ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

April 5, 2014

✞✞ တန်ခိုးပါသော(သူတော်ကောင်းတို.)ဆုတောင်း✞✞

~ဖြောင့်မတ်သောသူ၏စိတ်အားထက်သန်သည့်ဆုတောင်းချက်သည် ~အလွန်တန်ခိုးပါ၍ထိရောက်မှုရှိ၏(ယာကုပ် ၅:၁၆ -စံမှီသမ္မာကျမ်း) သူတော်ကောင်းဆုတောင်း၍အရှိန်ကြီးသောပဌနာသည် အလွန် တန်ခိုးပါ၏ (ယာ၅:၁၆ ယုဒသန်) 
✞သူတော်ကောင်း ဖြောင့်မတ်သူ righteous manလို.ဘာသာပြန်ဆိုတဲ. ✞ခရစ်တော်ရဲ့ ဖြောင့်မတ်ခြင်းကို ဝေငှခံစားလျက်ရှိတဲ့ယုံကြည်သူများပင် ✞ဖြစ်ပေမဲ. ဘာကြောင့်ဆုတောင်းခြင်းရဲ့အဖြေကို ချက်ခြင်းမရ တာလဲ?? ✞သမ္မာကျမ်းစာမှာချက်ခြင်းအဖြေရတဲ့ဧလိယအကြောင်းကိုလေ့လာရရင်.. ✞ယာကုပ်ကဧလိယသည် ငါကဲ့သို့လောကဓံတရား၌ ကြင်လည်သောသူဖြစ် ✞တယ်လို့ပြောပါတယ်။ဆိုလိုတာကအပြစ်လုပ်နှိုင်တဲ့လူသားတယောက်ပါ။ ✞(၃ဓမ္မ၁၇-၁၈-၁၉ )သူလဲကျနော်တို့လိုပဲ အခက်အခဲကို ရင်ဆိုင်ရတယ်။ ✞ဒါပေမဲ့သူ့ဆုတောင်းချက်တွေကို ဘုရားကနားညောင်းအဖြေပေးတယ်။ ✞မိုးခေါင်ပါဆို-မိုးခေါင်တယ်၊နှင်းမကျနဲ့ဆို-နှင်းမကျတော့ဘူး(၃ဓမ္မ ၁၇:၁-၇) ✞လူသေကိုအသက်ရှင်စေတယ်(၃ဓမ္မ ၁၇:၂၂-၂၃)။ကောင်းကင်ကမီးကျဆို-မီးကျလာတယ်(၃ ဓမ္မ ၁၈: ၃၈)။
 ကောင်းကင်ကရေကျဆို-မိုးရွာတယ်(၃ ဓမ္မ ၁၈: ၄၅)အားနည်းချက်ရှိတဲ့ ✞လူသားချင်းအတူတူ ဧလိယဆုတောင်းတော့ ချက်ချင်း အဖြေရတယ်၊ ✞ကျနော်တို့ဘာကြောင့်ကြန့်ကြာတာလဲ?ဆုတောင်းခြင်းတန်ခိုးဟာဧလိယနဲ့ ✞ကျနော်တို့အပေါ်မှာတည်တာမဟုတ်ပဲ.ဘုရားသခင်၌သာတည်တယ်။ ဆိုတာနားလည်သဘောပေါက်ထားရမယ်။တကယ်တော့....... ✞အပြစ်ကျူးလွန်ခြင်းနဲ့ဆုံးရှံးခြင်းသဘောကို၊တကယ်နားမလည်သေးတာပါပဲ။
အပြစ်ကဘုရားသခင်နဲ့ ကျနော်တို့ကြားမှာ တံတိုင်းလိုဖြစ်နေတယ်..။
 ✞ကျနော်တို့ ဆုတောင်းသံကို အဲဒီတံတိုင်းက ကွယ်နေသလိုဖြစ်နေတယ်။ ✞သင်တို့အပြစ်သည်ဘုရားသခင်နဲ့ကွာစေပြီ(ဟေ ၅၉:၂)။
 ✞ကျနော်တို့ ကိုယ့်ကိုကိုယ်စစ်ဆေးပြီး ဝန်ချတောင်းပန်ခြင်းအားဖြင့်...
 ✞အဲဒီ တံတိုင်းကိုဖယ်ရှားရမှာဖြစ်တယ်၊အသက်တာမှာ...။
ဝန်ချတောင်းပန်ခြင်းမလုပ်လိုတဲ့အပြစ်ရှိနေသေးတာရယ်..ဝိညာဉ်တော်နဲ့ ✞မပြည့်ဝသေးတာရယ်ဖြစ်နေရင်၊ကျနော်တို့ဆုတောင်းချက်ဟာ ဇာတိပကတိ ✞အသွေးအသားဆုတောင်းမှုသာဖြစ်နေတော့ တန်ခိုးလုံးဝမရှိပါဘူး။ ✞ဆိုလိုတာကဘုရားနဲ့ ကျနော်တို့ မိတ်သဟာရမမှန်ဘူး...။. ✞အပြစ်တရားကကားတိုင်မှာပြီးပြီဆိုပေမဲ့..ဇာတိက ✞ချက်ချင်းသေသွားသေးတာမဟုတ်ဘူး....ဇာတိအပြစ်တွေ ထပ်လုပ်မိသေးတာဖြစ်တယ်...ဒါကိုဝန်ချတောင်းပန်ခြင်းနဲ့သာရှင်းရမှာ.. ✞အချင်းချင်းအပြစ်ဖော်ပြတောင်းပန်ရမှာဖြစ်သလို ချမ်းသာရမည့်အကြောင်း ✞အချင်းချင်းအဘို့ဆုတောင်းရမှာဖြစ်တယ်။(ယာ ၅:၁၆) ✞သခင်ဘုရားက"သင်တို့သည်ငါ၌တည်၍ ငါ့စကားသည်သင်တို့၌တည်လျှင် ✞သင်တို့သည် တောင်းသမျှကို တောင်း၍ရကြလိမ့်မည်။ (ယော ၁၅:၇) ✞ဒီကျမ်းချက်မှာ တည်ခြင်း ၂ ခုဖြစ်နေတာတွေ့ရပါတယ်။ ✞ယုံကြည်ခြင်းအားဖြင့် ကျနော်တို့ သခင်ဘုရားမှာတည်ပါတယ်။ ✞ဒါပေမဲ့ သခင်ဘုရားရဲ့စကားမှာ လိုက်လျောက်ခြင်းမရှိဘူး။ဘုရားစကားမှာကျနော်တို့ မတည်ဘူး ဒါကိုသတိမထားမိတတ်ကြဘူး။ ✞ပညတ်နဲ့ ကျေးဇူးတော် ဝေဝါးနေပြီး ပါးပါးလေးမှားနေတတ်ကြတယ်။ ✞နှုတ်ကပတ်တော်ကို သေချာမလေ့လာတာလဲပါတယ်။ ✞နှုတ်ကပတ်တော်အတည်ပြုချက်မရယူတတ်တော့ဘူး-ဆုတောင်းခြင်းမှာ ✞သတိထားရမဲ့အချက် ၅ ချက်ရှိပါတယ်..... 
၁. ဝန်ချတောင်းပန်လိုစိတ်မရှိခြင်း (ဟေရှာယ ၅၂:၂)
၂. နှုတ်ကပတ်တော်လေ့လာလိုမှုမရှိခြင်း (ယော ၁၅:၇)
 ၃. နာခံလိုစိတ်မရှိခြင်း (၁ ယော ၃:၂၂) 
၎. အလိုတော်နှင့်မညီခြင်း (၁ ယော ၅: ၁၄-၁၅) ၅. ဇာတိအလိုကိုမချူပ်တည်းနှိုင်ခြင်း ( ယာ ၄:၂-၃) တွေကို ဂရုစိုက်ဖို.အလွန်လိုအပ်ပါတယ်။

No comments:

Post a Comment