ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ထာဝရဘုရားမူကား နှလုံးကို ကြည့် ရှုတတ်သည်။( ၁ရာ၁၆း၇)
တစ်နေ့က ဈေးဝယ်ထွက်စဉ် သူခိုး ဟု အထင်ခံရပြီး၊ တစ်ဖန် သူရဲကောင်းဟု အထင်ခံရပြန်သည်။ စူပါမားကတ်မှအထွက်တွင် ဝန်ထမ်း တစ်ဦးက “ကျေးဇူးပြု၍ ဆရာ၊ ဆရာ့ပစ္စည်းလှည်း ပေါ်မှာ မထုပ်ပိုးရသေးတဲ့ပစ္စည်းတွေ ရှိနေပါ တယ်” ဟုဆိုလာသည်။
အလစ်သမားများက ငွေရှင်းကောင်တာကို မဖြတ်ဘဲ ဤသို့အလစ် သုတ်တတ်ခြင်းကြောင့်ဖြစ်သည်။ သို့သော် ပစ္စည်းက အိပ်ထဲထည့်ပေးရန် ကြီးလွန်းနေခြင်း ဖြစ်ကြောင်းကိုတွေ့မှ ကျွန်တော့်ကို တောင်းပန် ပြီး လိုက်ပို့သည်။ တစ်ဖန် ကားရပ်သည့်နေရာတွင် အမျိုးသမီးတစ်ဦးက ကျွန်တော့်ဦးထုပ်မှရွှေရောင်အဆင်တန်ဆာကိုကြည့်ပြီး စစ်ဦးထုပ် ဟု အထင်မှားကာ “နိုင်ငံကို ကာကွယ်စောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ်” ဟု ဆိုလာသည်။
ဆိုင်ဝန်ထမ်းနှင့် ထိုအမျိုးသမီးတို့သည် ကျွန်တော့်အပေါ် လျှပ်တပြက် ဆုံးဖြတ်ခဲ့ကြသည်။ အခြားသူအပေါ်မြင်မြင်ချင်း ထင်မြင်ချက်ပေး ဆုံးဖြတ်ရန် လွယ်ပါ သည်။ ပရောဖက် ရှမွေလသည် ယေရှဲ၏သားများထဲမှ ဣသရေလဘုရင်ကို ထပ်မံရွေးချယ်ရမည်ဖြစ်ရာ မြင်မြင်ချင်းအမြင်ကို အခြေခံပြီးဆုံးဖြတ်ခဲ့သည်။
သို့သော် သားအကြီးများကို ဘုရားသခင် မရွေးခဲ့ပါ။
“ထာဝရဘုရားက သူ၏မျက်နှာ၊ သူ၏အရပ်ကို မကြည့်မရှုနှင့်” ဟု မိန့်တော်၏ (၁ရာ ၁၆း၇)။ ဘုရင်ပုံမပေါက်သည့် သားအငယ်ဆုံး ဒါဝိဒ်ကို ဘုရားသခင် ရွေးချယ်ခဲ့သည်။ “ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ … ထာဝရ ဘုရားမူကား နှလုံးကိုကြည့်ရှုတတ်သည်” (း၇)။ သူ့အမြင်ဖြင့် လူတို့ကိုကြည့်တတ်အောင် ဘုရားသခင်မစနိုင်ပါသည်။ — Dennis Fisher

No comments:
Post a Comment