ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

November 12, 2014

ကယ်တင်ခြင်းသတင်းကောင်း(၅)

ကျွန်တော်တို.သည် ကိုယ်ကိုယ်ကိုဘယ်လောက်ထိ
ကောင်းတာလုပ်ပြီး၊အကောင်းဆုံး 
အသက်ရှင်ပြသည်ထားအုံးတော.
ဘုရားသခင်၏အမြင်နှင်.လူ.အမြင်မတူ ခြားနားပါသည်။
လူသည်မည်မျှပင်ကောင်းသောအရာများကိုလုပ်စေကာမူ ဘုရားသခင်.အမြင်၌အောက်ပါအတိုင်းမြင်ပါသည်။
မာကု ၂:၁၇ ယေရှုသည် ကြားတော်မူလျှင်၊
ကျန်းမာသောသူတို့သည်ဆေးသမားကိုအလိုမရှိကြ။
နာသောသူတို့သာလျှင် အလိုရှိကြ၏။
 ဖြောင့်မတ်သောသူတို့ကို နောင်တသို.
ခေါ်ခြင်းငှါ ငါလာသည်မဟုတ်၊ဆိုးသောသူတို့ကို
 ခေါ်ခြင်းငှါ ငါလာသတည်းဟုမိန့်တော်မူ၏။
မာကု ၇:၂၃ ဤဆိုးညစ်သောအရာများတို့သည်
အတွင်းမှထွက်လာ၍လူကို
ညစ်ညူးစေကြသည်ဟု မိန့်တော်မူ၏။
ရောမ ၁:၂၁ အကြောင်းမူကား၊ထိုသူတို့သည်
ဘုရားသခင်ကို သိလျက်ပင်၊ ဘုရားသခင်ကို 
ချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း၊
 ကျေးဇူးတော်ကိုလည်းမသိမမှတ်၊အချည်းနှီးတွေးဆခြင်း၊ 
သတိမရှိသောစိတ်နှလုံးမိုက်မဲခြင်းသို့ ရောက်ကြ၏။ 
၎ ထိုကြောင့် သူတို့သည် မိမိတို့ကိုယ်ကာယ၏ 
အသရေကို အချင်းချင်းရှုတ်ချမည်အကြောင်း၊ 
ဘုရားသခင်သည် သူတို့ကို သူတို့၏ 
ကိလေသာစိတ်ညစ်ညူးခြင်းလက်သို့ အပ်လိုက်တော်မူ၏။
ရောမ ၇:၂၁ ထိုသို့ကောင်းသော အကျင့်ကို 
ငါကျင့်ချင်သောခါ၊ မကောင်းသောအကျင့်ကို 
ကျင့်စေတတ်သောတရားကို ငါတွေ့၏။
 ဟေရှာ ၁: ၂ ထာဝရဘုရား မိန်၌တော်မူသည်ဖြစ်၍၊ 
အိုကောင်းကင်၊ ကြားလော့၊အိုမြေကြီး၊နားထောင်လော့။ 
မိန့်တော်မူချက်ဟူမူကား၊ ငါကျွေးမွေးပြုစုသော 
သားသမီးတို့သည် ငါ့ကိုပုန် ကန်ကြပြီ၊၊ 
၃ နွားသော်လည်း မိမိအရှင်ကိုသိ၏၊၊
 မြည်းသော်လည်းမိမိသခင်၏ မြင်းဇောင်းကိုသိ၏၊၊ 
ဣသရေလအမျိုးသားတို့မူကား ငါ့ကိုမသိကြ၊၊ 
ငါ၏လူမျိုးမူကား၊ မဆင်ချင် တတ်ပါတကား၊၊ 
၎ ဆိုးယုတ်သော အမျိုး၊ဒုစရိုက်ဝန်ကို 
ထမ်းရွက်သောလူစု၊မတရားသဖြင့်
 ပြုသောအနွှယ်၊ ဖောက်ပြန် သောသားသမီးပါတကား၊၊ 
ထာဝရဘုရားကို စွန့်ကြပြီ၊၊ဣသရေလအမျိုး၏သန့်ရှင်းသော 
ဘုရားကိုမရိုမသေပြု၍ပယ်ကြပြီ၊၊ကျောခိုင်း၍ခွာသွားကြပြီ၊၊ 
 ၅ သူတို့ကို အဘယ်သို့ ဒဏ်ပေးရဦးမည်နည်း၊၊ 
အဘယ်သို့ ထပ်၍ဆုံးမရဦးမည်နည်း၊၊ဦးခေါင်းသည် 
အနာသက်သက်ရှိ၏၊၊နှလုံးသည်လည်းခွန်အားအလျှင်းမရှိ။ 
၆ ခြေဘဝါးမှသည်ဦးခေါင်းတိုင်အောင်ကျန်းမာခြင်းမရှိ။ 
စုတ်ရှသောအနာ၊ထိခိုက်၍ ရောင်သောအနာ၊ 
ရိယွဲသောအနာ သက်သက်ရှိ၏။ 
ထိုအနာများကို မနှိပ်မနယ်ရ၊၊အဝတ်နှင့်မစည်းရ၊၊ 
ဘယောင်းဆီနှင့် မပြော့စေရသေး၊
ဟေရှာယ၆:၁၀သူတို့မျက်စိမမြင်၊နားမကြား၊ 
စိတ်နှလုံးမသိ၊အကျင့်မပြောင်းလဲ၊
သူတို့အနာရောဂါကိုငါမငြိမ်းစေရသည်တိုင်အောင်၊ 
သူတို့ စိတ်နှလုံးကို မိုက်စေလော့၊၊ 
သူတို့နားကိုလည်း ထိုင်းစေလော့၊၊ 
သူတို့မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ၏။
ဆာလံ၅၁:၅ အကျွန်ုပ်သည်မွေးစကပင် 
အပြစ်ပါလျက်ရှိပါ၏၊၊အမိဝမ်းထဲမှာ 
ပဋိသန္ဒေယူစဉ်ပင် အပြစ်စွဲပါ၏၊ 
 JR 17:9 စိတ်နှလုံးသည်ခပ်သိမ်းသောအရာထက်
စဉ်းလဲတတ်၏။အလွန်ယိုယွင်းသော 
သဘောရှိ၏။စိတ်နှလုံးသဘောကို 
အဘယ်သူသိနိုင် သနည်း။
JR 16:12အခြားတပါးသော ဘုရားနောက်သို့ 
လိုက်လျက်၊ဝတ်ပြုကိုးကွယ် သဖြင့် 
ငါ့ကိုစွန့်ပစ်၍၊ ငါ့တရားကိုမစောင့်သောကြောင့်၎င်း၊ 
ဘိုးဘေးကျင့်သောအကျင့်ထက်၊သင်တို့သည် 
သာ၍ဆိုးသော အကျင့်ကိုကျင့်သဖြင့်၊
 ငါ့စကားကို နားမထောင်၊ မိမိတို့ဆိုးသော စိတ်နှလုံး၊ 
ခိုင်မာသော သဘောသို့လိုက်သောကြောင့်၎င်း၊ 
 ၁၃ သင်တို့နှင့် သင်တို့၏ဘိုးဘေးမသိသော ပြည်သို့ 
ဤပြည်ထဲကသင်တို့ကို ငါနှင်လိုက်မည်။ 
ထိုပြည်၌ သင်တို့သည် ငါ၏ကျေးဇူးကိုမခံရ။ 
အခြားတပါးသော ဘုရားတို့ကို နေ့ညဥ့်မပြတ် ဝတ်ပြုရကြမည်။
GEN: ၅ မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ 
သူ၏စိတ်နှလုံး အကြံအစည် ရှိသမျှတို့သည် 
အစဉ်မပြတ် ဆိုးညစ်ခြင်း သက်သက်ရှိကြောင်းကို၊ 
ဘုရားသခင် သိမြင်တော်မူလျှင်၊ 
၆ မြေကြီးပေါ်မှာ လူကိုဖန်ဆင်း တော်မူသည်ကို
 နောင်တရ၍၊ နှလုံးတော် ပူပန်လျက်ရှိတော်မူ၏။
GEN 8:21လူတို့သည် ငယ်သောအရွယ်မှစ၍၊
 စိတ်နှလုံးအကြံအစည် ဆိုးကြ၏။
PS 53: ၁ ဘုရားသခင် မရှိဟု မိုက်သောသူသည်
 ထင်တတ်၏၊၊ ထိုသို့သော သူတို့သည်
 ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ် ဘွယ်သော 
ဒုစရိုက်ကို ပြုတတ်ကြ၏၊၊ ကောင်းသောအမှုကို
 ပြုသော သူတယောက်မျှ မရှိ၊ 
၃ လူအပေါင်းတို့သည် ဆုတ်သွားကြပြီ၊၊
 တညီတညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်း ရှိကြ၏၊
၊ကောင်းသောအကျင့်ကို ကျင့်သော သူမရှိ၊၊ 
တယောက်မျှမရှိ။ 
PR 28:26 မိမိစိတ်နှလုံးကို ကိုးစားသောသူသည်
 လူမိုက်ဖြစ်၏။ ပညာသတိနှင့်ကျင့်သောသူမူကား၊
 ဘေးလွတ်တတ်၏။
Ecc ၉:၃ နေအောက်မှာ ပြုသမျှသော အမှု၌
 ပါသောဝမ်းနည်းစရာ ဟူမူကား၊ 
ခပ်သိမ်းသောသူတို့သည် တခုတည်းသောအမှုနှင့်
 တွေ့ကြုံရတက်၏။ အကယ်စင် စစ်လူသားတို့၏ 
စိတ်နှလုံး သည် ဒုစရိုက်သဘောနှင့် ပြည့်၏။ 
အသက်ရှင်စဉ်အခါ၊သူတို့သည်ရူးသောစိတ်ကို 
စွဲလမ်း၍၊ နောက်တဖန် သေသွား တတ်ကြ၏။
 ၄ အသက်ရှင်သော လူစုအပေါင်းနှင့် ဆိုင်သေးသောသူသည်
 မြော်လင့်စရာရှိ၏။ အသက်ရှင် သောခွေး သည်
 သေသောခြင်္သေ့ ထက်သာ၍ ကောင်းမြတ်၏။
MT ၁၅:၁၉ မကောင်းသောကြံစည်ခြင်း၊ 
လူအသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ 
မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ 
မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကို 
ဖျက်ခြင်း အရာတို့သည် နှလုံးထဲကထွက်လာ၍၊ 
၂၀ လူကိုညစ်ညူးစေသောအရာဖြစ်ကြ၏။
MT ၇:၂၁ သခင်၊ သခင် ဟုငါ့ကိုလျှောက်သော 
သူတိုင်း ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။
 ကောင်းကင် ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏ 
အလိုကို ဆောင်သောသူသာလျှင်ဝင်ရလိမ့်မည်။
 HB ၃:၁၂ ညီအစ်ကိုတို့၊ သင်တို့သည် 
အသက်ရှင် တော်မူသော ဘုရား သခင့်ထံ တော်မှ 
ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ 
ဆိုးညစ်သောစိတ်နှလုံး မရှိစေခြင်းငှါ သတိပြုကြလော့။
 ၁၃ ဒုစရိုက်၏ လှည့်ဖြားခြင်းအားဖြင့် 
သင်တို့စိတ်နှလုံးမခိုင်မာစေခြင်းငှါ၊ 
ယနေ့ဟူ၍ ခေါ်ဝေါ်သောအချိန်၊ နေ့တိုင်းအစဉ် 
အချင်းချင်း တယောက်ကိုတယောက် တိုက်တွန်းနှိုးဆော်ကြလော့။

No comments:

Post a Comment