ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

November 12, 2014

ကယ်တင်ခြင်းသတင်းကောင်း (၆).

ထာဝရဘု၇ားသခင်၏ နုတ်ကပတ်တော်ကို
မထီမဲ.မြင်ပြုခြင်းဖီဆန်ခြင်းနုတ်တော်ထွက်များကို
 မကြောက်ခြင်း၊စွန်.ပစ်ခြင်း၊ သူ.ထံတော်မှ
ထွက်သွားခြင်းဆန်.ကျင်ခြင်းအားလုံးသည်
ထာဝရဘုရား သခင်၏ ရန်သူများသာလျှင်ဖြစ်ကြောင်း
များစွာသောကျမ်းချက်အရသိရ ပါသည်။
လူသားတိုင်းသည် ကြိုးစားစရာမလိုပဲ
အလိုလိုနေရင်း အိပ်သည်ဖြစ်စေ၊ နိုးသည်ဖြစ်စေ
လုပ်လေ.လုပ်ထရှိသောအရာ၂ခုသည်
အသက်ရှူခြင်းနှင်. တွေးတော ခြင်းဖြစ်သည်။
အိမ်မက်ထဲထိပင်လျှင် နေ.ခင်း၌လုပ်ဆောင်ချက်များကို
 ပြန်လည်တွေးပြီးယောင်တတ်သည်။
 ကောင်းသော အရာထက် မကောင်းသောများကို
ပိုမိုတွေးတောဆင်ခြင်လေ. ရှိတတ်ပါသည်။
အဓိကအကြောင်းရင်းသည် ဘုရားပြောသောစကား၊
နုတ်တော်ထွက်ကို အာမင်း(YES)ဟု လက်မခံနိုင်ပဲ
မိမိ အသိဥာဏ် ဦးနှောက်သေးသေးလေးကို
အားကိုးပြီး ဖြစ်နိုင်မဖြစ်နိုင်၊သဘာဝကျ၏၊မကျ၏၊
မလက်ခံနိုင်ဟု တွေးတတ်ပါသည်။
Rm 5:10,2cor5:18-20 တွင် ဘုရား၏
ရန်သူဖြစ်ကြောင်းဖေါ်ပြခြင်း ကိုတွေ.ရသည်။
ထိုကဲ.သို.သော ဘုရား၏ရန်သူဖြစ်ခြင်းဆင်ခြင်မှုကို
အပေါ်ယံကြိုးစားခြင်း ဖြင်.မဖြေရှင်းနိုင်ပါ။
 မြက်ပင်ကိုအပေါ်ယံသာခုတ်၍မရသကဲ.သို.
အမြစ်ပါမကျန်ခုတ်ထွင်ရန် အလွန်အရေးကြီးပါသည်။
ဥပမာပေးရန်အတွက် “သူပုန်” ဆိုသည်.စကားသည်
အသင်.တော်ဆုံး ဖြစ်သည်။ (ထို သူပုန်ဆိုသည်.စကားကို
သူတို.နိုင်ငံမှာ မရှိလို. လူဖြူ တော်တော်များက
သိပ်ပြီးနားမလည်ကြပါ)။အစိုးရ၏အမိန်.အာဏာဖီဆန်ပြီး
 အစိုးရအုပ်စိုးခြင်းပရဝဏ်မှ ထွက်သွားသူများကို
 သောင်းကျန်းသူ(သူပုန်)ဟုတိုင်းနိုင်ငံအသီးသီးက
 ခေါ်ဝေါ်သမုတ်ပါသည်။ မြန်မာပြည်တွင်လည်း
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ.အားလုံးသည်
 တိုင်းပြည်ကိုအုပ်စိုးသူအစိုးရ၏အုပ်ချုပ်မှု(King dominion )ကို
ဆန်.ကျင် ဖီဆန်ကြသောကြောင်.အစိုးရက
သောင်းကျန်းသူ(သူပုန်) အဖြစ်သတ်မှတ်ပါသည်။
သူတို.ကိုသူတို. ပြည်ချစ်၊မျိုးချစ်၊ရှေ.ပြေး၊
လူမျိုးတွက်သွေးသောက်တပ်၊ကွန်မန်ဒို…စသဖြင်.မည်သို.
အမည်ပေး စေကာမူအစိုးရအမြင်၌ရန်သူသည်ရန်သူပဲ။
ရန်သူလုပ်ဆောင်သမျှ အစိုးရအနေဖြင်. လက်မခံနိုင်ပါ။
ထိုသူပုန်အဖွဲ.သည် ကောင်းသော အလုပ်ဖြစ်သည်.
ဘုရားကျောင်းကန် စေတီပုထိုးများဆောက်ပြီး
လူမျိုးရေးကောင်းကျိုးအတွက် တံတားဆောက်၊
 သောက်ရေကန်တူးပေး၊ ဆေးရုံဆောက်ပေးကြသော်လည်း
အစိုးရအမြင်၌ သူပုန်လုပ်သမျှ လုံးဝလက်မခံ၊
အကောင်းမမြင်သည်သာမက ထိုသူတို.ကို
ကူညီ ထောက်ပံ. မစပြီး ထမင်းတနပ်ကျွေး၊
အလှူတပြားပေးရင်တောင် ထိုသူပုန်ကို
ကူညီရကောင်းလားဆိုပြီး ထောက်ပံ.သူကို အချုပ်ထဲထည်.၊
သတ်ဖြတ်မည်ဖြစ်သည်။(စာရေးသူ ဖခင်ကိုယ်တိုင်
အမှုတော်ဆောင်ဖြစ်သည်.တွက် ယေရှုမေတ္တာဖြင်.
ထိုအဖွဲ.ကို နေ.လည်စာကျွေးဘူးသဖြင်.
(၇)ရက် အချုပ်ဝင်ခဲ.ဘူးသည်)။
အစိုးရအမြင်၌ သူပုန်တစ်ဦးနှင်.လူသတ်သမား၊
မုဒိမ်းမှုကျူးးလွန်သူ၃ဦးကိုတွေ.သော်…
ဘယ်သူကိုအရင်ဖမ်း၊သတ်မည်ထင်သနည်း…??
သူပုန်ကိုအရင်ဖမ်း၊အရင်ရှင်းပစ်ရမည်ဖြစ်သည်။
လူပုဂိုလ်မုန်း ခြင်းမဟုတ်ပဲအာဏာဖီဆန်ခြင်းတည်းဟူသော
သူပုန်ဖြစ်ခြင်းအပေါ်၌ အစိုးရကအဆုံးဖြတ်ပေးခြင်းဖြစ်သည်။
ထိုသို.အစိုးရ၏ ရန်သူမှလွတ်ခြင်းရယူလိုပါကစစ်ပြေငြိမ်းဖို.
လက်နက်ချ၊၊လက်မြောက်၊အလင်းဝင်ခြင်းသာတခုတည်းသာ လမ်းရှိပါသည်ယနေ.ယေရှုခရစ်၏ရန်သူဖြစ်သောသင်နှင်.
 ကျွန်တော်သည်(မည်သို.ခရစ်တော်ထံလက်မြောက်မည်ကို
 နောက်နေ.မှလက်ဆက်ဆွေးနွေးပါမည်။)
အောက်ပါကျမ်းစာပိုဒ်များဖတ်ခြင်းဖြင်. ပိုမိုသဘောပေါက်
နားလည်နိုင်မည်.အကြောင်း ဝိညဉ်တော်ဘုရား မစပါစေ။
 ရောမ ၅း၁၀ အကြောင်းမူကား၊ ရန်သူဖြစ်လျက်ပင်
ဘုရားသခင်၏သားတော်အသေခံတော်မူခြင်းအားဖြင့်၊
ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း
 ကျေးဇူးတော်ကို ခံရသည်မှန်လျှင်၊ မိဿသစာယဖွဲ့ပြီးမှ၊
အသက်တော်အားဖြင့် ကယ်တင်တော်မူခြင်းသို့
 ရောက်မည်ဟုသာ၍ မျှော်လင့်စရာရှိ၏။
 ကောလောသဲ၁း၂၁အထက်က ဘုရားသခင်နှင့်
ကွာရှင်း၍၊ ဆိုးညစ်သောအကျင့်ကို ကျင့်သဖြင့်
စိတ်နှလုံး၌ ရန်သူဖြစ်သော သင်တို့ကို၊
ကိုယ်ခန္ဓွာတော်၌ အသေခံတော်မူသောအားဖြင့်၊
ယခုမိဿဟာယ ဖွဲ့စေတော်မူ၏။
 ရောမ ၈း၇ အဘယ်ကြောင့် နည်းဟူမူကား၊
ဇာတိပကတိ စိတ်သဘော သည်ဘုရားသခင်နှင့်
ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရားသခင်၏ တရားတော်
 အလိုသို့မလိုက်တတ်။ ထိုမျှမကမလိုက်နိုင်။
 ရောမ၁၁း၂၈ သူတို့သည် ဧဝံဂေလိတရားအားဖြင့်မူကား
သင်တို့အကြောင်းကြောင့် ရန်သူဖြစ်ကြ၏။
 ရွေးကောက်တော်မူခြင်းအားဖြင့်မူကား၊
ဘိုးဘေးများအကြောင်းကြောင့် ချစ်သူဖြစ်ကြ၏။
ဖိ၃း၁၈ ခရစ်တော်၏ လက်ဝါးကပ်တိုင်ကို 
ရန်ဘက်ပြု၍ကျင့်သောသူအများရှိကြ၏။
လု ၁း၇၁ မိမိလူမျိုးကိုအကြည့်အရှုကြွလာလျက်
 ရွေးနှုတ်ခြင်းကျေးဇူးကို ပြုတော်မူ၍၊ငါတို့ကို
 ရန်သူလက်မှ၎င်း၊ မုန်းသော သူရှိသမျှတို့လက်မှ၎င်း
ကယ်လွှတ်မည်အကြောင်း၊ကယ်လွှတ်ခြင်းဦးချိုကို
မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို့အား ပေါ်ထွန်းစေတော်မူပြီ။
 Luk 1:74 We have been rescued from
our enemies so we can serve God without fear,
လု ၁၉း၂၇ ငါ၏အအုပ်အချုပ်ကို မခံလိုသော
ငါ့ရန်သူတို့ကို ခေါ်ခဲ့ကြ။ ငါ့ရှေ့မှာသတ်ကြဟု
 စီရင်တော်မူသည်ဟု မိန့်တော်မူ၏။
 ယေရမိ ၁း၁၃ (ထာဝရဘုရားကို စွန်.ပစ်)
 ယေရမိ၁း၁၇( ထာဝရဘုရားကို စွန်.ပစ်)
ယေရမိ၁း၁၉( ထာဝရဘုရားကိုမကြောက်)
ယေရမိ၁း ၃၂( ထာဝရဘုရားကို မေ.လျှော.)

No comments:

Post a Comment