ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

September 15, 2014

"သင်တို.အလယ်၌"

အဘယ်ကြောင်. တရားဟောရင်း၊ သီချင်းဆိုရင်း၊ သက်သေခံရင်း သူတို. မျက်ရည် ကျနိုင်ပါလိမ်…လို. ငယ်စဉ်က တွေးမိတွေးရာ စဉ်းစား မိတတ်ပါတယ်။ သို.သော် ကျွန်တော်လည်း စင်ပေါ်တက်ပြီး နုတ်ကပတ် တော်ဝေငှဖို. တခါတလေ အားမန်အပြည်. ပြင်ဆင် ခဲ.သော်လည်း ပရိသတ်ထဲမှ နားမထောင်ချင်“ဒါလေးများ- ငါသိပြီးသားပါဆိုတဲ. ငြင်းဆန် ဝေဖန် နေသော ဖါရိရှဲနဲ. သိုးမည်းတွေရဲ. မာနမျက်လုံး တွေမြင် မိတိုင်း”
(ယေရမိ -၃း၁၇ သင်တို့သည် နားမထောင်ဘဲနေလျှင်မူကား၊ သင် တို့မာနကြောင့်၊ငါ့စိတ်ဝိညာဉ်သည် မထင်ရှားသောအရပ်၌ငိုကြွေးမည်) ဆိုသကဲ.သို. ထင်ထင်ရှားရှား စိတ်မကောင်းခြင်း များစွာနဲ. အလိုလို မျက်ရည်ဝဲလာ တတ်ပါတယ်။ သို.သော် အားပေးဆုတောင်း ပေးနေ
 သောမျက်လုံးအစုံ တွေဆီက ခွန်အားတွေအပြည်. ဖြစ်စေတတ်ပါတယ်။ (သင်သည် ဝေဖန်သူမဟုတ်၊ အားပေးတတ်သူဖြစ်ပါစေ)။
 လောကမှာ ကျွန်တော် အကြောက်၊အစိုးရိမ်ဆုံးကတော. ကိုယ်လုပ်သမျှ ကိုယ်. BOSS မသိမှာကို မဟုတ်ပါ ။ကိုယ်ပင်ပန်းသမျှ ကိုယ်.အသင်း သားတွေ မသိမှာထက် ကိုယ်လုပ်နေတာ၊လှူသမျှ ဘုရား အတိအမှတ် မပြုမှာကို အစိုးရိမ်ဆုံးပါ။ ကိုင်းအိန(Cain) ပူဇော်သော ဇစ်ကဲ.သို. ဘုရား လက် မခံမှာကို အကြောက်ဆုံးပါ။ဘုရားက သူ.လူမျိုးတော် အိသရေလ လူမျိုး ဘယ်နေ.၊ ဘယ်ရက်ဘယ်နေရာမှာ နေတယ်ဆိုတာ ကျမ်းစာမှာ အတိကျမှတ်တမ်းတင် ထားသော်လည်း နှစ်ပေါင်း(၁၀၀)နီးပါး သူတို. ဝတ်ပြုသမျှဘုရား စာရင်းထဲမှာ လုံးဝ မမှတ်ထားဘူး။ပျောက်နေတယ်။ ထိုနေ.ရက်ကို အချီးနှီးသော နေ.ရက်ကာလများလို. ပြောပါတယ်။ ထို.နေ.ရက်၊ နှစ်များတွင် အိသရေလလူမျိုးများ ဘုရားကို ပထမဦးစား မပေး၊ မိမိလိုချင်သောပုံစံနှင်. ဗာလဘုရားများကို ကိုးကွယ်သော
 နေ.ရက် တွေဖြစ်တယ်။ ကမ္ဘာဦးကျမ်းမှ ဗျာဒိတ်ကျမ်းအထိကြည်.ပါက ဘုရားသခင်သည် ငါတို.အလယ်၌(Midst) နေလိုသောဘုရားဖြစ်တယ်။ ဘုရားကို ဘေးမှာ၊ ထောင်.မှာ၊ အောက်မှာ ကြိုက်သည်. နေရာမှာထားပြီး ကြိုက်သည်.အချိန် ယူပြီး၊ အသုံးခံသော ဘုရားလုံးဝ မဟုတ်ပါ။ နံပါတ်တစ်၊ ပထမဦးစား ပေးမှာ မထားရင် ဒုတိယနေရာ ဘယ်တော.မှမနေဘူး။ သူ.ကို ပထမထားတဲ.သူတွေဆီကို
 ပြောင်းသွားတယ်။ ကျွန်တော်တို. အလယ်မှာ(သို.) ကျွန်တော်တို. ပထမဦးစားပေးက လူမှုရေး၊ လူမျိုး ဂိုဏ်းဂန၊ပုဂိုလ်အမည်နာမကို အကြောင်းပြပြီး ဝတ်ပြုခြင်းအလယ်၌ ဘုရားလုံးဝ မကျိန်းဝပ်နိုင်မည် မဟုတ်ပါ၊ မနာလိုတတ်သော ဘုရား ဖြစ်ကြောင်းကိုလည်း ကျမ်းစာတွင် မြောက်မြားစွာတွေ.ရတယ်။ဆုတောင်း ခြင်းဖြင်. အစပြုပြီး၊ ဘုရားအကြောင်းပြော၊ဆုတောင်းခြင်းဖြင်. အဆုံးသတ်ပါသော်လည်း ဘုရားအတူပါရှိဖို.အတွက် ထိုအလယ်၌ ယေရှုထား ရှိဖို.လိုပါတယ်။ တိုင်းရင်းသားကျမ်းစာ ဘာသာပြန်ချက်သည် NIV မှ ဖြစ်သော ကြောင်. ရှင်မာသဲ ၁၈း၂၀ တွင် သင်တို. (အလယ်၌) ဆိုသည်. စကား မတွေ.သော်လည်း မြန်မာကျမ်းစာနှင်. KJ/NASB/ASV/ DBY/ AMP/NLT.. version များစွာတွင် “အလယ်(Midst)” ဆိုသည်. အသုံးနှုံန်း ကို သုံးထားပါသည်။ သမ္မာဟောင်းတခုလုံးတွင် Tavek(ဟေဗြဲဘာသာ)၊ အသစ်တွင် Mesos (ဂရိတ်) ဘာသာဖြင်. သုံးသော်လည်း အဓိပါယ်သည်(In the midst / among /between) “အလယ်ဗဟို၊အကြား၌”ဟု ဆိုလိုသည်ကိုတွေ. ရသည်။ “အကြင်အရပ်၌လူနှစ်ဦး သုံးဦးတို့သည် ငါ၏နာမကို ထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။” အလယ်ဆိုသည်.သဘောသည် ကျွန်တော်တို. ယဉ်ကျေးမှု၊ ရှေးဟောင်း အိမ်များ ဆောက်သည်.အခါ အလယ်၌ ထောင်.တိုင် အကြီးဆုံး၊အခိုင်ခံ. ဆုံး ဆောက်ထားလေ.ရှိပါတယ်။မည်သည်.ဘက်မှဝင်သည် ဖြစ်စေ ထိုတိုင်ကို ပထမဆုံးမြင်ရသည်။ထိုသဘောအတိုင်း ယေရှုသည်လည်း အသင်းတော်၏ ထောင်.တိုင်ဖြစ်သင်.သလို၊ ကောင်းကင်၏ပုံရိပ် တဲတော်ကိုCampအလယ်၌ထာဝရဘုရားသည် ကျိန်းဝပ်နေရာယူပါသည်။ ထိုတဲတော်ကို ဆောက်ချင်သလို ဆောက်ခွင်.မပေးပဲ လက်ဝါးကားတိုင် တည်းဟူသော ခရစ်တော်အသေခံခြင်းပုံစံဖြင်. မောရှေကို ဘုရား ကဆောက်ခိုင်းသည်ကို ကြည်.ခြင်းဖြင်. အသွေးတော်အားဖြင်.သာ အပြစ်လွှတ်ပြီး ကောင်းကင်နိုင်ငံ ဝင်စားနိုင်ကြောင်း နားလည်ရပါသည်။ ထိုနည်းအတိုင်း ဘုရားကျောင်းသည် လူမျိုး၊ ဂိုဏ်း၊ လူပုဂိုလ်နာမည်ကို အလည်ဗဟို၊ ထောင်.တိုင် ထားသမျှသော ထိုအသင်းတော်၌် သင်လှုပ်ရှားသမျှ၊ ပေးကမ်းစွန်.ကြဲပါဝင်သမျှ ယုံကြည်ခြင်းမပါသော ကိုင်းန၏ ဇစ်ကဲ.သို. ဘုရားအတိအမှတ်မပြုပါ။ ထိုနေရာ၌ လုပ်ဆောင် လေသမျှ အချီးနှီးသော နေ.ရက် ကာလများအဖြစ် ဘုရားအမြင်မှာ သတ်မှတ်သည်ဖြစ်သည်။ နောက်ဆုံးသော ပလင်ဖြူရှေ.မှာ ယေရှုက “သင်တို့ကိုငါအလျှင်းမသိ” ဟု အပြောခံရင် ဘယ်လောက် ရင်နာစရာ ကောင်းမလဲ။ မာသဲ ၁၈း၂၁ သခင်၊သခင် ဟုငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင် ဘုံ၌ရှိတော်မူသော
 ငါ့ခမည်းတော်၏ အလိုကိုဆောင်သော သူသာလျှင် ဝင်ရလိမ့်မည်။ 
၂၂ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော် အခွင့်နှင့် ဆုံးမသြဝါဒ ပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုး တို့ကိုနှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော် အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက် ကြလိမ့်မည်။ ၂၃ ထိုသို့ လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ။ အဓမ္မအမှုကိုပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့် အလင်းငါပြောမည်)။ အသင်းတော် အလှူများတိုင်း ဘုရား ကျေနပ်သည် ဟု ကျမ်းစာမတွေ.ရပါ။ အထက်ကျမ်းစာမှာ အလိုတော် ဆောင်သောသူ လို.ပြော ပါတယ်။ စာတန်လည်း သန်းကြွယ်သူဌေး ဖြစ်စေနိုင်ပါသည်။ သို.ပါ၍ ငါ.အသင်းတော်ကို “ငါ”တည်ဆောက်မည် ဟု ယေရှုပြော သောကြောင်. အခြားပုံစံဖြင်.တည်ဆောက် သမျှသည် လောင်ကျွမ်းမည်၊ (တနည်း)ယေရှုခရစ်တည်းဟူသော သင်.ခန္ဒာ၊သင်.အသင်းတော်သည် ထိုယေရှုခရစ်တည်းဟူသော အုတ်မြစ်၌ မတည်ပါက သိမ်းဆည်း ချီဆောင်မည်မဟုတ်ကြောင်း
 မေတ္တာရှေ.ထားလျှက်ဝေမျှလိုက်ပါသည်။  
(အယောက်တိုင်းအတွက် သခင်ဘုရား ကြွယ်စွာ ကောင်းကြီးပေးပါစေ)

No comments:

Post a Comment