ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

November 14, 2013

(အခြားသူများကို ကူညီသည့်အခါ)

ကိုယ်မြေ၌ဖြစ်သော စပါးကိုရိတ် သောအခါ လယ်ထောင့်တို့ကို အကုန်အစင်မရိတ်ရ။ သိမ်းရာတွင် ကျန်ကြွင်းသောအရာကို ပြန်၍ မကောက်မသိမ်းရ။(ဝတ် ၁၉း၉)။ နှင်းမုန်တိုင်းကျပြီး စားကျက်များ၌ နှင်းဖုံးနေချိန်တွင် ပိုင်ရှင်များက ကျွဲနွားများကို ကိုယ်တိုင် အစာကျွေးရသည်။ လှည်းနှင့်ထရပ် ကားပေါ်မှကောက်ရိုးများ ချလိုက်သော်အသန်ဆုံး တိရစ္ဆာန်များက ရှေ့သို့ထွက်လာပြီး အစာစား သည်။ အားနည်းသော၊ ဖျားနာသော အကောင်များက ပိုင်ရှင်ကိုယ်တိုင် မကျွေးလျှင် လုံးဝမစား၊ အချို့က အနည်းငယ်သာစားသည်။ ဒုက္ခသည်စခန်းမှ လုပ်သားများနှင့် မုန့်ဖိုမှလုပ်သားများကလည်း အလားတူပုံစံမျိုး တင်ပြကြသည်။ ဆင်းရဲသားများအတွက် အစာ သိုလှောင်စတိုခန်းကို ဖွင့်လိုက်သည်နှင့် အမှန် တကယ် အစာရေစာလိုအပ်သူများ၊ အားနည်း သူများနှင့် မဝံ့မရဲဖြစ်သူများက ရှေ့သို့တက်မလာ ကြပါ။ တိရစ္ဆာန်ပိုင်ရှင်များကဲ့သို့ လူသားချင်း ကူညီရိုင်းပင်းသူများက ရှေ့သို့တိုးကာ သူတို့၏အစေခံဝန်ဆောင်မှုသည် အားနည်းပင်ပန်း ၍ ဖျားနာသူများထံ တကယ်ရောက်အောင် လူမှုရေးဂရုပြုမှုကို အစွန်းတိုင် ပြကြရသည်။ ၎င်းတို့သည် ရှေးက ဘုရားသခင်ချမှတ်ခဲ့သည့်ပညတ်ကို ဖော်ဆောင်နာခံခြင်း ဖြစ်သည်။ ဝတ်ပြုရာကျမ်း (၁၉) တွင် မောရှေက ဣသရေလလယ်သမားများနှင့် စပျစ်ခြံ ပိုင်ရှင်များအား သီးနှံရိတ်သိမ်းရာ၌ ဆင်းရဲသားနှင့်သူစိမ်းများအတွက် အနည်းငယ်ချန်ပေး ရမည်ဟု ညွှန်ကြားထားသည် (း၉-၁၀)။ အားနည်း၍ ခြေကုန်လက်ပန်းကျနေသူများကို စောင့်ရှောက်ကူညီသူများအဖြစ် ကျွန်ုပ်တို့လည်း အစေခံနိုင်ပါသည်။ ငြိမ်နေသောကျောင်းသားကို အများနှင့်ပူးပေါင်းပါဝင် လာအောင် ကြိုးစားလုပ်နေရသည့်ဆရာ၊ ဝန်ပိနေသော လုပ်ဖော်ဆောင်ဖက်အတွက် လက်တွဲဖော်အလုပ်သမား၊ ထောင်ထဲရောက်လာသူကို မစရန် မျှော်လင့်နေသည့် နှစ်ကြီး အကျဉ်းသား၊ သားသမီးများကို ဂရုစိုက်နေရသည့်မိဘ၊ ကျွန်ုပ်တို့ မည်သူပင် ဖြစ်နေပါစေ အခြားသူကို မစကူညီခြင်းဖြင့် ဘုရားကိုချီးမြှောက်နိုင်သော နည်းလမ်းများစွာ ရှိသည်။ မစမှုလိုအပ်သူများကို အစေခံရန်ရှာကြံစဉ် မိမိလိုအပ်ချိန်၌ မစသော ကျေးဇူးတော်သည် အခြားသူကိုမစရန် ကျွန်ုပ်တို့ကို နှိုးဆော်ပါစေ။

ဘုရားဂတိတော်(318)


November 13, 2013

သင်. ဆုတောင်းခြင်း၌ ထိုသူတို.ကိုသတိရပါ.

ထာဝရဘုရားသခင်က ကျွန်တော်တို.ကို အပြစ်ပေး ဖို. စောင်.နေခြင်းမဟုတ်ပါ။ အထက်ကျမ်းပုဒ်အရ ကျွန်တော်တို.အတွက် ပြင်ဆင်ပေးပြီးသော ကောင်းကြီးနှင်.
အခွင်.အရေးများကို ပြန်ပေးဖို.(လုကာ ၁၅)ပျောက်သော သားငယ်ကိုမျော်နေသည်.ဖခင်နည်းတူ သင်.ကိုလည်း ဘုရားသခင်စောင်.နေတယ်။ 
 I will wait for opportunities to show you My compassion. What a beautiful picture of the longing that God has for us. He is always in a posture of waiting for every opportunity to show us His compassion. I love the Amplified translation that says that He is expecting, looking and longing to be gracious to us. This Bible verse reminds me of the father in the Prodigal Son story in Luke 15 who was waiting for his rebellious son to find his way home. In this story, Jesus tells us that the father saw the son when he was still a long way off and started running toward his boy. I think in the same way, our God and Father is waiting and watching for every opportunity to run out so that He might pour out His love and mercy all over us. May we be mindful of this amazing truth and always posture our hearts to receive the outpouring of His love!

Any way!(ဘာပဲဖြစ်နေပါစေ)



November 12, 2013

ပညတ်တော်ကို ခရစ်ယာန်များက လိုက်နာရန်လိုအပ်သလော?

ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်ကို ခရစ်ယာန်များက လိုက်နာရန်လိုအပ်သလော? ဤမေးခွန်းကို သိရှိနားလည်ရန်အတွက် အဓိကသော့ချက်သည် ဓမ္မဟောင်းထဲ၌ရှိသော ပညတ်တော်သည် ဣသရေလလူများများအတွက် ပေးထားခြင်းဖြစ်ပြီး ခရစ်ယာန်များအတွက် ပေးထားခြင်း မဟုတ်သည်ကို သိရှိခြင်းပင်ဖြစ်သည်။ တချို့သော ပညတ်တော်တို့သည် ဣသရေလလူမျိုးများက ဘုရားသခင်ကို မည်သို့ နာခံရမည်ကို ၎င်း၊ မည်သို့ ၀မ်းမြောက်စေရမည်ကို၎င်း ညွှန်ပြပေးသော ပညတ်တော်များဖြစ်ကြသည်။ (ဥပမာ-ပညတ်တော်ဆယ်ပါး)၊ တချို့သော ပညတ်တော်တို့သည် ဣသရေလလူမျိုးတို့က ဘုရားသခင်ကို မည်သို့ဝတ်ပြုမည်ကို၎င်း၊ မည်သို့ အပြစ်ဖြေရ မည်ကို ၎င်း၊ ညွှန်ပြပေးသော ပညတ်တော်များဖြစ်ကြသည် (ယဇ်ပူဇော်ခြင်းအမှု)။ တချို့သော ပညတ်တော်တို့သည် ဣသရေလ လူမျိုးတို့သည် တခြားသော လူမျိုးတို့နှင့် မတူပဲ တမူထူးခြားသော လူမျိုးဖြစ်ကြောင်းကို ညွှန်ပြပေးသော ပညတ် တော်များ ဖြစ်ကြသည် (အစားအသောက်နှင့် အ၀တ်အစားနှင့်ပတ်သက်သော ပညတ်တော်)။ ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်ဟူသမျှသည် ယနေ့ကျွန်ုပ်တို့ အသက်တာ၌ အသုံးပြုရန်အတွက် မဟုတ်ပေ။ ကားတိုင်တော်ပေါ်တွင် ခရစ်တော် အသေခံသောအခါ သူက ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်ဟူသမျှ ဖျက်သိမ်းသွားခဲ့သည် (ရောမ၊ ၁၀း၀၀၊ ဂလာ၊ ၃း၂၃-၂၅၊ ဧဖက်၊ ၂း၁၅)။ ကျွန်ုပ်တို့သည် ဓမ္မဟောင်းထဲ၌ရှိသော ပညတ်တော်ကို ကျင့်သုံးမည့်အစား ခရစ်တော်ပေးသည့် ပညတ်တော် ကို အသုံးပြုကြပါသည် (ဂလာ၊ ၆း၂)။ ၎င်း ပညတ်တော်သည် “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ဥာဏ်ရှိသမျှနှင့် ချစ်လော့။ ..... ကိုယ်နှင့် စပ်ဆိုင်သော သူကို ကိုယ်နှင့် အမျှ ချစ်လော့” (မဿဲ၊ ၂၂း၄၀)။ သို့သော် ယခုခေတ်တွင် ဓမ္မဟောင်းထဲ၌ ဖော်ပြထားသော ပညတ်တော်ကို မထီမဲ့မြင်ပြုရန်အတွက် မဆိုလိုပေ။ ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်တချို့တို့သည် “ဘုရားသခင်ကို ချစ်ခြင်း” နှင့် “ကိုယ်နှင့် စပ်ဆိုင်သော သူကို ချစ်ရန်” ဖော်ပြထားသော အချက်များလည်း ပါဝင်ပါသည်။ ဘုရားသခင်ကို မည်သို့ချစ်ရမည်ကို၎င်း၊ မိမိအိမ်နီးနားချင်းကို မည်ကဲ့သို့ ချစ်ရမည်ကို ၎င်း သိရှိနိုင်ရန် ဓမ္မဟောင်းထဲ၌ရှိသော ပညတ်တော်တို့သည် အလွန်ကောင်းသည့် “လမ်းညွှန်တိုင်” ပင် ဖြစ်သည်။ ထိုနည်းတူ ယနေ့ခရစ်ယာန်အသက်တာထဲတွင် ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်ကို အသုံးပြုရမည်ဟု ပြောဆိုခြင်းသည်လည်း မှန်ကန်မှုမရှိပေ။ ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်သည် လောကနီတိပင်ဖြစ်သည် (ယာကုပ်၊ ၂း၁၀)။ ထိုပညတ်တော် အားလုံးကို ကျင့်သုံးနိုင်သည်။ ပယ်ဖျက်နိုင်သည်။ ယဇ်ပူဇော်ခြင်း လုပ်ဆောင်မှုကဲ့သို့သော ပညတ်တော်မျိုးကို ခရစ်တော်က ပြည့်စုံပေးခဲ့လျှင် ပညတ်တော်အားလုံးကို ပြည့်စုံစေခြင်းပင်ဖြစ်သည်။ “ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ်တော်ကို စောင့်ခဲ့သည်မဟုတ်” (၁ယော၊ ၅း၃)။ ပညတ်တော် ဆယ်ပါးတို့သည် ဓမ္မ ဟောင်းထဲ၌ရှိသော ပညတ်တော်အားလုံးတို့၏ အချုပ်အခြာပင်ဖြစ်သည်။ ပညတ်တော် ဆယ်ပါးအနက် ကိုးခုတို့သည် ဓမ္မသစ်ကျမ်းထဲတွင် ပြန်လည်ဖော်ပြထားပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချစ်ခဲ့လျှင် တခြားသော မှားသော ဘုရားတို့ကို ကိုးကွယ်မည်မဟုတ်တော့ပေ။ သို့မဟုတ် ရုပ်ထုများရှေ့တွင် ကိုးကွယ်မည်မဟုတ်တော့ပေ။ ကျွန်ုပ်တို့သည် ကိုယ်နှင့်စပ်ဆိုင်သောသူတို့ကို ချစ်လျှင် သူတို့ကို သင်ပြောမဟုတ်ပေ။ သူတို့ ကို လိမ်ညှာမည်မဟုတ်ပေ။ သူတို့အပေါ် မတရားမှုတွေ ပြုမည်မဟုတ်ပေ။ ဓမ္မဟောင်းထဲ၌ ဖော်ပြထားသော ပညတ်တော် ၏ ရည်ရွယ်ချက်သည် လူသားများက သခင်ယေရှုကို ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်လက်ခံရန် လိုအပ်ကြောင်း ညွှန်ပြ လိုခြင်း ဖြစ်သည် (ရောမ၊ ၇း၇-၉၊ ဂလာ၊ ၃း၂၄)။ ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်သည် ဘုရားသခင်က လူသားအားလုံးအတွက် အမြဲတမ်းကျင့်သုံးရန် ပေးထားသော ပညတ်တော်မဟုတ်ပေ။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ကိုယ်နှင့် စပ်ဆိုင်သော သူတို့ကို ကိုယ်နှင့် အမျှ ချစ်ရပါမည်။ ဤပညတ်တော်နှစ်ပါးအတိုင်း သစ္စာရှိစွာဖြင့် အသက်ရှင်လျှင် ကျွန်ုပ်တို့သည် ဘုရားသခင်တောင်းဆိုသော ပညတ်တော်အားလုံးတို့ကို လိုက်လျောက်အသက်ရှင်ခြင်းပင်ဖြစ်သည်။

November 10, 2013


(အနိဋ္ဌာရုံမှတ်တမ်း)

ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သော ကြောင့်ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။ နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။(ယေမြည် ၃း၂၂-၂၃) ပထမကမ္ဘာစစ်ကြီး စတင်စဉ်က ယိစ် ကွန်ဂါသည် ဆယ်နှစ်အရွယ်သာရှိပြီး၊ သူနေထိုင် သည့် ပြင်သစ်မြို့ငယ်လေးကို ဂျာမန်စစ်တပ်က ဝင်ရောက်သိမ်းပိုက်သည်။ သူ့မိခင်က သူ့အား နေ့စဉ်မှတ်တမ်း ဒိုင်ယာရီရေးရန် အားပေးခဲ့ သဖြင့် သူက စစ်တပ်မှဝင်ရောက်သိမ်းပိုက်ခြင်း အကြောင်းကို ရေးမှတ်ပြီး ပုံလေးများဆွဲ အရောင် ခြယ်ကာ ရှင်းလင်းစွာ မှတ်တမ်းတင်ခဲ့သည်။ သူ့ ဒိုင်ယာရီက စစ်အနိဋ္ဌာရုံကို ကလေးအမြင်ဖြင့် ရေးမှတ်ထားခြင်းပါ။ စစ်မြင်ကွင်းကို မျက်မြင်ကြုံခဲ့ရသည့် ရလဒ်အကျိုးကား အခြားသူများထံ ခရစ်တော်၏ မျှော်လင့်ခြင်းကို ဆောင်ကြဉ်းပေးရန် စေစားခံရ သည်ဟု သူခံစားခဲ့ရသည်။ ရှေးရာစုနှစ်အစောပိုင်းက ပရောဖက် ယေရမိသည်လည်း ယေရုရှလင်မြို့ကို နေဗုခဒ်နေဇာ မင်းကြီး ဝင်ရောက်သိမ်းပိုက်ခြင်းကို ကိုယ်တွေ့မြင်ခဲ့ရသည်။ သူမြင်တွေ့ခံစားခဲ့ရသမျှကို ယေရမိမြည်တမ်းစကားအဖြစ် ဒိုင်ယာရီမှတ်တမ်းရေးခဲ့သည်။ ဤသို့စိတ်ပျက်စရာများ ရှိသည့်တိုင် ဘုရားသခင်၏ထံမှမျှော်လင့်ခြင်းကို သူမြင်ခဲ့သည်။ “ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။ နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏” ဟုသူရေးခဲ့သည် (ယေမြည် ၃း၂၂-၂၃)။ အနိဋ္ဌာရုံများ တွေ့ကြုံခံစားရခြင်း၊ မျက်စိနှင့် တပ်အပ်မြင်ရခြင်းကြောင့် ကြမ်းတမ်းရက်စက်မှုများက အသက်တာတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လာသကဲ့သို့ ခံစားရသည်။ သို့သော် ဒုက္ခအခက်အခဲကာလများက ထာဝရ မတည်ပါ။ ယေရမိကဲ့သို့ ကောင်းကင်ဘုံရှင် အဖဘုရား၌ မျှော်လင့်ခြင်းကို တိုးစေ၏။ မနက်တိုင်း ကိုယ်တော်၏ ကရုဏာတော်များက အသစ်ဖြစ်၍ သစ္စာတော်ကြီးပါ၏။ — Dennis Fisher

November 9, 2013

(အဖ၏ စကားများကို သတိရခြင်း)

ကိုယ်တော်၏ဥပဒေသများကို အစဉ် မမေ့မလျော့နိုင်ပါ။ အကြောင်းမူကား ထိုဥပဒေသများအားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူ၏။ ဆာ ၁၁၉း ၉၃ ရိန်းနီးယားတောင်မှဆင်းလာစဉ်ဂျင်း ဒေးဗစ်ဆန်သည် နှင်းထူထပ်သောတံတားပေါ်မှ မှောင်ပိန်းနေသော ရေခဲမြစ်အက်ကြောင်းဂလိုင် ထဲသို့ ကျသွားသည်။ ဂျင်း သည် သွေးစွန်းနေ သော ဒဏ်ရာဒဏ်ချက်များနှင့် မဲမှောင်နေသော ရေခဲဂလိုင်ထဲတွင် ရပ်လျက် သူ၏ငယ်စဉ်ကလေး ဘဝကို ပြန်မြင်ယောင်သည်။ ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံရင်ဆိုင်ပါက ကြီးမားသော အောင်မြင်မှု ကို ရရှိနိုင်သည်ဟူသော သူ့ဖခင်၏ထပ်တလဲလဲ သတိပေးစကားကို ပြန်လည်သတိရမိသည်။ ထိုစကားများက ဂျင်း ဆက်ပြီး အသက်ရှင်နိုင် အောင် အမအစဖြစ်ခဲ့ပြီး နောက် ၅ နာရီ အကြာတွင် မဲမှောင်နေသော ရေခဲဂလိုင်ထဲမှ အလွန်အမင်းခက်ခဲပြင်းထန်သော အခြေအနေမှ ဘေးလွတ်ရာသို့ တဖြည်းဖြည်း ထွက်လာနိုင်ခဲ့သည်။ ဆာလံဆရာသည်လည်း ကောင်းကင်ဘုံရှင်အဖ၏ စကားတော်များကို ပြန်လည်ဆင်ခြင်ခြင်းအားဖြင့် ဒုက္ခနှင့်နာကျင်မှုအက်ကြောင်းမှ ရုန်းထွက်ခဲ့ပုံရသည်။ “အကျွန်ုပ်သည် ကိုယ်တော်၏တရား၌ မွေ့လျော်ခြင်းမရှိလျှင် အထက်က ဆင်းရဲခံစဉ် ပျက်စီးပါပြီ” ဟု သူဝန်ခံခဲ့သည် (ဆာ ၁၁၉း၉၂)။ ထာဝရဘုရား၏ အစဉ်အမြဲတည်သော စကားတော်ကို (း၈၉) လုံးဝယုံကြည်စိတ်ချကြောင်းနှင့် ကိုယ်တော်၏သစ္စာရှိမှုကို သူ ဖော်ပြခဲ့သည်(း၉၀)။ ဘုရားသခင်သည် သစ္စာတော်နှင့်ပြည့်ဝသဖြင့် သူ့အသက်ကို ကယ်တင်ခြင်း၊ သူ့ကိုခွန်အားပေးခြင်းအမှုတွင် အဓိကဖြစ်သော ဘုရား၏စကားတော်များ ကို မည်သည့်အခါမျှ မမေ့ဟု ဆာလံဆရာ ဆက်ကပ်ခဲ့သည်။ အမှောင်မိုက်ဆုံးဘဝတွင်းနက်ထဲ ဒုက္ခခံစားရချိန်များတွင် ကိုယ်တော်၏ အားပေးစကားများကို စိတ်ထဲ၌ ပြည့်ဝစေခြင်း၊ ပြန်ဆင်ခြင်ခြင်းဖြင့် ကောင်းကင်ဘုံရှင် အဖက ကျွန်ုပ်တို့၏စိတ်ဝိညာဉ်ကို မစနိုးကြားစေလိမ့်မည်။ — Marvin Williams

November 7, 2013

ခ၇စ်တော်၌ တော်စပ်ခွင်.ရသော… ကမ္ဘာအရပ်ရပ်မှ ချစ်သောဓမ္မမိတ်ဆွေများခင်ဗျား…. အယောက်တိုင်းအား ကောင်းကင်ဘုံအဖဘုရားက ယနေ.ပြောနေသည်. နုတ်တော်ထွက်ဂတိတော်ဟူမူကားးးး “Draw near to Me and I will cleanse you from an evil conscience.” ( ငါ.ထံသို. ချဉ်းကပ်လော.- သင်.ကို ဆိုးယုတ်သော အနိဌာရုံမှ သန်.၇ှင်းစေမည်လို. ပြောပါနေတယ်။ ယနေ.နတ်ဆိုး၏ လက်နက်သည် ကျွန်တော်တို.၏ အားနည်းချက်အလုံးစုံကို သတိရစေကာ၊ နောင်နှစ်ပေါင်းများစွာက ကျူးလွန်ခဲ.သည်. အပြစ်ဟူသမျှ ပြန်လည် Remind လုပ်ပေးနေတတ်ပြီး၊သင်သည် ဘုရားရှေ.ဖြောင်.မတ်သူမဟုတ်ကြောင်း စွပ်စွဲကာ လိပ်ပြာမသန်.ခြင်း guilty သို.ရောက်စေတတ်ပါတယ်။ မည်သူမည်ဝါကမသိ မမြင်သော်လည်း အာဒံနှင်.ဧဝ-ဘုရားကိုရှက်ပြီးေ၇ှာင်ပုန်းသကဲ.သို. ဘုရားထံတိုးဝင်ဖို.ရာ အလိုလိုနေ၇င်း မလုံမလဲဖြစ်စေ တတ်ပါတယ်။ ယနေ.ထာဝရားက အထံတော်သို. ဝန်လေး၍ပင်ပန်းသူ အယောက် တိုင်းကို ဖိတ်ခေါ်နေပါတယ်။ မိမိအစွမ်းအဆဖြင်. သန်.စင်အောင် ပင်ပန်းစွာ ကြိုးစားရုန်းကန်နေမည်.အစား၊ ထိုလိပ်ပြာမသန်.guiltyဖြစ်ခြင်း၊အရှက်ရခြင်း အစရှိသည်.အရာအားလုံးကို အပေါ်ယံမှင်ဖျက်ဖြင်.ဖုံးသကဲ.သို. မဟုတ်ဘဲ ခဲဖျက်ဖြင်.လုံးဝဖျက်ပစ်သကဲ.သို. အသွေးတော်အားဖြင်. သန်.စင်စေမည်. အကြောင်း ဖိတ်ခေါ်နေပါသည်။ ဘုရားအတူပါရှိခြင်း “The presence of God”ခံစားနိုင်ရန်အတွက် အချိန်တိုင်းမှာ ထိုကဲ.သို.သောနည်းဗျူဟာဖြင်.နတ်ဆိုးသည် အပြစ်တင်ဆွဲချကာ အရှက်ရ စေခြင်းဖြင်. အတားအဆီးလုပ်နေတတ်ပါတယ်၊ သခင်ဘုရား၏အလိုဆန္ဒတည်းဟူသော သမ္မာတရားမူကား သြသပ္ပစိတ်ကြည် လင်စွာ ရှက်ကြောက်ခြင်းကင်းလျှက် ခရစ်တော်ကားတိုင်တွင် ( He cried "It is finished!" on the cross.) ငိုကြွေးကာဟစ်ကြော်ခဲ.သည်.“အမှုပြီးပြီ။”.. ဆိုသည်.အရာသည် “အတိတ်၊ပစ္စုပန်၊အနာဂတ်”တခုလုံး ကျွန်တော်တို. အရှက်တကွဲအကျိုးနဲဖြစ်ကာ၊ ကြောက်ရွံ.ထိတ်လန်.မှုအားလုံး အတွက်ဖြစ်ပြီး၊ မိမိ performance ပါဝင်ကြိုးစားမှုမပါကြောင်း ဝန်ခံလျှက် အထံတော်သို. လိပ်ပြာသန်.သန်.ချဉ်းကပ်ကြပါစို. လို.မေတ္တာဖြင်.ဝေမျှလိုက်ပါတယ်။
Joel Osteen (Overcome with Good) * Do not be overcome by evil, but overcome evil with good.Rom 12:21* (ရောမ ၁၂း၂၁ အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကိုနိုင်လော့။) ဆရာကြီး Joel Osteen က အထက်ပါကျမ်းချက်အားဖြင်. ခွန်အားပေးသွားပါတယ်။ “အကောင်းအားဖြင့် အဆိုးကိုနိုင်လော့”ကျမ်းစာလာသည်.အတိုင်း အောင်နိုင်သူဖြစ်ဖို. တဖက်သား၊ မိမိရန်သူ၏ ရိုင်းဆိုင်းသည်.အပြုအမှုအတိုင်း ခွန်းတုန်.မပြန်ဘဲ(kindness, grace and mercy)ကျေးဇူးတရားနှင်.သနားခြင်းဂရုဏာကို ပြသရမည်။ သင်.ကို မရိုမသေဆက်ဆံ လာသူအား ရိုသေလေးစားစွာ ဆက်ဆံဖို.ဆိုသည်.အရာသည် လုံးဝလွယ်ကူသည်.အရာ မဟုတ်ပါ။ သို.သော်-သင်သည် “သခင်ဘု၇ား၏ကျေးဇူးပြုခြင်းခံသောသူ” ဖြစ်သည်.အတွက် ဘုရား၏ကောင်းမြတ်ခြင်းအတိုင်း လျှောက်လှမ်းဖို. အခွင်.အာဏာအပ်နှင်းထားသူဖြစ်တယ်။ ဘုရားသခင်သည် မာနထောင်လွှားသူတို.အား ဆန်.ကျင်ပြီး စိတ်နှလုံးနှိမ်.ချသူတို.ကို ကျေးဇူးပြုကာ မ,စတော်မူသော ဘု၇ားဖြစ်တယ်။(God gives you His grace. He empowers you to walk in His goodness. “God opposes the proud but gives grace to the humble.”) သခင်ဘုရားနှင်.အတူ နှိမ်.ချသောနှလုံးသားဖြင်. လျှောက်လှမ်းပြီး၊အဆိုးကို အကောင်းဖြင်. အနိုင်ယူပါ။ မေတ္တာ-ဂရုဏာပြခြင်းဖြင်. ဘုရားသခင်၏ ကျေးဇူးတရားနှင်.တတ်စွမ်းနိုင်ခြင်း ခွန်အားများ သာ၍ရရှိကြပါစေ။

အောင်မြင်မှုနှစ်ခု

ဒါဝိဒ်ကလည်း အကျွန်ုပ်သည် ဖိလိတ္တိလူတို့ရှိရာသို့ သွားရပါမည် လောဟု.... ထာဝရဘုရားကို မေးလျှောက်လျှင်...။ (၂ ရာ ၅း၁၉) ဒါဝိဒ်မင်းသည် ရန်သူနှင့် ရင်ဆိုင်ရာ၌ အနိုင်ရခဲ့သည်။ ငယ်ရွယ်သော သိုးကျောင်းသား ဘဝက သူသည် ထိပ်တန်းဖိလိတ္တိစစ်သူရဲ ဂေါလျတ်နှင့် ရင်ဆိုင်ရာတွင် ကျောက်ခဲတစ်လုံး တည်းဖြင့် အောင်ပွဲခံခဲ့သည် (၁ရာ ၁၇)။ ယခုတွင် ဒါဝိဒ်က ဣသရေလဘုရင်ဖြစ်နေပြီး၊ ဖိလိတ္တိလူတို့ နောက်တစ်ကြိမ် လာပြန်သည်။ ဒါဝိဒ် ရှင်ဘုရင်ဖြစ်ကြောင်း သူတို့ကြားသောအခါ တိုက်ခိုက်ရန် ဆုံးဖြတ်ကြသည် (၂ ရာ ၅း၁၇)။ အကြပ်အတည်းနှင့် ရင်ဆိုင်ရသော် ကျွန်ုပ်တို့ ပထမဆုံး ဘာလုပ်သနည်း။ အထိတ်တလန့်ဖြစ်ပြီး စီစဉ် ပြင်ဆင်ကြမည်။ သို့မဟုတ်ပါက ဒါဝိဒ် ပထမဆုံးဆုတောင်းသကဲ့သို့ ကျွန်ုပ်တို့ ဆုတောင်းနိုင်ပါသည်။ “ဒါဝိဒ်သည် ထာဝရဘုရားကို မေးလျှောက်ခဲ့ပြီး” (း၁၉) ဘုရားသခင်က သူ့ကို လမ်းပြခဲ့သည်။ ဒါဝိဒ်သည် ဖိလိတ္တိလူတို့နှင့် တိုက်ပွဲနှစ်ပွဲ ဆင်နွှဲရမည်။ ပထမစစ်ပွဲမှာ ဗာလ ပေရဇိမ် အရပ်တွင်ဖြစ်ပြီး၊ နောက်တစ်ခုမှာ ရေဖိမ်ချိုင့်တွင်ဖြစ်သည်။ ဘုရားသခင်နှင့် တိုင်ပင်ဆွေးနွေးခြင်းက ကောင်းသောအမှုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤ စစ်ပွဲနှစ်ခုတွင် နည်းဗျူဟာနှစ်ရပ်က မတူညီပေ။ ပထမနည်းဗျူဟာမှာ ဘုရားသခင်က သူ့တန်ခိုးဖြင့်သာ တိုက်ပွဲကို အနိုင်ရစေပြီး၊ “ငါ့ရန်သူတို့ကို ငါ့ရှေ့မှာ ဖြိုဖျက်တော်မူပြီး” (း၂၀) ဟု ဒါဝိဒ် မှတ်တမ်းတင်ခဲ့သည်။ နောက်နည်းဗျူဟာတစ်ခုမှာ ဘုရားသခင်က ဒါဝိဒ် ဆောင်ရွက်ရမည့် အစီအစဉ်ကို ညွှန်ကြားခြင်းဖြစ်ပြီး ထိုအတိုင်း သူ လုပ်ဆောင်သောအခါ ဣသရေလလူတို့ အနိုင်ရခဲ့သည် (း၂၃-၂၅)။ နေ့စဉ် များစွာသောစိန်ခေါ်မှုများနှင့် ကျွန်ုပ်တို့ရင်ဆိုင်ရသည်။ ပြဿနာ အားလုံးကို ဖြေရှင်းရာတွင် ကျွန်ုပ်တို့ပထမဦးဆုံး လုပ်သင့်သည့်အရာမှာ ဘုရားသခင်နှင့် တိုင်ပင်ဆွေးနွေးရန်ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို လမ်းပြနေသည့်အတွက် ကိုယ်တော်ကို ယုံကြည်စိတ်ချနိုင်သည်။ ကိုယ်တော်၏အံ့သြဖွယ် ၀င်ရောက်ဖြေရှင်း ပေးခြင်းအားဖြင့်၊ လမ်းပြခြင်းအားဖြင့် အောင်ပွဲရရှိမည်။ ထိုအခါ ဘုရား၏ဘုန်းတော် ထင်ရှားမည်။ — Dave Branon

November 6, 2013

*LAIHLA* P & W ava tha ve..

Hellooo….ခရစ်တော်၌တော်စပ်ခွင်.ရသော ညီအစ်ကိုတို. ယနေ.သင်ခံစားနေရသော ကိုယ်၊စိတ်၊ဝိညာဉ် နာမကျန်းခြင်းနှင်. (whatever we need to be healed from today.. body, soul and spirit.)အနာရှိသမျှအားလုံးအတွက် ကိုယ်တော် ပေးဆပ်ခဲ.သည်. ကျေူးဇူးတရားသည် လုံလောက်လျှက်ရှိသည်ဟု သင်-လုံးဝဥသုန် ယုံကြည်နိုင်၇ဲ.လားး၊နောက်ဆုံးသောကာလဖြစ်သည်.အတွက် ဝိညာဉ်တော် လည်းအစွမ်းကုန် အလုပ်လုပ်နေသည်။ ဆေးပညာကကုသ၍ ပျောက်ရိုးထုံးစံမရှိဘူးသော ကင်ဆာ၊HIV အထိ ပျောက်ကင်း နေတာကိုလည်း ကျွန်တော်တို.မျက်ဝါးထင်ထင်မြင်နေကြားနေ၇သည်။ ဆ၇ာဝန်များကိုယ်တိုင် ဤအရာသည်ဘုရားမှလွဲပြီး မည်သူမျှမတတ်နိုင်ပါဟု ဝန်ခံနေပြီ။ကျွှန်တော်တို.ဘက်မှ ဘုရားဂတိတော်ကိုယုံပြီး-ထိုဂတိတော်ကို ဆွဲကိုင် သိမ်းပိုက်ဖို.သာလိုပါတယ်။ ဘုရားအတွက် သင်၏ခံစားနေသောအနာသည် ပါးပါးလေးပါ။ သို.သော် သင်.ဘက်မှ ဘုရား၏နုတ်ကပတ်တော်ကို %ပြည်. သံသယမရှိ၊ ယုံဖို.သာလိုတယ်။ အနာပျောက်မည်ဟု ယုံကြည်ခြင်းမဟုတ်ရပါ-နုတ်ကပတ်တော်ကပြောသည်. “ငါခံခဲ.သောဒဏ်ချက်အားဖြင်. သင်.အနာပျောက်၏” ဆိုသည်. ဂတိတော်အပေါ် ရပ်တည်ခြင်းဖြစ် ရမည်။ ချစ်သောညီအစ်ကိုတို. ယနေ.မြောက်များသော အနာငြိမ်းခြင်းဆိုင်၇ာ သွန်သင်ချက်တွေလည်း ကြားနေရတယ်။ မိမိ၏တထွာတမိုက်ဦးနှောက်လေးနဲ. ဘု၇ားသခင်၏ ကြီးမားခန်.ညားလှသည်. အကြံစည်တော်ကို အဘယ်သူက စစ်ကြောကန်.သတ်နိုင်မည်နည်း၊ ကျမ်းစာတွင် ရှင်းလင်းပြတ်သားသော အနာငြိမ်းခြင်းဂတိတော်များစွာရှိပါသည်။ (မာကု ၁၁း ၂၄) ထိုကြောင့် ငါဆိုသည်ကားသင်တို့သည် ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှ တို့ကိုရကြလိမ့်မည်။ (ဟေ၅၃း၎) ထိုသူသည် ငါတို့အနာရောဂါ ဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏၊၊ (သုတ္တံ၎း၂၂) အကြောင်းမူကား၊ ထိုတရားစကားကို တွေ့ရသော သူတို့သည် အသက်ရှင်ခြင်း၊ တကိုယ်လုံးကျန်းမာခြင်းအကြောင်းကို တွေ့ရပြီ။ (ဆာလံ ၁၀၃း၂) သင်၏ အပြစ် အလုံးစုံတို့ကို ဖြေလွှတ်၍ သင်၏အနာရောဂါရှိ သမျှတို့ကို လည်း ပျောက်စေ တော်မူ၏။ဖတ်ရှုသူတိုင်း ခရစ်တော်၏ အသွေးတော်အားဖြင်. ကိုယ်၊စိတ်၊ဝိညာဉ်ကျန်းမာ၍ သစ်လွင်လန်းဆန်း သောအသက်တာကို ပိုင်ဆိုင်နိုင်ကြပါစေ။

November 5, 2013

(၂သက်စာ(သို.)နှစ်ဘဝစာ)

ယခုအသက်ရှင်ခြင်းသည် လက်ရှိမသေခင် တသက်စာသာမက နောင်ဘဝအတွက်ပါ အကျိုးအမြတ်အား မိမိစိုက်သည်.အတိုင်း ရိတ်သိမ်းခံစားမှာဖြစ်သည်.အတွက်“၂”သက်၊ “နှစ်ဘဝ”စာအတွက် အသက်ရှင်နေခြင်းဖြစ်သည်။၊ သေခြင်းနှင်.ရှင်ခြင်း၊ ဇာတိနှင်.ဝိညာဉ်အတွက်၊ယေရှုခရစ်အတွက်နှင်. စာတန်၊ ဘုရား၏နိုင်ငံတော် နှင်. မာရဏာနိုင်ငံ၊ယေရှုဆလင်မြို.သစ်နှင်. ပြိုပျက်ခဲ.သော ဘေဘီလုံ၊ ဧဒင်ဥယျဉ်ရှိအပင်နှစ်မျိုး...စသဖြင်…။ ယနေခွန်အားပေးချင်သည်. နုတ်ကပတ်တော်သည် အပြစ်၏အခအတွက် ကျွန်တော်တို.ပေးဆပ်ရမည်. သေခြင်းဟူသောပရိညဉ်စာချုပ်သည် ခရစ်တော်၏ကားတိုင်၌ ပေးဆပ်ပြီးစီးခဲ.သည်. အမှုအားဖြင်. ကျေအေးပြီဖြစ် ကြောင်း။ကျွန်တော်တို.သည် သေခြင်းတည်းဟူသောအမှောင်ကမ္ဘာမှ ကောင်းကင် နိုင်ငံတော်သားအဖြစ် ပြုပြင်ပြောင်းလဲခြင်းခံပြီဖြစ်ကြောင်း (We have been translated from the kingdom of darkness and now live in the Kingdom of the Son. )ခရစ်တော်ပေးသော ကယ်တင်ခြင်းသည် “နှစ်”ဘဝစာအတွက် လုံလောက်တဲ.ကျေးဇူးတရား ဖြစ်ကြောင်းကို အသက်အဖြစ်နှလုံးသားထဲ၌ ရှင်သန်ခွင်.ပြုပြီး လက်ခံသူသည် ( “နူနာစွဲသူကို သင်.အနာပျောက်ခြင်းအမှုအား မည်သူမျှမပြော” ရန်တားမြစ်ခဲ.သော်လည်း မပြောပဲ၊ သက်သေမခံဘဲ မနေနိုင်သကဲ.သို.၊)ထာဝရဘု၇ားအတွက် အရာ၇ာကို ပေးဆပ်ချင်သော ဆန္ဒတွေ အတွင်းဆုံး၌သန္ဒေတည်ကာ အပြင်သို.ရှင်သန်ရင်.ကျက်လာပြီး ဘုရားကျောင်းသွား၊ ကျမ်းစာဖတ်၊ ဆုတောင်းဖို. တိုက်တွန်းစရာမလို၊ အရာရာတိုင်း ကိုယ်တော်အတွက် ဖြစ်လာတယ်။သို.သော် ခရစ်ယာန်များစွာသည် ပညာတ်တရားအောက်မှ မရုန်းထွက်နိုင်သေးဘဲ မိမိအတွေးအခေါ်ဖြင်. အဓိပ္ပါယ်ဖွင်.နိုင်သလောက်သာ(သို.)မိမိလက်ခံနိုင်သလောက်သာ ထာဝရဘုရားကို မြင်နိုင် သေးသည်.အတွက် ကိုယ်.ဘက်မှ တတ်နိုင်သရွှေ.တော. လုပ်ဆောင်ရန် ကြိုးစားနေတုန်းပါဘဲ။ မိတ်ဆွေ…Computer ကို သင်ကအင်တာနက်ကြည်.၊ အီမေလ်းပို.ရုံလောက်ဘဲ နားလည်ပါက ထို နှစ်မျိုးထက်ပိုပြီး သင်.အတွက် အကျိုးမပြုနိုင်ပါ။ ထိုနည်းတူစွာဘဲ ဘုရားသခင်သည် အပါယ် ငရဲမလားရုံသမယ်သာ ယုံကြည်လက်ခံရင် ထိုထက်ဘာမှ မတတ်နိုင်သည်.ဘုရားဘဲဖြစ်မယ်။ သည်.ထက်မက အလိုလို Automatic နဲ.သင်.ကို အကျိုးပြုလာမည်မဟုတ်ပါ။ သင်.ယုံကြည်ခြင်းက သင်.အနာကိုငြိမ်းစေတာဖြစ်တယ်။ ကောင်းကင်နှင်.မြေကြီးကိုဖန်၇ှင်းပြီး၊ အမိန်.ပေးထိန်းချုပ်တော်မူသော ဘု၇ား အကျွနုပ်၏အရာခပ်သိမ်းဖြစ်တယ်..လို. သင်ယုံနိုင်၇င် သင်ယုံကြည်သည်.အတိုင်း သင်.အတွက် ဒီဘဝ၊နောင်ဘဝတခုမကျန် လုံးဝတာဝန်ယူသော ဘု၇ားဖြစ်ကြောင်း မေတ္တာေ၇ှ.ထားလျှက်ဝေမျှလိုက်ပါတယ်။

November 4, 2013

ချိန်းချက်သောအချိန် Appointment- ပေးပြီးပြီလား?

(ကမ္ဘာ ၆-၇) မြေကြီးပေါ်မှာ လူကိုဖန်ဆင်း တော်မူသည်ကို နောင်တရ၍၊ နှလုံးတော် ပူပန်လျက်ရှိတော်မူ၏။ထာဝရဘုရားကလည်း၊ ငါဖန်ဆင်းသော လူကို၎င်း၊ လူမှစ၍သားများ၊ တွားတတ်သော တိရစ္ဆာန်များ၊ မိုဃ်းကောင်းကင် ငှက်များတို့ကို၎င်း မြေကြီးမျက်နှာမှ ငါသုတ်သင်ပယ်ရှင်းမည်။ သူတို့ကို ဖန်ဆင်းသောကြောင့် ငါနောင်တရသည်ဟု မိန့်တော်မူ၏။ (ယောရှု-၃း၅) သင်တို့သည်ကိုယ်ကိုကိုယ်သန့်ရှင်းစေကြလော့။ အထက်ပါကျမ်းပုဒ်ကိုကြည်.မည်ဆိုပါက ဘုရားသခင်သည် အစအဦးကတည်းက သန်.ရှင်းခြင်းကို အလွန်နှစ်သက်တော်မူသော ဘုရားဖြစ်သည်။ သင်နှင်.ကျွန်တော်ကိုဖန်ရှင်းခြင်းဖြင်. ဘုရားဂုဏ်ယူမည်.အစား ဘုန်းတော်သာ၍ ငြိုးငယ်စေလေ ရော.သလား၊ “ငါ.လူ ယောဘကို တွေ.သလော” ဟုပြောနိုင်ပါရဲ.လား။ (ဘုရားသခင်က ငါသန်.ရှင်းသည်.နည်းတူ သင်တို.လည်း သန်.၇ှင်းခြင်း၇ှိကြလော.) ဟုပြောရာတွင် “လော.! ဆိုသည်.စကားသည် တောင်းဆိုချက်၊ အကြံပေးချက်မဟုတ်ပါ။ လုပ်ကိုလုပ်ရမည်. အမိန်.ဖြစ်တယ်။ ရွေးခိုင်းတာလည်းမဟုတ်ပါ။ သန်.ရှင်းခြင်းဟုပြောသည်.အခါ မူးယစ်သောက်စားခြင်း၊ မေထုံမှီဝဲခြင်း၊ သူ.ဥစ္စာခိုးခြင်းတခုတည်းသာမဟုတ်ရပါ။ အတွင်းသဘောသြသပ္ပစိတ် မကြည်လင်ဘဲချုပ်နှောင်ခြင်း၊ သူတပါးအား အကောင်းမမြင်၊ခွင်.မလွှတ်နိုင်ခြင်း နှင်. မာနထောင်လွှားခြင်းအားလုံးသည် ဘုရားစက်ဆုတ်၇ွံရှာသော အတွင်းသဘော မသန်.ရှင်းခြင်း အပြစ်ပေတည်း။ ဘုရားတဲတော်ဖြစ်သည်. ကျွန်တော်တို.၏ အတွင်းစိတ်နှလုံးကို သန်.၇ှင်းသောဝိညာဉ် တော်နေရာယူ ရှင်သန်နိုင်၇န်အတွက် မရှိမဖြစ်၊ပထမပြင်ဆင်မှုက နုတ်ကပတ်တော်ရေဖြင်. သန်.ရှင်းရေးလုပ်ဖို. လိုပါမည်။ မည်သည်.ဧည်.သည် လာသည်ဖြစ်စေ ကြိုတင်appoint; လုပ်ပြီး ရေချိုးခန်း၊အိမ်သာမှအစ၊အိပ်ခန်း အားလုံးသန်.၇ှင်းရေးလုပ်သကဲ.သို. ပိုပြီးအရေးကြီးသော ပုဂိုလ်ဆိုပါက အခန်းအားလုံး ပန်းအလှဆင်ပြီး၊မွှေးနေအောင် Freshး ဖျန်းရသေး တယ်မဟုတ်လား။ လာလည်မည်. ဧည်.သည်ကိုကြည်.ပြီး ၂-၃ရက်ကြိုတင် သန်.၇ှင်းရေးလုပ်ရပါတယ်။ ယခု-သင်.အိမ်ကိုလာမည်.ပုဂိုလ်ကား သင်နှုူင်.မည်သို. တော်စပ်သနည်းး? ဆိုသည်.အချက်ပေါ် မူတည်ပါတယ်။ သာမန်ဧည်.သည်လား၊ ကောင်းကင်နှင်. မြေကြီးကိုဖန်၇ှင်းပြီး ကျွန်တော်/ကျွန်မရဲ.ဘဝ နောက်ချေးပုံမှရွေးနုတ်ကာ ကိုယ်.လက်နှင်.မစိုက်၊ ကိုယ်မကြဲသည်. အသီးနှံကိုရိတ်သိမ်းခွင်.ပေးသောဘုရား၊ မိမိလိုအပ်သောအရာသာမက လိုချင်သောအရာဟူသမျှ ဝလင်ပိုလျှံစွာ စားသောက် ရသောအခွင်.ကို ပေးတော်မူသော ဘုရားသကာတို.၏ဘုရားသခင်က သင်.အိမ်ကိုလာရောက်ပြီး သင်နှင်.အတူ ထာဝရကျိန်းဝပ်ဖို. သင်.ကို Appointး ယူနေပါသည်။ သို.သော် ကျွန်တော်တို.သည် ခရစ်တော်ထက် ထိုအရာများကိုပို၍ဦးစားပေးနေလို.သာ သူနဲ.လွဲပြီးရင်း လွဲနေတာဖြစ်ပါလိမ်.မယ်။ မိတ်ဆွေ….တခုတော သတိထားစေချင်တယ်..သူ၏အသွေးဖြင်.ရွေးဝယ်ထားသောကြောင်. သင်ကိုယ်တိုင် အချိန်မှီ သန်.ရှင်းရေးလုပ်ရင်လုပ်၊မလုပ်ချင်ဘဲ ပေကပ်ကပ်နေဖန်များ၇င် ယေရှူဆလင် ဗိမာန်တော်ကြီးကို မှောက်လှန်ပြီး ခရစ်တော်ကိုယ်တိုင် သန်.ရှင်းရေးလုပ်သကဲ.သို. သူ၏ဗိမာန်တည်းဟူသော (your body is a temple) သင်.ခန္ခာကိုယ်အား ကိုယ်တော်ကိုယ်တိုင် နာကျင်စွာမှောက်လှန်ပြီး သန်.ရှင်း ရေးလုပ်ခြင်းခံရ လိမ်.မယ်။ အချိန်မှီ သန်.ရှင်းခြင်းပါရမီကို ယူတင်ဝတ် ဆင်ကြပါစို. လို.မေတ္တာဖြင်.ဝေမျှလိုက်ပါသည်။

နံရံကိုကျော်၍

သင်၏ ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဖို့ပေးလော့။ သု ၂၅း၂၁ အမေရိကန်ပြည်တွင်းစစ် ဖြစ်စဉ်က (၁၈၆၁-၁၈၆၅) တပ်ကြပ်ကြီး ရစ်ချက် ကာ့လဲန် သည် တောင်ပိုင်းခွဲထွက်ရေး မဟာမိတ် တပ်ပေါင်းစုမှ စစ်သားတစ်ဦးဖြစ်သည်။ ဖရက်ဒါရစ်ဘတ်တိုက်ပွဲတွင် ယူနီယံတပ်မှ မေရီ ဟိုင်းစ် တောင်ကုန်းကို မကာကွယ်နိုင်တော့ဘဲ ဒဏ်ရာရစစ်သားများစွာကို ချန်ရစ်ဆုတ်ခွာသွား သည်။ ကာ့လဲန်က ၎င်းတို့ကို ကူညီရန် အထက်သို့ တင်ပြခွင့်တောင်းခဲ့သည်။ ရေဘူးများ စုပြီး ကျောက်နံရံကို ကျော်တက်ကာ ပထမဆုံး စစ်သားတစ်ဦးကို ကူညီနိုင်ခဲ့သည်။ သူ့အတွက် အန္တရာယ်များလွန်းသော်လည်း “မေရီဟိုင်းစ် ကောင်းကင်တမန်” က ရန်သူတပ်သားများအား ခရစ်တော်၏ကရုဏာကို မျှဝေခဲ့သည်။ ကျွန်တော်တို့အနေဖြင့် စစ်တလင်းမြေ၌ ရန်သူများနှင့် မတိုက်ရငြားလည်း မိမိ၏ဝန်းကျင်ပတ်လည်၌ နာကျင်ဝေဒနာခံစားနေရသူများကို တွေ့ရသည်။ အထီးကျန် လျက် ဘဝကို တစ်ကိုယ်တည်း ရုန်းကန်နေရသူများ၊ ဆုံးရှုံးမှုခံစားရသူများ၊ ကျန်းမာရေး ပြဿနာကြုံရသူများ၊ ဒုစရိုက်နွံနစ်နေသူများ- ၎င်းတို့၏ အော်ညည်းသံများ၊ သနားခြင်းနှင့် နှစ်သိမ့်မှု၊ မျှော်လင့်ခြင်းနှင့် မစမှုကိုတောင်းခံသံများကို မိမိဖာသာ အာရုံများပြီး မကြားမိပါ။ ခရစ်တော်ကဲ့သို့ ကရုဏာပြသည့် ကာ့လဲန်၏ စံနမူနာက “ရန်သူကို ချစ်လော့” (မ ၅း၄၄) ဟူသည့် သခင်ယေရှုအမိန့်တော်ကို လက်တွေ့နာခံခြင်းဖြစ်သည်။ (ရောမ ၁၂း၂၀) တွင် “သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဖို့ ပေးလော့” ဟု ရှင်ပေါလုက (သု ၂၅း၂၁) ကို ကိုးကားရာ၊ ၎င်းသည် ယေရှု၏အမိန့်ကို အလေးအနက်ပြုခြင်းပါ။ “အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကို နိုင်လော့” (း၂၁) ဟုရှင်ပေါလုက သွန်သင်ခဲ့ပါသည်။ ရှင်ပေါလု၏သွန်သင်ချက်က တပ်ကြပ်ကြီး ကာ့လဲန်ကို အတုယူပြီး သူ့ထက် သာအောင် အစေခံရန် ကျွန်ုပ်တို့ကို စိန်ခေါ်နေ၏။ ယနေ့သည် လုံခြုံကောင်းမွန်စွာရှိနေ သည့် နံရံကိုကျော်ပြီး လိုအပ်သူများအတွက် ဘုရားသခင်ထံမှလာသော ကရုဏာတော်ကို ပေးကမ်းရန် နေ့ပင်ဖြစ်တော့သည်။