ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

November 14, 2014

ကယ်တင်ခြင်းသတင်းကောင်း(၈)

“ကယ်တင်ခြင်းရရှိရန် စီမံပေးခြင်း”
မိတ်ဆွေသည် မွတ်သိပ်မှုကို ခံစားသလား?
ခန္ဓာကိုယ်ပိုင်းဆိုင်ရာမွတ်သိပ်ခြင်း မဟုတ်ပဲ
 မိတ်ဆွေတစ်သက်တာ၌ တစ်စုံတစ်ခုကို
 မွတ်သိပ်နေပါသလား? မိတ်ဆွေအသက်တာထဲ၌
အားရကျေနပ်မှုမရှိနိုင်သောတစ်စုံတစ်ခုခံစားဘူးပါသလား?
ထိုသို့ဖြစ်လျှင် သခင်ယေရှုသည် လမ်း ခရီးဖြစ်သည်။
သခင်ယေရှုက “ငါသည် အသက်မုန့်ဖြစ်၏။
ငါ့ထံသို့လာသောသူသည် နောက်တစ်ဖန်
အဆာအမွတ်မခံရ။ ငါ့ကို ယုံကြည်သောသူသည်
 နောက်တစ်ဖန်ရေငတ်မခံရ”(ယောဟန်၊ ၆:၃၅)။
 စိတ်ရှုပ်နေပါသလား? အောင်မြင်ခြင်းလမ်းကြောင်း
(သို့) အဓိပ္ပါယ်ရှိသောဘ၀တစ်သက်တာမျိုး
 မတွေ့ဘူးသောဘ၀မျိုးခံစားခဲ့ဘူးပါသလား?
ထို့သို့ဖြစ်လျှင် သခင်ယေရှုသည်လမ်းခရီးဖြစ်သည်။
သခင်ယေရှုက “ငါသည် ဤလောက၏အလင်းဖြစ်၏။
ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ၊
အသက်၏အလင်းကို ရလိမ့်မည်ဟု
မိန့်တော်မူ၏ (ယောဟန်၊ ၈:၁၂)။
မိတ်ဆွေသည် ဘ၀အမှောင်ထုထဲ၌
ကျင်လည်ခြင်းဘ၀မျိုးကို ခံစားဘူးပါသလား?
ထွက်ပေါက်ရှာသည့်အချိန်တွင်ထွက်ပေါက်ကိုမတွေ့နိုင်ဘဲ
 ကြိုးပမ်းအားထုတ်မှု၏နောက်ကွယ်တွင်အနတ္တ၊
အဓိပ္ပါယ်မရှိသော ဘ၀မျိုးကိုခံစားပါသလား?
 ပြည့်စုံသောဘ၀ရရှိရန် မိတ်ဆွေသည်
 ကြိုးပမ်း အားထုတ်ပါသလား?
ထိုသို့ဖြစ်လျှင်သခင်ယေရှုသည်လမ်းခရီးဖြစ်သည်။
သခင်ယေရှုက “ငါသည် တံခါးဝဖြစ်၏၊
ငါဖြင့်ဝင်သောသူသည် ဘေးနှင့် ကင်းလွှတ်လျက်
ထွက်ဝင်၍ကျက်စားရာကိုတွေ့ရလိမ့်မည်”(ယော၁၀:၉) ။
 တခြားသူတို့က မိတ်ဆွေကိုနိမ့်ကျအောင်
အမြဲတမ်းပြုနေပါသလား? မိတ်ဆွေ၏လူမှုရေးသည်
ကျဆင်း၍ ဟောင်းလောင်းဖြစ်နေပါသလား?လူတဦးက
မိတ်ဆွေ ထံမှ အခွင့်အရေးအမြဲတမ်းရယူပါသလား?
ထိုသို့ဖြစ်လျှင် သခင်ယေရှုသည် လမ်းခရီးဖြစ်သည်။
 ယေရှုက “ငါသည်ကောင်းသော သိုးထိန်းဖြစ်၏။
 ကောင်းသောသိုးထိန်းသည် သိုးတို့အဖို့အလိုငှာ
 မိမိအသက်ကိုစွန့်တတ်၏ငါသည်
 ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည်
 ငါ့ကိုသိတော်မူ၍ ငါသည်လည်း ခမည်းတော်ကို
သိသကဲ့သို့ ငါ၏သိုးတို့ကိုပါသိ၏။ ငါ့သိုးတို့သည်လည်း
 ငါ့ကိုသိကြ၏၊ (ယောဟန်၊ ၁၀:၁၁၊၁၄) ။
 နောင်တစ်မလွန်ဘ၀တွင် မည်သို့ဖြစ်မည်ကို
 မိတ်ဆွေသိသလား? ဆွေးမြေ့ပျက်စီးယိုယွင်း
တတ်သောအရာများကို ရှာဖွေ၍အသက်ရှင်ရန်
မိတ်ဆွေကြိုးပမ်းအားထုတ်နေပါသလား?
ဘ၀သည် အဓိပ္ပါယ်မရှိဘူးဟု
မိတ်ဆွေတွေးတောနေပါသလား?
 နောင်တမလွန်ဘ၀တွင်အသက်ရှင်လိုပါသလား?
ထိုသို့ဖြစ်လျှင် သခင်ယေရှုသည် လမ်းခရီးဖြစ်သည်။
သခင်ယေရှုက “ငါသည် ပြန်ရှင်ခြင်းအကြောင်း၊
အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ငါ့ကိုယုံကြည်၍
အသက်ရှင်သောသူရှိသမျှတို့သည် သေခြင်းနှင့်အစဉ်မပြတ်
ကင်းလွတ်ကြလိမ့် မည်။”(ယော၊၁၁:၂၅-၂၆)
လမ်းခရီးသည်အဘယ်နည်း?
သမ္မာတ၇ားသည် အဘယ်နည်း?
ထာဝရအသက်သည်အဘယ်နည်း?
သခင်ယေရှုက “ ငါသည် လမ်းခရီးဖြစ်၏၊
သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏”
ငါ့ကိုအမှီမပြုလျှင် အဘယ်သူမှ
ခမည်းတော်ထံသို့မရောက်ရ” (ယောဟန်၊ ၁၄:၆)။
မိတ်ဆွေ၏ မွတ်သိပ်မှုသည် ၀ိညာဉ်ရေးရာ
မွတ်သိပ်ခြင်းဖြစ်သည်။ထိုသို့သော မွတ်သိပ်ခြင်းမျိုးကို
သခင်ယေရှုကသာ ဖြည့်ဆည်းနိုင်သည်။
အမှောင်ထုကြီးကိုဖယ်ရှားပေးနိုင်သောသူသည်
သခင်ယေရှုပဲဖြစ်ပါသည်။ ပြည့်စုံကြွယ်ဝသော
အသက်တာသို့ ၀င်ရောက်နိုင်သောဂိတ်ဝသည်သခင်
 ယေရှုပဲဖြစ်ပါသည်။ သခင်ယေရှုသည် မိတ်ဆွေ
ရှာဖွေနေသော သူငယ်ချင်း၊ မိတ်ဆွေ နှင့်
သိုးထိန်း ဖြစ်သည်။ ဤဘ၀၌ဖြစ်စေ၊ နောင်ဘ၀၌ဖြစ်သည်
သခင်ယေရှုသာလျှင် ထာဝရအသက်ဖြစ်သည်။
သခင်ယေရှုသည်ကယ်တင်ခြင်းရရှိရန်လမ်းခရီးဖြစ်သည်။
မိတ်ဆွေသည် ဆာလောင်မွတ်သိမ့်မှုကို ခံစားခြင်း၊
အမှောင်ထုထဲ၌လမ်းပျောက်ခြင်း၊ဘ၀အဓိပ္ပါယ်
ရှာဖွေတွေ့ရှိခြင်း မရှိနိုင်ခြင်းအကြောင်းသည် မိတ်ဆွေသည် ဘုရားသခင်နှင့် ဝေးကွာသောကြောင့်ဖြစ်သည်။
လူသားအားလုံးတို့သည် အပြစ်သားများဖြစ်၍
ဘုရားသခင်နှင့်ဝေးကွာခဲ့သည်ဟုသမ္မာကျမ်းစာက
 ပြောခဲ့သည်(မဿဲ၊ ၇:၂၀၊ ရောမ၊ ၃:၂၃)။
မိတ်ဆွေ၏နှလုံးသားထဲ၌ဟာတာတာ
 ဖြစ်ခြင်းသည် မိတ်ဆွေ၏အသက်တာထဲ၌
ဘုရားသခင်မရှိသောကြောင့်ဖြစ်သည်။
ကျွန်ူပ်တို့အားလုံးတို့သည် ဘုရားသခင်နှင့်
 မိတ်သဟာဖွဲ့ရန် ဖန်ဆင်းထားခြင်းဖြစ်သည်။
အပြစ်တရားကြောင့် ကျွန်ူပ်တို့သည်
ဘုရားသခင်နှင့်ဝေးကွာခဲ့ကြသည်။
ဒုက္ခကိုယ်အပြစ်နှင့် ဗီဇအပြစ်တို့က
ယခုဘ၀နှင့်နောင် တလွန်ဘ၀တွင်ဘုရားသခင်နှင့်
ထာဝရခွဲခွာစေခဲ့ပါသည်။(ရောမ၊ ၆း၂၃၊ ရော၊ ၃း၃၆)။
 ပြဿနာကို ကျွန်ူ်ပ်တို့သည် မည်သို့ဖြေရှင်းရမည်နည်း?
သခင်ယေရှုသည် လမ်းခရီးဖြစ်သည်
သခင်ယေရှုကမိမိကိုယ်တိုင်ကျွန်ုပ်တို့၏အပြစ်ကို
ယုဆောင်သွားခဲ့သည်(၂ကော၊ ၅:၂၁)။
သခင်ယေရှုသည်ကျွန်ူပ်ကိုယ်စား
အသေခံခဲ့သည် (ရောမ၊ ၅း၈)။
ကျွန်ုပ်တို့နှင့်ထိုက်တန်သော အပြစ်ဟူသမျှ
သူယူဆောင်သွားခဲ့သည်။သုံးရက်မြောက်သောနေ့တွင်
သူသည်သေခြင်းမှထမြောက် ၍အပြစ်တရားနှင့်
 သေခြင်းတရားတို့အပေါ်တွင်
 အောင်မြင်ခဲ့ကြောင်းကိုသက်သေထူသည်(ရောမ၊ ၆း၎၊၅)။
 အဘယ်ကြောင့်သခင်ယေရှု ဤသို့ပြုသနည်း။
သခင်ယေရှုကဤသို့ ဖြေကြားခဲ့သည်။
“ကိုယ်အဆွေတို့ အဖို့အလို့ငှာ ကိုယ်အသက်ကို
 စွန့်ခြင်းမေတ္တာထက်သာ၍ မြတ်သောမေတ္တာသည်
အဘယ်သူ၌မျှမရှိ” (ယောဟန်၊ ၁၅း၁၃) ။
သခင်ယေရှုသည် အသေခံသောကြောင့်
ကျွန်ူပ်တို့အသက် ရှင်နိုင်ခြင်းဖြစ်သည်။
ကျွန်ူပ်တို့သည်သခင်ယေရှုကို ယုံကြည်၍
ကျွန်ူပ်တို့ကိုယ်စား အသေခံခဲ့သည်ဟု
ယုံကြည်လျှင် အပြစ်လွှတ်ခြင်းအခွင့်ရ၍
အပြစ်ဟူသမျှဆေးကြောပါလိမ့်မည်။
ထို့နောက်ကျွန်ူပ်တို့သည်ဝိညာဉ်ရေးရာ
မွတ်သိပ်ခြင်းမှ လွှတ်မြောက်ပါလိမ့်မည်။
အလင်းလင်းသွားပါလိမ့်မည်။
 ကြွယ်ဝသောအသက်တာရယူပါလိမ့်မည်။
ကျွန်ူပ်တို့၏ အကောင်းဆုံးမိတ်ဆွေနှင့်
သိုးထိန်းကို ကျွန်ူပ်တို့သိရှိပါလိမ့်မည်။
 နောင်တမလွန်ဘ၀တွင် အသက်ရှင်လိမ့်မည်ဟု
 ကျွန်ူပ်တို့သိရှိပါလိမ့်မည်။သခင်ယေရှု နှင့်အတူ
အသက်ရှင်၍ ကောင်းကင်ပေါ်တွင်
ထာဝရကာလစိုးစံပါလိမ့်မည်။
ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူ
အပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်။
ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည်
မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်
တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏။(ယောဟန်၊ ၃း၁၆)။

November 13, 2014

ကယ်တင်ခြင်းသတင်းကောင်း(၇)

သင်ခန်းစာ(6)တွင် ကျွန်တော်တို.အားလုံး
ဘုရားသခင်၏ရန်သူ ဖြစ်ကြ သည်ကိုဖေါ်ပြခဲ.ပြီ။
ထိုသို.ဆိုသော် ကိုယ်.ကိုယ်ကို
ဘုရားရန်သူဖြစ် ကြောင်းမည်သို. သိမည်နည်း…?
ကျွန်တော်တို.သည် မိမိနှင်. Key တည်.သော၊
 စရိုက်ချင်းကိုက်ညီသော သူနှင်.စကားပြောခြင်း၊
သူ.အိမ် ကိုယ်.အိမ်သို. အလည်ပတ်သွားခြင်း
သူနှင်.အပျော်ခရီးသွားခြင်းတို.ကို
နှစ်ခါမစဉ်းပဲ လက်ခံတတ်သည်။
ထိုသူနှင်.စကားပြောရသည်. အချိန်ကိုလည်း
ကုန်လို.ကုန်မှန်းမသိ ဖြစ်တတ်ပါသည်။
သို.သော် ကောင်းကင်နိုင်ငံသို. သွားမည်ဆိုပါက
ချက်ချင်းမလိုက်ချင် သေးပါ။ဖင်.နွဲ.ပြီး
ဟိုဟာမထားခဲ.ချင် ဒီဟာမထားခဲ.ချင်
 နောက်ဆုံး မိမိ ခန္ဒာကိုယ်ပင်လျှင် ဤလောက၌
 ကြာကြာနေနိုင်ရေးအတွက် ဆေးဝါး သောက်၊
အသက်ရှည်နေနိုင်ရေး အားကစားမျိုးစုံ
 လုပ်ပေးလေ.ရှိတတ် သည်ကို ကြည်.ခြင်းဖြင်.
 လောကမှ ချက်ချင်းမထွက်ချင်ကြသေးဘူး
ဆိုတာ သေချာနေတယ်။အသုဘအခမ်းနားတွင်
 သေသွားသူကို လောကမှ
ထွက်မသွားစေချင်ဇောနဲ.ငိုတတ်ကြပါတယ်။
 ယော၈း၄၄ သင်တို့သည်
သင်တို့၏အဘ တည်းဟူသောမာရ်နတ်မှဆင်းသက်ကြ၏။
သင်တို့အဘ၏အလိုသို့လည်းလိုက်တတ်ကြ၏။
မာရ်နတ်သည် ရှေ့ဦးစွာမှစ၍
လူအသက်ကိုသတ်သောသူဖြစ်၏။
သူ၌ သစ္စာတရားမရှိသောကြောင့်
တစ္စာတရား၌မတည်မနေ။
သူသည် မုသာစကားကို ပြောသောအခါ
မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌
ကျင်လည်သောသူဖြစ်၏။မုသာ၏အဘလည်းဖြစ်၏။
ဟုကျမ်းစာက ပြောသောကြောင်. မာနတ်၏
သားများဖြစ်ကြသည်။Satan= (ဘုရားသခင်၏ရန်သူ)။
အမှန်တရားသိလျှက်နဲ. ဘယ်သူ.မိဘကမှ
လိမ်လည်နည်း မသင်ပေးဘူး သော်လည်း
ငယ်စဉ်ကတည်းက အလိုလိုလိမ်တတ်ကြပါသည်။
၁ယော ၃း၈ ကိုယ်တော်၌ တည်နေသော
သူမည်သည်ကား၊ ဒုစရိုက်ကိုမပြုတတ်။
ဒုစရိုက်ကိုပြုတတ်သော သူမည်သည်ကား၊
ကိုယ်တော်ကိုမသိမမြင်ရသေး။ဘုရားသခင်နှင်.
မိသဟာယပြုခြင်း ကျမ်းစာဖတ်၊ဆုတောင်း၌
မမွေ.လျှော် နိုင်ခြင်း၊ ဘုရားဝတ်၌
ဆာလောင်မွတ်သိတ်မှု မရှိခြင်းသည်လည်း
 ဘုရား၏ ရန်သူဖြစ်နေသေးသောကြောင်.ဖြစ်သည်။
ထို.ကြောင်.ဘုရားရန်သူမှအလင်းဝင်၊လက်နက်ချမှသာ
 ဘုရားသခင်နှင်. စစ်ပြေငြိမ်း ခြင်းရကာ
သင်.အတွက်ဘုရားပြင်ဆင်ပေးသော
ကယ်တင်ခြင်းဆုကျေးဇူး နှင်.များစွာသောဆုလာဒ်၊
အမွေများ ပိုင်ဆိုင်ကြမည်သာဖြစ်သည်။

November 12, 2014

ကယ်တင်ခြင်းသတင်းကောင်း (၆).

ထာဝရဘု၇ားသခင်၏ နုတ်ကပတ်တော်ကို
မထီမဲ.မြင်ပြုခြင်းဖီဆန်ခြင်းနုတ်တော်ထွက်များကို
 မကြောက်ခြင်း၊စွန်.ပစ်ခြင်း၊ သူ.ထံတော်မှ
ထွက်သွားခြင်းဆန်.ကျင်ခြင်းအားလုံးသည်
ထာဝရဘုရား သခင်၏ ရန်သူများသာလျှင်ဖြစ်ကြောင်း
များစွာသောကျမ်းချက်အရသိရ ပါသည်။
လူသားတိုင်းသည် ကြိုးစားစရာမလိုပဲ
အလိုလိုနေရင်း အိပ်သည်ဖြစ်စေ၊ နိုးသည်ဖြစ်စေ
လုပ်လေ.လုပ်ထရှိသောအရာ၂ခုသည်
အသက်ရှူခြင်းနှင်. တွေးတော ခြင်းဖြစ်သည်။
အိမ်မက်ထဲထိပင်လျှင် နေ.ခင်း၌လုပ်ဆောင်ချက်များကို
 ပြန်လည်တွေးပြီးယောင်တတ်သည်။
 ကောင်းသော အရာထက် မကောင်းသောများကို
ပိုမိုတွေးတောဆင်ခြင်လေ. ရှိတတ်ပါသည်။
အဓိကအကြောင်းရင်းသည် ဘုရားပြောသောစကား၊
နုတ်တော်ထွက်ကို အာမင်း(YES)ဟု လက်မခံနိုင်ပဲ
မိမိ အသိဥာဏ် ဦးနှောက်သေးသေးလေးကို
အားကိုးပြီး ဖြစ်နိုင်မဖြစ်နိုင်၊သဘာဝကျ၏၊မကျ၏၊
မလက်ခံနိုင်ဟု တွေးတတ်ပါသည်။
Rm 5:10,2cor5:18-20 တွင် ဘုရား၏
ရန်သူဖြစ်ကြောင်းဖေါ်ပြခြင်း ကိုတွေ.ရသည်။
ထိုကဲ.သို.သော ဘုရား၏ရန်သူဖြစ်ခြင်းဆင်ခြင်မှုကို
အပေါ်ယံကြိုးစားခြင်း ဖြင်.မဖြေရှင်းနိုင်ပါ။
 မြက်ပင်ကိုအပေါ်ယံသာခုတ်၍မရသကဲ.သို.
အမြစ်ပါမကျန်ခုတ်ထွင်ရန် အလွန်အရေးကြီးပါသည်။
ဥပမာပေးရန်အတွက် “သူပုန်” ဆိုသည်.စကားသည်
အသင်.တော်ဆုံး ဖြစ်သည်။ (ထို သူပုန်ဆိုသည်.စကားကို
သူတို.နိုင်ငံမှာ မရှိလို. လူဖြူ တော်တော်များက
သိပ်ပြီးနားမလည်ကြပါ)။အစိုးရ၏အမိန်.အာဏာဖီဆန်ပြီး
 အစိုးရအုပ်စိုးခြင်းပရဝဏ်မှ ထွက်သွားသူများကို
 သောင်းကျန်းသူ(သူပုန်)ဟုတိုင်းနိုင်ငံအသီးသီးက
 ခေါ်ဝေါ်သမုတ်ပါသည်။ မြန်မာပြည်တွင်လည်း
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ.အားလုံးသည်
 တိုင်းပြည်ကိုအုပ်စိုးသူအစိုးရ၏အုပ်ချုပ်မှု(King dominion )ကို
ဆန်.ကျင် ဖီဆန်ကြသောကြောင်.အစိုးရက
သောင်းကျန်းသူ(သူပုန်) အဖြစ်သတ်မှတ်ပါသည်။
သူတို.ကိုသူတို. ပြည်ချစ်၊မျိုးချစ်၊ရှေ.ပြေး၊
လူမျိုးတွက်သွေးသောက်တပ်၊ကွန်မန်ဒို…စသဖြင်.မည်သို.
အမည်ပေး စေကာမူအစိုးရအမြင်၌ရန်သူသည်ရန်သူပဲ။
ရန်သူလုပ်ဆောင်သမျှ အစိုးရအနေဖြင်. လက်မခံနိုင်ပါ။
ထိုသူပုန်အဖွဲ.သည် ကောင်းသော အလုပ်ဖြစ်သည်.
ဘုရားကျောင်းကန် စေတီပုထိုးများဆောက်ပြီး
လူမျိုးရေးကောင်းကျိုးအတွက် တံတားဆောက်၊
 သောက်ရေကန်တူးပေး၊ ဆေးရုံဆောက်ပေးကြသော်လည်း
အစိုးရအမြင်၌ သူပုန်လုပ်သမျှ လုံးဝလက်မခံ၊
အကောင်းမမြင်သည်သာမက ထိုသူတို.ကို
ကူညီ ထောက်ပံ. မစပြီး ထမင်းတနပ်ကျွေး၊
အလှူတပြားပေးရင်တောင် ထိုသူပုန်ကို
ကူညီရကောင်းလားဆိုပြီး ထောက်ပံ.သူကို အချုပ်ထဲထည်.၊
သတ်ဖြတ်မည်ဖြစ်သည်။(စာရေးသူ ဖခင်ကိုယ်တိုင်
အမှုတော်ဆောင်ဖြစ်သည်.တွက် ယေရှုမေတ္တာဖြင်.
ထိုအဖွဲ.ကို နေ.လည်စာကျွေးဘူးသဖြင်.
(၇)ရက် အချုပ်ဝင်ခဲ.ဘူးသည်)။
အစိုးရအမြင်၌ သူပုန်တစ်ဦးနှင်.လူသတ်သမား၊
မုဒိမ်းမှုကျူးးလွန်သူ၃ဦးကိုတွေ.သော်…
ဘယ်သူကိုအရင်ဖမ်း၊သတ်မည်ထင်သနည်း…??
သူပုန်ကိုအရင်ဖမ်း၊အရင်ရှင်းပစ်ရမည်ဖြစ်သည်။
လူပုဂိုလ်မုန်း ခြင်းမဟုတ်ပဲအာဏာဖီဆန်ခြင်းတည်းဟူသော
သူပုန်ဖြစ်ခြင်းအပေါ်၌ အစိုးရကအဆုံးဖြတ်ပေးခြင်းဖြစ်သည်။
ထိုသို.အစိုးရ၏ ရန်သူမှလွတ်ခြင်းရယူလိုပါကစစ်ပြေငြိမ်းဖို.
လက်နက်ချ၊၊လက်မြောက်၊အလင်းဝင်ခြင်းသာတခုတည်းသာ လမ်းရှိပါသည်ယနေ.ယေရှုခရစ်၏ရန်သူဖြစ်သောသင်နှင်.
 ကျွန်တော်သည်(မည်သို.ခရစ်တော်ထံလက်မြောက်မည်ကို
 နောက်နေ.မှလက်ဆက်ဆွေးနွေးပါမည်။)
အောက်ပါကျမ်းစာပိုဒ်များဖတ်ခြင်းဖြင်. ပိုမိုသဘောပေါက်
နားလည်နိုင်မည်.အကြောင်း ဝိညဉ်တော်ဘုရား မစပါစေ။
 ရောမ ၅း၁၀ အကြောင်းမူကား၊ ရန်သူဖြစ်လျက်ပင်
ဘုရားသခင်၏သားတော်အသေခံတော်မူခြင်းအားဖြင့်၊
ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း
 ကျေးဇူးတော်ကို ခံရသည်မှန်လျှင်၊ မိဿသစာယဖွဲ့ပြီးမှ၊
အသက်တော်အားဖြင့် ကယ်တင်တော်မူခြင်းသို့
 ရောက်မည်ဟုသာ၍ မျှော်လင့်စရာရှိ၏။
 ကောလောသဲ၁း၂၁အထက်က ဘုရားသခင်နှင့်
ကွာရှင်း၍၊ ဆိုးညစ်သောအကျင့်ကို ကျင့်သဖြင့်
စိတ်နှလုံး၌ ရန်သူဖြစ်သော သင်တို့ကို၊
ကိုယ်ခန္ဓွာတော်၌ အသေခံတော်မူသောအားဖြင့်၊
ယခုမိဿဟာယ ဖွဲ့စေတော်မူ၏။
 ရောမ ၈း၇ အဘယ်ကြောင့် နည်းဟူမူကား၊
ဇာတိပကတိ စိတ်သဘော သည်ဘုရားသခင်နှင့်
ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရားသခင်၏ တရားတော်
 အလိုသို့မလိုက်တတ်။ ထိုမျှမကမလိုက်နိုင်။
 ရောမ၁၁း၂၈ သူတို့သည် ဧဝံဂေလိတရားအားဖြင့်မူကား
သင်တို့အကြောင်းကြောင့် ရန်သူဖြစ်ကြ၏။
 ရွေးကောက်တော်မူခြင်းအားဖြင့်မူကား၊
ဘိုးဘေးများအကြောင်းကြောင့် ချစ်သူဖြစ်ကြ၏။
ဖိ၃း၁၈ ခရစ်တော်၏ လက်ဝါးကပ်တိုင်ကို 
ရန်ဘက်ပြု၍ကျင့်သောသူအများရှိကြ၏။
လု ၁း၇၁ မိမိလူမျိုးကိုအကြည့်အရှုကြွလာလျက်
 ရွေးနှုတ်ခြင်းကျေးဇူးကို ပြုတော်မူ၍၊ငါတို့ကို
 ရန်သူလက်မှ၎င်း၊ မုန်းသော သူရှိသမျှတို့လက်မှ၎င်း
ကယ်လွှတ်မည်အကြောင်း၊ကယ်လွှတ်ခြင်းဦးချိုကို
မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို့အား ပေါ်ထွန်းစေတော်မူပြီ။
 Luk 1:74 We have been rescued from
our enemies so we can serve God without fear,
လု ၁၉း၂၇ ငါ၏အအုပ်အချုပ်ကို မခံလိုသော
ငါ့ရန်သူတို့ကို ခေါ်ခဲ့ကြ။ ငါ့ရှေ့မှာသတ်ကြဟု
 စီရင်တော်မူသည်ဟု မိန့်တော်မူ၏။
 ယေရမိ ၁း၁၃ (ထာဝရဘုရားကို စွန်.ပစ်)
 ယေရမိ၁း၁၇( ထာဝရဘုရားကို စွန်.ပစ်)
ယေရမိ၁း၁၉( ထာဝရဘုရားကိုမကြောက်)
ယေရမိ၁း ၃၂( ထာဝရဘုရားကို မေ.လျှော.)

ကယ်တင်ခြင်းသတင်းကောင်း(၅)

ကျွန်တော်တို.သည် ကိုယ်ကိုယ်ကိုဘယ်လောက်ထိ
ကောင်းတာလုပ်ပြီး၊အကောင်းဆုံး 
အသက်ရှင်ပြသည်ထားအုံးတော.
ဘုရားသခင်၏အမြင်နှင်.လူ.အမြင်မတူ ခြားနားပါသည်။
လူသည်မည်မျှပင်ကောင်းသောအရာများကိုလုပ်စေကာမူ ဘုရားသခင်.အမြင်၌အောက်ပါအတိုင်းမြင်ပါသည်။
မာကု ၂:၁၇ ယေရှုသည် ကြားတော်မူလျှင်၊
ကျန်းမာသောသူတို့သည်ဆေးသမားကိုအလိုမရှိကြ။
နာသောသူတို့သာလျှင် အလိုရှိကြ၏။
 ဖြောင့်မတ်သောသူတို့ကို နောင်တသို.
ခေါ်ခြင်းငှါ ငါလာသည်မဟုတ်၊ဆိုးသောသူတို့ကို
 ခေါ်ခြင်းငှါ ငါလာသတည်းဟုမိန့်တော်မူ၏။
မာကု ၇:၂၃ ဤဆိုးညစ်သောအရာများတို့သည်
အတွင်းမှထွက်လာ၍လူကို
ညစ်ညူးစေကြသည်ဟု မိန့်တော်မူ၏။
ရောမ ၁:၂၁ အကြောင်းမူကား၊ထိုသူတို့သည်
ဘုရားသခင်ကို သိလျက်ပင်၊ ဘုရားသခင်ကို 
ချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း၊
 ကျေးဇူးတော်ကိုလည်းမသိမမှတ်၊အချည်းနှီးတွေးဆခြင်း၊ 
သတိမရှိသောစိတ်နှလုံးမိုက်မဲခြင်းသို့ ရောက်ကြ၏။ 
၎ ထိုကြောင့် သူတို့သည် မိမိတို့ကိုယ်ကာယ၏ 
အသရေကို အချင်းချင်းရှုတ်ချမည်အကြောင်း၊ 
ဘုရားသခင်သည် သူတို့ကို သူတို့၏ 
ကိလေသာစိတ်ညစ်ညူးခြင်းလက်သို့ အပ်လိုက်တော်မူ၏။
ရောမ ၇:၂၁ ထိုသို့ကောင်းသော အကျင့်ကို 
ငါကျင့်ချင်သောခါ၊ မကောင်းသောအကျင့်ကို 
ကျင့်စေတတ်သောတရားကို ငါတွေ့၏။
 ဟေရှာ ၁: ၂ ထာဝရဘုရား မိန်၌တော်မူသည်ဖြစ်၍၊ 
အိုကောင်းကင်၊ ကြားလော့၊အိုမြေကြီး၊နားထောင်လော့။ 
မိန့်တော်မူချက်ဟူမူကား၊ ငါကျွေးမွေးပြုစုသော 
သားသမီးတို့သည် ငါ့ကိုပုန် ကန်ကြပြီ၊၊ 
၃ နွားသော်လည်း မိမိအရှင်ကိုသိ၏၊၊
 မြည်းသော်လည်းမိမိသခင်၏ မြင်းဇောင်းကိုသိ၏၊၊ 
ဣသရေလအမျိုးသားတို့မူကား ငါ့ကိုမသိကြ၊၊ 
ငါ၏လူမျိုးမူကား၊ မဆင်ချင် တတ်ပါတကား၊၊ 
၎ ဆိုးယုတ်သော အမျိုး၊ဒုစရိုက်ဝန်ကို 
ထမ်းရွက်သောလူစု၊မတရားသဖြင့်
 ပြုသောအနွှယ်၊ ဖောက်ပြန် သောသားသမီးပါတကား၊၊ 
ထာဝရဘုရားကို စွန့်ကြပြီ၊၊ဣသရေလအမျိုး၏သန့်ရှင်းသော 
ဘုရားကိုမရိုမသေပြု၍ပယ်ကြပြီ၊၊ကျောခိုင်း၍ခွာသွားကြပြီ၊၊ 
 ၅ သူတို့ကို အဘယ်သို့ ဒဏ်ပေးရဦးမည်နည်း၊၊ 
အဘယ်သို့ ထပ်၍ဆုံးမရဦးမည်နည်း၊၊ဦးခေါင်းသည် 
အနာသက်သက်ရှိ၏၊၊နှလုံးသည်လည်းခွန်အားအလျှင်းမရှိ။ 
၆ ခြေဘဝါးမှသည်ဦးခေါင်းတိုင်အောင်ကျန်းမာခြင်းမရှိ။ 
စုတ်ရှသောအနာ၊ထိခိုက်၍ ရောင်သောအနာ၊ 
ရိယွဲသောအနာ သက်သက်ရှိ၏။ 
ထိုအနာများကို မနှိပ်မနယ်ရ၊၊အဝတ်နှင့်မစည်းရ၊၊ 
ဘယောင်းဆီနှင့် မပြော့စေရသေး၊
ဟေရှာယ၆:၁၀သူတို့မျက်စိမမြင်၊နားမကြား၊ 
စိတ်နှလုံးမသိ၊အကျင့်မပြောင်းလဲ၊
သူတို့အနာရောဂါကိုငါမငြိမ်းစေရသည်တိုင်အောင်၊ 
သူတို့ စိတ်နှလုံးကို မိုက်စေလော့၊၊ 
သူတို့နားကိုလည်း ထိုင်းစေလော့၊၊ 
သူတို့မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ၏။
ဆာလံ၅၁:၅ အကျွန်ုပ်သည်မွေးစကပင် 
အပြစ်ပါလျက်ရှိပါ၏၊၊အမိဝမ်းထဲမှာ 
ပဋိသန္ဒေယူစဉ်ပင် အပြစ်စွဲပါ၏၊ 
 JR 17:9 စိတ်နှလုံးသည်ခပ်သိမ်းသောအရာထက်
စဉ်းလဲတတ်၏။အလွန်ယိုယွင်းသော 
သဘောရှိ၏။စိတ်နှလုံးသဘောကို 
အဘယ်သူသိနိုင် သနည်း။
JR 16:12အခြားတပါးသော ဘုရားနောက်သို့ 
လိုက်လျက်၊ဝတ်ပြုကိုးကွယ် သဖြင့် 
ငါ့ကိုစွန့်ပစ်၍၊ ငါ့တရားကိုမစောင့်သောကြောင့်၎င်း၊ 
ဘိုးဘေးကျင့်သောအကျင့်ထက်၊သင်တို့သည် 
သာ၍ဆိုးသော အကျင့်ကိုကျင့်သဖြင့်၊
 ငါ့စကားကို နားမထောင်၊ မိမိတို့ဆိုးသော စိတ်နှလုံး၊ 
ခိုင်မာသော သဘောသို့လိုက်သောကြောင့်၎င်း၊ 
 ၁၃ သင်တို့နှင့် သင်တို့၏ဘိုးဘေးမသိသော ပြည်သို့ 
ဤပြည်ထဲကသင်တို့ကို ငါနှင်လိုက်မည်။ 
ထိုပြည်၌ သင်တို့သည် ငါ၏ကျေးဇူးကိုမခံရ။ 
အခြားတပါးသော ဘုရားတို့ကို နေ့ညဥ့်မပြတ် ဝတ်ပြုရကြမည်။
GEN: ၅ မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ 
သူ၏စိတ်နှလုံး အကြံအစည် ရှိသမျှတို့သည် 
အစဉ်မပြတ် ဆိုးညစ်ခြင်း သက်သက်ရှိကြောင်းကို၊ 
ဘုရားသခင် သိမြင်တော်မူလျှင်၊ 
၆ မြေကြီးပေါ်မှာ လူကိုဖန်ဆင်း တော်မူသည်ကို
 နောင်တရ၍၊ နှလုံးတော် ပူပန်လျက်ရှိတော်မူ၏။
GEN 8:21လူတို့သည် ငယ်သောအရွယ်မှစ၍၊
 စိတ်နှလုံးအကြံအစည် ဆိုးကြ၏။
PS 53: ၁ ဘုရားသခင် မရှိဟု မိုက်သောသူသည်
 ထင်တတ်၏၊၊ ထိုသို့သော သူတို့သည်
 ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ် ဘွယ်သော 
ဒုစရိုက်ကို ပြုတတ်ကြ၏၊၊ ကောင်းသောအမှုကို
 ပြုသော သူတယောက်မျှ မရှိ၊ 
၃ လူအပေါင်းတို့သည် ဆုတ်သွားကြပြီ၊၊
 တညီတညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်း ရှိကြ၏၊
၊ကောင်းသောအကျင့်ကို ကျင့်သော သူမရှိ၊၊ 
တယောက်မျှမရှိ။ 
PR 28:26 မိမိစိတ်နှလုံးကို ကိုးစားသောသူသည်
 လူမိုက်ဖြစ်၏။ ပညာသတိနှင့်ကျင့်သောသူမူကား၊
 ဘေးလွတ်တတ်၏။
Ecc ၉:၃ နေအောက်မှာ ပြုသမျှသော အမှု၌
 ပါသောဝမ်းနည်းစရာ ဟူမူကား၊ 
ခပ်သိမ်းသောသူတို့သည် တခုတည်းသောအမှုနှင့်
 တွေ့ကြုံရတက်၏။ အကယ်စင် စစ်လူသားတို့၏ 
စိတ်နှလုံး သည် ဒုစရိုက်သဘောနှင့် ပြည့်၏။ 
အသက်ရှင်စဉ်အခါ၊သူတို့သည်ရူးသောစိတ်ကို 
စွဲလမ်း၍၊ နောက်တဖန် သေသွား တတ်ကြ၏။
 ၄ အသက်ရှင်သော လူစုအပေါင်းနှင့် ဆိုင်သေးသောသူသည်
 မြော်လင့်စရာရှိ၏။ အသက်ရှင် သောခွေး သည်
 သေသောခြင်္သေ့ ထက်သာ၍ ကောင်းမြတ်၏။
MT ၁၅:၁၉ မကောင်းသောကြံစည်ခြင်း၊ 
လူအသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ 
မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ 
မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကို 
ဖျက်ခြင်း အရာတို့သည် နှလုံးထဲကထွက်လာ၍၊ 
၂၀ လူကိုညစ်ညူးစေသောအရာဖြစ်ကြ၏။
MT ၇:၂၁ သခင်၊ သခင် ဟုငါ့ကိုလျှောက်သော 
သူတိုင်း ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။
 ကောင်းကင် ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏ 
အလိုကို ဆောင်သောသူသာလျှင်ဝင်ရလိမ့်မည်။
 HB ၃:၁၂ ညီအစ်ကိုတို့၊ သင်တို့သည် 
အသက်ရှင် တော်မူသော ဘုရား သခင့်ထံ တော်မှ 
ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ 
ဆိုးညစ်သောစိတ်နှလုံး မရှိစေခြင်းငှါ သတိပြုကြလော့။
 ၁၃ ဒုစရိုက်၏ လှည့်ဖြားခြင်းအားဖြင့် 
သင်တို့စိတ်နှလုံးမခိုင်မာစေခြင်းငှါ၊ 
ယနေ့ဟူ၍ ခေါ်ဝေါ်သောအချိန်၊ နေ့တိုင်းအစဉ် 
အချင်းချင်း တယောက်ကိုတယောက် တိုက်တွန်းနှိုးဆော်ကြလော့။

November 11, 2014

ကယ်တင်ခြင်းသတင်းကောင်း(၄)

ဘုရားသခင်၏အစိုးရသောကိုယ်ပိုင်လုပ်ဆောင်ချက်များနှင့်
လူသားများ၏ ကိုယ်ပိုင်ရွေးချယ်မှုတာဝန်ဝတ္တရားများအကြား
 ဆက်နွယ်မှုကို ကျွန်ုပ်တို့သည် လုံးဝဥဿုံမသိ
နားလည်နိုင်မည်မဟုတ်ချေ။ထိုအရာနှစ်ခုတို့သည် 
ကယ်တင်ခြင်းအတွက်ဘုရားသခင်၏
အကြံအစည်တော်ထဲတွင် မည်သို့အတူတကွ
အလုပ်လုပ်သည်ကို ဘုရားသခင်ကသာသိရှိသည်။ 
အခြားသောခံယူချက်များတွင်ဖြစ်စေ၊ကျွန်ုပ်တို့သည်
 ဘုရားသခင်၏ သဘာဝတရားနှင့်ကျွန်ုပ်တို့လူနှင့်ဆက်နွယ်မှုများကို ကျွန်ုပ်တို့သည် ပြည့်စုံစွာနားမလည်နိုင်ကြသည်ကို 
သိရှိနိုင်ရန်အလွန်အရေးကြီးသည်။ 
ကယ်တင်ခြင်းအကြောင်းကိုလွန်ကဲစွာတွေးတောလျှင် 
တဘက်စွန်း ရောက်သွားနိုင်သည်။ဘုရားသခင်က 
ကယ်တင်ခြင်းရရှိမည့်သူများကိုသိရှိသည်ဟု
သမ္မာကျမ်းစာကရှင်းလင်းစွာဖော်ပြထားပါသည်။ 
(ရောမ ၈း၂၉၊ ၁ပေ ၁း၂)။ 
ဘုရားသခင်သည် ကျွန်ုပ်တို့ကို “ကမ္ဘာမတည်မရှိမှီ
 ရွေးကောက်ခဲ့သည်”ဟု ဧဖက်၁း၎ထဲတွင်
 ဖော်ပြထားပါသည်။ယုံကြည်သူများသည် 
“ရွေးကောက်ခြင်း” ခံရသောသူများ
(ရော မ ၈း၃၃၊ ၁၁း၅၊ ဧဖက် ၁း၁၁၊ ကောလောသဲ ၃း၁၂၊ 
၁သက် ၁း၎၊ ၁ပေ၊ ၁း၂၊ ၂း၉) နှင့် 
“ရွေးချယ်မှု”ခံရသော သူများ (မဿဲ၂၄း၂၂၊ ၃၁)
 (မာကု ၁၃း၂၀၊ ၂၇၊ ရောမ ၁၁း၇၊ ၁တိ ၅း၂၁၊ ) 
(၂တိ ၈း၂၉-၃၀၊ တိတု ၁း၁၊ ၁ပေ ၁း၁) ဖြစ်ကြသည်ဟု
 သမ္မာကျမ်းစာထဲတွင် ဖော်ပြထားပါသည်။ 
ယုံကြည်သူများသည် ကြိုတင်ရွေးကောက်
 ခြင်းခံရသောသူများ (ရောမ ၈း၂၉-၃၀၊ ဧဖက် ၁း၅၊ ၁၁)နှင့်
 ရွေးကောက်ခြင်းခံရသောသူများ
(ရောမ ၉း၁၁၊ ၁၁း၂၈၊ ၂ပေ ၁း၁၀)ဖြစ်သည်ဟု
 ဖော်ပြလိုခြင်းဖြစ်သည်။ ကယ်တင်ခြင်းအကြောင်းကို 
သမ္မာကျမ်းစာထဲ တွင်တိကျစွာဖော်ပြထားပါသည်။ ကျွန်ုပ်တို့သည် ခရစ်တော်ကိုကယ်တင်ရှင်အဖြစ်ယုံကြည်လက္ခံရန်
 တာဝန်ရှိသည်ဟု သမ္မာကျမ်းစာက ဖော်ပြထားပါသည်။ 
ကျွန်ုပ်တို့အားလုံးလုပ်ဆောင်ရမည့်အရာသည် 
သခင်ယေရှုခရစ်တော်ကို ယုံကြည်ရန်နှင့် 
ကယ်တင်ခြင်းရရှိရန်အတွက်ဖြစ်သည်။
(ယောဟန် ၃း၁၆၊ ရောမ ၁၀း၉-၁၀)။ 
ဘုရားသခင်က မည်သူသည် 
ကယ်တင်ခြင်းရမည်ကိုသိရှိခဲ့သည်။ 
ဘုရားသခင်သည် ကယ်တင်ခြင်းရရှိသော
သူများကို ရွေးကောက်ခဲ့သည်။ ကျွန်ုပ်တို့သည် 
ကယ်တင်ခြင်းရရှိရန်အတွက် 
ခရစ်တော်ကိုရွေးရမည်ဖြစ်သည်။ 
ထို အရာသုံးခုတို့သည် မည်သို့လှုပ်ရှားသည်ကို 
လူ့ညာဏ်ဖြင့်ပြည့်စုံစွာသိနိုင်ရန် 
မဖြစ်နိုင်ပေ(ရောမ ၁၁း ၃၃-၃၆)။ 
ကျွန်ုပ်တို့၏တာဝန်ဝတ္တရားသည် 
ကယ်တင်ခြင်းသတင်းကောင်းကို 
ကမ္ဘာနေရာအနှံ့အပြား သို့ဝေငှခြင်းဖြစ်သည်
(မဿဲ ၂၈း၁၈-၂၀၊ တမန် ၁း၈)။ဘုရားသခင်၏
ကြိုတင်သိရှိခြင်း၊ ရွေးကောက်ခြင်းနှင့်
 ခွဲခန့်မှတ်သားထားခြင်းတို့ကို 
ဘုရားသခင်ပေါ်မှာပဲထားရှိကာ 
ကယ်တင်ခြင်းသတင်းကောင်းကို
 ဝေငှခြင်းတွင် နာခံခြင်းရှိရန်လိုအပ်သည်။

November 8, 2014

ကယ်တင်ခြင်းသတင်းကောင်း(3)..

လူပုဂ္ဂိုလ်တစ်ဦးသည်တစ်ကြိမ်ကယ်တင်ခြင်းရရှိသောအခါ 
လုံလောက်ပြီးလား(or)ဆုံးရှူံးနိုင်သလားဆိုသည်.မေးခွန်းသည်
တမ္ဘာလုံးရှိခရစ်ယန်အသိုင်းဝိုင်းတွင် အမေးရဆုံးမေးခွန်း
တခုဖြစ်နေပါသည်။လူတွေကသခင်ယေရှုကို 
မိမိကယ်တင်ရှင် အဖြစ်ယုံကြည်လက်ခံလာကြသောအခါ 
သူတို့သည် ဘုရားသခင်နှင့် မိတ်သဟာရဖွဲ့ကာ
 သူတို့ရရှိသောကယ်တင်ခြင်းတရားသည် 
ထာဝရ အတွက်လုံလောက်သည်ဟု 
အာမခံချက်ရှိပါသည်။ သမ္မာကျမ်းစာထဲတွင်
 ကယ်တင်ခြင်းသည် ထာဝရလုံခြုံမှုရှိကြောင်းကို
 ဖော်ပြချက်များစွာရှိသည်ကို တွေ့ရှိနိုင်သည်။
(1) ရောမ၊၈း၃၀တွင်
“ထိုသို့ခွဲခန့်မှတ်သားနှင့်သောသူတို့ကို ခေါ်တော်မူ၏။
 ခေါ်တော်မူသောသူတို့ကိုလည်း ဖြောင့်မတ်ရာ၌ တည်စေတော်မူ၏။ ထိုသို့တည်စေတော်မူသောသူတို့ကိုလည်း ချီးမြှောက်တော်မူ၏” ဟုဖော်ပြထားပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ရွေးကောက်သော အချိန်မှစ၍ သူကျိမ်းဝပ် တော်မူသော ကောင်းကင်ဘုံမှာ ကျွန်ုပ်တို့ကို ချီးမြှောက်သည်ဟု ဤကျမ်းပိုဒ်က ဖော်ပြထားပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းစိတ်ချမှုကို ကောင်းကင်ဘုံတွင် ထားရှိခဲ့ပြီဖြစ်သော ကြောင့် တနေ့နေ့ကျရင် ယုံကြည်သူများအား ဘုရားသခင်၏ချီးမြှောက်ခြင်းကို ဘယ်သူကမှ ပိတ်ပင် တားဆီးနိုင်မည်မဟုတ်ပေ။ လူတစ်ဦးသည် ဖြောင့်မတ်ခြင်း ရရှိသောအခါ ထိုသူ၏ကယ်တင်ခြင်းသည် လည်း ထာဝရစိတ်ချလုံခြုံမှုရှိသည်။ ထိုသူသည် ကောင်းကင်နိုင်ငံတော်တွင် ချီးမြှောက်ခြင်းခံရပြီဖြစ် သောကြောင့် ထိုသူရရှိသော ကယ်တင်ခြင်းသည် လုံခြုံစိတ်ချမှုရှိသည်။ 
(2) ရောမ၊၈း၃၃-၃၄တွင် 
တမန်တော်ရှင်ပေါလုက အရေးကြီးသော မေးခွန်းနှစ်ခုကို မေးမြန်းထားပါသည်။ “ဘုရားသခင်ရွေးကောက်တော်မူသောသူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ၌ တည်စေသောသူကား၊ ဘုရားသခင်ပေတည်း။ အပြစ်စီရင်သောသူကား၊ အဘယ်သူနည်း။ အသေခံ၍ ခံသည်သာမက၊ သေခြင်းမှထမြောက်၍ ဘုရားသခင်၏ လက်ျာတော်ဘက်၌ နေလျက်၊ ငါတို့အဘို့ဆုတောင်းသောသူကား၊ ခရစ်တော်ပေတည်း”။ အဘယ်သူသည် ဘုရားသခင်၏ ရွေးကောက်ခြင်းကို ဆန့်ကျင်နိုင်မည်နည်း။ သခင်ယေရှုသည် ကျွန်ုပ်တို့ကိုယ်စား ရှေ့နေလိုက်ပေးသောကြောင့် မည်သူမည်ဝါက ဘုရားသခင်၏ရွေးကောက်ခြင်းကို ဆန့်ကျင်နိုင်မည် မဟုတ်ပေ။ မည်သူက ကျွန်ုပ်တို့ကို တရားစီရင်နိုင်မည်နည်း။ ကျွန်ုပ်တို့အတွက် အသေခံသော သခင်ယေရှုခရစ်တော်သည် တရားစီရင်သူဖြစ်သောကြောင်. မည်သူမည်ဝါက ကျွန်ုပ်တို့ကို တရားစီရင်နိုင်မည်မဟုတ်ပေ။ ကျွန်ုပ်တို့သည် ကယ်တင်ရှင်သည် ကျွန်ုပ်တို့ကိုယ်စား ရှေ့နေလိုက်ပေးသူနှင့် လူတိုင်းကို တရားစီရင် မည့်တရားသူကြီးဖြစ်သည်။ 
(3)လူတွေကသခင်ယေရှုကိုယုံကြည်သောအခါ 
ဒုတိယမွေးဖွါးခြင်းရရှိသည်။(ယော၊ ၃း၃၊ တိတု၊ ၃း၅)။ 
ခရစ်ယာန်တစ်ဦးအနေဖြင့်၊ မိမိရရှိသော ကယ်တင်ခြင်း ဆုံးရှုံးနိုင်လျှင် ထိုသူသည် ကယ်တင်ခြင်းစိတ်ချမှု မရရှိခြင်းဖြစ်သည်။ သမ္မကျမ်းစာထဲတွင် ဒုတိယမွေးဖွါးခြင်းသည် ကုန်ဆုံးနိုင်မည်ဟု ဖော်ပြချက်မရှိပေ။ (4)သန့်ရှင်းသောဝိညာဉ်တော်သည် 
ယုံကြည်သူများထဲတွင် ကျိမ်းဝပ်လျက် ရှိ၍ (ယော၊ ၁၄း၁၇၊ ရောမ၊ ၈း၉)၊ ယုံကြည်သူများကို ခရစ်တော်၏ခန္ဓာကိုယ်ထဲ၌ ဗတ္တိဇံ ပေးလျက်ရှိသည်။ (၁ကော၊ ၁၂း၁၃)။ ယုံကြည်သူတစ်ဦးသည် ကယ်တင်ခြင်းဆုံးရှုံးသွားနိုင်လျှင် ထိုသူ၏အထဲ၌ သန့်ရှင်းသော ၀ိညာဉ်တော်မကျိမ်းဝပ်ခြင်း၊ ခရစ်တော်၏ခန္ဓာကိုယ်မှ နှုတ်ပစ်လိုက်ခြင်းဖြစ်ပါသည်။ 
(5) ယော၊ ၃း၁၅ ထဲတွင် 
သခင်ယေရှု ခရစ်တော်ကို ယုံကြည်သောသူ အပေါင်းတို့သည် “ထာဝရအသက်” ရရှိလိမ့်မည် ဟုဖော်ပြထားပါသည်။ မိတ်ဆွေသည် ယနေ့ကယ်တင်ခြင်းစိတ်ချမှုရရှိခဲ့ပြီး၊ မနက်ဖြန်ဆုံးရှုံးသွားလျှင် “ထာဝရ”ဟု မခေါ်နိုင်ပေ။ ထို့ကြောင့်မိတ်ဆွေသည် မိမိရရှိခဲ့ သော ကယ်တင်ခြင်း တရားကို ဆုံးရှုံးနိုင်လျှင် သမ္မာကျမ်းစာထဲ၌ ဖော်ပြထားသော ထာဝရအသက် အတွက် ဂတိပြုထားချက်တို့သည် မှားယွင်းခြင်းသက်သက် ဖြစ်ပါသည်။ 
(6)ဤအကြောင်းအရာနှင့် ပတ်သက်၍
 နောက်ဆုံးအနေဖြင့်သမ္မာကျမ်းစာ
 ဖော်ပြချက်ကို အကောင်းဆုံးကြည့်ကြပါစို့။ 
“အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သောအရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတ်အရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အား ဖြင့်၊ ခံရသောဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏”
 (ရောမ၊ ၈း၃၈-၃၉)။ မိတ်ဆွေကို ကယ်တင်သောဘုရားသည် မိတ်ဆွေကို စောင့်ရှောက်သောဘုရားသခင်ဖြစ်သည်။ ကျွန်ုပ်တို့သည် တစ်ကြိမ်ကယ်တင်ခြင်းစိတ်ချမှုရရှိလျှင် ထာဝရအတွက် လုံလောက် သည်။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ထာဝရအတွက်လုံခြုံစိတ်ချမှုရှိသည်။ 
**ထို.ကြောင်. ကိုယ်ရထားသော ကယ်တင်ခြင်းသည် ခရစ်တော်ပေးသော ကယ်တင်ခြင်းစစ်မှန်ပါက ဆုံးရှုံးနိုင်စရာ အကြောင်းမရှိပေ။ ခရစ်တော် အတိအမှတ် မပြုသော ကယ်တင်ခြင်း၊ကိုယ်.ဘက်ကသာ သေချာတယ်ဆိုပေမဲ. ထိုသူကို ငါသည် အလှဉ်းမသိဟု အခေါ်မခံရလေအောင် ခရစ်တော်ပေးသော ခရစ်တော်ထံမှရသော ကယ်တင်ခြင်း ဟုတ်မဟုတ် သေချာရန် In Christ ဖြစ်ရန်လိုအပ်ပါသည်**

November 7, 2014

ကယ်တင်ခြင်းသတင်းကောင်း(၂)

ကယ်တင်ခြင်းရရှိကြောင်း မည်သို့သိရှိနိုင်မည်နည်း။ 
၁ယောဟန် ၅း၁၁-၁၃ ထဲတွင် ဖော်ပြထားသော အကြောင်းအရာကို စဉ်စားကြည့်ပါ။ “သက်သေခံတော်မူချက်ဟူမူကား၊ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။ သားတော်ကို ရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကိုမရသောသူမူကား၊ အသက်ကိုမရ။ ဘုရားသ ခင်၏သားတော်ကိုယုံကြည်သော သင်တို့သည် ထာဝရအသက်ကို ကိုယ်တိုင်ရသည်ဟုသိစေခြင်းငှါ၊ ဤ အရာများကို သင်တို့အားငါရေး၍ပေးလိုက်၏။သားတော်ကို ရသောသူသည် မည်သူဖြစ်သနည်း။ သားတော်ကို ယုံကြည်သောသူများနှင့် သူ့ကို လက်ခံသောသူများဖြစ်ကြသည် (ယောဟန် ၁း၁၂)။ မိတ်ဆွေသည် သခင်ယေရှုကိုရလျှင် အသက်ကိုရသည်။ ယာယီအသက်ရှင်ခြင်းမဟုတ်ဘဲ ထာဝရအသက်ရှင်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကယ်တင်ခြင်းစိတ်ချမှုရရှိရန် အလိုတော်ရှိသည်။ ကျွန်ုပ်တို့သည် နေ့ရက်စဉ်တိုင်း ကယ်တင်ခြင်းစိတ်ချမှုရရှိသည်/မရရှိသည် ပေါ်တွင်မူတည်၍ ကျွန်ုပ်တို့၏ခရစ်ယာန် အသက်တာတွင် အံ့သြဖွယ်ကောင်းသောဘ၀နှင့် ကြောက်ရွံ့ထိတ်လှန့်ဖွယ်ကောင်းသောဘ၀ဖြင့် အသက်ရှင်နိုင်ကြမည်မဟုတ်ပေ။ ထိုကြောင့် သမ္မာကျမ်းစာထဲတွင် ကယ်တင်ခြင်း၏အကြံအစည်ကို သေချာစွာ ဖော်ပြထားခြင်းဖြစ်သည်။ မိတ်ဆွေသည် သခင်ယေရှုကို ယုံကြည်မှသာ ကယ်တင်ခြင်းရရှိသည်။(ယောဟန် ၃း ၁၆၊ တမန် ၁၆း၃၁)။ သခင်ယေရှုသည် မိတ်ဆွေ၏အပြစ်အတွက် ကိုယ်စားပြုအသေခံခဲ့သော ကယ်တင်ရှင်ဖြစ်သည်ဟု ယုံကြည်သလား။(ရောမ ၅း၈၊ ၂ကော ၅း၂၁)။ မိတ်ဆွေသည်ကယ်တင် ခြင်းရရှိရန်အတွက် သခင်ယေရှုကိုသာ ကိုးစားပါသလား။ မိတ်ဆွေသည် ကိုးစားပါသည်ဟု ဖြေလျှင် ကယ်တင်ခြင်းရရှိသည်။ ကယ်တင်ခြင်းစိတ်ချမှုအဓိပ္ပါယ်သည် “သံသယကင်းမဲ့သောယုံကြည်ခြင်း” ဖြစ်သည်။ မိတ်ဆွေ၏နှလုံးသားထဲတွင် ဘုရားသခင်၏နှုတ်ကပတ်တော်သိုထားလျှင် “သံသယစိတ်များ အောင်နိုင်”မည်ဖြစ်သည်။ သို့မှသာ မိတ်ဆွေသည် ထာဝရကယ်တင်ခြင်းစိတ်ချမှုအမှန်ကို ရရှိသည်။ သခင်ယေရှုကိုယ်တိုင်က သူ့ကိုယုံကြည်သောသူအပေါင်းတို့သည် ကယ်တင်ခြင်းရရှိသည်ဟု ခိုင်မာစွာပြောခဲ့သည်။ “ထာဝရအသက်ကိုလည်းငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့်အစဉ် မပြတ်ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရာ။ ထိုသိုးတို့ကို ငါ၌အပ်ပေးတော်မူသော ငါ့ခမည်းတော်သည် ခပ်သိမ်းသော သူတို့ထက် ကြီးမြတ်တော်မူ သည်ဖြစ်၍၊ အဘယ်သူမျှထိုသိုးတို့ကို ငါ့ခ မည်းတော်၏လက်မှမနှုတ်မယူနိုင်ရာ” (ယောဟန် ၁၀း၂၈-၂၉)။ ထာဝရအသက်သည် ထာဝရဖြစ်သည်။ သခင်ယေရှုပေးအပ်ခဲ့သော ဘုရားသခင်၏ဆုကျေးဇူးကယ်တင်ခြင်းသည် မိတ်ဆွေအပါအ၀င် မည်သူမည်ဝါကမှ မိတ်ဆွေထံမှ နှုတ်ယူနိုင်ကြမည်မဟုတ်ပေ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို မိမိနှလုံးသားထဲတွင် သိုထားလျှင် ဘုရားသခင်ကို ဆန့်ကျင်သောအပြစ်ပြုကြမည်မဟုတ်ပေ။(ဆာလံ ၁၁၉း၁၁)။ ထိုအပြစ်ထဲတွင် သံသယ၀င်ခြင်းအပြစ်များလည်းပါဝင်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို စိတ်နှလုံးသားထဲ၌သိုထားခြင်းသည် သံသယဖြင့်အသက်ရှင်မည့်အစား ရောင်.ရဲမှုဖြင့်အသက်ရှင်နိုင်ကြမည်ဟု ဖော်ပြထားသည်။ ကျွန်ုပ်တို့သည် ခရစ်တော် ၏စကားကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ကယ်တင်ခြင်းစိတ်ချမှုကို ရရှိနိုင်သည်။ သို့မှသာကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းနှင့် ပတ်သက်၍မေးခွန်းထုတ်ရန် လိုအပ်တော့မည်မဟုတ်ပေ။ ကျွန်ုပ်တို့၏ ကယ်တင်ခြင်းစိတ်ချမှုသည် သခင်ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့အပေါ်ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်ပေါ်တွင် အခြေခံထားသည်။

November 6, 2014

< ကယ်တင်ခြင်းတရား> အပိုင်း(၁)

ကယ်တင်ခြင်းတရား။
(၁တိ၊၂း၎)ကျမ်းပိုဒ်အရ ဘုရားသခင်ရဲ့အလိုတော်သည်
လူအပေါင်း ကယ်တင်ခြင်း ရောက်ပြီး
သမ္မာရားသိဖို့ဖြစ်တယ်“(မဿဲ၊၇း၂၁-၂၃)ကိုကြည့်မယ်ဆိုရင်
ဆုံးမသြ၀ါဒပေးသူ၊ နတ်ဆိုးနှင်ထုတ်သူ၊
တန်ခိုးများစွာပြသူ တွေကိုတောင် ခရစ်တော်က
ငါ့ထံမှဖယ်ကြ လို့ မိန့်တော်မူ ခဲ့ပါတယ်။
ဒီလူတွေဟာဘုရားအလုပ်လုပ်တဲ့သူတွေ၊
အမူတော်ဆောင်တွေ ၊ကောင်းတာလုပ်တဲ့
သူတွေဖြစ်ရက်သားနဲ့ ဘာဖြစ်လို့ အဲဒီ လို ဖြစ်ရသလဲဆိုရင်
 ခရစ်တော်အကြောင်းကိုသာသိပြီးခရစ်တော်နဲ့သိကျွမ်းမူမရှိ လို့ပါပဲ
(They know about Christ, but
they do not know Christ per-sonally)”
ခရစ်တော်ကို သိကျွမ်းဖို့၊ ကယ်တင်ခြင်းရောက်ဖို့ရန်
အဓိကအချက်(၃)ချက်ရှိပါတယ်။ဒဲ့ဒါကိုတရား(၃)ပါးလို့ခေါ်ပါတယ်။
အပြစ်ဆိုတာဘာလဲ...????
(၁ယော၊၃း၎) မှာ ပညတ်တော်ကိုလွန်ကျူးခြင်းလို့ဖော်ပြပါတယ်။
အပြစ်ဟာ ဘယ်သူအားဖြင့်ဤလောကသို့ဝင်သလဲ။
 (ရော၊၅း၁၂)အရ-အာဒံအားဖြင့်ဤလော့ကသို့ဝင်ခဲ့ပါတယ်။
အပြစ်တရားဤလောကထဲဝင်ပြီးနောက် ဘာဖြစ်ခဲ့သလဲ?
အပြစ်တရားအားဖြင့် သေ ခြင်းတရားဝင်ပြီး၊
လူအပေါင်း ဟာအပြစ်ရှိတဲ့အတွက် သေခြင်သို့ရောက်ရပါ တယ်။ အဓိကအားဖြင့်အပြစ်ဘယ်နှစ်မျိုးရှိသလဲ...နှစ်မျိုးရှိပါတယ်။
(၁)ဗီဇအပြစ်(မွေးရာပါအပြစ်)
 (၂)ဒုစရိုက်အပြစ်(ကျူးလွန်တဲ့အပြစ်)
ဒုစရိုက်အပြစ်အကြောင်းကိုအများအားဖြင့်သိပြီးဖြစ်ပါတယ်။
 ဥပမာ-သူများ အသက်သတ်တာ၊သူများသားမယား ပြစ်မှားတာ၊
 ဒီအကြောင်းကို (ရောမ၊၁း၂၉-၃၁)မှာတွေ့နိုင်ပါတယ်။ လူတော်တော်များများမသိ၊လက်ခခံနိုင်တဲ့အပြစ်ကတော့…
 ဗီဇအပြစ်(မွေးရာပါအပြစ်)။
အဲဒီအပြစ်အကြောင်းမသိလို. ကောင်းတာ
လုပ်ရင်ကောင်းတာရောက်မှာပေါ့လို့ 
ခရစ်ယာန်တွေတောင်ပြောနေကြခြင်းဖြစ်ပါတယ်။
 ဗီဇအပြစ်(မွေးရာပါအပြစ်) အကြောင်းကို
(ဆာလံ၊၅၁း၅) မှာဖော်ပြထားပါတယ်။
ဆာလံဆရာက မွေးကတည်းက ပါလာတယ်လို့
ဘာ.ကြောင်. ပြောသလဲ.. အပြစ် ပါလာတယ်။
 ဒီအပြစ်…..ဘယ်ကရလာသလဲ?.........(အာဒံဆီက)
အာဒံကဘယ်သူ့ကိုပြစ်မှားသလဲ.........(ဘုရားသခင်)
ဒါကြောင့်အာဒံက တဆင့်ရလာတဲ့ အပြစ်ဟာ
ဘုရားသခင်ကိုပြစ်မှားတဲ့ အပြစ်ဖြစ် တယ်၊
ဒါကို……..ဗီဇအပြစ်(သို့)မွေးရာပါအပြစ်လို့ခေါ်တယ်။ ကျွန်တော်တို့ဟာ…..အပြစ်လုပ်လို.အပြစ်သားဖြစ်တာလား?၊
 အပြစ်သားဖြစ်လို့……အပြစ်လုပ်တာလား??
အပြစ်သားဖြစ်လို့အပြစ်လုပ်ခြင်းဖြစ်တယ်။
ငါးမှန်ရင်၊ရေမှာနေတတ်တယ်၊ ရေမှာနေလို.ငါးဖြစ်တာလား၊
ငါးဖြစ်လို့ရေမှာနေတာလား?၊
ငါးဖြစ်လို့ရေမှာနေတာပျော်သည်.နည်းတူကျွန်တော်တို့ဟာ
အပြစ်သားဖြစ်လို့ အပြစ်ကိုပျော်ပျော်ကြီးလုပ်တတ်ကြတယ်၊ ငါးလေးတွေကိုရေကူးနည်းသင်ပေးစရာမလိုသလို….
ကျွန်တော်တို့ကိုလည်းအပြစ်လုပ်နည်း
သင်ပေးစရာမလိုဘဲလုပ်တတ်ကြတယ်။
 ဥပမာဒေါသထွက်နည်း စိတ်ဆိုးနည်း၊ စိတ်ကောက်နည်း၊
မနာလိုနည်း၊ အတင်းပြောနည်း၊ အဖေက ဗမာ၊
အမေက ဗမာဆိုရင် မွေးတဲ့ကလေးဟာ
ဘာဖြစ်မလဲ.....ဗမာပဲဖြစ်မယ်။
အသားမဲလို့ကပ္ပလီလို့ခေါ်လို့မရဘူး။
အသားဖြူလို့လည်း အင်္ဂလိပ်လို့ခေါ်လို့မရဘူး၊
 ဗမာဖြစ်ချင်လို့လည်းမရဘူး၊ဗမာစကားမပြောတတ်လည်း
ဗမာပဲ၊ဗမာယဉ်ကျေးမူ ဓလေ့ထုံးတမ်း
မသိရင်လည်း.. ဗမာပါပဲ။ဘာကြောင့်လဲဆိုတော့
ဗမာမိဘ(DNA)ကမွေးဖွားခဲ့လို့ဘဲဖြစ်တယ်။
ထိုနည်းတူ အပြစ်သား အာဒံနဲ့ အပြစ်သား ဧ၀ကနေ
 ဆင်းသက်ခဲ့တဲ့ ကျွန်တော်တို့ အားလုံးဟာ
အပြစ်သားတွေပဲဖြစ်တယ်။
မဖြစ်ချင်လည်း မရဘူး ဖြစ်ပြီးသားပဲ.... ခွေးဟာ
မဟောင်ရင်လည်းခွေးပဲ၊ ဟောင်ရင်လည်းခွေးပဲ၊
 ထိုနည်းတူ ကျွန်တော်တို့ဟာ အပြစ်မလုပ်တဲ့ အချိန်မှာလည်း
အပြစ်သားပဲ၊ အပြစ်လုပ်လည်း အပြစ်သားပဲ....၊။
 မွေးစကလေးဟာ အရွယ်ရောက်တဲ့အခါ
အခြားသူတစ်ယောက်နဲ့ စကားများပြီး ရန်ဖြစ်ကြတယ်ဆိုပါစို့။
သူကအခြားသူကို တုတ်နဲ့ရိုက်တယ်၊အခြားသူက
သူ့ကို ဓားနဲ့ လိုက်ခုတ်တယ်၊ အဲ့ဒါကောင်းသလား…
ဘယ်ကောင်းပါ.မလဲ?၊ အဲဒါကိုဒုစရိုက်အပြစ်လို.ခေါ်တယ်၊
လူလူချင်း ပြစ်မှားတဲ့အပြစ်ဖြစ်တယ်။
(ရော၊၃း၂၃) အပြစ်ရှိတဲ့လူတိုင်းသေခြင်းမှာလမ်းဆုံးကြရမယ်။
(ရောမ၊၆း၂၃)မှာ အပြစ်တရား၏အခကား
သေခြင်းပေတည်း..လို့ပြောထားတယ်။
 သေခြင်းဆိုတာဘာလဲ ခွဲခွာခြင်း၊ကင်းကွာခြင်းဖြစ်။
(Death means separation)။ အာဒံ၊ဧ၀ကအပြစ်လုပ်တဲ့အတွက်
 ထာဝရဘုရားနှင့် ခွဲခွာသွားခဲ့ရတယ်အဲဒါကို
ဝိညာဉ်ရေးရာ သေခြင်းလို့ခေါ်တယ်။ကျမ်းစာထဲမှာ အပြစ်ရဲ့အကျိုးဆက်အနေနဲ့ သေခြင်း(၃)မျိုးတွေ့ရတယ်.... (၁)၀ိညာဉ်ရေးရာသေခြင်း(ထာဝရဘုရားနှင့်ကင်းကွာခြင်း/ခွဲခွာခြင်း) (၂)ခန္ဓာသေခြင်း(ခန္ဓာနဲ့ဝိညာဉ်ကင်းကွာခြင်း/ခွဲခွာခြင်း) (၃)ထာဝရသေခြင်း(ထာဝရဘုရားနဲ့ထာဝရကင်းကွာပြီးထာဝရငရဲကျခြင်း)။ ထာဝရသေခြင်းကိုဒုတိယသေခြင်းလို့လည်းခေါ်သေးတယ်။
အသက်စာစောင်ထဲမှာ မပါတဲ့ လူတွေအားလုံးဟာ
ဒုတိယသေခြင်းဆိုတဲ့ ကန့်နဲ့လောင်တဲ့ မီးအိုင်ငရဲထဲ
 ချပစ်ခြင်းခံရမှာဖြစ်တယ်။(ဗျာ၊၂၁း၈)
မကောင်းတာလုပ်တဲ့လူတွေသေရင်-ဘယ်ရောက်မလဲ(ငရဲ)။
 ကောင်းကောင်းလဲနေရင်ကော..(ငရဲပဲကျမယ်)။
ဘာအပြစ်ရှိနေလို့လဲ..??ဗီဇအပြစ်/မွေးရာပါအပြစ်
ဘု၇ားသခင်ကိုပြစ်မှားတဲ့အပြစ်၊ မွေးကတည်းက-
ဒုစရိုက်အပြစ်တစ်ခုမလုပ်တဲ့သူရှိသလား……..?(မရှိဘူး)
 မွေးရာပါဗီဇအပြစ်ကို လက်မခံရင်လည်း
ဒုစရိုက်အပြစ်လူတိုင်းမှာ ရှိနေပါတယ်။
ဒါကြောင့်အပြစ်တရားရဲ့အခသေခြင်းကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ အပြစ်လုပ်လို့ငရဲကျတာလား၊အပြစ်သားဖြစ်လို့
ငရဲကျတာလား?.(အပြစ်သားဖြစ်လို့)
ဒုစရိုက်တစ်ခုမှမလုပ်ရင်လဲ ဗီဇအပြစ်ရှိပါတယ်၊
ဘုရားသခင်ကိုပြစ်မှားတာဖြစ်တယ်။အာဒံဟာဘုရားစကားနား
မထောင်လို့ ဘုရားသခင်ရဲ့ရန်သူဖြစ်သွားတယ်၊သူကဆင်းတက်လာတဲ့
ကျွန်တော်တို့ဟာ ဘုရားရဲ့ရန်သူအမျိုးဖြစ်လို့
အားလုံးရှင်းပစ်ခံရမှာဖြစ်တယ်။စစ်ဖြစ်တဲ့အခါ တစ်ဖက်နဲ့
တစ်ဖက်တွေ့ကြတဲ့အခါ၊ခင်ဗျားအကျင့်သီလကောင်းသလားလို့ အရင်မေးပြီးမှ သေနတ်နဲ့ပစ်မှာမဟုတ်ပါဘူး၊
 တွေ့တာနဲ့ရန်သူဖြစ်လို့ ပစ်မှာပဲ မဟုတ်ဘူးလား၊
ထိုနည်းတူကျွန်တော်တို့အားလုံး ဘုရားရဲ့ရန်သူဖြစ်လို့
ငရဲထဲချပစ်ခြင်းခံရတော့မှာဖြစ်ပါတယ်။
ငရဲကလွတ်ဖို့ဘယ်လိုလုပ်မလဲ.??
 ကောင်းတာလုပ်ရင်ကောင်းရာရောက်မယ်လို့
တစ်ချို့ကထင်မြင်ယူဆကြပါတယ်.......
ဒါပေမဲ့ကျမ်းစာက ဘာပြောထားသလဲ။
(ဟေရှာ၊၆၄း၆)မှာ ကျွန်ပ်တို့ရှိသမျှသည်
စင်ကြယ်ခြင်းမရှိပါ။ပြုဘူးသမျှသောကုသိုလ်ကောင်းမူတို့သည်
ညစ်သောအ၀တ်နှင့်တူကြပါ၏လို့ဖော်ပြထားပါတယ်။ ဆိုလိုတာကဘာလဲ၊ကောင်းမူမလုပ်ရဘူးလို့ဆိုလိုသလား??.
မဟုတ်ပါဘူး၊ ဘယ်လောက်ပဲလုပ်လုပ် ဘုရားသခင်ရှေ့မှာ
 နှစ်သက်လက်ခံဖွယ် မဖြစ်ဘူးလို့ဆိုလို့ပါတယ်။ ဘာကြောင့်လဲဆိုတော့မသန့်ရှင်းတဲ့အပြစ်သားလုပ်သမျှအရာအားဟာ…… (လူ့အမြင်မှာကောင်းပေမယ့် နှစ်သက်လက်ခံဖွယ်ရာဖြစ်ပေမဲ့)
အလွန်သန့်ရှင်းတဲ့ ဘုရားရှေ့မှာတော့ညစ်တဲ့
အ၀တ်(အ၀တ်စုတ်)ကဲ့သို့ ဖြစ်နေပါတယ်။
နားလည်လွယ်အောင် ရှင်းပြရမယ်ဆိုရင်
လူနူဖြစ်ဖြစ်တစ်စုံတစ်ယောက်က ဖြစ်ဖြစ်သူရဲ့
မသန့်ရှင်းတဲ့လက်နဲ့ လက်ဖက်သုပ်သုတ်ကျွေးမယ်ဆိုရင်
စားဖို့ လက်ခံခက်သလို နှစ်သက်လက်ခံဖွယ်
မဖြစ်ဖူးဆိုတဲ့သဘောပါပဲ။ ဒါကြောင့်ငရဲကလွတ်ဖို့
 ကုသိုလ်ကောင်းမူအားဖြင့်မရနိုင်ဘူးလို့
ကျမ်းစာက ပြောနေခြင်းဖြစ်ပါတယ်......။
 ဒါကြောင့်အပြစ်တရားအကြောင်းကိုလေ့လာကြည့်ရင်
အကျဉ်းချုပ်အားဖြင်.ကောင်း ကောင်းမကောင်းကောင်း…….
ငရဲကျမယ်လို့ကျမ်းစာကပြောနေခြင်းဖြစ်ပါတယ်။ တစ်ချို့ကလည်းဒါနနဲ့မရရင်သီလ(အကျင့်)နဲ့လုပ်မယ်ဆိုပြီး
ကြိုးစားကျင့်ကြံနေတဲ့သူတွေလည်းကမ္ဘာပေါ်မှာများစွာရှိပါတယ်။
ဒါကြောင့်ပညတ်တရားကျင့်ခြင်းအားဖြင့်
ငရဲကနေလွတ်နိုင်မလားဆိုတာဆက်ပြီးလေ့လာကြည့်ကြရအောင် ။
 (ပညတ်တရား)
ပညတ်တရားနဲ့ပတ်သက်ပြီး ကျမ်းပိုဒ်အများထဲက
အဓိကကျမ်းပိုဒ်(၃-၄)ပိုဒ်ကိုလေ့ လာကြပါမယ်။
(၁)(ဂလ၊၃း၁၀)ဒီကျမ်းပိုဒ်အရ ပညတ်တရား၏အကျင့်ကို
 အမှီပြုသူ (အားကိုးသူ) တွေဟာ ကျိန်ခြင်းနဲ့စပ်ဆိုင်ပါတယ်။
အမြဲမကျင့်နိုင်ရင်ကျိန်ခြင်းခံရမှာဖြစ်ပါမယ်။... မိတ်ဆွေအနေနဲ့ပညတ်တ္တိကျမ်း(၆၁၃ပါး)ကိုအမြဲကျင့်နိုင်ပါသလား။ မကျင့်နိုင်ရင်တော့ကျိန်ခြင်းခံရပါမယ်ငရဲကျမှာဖြစ်ပါတယ်။
 (၂)(ယာ၊၂း၁၀)အရ-အမြဲကျင့်နိုင်တယ်ပဲလားဦး......... တစ်ခုချိုးဖေါက်ရင်အားလုံးချိုးဖောက်တာနဲ့အတူတူပဲဖြစ်လို
့ငရဲကျမှာပဲလို့ကျမ်းစာကပြောထားပါတယ်၊
ဥပမာစာမေးပွဲတစ်ဘာသာကျရင်ငါးဘာသာကျတဲ့လူနဲ့အတူတူပဲ လူတစ်ယောက်ကအသက်တစ်ရာမှာသေမယ်ဆိုပါစို့။
(၉၉)နှစ်တရားကျင့်ပေမယ့်တစ်ခုလေးချိုးဖောက်မိရင်
နေ့တိုင်းချိုးဖောက်တဲ့လူနဲ့ငရဲကျမှာအတူတူဖြစ်သွားပါတယ်
ဥပမာသံကြိုးကွင်းတွေအမှီပြုပြီးကူးနေရာက
 နေတစ်ကွင်းပြုတ်သွားတာနဲ့(အားလုံး ပြုတ်ဖို့မလိုဘဲ)
အောက်ကိုကျသွားမှာဖြစ်ပါတယ်။
သံကြိုးကွင်းတွေဟာပညတ်တော်တွေကိုဆိုလိုခြင်းဖြစ်ပါတယ်။ ဒါဆိုရင်မိတ်ဆွေနဲ့ကျွန်တော်ဟာမွေးကတည်းက
အပြစ်ဘယ်နှစ်ခုလုပ်ခဲ့ပြီးပြီလဲ၊ပညတ်ဘယ်နှစ်ခုချိုးဖောက်ပြီးပြီးလဲ၊
တစ်ခုလုပ်မိရင်တောင်ငရဲကျမယ်ဆိုရင်
များစွာလုပ်ပြီးပြီဆိုတော့ကျမှာသေချာသွားပြီလား?
ကျမှကျပါ့မလားလို့စိုးရိမ်စရာမလိုတော့ဘူးမဟုတ်လား။
 ဒါဆိုရင်ကျွန်တော် တခုမေးမယ်-ပညတ်တရားမကျင့်တဲ့သူ
 သေရင်ဘယ်ရောက် မလဲ(ငရဲ)။
ကျင့်တဲ့သူကောသေရင်ဘယ်ရောက်မလဲ…….(ငရဲ)
ဘာဖြစ်လို့လဲ?၊ (အမြဲမကျင့်နိုင်ဘူး)
(ကျင့်နေရင်းကြားထဲက ချိုးဖောက်မိတဲ.အပြစ်တွေ ရှိနေသေးတယ်) ဒါဆိုရင်ဘာဖြစ်လို့ပညတ်တရားကိုကျင့်နေကြရတာလဲ??
ဒီဘ၀မှာကောင်းကောင်းကျင့်ကြံအားထုတ်ရင်
တစ်နေ့နောင်ဘ၀မှာကောင်းတဲ့နေရာရောက်ရပါစေသားဆိုတဲ့
 မျှော်လင့်ချက်နဲ့လုပ်နေတာပေါ့၊ ဒါပေမဲ့ကျမ်းစာကပညတ် တရားရဲ့ အကျင့်အားဖြင့် ဘုရားသခင်ရှေ့တော်မှာ ဘယ်သူမှဖြောင့်မတ်ရာ မရောက်ဘူးလို့ပြောထားတယ်။ (၃)(ရော၊၃း၂၀)ဆိုလိုတာက လူလူချင်းသတ်မှတ်တဲ့စံနှုန်းအရ
(၅)နာရီတရား ကျင့်သူ (၁၀)နာရီ(၁၅)နာရီကျင့်သူ စသဖြင့် သူ့ထက်ငါသာ၍ကောင်းတယ် ဖြောင့်မတ်တယ်လို့ပြောလို့ရကောင်းရပါမယ်။ ဒါပေမယ့်တရားစီရင်မဲ့ဘု၇ားသခင်ရဲ့ရှေ့မှာဘယ်သူမှစံချိန်မမီဘူး။
ဘုရားသခင်လောက်မဖြောင့်မတ်ဘူး၊မကောင်းမြတ်ဘူး၊
ကောင်းကင်ဘုံ ၀င်နိုင် လောက်အောင် ငရဲက
လွတ်နိုင်လောက်အောင် ကောင်းတဲ့အကျင့်ကျင့်သူ
 ဖြောင့်မတ်သူမရှိဘူး။(ရော၊၃း၁၀-၁၂)... ဥပမာစာမေးပွဲမှာတစ်ဘာသာကိုအမှတ်(၄၀)ရမှအောင်တယ်ဆိုပါစို့။ ကျွန်တော်ကအင်္ဂလိပ်စာ(၃၉)မှတ်ရတယ်။ကိုကျော်ကျော်က(၃၅)မှတ်၊
ကိုဝင်းမြင့်က (၃၀)မှတ်ရကြတယ်။အားလုံးထဲမှာ
ကျွန်တော်အများဆုံးဘဲလို့ကြွားလို့ရပါတယ်။ ဒါပေမယ့်အောင်စာရင်းထွက်တဲ့အခါဘယ်သူမှမအောင်ကြပါဘူး။ ထိုနည်းတူဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းစံချိန်စံနှုန်းပေတံနဲ့
တိုင်းလိုက်တော့ဘယ်သူမှစံချိန်မမှီဘူးပေါ့...
ကျွန်တော်တို့ဖြောင့်မတ်ရမှာကလူ့ရှေ့မှာမဟုတ်ဘူး။
တရားသူကြီးရှေ့မှာဖြစ်တယ်အသင်းတော်ကလူတွေရှေ့မှာ
-ဖြောင့်မတ်စွာနေပြပေမယ့်၊ကွယ်ရာမှာဘိန်းဖြူအရောင်းအ၀ယ်လုပ်လို့
ရဲကဖယ်းမိပြီး တရားသူကြီးရှေ့မှာအစစ်ခံရတဲ့အခါ
 ပြစ်မှုထင်ရှားရင် ထောင်ကျရသလိုပဲ လူသားအားလုံးကို
 တရားစီရင် မယ့်အရှင် တရားသူကြီးဖြစ်တဲ့
ထာဝရဘုရားသခင်ရှေ့မှာအပြစ်တင်ခွင့်ကင်းဖို့
လိုအပ်ပါတယ်။(ဟေရှာ၃၃း၂၂)(ဆာ၃၂း၁-၂)။
 ဒါကြောင့်ပညတ်တရားအကြောင်းလေ့လာကြည့်ရင်
အကျည်းချုပ်အားဖြင့်ကျွန်တော်တို့ဟာ တရားကျင့်ကျင့်ငရဲ့ကျရတော့မယ်လို့ကျမ်းစာကပြောနေခြင်းဖြစ်ပါတယ်။ ဒါဆိုရင်ငရဲ့ကလွတ်အောင်နည်းလမ်းမရှိတော့ဘူးလား။(ရှိပါတယ်.)
အဲဒါကလူကလုပ်တာမဟုတ်ဘဲ ဘုရားကလုပ်ပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ အဲဒါကိုကျေးဇူးတရား(ကယ်တင်ခြင်းတရား)လို့ခေါ်ပါတယ်။ ဘာသာတရားကတော့လူတွေကိုလုပ်ခိုင်းပါတယ်။
အဲဒါကိုလုပ်ခိုင်းတဲ့တရား….(ဝါ) (ပညတ်တရား)လို့ခေါ်ပါတယ်။ လုပ်ပေးတဲ့တရားကတော့ ကျေးဇူးတရားဖြစ်ပါတယ်။
ဘုရားသခင်ကငရဲက လွတ်အောင်လုပ်ပေးလို့ဖြစ်ပါတယ်။
 ကျေးဇူးတရား
လူနဲ့ဘုရားဟာ အပြစ်ကြောင့်ကင်းကွာနေပြီးလူတွေဟာထာဝရငရဲမှာ
လမ်းဆုံးကြရပါတော့မယ်၊အဲဒီကနေလွတ်ဖို့ကုသုလ်ကောင်းမှု
ပညတ်တရား အကျင့်တရားများနှင့်ကြိုးစားပေမယ့်လည်း
 မရနိုင်မှန်းသိလို့မေတ္တာတော်ရှင်ဘုရား သခင်က
လူကိုငရဲမှကယ်တင်တော်မူဖို့ကြွလာခဲ့ပါတယ်။
အဲဒီတရားကိုကျေးဇူးတရား (တနည်း)
ကယ်တင်တော်မူခြင်းတ ရားလို့ခေါ်ပါတယ်။
(၁)၁တိ၁း၁၅... ယေရူခရစ်သည်အပြစ်ရှိသောသူတို့ကို
ကယ်တင်ခြင်းငှာဤလောကသို့ကြွလာတော်မူသည်
ဟူသောစကားဖြစ်၏။အကြွင်းမဲ့ခံယူအပ်သောစကားလည်းဖြစ်၏။ သခင်ယေရူဤလောကကိုဘာအတွက်ကြွလာတာလဲ?
 (အပြစ်ရှိတဲ့သူတွေကိုကယ်တင်ဖို့)
ဒီနေရာမှာဘာသာတရားတည်ထောင်ဖို့ကြွလာတယ်လို့မပြောဘူး။
ကယ်တင်ဖို့ကြွ လာတယ်လို့ပြောထားပါတယ်။
 (ဘာသာတရားဆိုတာ ပညတ်တော်တွေနဲ့
ဖွဲ့စည်းထာြး့ပီးလုပ်ခိုင်းတဲ့တရား ဖြစ် တယ်)။
ခရစ်တော်ကလုပ်ပေးဖို့ကြွလာခြင်းဖြစ်တယ်။
သခင်ယေရူက လူတွေကို ဘယ်လို ကယ်ခဲ့သလဲ ။
လက်ဝါးကပ်တိုင်မှာအသေခံခြင်းအားဖြင့်(ရော၊၅း၈)။
သခင်ယေရူလက်ဝါးကပ်တိုင်မှာ အသေခံတဲ့အခါ
သူ့အသွေးတော်အားဖြင့် ကျွန်တော် တို့အဖြစ်ရှိသမျှကို
ဆေးကြောပေခဲ့တယ်(၁ယော၊ ၁း၇) အ၀တ်၊လက်ပေရင်
ဆပ်ပြာနဲ.ဆေးရတယ်။ အပြစ်တွေ ပေရင် အသွေးတော် အားဖြင့်သာ
 ဆေးကြောလို့ ရတယ်လို့ဘုရားသခင်ကပြောပါတယ်။
(၀တ်၊ ၁၇း၁၁။ယေဗြဲ၊၉း၂၂)။ကားတိုင်ပေါ်မှာ အသေခံတဲ့အချိန်မှာသခင်ယေရူစကားကြီး(ရ)ခွန်းပြောခဲ့တယ်။
(၆)ခွန်းမြောက်စကားကအမူပြီးပြီ။
ဆိုတဲ့စကားပဲ။ဂရိဘာသာစကားမှာအပြစ်အကြွေးရှိသမျှ
အပြည့်အ၀ဆပ်ပြီးပြီဆိုတဲ့အဓိပ္ပယ်ရှိပါတယ်။
ဒါကြောင့်မိတ်ဆွေနဲ့ကျွန်တော်အပြစ်အားလုံးအတွက်
သခင်ယေရူဘုရားက ပေးဆပ် ဖြေရှင်ပေးခဲ့ပြီးပါပြီ။
မိတ်ဆွေမှာ…အကြွေးသိန်း(၅၀၀)တင်နေမယ်
။ကြွေးရှင်ကလည်း ဒီအပတ်အတွင်း ပြန်မဆပ်နိုင်ရင်
တရားစွဲတော့မယ်ဆိုကြပါစို့။ မိတ်ဆွေမှာ ပေါင်နှံစရာ
 ပေးစရာ လည်းမရှိဘူးဆိုရင် ဘာဖြစ်မလဲ ..?။
မကြာခင်ထောင်ထဲကျဖို့သေချာနေမှာဘဲ။
 အဲဒီအချိန်မှာ ကုဋ္ဋေကြွယ်သူဋ္ဌေးကြီးတစ်ဦးက
 မိတ်ဆွေအကြောင်းသိသွားပြီး သနားလို့
ဆပ်ပေးမယ်ပြန်ဆပ်စရာမလိုဘူးဆိုရင်
မိတ်ဆွေလက်ခံမလား? ဒါမှမဟုတ်ငြင်းပယ်မလား၊???... ကိုယ်အတွက်ကျေးဇူးပြုမယ့်သူကိုငြင်းပယ်ရင်တော့
အဲ့ဒီလူထက်မိုက်မဲတဲ့သူကမ္ဘာ ပေါ်မှာရှိပါ့ဦးမလား?? လက်ခံလိုက်ရင်တော့ ထောင်ထဲသွားစရာမလိုတော့ဘူး။
 ကြွေးရှင်နဲ့လမ်းမှာ မျက်နှာချဆိုင်တွေ့ရင်လည်း
စိုးရိမ်စရာ မလိုတော့ဘူး၊ ရှောင်တိမ်းပုန်းနေစရာ မလိုတော့ဘူး...
ထိုနည်း၎င်းပဲသခင်ယေရူက
ကျွန်တော်တို့ရဲ့အပြစ်ကြွေးတွေအားလုံးအတွက်
အသေခံတော်မူခြင်း၊အသွေးသွန်းတော်မူခြင်းအားဖြင့်ဆပ်ပြီးသွားပါပြီ၊ သူဟာအသေခံပြီးလမ်းဆုံးသွားတာမဟုတ်ပါဘူး၊ (၃)ရက်မြောက်တဲ့နေ့မှာပြန်ရှင်တဲ့ဘုရားဖြစ်ပါတယ်(1cor၁၅း၃-၄)။ ယနေ့တိုင်အသက်ရှင်ပြီးထာဝရမပြောင်းလဲတဲ့
ဘုရားဖြစ်ပါတယ်(ဟေဗြဲ၊၁၃း၈) သူ့ကိုမိတ်ဆွေရဲ့ကယ်တင်ရှင်ဘုရားအဖြစ်ယုံကြည်လက်ခံရင်ငရဲကျမှာကို
စိုးရိမ် စရာမလိုတော့ဘူး။မိတ်ဆွေ ရဲ့အပြစ်အားလုံးလည်း
လွတ်ခြင်းအခွင့်ရပါတယ်၊ မိတ်ဆွေအနေနဲ့ဘုရားရဲ့သားဖြစ်ခွင့်ကိုရပြီး 
ထာဝရအသက်ကိုလည်းပိုင်ဆိုင်ခွင့်ရပါ တယ်။(ယော၁း၁၂။၆း၄၇)
 ဒါဟာသူရဲ့ကျေးဇူးပြုခြင်း
(ကိုယ်စားအသေခံပေးခြင်း အပြစ်ကြွေးဆပ်ပေးခြင်း)ကြောင့်ဖြစ်ပါတယ်။ ဒါကိုကျမ်းစာက ကျေးဇူးတရားလို့ ခေါ်ပါတယ်။ဒါကြောင့်(ဧ၂း၈-၉)မှာ ယုံကြည်သောအားဖြင်. ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့
 ရောက်ရ၏လို့ ဖော်ပြထားပါတယ်။ မိတ်ဆွေအတွက် ယေရူဘုရား လုပ်ဆောင်ပေးခဲ့ပြီးဖြစ်တဲ့အသေခံတော်မူခြင်းအပြစ်ကြွေး
ဆပ်ပေး တော်မူခြင်းကို ငါ့အတွက်၊ကျွန်တော်မအတွက်ဖြစ်တယ်လို့
ယုံကြည်မယ်ဆိုရင်(ယုံကြည်သော အားဖြင့်)ယုံတဲ့အချိန်ကစပြီး
ဘုရားရဲ့(ကျေးဇူးတော်ကြောင့်) ကယ်ခြင်းကိုရောက်ရပြီ ဖြစ်တယ်။
 ရောက်ရမယ်လို့ကျမ်းစာကမပြောပါဘူး။
 ရောက်ရ၏လို့ ပြောတဲ့ အတွက်ကြောင့် ယုံတဲ့အချိန်ကစပြီး
 ကယ်တင်ခြင်းကို ရောက်ရပြီးဖြစ် ပါတယ်။
 ငွေတစ်သိန်းရမယ်ဆိုရင်မရသေးပါဘူး....
.ငွေတစ်သိန်းရ၏ဆိုရင်ရပြီဖြစ်ပါတယ်။
ထိုနည်းတူပဲ ခရစ်တော်ယေရူဘုရားကို ယုံကြည်တဲ့ချိန်မှာပင်လျှင်
 ကယ်တင်ခြင်း ရောက်ပြီပြစ်ပါတယ်။ဘယ်တော့မှ ငရဲမကျတော့ပါ။
ဒါဟာဘုရားရဲ့ကျေးဇူးတော်ကြောင့်သာဖြစ်ပါတယ်။
ဒါကြောင့်ဒီတရားကိုကျေးဇူးတရားလို့ခေါ်ပါတယ်။ ကယ်တင်ခြင်းရတာဟာဘာကြောင့်ရသလဲ(ကျေးဇူးတော်ကြောင့်)
 ဘာအားဖြင့်လဲ(ယုံကြည်သောအားဖြင့်)
ကယ်တင်ခြင်းရဖို့ဘာလုပ်မလဲ?
(ဘာမှလုပ်စရာမလိုဘူး၊သခင်ယေရူလုပ်ခဲ့ပြီးပြီအမူပြီးပြီတဲ့)
ကယ်တင်ခြင်းရဖို့ဘာရှိရမလဲ…(ယုံကြည်ခြင်းရှိရမယ်)…
ဘာကိုယုံရမလဲ (ယေရူခရစ်တော်ကို)။
(ခရစ်တော်ကိုယုံတဲ့သူဟာသူ့စကား)နဲ့ 
(သူ့လုပ်ဆောင်ချက်ကိုယုံတယ်)။
 ဘယ်လို ယုံရမလဲ??(ခရစ်တော်ယေရူဘုရားဟာ
 ငါ့ကိုယ်စား အပြစ်ကြွေးအားလုံး ဆပ်ပြီးပြီဆိုတဲ့
ကျေးဇူးပြုခြင်း(တနည်း)ကျေးဇူးတော်ကိုယုံရမယ်)။
 ယေရူဘုရားရဲ့စကားနဲ့လုပ်ဆောင်ချက်ကို
ယုံခြင်းဟာသူ့ကိုယုံရာရောက်တယ်... တစ်ချို့က
ယုံရုံလေးနဲ့ကယ်တင်ခြင်းကို ရနိုင်ပါ့မလား။
မလွယ်လွန်းဘူးလားလို့မေး တတ်ကြတယ်....။
 ကျွန်တော်ကပြောလိုက်တယ်လွယ်လွန်းအားကြီးလို့
ခင်ဗျားမယုံမှာတောင် စိုးရိမ်မိတာ၊ဘာကြောင့်လွယ်နေသလဲဆိုရင်
မလွယ်တဲ့အပိုင်းကို ခရစ်တော်က လုပ်ထား ပေးလို့လေ။
ဥပမာလက်တစ်ဖက်ပဲရှိတဲ့ လူတစ်ယောက်ကရေတွင်းမှာ
စက်သီးကြိုးနဲ့ ရေငင် ရမယ်ဆိုရင်မလွယ်ဘူး။
ဒါပေမယ့် သူ့မိတ်ဆွေကကျေးဇူးပြုပြီး ရေငင်ပေးလိုက်ရင်
သူခပ်စရာမလိုဘဲ အလွယ်လေးနဲ့ရေချိုျးနိုင်တဲ့သဘောပေါ့။
ဒီမှာရှိတဲ့မိတ်ဆွေကို ကျွန်တော့်အတွက်သောက်ရေတစ်ခွက်လောက်
ခပ်ပေးပါ။ခုံက လေးရွေ့.ပေးပါဆိုရင် လွယ်ပါတယ်။
 ပိုက်ဆံအိတ်ထဲက ငွေဘဏ်စာအုပ်ထဲက ငွေအိမ်မှာ
 သိမ်းထားတဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ အားလုံးပေးပါဆိုရင်
 လွယ်ပါ့မလား မလွယ်ဘူး-မဟုတ်လား။
လွယ်တယ်ပဲထားအုံးမိတ်ဆွေကျွန်တော်အတွက်
 အသက်ပေးမလားဆိုရင် လွယ်ပါ့ မလား။
မလွယ်ဘူးမဟုတ်လား....။
 အခု ယေရူဘုရားကကားတိုင်ပေါ်မှာ…
ဘာလုပ်ပေးသွားသလဲ ? အသက်ပေးသွား တယ်မဟုတ်လား?.။
ဒါဟာလွယ်တဲ့ကိစ္စမဟုတ်ပါဘူး။မိတ်ဆွေနဲ့ကျွန်တော်ကို
 ချစ်လွန်းလို့ငရဲမကျစေချင်လို့ လုပ်ပေးသွားတာလေ။
(ဒါဟာသူ့ရဲ့ကျေးဇူးကြောင့်)(အသေခံပေးခြင်းကျေးဇူးတော်ကြောင့်)
ယုံကြည်လိုက်ယုံကလေးနဲ.ကျွန်တော်တို့
ကယ်တင်ခြင်းရတာပဲဖြစ်တယ်။ဒီအကြောင်းကို
(လုကာ၊၂၃း၃၉-၄၂)မှာလည်းဖော်ပြထားပါတယ်။
သခင်ယေရူနဲ့ တစ်ချိန်တည်းကားတိုင်တင်သတ်ခံရတဲ့
လူဆိုး(နှစ်ယောက်) အနက်တယောက်ကနောက်ဆုံး
သေခါနီးဆဲဆဲမှာကယ်တင်ခြင်းရသွားတယ်။ 
သူကောင်းလို့ရသွားတာလား?။ယေရူကောင်းလို့လား။
(ယေရူကောင်းလို့) သူလုပ်လို့ရသွားတာလား။
၊ယေရူလုပ်ပေးလို့လား(ယေရူလုပ်ပေးလို့)။ မိတ်ဆွေနဲ့ကျွန်တော်လည်း ကောင်းကင်နိုင်ငံရောက်နိုင်ခြင်းဟာ
 မိတ်ဆွေနဲ့ ကျွန်တော်ကောင်းလို့လား၊ယေရူကောင်းလို့လား.?. 
မိတ်ဆွေနဲ့ကျွန်တော်လုပ်လို့လား-ယေရူလုပ်ပေးလို့လား။
(ယေရူလုပ်ပေးလို့)။
ဒီလူဆိုးကြီးဟာသေပြီးမှ ကယ်တင်ခြင်းရကြောင်းကို
သိသွားတာလား?မသေခင်သိသွားလား။(မသေခင်သိသွားတယ်)။
 ဒါဆိုရင်ကယ်တင်ခြင်းရတယ်ဆိုတာ မသေခင်သိနိုင်လား?
မသိနိုင်ဘူးလား? (မသေခင်သိနိုင်တယ်)။ဘာအားဖြင့်လဲ......?
 (ယေရူရဲ့ဂတိတော်စကားအားဖြင့်)။ဒါကြောင့်ယေရူဘုရားကို
ယုံကြည်လက်ခံမယ်ဆိုရင် ဘုရားသားဖြစ်မယ်။(ယော၊၁း၁၂)။
-ကယ်တင်ခြင်းရမယ်(ဧ၊၂း၈)ထာဝရအသက်ရမယ်(ယော၊၆း၄၇)
အခုချက်ချင်းရမှာဖြစ်ပါတယ်။ သေရင်လည်းဘယ်တော့မှ
ငရဲမကျတော့ပါဘူး(ယော၊၁၀း၂၇-၂၉) မိတ်ဆွေအနေနဲ့
သခင်ယေရူဘုရားကို ယုံကြည်လက်ခံချင်တယ်ဆိုရင်
အခုခဏမျက်စိမှိတ်၊ခေါင်းငုံ့ပြီးစိတ်ထဲက
 ယုံကြည်လျက် သခင်ယေရူဘုရားကိုအာရုံပြုလျက်
အောက်ပါ ဆုတောင်းချက်အတိုင်း ဆုတောင်းပြီး
 ယေရူဘုရားကို ယုံကြည်လက်ခံနိုင်ပါတယ်။
(ဆုတောင်းရမယ့်အချက်ကတော့-သခင်ယေရူဘုရား၊
ကိုယ်တော်သည် ကျွန်ုပ် အပြစ် ကိုယ်စား အသေခံပြီး
 (၃)ရက်မြောက်တဲ့နေ့၌ အသက်ရှင်သော ဘုရားဖြစ် ကြောင်း
ယုံကြည်ပါ၏။ကျွန်ုပ်၏ ကယ်တင်ရှင် ဘုရားအဖြစ်
ကိုယ်တော်ကို ယခု ယုံကြည်လက်ခံပါ၏။
ကျွန်ုပ်အပြစ်များကိုလွတ်ပြီး ထာဝရ အသက် ပေးသော ကြောင့်
 ကျေးဇူးတင်ပါ၏။ ကျွန်ုပ်၏အသက်တာကို အုပ်စိုး တော်မူပါ။
အလို တော်ရှိတဲ့အတိုင်း ပုံသွင်းပြုပြင်တော်မူပါ။ နာမတော်မြတ်၌
ဆုတောင်းပါ၏။Amen)
မိတ်ဆွေဟာ အထက်ပါ ဆုတောင်းချက်အတိုင်း ယုံယုံ ကြည်ကြည်
ဆုတောင်းလျက် သခင်ယေရူဘုရားကိုယုံကြည်လက်ခံမယ်ပြီးပြီဆိုရင်
ကျမ်းစာအရ...... -(၁)ဘုရားသခင်၏သားဖြစ်ခွင့်ရပြီ(ယော၊၁း၁၂)
 -(၂)ထာဝရအသက်ရပြီ(ယော၊၆း၄၇)
-(၃)ဘယ်တော့မှငရဲမကျတော့ပါ။(ယော၊၅း၂၄)
 -(၄) အပြစ်အားလုံးလွတ်ခွင့်ရပါပြီ။(ကော၊၁း၁၄)။
 “ဖတ်ရှူသူတိုင်းအတွက် ကြွယ်ဝသောကောင်းကြီးရှိပါစေသော”

November 5, 2014

ပဌနာတော် ရွတ်ခြင်း(LORD 'S Prayer ...?

ပဌနာတော်သည်တပည့်တော်များအပေါ်သခင်ယေရှု
သွန်သင်သောဆု တောင်း ခြင်းဖြစ်သည်။
မဿဲ ၆း၉-၁၃နှင့်လုကာ ၁၁း၂-၄ထဲတွင်တွေ့ ရသည်။
မဿဲ ၆း၉-၁၃ ထဲတွင် “သင်တို့ဆုတောင်းရမည်မှာ
ဤသို့ဖြစ်သည်။‘ကောင်းကင်ဘုံ၌ရှိတော်မူသော
ကျွန်ုပ်တို့၏ အဘ၊ ကိုယ်တော်၏ နာမတော်အားရိုသေလေးမြတ်ခြင်းရှိပါစေသော။
 နိုင်ငံတော်တည် ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့
 မြေကြီးပေါ်မှာပြည့်စုံ ပါစေသော။ အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ ပေးသနားတော်မူပါ။သူတပါး သည်အကျွန်ုပ် တို့ကိုပြစ်မှား သော အပြစ်များကို အကျွန်ုပ်တို့သည်လွတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်များ ကိုလွှတ်တော်မူပါ။ အပြစ်သွေးဆောင်ရာသို့မလိုက်မပါစေဘဲ မကောင်း သော
အမှုအရာ မှလည်းကယ်နှုတ် တော်မူပါ။’ “ပဌနာတော်ဆုတောင်းခြင်းကို
ကျွန်ုပ်တို့ သည် ၄င်းစကားလုံးအတိုင်း တိတိ ကျကျတောင်းလျှောက် ရမည်ဟု မှားယွင်းစွာ ခံယူတတ်ကြသည်။ အချို့သောသူများက ပဌနာတော် ဆုတောင်းခြင်းကို အလွန်ကောင်း သောနိယာမတစ်ခုအဖြစ် ထင်မှတ်ကြ သည်။
 ထိုစကားလုံးများသည် တန်ခိုးရှိပြီး ဘုရားသခင်ကို လွှမ်းမိုးစေနိုင် သည်ဟု ယုံကြည်ကြသည်။သမ္မာကျမ်းစာက ထိုသို့မဖော်ပြထားပေ။
ဘုရားသခင် သည် ကျွန်ုပ်တို့ နှလုံးသားထဲ တွင်ရှိသောစကားလုံးများထက်
ကျွန်ုပ်တို့ ဆုတောင်းသော အခါ ကျွန်ုပ်တို့၏နှလုံးသားများ ကိုပို၍ စိတ်ဝင်စားသည်။
“သင်တို့ ဆု တောင်းသောအခါ ဆိတ်ညံရာ အခန်းသို့ဝင်၍
တံခါးကို ပိတ်ပြီးမှ၊ မထင် ရှားသောအရပ်၌ ရှိတော်မူသော
သင်၏အဘကို ဆုတောင်းလော့။ မထင်ရှား သောအရာ ကိုမြင်တော်မူ သော
သင်၏ အဘသည် အကျိုးကို ထင်ရှား စွာပေးတော်မူလတံ့။
သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူတို့ နည်းတူ
အချည်းနှီး သောစကားဖြင့် အထပ်ထပ် မမြွက်ကြနှင့်။ ထိုသူတို့သည်
များစွာသော စကားအားဖြင့် မိမိအလိုပြည့်စုံမည်ဟု
ထင်မှတ်ကြ၏” (မဿဲ ၆း၆-၇)။
 ဆုတောင်းသောအခါ ဘုရား သခင်ထံ
ကျွန်ုပ်တို့၏နှလုံး သားများဖွင့်
 ပြောရမည်ဖြစ်သည်။ (ဖိလိပ္ပိ ၄း၆-၇) ဘုရားသခင်ထံ
အလွတ်ကျက် ထားသော အရာများ ရွတ်ဆိုခြင်း
 မျိုးမဟုတ်ပေ။ ပဌနာတော်သည်
 ဥပမာ၊ နည်းစနစ်၊ ဆုတောင်းနည်းအဖြစ်
နားလည် ရမည်ဖြစ်သည်။၎င်းထဲတွင်
ကျွန်ုပ်တို့ဆုတောင်းသောအခါပါဝင်ရမည့်
“အချက်အလက်များ” ပါဝင်ထားသည်။
 “ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့၏အဘ”သည် ဆုတောင်း သောအခါခမည်းတော်ဘုရားသခင်ခံတောင်းလျှောက်
 ရမည်ကိုပြသ သည်။ “နာမတော်အားရိုသေ လေးမြတ်ခြင်း
ရှိပါစေသော”ကဘုရားသခင်
ကိုကိုးကွယ်ရန် နှင့်သူဖြစ်သည့်အတိုင်းချီးမွမ်း
ရန်ဖြစ်သည်ကို ဖော်ပြထားပါသည်။
“နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည်
 ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့
 မြေကြီးပေါ်မှာလည်း ပြည့်စုံပါစေသော”
စကားစုသည် ကျွန်ုပ်တို့အသက်တာအတွက်ဖြစ်စေ၊
 လောကအရာများ အတွက်ဖြစ်စေ ဘုရားသခင်၏
အကြံအစည်တော် အတိုင်း
ဆုတောင်း ရမည်ကို ဖော်ပြခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏
အကြံအ စည်အတိုင်း
ဆုမတောင်းသင့်ပေ။ ကျွန်ုပ်တို့၏ ဆန္ဒပြည့်စုံရန်အတွက် မဟုတ်ဘဲ
ဘုရားသ ခင်၏အလိုတော်ပြည့်စုံရန် အတွက်
ဆုတောင်းရမည်ဖြစ်သည်။
 ကျွန်ုပ် တို့လိုအပ်သော အရာများ
 တောင်းလျှောက်နိုင်ရန်အတွက်
“အသက်မွေးလောက်သောအစာကို
အကျွန်ုပ်အား ယနေ့ပေးသနား တော်မူပါ”ဟု
ဆုတောင်းရမည်ဖြစ်သည်။ “သူတစ်ပါးသည်ကျွန်ုပ်တို
့ ကိုပြစ်မှားသောအပြစ်များကို အကျွန်ုပ်သည်
ခွင့်လွှတ်သကဲ့သို့အကျွန်ုပ်အပြစ် ကိုခွင့်လွှတ်တော်မူပါ”
ဟုတောင်းခြင်းသည် ဘုရားသခင်ထံ
ကျွန်ုပ် အပြစ်များဝန်ချတောင်း ပန်ရန်နှင့် အပြစ်တရားကို
 စွန့်ပစ်ရန် ဖော်ပြလိုခြင်းဖြစ်သည်။ ၄င်းအပြင် ဘုရားသခင်က
 ကျွန်ုပ်တို့ကိုခွင့်လွှတ်သည့် နည်းတူ ကျွန်ုပ်တို့ သည်လည်း
အခြားသူများကိုခွင့်လွှတ်ရမည် ဖြစ်သည်။
 “အပြစ်သွေးဆောင်ရာသို့မလိုက်မပါစေဘဲမကောင်းသော
အမှုအရာမှလည်း ကယ်နှုတ်တော်မူပါ”ဆုတောင်းခြင်းသည်
 အပြစ်တရား အပေါ် အောင်မြင်ခြင်းရရှိရန်
 တောင်းဆိုးခြင်းဖြစ်ပြီး နတ်ဆိုးဝိညာဉ်ဆိုးများ၏
တိုက်ခိုက်မှုမှ ကာကွယ်ရန်တောင်း လျှောက်ခြင်းဖြစ်သည်။
ထိုကြောင့် ပဌနာတော်ကို အလွတ်ကျက်ကာ ဘုရားသခင်ထံရွတ်ရန် အတွက်မဟုတ်ပေ။ကျွန်ုပ်တို့သည်မည်ကဲ့သို့ဆုတောင်းရမည်ကို
လမ်းပြပေးသောဥပမာဖြစ်သည်။ပဌနာတော်ကို
အလွတ်ကျက်ခြင်း၌မှားယွင်းမှုရှိသလား။မရှိပေ။
ပဌနာတော်အားဖြင့် ဘုရားသခင်ထံတော်သို့ဆုတောင်းလျှင် မှားယွင်းခြင်းရှိမည်လား။မရှိပေ။သို့သော်မိတ်ဆွေ
စိတ်ထဲတွင် ရှိသော စကာလုံးများသည်
တကယ်အစစ်အမှန်ဖြစ်ဖို့လိုအပ်သည်။ မှတ်သားစရာတစ်ခုသည်
 ဘုရားသခင်သည် လှပသောစကားလုံး များမြွက်ဆိုကာ
ဆု တောင်းခြင်းထက် သူနှင့်ဆက်သွယ်ခြင်း၊
ကျွန်ုပ်တို့ နှလုံးသားထဲတွင်
ရှိသောအရာများ မြွက်ဆိုခြင်းကို ပို၍စိတ်ဝင်စားခြင်းဖြစ် သည်။
ဖိလိပ္ပိ ၄း၆-၇ ထဲတွင် “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ
အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်
တကွ ဆုတောင်းပဌနာပြုသော အား ဖြင့်
သင်တို့တောင်းပန်လိုသောအရာတို့ကို ဘုရားသခင်အားကြား
 လျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍
မမှီနိုင်သော ဘုရား သင်၏ ငြိမ်သက်ခြင်းသည်
 ယေရှုခရစ် အားဖြင့်သင်တို့၏စိတ်နှလုံးတို့ကို
 စောင်မလိမ့်မည်”ဟုဖော်ပြထားပါသည်။
“ဖတ်ရှုသူအယောက်တိုင်း အသစ်သော ကောင်းကြီးရှိပါစေ”

(Systematic theology)သည်အဘယ်နည်း။

(Systematic theology)သည်အဘယ်နည်း။
 “စနစ်တကျရှိသော”(systematic) သည် တစုံတခုကို စနစ်တကျထားရှိခြင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ ထိုကြောင့်စနစ်တကျတည်ရှိသောဘုရားသခင်အကြောင်း လေ့လာခြင်း (Systematic theology) ဟုဆိုရာတွင် ဘုရားသခင် အကြောင်းလေ့လာခြင်းရှုထောင့်များကို အဘက်ဘက်မှကြည့်ကာ လေ့လာခြင်းပညာမျိုးဖြစ်သည်။ ဥပမာအားဖြင့်၊ ကျမ်းစာအုပ်အများအ ပြားထဲတွင် ကောင်းကင်တမန်အကြောင်းကို ဖော်ပြထားပါသည်။ ကောင်းကင်တမန်များ အကြောင်းကို မဖော်ပြသောကျမ်းစာအုပ်မရှိပေ။ စနစ်တကျရှိသော ဘုရားသခင်အကြောင်းတွင် သမ္မာကျမ်းစာထဲတွင်ရှိသော ကောင်းကင်တမန်များအကြောင်းကိုရွေးကောက်ကာ၎င်းတို့ကို စနစ်တကျထား ရှိခြင်းဖြစ်သည်။ Angelogy ကောင်းကင်တမန်အကြောင်းလေ့လာ ခြင်းဟုခေါ်သည်။ သမ္မာကျမ်းစာသွန်သင်ချက်များကို စနစ်တကျထားရှိခြင်းကို စနစ်တကျရှိသော ဘုရားသခင်အ ကြောင်းလေ့လာခြင်းပညာဖြစ်သည်။ Theology proper or Paterology သည် မည်းတော်ဘုရားသခင်အကြောင်းလေ့လာခြင်းပညာဖြစ်သည်။ Christology သည် သခင်ယေရှု ခရစ်တော်အကြောင်းလေ့လာခြင်းပညာဖြစ်သည်။ Pneumatology သည် သန့်ရှင်းသောဝိညာဉ် တော်အကြောင်းလေ့လာသောပညာဖြစ်သည်။ Bibliology သည် သမ္မာကျမ်းစာအကြောင်းကို လေ့လာသောပညာဖြစ်သည်။ Soteriology သည် ကယ်တင်ခြင်းအကြောင်းလေ့လာသောပညာ ဖြစ်သည်။ Ecclesiology သည် အသင်တော်အကြောင်းကိုလေ့လာခြင်းပညာဖြစ်သည်။ Eschatology သည် နောက်ဆုံးသောအချိန်ကိုလေ့လာခြင်းပညာဖြစ်သည်။ Angelology သည် ကောင်းကင်တမန်အကြောင်းကိုလေ့လာခြင်းပညာဖြစ်သည်။ Christian Demonology သည် ခရစ်ယာန်ရှုထောင့်မှနတ်ဆိုးများအကြောင်းကိုလေ့လာခြင်းပညာဖြစ်သည်။ Christian Anthropology သည် ခရစ်ယာန်များရှုထောင့်မှလူသားများအကြောင်းကိုလေ့လာခြင်းပညာဖြစ် သည်။ Hamartiology သည် အပြစ်အကြောင်းကိုလေ့လာခြင်းပညာဖြစ်သည်။ ထိုကြောင့် Systematic Theology သည် သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသော သွန်သင်ချက်များသိရှိနား လည်နိုင်ရန်အတွက် မီးမောင်းထိုးပြပေးသော ပညာရပ်တစ်ခုဖြစ်သည်။ ထပ်မံဖော်ပြရလျှင် အခြားသောသီအိုလော်ဂျီများကိုလည်း အခြားသောနည်းလမ်များစွာ တို့ဖြင့် ပိုင်းခြားနိုင်ပါသည်။ Biblical Theology သည် သမ္မာကျမ်းစာအကြောင်းရေးသားထားသော စာအုပ်များကိုလေ့လာခြင်းနှင့် သူတို့၏အမြင်များမအမျိုးမျိုးတို့ကိုအထူးပြုဖော်ပြထားခြင်းဖြစ် သည်။ ဥပမာအားဖြင့်၊ ရှင်ယောဟန်ခရစ်ဝင်ကျမ်းသည် ခရစ်တော်၏ဘုရားဖြစ်ခြင်းအကြောင်းများ ကိုအဓိကထားဖော်ပြထားသောကြောင့်ခရစ်တော်နှင့်ပတ်သက်သောစာစောင်ဖြစ်သည်(ယောဟန် ၁း၁၊ ၁၄၊ ၈း၅၈၊ ၁၀း၃၀၊ ၂၀း၂၈)။ Historical Theology သည် ခံယူချက်အကြောင်းများကိုလေ့ လာခြင်းနှင့် ၄င်းကိုခရစ်ယာန်သမိုင်းတွင် မည်ကဲ့သို့တိုးတက်လာကြောင်းကိုဖော်ပြပေးသော ပညာရပ်ဖြစ်သည်။ Dogmatic Theology သည် စနစ်ကျသောခံယူချက်ရှိသောခရစ်ယာန်အချို့တို့ ၏ခံယူချက်ကိုလေ့လာခြင်းဖြစ်သည်။ ဥပမာ- Calvinistic theology နှင့် dispensational theology တို့ဖြစ်သည်။ Comtemporary theology သည် ယခုမျက်မှောက်ကာလတွင်ဖြစ်ထွန်း တိုးတက်လျက်ရှိသော ခံယူချက်များကို လေ့လာခြင်းဖြစ်သည်။ မည်သည့်သီအိုလျော်ဂျီပညာကို လေ့လာနေပါစေ သီအိုလျော်ဂျီအကြောင်းလေ့လာခြင်းသည်အလွန်အရေးကြီးသည်။

October 28, 2014

လာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့ ကမ္ဘာဂြိုလ်တခုလုံး အမှောင်ဖုံးမည်

လာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့ကနေ ၂၂ ရက်နေ့တွေမှာ ကမ္ဘာဂြိုလ်တခုလုံး အမှောင်လုံးလုံး နီးပါး ကျရောက်မှာဖြစ်ပြီး ဒါဟာ နေလုံးမှာ နေမုန်းတိုင်းတခုဖြစ်ပေါ်မှာကြောင့် လို့ နာဆာက ဆိုထားတာကို  သတင်းတပုဒ်မှာ ရေးထားပါတယ်။ အဲဒီ ဝက်ဆိုက်မှာ NASA Confirms Earth Will Experience 6 Days of Total Darkness in December 2014! ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတာ စိတ်ဝင်စားစရာပါဘဲ။ နေမုန်တိုင်းကြောင့် ဖုန်တွေ၊ အပျက် အစီးအပိုင်းအစတွေ လွှင့်ဆင်လာပြီး အဲဒါတွေက နေရောင်ခြည်ရဲ့ ရာခိုင်နှုန်း ၉၀ လောက် ကို တားဆီးပိတ်ကွယ်ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ နာဆာရဲ့ အကြီးအကဲကတော့ ဒီကိစ္စကို ကြေညာချက်ချက် ထုတ်ပြန်ခဲ့ပေမယ့် စိတ်မပူကြဖို့ အေးအေး ချမ်းချမ်းပဲ ဖြစ်မှာ ပါလို့လည်း ပြောပါတယ်။ အခုဖြစ်ပေါ်မယ် နေမုန်တိုင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ဝ လောက်အတွင်းမှာ အကြီးမားဆုံးဖြစ်ပြီး စုစုပေါင်း နာရီပေါင်း ၂၁၆ နာရီကြာမယ်လို့ ဆိုတယ်။ အခုလို ကမ္ဘာကြီးမှာ ၆ ရက်လောက် အမှောင်ဖြစ်သွားဖို့ ရှိပေမယ့် ကြီးမားတဲ့ ပြဿနာ မရှိဘူးလို့လည်း နာဆာ အရာရှိ တဦးက ဆိုပါတယ်။ ဒီသတင်းကြောင့် တချို့ကလည်း ဖယောင်းတိုင်နဲ့ မီးစက်တွေ အဆင်သင့်ပြင်ထားဖို့ ဟာသနှောပြီး ကွန်မန့်တခု ရေးထား ပါသေးတယ်။ မြန်မာပရိသတ်တချို့တော့ မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ခဏခဏ ပျက်တာကြုံနေရဖန်များတော့ အမှောင် မှာနေတာ ကျင့် သား ရနေတဲ့ မြန်မာအတွက်ကတော့ ၆ ရက်လောက် အမှောင်ဖုံးတာ ပြဿနာ မဟုတ်ဘူး လို့ လည်း မှတ်ချက် ရေးတာ တွေ့ရပါတယ်။ 
ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက်ရုတ်ခနဲနေသည် မိုက်လိမ့်မည်။ လသည်အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ထိုအခါ လူသား၏ နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသောဘုန်းတန်ခိုးအာနုဘော် ကိုဆောင်လျက်၊ မိုဃ်းတိမ်ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။ မဿဲ ၂၄း၂၉-၃၀)  ထိုအကြောင်းအရာအလုံးစုံတို့ကို မြင်ရလျှင်လူသားသည်တံခါးဝတိုင်အောင် 
အနီးသို့ရောက်တော်မူသည်ကို သိမှတ်ကြလော့။ မဿဲ ၂၄း၃၃

October 7, 2014

အောက်တိုဘာ (ဂ) ၇က်နေ. လကြတ်မည်(BLOOD MOON)

! အိသရေလလူမျိုးများနှစ်စဉ်ပွဲတော် (ရ)မျိုး !
(ဝတ်ပြုရာကျမ်း၂၃)
 ပသခါပွဲ(Passover)သည်(အိသရေလလူမျိုးအဲက္ကုတုပြည်မှ ထွက်ခါနီး ဖါရောဘုရင်ကို ဘုရားသခင်က စိတ်ခိုင်မာစေပြီး နိမိတ်လဏ္ခာ ၁၀မျိုး ပြခဲ.သည်။နောက်ဆုံး(၁၁)မျိုးမြောက်သိုးသူငယ်အသွေးအား တံခါးတွင်သုတ်စေခြင်းဖြင်. သေမင်းတည်းဟူသော ဖါရောဘူ၇င် လက်မှ လွတ်မြောက်ခဲ.သည်။သိုးသူငယ် အသွေး အားဖြင်. သေမင်းမှလွတ်ခြင်းကို အစွဲပြု၍ ပြုလုပ် သောပွဲ
(ပသခါ)ဖြစ် သည်။                                                    အဲက္ကုတု               = လောက ကို ပုံဆောင်သည်။ 
ဖါရောဘုရင်         = စာတန်    ။         ။
နိမိတ်လဏ္ခာ ၁၀မျိုး=ပညာတ်တော်၁၀ပါး။ ပညာတ်တော်အားဖြင်.ကယ်တင်ခြင်းမရပဲ ခရစ်တော်၏အသွေးတော် အားဖြင်.ကယ်တင်ခြင်းရမည်.အကြောင်း၊ဖြစ်လာသည်။(၁ကော ၅းရ) အိသရေလလူမျိုးများသည် အဲက္ကုတုပြည်မှထွက်ရန် လူထုအစည်းဝေး လုပ်၊ လက်နက်စုဆောင်း၊ နိုင်ငံရေးဟောပြောခြင်း၊ အစာရှောင် ဆုတောင်း မလုပ်ပဲ ဘုရားခိုင်းသည်. သိုးသူငယ်၏အသွေးအားဖြင်. လွတ်လာခဲ.သည်။
ထိုပသခါကျင်းပသည်. ရက်၊လတွင် ခရစ်တော်ကား တိုင်တင်ခြင်း ခံရသည်။(ယော ၁၉း၁၃)
ထိုနည်းတူ အခြားပွဲတော်ဖြစ်သော အာယုမပွဲ။ အဦးသီးသော အသီးချီလွဲပွဲ။ မုန်.နှစ်လုံးပေါင်းပွဲ နှင်.တဲတော်အောက်မေ.ပွဲ (Sukkoth) ၊သန်.ရှင်းသောဝိညာဉ်သွန်းလောင်းခြင်း သည် ပြည်စုံပြီဖြစ်သော်လည်း ကျန်တံပိုးမှုတ်ပွဲ၊ တကေနီပွဲနှင်. သီးနှံရိတ်သိမ်းပွဲသည်ချီဆောင်ခြင်းအပြီး၊ အနှစ် ၁၀၀၀မှပြည်. စုံမည်.ပွဲဖြစ်သည်။ ဘုရားသခင်၏ပြက္ခဒိန်သည် အိသရေလ (အစ္စရေး လူမျိုးဖြစ်သည်ဟု ပြောနိုင်ပါသည်။ လက်ရှိရုရှားနိုင်ငံသည် အိသရေလတိုင်းပြည်ကို အမှုန်.ချေပြီး ကမ္ဘာ.မြေပုံမှဖယ်ရှားချင်သည်။ သူ.လက်အောက်ခံနိုင်ငံဖြစ်စေချင်သည်၊အစ္စရေး၏ရန်သူဟူသမျှ လက်နက်ထောင်ပံ.နေသည်။
ယနေ.ဘုရားသခင်က အိရေလလူမျိုးအတွက်အပြောင်းအလဲ တခုခုလုပ်တော.မည်ဆိုလျှင် နေ၊လ၊ကြယ်ကိုအသုံးပြုပြီးနိမိတ် လဏ္ခာပြ လေ.ရှိသည်ကိုတွေ.ရသည်။ ကယ်တင်ရှင်ဖွါးမြင်မည်. အကြောင်းကိုလည်း ကြယ်ဖြင်.ပြခဲ.သလို အိသရေလူမျိုးအတွက် လိုအပ်ပါကနေ၊ လကိုပင်လျှင်ရပ်စေပါသည်၊(Js10:13) 
 နေနှင်.စကြာဝဠာ အားလုံးကို ဘုရားထိန်းချုပ် ထားသည်ကို နားလည်ရပါသည်။
 ထိုအရာကို သိပံ္ပပညာ၇ှင်တွေကလည်း လက်ခံသည်။ 
(The world’s greatest scientists at NASA confirm that the four blood Moons have happened 3 times in 500 year.And it’s getting ready to happen again starting in april 2014) မှတ်တမ်းအတည်ပြုချက်အရ အနှစ်၅၀၀ခြား လျှက်လကြတ်ခြင်း သုံးကြိမ်ဖြစ် လေ.ရှိသည်။
လကြတ်တယ်ဆိုတာ နေ၊ကမ္ဘာ၊လ တတန်းတည်းကျသည်.အခါ လသည် တခြမ်း(သို.)တခုလုံး အသွေးကဲ.သို. နီမြန်းသော အရောင် အဖြစ်မြင်ရသည်။
ထိုကဲ.သို.လကြတ်ပါက ထူးဆန်းသောပြောင်းလဲမှုဖြစ်လေ.ရှိသည်ကို 
အောက်ပါ NASA မှတ်တမ်းအရသိရှိနိုင်ပြီး ကျမ်းစာကပြောသော အိသရေလလူမျိုးများအပေါ် ဘုရားအလုပ်လုပ်ပုံကိုသိရှိနိုင်ပါသည်။  

PASSOVER ECLIPSE= ပသခါပွဲရက် လကြတ်ခြင်း 
SUKKOT ECLIPSE = တဲတော်ပွဲ၌လကြတ်ခြင်း။ 

AD 32    ~   (PASSOVER ECLIPSE/SUKKOT ECLIPSE) 
AD 33    ~   (CRUCIFIXION) ကားတိုင်တင်ခြင်း 
                   (CRUCIFIXION DARKNESS) 
AD 70    ~    (PASSOVER ECLIPSE) 
AD 70    ~    (SUKKOT ECLIPSE) 
AD 162/163~(PASSOVER / SUKKOT ECLIPSE)

* AD 795/796 (PASSOVER / SUKKOT ECLIPSE)
* AD 842/843 (PASSOVER / SUKKOT ECLIPSE) 
* AD 860/861 (PASSOVER / SUKKOT ECLIPSE) 

> 1493/1494 Jew expelled(စပိန်မှဂျူးးလူမျိုးကို နှင်ထုတ်ခြင်း) 
> 1949/1950 Isreal declared a nation.
> 1967/1968 Six day War.(၆ရက်စစ်ပွဲ)

2014/2015  (ဗိမ္မာန်တော်ပြန်လည်တည်ထောင်ခြင်း)
 Rev 11:1ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများကို
 ယေရှုခရစ်သည် မိမိအစေခံ ကျွန်တို့ အားပြစေခြင်းငှါ၊ ဘုရားသခင်အပ်ပေးတော်မူသော ထိုသခင်၏ဗျာဒိတ်တော်ကို ဆိုပေအံ့၊ ထိုသခင်သည် မိမိကောင်းကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော် အရိပ်ကို ပြတော်မူ၏။ 2ယောဟန်သည်လည်းဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်
 ယေရှုခရစ်၏ သက်သေခံတော်မူချက် ကို၊ မြင်သမျှအတိုင်း သက်သေခံ၏)
* 2014.04.15 PASSOVER ECLIPSE 
* 2014.10.8 SUKKOT ECLIPSE 
* 2015.3.20 A NEW YEAR FOR KINGS
* 2015.04.04 PASSOVER ECLIPSE
* 2015.09.08 SUKKOT ECLIPSE 
* 2015.10.13 FEAST OF TRUMPETS
(မာကု ၁၃း၂၃ သင်တို့သည်သတိပြုကြလော့၊ထိုအကြောင်းအရာ
ရှိသမျှကို ငါပြောနှင့်ပြီ။ 
၂၄ ထိုကာလ၏ ဒုက္ခဆင်းရဲခြင်း နောက်မှနေသည် မိုက်လိမ့်မည်။ လသည်အရောင်မပေး။၂၅ ကောင်းကင် ကြယ်တို့သည် ကျကြလိမ့်မည်။ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။) 
 လုကာ ၂၁း၂၅   ထိုအခါ၊ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုပ္ပနိမိတ်ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်းလူအမျိုးမျိုး 
မငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်း၊သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊ ၂၆ မြေကြီးပေါ်မှာဖြစ်လတံ့သော ဘေးများကိုမြော်၍ ကြောက်လန့် သဖြင့်၊ လူများတို့၏အသက်ဆုံးခြင်းအမှုအရာ တို့သည် ဖြစ်ကြ လိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်တန်ခိုးတို့ သည်တုန်
လှုပ်ကြ လိမ့်မည်။ 
၂၇ ထိုအခါလူသားသည် ကြီးစွာသောဘုန်းတန်ခိုး အာနုဘော် ကို ဆောင်လျက်၊ မိုဃ်းတိမ်ကိုစီး လျက် ကြွလာသည် ကို မြင်ရကြ လိမ့်မည်။
 ၂၈ ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊သင်တို့ကို
 ရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့်
 မြော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။ 
၃၆ ထိုကြောင့် သင်တို့သည် ဖြစ်လတံ့သောအမှုအရာတို့နှင့်
 ကင်းလွတ်၍လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သော သူဖြစ်သည် ဟု မှတ်တော်မူမည်အကြောင်း၊အစဉ်ဆုတောင်းလျက်
 စောင့်နေကြလော့ ဟု မိန့်တော်မူ၏။ 
၁သက် ၅း ၉ အမျက်တော်ကို ခံစေခြင်းငှါ
ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည်မဟုတ်။
 ငါတို့သခင်ယေရှုခရစ် အားဖြင့် ကယ်တင်ခြင်းကို ခံရစေခြင်းငှါ ခန့်ထားတော်မူ၏။
ဘုရားသခင် အယောက်တိုင်းကို ကောင်းကြီးပေးပါစေ။ ( နေ.ရက်အချိန်ကို ရွေးနုတ်ပြီး၊ဝိညဉ်အကင်းပါးသူများ ဖြစ်ကြပါစေ)
 p