ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

April 17, 2014

✞သင်.အနာရှိသမျှယူတင်ဝတ်ဆောင်လေပြီ✞

ကားတိုင်တွင် ယေရှုလုပ်ပေးသွားသည်.အရာများထဲမှ 
အရေးကြီးသည်.အရာ တခုကိုဝေငှရန်အတွက် David နှင်.
Goliathတိုက်ပွဲမှ ကောလိယ၏စိတ်ဓါတ် နဲ.Philistine-spirit ကို ခိုင်းနှိင်းဝေမျှလိုပါတယ်။“သင်သည်ခပ်ညံ.ညံ.လူပဲ၊ဘာမှသုံးစားလို. မရဘူး၊ပညာလဲမတတ်၊မျိုးရိုးဗီဇလိုက်ပြီးဆင်းရဲတဲ.၊ညံ.တဲ.လူပါ” ဆိုသည်.သတင်းကို တစုံတယောက်၏ပြောပြချက်၊sms၊စာအုပ်၊ တရားဟောချက်ဖြင်.အားဖြင်.ကြားတယ်၊သိတယ်၊
အီမေးလ်အပို.ခံတယ် ဆိုတာနဲ. သင်ဟာGoliath(or)Philistine ရဲ. Mentalityထဲကိုသွင်းပြီး နတ်ဆိုးရဲ.ထောင်ချောက်ထဲကိုအလိုလို သွတ်သွင်းခြင်းခံရတယ်။ထိုသို.အားဖြင်.မှားယွင်းသောMind-set ✞အတွေးဝင်သွားကာဘုရားအကြံအစည်နှင်. လုံးဝလွဲသွားပြီဖြစ်၍
ဧဖက်၎း၂၁၂၄လှည်.ဖျားတတ်သော လူဟောင်းကိုချွတ်ပယ်လော.၊
(renewed  your mind;And that ye put on the new man)
( ရော12:2 transformed by the renewing of your mind)
ဘုရားက သင်.ရဲ.လူသစ်ဖြစ်ခြင်းအတွက် သင်.အတွေးခေါ်ပြောင်း လဲဖို. ပြောပါတယ်။အထက်ကပြောခဲ.သလို သင်သည်ရှုံးနိမ်.သူ
ဖြစ်တယ်ဆိုသည်. သတင်းကြားခြင်းသည် လွန်ခဲ. သောနှစ်ပေါင်း
ထောင်ချီကကောလိယ၏ချိန်းချောက်နေသည်.ပဲ.တင်သံကို နတ်ဆိုးကပြန်လည် remind သတင်းပေးပို.နေခြင်းဖြစ်သည်။ ခင်ဗျားအပေါ်မှာဘုရားအမျက်တော်သင်.ကာ ဒေါသထွက်နေတယ်၊ ဘုရားရှေ.ဖြောင်. မတ်ခြင်းဝတ်လုံမရှိသူ၊သင်.မှာဘုရားအကွယ်အကာ မရှိတော.ဘူး၊သင်.မှာ ကိုယ်တုံးလုံး၊အဝတ်ဗလာဖြစ်နေတယ်။
(ဧဒင်ဥယျဉ်မှ အာဒံနဲ.ဧဝကို နတ်ဆိုးကပြောတဲ.စကား)၊
ဘုရားရှေ.၊လူရှေ.မှာ သင်.အပြုအမူဟာ ရှက်စရာကောင်းတယ်လို.
 တရားစီရင်နေတာဖြစ်တယ်။ကောလိယက မင်းတို.ဟာ အီဂျစ်တွေရဲ.
ကျွန်ခံပြီး အဆင်.မရှိ၊သတ္တိမရှိသူတွေလို. တနေ.၂ကြိမ်၊ရက်၄၀လုံးလုံး စိမ်ခေါ်တဲ.အချိန်မှာအိသရေလလူမျိုးတွေကတော. ကြောက်ကာထွက်ပြေး တယ်လို.ကျမ်းစာကပြောတယ်။သို.သော် ဒါဝိတ်ကမကြောက်ပါ၊(Why?) ကွာခြားချက်က ဘုရားရဲ.ပရိညာဉ်ကို ဒါဝိတ်သဘောပေါက်တယ်(Amen)
ဒါဝိတ်က အရပ်စကားနဲ.ပြောရရင်(ဟေ.ကောင်! မင်းလိုအကောင်
အရေဖျားလှီးခြင်း မခံတဲ.လူ Philistines က ထာဝရဘုရားရဲ. လူမျိုးကို စော်ကားပြီး၊စိမ်ခေါ်တာလား?(2sm-17:26) ပရိညာဉ်(Covenant)သည်ဘုရားသခင်က သူ.လူမျိုးတော်ကိုပေးသော သဘောတူချက်၊ဂတိစာချုပ်ဖြစ်တယ်၊ဂတိတော်မြေ ခါနန်ပြည်မဝင်မီ
ယောရှုအားအရေဖျားမလှီးသေးသူများ အရေဖျားလှီးဖို.ပြောတယ်။
Then the LORD said to Joshua, "Today I have rolled
away the reproach of Egypt from you."(Js 5:9) အဲဂုတ္တု(အီဂျစ်)နှင်.ဆိုင်သောကဲ.ရဲ.စရာအားလုံးကို ယနေ.ငါဖယ်ရှင်းပြီ) 
ဆိုတဲ. ပရိညာဉ် ကို ဂိလဂါလအရပ်(Gilgal)မှာ ပေးခဲ.တယ်။ (ဂိလဂါလအရပ်သည် ဧလိရှဲက ဧလိယအား၂ဆသောကောင်းကြီး 
တောင်းခဲ.သောနေရာ-2king2:1
BethelကGilgalအရပ်သို. ပြန်လာကာ သင်တို.ဆယ်ဖို.တဖို.အား ယူဆောင်ကြလော.။Amos4:4)။ 
အိသရေလလူမျိုးတွေက အီဂျစ်ပြည်မှထွက်လာခဲ.ကြသော်လဲ
အီဂျစ်အတွေး၊ ကျွန် စိတ်ဓါတ်၊ရှက်စရာကောင်းသော၊ဂုဏ်ယူစရာ မကောင်းသောစိတ်ဓါတ်က သူတို.အထဲ မှာကျန်နေသေးသောကြောင်. အီဂျစ်ကအစားအစာတွေကို လွမ်းနေတာဖြစ်တယ်။ ထို.ကြောင်. ယောရှုက Gilgalမှာ အရေဖျားလှီးပေးတဲ.အချိန်မှာ(သင်တို.၏ အီဂျစ် နိုင်ငံရဲ. ကဲ.ရဲ.ပြစ်တင်မှု၊ ရှက်စရာကောင်းသောအရာဟူသမျှ ငါဖယ်ရှားပေးပြီ)။ လို.ဘုရားကတရားဝင်ကြေငြာခြင်းဖြစ်တယ်။ကျွန်တော်တို.ကိုကျဆုံးစေတဲ.၊ ကဲ.ရဲ.ပြစ် တင်၊ရှုတ်ချ၊ဝေဖန်မှုသတင်း၊အတွေးအားလုံးကို Roll away ဖယ်ရှားလိုက်တာနဲ.အမျှသင်ဟာဧလိရှဲကဲ.သို.၂ဆသောဝိညာဉ်
ဘိသိတ်ခံကာ၊ ဆုကျေးဇူးရဖို. ခြေတလှမ်းအစ ပြုနေပြီဆိုတာ သိမှတ်စေချင်တယ်။(အဲဒါကဘုရားရဲ. ပရိညာဉ်၊ဂတိတော်ပါ..AMEN)။ 
ဘုရားသခင်က သည်နေ..လူတိုင်းကို အဲဒီအတွေးအခေါ်ဟောင်း
အားလုံးကို ကားတိုင် မှာ ခရစ်တော်လုပ်ပေးခြင်းဖြင်. ပေးဆပ်၊အသေ သတ်ပြီးဖြစ်ကြောင်းနားလည်ကာ double porsion နှစ်ဆသော
ကာင်းကြီးပေးချင်တဲ. ဘုရားဖြစ်တယ်။ Philistinesစိတ်ဓါတ်ဟာ မှားယွင်းညစ်ညူး၊မြေမှုန်.၊သူများကိုစီရင်သော စိတ်ဓါတ် လို.ပြောရမယ်။ ဘုရားကအာဒံကို အရပ်စကားနဲ.ပြောရမယ်ဆိုရင်... “မင်းဟာ တော်တော်ညံ.တဲ.သူပဲ၊မစားနဲ.လို.သေချာ မှာရက်သားနဲ. စာတန်စကားကိုနားထောင် ရသလား၊ မင်းဟာ တကယ် သုံးလို. မရတဲ.အလကားလူ၊မြေမှုန်.ပဲသက်သက်ပဲ
Y’e just a Dust လို. ကျိန်ခြင်းကိုခံလိုက်ရတယ်။
Job 4:19 ,Job 34:15, Psalm 103:14, Ecc12:7, Daniel 12:2 သူ.စိတ်တိုင်းကျအကောင်းဆုံး၊ဖန်ရှင်းထားသောလက်ရာ၊ကြည်.မဝပဲ
very good လို.ပြောခဲ.တဲ.၊သူနဲ.သဏ္လန်တူဖန်ဆင်းထားသည်.
လူသားက နတ်ဆိုးနောက်ပါသွားတော.“စိတ်နာနာ နဲ.ဘုရားရဲ.ကျိန်ခြင်း” ကိုခံလိုက်ရတော.တယ်။(မိတ်ဆွေ-ဘုရားကအချစ်ကြီးတော.အမျက်လဲကြီး တယ်နော်၊မပေါ.လျှော.ကြစို.နဲ.)။(ကမ္ဘာဦး ၃း၁၉ For you are dust, And to dust you shall return) လူကိုကျိန်ပြီးတာနဲ. မြွေကိုလည်း “မြေမှာတွား၍သွားကာ မြေမှန်.ကို စားရမည်”လို. ကျိန်လိုက်ပါတယ်။တနည်း…မြွေ(စာတန်)ရဲ.အစာသည် (dust)မြေမှုန်. .ဖြစ်သည်။ထို.ကြောင်.ကျွန်တော်.ဆီမှာဘုရား gloryမရှိတော.ဘူး၊ အမျက်တော်သင်.ပြီး ကျေးဇူးတော်ကိုလဲမထီမဲ.မြင်ပြုကာလက်မခံဘူး၊
ဘုရားသခင်၏ဆုံးမသြဝါဒမခံယူချင်ဘူး၊နုတ်ကပတ်တော်၏ ပြင်ပကို ထထပ်တလဲလဲ ရောက်သွားမယ်ဆိုရင် မြေမှုန်.dustဖြစ်သွားကာ၊နတ်ဆိုး စားစရာအစာ၊စာတန်လိုရာ မောင်းနှင်နိုင်သောသူအဖြစ်အလိုအလျှောက်
ရောက်သွားတယ်။ဒါကGenesis ကတည်းကဘုရားရဲ.Principle ဖြစ်တယ်။ မလိုချင်လို.လဲ ငြင်းလို.မှမ၇တာ။Philistineရဲ.အဓိပါယ်တခုက ဖြတ်လမ်း
(bypass)ဖြစ်တယ်။အစက သူတို.လဲအီဂျစ်မှာ နေထိုင်ခဲ.တယ်။
ခါနန်ပြည်ကို ဖြတ်လမ်းဖြင်.(၁၁)ရက်အေ၇ာက်သွားခဲ.တယ်။
သို.သော် ဘုရားက အိသရေလူမျိုးကို ထိုဖြတ်လမ်းမလိုက်ခိုင်းဘူး၊
ပထမဆုံး ပင်လယ်ကိုဖြတ်ခိုင်းတယ်၊၊ သူတို.ဘာမှလုပ်စရာမလိုဘူး၊မောရှေတောင်ဝှေးဆန်.တန်းခြင်းဖြင်. 
ပင်လယ်ထက်ခြမ်းကွဲကာ ဘုရားကိုယ်တိုင်ခေါ်ဆောင်သွားတယ်။ သို.သော် ဇော်ဒန်မြစ်ကို ဖြတ်သန်းချိန်မှာ သူတို.ကိုယ်တိုင်မြစ်ကို ခြေနဲနင်းသလောက်သာ ကမ်းတဖက်မှာရေလျှံတာဖြစ်တယ်။
(ထို.နည်းတူ ကယ်တင်ခြင်းရဖို.ခရစ်တော်အသေခံခြင်းတခုထဲကို ယုံကြည်တာနဲ. သင်.ဘက်မှဘာမှလုပ်စရာမလိုပါ။But.....
ကယ်တင်ခြင်းရပြီး ဒု-မွေး ခြင်းခံပြီးနောက်ပိုင်း ဝိညာဉ်တိုက်ပွဲ၊
စာတန်၏ တိုက်စစ်ဟူသမျှ သင်ကိုယ်တိုင်တိုက်ရမည်။
အိသရေလ ၂သန်းကျော်မြစ်တဘက်ကမ်းရောက်ဖို. ပရောဟိတ်  
၎ ပါးက မြစ်အလယ်မှာသဘောတူလျှက် ရပ်နေရတယ်။
ချစ်သောမိတ်ဆွေ✞..ယနေ.ကယ်တင်ခြင်းရဖို.တာဆူနေသည်. များစွာသောမယုံကြည်သူတွေ တဘက်ကမ်းတည်းဟူသော
ရွှေခါနန်ရောက်ဖို. သင်နဲ.ကျွန်တော်ကိုယ်တိုင်မြစ်အလယ်မှာဆင်းပြီး သဘောတူလျှက်ဆုတောင်းလက်တွဲကာ ပါဝင်ဖို.အချိန်ဖြစ်တယ်။
ကမ်းစပ်မှ ဟေးး..ဟိုလိုကူးပြီးလာကြဟု ပြော၍မရတော.ပါ။) ခရစ်တော်နောက်လိုက်မည်.သူသည် ဖြတ်လမ်း(Philistines)လိုက်၍ လုံးဝမရပါ၊အိသရေလလူမျိုးလိုက်ဖို.ရာ ဘုရားပြင်ဆင်ပေးသောလမ်း
အနှစ်၄၀လုံးလုံး လျှိုမြောင်ကန်သင်းဖြတ်ကာ မြစ်ပင်လယ်ကူးတဲ.လမ်း ကားတိုင်လမ်းကိုရွေးရပါလိမ်.မယ်။နိဒါန်းမှာပြောခဲ.သလိုမြွေက အာဒံနဲ.ဧဝကို အဝတ်မပါမှန်းပြောလိုက်သည်.အတွက် “ရှက်ခြင်းနှင်. ၊ကြောက်ခြင်း”ဆိုတာ အလိုလိုပါလာပြီးသားဖြစ်တယ်။ထို.ကြောင်.
ကောလိယရဲ.မင်းတို.Isreal တွေဟာအီဂျစ်တွေရဲ.ကျွန်ပဲလို.ပြောတာနဲ. အကြောက်နဲ.အရှက်တရား ဝင်လာစေတာဖြစ်တယ်။ 
ရောမထုံးစံအရလူတဦး ရာဇဝတ်မှု အပြစ်၁၀ခုကျော်ကို
ကျူးးလွန်သူအား မြို.ပြင်ထုတ်ပြီးကားတိုင်မှာသတ်လေ.ရှိတယ်။
ထိုကားတိုင်သတ်သူတွေကို(B-Comt:)ရေးသူတဦးက ကိုယ်တုံးလုံးဖြင်. ကားတိုင်တင်လေ.ရှိတယ်ကြောင်း၊ခရစ်တော်ကိုလည်း အဝတ်မပါပဲ ကားစင်တင်တာဖြစ်တယ်လို.ရေးပါတယ်။နောက်ပြီး လူ.အမြင်မှာ
ကြည်.မဆိုး အောင် ပုံကိုဆွဲရင် အဝတ်ပတ်ပေးတာဖြစ်တယ်လို. လဲရေးပါတယ်။ခ၇စ်တော်သည် သင်နဲ.ကျွန်တော်၏ အာဒံမှရသော “ရှက်၊ကြောက်” ခြင်း အားလုံးကို ကားတိုင်မှာအပြည်.အဝ၊ တခု မကျန်ပေးဆပ်ပြီးပြီ။(အမှု ပြီးပြီ)။စာတန်ကတော.တစုံတယောက်ကို 
သုံးပြီးသင်.ကို ရှက်စရာ၊အားငယ်စရာ၊လူတောမတိုးစရာ၊လစ်လျှူရှု ပစ်ပါယ်ခံရတာ၊အာ၇ှသားမို. မျက်နာငယ်စရာတွေကို သတိမရရအောင် နိုးဆော်နေမှာပဲ။ထို.ကြောင်. လူကိုဆုတ်ယုတ်ကျဆင်းအားငယ်စေပြီး 
မျာ်လင်.ချက်ကုန်ဆုံးအောင် ပြောဆိုနေသည်.ဖိလိတိစိတ်ဓါတ်၊
ကောလိယ mentality နှင်.အာဒံကြောင်. ဘုရားသခင်ကျိန်ခဲ.သော
အပြစ်ကြောင်.ခံရမည်.အရာအားလုံး ကို ခရစ်တော်ကိုယ်တိုင် ကားတိုင်မှာယူတင်ဝတ်ဆောင်ကာ.. ထိုဒဏ်ချက်တော်အားဖြင်. သင်.အနာရော၈ါအားလုံးကိုလည်း ပျေက်ကင်းလျှက်၇ှိကြောင်း ဝမ်းမြောက်လျှက်ကျေးဇူးတော် ချီးမွမ်းရင်း ဆက်လက်ချီးမွမ်းကြပါစို... 
(AMEN)လို. သင်သဘောတူနိုင်မယ်ဆိုရင် အထက်ကအခွင်.ရေးအားလုံး
သင်ပိုင်ဆိုင်ပြီဖြစ်တယ်...စာတန်လုယူ၍မရတော.ပါ...God bless You..

April 13, 2014

†Palm Sunday†

Palm Sunday
Palms are symbolic of victory & success! Get ready for your complete deliverance tomorrow!
Palms ဆိုသည်.အရာသည် အောင်မြင်ခြင်းသင်္ကေတဖြစ်သောကြောင်.
†သင်သည် သံလွင်ခက်တနင်္ဂနွေအားဖြင်.လုံးဝလွတ်မြောက်သောသူ
†အောင်မြင်သောသူဖြစ်တယ်ဆိုတာ သံသယကင်းစွာယုံလိုက်ပါ။
† Palm Sunday ရောက်တိုင်းကြားလေ.ရှိသော နုတ်ကပတ်တော်သည် †"သံလွင်ခက်တနင်္ဂနွေ"ဟုသိခဲ.ကြပြီး၊ခရစ်တော်မြည်းကလေးစီးလာကာ †Hosanna ငြိမ်သက်ခြင်းရှိစေသတည်း"။သင်.ကိုသခင်အလိုရှိကြောင်း၊
†အသုံးမပြုရသေးသော မြည်းအကြောင်း၊ပြောလေ.ဟောလေ.ရှိတာကို
Palm-Sundayရောက်တိုင်းကြားကြမယ်လို.မြော်လင်.တယ်။ †Hosannaဆိုသည်.အသုံးနှန်ူးကိုသမ္မာဟောင်း Aramic ဘာသာဖြင်. †ဆာလံ၁၁၈း၂၅(ငါတို.ကိုကယ်တော်မူပါ။ကြွယ်ဝခြင်းပေးတော်မူပါ၊ချီးမွမ်း †ပါမည်)ဟုတွေ.ရသည်။သူတို.၏အဓိကမြော်လင်.ချက်က ရောမအင်ပါရာမှ †ကယ်တင်မူပါ၊ကြွယ်ဝခြင်းကိုပေးတော်မူမည်ဆိုလျှင် ချီးမွမ်းမည်)။ †သမ္မာသစ်တွင်လည်းထိုနည်းတူစွာ-မာသဲ၂၁း၉တွင်(ဒါဝိတ်၏သားတော် †ကောင်းကင်ဘဝက်ဝယ်ဟော်ရှဏရှိစေသတည်း)ဟုဟစ်အော်ကြသည်။ †ထိုအချက်(၃)ချက်၏အဓိပါယ်သည် ယနေ.အယောက်တိုင်းအတွက် †လိုအပ်နေသောအချက်ဖြစ်ကြောင်းကို သိရှိ၊နားလည်၇ပါသည်။ *(1)Hosanna the son of David လို.အော်နေသူများ(Religious bondage) ဘာသာရေး၊လူမှုရေ:၊ရိုးရာ၊ဂိုဏ်းချည်နှောင်သူများအတွက်လွတ်ခြင်း။ *(၂)Hosanna the name of the Lord..အနာရောဂါအမျိုးမျိုးခံစားနေသော သူများ၏ (physical bondage) မှလွတ်ခြင်း၇ရန်ဖြစ်ပြီး။
*(၃)Hosanna in the highest.ဝိညဉ်လွတ်ခြင်း၇ရန်ဟစ်ကြွေးနေကြသည်။ †လုကာ ၁၉း၂၈-၄၀တွင်သခင်ယေရှု မြည်းကလေးစီးလာသည်ကိုတွေ.ရမည်။ †မြည်း(နှိမ်.ချ ခြင်း) ဖေါ်ဆောင်သည်။အထက်ပါအချက်(၃)ခုမှလွတ်ရန် နှိမ်.ချ †ခြင်းမရှိပါကလုံးဝမဖြစ်ပါ။ခန္ဒာ၊စိတ်၊ဝိညာဉ်ထိုးဖေါက်ပြီးယေရှုခရစ်၌
†၇ှိသောစိတ်သဘောရှိဖို.အတွက်မာန်၊မာန၊အတ္တလုံးဝမရှိရ။
မာန်မာနရှိသူ၏ကိုယ်၊မျက်နှာမှအပူလုံးထွက်နေ၍ သန်.ရှင်းသောဝိညဉ်တော်လုံးဝကပ်၍ မရကြောင်းနားလည်သိရှိရပါသည်။ †မြည်းကလေးကြိုးကိုဖြည်ပြီး၊ပိုင်ရှင်မေးပါကသခင်အလို၇ှိတယ်ပြောဖို. †လိုအပ်သလို(သင်.ရဲ.မူလOwnerစာတန်လက်မှထွက်ပြီး၊မာန်မာနရှိသမျှ †ပထမဆုံးဖြည်ချ ဖို.အရေးကြီးပါသည်)။ †တခါမှမသုံးဘူးသေးသောမြည်း(သင်သည် အသုံးမကျ၊အညတျ၊အပယ်ခံလူ † ဖြစ်ပါစေ..ကယ်တင်ခြင်းကိုလက်ခံကာ၊ဝိညာဉ်တော်တံဆိပ်ခတ်ပြီးသူတိုင်း †သခင်ဘုရားအသုံးပြုချင်သောသူ၊အသုံးတည်.သူတွေဖြစ်တယ်။ †မြည်းလေးမပါဘဲ ယေရှုဆလင်မြို.ထဲ ခရစ်တော်ဝင်လို.မရသလို သင်မပါပဲ †ကိုယ်တော်အလုပ်လုပ်၍မရပါ၊သင်.အားဖြင်.အံ.ဖွယ်အမှု ပြုချင်တယ်။ †တဒေါင်.တနေရာ၌ သခင်အသုံးခံဖို.အတွက် သင်၏ပထမဦးစားပေး First †periority သည် သခင်ယေရှုဖြစ်ဖို.လိုအပ်ပါသည်။ †ဖတ်ရှု သူအယောက်တိုင်း..မွှေးကြိုင်သောPalm Sunday မှာ......
 <>(၁)Religious bondage ဘာသာရေး ပုံစံခွက်မှ ရုန်းထွက်ပြီး <>(၂)physical bondage အနာရောဂါပေါင်းစုံ၏ချုပ်နှောင်ခြင်းကင်းဝေးကာ <>(၃)Spritual bondage ဝိညာဉ်လွတ်မြောက်ခြင်း ရနိုင်ကြပါစေလို. ဆုတောင်းရင်း မေတ္တာနဲ.ဝေမျှ လိုက်ပါတယ်။

April 5, 2014

✞✞ တန်ခိုးပါသော(သူတော်ကောင်းတို.)ဆုတောင်း✞✞

~ဖြောင့်မတ်သောသူ၏စိတ်အားထက်သန်သည့်ဆုတောင်းချက်သည် ~အလွန်တန်ခိုးပါ၍ထိရောက်မှုရှိ၏(ယာကုပ် ၅:၁၆ -စံမှီသမ္မာကျမ်း) သူတော်ကောင်းဆုတောင်း၍အရှိန်ကြီးသောပဌနာသည် အလွန် တန်ခိုးပါ၏ (ယာ၅:၁၆ ယုဒသန်) 
✞သူတော်ကောင်း ဖြောင့်မတ်သူ righteous manလို.ဘာသာပြန်ဆိုတဲ. ✞ခရစ်တော်ရဲ့ ဖြောင့်မတ်ခြင်းကို ဝေငှခံစားလျက်ရှိတဲ့ယုံကြည်သူများပင် ✞ဖြစ်ပေမဲ. ဘာကြောင့်ဆုတောင်းခြင်းရဲ့အဖြေကို ချက်ခြင်းမရ တာလဲ?? ✞သမ္မာကျမ်းစာမှာချက်ခြင်းအဖြေရတဲ့ဧလိယအကြောင်းကိုလေ့လာရရင်.. ✞ယာကုပ်ကဧလိယသည် ငါကဲ့သို့လောကဓံတရား၌ ကြင်လည်သောသူဖြစ် ✞တယ်လို့ပြောပါတယ်။ဆိုလိုတာကအပြစ်လုပ်နှိုင်တဲ့လူသားတယောက်ပါ။ ✞(၃ဓမ္မ၁၇-၁၈-၁၉ )သူလဲကျနော်တို့လိုပဲ အခက်အခဲကို ရင်ဆိုင်ရတယ်။ ✞ဒါပေမဲ့သူ့ဆုတောင်းချက်တွေကို ဘုရားကနားညောင်းအဖြေပေးတယ်။ ✞မိုးခေါင်ပါဆို-မိုးခေါင်တယ်၊နှင်းမကျနဲ့ဆို-နှင်းမကျတော့ဘူး(၃ဓမ္မ ၁၇:၁-၇) ✞လူသေကိုအသက်ရှင်စေတယ်(၃ဓမ္မ ၁၇:၂၂-၂၃)။ကောင်းကင်ကမီးကျဆို-မီးကျလာတယ်(၃ ဓမ္မ ၁၈: ၃၈)။
 ကောင်းကင်ကရေကျဆို-မိုးရွာတယ်(၃ ဓမ္မ ၁၈: ၄၅)အားနည်းချက်ရှိတဲ့ ✞လူသားချင်းအတူတူ ဧလိယဆုတောင်းတော့ ချက်ချင်း အဖြေရတယ်၊ ✞ကျနော်တို့ဘာကြောင့်ကြန့်ကြာတာလဲ?ဆုတောင်းခြင်းတန်ခိုးဟာဧလိယနဲ့ ✞ကျနော်တို့အပေါ်မှာတည်တာမဟုတ်ပဲ.ဘုရားသခင်၌သာတည်တယ်။ ဆိုတာနားလည်သဘောပေါက်ထားရမယ်။တကယ်တော့....... ✞အပြစ်ကျူးလွန်ခြင်းနဲ့ဆုံးရှံးခြင်းသဘောကို၊တကယ်နားမလည်သေးတာပါပဲ။
အပြစ်ကဘုရားသခင်နဲ့ ကျနော်တို့ကြားမှာ တံတိုင်းလိုဖြစ်နေတယ်..။
 ✞ကျနော်တို့ ဆုတောင်းသံကို အဲဒီတံတိုင်းက ကွယ်နေသလိုဖြစ်နေတယ်။ ✞သင်တို့အပြစ်သည်ဘုရားသခင်နဲ့ကွာစေပြီ(ဟေ ၅၉:၂)။
 ✞ကျနော်တို့ ကိုယ့်ကိုကိုယ်စစ်ဆေးပြီး ဝန်ချတောင်းပန်ခြင်းအားဖြင့်...
 ✞အဲဒီ တံတိုင်းကိုဖယ်ရှားရမှာဖြစ်တယ်၊အသက်တာမှာ...။
ဝန်ချတောင်းပန်ခြင်းမလုပ်လိုတဲ့အပြစ်ရှိနေသေးတာရယ်..ဝိညာဉ်တော်နဲ့ ✞မပြည့်ဝသေးတာရယ်ဖြစ်နေရင်၊ကျနော်တို့ဆုတောင်းချက်ဟာ ဇာတိပကတိ ✞အသွေးအသားဆုတောင်းမှုသာဖြစ်နေတော့ တန်ခိုးလုံးဝမရှိပါဘူး။ ✞ဆိုလိုတာကဘုရားနဲ့ ကျနော်တို့ မိတ်သဟာရမမှန်ဘူး...။. ✞အပြစ်တရားကကားတိုင်မှာပြီးပြီဆိုပေမဲ့..ဇာတိက ✞ချက်ချင်းသေသွားသေးတာမဟုတ်ဘူး....ဇာတိအပြစ်တွေ ထပ်လုပ်မိသေးတာဖြစ်တယ်...ဒါကိုဝန်ချတောင်းပန်ခြင်းနဲ့သာရှင်းရမှာ.. ✞အချင်းချင်းအပြစ်ဖော်ပြတောင်းပန်ရမှာဖြစ်သလို ချမ်းသာရမည့်အကြောင်း ✞အချင်းချင်းအဘို့ဆုတောင်းရမှာဖြစ်တယ်။(ယာ ၅:၁၆) ✞သခင်ဘုရားက"သင်တို့သည်ငါ၌တည်၍ ငါ့စကားသည်သင်တို့၌တည်လျှင် ✞သင်တို့သည် တောင်းသမျှကို တောင်း၍ရကြလိမ့်မည်။ (ယော ၁၅:၇) ✞ဒီကျမ်းချက်မှာ တည်ခြင်း ၂ ခုဖြစ်နေတာတွေ့ရပါတယ်။ ✞ယုံကြည်ခြင်းအားဖြင့် ကျနော်တို့ သခင်ဘုရားမှာတည်ပါတယ်။ ✞ဒါပေမဲ့ သခင်ဘုရားရဲ့စကားမှာ လိုက်လျောက်ခြင်းမရှိဘူး။ဘုရားစကားမှာကျနော်တို့ မတည်ဘူး ဒါကိုသတိမထားမိတတ်ကြဘူး။ ✞ပညတ်နဲ့ ကျေးဇူးတော် ဝေဝါးနေပြီး ပါးပါးလေးမှားနေတတ်ကြတယ်။ ✞နှုတ်ကပတ်တော်ကို သေချာမလေ့လာတာလဲပါတယ်။ ✞နှုတ်ကပတ်တော်အတည်ပြုချက်မရယူတတ်တော့ဘူး-ဆုတောင်းခြင်းမှာ ✞သတိထားရမဲ့အချက် ၅ ချက်ရှိပါတယ်..... 
၁. ဝန်ချတောင်းပန်လိုစိတ်မရှိခြင်း (ဟေရှာယ ၅၂:၂)
၂. နှုတ်ကပတ်တော်လေ့လာလိုမှုမရှိခြင်း (ယော ၁၅:၇)
 ၃. နာခံလိုစိတ်မရှိခြင်း (၁ ယော ၃:၂၂) 
၎. အလိုတော်နှင့်မညီခြင်း (၁ ယော ၅: ၁၄-၁၅) ၅. ဇာတိအလိုကိုမချူပ်တည်းနှိုင်ခြင်း ( ယာ ၄:၂-၃) တွေကို ဂရုစိုက်ဖို.အလွန်လိုအပ်ပါတယ်။