ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

December 5, 2013

အဘယ်ကြောင်.မာရိ & ယောသပ်ကိုရွေးသနည်း?


အဘယ်ကြောင်.မာရိနှင်.ယောသပ်ကိုရွေးသနည်း??
  လုကာ-၁ တွင်သန္ဓေတည်ဖို.ရာ ကမ္ဘာမှာ လူတဦးတယောက်သာ လိုအပ်သည်။ ပထမဆုံးနှင်.နောက်ဆုံးအခွင်.ရေး လည်းဖြစ်ပါ သည်။ …ကောင်းကင်တမန်က ဘုရားသခင်မတတ်နိုင်သည်.အရာမရှိဘူး ဟုပြောသော်-မာရိက ၃၈ ၊ အကျွန်ုပ် သည် ထာဝရဘုရား၏ ကျွန်မဖြစ်ပါ၏၊
 ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ် ၌ဖြစ်ပါစေသောဟု ဝန်ခံပြီးမှ…..။  ဘုရားအကြံစည်အောင်မြင်ရန် မိမိဝန်ခံပြီးပူးပေါင်းပါဝင်မှု အခန်းကဏ္ဍအလွန် အရေးကြီးပါသည်၊သို.မှသာ- သင်.အပေါ် သို.ငြိမ်သက်ခြင်းကျေးဇူး သက်ရောက် စေသတည်းဟူသော ဂတိတော်သည်လည်းပြည်.စုံလာမှာဖြစ်သည်။
  လူတိုင်းအတွက် အခက်ခဲဆုံးအရာသည် မိမိအားနည်းချက်ရှိသူ၊ မပြည်.စုံသူဖြစ် ကြောင်း ဝန်ခံရန်ခက်ခဲပြီး အရှက်တကွဲအကျိုးနည်းသည်ဟုလည်းတွေး ထင်တတ်ကြပါသည်။ဥပမာ မိမိအမှားမဟုတ်ကြောင်း ရထားနောက်ကျလို.၊ ကားနောက်ကျလို.၊ဟင်းချက်ရာတွင် ဆားများစွာထည်.ရက်နဲ. ဘာ.ကြောင်. မငံပါသလဲ၊နဲနဲထည်.ရက်နဲ.ဘာ.ကြောင်. ငံလွန်းသနည်း၊ ဆားသည် အလိုလို တရားခံ၊အတုဖြစ်သွားသည်။ဧဝက မြွေကျွေးလို.သာ စားခြင်းဖြစ်ကြောင်း၊ အာဒံကလဲ- ဧဝကျွေးလို. စားရကြောင်း မိမိအပြစ်မရှိကြောင်း ငြင်းဆန် ချင်သည်. Rebel:spirit သည်မွေးက တည်းကရှိနေခြင်းကြောင်.ဖြစ်သည်။
  ကယ်တင်ခြင်းနှင်.မပါတ်သက်သော်လည်း ကြွယ်ဝစွာကောင်းကြီးပေးခြင်းနှင်. ကောင်းကင်၌ ဆုလာဒ်များစွာရဖို. အသုံးခံနိုင်၇န်အတွက် ဝန်ခံတတ်သောနှလုံး သားလိုအပ်ပါသည်။  သင်.ဘက်မှ ဝန်ခံခြင်းဖြင်.personally ပူးပေါင်းပါဝင်မှုမရှိပါက ဘုရားအတွက် လူမရှားပါ၊နောက်လူပြောင်းသွားမှာဖြစ်သည်။
ဘုရားသခင်ကို တာဝန်အရ၊ လူမှူရေးအရ Luxary-fancy သဘောဖြင်. သာ ချီးမွမ်းကိုးကွယ်ချင်လည်း ရပါသည်၊ဘုရားလုံးဝဝမ်းနည်းမည်
မဟုတ်ပါ၊ကျောက်တုံး ကျီးအ ပင်လျှင် အသုံးပြု နိုင်ခြင်းကြောင်. ကျွနုပ်တို.ဝါကြွားခြင်းသည် ခရစ်တော်၌ဖြစ်ပါစေ။
  ဘုရားသခင်အနေဖြင်. ထုံးတမ်းစဉ်လာBye-law အရ ချစ်ခြင်းမေတ္တာမပါဘဲ နှစ်တိုင်းတနှစ်တခါ ဇစ်ပူဇော်ခြင်းအမှု ကို ငြီးငွေ.ကာ အားရ နှစ်သက်ခြင်းမရှိ။ အပြစ်မှ မလွတ်မြောက် နိုင်ကြောင်းသိသောကြောင်. ခရစ်တော်က ကမ္ဘာသူ ကမ္ဘာသားတိုင်းအတွက်ခမည်းတော်ထံ ဝန်ခံချက်တခုပြုလုပ်သည်မှာ….  ဟေဗြဲ ၁၀း၇- အကျွန်ုပ်သည် ကိုယ်တော်၏အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု အကျွန်ုပ်ဝန်ခံပါသည်ဟု လျှောက်ဆို၏။ ။ထို.ကြောင်. ခရစ်စမတ်ခြစ်ပေါ်လာခြင်း မဟုတ်ပေဘူးလားးး။  ခရစ်တော်သည် ခမည်းတော်ထံ ဝန်ခံသလို မယ်တော်မာရိလည်း-ကိုယ်တော် ၏အလိုတော်ကိုဆောင်ရန်ဝန်ခံခဲ.တယ်။
  ထိုကြောင်. အရာရာကိုအပြစ်တင်မစောဘဲဝန်ခံတတ်ရန် လိုအပ်သည်။ အခြေနေအားလုံးဘုရားလက်ထဲတွင်ရှိကြောင်း၊အချိန်အတိုင်းအတာ တခုကို စောင်.ဆိုင်းမြော်လင်.ရန် လိုအပ်ပါသည်။
  မာသဲ ၁းတွင် သောသပ်သည် ကာဗေလထံမှသတင်းမကြားခင် မာရိကိုစွန်.ခွါရန် အကြံစည်ရှိသော်လည်း ကောင်းကင်တမန်၏ သတင်းပေးချက်အပေါ် ငြင်းဆန် ခြင်းမရှိပါ။
သူ.အနေဖြင်.ဖေါက်ပြန်သော မိန်းမကိုBy-lawအရ တရားစွဲ ခဲဖြင်. ပေါက်၊အပြစ်ဖေါ်ပြပြီး သူတပါးထိခိုက်နစ်နာစေလိုသော စိတ်နှလုံး လုံးဝမရှိ၊ ပြသနာတခုကို ဝုန်းဒိုင်းမဆုံးဖြတ်၊သူ.အပြစ်သူ ခံဟုမပြော၊
ပူးပေါင်း ပါဝင်ဖြေရှင်း ရန် ထိုပြသနာကို မာရိနှင်.အတူ သူ.မှာလည်းဝန်တာရှိကြောင်း အပြုသဘော ဆောင်သည်. သဘောထားရှိသူဖြစ်သည်။
   သောသပ်ကဲ.သို.ထိုပြသနာဖြေရှင်းရန် အကျွနုပ်မှာ တာဝန်ရှိသလို အဖွဲ.အားလုံး နှင်. လည်းတာဝန်မကင်းကြောင်း ပူးပေါင်းပါဝင်ပြီး တာဝန်ယူလိုသော နှလုံးသား ပိုင်ရှင် သူတော်ကောင်းမျိုးနှင်. မယ်တော်အပျို ကညာမာရိကဲ.ကို မပြည်.စုံသူ ကျွန်မဖြစ်ကြောင်း ကိုယ်တော်.အလိုတော်ကို ဝန်ခံတတ်သော နှလုံးသားပိုင်ရှင် ကို ၂၀၁၃ ခရစ်တော်ဖွါးမြင်ခြင်းဇာတ်ကောင်အဖြစ် အသုံးပြုသွား မည်ဖြစ် ကြောင်း။ အယောက်တိုင်း အသုံးခံနိုင်သူများဖြစ်ကာ ထိုငြိမ်သက်ပျော်ရွှင်ခြင်း သည် သင်.အသက်တာ၊သင်.မိသားစု၊သင်.အဖွဲ.စည်း၌ သက်ရောက်ပါစေသော်။

No comments:

Post a Comment