ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

December 28, 2013

2014ကောင်းကြီးခံထိုက်သူ

ံခရစ်တော်၌ ချစ်သော ညီအစ်ကိုအပေါင်းတို. ခင်ဗျား....
 ၂၀၁၃ ကုန်ဆုံးဖို. (ဝါ) ၂၀၁၄ ရောက်ဖို. ၃၇က်ပဲလိုပါတော.တယ်။ယုံကြည်သူတယောက်အတွက် လောက တွင်ကြုံသမျှအရာအားလုံး(Visible things)သည် မမြင်နိုင်သော(invisible things)အတွက် ပုံရိပ်တွေဖြစ် တယ်။ယခုအချိန်တွင် အစိုးရထံမှ 2014 အတွက် ထောက်ပံ.ကြေးပေးသင်. မပေးသင်.၊ဝင်ငွေရ မရ ပုံစံဖြည်.ခိုင်းတယ်၊တချို.က profile ကြည်.ပြီးတိုက်ရိုက် auto: လွဲပေးတယ်၊မနှစ်က သူများနည်းတူ auto ပြောင်းပေးမယ်ထင်ပြီး ပုံစံမဖြည်.လိုက်လို. Jan: ထောက်ပံ.ကြေး မရလိုက်ဘူး။ ထိုနည်းတူ ဘုရားသခင်က နောက်နှစ်အတွက် သင်.ကိုကောင်းကြီး ဆက်လက်ပေးသင်. မပေးသင်. benefit review လုပ်နေတယ်။နောက်နှစ် ဘုရားထံမှ ကောင်းကြီးဆက်လက်ခံစားဖို.ရာ အောင်မှတ်ရ၊မရ 2013 Jan မှ Dec:အထိ (in review) မိတ်ဆွေ ကိုယ်.ကိုယ်ကို အမှတ်ပေးလို.ရပါတယ်။ (1) 2013 Jan မှ Dec အတွင်း မိမိ၏ အသိုင်းအဝိုင်း၊မိသားစု၊သားမယား၊အသင်းတော်တွင် မကြိုက်မ နှစ်သက် လက်မခံနိုင်သော အရာများရှိနိုင်သလို သဘောတူပြီးနှစ်သက်သည်.အရာလည်း ၇ှိကြမှာပါ။ လောကကြီးကိုကြည်.ပါက သတင်းကောင်းထက် သတင်းဆိုးတွေက ပိုပြီးနေရာယူတာတွေ.ရသည်။ နှစ်သစ်ကို ကောင်းကြီးများစွာနဲ. ခြေလှမ်းစပြီး တိုးဝင်ဖို. လူတိုင်းအတွက်ဘုရားအကြံစည်ရှိတယ်။ ဘုရားကောင်းကြီးရဖို. မည်သည်.ဖြတ်လမ်းမှ မရှိပါ(No short cut/Short way) သူ၏နုတ်ကပတ်တော် ကောင်းကြီးလမ်းကြောင်းအတိုင်း လိုက်လျှောက်ရမည်ဖြစ်သည်။ ထို.ကြောင်. သင်နှင်.ဘုရားသခင်၊အသိုင်းအဝိုင်း၊မိတ်ဆွေ၊မိသားစု၊အသင်းတော် နှင်.ဆက်ဆံပြောဆိုမှု အားလုံးကို review သုံးသပ်ပြီး ပြေငြိမ်းကျေအေးမှုလုပ်ခြင်းဖြင်. နှစ်သစ်၏ကျန်းမာခြင်း၊ချမ်းသာခြင်း၊ပျော် ရွှင်ခြင်းကောင်းကြီးအင်္ဂလာများကို ခံယူနိုင်မှာဖြစ်ပါတယ်။ ( နုတ် ၁၀၀ စာတလုံးဆိုတာ သိပ်မှန်တယ်...တနေ.က FB/Twitterသတင်းမှာ ကောင်လေးတယောက်က သူ.ရည်းစား အခြားယောင်္ကျားနဲ.တွဲတာကို မနာလိုဖြစ်ပြီး ကောင်မဓါတ်ပုံနဲ. F.book ဖွင်.၊ကျွန်မသည်သည် မည်သူမည်ဝါဖြစ်ပြီး ကိုယ်လုံးအတိုင်းတာ ဘယ်လောက်၊ကျမကို ခေါ်နိုင်ပါသည်ဟု သိက္ခာချ၊ နာမယ် ဖျက်၊ ကောင်မလေးသိတော.ရှက်လွန်းလို. သတ်သေသွားတဲ.ပုံကို တွေ.ရတယ်)။ ထိုနည်းတူ-ကျွန်တော်စာရေးတဲ.နေရာမှာ စာဖတ်သူအနေနဲ. အဓိပါယ်ကောက်လွဲပြီး စိတ်နာကျင်စေတာ ရှိနိုင်တယ်၊စာအများဆုံးရေး-စကားအများဆုံးပြော အမြင်.ဆုံးအုန်းပင် လေတိုက်ခံတာမဆန်းပါ) ကျွန်တော်ဘက်ကတော. အားလုံးကိုကောင်းကြီးရစေချင်တဲ. စေသနာ၊ ဂရုဏာကြောင်. .ပြောသွားတာဖြစ်လို. မည်သည်.ပုဂိုလ်ရေး၊လူမှုရေးကိုရည်ညွန်းခြင်းမရှိ ဘုရားနာမ အတွက် ဖြစ်လို. မည်သူမည်ဝါကိုဖုန်းဆက်၊အိမ်သွားတောင်းပန်ဖို.လည်း မသိ၊မရှိပါဘူး။ဘယ်လိုမှလဲ အာကာသ မထားဘူး၊ လိပ်ပြာသန်.တယ်။ထို.အတွက် နုတ်နဲ.အကြိမ် ၁၀၀ပြောတာထက် ပိုထိရောက်တဲ. စာနဲ. ၂၀၁၃ မကူးခင် တစုံတယောက်က ကျွန်တော်.အပြောကြောင်. စိတ်ခုတာရှိမိရင် တောင်းပန်ပြီး၊ စစ်ပြေငြိမ်းပါတယ်။ ၊ကြိတ်မှတ်ပြီး ခွင်.လွှတ်လိုက်ပါ။သင် - ခွင်.မလွှတ်နိုင်သူတယောက်ယောက်ရှိလို. ချုပ်နှောင်ခံနေပါက အားလုံးသိအောင် မလိုပါဘူး၊ထိုသူကို B 4 New year ပြေငြိမ်းပါ၊ထို.မဟုတ်ပါက ဘုရားထံမှ ၂၀၁၄ မှာစောင်.နေ တဲ. ကောင်းကြီးအားလုံးဟာ နောက်ကျသွားနိုင်သလို Delete မယ်လို. ဆရာကြီး Benny ကပြောပါတယ်။ အဘယ်ကြောင်.ဆိုသော် ဘုရားက ငါတို.အပြစ်ခွင်.လွှတ်သလို အချင်းချင်းခွင်.လွှတ်ကြဖို. ဘုရားသခင် အလိုရှိတယ်။I can 4 give,but i can't 4 get(ခွင်.လွှတ်နိုင်ပေမဲ. မမေ.နိုင်ဘူး မပြောရဘူး) (၂)2014 ကောင်းကြီးခံစားဖို.အတွက်. ကျေးဇူးတော်ချီးမွှမ်းခြင်း ယဇ်ကိုပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှားစေသောသူဖြစ်၏၊၊ဆာ၅၀း၂၃။၂၀၁၃ မှာ သင်- ကျေးဇူးတော် အရာရာ၌ ချီးမွမ်းနိုင်ရဲ.လား၊၊ စိတ်သဘောထားဖြူစင်ဝမ်းမြောက်စွာဖြင်. ဆယ်ဖို.တစ်ဖို.- မှန်မှန်ထည်.ရဲ.လား။ (၃) လောကီပုံသဏ္ဌာန်ကိုမဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သော အရာဟူတည်းဟူသော ဘုရားသခင် အလိုတော်ရှိသောအရာသည် အဘယ်အရာ ဖြစ်သည်ကို သင်နိုင်မည် အကြောင်း၊ စိတ်နှလုံးကို အသင့်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။ရော ၁၂း၂ )။ the renewing of your mind စိတ်နှလုံးအသစ်ကို တောင်းဆိုပါတယ်၊။သူတပါးအပေါ် ခွင်.မလွှတ်နိုင်ခြင်း၊ မာန်မာန၊အပြစ်တင်စောခြင်း၊ နောဧ ၏သား ဟာမကဲ.သို. ၂၀၁၃ တနှစ်လုံး သူတပါး၏ အပြစ် ကို ဖေါ်ထုတ်အရှက်ခွဲသူလား၊၊ရှေမနှင်. ရာဖက်ကဲ.သို. အပြစ်ဖုံးအုပ်ပေးသူလား ထိုအရာများကို 2014 မတိုင်ခင် review လုပ်ပြီး ဘုရားထံ (သို.)သင်.လုပ်ဖေါ်ကိုင်ဖက် ကျောင်းနေဘက်သူငယ်ချင်း မိမိခင်ပွန်း၊မယား၊သားသမီးထံ တောင်းပန်သင်.တာတောင်းပန်၊ပြေငြိမ်းသင်.တာ ကျေအေးပြေငြိမ်းကာ အချင်းချင်းခြေဆေးပေးခြင်းအမှုပြုခြင်းဖြင်. YEAR OF 2014 မှာ ဘုရားပြင်ဆင်ပေးသည်. ကောင်းကြီးများ ကို သိမ်းပိုက်ရယူနိုင်ကြပါစေ...လို.မေတ္တာရှေ.ထားလျှက် ဝေမျှလိုက်ပါတယ်။ အချုပ်အားဖြင်. (၁)၂၀၁၃ က သူတပါးအပြစ်ကို ခွင်.လွှတ်နိုင်ပြီလား (၂)၂၀၁၃အတွက် ကျေးဇူးတော်ချီးမွမ်းပြီး-ဆယ်ဖို.တစ်ဖို.၊အဦးသီးသောအသီး မှန်ရဲ.လား၊ မရှိဆင်းရဲ၊အငယ်ဆုံးသူကို လစ်လျှူရှု ဥပေက္ခပြုသလား၊ (၃)အထက်ပါအရာများအပြင် စိတ်နှလုံးအသစ်ပြင်ဆင်ဖို. အစဉ်သင်. ဖြစ်ပါလား စသည်.အချက် ၃ချက် အားဖြင်. Benefit review လုပ်နိုင်ကြပါစေ။

No comments:

Post a Comment