ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

November 15, 2014

ကင်တင်ခြင်း သတင်းကောင်း (၁၀)

(ကိုယ်စားပြု အပြစ်ကြွေးပေးဆပ်၊ကျေအေးခြင်း)
ကိုယ်စားပြုပြစ်ကြွေးပေးဆပ်ခြင်းသည်
သခင်ယေရှုခရစ်တော် အပြစ်သားများအတွက်
ကိုယ်စားပြုအသေခံခြင်းကို ဆိုလိုသည်။
လူသားအားလုံးသည် အပြစ်သားများဖြစ်ကြသည်
(ရောမ ၃း၉-၁၈-၂၃) ဟုဖော်ပြထားပါသည်။
ကျွန်ုပ်တို့၏အပြစ်အခကား သေခြင်းဖြစ်သည်။
 ရောမ ၆း၂၃“အပြစ်၏အခကား၊သေခြင်းပေတည်း။
ဘုရားသခင်ပေးသနားတော်မူသောဆုကျေးဇူးတော်ကား၊
ငါတို့သခင်ယေရှုခရစ်အားဖြင့်ထာဝရအသက်ပေတည်း
ဟုဖော်ပြထားပါသည်။ ဤကျမ်းပိုဒ်က
သွန်သင်စရာများစွာရှိပါသည်။ ခရစ်တော်မရှိလျှင်၊
ကျွန်ုပ်တို့သည် သေသောအခါမိမိအပြစ်တရားအားဖြင့်
ငရဲမီးအိုင်ထဲတွင် ထာဝရနေရမည်ဖြစ်သည်။
သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသောသေခြင်းသည်
 “ခွဲခွါခြင်း”ဖြစ်သည်။လူသားအားလုံးအသေခံရမည်။
 အချို့သောသူများသည် ဘုရားသခင်နှင့်
အတူကောင်းကင်နိုင်ငံတွင်ထာဝရနေရကြမည်ဖြစ်သည်။
အချို့သောသူများမူကား၊ငရဲမီးအိုင်ထဲတွင်ထာဝရနေရမည်။
ဤနေရာတွင်ဖော်ပြထားသောသေခြင်းသည်
ငရမီးအိုင်ထဲတွင် အသက်ရှင်ခြင်းဖြစ်သည်။
သို့သော်၊ ဒုတိယအနေဖြင့်ဤကျမ်းပိုဒ်သွန်သင်သော
အရာသည် သခင်ယေရှုခရစ်တော်အားဖြင့်
ထာဝရအသက်ရရှိ ခြင်းဖြစ်သည်။ ၄င်းသည်
အပြစ်တရားအတွက်၊ကိုယ်စားပြုအသေခံအပြစ်ကြွေးပေး
 ဆပ်ခြင်းဖြစ်သည်။သခင်ယေရှုခရစ်တော်သည်
ကားတိုင်တော်ပေါ်တွင် အသေခံသောအခါ
ကျွန်ုပ်တို့ကိုယ်စားအသေခံခဲ့ခြင်း ဖြစ်သည်။
ကျွန်ုပ်တို့သည် အပြစ်သားဘ၀ဖြင့်အသက်ရှင်သော
သူများဖြစ်ကြသောကြောင့် ကားတိုင်ပေါ်တွင်
အသေခံထိုက်သောသူများဖြစ်ကြသည်။ သို့သော်
ခရစ်တော်သည် ကျွန်ုပ်တို့နေရာတွင်
ကျိန်ခြင်းအမင်္ဂလာကို ခံခဲ့သည်။ သူသည်
ကျွန်ုပ်တို့ကိုယ်စားအသေခံခဲ့၍ ကျွန်ုပ်တို့နှင့်
ထိုက်တန်သောအရာများကို သူယူဆောင်သွားခဲ့သည်။
 “အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည်
အပြစ်နှင့်ကင်းလွတ်သောသူကို ငါတို့အတွက်ကြောင့်
အပြစ်ရှိသောသူဖြစ်စေတော်၏။ အကြောင်းမူကား၊
 ငါတို့သည် ထိုသူအားဖြင့်၊ ဘုရားသခင့်ရှေ့တော်၌
 ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း(၂ကော ၅း၂၁)။
 “ငါတို့သည် အပြစ်နှင့်ဆိုင်သောအရာ၌ အသေဖြစ်၍၊
 ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည်အကြောင်း၊
ငါတို့အပြစ်များကို ကိုယ်တော်တိုင်သစ်တိုင်မှာခံတော်မူပြီ။
ဒဏ်ချက်တော်များအားဖြင့် သင်တို့သည်
 အနာပျောက်လျက်ရှိကြ၏(၁ပေ ၂း၂၄)။
ဤကျမ်းပိုဒ်ထဲတွင် ခရစ်တော်သည် ကျွန်ုပ်တို့ပြုခဲ့သော
အပြစ်များအ တွက် ပြစ်ကြွေးများကို ပေးဆပ်
ကြေအေးစေကြောင်းကို တဖန်တွေ့ရှိနိုင်ပါသည်။
ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့်အသေသတ်ခြင်းကို
ခံ၍၊ ၀ိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့
 ရောက်တော်မူသည်ဖြစ်၍ ငါတို့ကို ဘုရားသခင့်
အထံတော်သို့ ပို့ဆောင်ခြင်းငှါ၊ ဖြောင့်မတ်တော်မူသော
သူသည် မဖြောင့်မတ်သောသူတို့အတွက်
 ဒုစရိုက်အပြစ်များကြောင့် တခါခံတော်မူ၏(၁ပေ ၃း၁၈)။
ဤကျမ်းပိုဒ်များက ခရစ်တော်သည်ကျွန်ုပ်တို့အတွက်ကြောင့်
အသေခံခဲ့သည်ဟုဖော်ပြသည် သာမက သူသည်
ပူဇော်ခြင်းခံရသောယဇ်ကောင်ဖြစ်ကြောင်း၊ သူသည်
 အပြစ်သားများအတွက် ပြစ် ကြွေးများအားလုံး
 ပေးဆပ်ကျေအေးစေခဲ့ကြောင်းဖော်ပြထားပါသည်။
 ခရစ်တော်သည် ကိုယ်စားပြုအပြစ်ကြွေးပေးဆပ်ရန်
အသေခံသည်ဟုဖော်ပြသောကျမ်းပိုဒ်တစ်ခုသည်
 ဟေရှာယအနာဂတ္တိကျမ်း ၅၃း၅ ဖြစ်သည်။
 ဤကျမ်းပိုဒ်ထဲတွင် ကျွန်ုပ်တို့အပြစ်အတွက်
အသေခံမည့်ခရစ် တော်ကြွလာမည့်အကြောင်းကို
 ဖော်ပြထားပါသည်။ ထိုပရောဖက်ပြုခြင်းသည်
အလွန်စေ့စပ်သေချာသည်။ ကြိုတင်ပြောကြားချက်အတိုင်း
သခင်ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင်
 အသေခံခဲ့သည်။ “ထိုသူသည် ငါတို့လွန်ကျူးခြင်း
အပြစ်များကြောင့်၊ နာကျင်စွာထိုးခြင်း၊နှိပ်စက်ခြင်းကို
 ခံရလေ၏။ငါတို့၏ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသော
 ဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍ သူခံရသော
ဒဏ်ချက်အားဖြင့် ငါတို့သည်အနာပျောက်လျက်ရှိ၏။”
ကိုယ်စားပြုအသေခံခြင်းကို မှတ်သားရပါသည်။
ဤနေရာတွင် သခင်ယေရှုသည် ကျွန်ုပ်တို့အတွက်
အသေခံခြင်း အားဖြင့်ပြစ်ကြွေးများပေးဆပ်ခဲ့ကြောင်း
 တွေ့ရှိနိုင်ပါသည်။ ကျွန်ုပ်တို့သည် အပြစ်တရား၏
အပြစ်ကြွေးများကို ငရဲထဲသို့ထာဝရပစ်ဒဏ်ခံခြင်းအားဖြင့်
 မိမိကိုယ်ကိုယ်ပေးဆပ်နိုင်ပါသည်။သို့သော်ဘုရားသခင်၏
သားတော်၊သခင်ယေရှုခရစ်တော်သည် ဤလောကသို့ ကြွဆင်း၍ ကျွန်ုပ်တို့၏အပြစ်အတွက် ပြစ်ကြွေးပေးဆပ်ခဲ့သည်။
ကျွန်ုပ်တို့သည် အပြစ်များလွှတ်ငြိမ်းချမ်းသာခြင်းအခွှင့်ရ၍
 ဘုရားသခင်နှင့် ထာဝရနေထိုင်နိုင်ရန်အတွက်
ဘုရားသခင်သည် ဤအမှုကို ပြုခြင်းဖြစ်သည်။
ထိုသို့ဖြစ်နိုင်ရန်အတွက် ကျွန်ုပ်တို့သည်
ခရစ်တော်ပြုခဲ့ပြီးသော ကယ်တင်ခြင်းတရားကို
ယုံကြည်လက္ခံရန် လိုအပ်သည်။ ကျွန်ုပ်တို့သည်
 မိမိကိုယ်ကိုယ် မကယ်တင်နိုင်ကြပေ။ ကျွန်ုပ်တို့ကိုယ်စား
လူတစ်ဦးအသေခံရန် လိုအပ်ကြသည်။ သခင်ယေရှု
ကားတိုင်ပေါ်တွင်အသေခံခြင်းသည်
 ပြစ်ကြွေးပေးဆပ်ကျေအေးစေရန်ဖြစ်သည်။

No comments:

Post a Comment