ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

April 13, 2014

†Palm Sunday†

Palm Sunday
Palms are symbolic of victory & success! Get ready for your complete deliverance tomorrow!
Palms ဆိုသည်.အရာသည် အောင်မြင်ခြင်းသင်္ကေတဖြစ်သောကြောင်.
†သင်သည် သံလွင်ခက်တနင်္ဂနွေအားဖြင်.လုံးဝလွတ်မြောက်သောသူ
†အောင်မြင်သောသူဖြစ်တယ်ဆိုတာ သံသယကင်းစွာယုံလိုက်ပါ။
† Palm Sunday ရောက်တိုင်းကြားလေ.ရှိသော နုတ်ကပတ်တော်သည် †"သံလွင်ခက်တနင်္ဂနွေ"ဟုသိခဲ.ကြပြီး၊ခရစ်တော်မြည်းကလေးစီးလာကာ †Hosanna ငြိမ်သက်ခြင်းရှိစေသတည်း"။သင်.ကိုသခင်အလိုရှိကြောင်း၊
†အသုံးမပြုရသေးသော မြည်းအကြောင်း၊ပြောလေ.ဟောလေ.ရှိတာကို
Palm-Sundayရောက်တိုင်းကြားကြမယ်လို.မြော်လင်.တယ်။ †Hosannaဆိုသည်.အသုံးနှန်ူးကိုသမ္မာဟောင်း Aramic ဘာသာဖြင်. †ဆာလံ၁၁၈း၂၅(ငါတို.ကိုကယ်တော်မူပါ။ကြွယ်ဝခြင်းပေးတော်မူပါ၊ချီးမွမ်း †ပါမည်)ဟုတွေ.ရသည်။သူတို.၏အဓိကမြော်လင်.ချက်က ရောမအင်ပါရာမှ †ကယ်တင်မူပါ၊ကြွယ်ဝခြင်းကိုပေးတော်မူမည်ဆိုလျှင် ချီးမွမ်းမည်)။ †သမ္မာသစ်တွင်လည်းထိုနည်းတူစွာ-မာသဲ၂၁း၉တွင်(ဒါဝိတ်၏သားတော် †ကောင်းကင်ဘဝက်ဝယ်ဟော်ရှဏရှိစေသတည်း)ဟုဟစ်အော်ကြသည်။ †ထိုအချက်(၃)ချက်၏အဓိပါယ်သည် ယနေ.အယောက်တိုင်းအတွက် †လိုအပ်နေသောအချက်ဖြစ်ကြောင်းကို သိရှိ၊နားလည်၇ပါသည်။ *(1)Hosanna the son of David လို.အော်နေသူများ(Religious bondage) ဘာသာရေး၊လူမှုရေ:၊ရိုးရာ၊ဂိုဏ်းချည်နှောင်သူများအတွက်လွတ်ခြင်း။ *(၂)Hosanna the name of the Lord..အနာရောဂါအမျိုးမျိုးခံစားနေသော သူများ၏ (physical bondage) မှလွတ်ခြင်း၇ရန်ဖြစ်ပြီး။
*(၃)Hosanna in the highest.ဝိညဉ်လွတ်ခြင်း၇ရန်ဟစ်ကြွေးနေကြသည်။ †လုကာ ၁၉း၂၈-၄၀တွင်သခင်ယေရှု မြည်းကလေးစီးလာသည်ကိုတွေ.ရမည်။ †မြည်း(နှိမ်.ချ ခြင်း) ဖေါ်ဆောင်သည်။အထက်ပါအချက်(၃)ခုမှလွတ်ရန် နှိမ်.ချ †ခြင်းမရှိပါကလုံးဝမဖြစ်ပါ။ခန္ဒာ၊စိတ်၊ဝိညာဉ်ထိုးဖေါက်ပြီးယေရှုခရစ်၌
†၇ှိသောစိတ်သဘောရှိဖို.အတွက်မာန်၊မာန၊အတ္တလုံးဝမရှိရ။
မာန်မာနရှိသူ၏ကိုယ်၊မျက်နှာမှအပူလုံးထွက်နေ၍ သန်.ရှင်းသောဝိညဉ်တော်လုံးဝကပ်၍ မရကြောင်းနားလည်သိရှိရပါသည်။ †မြည်းကလေးကြိုးကိုဖြည်ပြီး၊ပိုင်ရှင်မေးပါကသခင်အလို၇ှိတယ်ပြောဖို. †လိုအပ်သလို(သင်.ရဲ.မူလOwnerစာတန်လက်မှထွက်ပြီး၊မာန်မာနရှိသမျှ †ပထမဆုံးဖြည်ချ ဖို.အရေးကြီးပါသည်)။ †တခါမှမသုံးဘူးသေးသောမြည်း(သင်သည် အသုံးမကျ၊အညတျ၊အပယ်ခံလူ † ဖြစ်ပါစေ..ကယ်တင်ခြင်းကိုလက်ခံကာ၊ဝိညာဉ်တော်တံဆိပ်ခတ်ပြီးသူတိုင်း †သခင်ဘုရားအသုံးပြုချင်သောသူ၊အသုံးတည်.သူတွေဖြစ်တယ်။ †မြည်းလေးမပါဘဲ ယေရှုဆလင်မြို.ထဲ ခရစ်တော်ဝင်လို.မရသလို သင်မပါပဲ †ကိုယ်တော်အလုပ်လုပ်၍မရပါ၊သင်.အားဖြင်.အံ.ဖွယ်အမှု ပြုချင်တယ်။ †တဒေါင်.တနေရာ၌ သခင်အသုံးခံဖို.အတွက် သင်၏ပထမဦးစားပေး First †periority သည် သခင်ယေရှုဖြစ်ဖို.လိုအပ်ပါသည်။ †ဖတ်ရှု သူအယောက်တိုင်း..မွှေးကြိုင်သောPalm Sunday မှာ......
 <>(၁)Religious bondage ဘာသာရေး ပုံစံခွက်မှ ရုန်းထွက်ပြီး <>(၂)physical bondage အနာရောဂါပေါင်းစုံ၏ချုပ်နှောင်ခြင်းကင်းဝေးကာ <>(၃)Spritual bondage ဝိညာဉ်လွတ်မြောက်ခြင်း ရနိုင်ကြပါစေလို. ဆုတောင်းရင်း မေတ္တာနဲ.ဝေမျှ လိုက်ပါတယ်။

No comments:

Post a Comment