိသည်။
၂၀၁၄ ခရစ်စမတ်ရောက်ဖို. ရက်ပိုင်းပဲလိုတော.ပေမဲ. ယနေ.ခရစ်ယန်တွေ အေးတိ အေးစက်နေနိုင်လွန်းကြသည်ကို အားမလိုအားမရဖြစ်မိသည်။
မယုံကြည်သူတွေပင် ပို၍တက်ကြွပြီး သူတို.အရောင်းသွက်ဖို.Promotion တွေပေး၊ကြော်ငြာတွေပို.၊စာတိုက်မှာ အလုပ်အရှုပ်ဆုံးလဖြစ်သည်။
ကိုယ်.မြန်မာခရစ်ယန်တွေကတော. နှစ်တိုင်း အစား၊သောက်ကောင်းပြင်ဆင် မှုကလွဲရင် ဘာတိုးတက်မှု မှ လုံးဝမရှိ။
တချို.ကတော. ခရစ်စမတ်အမှီ အဝတ်လှလှ၊ဆံပင်ပုံစံသစ်၊ အိမ်သစ်၊ကားသစ်တွေနဲ.ကြိုဆို ပြင်ဆင်ကြလိမ်.မယ်။
ဥရောပကတော. ဒီဇင်ဘာလသည် အငြိမ်းချမ်းဆုံးနေလိုသော ဓလေ.ရှိသော်လည်း မနေ.က ခရူးဆိတ်စစ်ပွဲကို ဆွပေးသော ဘာသာရေး
စစ်ပွဲအသွင်ဆောင်သော ခရစ်တော်မွေးဖွါးခြင်းကို ဂျာမဏီနိုင်ငံတွင် အိုးမဲသုတ်မည်. သိုးမည်းတွေရဲ. ချီတက်မှု လူသောင်းချီပြီးပြု လုပ်ခဲ.ကြတယ်။
ပါကိစ္စတန်မှာလည်းမနေ.က အပြစ်မရှိသော ကျောင်းသူ၊သား ၁၄၀ကျော် တာလီဘန်ချက်ဖြင်. အသက်ဆုံးခဲ.ရှာပြီ။ငြိမ်းချမ်းရေးကို ဆန်.ကျင်သော သားရဲ၏ ဖက်တော်သားတွေဖြစ်တယ်။
တနေ.ကလည်း Austalia စားသောက်ဆိုင် တိုက်ခိုက်မှု ကြောင်. ခရစ်စမတ်မျော်လင်.သူတွေ ဘဝဆုံးခဲ.ပြီ။
မိသားစုမှာတွင်ပင်လျှင် ချစ်ခြင်းမရှိတော.သောခေတ်ဖြစ်သည်.နည်းတူ B.William ၃၃နှစ်ဟာ မိန်းမနှင်.သမီး၂ဦးကို သေနတ်ဖြင်. ပစ်သတ်ခြင်းထက်မိုက်သူ ဘယ်သူရှိတော.မည်နည်း။
ချစ်သော ညီအစ်ကိုများအားလုံး...မိမိ၏ စိတ်နှလုံးကို သေချာ စစ်ဆေးပါက အထက်ပါ တခုမဟုတ်တခုမှာ ပါကြမှာပါ။မြောက်များစွာသော လူတွေက ဘာအလုပ်လုပ်မယ်ဆိုတဲ. လောကအရာက မိမိစိတ်နှလုံးအပြည်. နေရာယူ ထားတယ်။ တချို.က မာန်မာနထောင်လွှားခြင်းနှင်.
ဇာတိသွေးသက်သေ ငါ.တို.လူမျိုး၊ငါတို.ဂိုဏ်း၊ငါတို.ဓလေ.၊ငါတို.ယဉ်ကျေးမှု က အခန်းပြည်.နေရာယူထားတယ်။
အိမ်ထောင်မိသားစုနှင်.အဖွဲ.စည်းတိုင်းမှာ တယောက်နဲ.တယောက် အပြန်လှန် လေးစားမှုမရှိ၊သားသမီးက မိဘ မရိုသေသလို အသက်ငယ်သောသူက ကိုယ်.ထက်လူကြီးလဲ ကြိုက်သလိုဝေဖန်ပြောဆိုပြီး (Respect each-other) လုံးဝမရှိသော လူနေမှု ပုံစံက လွမ်းမိုးပြီး ငါသိဆုံး၊ငါအတတ်ဆုံးဆိုပြီး တကယ်တမ်း သူဘာမှမသိတာကို သူ.ကိုသူမသိတော.လောက်အောင် စိတ်တွေဖေါက်ပြန် နေကြပြီ။ ခရစ်မတ်ကို နှစ်တိုင်းကျင်းပနေပေမဲ. အချင်းချင်း ချစ်ခြင်း လုံးဝ(လုံးဝ) မရှိ။ခွဲခြားမှု၊၊မုန်းတီးမှု နဲ. နှလုံးသားပိုင်ရှင်များအတွက် ခရစ်စမတ် ကျင်းပခြင်းသည်..."အခန်းလွတ်မရှိပါ" ကယ်တင်ရှင်ကို မောင်းနှင်သော သူများသာဖြစ်ကြောင်း။ ခရစ်တော်(ဘုရား၏သား) ကိုယ်တိုင် ကောင်းကင်ဘုံကို ထားခဲ.ပြီးအသက်စွန်.ခဲ.တယ်။ သိုးထိန်းတွေ သူတို.အသက်မွေးဝမ်းကျောင်းပြုသော သိုး ကိုထားခဲ.တယ်။
မာကု ပညာရှင်များ မူလ လမ်းဟောင်းကို ထားခဲ.ပြီး လမ်းသစ်လိုက်ခဲ.သလိုပဲ မိမိ၌ ဘုရားမကြိုက်မနှစ်သက်သောအရာ အားလုံး ဆုတောင်း ခြင်းဖြင်. ဖယ်ရှားကာ သန်.ရှင်းသောဝိညဉ်တော် မစခြင်းဖြင်. ခရစ်တော်အတွက် နေရာပေးနိုင်သူ များဖြစ်ကြပါစေ။
No comments:
Post a Comment