ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

December 24, 2013

X'MAS သတင်းကောင်း

မနက်ဖြန်ခရစ်စမတ်အတွက် သင်.နှလုံးသား၊သင်.မိသားစုက..ဘယ်အရာကို၊ဘယ်လိုပြင်ဆင်ထားသလဲ....။ ခလေးလေးတယောက်နဲ.သူ.မိခင်က ဈေးဝယ်သွားကြတယ်၊အမေက ဝယ်ပြီးလို. သားလေး-အိမ်မှာ ခရစ်စမတ်ပြင်ဆင်မှုတွေမြန်မြန်လုပ်ရမယ်-ဧည်.သည်တွေရောက်တော.မယ်လို. ကြည်.လိုက်တော. - ခလေးကိုရှာမတွေ.ဘူး၊ ခလေးလေးက Baby Jesus ပုံလေး နွားစာခွက်မှာသိတ်ထားတဲ.မှန်အိမ်က ပုံလေးအနားမှ မခွါနိုင်လောက်အောင် သူ.ကိုစွဲဆောင်နေတယ်။ အပေါ်ယံသာ ဆီဆမ်းပြီး၊ အနှစ်မပါသော ရုပ်ဝထ္ထုအရာကို ဦးစားပေးနေသရွေ. အတွင်းဆုံးက ဝိညာဉ်ဖြစ်သော ဘုရားသံကို ဘယ်တောမှမကြားနိုင်ဘူး။ ထာဝရဘုရားက (Inside out)အတွင်းဆုံးက သူ.ဝိညာဉ်ကြောင်.သာ ကျွန်တော်တို.ကို ဖြောင်.မတ်သော၊သန်. ၇ှင်းသောသူအဖြစ်လက်ခံပေးတာဖြစ်တယ်၊
ထိုခရစ်တော်၏ဝိညာဉ် ကျိန်းဝပ်နေရာယူဖို.၊သင်.နှလုံးသား သန်.၇ှင်းပြီး ကွက်လပ်ဖြစ်နေမှ ခရစ်တော်ရှင် နေရာယူမွေးဖွါးနိုင်မှာဖြစ်တယ်။ ထိုသို.နေရာယူနိုင်ရန် ကြီးမားသောအတားအဆီး ၄ချက်ကားးးးး (၁)ဟေရုဒ်မင်းကဲသို. မာနထောင်လွှားသော နှလုံးသားလား.၊ (၂)မိမိကိုယ်ကျိုးအတွက် ယေရှုသူငယ်ကို လက်မခံသော ဗက်လင်မြို.တည်းခိုခန်းပိုင်၇ှင်လား၊ (၃)အပြစ်မဲ.သော ယေရှုသူငယ်နှင်. ၂နှစ်အောက်ကလေးအကုန်သတ်ခဲ.သော စာနာစိတ် ကင်းမဲ.သော ရောမစစ်သားလား၊ (၄)ပညာတ်တရားအာဂုံဆောင် ဖါရိရှဲကျမ်းတတ်တွေလို မင်းမျိုးမင်းနွယ်(Royal family)မဟုတ်ပါ ဟု သမ္မာတရားအရှင် မယ်ရှိယကို မိမိအသိဖြင်. ဆုံးဖြတ်ငြင်းပါယ် နေသူလား၊ ခရစ်တော်ကျိန်းဝပ်နိုင်မည်.......... (၁)ယောသပ်နဲ.မာ၇ိကဲ.သို. Why..why?လို.အရာရာကိုမငြင်းComplainပဲ အလိုတော်ဝန်ခံသောနှလုံးသားလား၊ (၂)မာကုပညာရှိများက ကနဦးမူလလမ်း ဇော်ဒံမြစ်အရှေ.၊သေခြင်းဖက်က ပြန်မသွားတော.ပဲ အောက်ဖက်မှ လမ်း ကြောင်းပြောင်းသကဲ.သို. သင်၏မူလဇာတိ မာနတ်အလိုကျလမ်းကျယ်၊သေခြင်းလမ်းမှ ပြောင်းနိုင်၇ဲ.လား၊ (၃)အကောင်းဆုံးလက်ဆောင်ဖြစ်သော သင်.နှလုံးသားကို ပေးနိုင်၇ဲ.လား၊ (4)Artaban သည် ခရစ်တော်ဖွါးမြင်ခြင်းသတင်းကောင်းကြားလျှင် ကြားခြင်းထွက်လာခဲ.သော်လည်း လမ်းခ၇ီးတွင် သူ၏ကုလားအုပ်အတွက်ရေကုန်ခမ်းကာ နောက်ကျခြင်းကြောင်. ပညာရှိ၃ဦးမှ သူ.ကိုမစောင်.နိုင်ကြောင်း၊လိုက်လာရန်စာ "We have waited past the midnight, and can delay no longer. We go to find the King. Follow us across the desert."ကိုတွေ.သည်.အခါ စိတ်ဓါတ်ကျခြင်း မရှိပဲ တွေ.လိုသောဆန္ဒ၊ငါတနေ.တွေ.ကိုတွေ.ရမယ်ဆိုတဲ. ယုံကြည်ခြင်းဖြင်.ခရီး နှစ်အတန်ကြာ နှင်လာပြီး ကားတိုင်ပေါ်အသတ်ခံသည်.နေ.မှ ဘုရားမျက်နှာတော်မြင်ခွင်.ရသကဲ.သို. သင်.မှာမည်သည်.အခက်ခဲ၊ပြသနာကြုံတွေ.ပါလေစေ....ယုံကြည်ခြင်းခွန်အားရှိနိုင်ပါသေးရဲ.လား၊ တတိယနိုင်ငံသို.နှစ်အတန်ကြာနေပြီဖြစ်သော်လည်း အရာရာတိုင်း ထင်သလိုဖြစ်မလာပဲ မျော်လင်.ချက် ကုန်ဆုံးနေပြီလား၊ သိုးထိန်းများသည် ဝင်ငွေအနိမ်.ဆုံးလစာရပြီး၊နေစရာ ကျောက်ဂူ၊စားစရာသစ်ဥသစ်ဖု၊ကြားစရာ သိုးအော်သံနှင်. နားထောင်စရာငှက်တွေ၇ဲ.သီချင်းသံ ဖြစ်သလိုပဲ၊ အနိမ်.ဆုံးထောက်ပံ.ငွေ လေး နဲ. အသက်ရှင် နေသော သူများအားလုံးအတွက် အထူးသတင်းကောင်းမူကားးးး သင်တို.၏ အခက်ခဲပြသနာ၊လူတွေအလေးမထားသော ဒုက္ခသည်ဘဝကို ..ငါသိတယ်... သင်တို.အတွက် ငါခံစားပေးဖို. အနိမ်.ဆုံးနွားစာခွက်မှာခြုံစောင်မပါပဲမွေးခြင်းသည်..... သင်တို.မဆောက်သော နယ်သာလန်အိမ်မှာ အဆင်.မြင်.မြင်.နေဖို.... ထင်း၊မီးသွေးနဲ.မချက်ပဲ လက်နဲ.အဝတ်မလျှော်ဖွတ်ရပဲ ခလုတ်တချက်နှိပ်ရုံနဲ. ပြီးသွားဖို.... ခြင်ထောင်မလိုဘဲ ၂၄နာ၇ီအိပ်ရေးဝဝအိပ်နိုင်ဖို...အနိမ်.ဆုံးဟူသမျှ သင်တို.အတွက် ငါခံပေးပြီးပြီ။ ထိုမျှမကသေးဘူး....တမလွန်အရေးအတွက် ငရဲမသွားရုံမက၊သားဖြစ်ရသောအခွင်.ရဖို. လွန်ခဲ.သော နှစ်၂၀၀၀ မှာမွေးဖွါးသည်. ယေရှုသည် ယနေ.လည်းအသက်ရှင်သောကြောင်. သူ၏မွေးနေ.ကို နှစ်ထောင်းအားရဝမ်းပန်းတသာ မိမိ၇ှိရာနေရာမှ အာကြီးမြတ်ဆုံး ထာဝရဘုရားကို အချုပ်အနှောင်အတားဆီး ကန်.လန်ကာတွေ ခွဲဖြဲကာ... ဒါဝိတ်မင်းကဲ.သို. ငါသည် ပတ်ဝန်းကျင်လူတွေက သမုတ်သောသူမဟုတ်၊ ဘုရားက သင်ဟာဖြောင်.မတ်သောသူဟု ပြောသော ကြောင်. အဘယ်သူ.ကိုမှ ဂရုမစိုက်နိုင်ပဲ ကခုန်သကဲ.သို. ထိုခရစ်တော်၌ဝမ်းမြောက်သောသူတိုင်းအတွက်...ယနေ.အမှန်ဧကန်... ငြိမ်သက်ခြင်းရှိသက်ရောက်ပါစေ..လို. မေတ္တာနဲ.ဝေမျှလိုက်ပါတယ်။။။

No comments:

Post a Comment